ငါ့လမ်းကို ဟန့်တားရင် သေရမယ်။
Vol. 9 Ch. 118
မိန်ဇီယာသည် ရွှေမီးတောက် ဌာနခွဲ တစ်ခုလုံးကို အသုံးချရန် လပေါင်းများစွာ စီစဉ် ခဲ့ရသည်။
ပြောစရာမရှိလောက်အောင် အရင်းအ မြစ်များစွာကို ရင်းနှီးလိုက်ရပြီး၊ နောက်ဆုံး၌၊ တိမ်နဂါးသစ်သီးအား အလေဏတော တစ်ကောင်၏ ဝါးမြိုခြင်း ခံလိုက်ရသည်။
သူ့ဒေါသကြောင့် သွေးအန်လုနီးပါးဖြစ်ပြီး၊ လင်းယွန်းကို သတ်ရန် သူ့ဂျူနီယာ လေးများအား အမိန့်ပေးခဲ့သည်။
ထို့ကြောင့်ပင် လင်းယွန်က မတုံ့ပြန် နိုင်ခင်တွင် ရွှေမီးတောက်ဂိုဏ်း၏ ပင်မ တပြည့် သုံးဦးသည် အရှိန်အဟုန်ဖြင့် ပြေးဝင် လာလေသည်။
သူတို့ထံမှ ထွက်ပေါ် လာသော ခွန်အားများ အရ ၎င်းတို့သည် ရိုးရှင်းမည် မဟုတ်ပေ။
၎င်းတို့၏ တိုက်ခိုက်မှုများသည် ပြင်းထန် နေခဲ့ပြီး၊ ယင်းတို့၏ အသီးသီးသော နည်းစနစ် များတွင် မြင့်မားသော နားလည်နိုင်စွမ်းများ ရှိ နေကြကြောင်းမှာ သိသာထင်ရှားလှ၏။ ထို့အပြင် ၎င်းတို့၏ သိုင်းနည်းနည်းစနစ်သည် မရိုးရှင်းပေ။
'' ဖုန်း.....ဖုန်း ဖုန်း ''
ထို့နောက် လက်သီးချက်များအား ခုခံကာကွယ်နိုင် ခြင်း မရှိခဲ့ပဲ၊ လင်းယွန်သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ လဲကျခြင်းမှ ပြန်လည်မထမီတွင် ၎င်းတို့သုံးဦး၏ တိုက်ခိုက် ခြင်းကို ထပ်မံရင်ဆိုင်လိုက်ရ၏။
'' ဘုန်း......ဘုန်း ဘုန်း ''
လင်းယွန်သည် လက်ဖဝါးနှစ်ဖက်အား လျင်မြန်စွာဝေ့ယမ်းကာကွယ်လိုက်သော်လည်း၊ မီတာတစ်ရာအကွာသို့ ထပ်မံ လွင့် စင်သွား ပြန်သည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးလည်ပတ်မှုသည် ၎င်းတို့၏ တိုက်ခိုက်မှု များကြောင့် ကမောက်ကမ ဖြစ်သွား ခဲ့သည်။ ထို့အပြင် သူ၏ ဝမ်းဗိုက်အတွင်းမှ တောက်လောင်နေသော အပူဒဏ်ကို ပြင်းရှရှ ခံစားလာရပြီးနောက်၊ ၎င်းအပူဒဏ်သည် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ၊ ပင်မတပြည့် သုံးယောက်ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုများအား သက်သာပျောက်ကင်း သွားစေသည်။
" အာ..... ပူလိုက်တာ..... ''
ယခုအချိန်တွင် လင်းယွန်အတွက် အန္တရာယ်အရှိဆုံး အရာသည် တိမ်နဂါးသစ်သီးထံမှ ထွက်ပေါ်လာသောအပူရှိန်များ ဖြစ်ကာ၊ ၎င်းအပူဒဏ်ကို ခံနိုင်ရည် ရှိဖို့ရန် သူ့အတွက် ခက်ခဲ နေခဲ့ပြီး၊ ယင်းတိုက်ပွဲအား အာရုံမစိုက်နိုင်ခဲ့ပေ။
( ''ငါ......ဘာ စားမိတာလဲ..... '')
'' ဒီအ လေဏတော ကောင်က ရှန်ရှင်းတတိယအဆင့်မှာပဲ ရှိသေးတယ် မဟုတ်လား..... ''
ရုတ်တရက် ရှုံ့တွနေသော လင်းယွန်၏ကျင့်ကြံခြင်း အဆင့်ကို သတိထားမိသွား၊ အံသြဟန်ဖြင့် အော်ဟစ် လိုက်ကြသည်။ ရှန်ရှင်းတတိယအဆင့်မှ တစ်စုံတစ်ယောက်သည် ၎င်းတို့သုံးဦး၏တိုက်ခိုက်မှုများကို နှစ်ကြိမ်တိတိ ထိမှန်ခဲ့သော်လည်း လဲကျသေဆုံးခြင်း မရှိခဲ့ချေ။ ထိုတိုက်ခိုက်မှုများထံ၌ ထုတ်ဖော်ထားသော ခွန်အားသည် ရှန်ရှင်း ပဉ္စမအဆင့် သိုင်းသမား တစ်ဦးကိုပင် သတ်ပစ်ရန် လုံလောက်ပေသော် ငြားလည်း၊ ဤလင်းယွန်အား နောက်ဆုတ်သွားရုံသာ ဖိအား ပေးနိုင်ခဲ့လေသည်။ ထို့ကြောင့် သူတို့သုံးယောက်သည် အချင်းချင်း ကြည့်လိုက်ကြကာ အချက်ပြလိုက်ပြီးနောက်၊ အော်ဟစ် မာန်သွင်းလိုက်ပြန်သည်။
" သတ်........"
သို့သော် လင်းယွန်သည် အလျင်အမြန်ပင်၊ မျက်လုံးများပြူးလျက် လက်ကားယား ခြေကားယားဖြင့် တောင်းပန်လိုက်သည်။ ယခုအချိန်၌ သူသည် တိုက်ပွဲဝင်ချင် စိတ်များ ကုန်ခမ်းနေကာ၊ သူ့ခန္ဓာကိုယ်အတွင်းရှိ တရွေ့ရွေ့ တိုးပွားလာသော မီးစွမ်းအင်များကို အတင်းဖိနှိပ် ထားရလေသည်။
'' ကျေးဇူးပြုပြီး ငါ့စကားကို နားထောင်ပါ၊ မင်းတို့ရဲ့ တိမ်နဂါးသစ်သီးကို စားသုံးဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး၊ မင်းတို့ ဆန္ဒရှိရင် ငါ ...လျော်ကြေး ပေးပါ့မယ်။.. "
ထိုသို့သော တောင်းပန်သံသည် ရွှေမီးတောက်ဂိုဏ်း၏ပင်မ တပြည့်များအား ပို၍ ဒေါသ ထွက်လာစေကာ၊ အရှိန်အဝါများအား ထပ်မံ တိုးမြှင့်လျက် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ တစ်ဆက်တည်းမှာပင်၊ ရွှေမီးတောက်ဂိုဏ်း၏ ပင်မတ ပည့် သုံးယောက်သည် မယုံနိုင်ဟန်များ စွန်းထင်းနေခဲ့ပြီး၊ ယင်းလင်းယွန်သည် ဤမျှ သန်မာ လိမ့်မည်ဟု သူတို့က မမျှော်လင့်ထားမိပေ။
၎င်းတို့သည် ရွှေမီးတောက်ဂိုဏ်း၏ ထိပ်တန်း တပည့်များ ဖြစ်ကြပြီး၊ ရှန်ရှင်း တတိယအဆင့် သိုင်းသမား တစ်ယောက်အား သုံးယောက်ပေါင်းတိုက်ခိုက် ခဲ့သော်ငြားလည်း အနိုင်မရရှိ နိုင်ချေ။ သိုင်းကွက် ဆယ်ကွက်တိတိ ရင်ဆိုင် ခုခံပြီးနောက်၊ လင်းယွန်မှာ လွင့်စင်သွား ခဲ့ပြန်သည်။
'' ဝေါ့....... ''
ဤအကြိမ်၌ လင်းယွန်၏ပါးစပ်မှ သွေးများ အန်ကျ လာ၏။ သူ့နှုတ်ခမ်းပေါ်ရှိ သွေးစများကို သုတ်ဖယ်လိုက်ပြီး၊ ပြန်လည် ငုံ့ကြည့်ကာ၊ မျက်နှာပေါ်ရှိ ဖော်ရွေသော အပြုံးသည် ပျောက်ကွယ်သွားခဲ့ လေပြီ။
" မင်းတို့က ဒီကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းဖို့ စိတ်ကူးမရှိ ကြတဲ့ပုံပဲ.....ကောင်းပြီ၊ လာ ခဲ့...... "
"တိမ်နဂါးသစ်သီးကို စားပြီးနောက်တော့၊ မင်းက အေးအေးဆေးဆေးဖြေရှင်းဖို့ တောင်းဆိုနေတယ်ပေါ့၊ လျော်ကြေး ပေးချင်တယ်လား.... "
"မင်းအသက်နဲ့ပဲ ပေးဆပ် နိုင်လိမ့်မယ်"
ရွှေမီးတောက်ဂိုဏ်း၏တပြည့်များက တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့၏ တိုက်ခိုက်မှုများကြောင့် လင်းယွန် ဒဏ်ရာ ရရှိခဲ့သည်ကို တွေ့လိုက်ရသောအခါတွင်၊ ယင်းတို့သုံးဦး၏ ယုံ ကြည်ချက်များ ပြန်လည်ရ ရှိလာ ပြီး၊ မောက်မာစွာ ပြုမူလိုက် ကြ၏။
'' ကောင်းပြီ၊ အမှန်အတိုင်းပြောရရင် ငါကလည်း ဒီကိစ္စကို ငြိမ်း ငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ရည်ရွယ်ချက် မရှိဘူး၊ ....... သဘာဝအရ ဖြစ်ပေါ်လာတဲ့ ရတနာကို၊ မင်းတို့သုံးယောက်က ပိုင်တယ်လို့ သတ်မှတ်ရအောင်၊ မင်းတို့က ရူးနေတာလား...... ဟမ် ''
လင်းယွန်က အေးစက်စွာ ပြုံးပြလိုက်သည်။ သူက တိမ်နဂါးသစ်သီးကို ရည်ရွယ်ချက်ရှိရှိ မစားသုံးခဲ့သော်လည်း၊ ၎င်းသည် သဘာဝရတနာ တစ်ခု ဖြစ်ပါက ထို့သို့ ပြုလုပ်ရန်ပင် တွေဝေနေမည် မဟုတ်ပေ။ ထို့ပြင် အဋ္ဌမအဆင့် မီးလျှံကျောက်တုံးကို လုယူရန်အထိ ရဲတင်းလှပြီ ဖြစ်ရာ၊ တိမ်နဂါးသစ်သီးအား စားသုံးခြင်းသည် ထူး၍ ပိုမလာနိုင်။
မည်သို့ပင်ဆို စေကာမူ ရွှေမီးတောက်ဂိုဏ်းမှ တပည့်သုံးယောက်သည် လင်းယွန်နူတ်ခမ်းရှိ သွေးစကိုမြင်ပြီးနောက်၊ နောက်တစ်ကြိမ် တိုက်ခိုက်ရန် တွေဝေခြင်းမရှိ ပြေးဝင် လာလေသည်။ သိုင်းကွက်ဆယ်ကွက်ထုတ်ဖော်ပြီးနောက် ရှန်ရှင်းတတိယအဆင့် သိုင်းသမား တစ်ယောက်အား ဖယ်ရှား နိုင်ခဲ့ခြင်း မရှိသည်မှာ ၎င်းတို့၏ အကြီးမားဆုံး အရှက်ရမှုပင် ဖြစ်သည်။
'' အထွတ်အထိပ် မီးလျှံလက်ဖဝါး ''
'' ကြီးမြတ်သော နတ်ဆိုး၏ မူလလက်ဝါး။
'' ကြယ်တာရာ ပျံဝဲ ခြင်း လက်သီး။ ''
အော်ဟစ်ကြုံးဝါး သံများနှင့်အတူ သူတို့ အသီးသီးသည် ၎င်းတို့၏ ရွှေမီးတောက်ဂိုဏ်းမှ မူပိုင်သိုင်းနည်းစနစ် အသီးသီးကို ထုတ်ဖော်လိုက်ကြ၏။
'' ကောင်းလိုက်တဲ့ နည်းစနစ်တွေ ''
ပြေးဝင်လာသည့် လူရိပ် သုံးရိပ်ထံမှ ထွက်ပေါ်လာသော စွမ်းအားများကြောင့်၊ လင်းယွန်က အော်ဟစ်ချီးကျူးလိုက်မိပြီး၊ သူ၏ဒါန်တမ်အတွင်းရှိ ရွှေ ရောင်မုန်တိုင်းအား စတင် လှည့်ပတ်လိုက်ကာ ချိတ်ပိတ်ထားသော ဝိညာဉ်စွမ်းအင်များကို ထုတ်ယူလိုက်လေသည်။
( မီးလျှံအမြုတေများအား သန့်စင်ပြီးနောက် လင်းယွန်၏ ဒါန်တမ်အတွင်းရှိ စွမ်းအင်အစိုင်အခဲသည် ရွှေရောင်သို့ ကူးပြောင်းလာကာ၊ မုန်တိုင်းသဏ္ဍာန် တံဆိပ်တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့လေပြီ။)
ထာဝရနတ်ဘုရား တံဆိပ် တော်။
ရုတ်တရက် ရွှေရောင်အလင်းတန်းများသည် လင်းယွန်၏ လက်အတွင်း၌ ဖြစ်တည်လာခဲ့ပြီး၊ ၎င်းကို လွှတ်ထုတ်ခါနီးတွင် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်များ တဟုန်ထိုး ယိုစိမ့်ကျလာခဲ့ရာ၊ ထိုစွမ်းအင်များသည် လေထုအား မီးတောက်ကဲ့သို့ လောင်ကျွမ်း သွားလေသည်။
တစ်ချိန်တည်းမှာပင်၊ ထာဝရနတ်ဘုရားတံဆိပ်တော်သည် ထင်ရှားစွာ ဖြစ်တည်လာခဲ့ပြီး၊ လင်းယွန်က ၎င်းအား ရှေ့သို့ တွန်းထုတ် ပစ်လိုက်လေသည်။ ဤသို့ ချိန်သားကိုက် တွန်းထုတ်နိုင်ခြင်း မရှိပါက၊ ယင်းစွမ်းအင်များသည် သူ့လက်မောင်းများအား ပေါက်ကွဲ ကြေမွှစေမည်မှာ ဧကန် အမှန်ပင်။
ရွှေရောင်အဆင်း သဏ္ဍာန်သည် ရှေ့သို့ ပြေးထွက်သွားပြီး သူ့ထံသို့ တိုးဝင်လာနေသော တိုက်ခိုက်မှုသုံးခုအပါအဝင် ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို ဖြိုခွဲ ပစ်လိုက်လေသည်။
'' ................ ''
ရွှေမီးတောက်ဂိုဏ်းမှ တပည့်သုံးဦးတို့မှာ လွင့်စင်သွားကာ၊ သွေးတစ်လုတ် အန်ကျလာ၏။
"အဆင့်မြင့် ရှန်ရှင်းသိုင်းနည်းစနစ်.. "
" မဟုတ်သေးဖူး.....သူ.... သူက အဆင့်မြင့် နည်းစနစ်တစ်ခု ကိုတောင် ပြီးပြည့်စုံ လုနီးနီးပါလား "
သုံးယောက်သား မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်ပြီး၊ ထိတ်လန့် တုန်လှုပ်စွာဖြင့် ခြေလှမ်းများစွာ နောက်ဆုတ် သွားကြသည်။ တတိယအဆင့် သိုင်းသမားတစ်ယောက်၏ သိုင်းကွက်တစ်ကွက်ကြောင့် ၎င်းတို့သုံးဦးသည် ဒဏ်ရာအနာတရ များဖြင့်၊ ဖိအားပေး ခံလိုက်ရပေသည်။
ရွှေမီးတောက်ဂိုဏ်းသည် ကြံ့ခိုင်သော ကိုယ်ခန္ဓာများ ကြောင့် လူသိများခဲ့ကြပြီး၊ ယင်းသည် ရိုးရှင်းစွာ သန်မာမှုမျိုး မဟုတ်ခဲ့ပဲ၊ ရွှေမီးတောက် ဂိုဏ်းဝင်များအား ခွန်အားအရာ၌ လက်နက်မဲ့ ရင်ဆိုင်နိုင် ဝံ့သူ နည်းပါးလှလေသည်။
အခြားတစ်ဖက်တွင် လင်းယွန်၏ ထာဝရနတ်ဘုရား တံဆိပ်တော်သည် ပျောက်ကွယ်သွားခြင်း မရှိခဲ့ပဲ၊ တိမ်နဂါးသစ်သီးထံမှ အပူစွမ်းအင်များ အသွင်သွင် အားဖြည့်မှုများနောက်တွင် ရွှေရောင်များ ဝင်းလက်လာနေဆဲပင်။
တဖန် လင်းယွန်၏ ထာဝရနတ်ဘုရားတံဆိပ်တော် နည်းစနစ်သည် နောက်ဆုံးအဆင့် ကျွမ်းကျင်မှုသို့ရောက်ရှိနေခဲ့ပြီးနောက် ဝိညာဉ်စွမ်းအင်များ ပိုမိုအားကောင်းလာသည်။ ထိုနည်းစနစ်၏ စွမ်းပကားအောက်တွင် ကျားရိုင်းလက်သီး (၁၈)ကွက်သည် ၎င်းတို့သုံးဦးအား ပုရွက်ဆိတ်ငယ်များကဲ့သို့ ချေမွှရန် လုံလောက်နေခဲ့လေပြီ။
တစ်ချိန်တည်းမှာပင်၊ ရွှေမီးတောက်ဂိုဏ်းဝင်သုံးယောက်သည် လင်းယွန်၏လက်သီးကို လုံးဝမခုခံနိုင်ပေ။ သူတို့သည် ကျားရိုင်းတစ်ကောင်နှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော်တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး၊ လှုပ်ရှားမှုဆယ်ခုအပြီးတွင်၊ နောက်ထပ်တဖန် ရွှေမီးတောက်ဂိုဏ်း၏ တပည့်များအား ပျံသန်းလွင့်ထွက်သွားစေပြန်သည်။
'' ကောင်းလိုက်တဲ့ စွမ်းအား ''
လင်းယွန်သည် သူ၏ ပိုလျှံနေသော စွမ်းအင်များကို ထုတ် ဖော်လိုက်ပြီးနောက် ဝမ်းဗိုက်အတွင်းရှိ အပူဒဏ်ကို မခံစားရတော့ပေ။
'' စီနီယာ အစ်ကို။ ''
ရွှေမီးတောက်ဂိုဏ်း၏ တပြည့်သုံးယောက်သည် လင်းယွန်အား ကြောက်လန့်တကြား ကြည့်ကာ မိန်ဇီယာအနားသို့ ဆုတ်ခွာလိုက်ကြသည်။
'' မင်းက နည်းနည်းတော့ အရည်အချင်းရှိပုံပဲ၊...... ''
မိန်ဇီယာက မျက်မှောင်ကြုတ်လျက် လင်းယွန်အား စိုက်ကြည့်လိုက်သည်။ သူက တိုက်ပွဲအား တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ရာ၊ ဤ ခွေးကောင်သည် ရိုးရှင်းမည် မဟုတ်သည်ကို သတိထားမိ၏။ ထို့ပြင် ၎င်းသည် ရှန်ရှင်း တတိယအဆင့်၌သာ ရှိ နေခဲ့သော်လည်း၊ အဆင့်မြင့် နည်းစနစ်တစ်ခုကိုပင် ပိုင်ပိုင်နိုင်နိုင် နားလည်ထားပေသည်။ ဤအရာသည် ရွှေမီးတောက်ဂိုဏ်း၌ပင် ရှာမှ ရှားသောအရည်အသွေးမျိုး ဖြစ် ပေ၏။
" အခု မင်းအလှည့်ရောက်ပြီ...."
ဟုဆိုကာ၊ လင်းယွန်က သမ်းဝေလိုက်သည်ဖြစ်ရာ၊ ထိုသို့သောအမူအရာသည် မိန်ဇီယာ၏ မျက်နှာအား အေးစက် သွားစေသည်။
'' မောက်မာလိုက်တဲ့... ခွေးကောင် ''
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ယောက်၏ တိုက်ပွဲသည် စတင်ခဲ့ပြီး၊ ထိပ်တိုက် တွေ့ဆုံမှု များစွာအား ပြုလုပ်ခဲ့ ကြလေသည်။ တိုက်ပွဲထံမှ ထွက်ပေါ်လာသော စွမ်းအင်များက မြေပြင်အား တုန်ခါသွားစေကာ၊ ရုတ်တရက် အက်ကွဲသွားစေသည်။
'' .................. ''
ထိုအက်ကွဲမှုများကြောင့် ဖုန်မှုန့်တိမ်တိုက်များ မြင့်တက်လာသည် နှင့်အမျှ၊ ၎င်းသူတို့ နှစ်ဦးထံမှ အော်ဟစ် မာန်သွင်း သံများက လေထဲ၌ ပဲ့တင်ထပ်နေခဲ့သည်။
ဤမြင်ကွင်းအား ရပ်ကြည့်နေမိသော ရွှေမီးတောက်ဂိုဏ်း၏ ပြင်ပတပည့်သုံးယောက်သည်၊ စီနီယာမိန်နှင့်လက်ရည်တူ တိုက်ခိုက်နိုင်သော လင်းယွန်ကို ကြည့်ကာ၊ အံ့ဩသွားကြသည်။ သူတို့၏ စီနီယာမိန်သည် မျိုးဆက်သစ် လူငယ်များ ကြားတွင် မယုံကြည် နိုင်လောက်အောင် သန်မာလွန်းလှပြီး၊ သူ၏ သိုင်းကွက်ဆယ်ကွက်ကိုပင် ခုခံရင်ဆိုင်ဝံသူမှာ လက်တစ်ဖက်စာ မပြည့်ခဲ့ပေ။
"...မြန်မြန်..."
သူတို့သုံးယောက်စလုံးသည် အံ့အားသင့်ဖို့ရန် အချိန်မရှိ ကြတော့ပဲ၊ ချက်ချင်း ပြေးလွှား ရှောင်တိမ်း လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ပေါက်ကွဲသံများ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပြီး၊ ယင်းတို့ သုံးဦး၏ မူလရပ်တည်ရာ နေရာသို့ စွမ်းအင်လှိုင်းကြီးတစ်လှိုင်း ရိုက်ခတ်သွားရာ၊ ထိုနေရာရှိ သစ်ပင်ကြီးများအား ကျိုးပြတ် ကြေမွှ သွားစေ လေသည်။
သို့သော်လည်း တိုက်ပွဲဝင် နေသော ၎င်းတို့နှစ်ဦးသည်၊ ထိုအကျိုးဆက်များကို လျစ်လျူရှု့ ထားကာ၊ အချင်းချင်း ထိပ်တိုက်တိုးဝင် လိုက် ကြသည်။
'' .............. ''
ဤတွေ့ဆုံမှု အရှိန်အဟုန်မှာ မြေပြင်ကို ပြိုပျက်သွားစေမည့် မိုးခြိမ်းသံများ ကဲ့သို့ ပဲ့တင်ထပ်သွား၏။
'' ဖုန်း ဖုန်း ''
'' ဝှစ်......... ''
ထို့နောက်တွင် ပုံရိပ်နှစ်ရိပ်သည် ဖုန်မှုန့်များအတွင်းမှ လွင့်ထွက်လာပြီး၊ လင်းယွန်သည် ခြေလှမ်းဆယ်လှမ်းခန့် နောက်ပြန်ဆုတ်သွားကာ ခြေလှမ်းတစ်လှမ်းစီသည် ဆယ်မီတာအကွာအထိ ကွာဝေးနေခဲ့ပေသည်။
ထို့အပြင် ၎င်းခြေလှမ်းတိုင်းသည် မြေပြင်ပေါ်၌ နက်ရှိုင်းသောခြေရာများကို ချန်ထားရစ်ခဲ့ လေသည်။ တစ်ဖက်တွင်၊ မိန်ဇီယာသည် သူ့ခန္ဓာကိုယ်အား တည်ငြိမ်အောင်မလုပ်ဆောင်မီ ခြေလှမ်းသုံးလှမ်းသာ နောက်ဆုတ်လိုက်ရသော်လည်း သူ့မျက်နှာတွင် အနည်းငယ်ပြောင်းလဲသွားသည်။
သူ့မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်လာသည်။ ရွှေမီးတောက်နည်းစနစ်သည် တိုက်ပွဲဝင်ခန္ဓာကိုယ်နည်းစနစ်တစ်ခုဖြစ်ကာ၊ ၎င်းနည်းစနစ်အား သူက တတိယအဆင့်သို့ရောက်ရှိနေခဲ့ပြီ ဖြစ်သော်လည်း၊ သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ လင်းယွန်ထက် နိမ့်ကျနေခဲ့ ပြီ။
"ဟားဟားဟား .... ကောင်းတယ် မင်းက ငါနဲ့ရုပ်ခွန်အားချင်း ယှဥ်ချင်တယ်လား....ကဲ လာပြီ "
လင်းယွန်၏ ရယ်သံများ ကျယ်လောင်လာပြီး၊ တစ်ဆက်တည်းမှာပင် သူ့ခန္ဓာကိုယ်သည် ဖောင်းကားလာခဲ့၏။ သူက မီးလျှံနတ်ဆိုးခန္ဓာကိုယ်အား အသက်သွင်းလိုက်ပြီး၊ မိန်ဇီယာထံသို့ တိုးဝင်သွား ပြန်သည်။
'' ဖျတ်စီးခြင်းလက်သီး ''
မိန်ဇီယာသည်လည်း အေးစက်စွာဖြင့် အော်ဟစ်လိုက်ပြီး ရွှေရောင်အလင်းများ ဖြာထွက်လျက်၊ တစ်ချိန်တည်းမှာပင် သူ၏ ထူးခြားသော ရွှေမီးတောက် ခန္ဓာအသွင်အပြင်ကို ထုတ်ဖော်လိုက်သည်။
တောင်ကြားအတွင်း၌ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေခဲ့ကြပြီး၊ ချိုင့်ဝှမ်း တစ်လျှောက် မြေပြင်ပေါ်အား အက်ကွဲကြောင်းများ ထင်ကျန်ရစ်သွားစေသည်။
ဤတိုက်ပွဲ၏ အရှိန်အဟုန်အား ကြည့်ကာ၊ ရွှေမီးတောက်ဂိုဏ်း၏တပည့်သုံးယောက်သည် အံသြစွာ ခေါင်းယမ်းလိုက်မိကြသည်။ လင်းယွန်မှ ပြသလာသော ခွန်အားအရ ရှန်းရှင်းတတိယအဆင့်သိုင်းသမားကဲ့သို့ မှတ်ထင်မိ ခြင်း မရှိတော့ချေ။
လင်းယွန်သည် ဤမျှသန်မာစေရန် မည်သို့ကျင့်ကြံခဲ့သည်ကို သူတို့က စိတ်ကူးယဉ်လိုက်မိ ပေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ကြောက်ရွံ့ ထိတ်လန့်မှုကို ခံစားခဲ့ရသည်။ လင်းယွန်၏ အစောပိုင်းခွန်အားများအရ၊ မှားယွင်းစွာ ထင်မှတ်ထား မိခဲ့ကြသည်ကို သတိ ပြု မိသွားပြီး နောက်၊ မျက်နှာများ နီရဲလာကြ၏။ ပွဲစကတည်းက လင်းယွန်သာ ခွန်အားကို ထိန်ချန်ထားခြင်း မရှိပါက၊ သူတို့၏ အသက်မှာ ဆုံးရှုံးသွားမည်မှာ သေချာလှပေသည်။
ထိုအချိန်မှာပင်၊ နောက်ဆုံး ထိပ်တိုက် တွေ့ဆုံမှုအပြီး၊ လင်းယွန်က ကျောက်တုံး တစ်တုံးပေါ်သို့ ခုန်တက်လိုက်ကာ၊
"ရွှေမီးတောက်ဂိုဏ်းရဲ့ စီနီယာမိန်ပေါ့.... ကောင်းပြီ၊ မင်းကိုကျေးဇူးတင်ပါတယ်...ငါတို့ သေချာပေါက် ပြန်တွေ့ကြမယ် ''
-ဟု ပြုံးလျက် နူတ်ဆက်လိုက်သည်။
ထို့နောက်တွင် လင်းယွန်သည် ကျောက်တုံးပေါ်မှ နောက်လှည့်ခုန်ချလိုက်ပြီး၊ ချိုင့်ဝှမ်းအတွင်းမှ ပြေးထွက်သွား၏။ မိန်ဇီယာအား လွယ်ကူစွာ အနိုင် ယူနိုင်ခြင်း မရှိသည့် နောက်တွင်၊ ဤနေရာမှ စွန့်ခွာရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။
".......သူ့ ကို တား ကြ .....စမ်း ''
မိန်ဇီယာသည် သူ့နှုတ်ခမ်းမှ သွေးစများကို လျစ်လျူရှုလိုက်ပြီး အော်ဟစ်အမိန့်ပေးလိုက်သည်။
ထိုတိုက်ပွဲကွင်း ပြင်ထံသို့ အကဲခတ်နေခဲ့သော အကြီးအကဲလျူနှင့် မိုပင်းသည် မိန်ဇီယာ၏ ညွှန်ကြားချက်ကို လက်ခံရရှိသောအခါတွင်၊ ကျန်ရှိသောဌာနခွဲမှတပည့်များအား ချက်ချင်းစုစည်းလိုက်ကြသည်။
'' ငါ့လမ်းကို ဟန့်တားတဲ့ သူတိုင်း သေရမယ် .....''
တစ်ချိန်တည်းမှာပင် လင်းယွန်သည် ဓားသေတ္တာကို ဖွင့်လိုက်ပြီး ပန်းသင်္ချိုင်းဓားအား ထုတ်ယူလိုက်ကာ၊ ပြေးဝင် ဟန့်တားလာသော လူအုပ်ကြီးထံသို့ ချိန်ရွယ်လိုက်၏။
'' ချွမ်.......... ''
ထို့နောက်တွင် ပန်းသင်္ချိုင်းဓားအား ဝေ့ယမ်းလိုက်သည်နှင့်၊ ပန်းသင်္ချိုင်းဓားသည် ၎င်းလမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ချေမှုန်းပစ်လိုက်ပြီး၊ လင်းယွန်ထံမှ ဓားချက်တစ်ချက်တည်းကိုပင် လက်ခံကာ၊ ကွယ်နိုင်ခြင်း မရှိခဲ့ကြပေ။
"အဲဒါမင်းပဲ......"
ထိုမြင်ကွင်းနှင့်နီးကပ်လာသည်နှင့်အမျှ၊ အကြီးအကဲလျူနှင့် မိုပင်းတို့သည် လင်းယွန်ကိုတွေ့လိုက်ရသောအခါ၊ နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။ လင်းယွန်သည် ကောင်းကင်မီးလျှံတောင်ထိပ်၌ ကျိန်းသေ သေရ ပေလိမ့်မည်ဟု သူတို့က ယုံကြည်ထားခဲ့ခြင်း ဖြစ်၏။
" ထွက် သွား....စမ်း "
လင်းယွန်က အေးစက်စွာငေါက်ငမ်းလိုက်ပြီး၊ မပြည့်စုံသောဓားရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်ကာ၊ ယင်းတို့နှစ်ဦး အပေါ်သို့ ထိုးခုတ်လိုက်သည်နှင့် ပေါက်ကွဲလွင့်စင် သွားစေခဲ့သည်။ လင်းယွန်က ရာပေါင်းများစွာသော ရှန်ရှင်းသိုင်းသမားများအား စောင့်ဆိုင်းတိုက်ခိုက် လိုချင်းမရှိခဲ့ကာ၊ သူ့လမ်းကြောင်းပေါ် ရှိ ဟန့်တား လိုက်ပါလာသူ မှန်သမျှအား၊ တိုက်ခိုက်သတ်ပစ်ပြီးနောက် ဆက်လက်ပြေးလွှားလာခဲ့ လေသည်။ ချိုင့်ဝှမ်းအတွင်းမှ လွတ်မြောက်လာသည်နှင့် ၎င်းချို့ဝှမ်းအတွင်းသို့ ပြန်လည်အကဲခတ်လိုက်ရာ၊ သူ့နောက်သို့ မည်သူတစ်ဦးတစ်ယောက်မျှ လိုက်ပါလာခြင်း မရှိကြောင်း သေချာသောအခါမှသာလျှင်၊ ပန်းသင်္ချိုင်းဓားအား သိမ်းယူလိုက်လျက်၊ သွေးတစ်လုတ် အန်ချလိုက်လေသည်။
'' ဝေါ့....... ''
ဆန့်ကျင်ဘက်အနေဖြင့် လင်းယွန်၏ ဖြူဖျော့နေသော မျက်နှာမှာ တရိပ်ရိပ် နီမြန်းလာခဲ့သည် ။ သူသည် မိန်ဇီယာနှင့် တိုက်ခိုက်နေလျက်မှ သူ့ခန္ဓာကိုယ် အတွင်းရှိ ပိတ်ဆို့နေသော သွေးကြောများအားလုံးကို ဖွင့်လှစ်ဖယ်ရှား လိုက်နိုင်သည်။
မိန်ဇီယာသည် ရွှေမီးတောက်ခန္ဓာအား ထုတ်ဖော်ပြီးနောက်တွင်၊ လင်းယွန်သည် သူ၏ယန်သန့်စင်ခြင်းနည်းစနစ်အား အထွတ်အထိပ်အထိ တိုးမြှင့် အသုံးပြု ခဲ့သော်လည်း လက်ရည်တူသာ တိုက်ခိုက်နိုင် ခဲ့ပေ၏။
ရွှေမီးတောက်ဂိုဏ်း၏ ရွှေမီးတောက်နည်းစနစ်သည် တကယ့်ပင် အစွမ်းထက်လှသည်။ လင်းယွန်၏ ယန်သန့်စင်ခြင်း နည်းစနစ်သည် ၎င်းနှင့် နှိုင်းယှဉ်ရာ၌ အနည်းငယ် နိမ့်ကျ နေခဲ့၏။ သို့မဟုတ်ပါက သူ၏ ပြီးပြည့်စုံစွာ ထုတ်ဖော်နိုင်ခဲ့သော ယန်သန့်စင်ခြင်း နည်းစနစ်ဖြင့် မိန်ဇီယာအား နှိမ်နင်းနိုင်မည် ဖြစ်သည်။
" ဘာပဲ ဖြစ် ဖြစ် ငါသူ့ကို ကျေးဇူးတင်ရမယ်၊ သူ့ ကြောင့်သာ မဟုတ်ရင်၊ တိမ်နဂါးသစ်သီးကို ဒီလောက်မြန်မြန် စုပ်ယူနိုင်မှာ မဟုတ်ဘူး။ ''
ယခုအချိန်တွင် လင်းယွန်အတွက် အရေးအကြီးဆုံးမှာ တိမ်နဂါးသစ်သီးထံမှ စုပ်ယူထားမိသောစွမ်းအင်များကို သန့်စင်ရန်နေရာတစ်ခု လိုအပ်နေခဲ့ခြင်း ဖြစ်လေပြီ။
***