← Chapters

အမာနှင့် အပျော့။

Vol. 9 Ch. 119

အမာနှင့် အပျော့။

Vol. 9 Ch. 119

ချိုင့်ဝှမ်းအနှံ့တွင် ရွှေမီးတောက် ဂိုဏ်းဝင်များ၏ အလောင်း များနှင့် ပြည့်နှက် နေခဲ့ပြီး၊ သံလက်သည်း မျောက်ဝံ သားရဲများပါ ရောပါနေခဲ့သည်။

မြေပြင်ပေါ် ၌ သွေးများစွာသည် မြစ်ချောင်းများသဖွယ် ပြစ်ထွေးစွာစီးဆင်း နေကြပြီး၊ လေထုထဲ၌ သွေးရနံ့များ သည်လည်း လေထုထဲနှင့် အတူ ပေါင်းစပ် သွားကာ၊ ဤမြင်ကွင်း တစ်ခု လုံးသည် သားသတ်ရုံ တစ်ခုထဲ ရောက်ရှိသွား သကဲ့သို့ အပျက် သဘောကို ဆောင်ယူ ထားခဲ့ လေသည်။

ထိုမြင်ကွင်းသည် အကြီးအကဲလျူ၏ နှလုံးသားအားချိနဲ့ သွားစေသည်။ ဤတိုက်ပွဲသည် ဂိုဏ်းခွဲတစ်ခု အတွက်ပင် ပြင်းထန်သော ထိုးနှက်ချက် တစ်ခုဖြစ်နေကာ၊ ၎င်းတို့အား ပြန်လည် သန်မာလာစေရန် ဆယ်စုနှစ်တစ်ခုခန့် အချိန်ယူရပေတော့မည်။

" စီနီယာအစ်ကိုကြီး၊ အဲဒီလူက လင်းယွန်းဖြစ်ပုံရတယ်။ "

ရွှေမီးတောက်ဂိုဏ်း၏ ပင်မတပည့်တစ်ဦးသည် မိန်ဇီဟာထံသို့ တိုးညှင်းစွာပြောဆိုလိုက်သည်။

" လင်းယွန်၊ သူက.. ဘယ်သူလဲ"

သူ့နောက်လိုက်တပြည့်၏စကားကြောင့် မိန်ဇီယာက မျက်မှောင်ကျုံ့လျက် မေးမြန်းလိုက်သည်။ အပြာရောင်နေမင်းနိုငငံရှိ ထိပ်ဆုံးရောက်ပါရမီရှင်များထဲတွင် ဤနာမည်အား တစ်ကြိမ်တစ်ခါမျှပင် မကြားဖူးပေ။

'' သူက ခရီးသွားတစ်ယောက်ပဲ စီနီယာအစ်ကိုကြီး၊ ရှန်ရှင်းဒုတိယအဆင့်မှာရှိနေတုန်းက ယန်တျန်းရဲ့ သားကို သတ်ပစ်ခဲ့တယ်၊ အဲ့ဒါကြောင့် သွေးတိမ်ဂိုဏ်းက သွေးဆုကြေးတောင် ထုတ်ယူရှာဖွေထားရတယ်၊ စီနီယာအကိုကြီး၊ မင်းက တံခါးပိတ်ကျင့်ကြံနေတာကြောင့် အဲဒါကို မင်းမသိခဲ့တာပဲ..... ''

'' .................. ''

'' အပြာရောင်နေမင်းနိူင်ငံမှာ ဒီလင်းယွန်ရဲ့ကောလဟာလတွေနဲ့ ပြည့်နေတယ်၊ ကောင်းမိသားစုရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံလိုက်ရခြင်းကလည်း သူ့ကြောင့်ပဲလို့ပြောနေကြတယ်.... လူတော်တော်များများက သူရဲ့ မောက်မာရဲရင့်မှုကြောင့် သူ့ရဲ့ဇာစ်မြစ်ကို သိချင်နေကြတယ်။ ''

နောက်လိုက်တပြည့်၏ စကားများကြောင့် မိန်ဇီယာသည် ခဏတာမျှ ငြိမ်သက်သွားခဲ့ပြီး၊

'' ဒီကောင်က ယန်တျန်းရဲ့ တစ်ဦးတည်းသောသားကို တောင် သတ်ရဲမှတော့၊ ငါ့ရဲ့ တိမ်နဂါးသစ်သီးကို ခိုးယူဖို့ သတ္တိရှိနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ''

မိန်ဇီယာသည် ယန်တျန်းအကြောင်းကို ကြားသိထားသည်။ ထိုယန်တျန်း၏ ကြောက်မက်ဖွယ်ရာ ခွန်အားနှင့် ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများစွာသည်၊ သွေးတိမ်ဂိုဏ်း၌ပင် ထိတ်လန့်ဖွယ်ကောင်းလှ၏။

ထို့အပြင် သူ၏ကျင့်ကြံမှုအဆင့်သည် နက်နဲနယ်ပယ်သို့ ရောက်ရှိနေခဲ့သောသိုင်းသမားကြီးတစ်ဦးဖြစ်ကာ၊ ၎င်း၏နာမည်သည် အပြာရောင်နေမင်းနိုင်ငံရှိ လူတိုင်း၏ နှလုံးသားများအား၊ ကြောက်ရွံ့ထိတ်လန့်သွားစေရန် လုံလောက်ခဲ့ပေသည်။ ဤသို့သော ဖြစ်တည်မှုမျိုး ရှိနေခဲ့သော သွေးတိမ်ဂိုဏ်းနက်နဲနယ်ပယ် အကြီးအကဲတစ်ဦး၏ သားဖြစ်သူ ယန်တင်းယီကိုပင် သတ်ဝံ့သောကြောင့်၊ ယနေ့ ဖြစ်စဉ်သည် များစွာအံသြမိခြင်း မရှိတော့ချေ။

'' စီနီယာအကိုကြီး၊ ငါတို့ဂိုဏ်းကို ဒီသတင်းပို့ရမှာလား ''

" မ လို ပါ ဘူး....."

မိန်ဇီယာသည် သူ့မျက်ဝန်းများတွင် သတ်ဖြတ်ခြင်း းရောင်ဝါများ ထင်ဟပ်လာလျက်မှ လက်ကို ဝှေ့ယမ်းလိုက်ပြီး၊

" ယန်တျန်းရဲ့သား ယန်တင်းယီကိုသတ်ပြီးတာတောင်၊ ဒီခွေးကောင်က အပြာရောင်နေမင်းနိုင်ငံမှာ ရှိနေသေးတယ်ဆိုတာက၊ အပျက်အစီးနယ်မြေကိုဝင်ဖို့ ရည်ရွယ်နေတာပဲမလား၊ ငါ့ကို အပြစ်ပြုပြီးတဲ့နောက်တော့ ရလဒ်ကို သူလက်ခံရလိမ့်မယ်။ ''

သို့သော်၊ မိန်ဇီယာ၏ တကယ့်ရည်ရွယ်ချက်မှာ ယနေ့ကိစ္စများကို ပေါက်ကြားစေလိုခြင်း မရှိသည်ကြောင့်၊ ဂိုဏ်းအား သတင်းမပို့ရန် တားမြစ်လာခြင်း ဖြစ်သည်ကို နောက်လိုက် တပြည့်သုံးယောက်က သိရှိခဲ့ကြသည်။ အကယ်၍သာ မိန်ဇီယာသည် ရှန်ရှင်းတတိယအဆင့်မှ တစ်စုံတစ်ယောက်အား ရှုံးနိမ့် ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပါက၊ ၎င်း၏ အနာဂါတ်အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာမည် ဖြစ်လေသည်။

ချိုင့်ဝှမ်းအတွင်းရှိ အရှုပ်အထွေးများကို ဝေ့ကြည့်လိုက်ပြီး၊ မိန်ဇီယာသည် အံကြိတ်လိုက်မိသည်။ ဤမျှကြီးမားသော ဆုံးရှုံးမှုကြီးကို သူ့ဘဝတစ်လျှောက် ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရခြင်းပင် ။ အဆိုးဆုံးမှာ ထိုလင်းယွန်သည် တိမ်နဂါးသစ်သီးကို စားသုံးပြီးနောက် အကန့်အသတ်မရှိ ဝိညာဉ်စွမ်းအင်ကို ရရှိသွားခဲ့သည်။ ထို့ကြောင့် လင်းယွန်ကို ပြန်တွေ့မိလျှင်ပင် သူ့အား ဟန့်တားနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိချေ။

ထို့အပြင်လင်းယွန်သည်တိမ်နဂါးသစ်သီးအား သန့်စင်နိုင်ခဲ့ပါက၎င်း၏ခွန်အားသည် ပိုမိုသိပ်သည်း လာနိုင်ပေမည်၊ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက၊ မိန်ဇီယာသည် လင်းယွန်နှင့် ရင်ဆ်ုင်ရာ၌ ပို၍ခက်ခဲလာလိမ့်မည်။

သို့သော်လည်း မိန်ဇီယာသည် သူ၏ခွန်အားကို ယုံကြည်နေဆဲ ဖြစ်သည်။ သူကသာ သံလက်သည်းမျောက်ဝံသားရဲခေါင်းဆောင်နှင့် တိုက်ခိုက်ထားခြင်း မရှိပါက၊ လင်းယွန်သည် ဤမျှ လွယ်လွယ်ကူကူ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင်၊ လင်းယွန်သည် တောအုပ်အတွင်းသို့ တိုးဝင်လာခဲ့ပြီး၊ လုံခြုံစိတ်ချသည့် တစ်နေရာကို ရှာတွေ့ပြီးနောက် တိမ်နဂါးသစ်သီးထံမှစုပ်ယူထားမိသော စွမ်းအင်များကို စတင်သန့်စင် လိုက်သည်။ တိမ်နဂါးသစ်သီးသည် ရတနာတစ်ခု ဖြစ်ပြီး ၎င်း၏တန်ဖိုးမှာ အဋ္ဌမအဆင့် မီးလျှံအမြုတေထက် နိမ့်ကျနိုင်သော်လည်း၊ ထိုအရာသည်ပင် များစွာတန်ဖိုး ရှိလှပေသည်။

" တိမ်နဂါးသစ်သီးက အမှောင်လွှမ်းမိုးမှု ရှိတယ်လား..."

လင်းယွန်က စိုးရိမ်တကြီးဖြင့် မျက်ခုံးပင့်လိုက်သည်။ တိမ်နဂါးသစ်သီး အတွင်းရှိ စွမ်းအင်များတွင် ဒေါသ အငွေ့အသက်များ ကြောက်စရာ ကောင်းစွာ ရောယှက်နေခဲ့သည်။

သူ့နှလုံးသားအား လွှမ်းမိုးရန် ကြိုးစား နေသော အ မှောင်စွမ်းအားများကို အာရုံခံမိလိုက်သည်။ ၎င်းသည် လင်းယွန်၏ စိတ်ဝိညာဉ်နယ်မြေအတွင်းထိ တိုးဝင် အမြစ်တွယ်ရန် ကြိုးစားလာ၏။ အကယ်၍သာ မိန်ဇီယာနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ ခြင်း မရှိခဲ့ပါက၊ ယခုအချိန်၌ လင်းယွန်၏နှလုံးသားအား ထိုအမှောင်စွမ်းအား လွှမ်းမိုးကောင်းလွှမ်းမိုးနိုင် ပေလိမ့်မည်။

သူ့နှလုံးသားကို မြဲမြံစွာ ဆုပ်ကိုင်ထားရင်း လင်းယွန်းက ရွှေဆိုင်ကလုန်းမှ ထွက်လာသည့် ကြီးမားသော ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်သည်။

'' ဖုန်း...... ''

ရွှေရောင်မုန်တိုင်းတံဆိပ်သည် တောက်လောင်နေသော မီးတောက်များကဲ့သို့ လှည့်ပတ်လာကာ၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ သိပ်သည်းသော အရှိန်အဝါများကို ထုတ်ပေးလိုက်သည်။

" လာခဲ့၊ မင်း ဘယ်လောက် သန်မာတယ် ဆိုတာ ငါ ကြည့်ရအောင် "

လင်းယွန်က အံ ကြိတ် ကြုံးဝါး လိုက်သည်။ နောက်တစက္ကန့်အတွင်း၊ ယန်သန့်စင် ခြင်းနည်းစနစ်၏ ထိန်းကြောင်းမှု အောက်၌ သူ၏ ဝိညာဉ်စွမ်းအင်များသည် တိမ်နဂါးသစ်သီးထံမှ အမှောင်စွမ်းအင်များကို စစ်ထုတ် သန့်စင် ပေးရန်အတွက် ဒါန်တမ်အတွင်းရှိ စွမ်းအင်မုန်တိုင်းတံဆိပ်သည် ပြင်းထန်စွာ လှည့်ပတ်လာခဲ့လေသည်။

" အဆင်ပြေလာပုံပဲ ........"

လင်းယွင် ဝမ်းမြောက်သွားကာ၊ မိန်ဇီယာကို ကျေးဇူးတင် လိုက်မိသည်။

အကယ်၍ ပြိုင်ဘက်သည် လင်းယွန်၏ ခန္ဓာကိုယ်အတွင်းမှ ဒေါသအငွေ့အသက်များကို ထုတ်ပစ်ရန် အထိ လုံလောက်သော သန်မာမှုမျိုး မရှိခဲ့ပါက၊ ယခုအချိန်တွင် သူ့အား အမှောင်စွမ်းအင်များက ဝါးမျိုသွားပေလိမ့်မည်။

မိန်ဇီယာသည် သူ့ထက် အသက်ပိုကြီးပုံ မပေါ်သော်လည်း ၎င်းသည် ဤမြင့်မားသော ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားပြီး အပြာရောင်နေမင်းနိုင်ငံရှိ လူငယ် မျိုးဆက်များ ကြားတွင် အသန်မာဆုံးစာရင်း ဝင်ပေဖြစ်သည်။

လင်းယွန်က မိန်ဇီယာနှင့် ယှဉ်ပြိုင်ရာ၌ မီးလျှံနတ်ဆိုးခန္ဓာနှင့် ယန်သန့်စင်ခြင်း နည်းစနစ်အပါအဝင် တိမ်နဂါးသစ်သီး၏ စွမ်းအားများကိုပါထုတ်ဖော် တိုက်ခိုက်ခဲ့ ရသော်လည်း မည်သည့် အရာကိုမျှ အသာစီး မရနိုင်ခဲ့ချေ။ မီးလျှံနတ်ဆိုး၏ခန္ဓာကိုယ်ကို ဖွဲ့တည်နိုင်ခဲ့ခြင်းသည် လင်းယွန်အား များစွာ ကံကောင်းခဲ့စေပြီး၊ သို့မဟုတ်ပါက ရလဒ်သည် မထင်မှတ်ထား ရလောက်အောင် ဆိုးရွား ပေလိမ့်မည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံး လာမှုနှင့်အတူ၊ လင်းယွန်၏ ဝိညာဉ်စွမ်းအင်များ အတွင်းတွင် အမှောင်စွမ်းအင်သည် အဆက်မပြတ် သန့်စင် ခံနေရပြီး ကြမ်းကြုတ်သော ရောင်ဝါသည် တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့လေပြီ။

နောက်ထပ်တစ်ဖန် အချိန်အနည်းငယ် ကြာပြီးနောက် သူ့ခန္ဓာကိုယ်ရှိ ကြမ်းကြုတ်သောအငွေ့အသက်များမှာ ခန့်ငြားသောရောင်ဝါအဖြစ် ပြောင်းလဲလာသည်။ ထိုရောင်ဝါအတွင်း၌ ထည်ဝါသောအငွေ့ အသက်အချို့ ပေါင်းစပ် ပါဝင်နေခဲ့လေသည်။

"နဂါးရောင်ဝါ..."

ရုတ်တရက် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိသည်။ တိမ်နဂါးသစ်သီးသည် ရှေးဟောင်းနဂါးများ၏ အငွေ့အသက် ကြိုးမျှင်များကို မွေးဖွားပေးလိမ့်မည်ဟု သူက မထင်ထားခဲ့ပေ။ ၎င်းသည် အားနည်းလှသော်လည်း စစ်မှန်နေဆဲပင်။

ထို့ကြောင့် လင်းယွန်က မပျော်နိုင်ပဲ မနေနိုင်ချေ။ သူထံ၌ ကျား၏ အငွေ့အသက်ကို ဆုပ်ကိုင်ထားနိုင်ပြီးဖြစ်ကာ၊ နဂါး၏ အရှိန်အဝါကိုသာ ထပ်မံ ထုပ်ယူ နိုင်ခဲ့ပါက၊ ကျားနှင့် နဂါးတို့၏ အရှိန်အဝါကို ရောစပ်အသုံးပြုနိုင် ပေလိမ့်မည်၊ တဖန် ကျား-နဂါးလက်သီး နည်းစနစ်၏ ကျား-နဂါးအရှိန်အဝါကို ထုတ်ဖော်ရာ၌လည်း များစွာ အကျိုး ဖြစ်ထွန်းလာနိုင်ပေသည်။

'' ဝှစ်......... ''

ရွှေရောင်ဝိညာဉ်စွမ်းအင်များတွင် နဂါးငွေ့တန်းများ ကဲ့သို့သော သေးငယ်သည့် အလင်းလွှာ တချို့ ဖဲကြိုးများ သဏ္ဍာန် ရစ်သိုင်း ရောယှက်သွားလေသည်။

'' ............ ''

နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ယန်သန့်စင်ခြင်း နည်းစနစ်သည် အံသြစရာကောင်းလောက်အောင်ပင်၊ တိုးတက်မှု အနည်းငယ်ရှိလာခဲ့သည်ကို တွေ့ရှိလိုက်ရသည့်အတွက် တုန်လှုပ်သွားခဲ့သည်။

'' ဘာလဲ.... ယန်သန့်စင်ခြင်းနည်းစနစ်က ရှန်ရှင်းနည်းစနစ် အဖြစ်ပြောင်းလဲ သွားခဲ့တာတောင် ရပ်တန့်ချင်ပုံ မရဖူးလား.....''

ယန်သန့်စင်ခြင်း နည်းစနစ်သည် စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ် တစ်ခုဖြစ်ကာ၊ ဟောင်ရှင်းနယ်ပယ်နည်း စနစ်တစ်ခုအ ဖြစ်သာ သူက စတင်သိရှိ ထားခဲ့ သော်လည်း၊ ၎င်းအား ပြီးပြည့်စုံအောင် ကျင့်ကြံပြီးနောက်တွင်၊ ရှန်ရှင်အဆင့် စွမ်းအင်ကျင့်ကြံ ခြင်း နည်းစနစ် အဖြစ်သို့ အသွင်ပြောင်း နိုင်ခဲ့သည်ာ၊ ထိုနည်းစနစ်၏ မူလသည် ရှန်ရှင်းနည်းစနစ်တစ်ခု ဖြစ်ရပေမည်ဟု လင်းယွန်က ယူဆ ထားခဲ့သည်။ ယင်းအပြင် ယန်သန့်စင် ခြင်း နည်းစနစ်သည် ပဉ္စမအဆင့်သို့ ရောက်ရှိပြီးနောက်၊ ၎င်းသည် ပြီးဆုံးသွား းခဲ့ပြီဖြစ်သည်။ သို့သော် တိမ်နဂါးသစ်သီးအား စုပ်ယူ ပြီးနောက်တွင် ထိုနည်းစနစ်သည် ထပ်မံတိုးမြှင့် လာနိုင်မည့် အရိပ်အယောင် အချို့အား ပြသလာခဲ့ ပြန်သည်။

အခြားတစ်ဖက်တွင် သူ၏ ဝိညာဉ်စွမ်းအင်များ၌ ပျော့ပျောင်းသောစွမ်းအင်ကြိုးမျှဉ်များ ပေါင်းစပ်စီးမျောလာကာ၊ ၎င်းသည် မူလ ဝိညာဉ်စွမ်းအင်များအား ပို၍ သိပ်သည်းလာစေလေသည်။

ဤအခိုက်အတန့်တွင် မိန်ဇီယာမှာ တိမ်နဂါးသစ်သီးကို အဘယ်ကြောင့် တောင့်တသည်ကို နားလည်သွားခဲ့သည်။

မိန်ဇီယာ၏ ရွှေမီးတောက် နည်းစနစ်သည် ယန်သန့်စင်ခြင်း နည်းစနစ်ထက် ပိုမို အားကောင်းလှလေရာ၊ ၎င်းအား တိုးတက်အောင်မြင် စေရန် မည်မျှ ခက်ခဲမည်ကို စိတ်ကူး ကြည့်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် တိမ်နဂါးသစ်သီးကို သန့်စင်ခြင်းဖြင့် ရွှေမီးတောက် နည်းစနစ်ကို တိုးတက်အောင်မြင်နိုင်မည် ဖြစ်သည်။

နောက်ဆုံးတွင်၊ မိန်ဇီယာသည် သူ၏ ရွှေမီးတောက် နည်းစနစ်တွင် အနည်းငယ်သာ ဆုပ်ကိုင်ထားနိုင် ခဲ့သော်လည်း၊ ယန်သန့်စင်ခြင်း နည်းစနစ်အား အပြည့်အဝ အောင်မြင်ထားသော လင်းယွန်အားဖိနှိပ် ထားနိုင်ခဲ့သည်။

သို့သော်၊ ၎င်းသည် ကျင့်ကြံမှုအဆင့်ကွာဟချက်ကြောင့် ဖြစ်နိုင်ပေသည်၊ မည်သို့ပင် ဆိုစေကာမူ အဆင့်တူခြင်းဖြစ်ခဲ့ပါက၊ လင်းယွန်သည် မိန်ဇီယာအား ဖိနှိပ်နိုင်ကောင်း ဖိနှိပ်နိုင်ပေမည်။

ခဏအကြာတွင် လင်းယွန်က မျက်လုံးများကို ဖွင့်ကာ အံ့သြစွာသွားလေသည်။ သူ၏ ယန်သန့်စင်ခြင်း နည်းစနစ်သည် ယခုအခါတွင် ပျော့ပျောင်းသော စွမ်းအင် အရိပ်အယောင်များကို အာရုံခံမိနေခဲ့ပြီး၊ ၎င်းသည် အလွန်အမင်း အစွမ်းထက်လှပြီး ယခုအခါတွင် ပျော့ပျောင်းသော စွမ်းအင်ကြိုးမျှဉ် များကို လင်းယွန်၏ ဝိညာဉ်စွမ်းအင်များ အတွင်းသို့ လျင်မြန်စွာ ပေါင်းစပ်ပေး နေလေသည်။

'' ယင်နဲ့ ယန်ကို ပေါင်းစပ်ပေးနေတာလား၊ ဒီလိုသာဆို ငါ့ရဲ့ဝိညာဉ်စွမ်းအင်တွေက ပြီးပြည့်စုံတဲ့ပေါင်းစပ်မှု ဖြစ်လာတော့မှာပေါ့၊ ဒါဆို ငါ့ရဲ့ ခွန်အားက နှစ်ဆ ဖြစ်လာမယ် မဟုတ်လား.....''

ယင်-ယန် ပေါင်းစပ်မှုစွမ်းအား။ ၎င်းသည် ဆန့်ကျင်ဘက် စွမ်းအင် နှစ်မျိုးဖြစ်ကာ၊ ကမ္ဘာလောကကြီး၏ မူလစွမ်းအင်များ ဖြစ်ပေသည်။ တစ်စုံတစ်ရာသည် စတင်မွေးဖွား ဖြစ်တည်သည်နှင့် ယင် သို့မဟုတ်ယန်စွမ်းအင်ကို စုပ်ယူ ရှင်သန်ရ ပေမည်။ ယန်သည် အမာစွမ်းအင်မျိုးဖြစ်ကာ ယင်မှာ ပျော့ပျောင်းသော စွမ်းအင် အမျိုးအစား ဖြစ်လေသည်။

“ဒီနဂါးရဲ့ အငွေ့အသက်ကို စမ်းကြည့်ရအောင်…”

လင်းယွန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။ ရုတ်တရက် သူက ကျားနဂါး အရှိန်အဝါကို ဖြန့်ကျက်လိုက်သောအခါ သူ့ကိုယ်တွင်းရှိ ပြင်းထန်သော အငွေ့အသက် နှစ်ခုသည် တုန်ခါလာ၏။

လေနှင့်တိမ်သည် ဆင့်ခေါ်ခံရပြီးနောက်၊ မီတာတစ်ရာ ဝန်းကျင်အား ဖုံးလွှမ်းထားသော မိုးတိမ်များ စုရုန်းလာလေသည်။

'' .............. ''

ထို့နောက်တွင် လင်းယွန်၏ အရှိန်အဝါသည် ရှန်ရှင်း သတ္တမအဆင့် သိုင်းသမား တစ်ယောက်နှင့် ယှဉ်နိုင်သော ရောင်ဝါအချို့ သူ့ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာ လေသည်။ ၎င်းအရှိန်အဝါသည် မီတာတစ်ထောင်အထိ ပြန့်ကားလာပြီး၊ ထိုဖိအားအောက်ရှိ သစ်ပင်ကြီးငယ်များအား ဖျက်ဆီးချေမွှ ပစ်လိုက်၏။

“ ငါ့ရဲ့ ကောင်းကင်....…”

တိမ်နဂါးသစ်သီးကို စားသုံးပြီးနောက် သူ၏ ကျား-နဂါးအရှိန်အဝါသည် ဤမျှ ပြင်းထန် လာလိမ့်မည်ဟု မမျှော်လင့် ထားမိပေ။

" ဒါကို စမ်းကြည့်ရအောင်၊ အမာနဲ့ အပျော့ ပေါင်းစပ်မှု။"

'' ............... ''

လင်းယွန်က လက်ကို တွန်းထုတ်ပစ်လိုက်သည်နှင့် မီတာတစ်ရာအကွာရှိ တောင်တန်းသည် ပြာများအဖြစ်သို့ ပြောင်းလဲကျသွားသည်။ သို့သော် ၎င်းသည် စွမ်းအား၏ (၁ ၀၀)နူန်း အပြည့် မဟုတ်ခဲ့ပဲ၊ သူ့လက် သီး၌ (၃၀%) စွမ်းအင်များ ကျန်ရှိ နေ ပေသေးသည်။ တစ်ချိန်တည်းမှာပင်၊ ထိုစွမ်းအား အကျွင်းအကျန် များကြောင့် သူ့လက်သီး အတက်အကျမှာ ရေဝဲတစ်ခုသဖွယ် ဖြစ်ပေါ်လာသည်။

လင်းယွန်က လက်သီးအား လေထဲသို့ ထပ်မံ ထိုးထုတ် လိုက်ပြီးနောက်၊ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည် နှင့်အမျှ အင်အားက လင်းယွင်အား လေထဲ၌ ခြေချနိုင်စေခဲ့သည်။

“စိတ်ဝင်စားစရာပဲ…”

ထို့နောက်တွင် လင်းယွန်ကသူ၏ စွမ်းအား အသစ်အား သဘောကျ နေခဲ့ပြီး၊ သိုင်းကွက်အချို့အား ထပ်မံထုတ်ဖော် လိုက်လေသည်။ သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသော အကန့်အသတ်မဲ့ စွမ်းအင်ကို ခံစားနိုင်ကာ၊ သိုင်းကွက် တစ်ကွက်ထုတ်ဖော် ထိုးနှက်ပြီးနောက်၊ ကုန်ဆုံးသွားသောဝိညာဉ်စွမ်းအင်များ နေရာ၌ ချက်ချင်းပြန်လည် အစားထိုး ရောက်ရှိလာမည် ဖြစ်သည်။ ၎င်းစွမ်းအင်များသည် အဆုံးမဲ့ စက်ဝန်းတစ်ခုအဖြစ်သို့ ပြောင်းလဲလည်ပတ် နေခဲ့ ပြီ။

မြေပြင်ပေါ်သို့ ပြန်မကျမီ လေထုထဲရှိနေစဉ်မှာပင် ကျားရိုင်းလက်သီးနည်းစနစ်ကို အကုန်အစင် လေ့ကျင့်နိုင်ခဲ့သည်။

"ဒါဆို ဒါက ယင်နဲ့ယန်ကို ပေါင်းစပ်လိုက်တဲ့နောက်တော့ ငါ့ရဲ့ ဝိညာဉ်စွမ်းအင်တွေက ထုတ်ဖော်လိုက်တဲ့အချိန်တိုင်းမှာ စက်ဝန်းတစ်ခုလို လှည့်ပတ်နေတော့မယ်ပေါ့..... ''

လင်းယွန်၏ သိုင်းတာအိုသည် အဆင့်သစ် တစ်ခုသို့ ရောက်ရှိ သွားခဲ့လေပြီ၊ သိုင်းတာအို၌ ခွန်အားသည် အဓိက သော့ချက် မဟုတ်ချေ။

ယခုအချိန်၌ မိန်ဇီယာနှင့် တိုက်ခိုက်ပါက သိုင်းကွက်တစ်ရာ ထုတ်ဖော်တိုက်ခိုက်ဖို့ပင် ဝန်မလေး တော့ချေ။ စွမ်းအားစက်ဝန်းကို ဖန်တီးလှည့်ပတ်နိုင်ပြီးနောက်၊ လင်းယွန်၏ မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် တောက်ပလာသည်။

ရုတ်တရက် တောအုပ်အတွင်း တစ်နေရာ၌ ဆူညံသော အသံများ ကြားလိုက်ရသည်။ လင်းယွန်က အတွေးထဲ နစ်မျောနေရာမှ သတိရလာပြီး၊ ထိုအသံ ထွက်ပေါ်လာရာသို့ မျှော်ကြည့် လိုက်သည်။

"အစ်ကိုကျန်းယွီလား....."

အသက်လုပြေးလွှားနေသည့် လူရိပ်တစ်ရိပ်သည် နီးကပ်လာသည်နှင့်အမျှ ထိုလူရိပ်၏ မျက်နှာအား တွေ့မြင်လိုက်ရ သော အခါတွင် လင်းယွန်၏ အမူအယာမှာ ပြောင်းလဲသွား၏။

ရှန်ရှင်းပဉ္စစမအဆင့် နတ်ဆိုးသားရဲများဖြစ်သော သွေးမီးလျှံအမြီးဝံပုလွေ (၃)ကောင်သည် ကျန်းယွီအား ဒေါသတကြီး မာန်ဖီ အမဲလိုက်နေခဲ့လေပြီ၊ ၎င်းတို့သည် သဘာဝအရကောက်ကျစ်သော သားရဲများ ဖြစ်ကာ၊ သူတို့၏ အမြီးများတွင် မီးလျှံများ တောက်လောင်နေ သကဲ့သို့ ရောင်ဝါများ လင်းလက်နေခဲ့ပြီး၊ အုပ်စုဖွဲ့ ရှင်သန် တက်ကြပေသည်။ ထို့ပြင် ယင်းသားရဲများသည် အမဲလိုက် သတ်ဖြတ်ရာ၌ ကျန်နတ်ဆိုးသားရဲများထက် ပို၍ ဇွဲကြီးလှရာ၊ ၎င်းတို့၏ သားကောင်အဖြစ် ရှုမြင် ခံရသူသည် ဆိုးရွားသော ရလာဒ်ဖြင့်သာ အဆုံးသတ် ရပေလိမ့်မည်။

နောက်တဖန် သူတို့၏ အမြီးရှိ မီးတောက်များက ပြင်းထန်သော အဆိပ်များ ထုတ်လွှတ်နိုင်ကာ၊ ရှန်ရှင်း ပဉ္စမအဆင့် ကျင့်ကြံသူကိုပင် တုန်းခနဲ လဲကျသေဆုံး နိုင်စေသည်။

" သောက်ပဲဟေ့ .......ငါဘာလို့ ဒီလောက်ကံဆိုးနေရတာလဲ....... ''

ဒေါသတကြီး ကျိန်ဆဲနေခဲ့ပြီး၊ ကျန်းယွီက သူ၏ အရှိန်ကို ထပ်မံ တိုးမြှင့်လိုက်ပြန်သည်။ ကောင်းကင်မီးလျှံတောင်ထိပ်မှ ဆင်းသက်လာပြီးနောက်၊ သွေးမီးလျှံအမြီး ဝံပုလွေများ၏ အမဲလိုက်ခြင်း ခံရလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့် ထားပေ။

တစ်ချိန်တည်းမှာပင်၊ ဝံပုလွေများ၏ မျက်လုံးများတွင်လည်း စူးရှသော တောက်ပမှုတစ်ခု ရှိနေခဲ့သည်။ သူတို့က ကျန်းယွီနောက်သို့ အရှိန်အပြည့်ဖြင့် လိုက်ပါ ခိုက်တိုက်ခဲ့ခြင်း မပြုခဲ့ပဲ၊ သားကောင်အား မောပန်းနွမ်းနယ်သည့် အချိန်အထိ ခြောက်လှန့် အမဲလိုက် နေခဲ့ခြင်းသာ ဖြစ်ပေသည်။

"ဒီညစ်ပတ်တဲ့ အကောင်တွေကို ငါဘာလို့ မဖယ်ရှားနိုင် ရတာလဲ...."

သူ့နောက်တွင် အရှိန်မြှင့်လျက်လိုက်ပါနေကြသော သွေးမီးလျှံအမြီးဝံပုလွေများကို မြင်လိုက်ရသော အခါတွင် စိတ်ပျက်သွားသည်။ ယင်းသားရဲများ၏ ကောက်ကျစ် ယုတ်မာမှုသည် အတိုင်းအစ မရှိခဲ့ချေ။ လွန်ခဲ့သည့် တစ်ရက်လုံးလုံး သူ့အား အကွာအဝေး တစ်ခု ခြားလျက်၊ လိုက်ပါ နေခဲ့ကြသည်၊ ကျန်းယွီက အရှိန်မြှင့်ခဲ့ပါက ၎င်းတို့သည်လည်းလိုက်ပါ မြှင့်တင် လိုက်ကြသလို၊ သူက အရှိန်အနည်းငယ် လျော့ချလိုက်ပါက ထိုသားရဲ သုံးကောင်သည်လည်း အနည်းငယ် လျော့ချလိုက်ကာ၊ သူတို့ကြား အကွာအဝေးကို ပြောင်းလဲစေခြင်း မရှိခဲ့ပဲ၊ အမဲလိုက် နေခဲ့ကြလေသည်။

သို့သော် ရုတ်တရက် အရိပ်တစ်ရိပ်သည် ကောင်းကင်မှ ထိုးဆင်းလာပြီးနောက် လက်သီးဖြင့် ထိုသားရဲများအား ထိုးချလိုက်၏။

'' ဖုန်း........ ''

'' အု......ဝု ''

ထိုလက်သီးချက်ထိမှန်ခံရသည့် သွေးမီးလျှံအမြီး ဝံပုလွေသည် သူ၏ အရိုးများနှင့် အတွင်းအင်္ဂါများ ကွဲကြေသွားကာ ချက်ခြင်းပင် ပေါက်ကွဲ သေဆုံး သွားခဲ့လေပြီ။ ၎င်းဝံပုလွေသည် သူ့အမြီးရှိ အဆိပ်မီးတောက်ကိုပင် အသုံးမပြု နိုင်ခဲ့ပဲ လျင်မြန်စွာ သေဆုံး သွားခဲ့လေသည်ဖြစ်ရာ၊ ဤမြင်ကွင်းအား တွေ့မြင်လိုက်ရသော ကျန်သားရဲ နှစ်ကောင်မှာ ထိတ်လန့်စွာဖြင့် ချက်ချင်း လှည့်ပြေး သွားခဲ့ကြသည်။

ရုတ်တရက် အန္တရာယ်အငွေ့အသက်များ လွင့်ပါးသွားသည်ကို ခံစားလိုက်ရသော ကျန်းယွီက သံသယာဖြင့် ရပ်တန့်ပြီး လှည့်ကြည့် လိုက်မိသည်ဖြစ်ရာ၊ သူ့မျက်လုံးများသည် သရဲတစ္ဆေတစ်ကောင်အား မြင်တွေ့လိုက်ရသကဲ့သို့ ပြူးကျယ် သွားတော့သည်။

***

All Chapters