← Chapters

ကံကောင်းခြင်း။

Vol. 9 Ch. 120

ကံကောင်းခြင်း။

Vol. 9 Ch. 120

ကျန်းယွီ၏ မျက်နှာသည် သရဲတစ္ဆေ တစ်ကောင်အား မြင်လိုက်ရ သကဲ့သို့ မယုံနိုင် လောက်အောင် ဖြစ်နေ ခဲ့သည်။

လင်းယွန်သည် မီးတောင်ဝ ထဲသို့ ခုန်ဆင်းသွားပုံကို သူက ရှင်းရှင်းလင်းလင်း မှတ်မိနေသောကြောင့် ယခုအချိန်တွင် မျက်လုံးပြူးလျက် ငြိမ်သက်သွားခြင်း ဖြစ်သည်။

" အစ်ကိုကျန်း ......"

လင်းယွန်က ပြုံးပြကာ၊ နုတ်ဆက် လိုက်သည်ကြောင့် ကျန်းယွီမှာ သတိပြန် ဝင်လာခဲ့၏။

'' မင်း.....မင်း လင်းယွန် ''

" ဟုတ်ပါတယ်၊ ငါလင်းယွန်ပါ အစ်ကိုကျန်းရ...ချော်ရည်ထဲကို ခုန်ဆင်းခဲ့တာက၊ အပူဒဏ်ကို ကာကွယ် ပေးနိုင်တဲ့ အဆောင်ရတနာတစ်ခု ရှိနေခဲ့လိုပဲ၊ ဒါကြောင့် မီးတောင်ပေါက်ကွဲမဲ့ အချိန်အထိ စောင့်ပြီး ထွက်ပြေးလာ နိုင်တာပေါ့ ...''

လင်းယွန်က အကြမ်းဖျင်း ရှင်းပြလိုက်သော်လည်း၊ ကျန်ယွီမှာ တုန်လှုပ် နေဆဲပင်။

'' မင်း သေသွားပြီလို့ ငါက တကယ် ထင်ခဲ့တာ၊ အသက်ရှင် နေလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး၊ ဟားဟားဟား ကောင်းတယ် ကောင်းတယ်ဟေ့၊ အဲ့ဒီ အချိန်တုန်းက ဖြစ်ပျက်နေတဲ့ မြေခွေးအိုကြီးရဲ့ မျက်နှာကို မြင်စေ့ ချင်တယ်၊ မင်းကြောင့် သွေးအန် လုနီးနီး ဒေါသတွေ ထွက်နေခဲ့တာ၊ ဒီကြားထဲ မီးတောင် ထဲကိုတောင် သုံးကြိမ်တိတိ ခုန်ဆင်း ရှာဖွေ ခဲ့သေးတယ် ဟား ဟား ဟား.....''

ကျန်ယွီ၏ စကားကြောင့် လင်းယွန်က မအံ့သြခဲ့ပေ။ ထိုအဖိုးအို၏ ကျင့်ကြံမှု ခွန်အားအရ ချော်ရည်ထဲသို့ ဝင်ရောက် နိုင်ပေသည်။ သို့သော် ၎င်းအဘိုးအိုသည် ချော်ရည်အတွင်းတွင်၊ သူ့အား ရှာတွေ့ရန်မှာမူ မဖြစ် နိုင်ပေ။

'' အဲဒါတွေ ထားလိုက်ပါတော့၊ အစ်ကိုကျန်း အခု ဘယ်သွား မလို့လဲ"

'' ငါလား.... အပျက်အစီး နယ်မြေထဲ သွားပြီး ကံစမ်းမလို့ပါ ''

အပြာရောင်နေမင်း နိုင်ငံရှိ လျှို့ဝှက်နယ်မြေ ဖွင့်ရန်သည် တစ်လကျော်ခန့် လိုပေသေး၏၊ မျက်စိတစ်မှိတ် အတွင်းမှာပင် လင်းယွန်မှာ အပြာရောင်နေမင်း နိုင်ငံ၌ လနှင့်ချီ ကြာညောင်း နေခဲ့ လေပြီ။

'' ......ငါ့ခွန်အားအရ ကံကောင်းဖို့ဆိုတာ မဖြစ်နိုင်ဖူး ဆိုပေမယ့်၊ အနည်းဆုံးတော့ ငါ့ကို အမြင်ကျယ် စေမယ် မဟုတ်လား... ဒါကြောင့် ညီငယ်လင်း၊ ငါနဲ့ လိုက်ချင်လား"

လင်းယွန်သည် အဋ္ဌမအဆင့် မီးလျှံ အမြုတေကို သန့်စင်ထား လိမ့်မည်ဟု ကျန်းယွီက ယူဆထားသည်။ သို့မဟုတ်ပါက၊ သွေးမီးလျှံအမြီးဝံပုလွေကို တစ်ချက်တည်းဖြင့် သတ်ပစ်ရန် မဖြစ်နိုင်။

ထို့ကြောင့် ကျန်းယွီသည် လင်းယွန် နှင့်အတူ ခရီးသွားကာ၊ အကူအညီ ရယူရန် ဆုံးဖြတ်ထားလေသည်။ သို့သော် လင်းယွန်က အဆင်မပြေ ဟန်ဖြင့်၊ ခေါင်းရမ်းလိုက်၏။

'' အစ်ကိုကျန်း ငါ့မှာ ပြဿနာ အချို့ ရှိနေတယ်၊ မင်းနဲ့အတူ ခရီးသွားရင် ဒုက္ခရောက်စေမိမှာ ကြောက်တယ်၊ ဒါပေမယ့် မပူပါနဲ့ လျှို့ဝှက်နယ်မြေ ဖွင့်ရင် ငါတို့ ပြန်ဆုံတွေ့ ကြမယ်ဆိုတာ သေချာပါတယ်။ ''

" ကောင်းပြီ ဒါဆို ငါ ကြိုသွားနှင့်မယ်၊ ဒါနဲ့ မင်း..... မီးတောင်ကြားထဲကို ခုန်ဆင်း သွားပြီး မကြာခင်မှာပဲ သွေးတိမ်ဂိုဏ်း ရောက်လာသေးတယ်။"

ကျန်းယွီက ရုတ်တရက် သိရသွားပြီး၊ မထွက်ခွာခင် လင်းယွန်အား သတိပေးလိုက်သည်။

"သွေး တိမ် ဂိုဏ်း လား......"

"ဟုတ်တယ်၊ သူတို့အားလုံးက ရှန်ရှင်း ပဉ္စမအဆင့်မှာ ရှိနေကြတယ်၊ မင်းရဲ့ ပုံတူကို ပြပြီး မင်းအကြောင်း မေးကြတာကြောင့် အားလုံးက အံ့သြသွားတယ်၊ မင်းကို သွေးဆုကြေး ထုတ်ထား လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ဒါပေမယ့်လည်း ငါတို့ရဲ့ စကားတွေအရ၊ မင်းကို သေသွားပြီလို့ သူတို့ ထင်ကောင်းထင် နိုင်ပါတယ်။ ''

ကျန်းယွီစကားကို နားထောင်ပြီး လင်းယွန်က ရယ်မောလိုက်သည်။ သွေးတိမ်ဂိုဏ်းသည် ကောင်းကင်မီးလျှံ တောင်ထွတ် အထိ ရှာဖွေ နိုင်လိမ့်မည်ဟု မမျှော်လင့် ထားမိပေ။ သူက သွေးတိမ်ဂိုဏ်းကို လျှော့တွက်ထား မိခဲ့ပုံ ရလေသည်။

" ဒါကို အခုလို မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း၊

..... တခြား ဘာမှ မရှိဘူး ဆိုရင်တော့၊ ငါအရင် ထွက်သွားပါ့မယ်။ "

'' ဝှစ်....... ''

လင်းယွန်က ကောင်းကင်သို့ ခုန်တက်သွားပြီး၊ ကျန်းယွီ၏ မြင်ကွင်းမှ တမဟုတ်ချင်း ပျောက်ကွယ် သွားလေသည်။ လင်းယွန် ထွက်သွားရာ အရပ်သို့ မျှော်ကြည့်ပြီး ကျန်းယွီက ခေါင်းညိတ် ပြုံးရယ် လိုက်သည်။

အဋ္ဌမအဆင့်မီးလျှံ အမြုတေသည် တကယ်ပင် အစွမ်း ထက်လှ၏။ လင်းယွန်၏ ခွန်အားသည် ရက်အနည်းငယ် အတွင်း၌ ပို၍ နက်ရှိုင်း လာခဲ့သည် မဟုတ်ပါလော။ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် သွေးမီးလျှံအမြီး ဝံပုလွေ၏ အလောင်းသို့ အကြည့် အရောက်တွင် ထိတ်လန့် သွားမိလေသည်။

တောင်တန်းများ အတွင်းရှိ နက်ရှိုင်းသော တောအုပ် တစ်နေရာတွင်။

လင်းယွန်သည် ကျန်းယွီနှင့် စကားစမြည်ပြောဆိုပြီးနောက် ထွက်ခွာရန်ဆန္ဒမရှိခဲ့ပေ။

'' သွေးတိမ်ဂိုဏ်းက ငါ သေသွားပြီလို့ ထင်နေတာ ကောင်းပါတယ်၊ အဋ္ဌမအဆင့် မီးလျှံအမြုတေကို သန့်စင်ပြီး၊ သူတို့ကို အံ့အားသင့်စေဖို့၊ ဒီအချိန်ကို ငါအသုံးချ ရမယ်။... "

လင်းယွန်သည် မီးတောင်ဝမှ ထွက်လာပြီးနောက်၊ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်ကို တိုက်ပွဲဝင် ခန္ဓာကိုယ် အဖြစ်သို့ အပြီးသတ် ပြောင်းလဲ သွားစေရန်၊ အရိုးများကို ပြုပြင် လိုခဲ့သည်။ သို့သော် တိမ်နဂါးသစ်သီးကို စားသုံးမိသွားကာ၊ မိန်ဇီယာနှင့် အချိန်ဖြုန်း နေခဲ့မိပြီး၊ ရလဒ်အနေဖြင့် တိမ်နဂါးသစ်သီးကို သန့်စင်ရန် နောက်ထပ် အချိန်ပေး ခဲ့ရ ပြန်၏။

မိနစ်အနည်းငယ် အကြာတွင် လင်းယွန်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု များဖြင့် တောက်ပလာသည်။ ယခင် ခွန်အားအရ ဆိုပါက သွေးမီးလျှံအမြီး ဝံပုလွေကို လက်သီးတစ်ချက်ဖြင့် အနိုင် မယူနိုင်ခဲ့ပေ။ သို့သော်၊ အစောပိုင်း တိုက်ခိုက်မှုတွင် ယင်းဝံပုလွေအား ထိုးနှက်သောအခါ၊ ပျော့ပျောင်းသော စွမ်းအင် ကြိုးမျှဉ်များက ထိုသားရဲ၏ ကိုယ်တွင်း အင်္ဂါများ ထံသို့ တိုက်ရိုက် တိုးဝင် သွားကာ၊ ၎င်းသားရဲ၏ ဝိညာဉ်စွမ်းအင်များဖြင့် ပေါင်းစပ်သွားပြီး စွမ်းအင် စက်ဝန်း တစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့သည်။

ထို့နောက်တွင် ဆန့်ကျင်ဘက် အနေဖြင့် ၎င်းစွမ်းအင်များသည် ပေါက်ကွဲမှု အသေးစား များဖြင့် စတင်ကာ ဆင့်ကဲဆင့်ကဲ ပေါက်ကွဲ လာခဲ့ပြီး၊ ယင်းဝံပုလွေ၏ အတွင်း အင်္ဂါများအား ကြေမွှသွား စေတော့သည်။

ရုတ်တရက် လင်းယွန်က မိန်ဇီယာကို သတိရသွား၏။ ဂိုဏ်းမှ သားတပြည့်များ၏ စိတ်ခံစားချက် များအရ၊ ဤအချိန်တွင် လင်းယွန်အား လက်စားချေ ရန်အတွက်၊ ၎င်းမိန်ဇီယာသည် ရွှေမီးတောက်ဂိုဏ်းကို အကြောင်းကြားကာ၊ တောနင်း ရှာဖွေ နေသင့် ပေသည်။

" ထားပါ၊ သူက ငါ့ကို့ လိုက်မရှာခဲ့တာ ကံကောင်းတယ် ဆိုတာ နောက်တော့ သိလာပါလိမ့်မယ်..... ''

ထို့နောက်တွင် လင်းယွန်က မိန်ဇီယာ၏ အတွေးများကို မသိနိုင်သောကြောင့် ခန့်မှန်းတွေးတော ဆင်ခြင်ခြင်း ပြုရန်ကို ပျင်းရိ သွားကာ၊ လေးနက်သော အမူအရာဖြင့် သူ၏ အဋ္ဌမအဆင့် မီးလျှံ အမြုတေကို ထုတ်ယူလိုက်သည်။

အဋ္ဌမ အဆင့်မီးလျှံ အမြုတေနှင့် ယှဥ်ပါက တိမ်နဂါးသစ်သီးသည် များစွာ နိမ့်ကျ ပေသည်။ အဋ္ဌမအဆင့်မီးလျှံ အမြုတေ တစ်ခု ဖွဲ့တည်နိုင်ရန် နှစ်ပေါင်း ရှစ်ရာခန့် လိုအပ်လှပြီး၊ ၎င်းရတနာမှာ မီးဒြပ်စင်များကို ကျင့်ကြံကြသော သိုင်းသမားများ အတွက် များစွာအကျိုးအမြတ် ရှိပေသည်။

ထို့အပြင်၊ ၎င်းသည် မီးလျှံနတ်ဆိုး ခန္ဓာကိုယ်ဖွဲ့တည် ရန်အတွက် မရှိမဖြစ် လိုအပ်သော အရင်းအမြစ်တစ်ခု ဖြစ်သည်။

'' မင်းကို ရဖို့အတွက် အဲဒီအဘိုးကြီးရဲ့ ရိုက်နှက် ခံလိုက်ရတာ ငါမှာ သေလုနီးပါးပါပဲ၊ ကျေးဇူးပြုပြီး ငါ့ကိုတော့ စိတ်မပျက်ပါ စေနဲ့။...."

လင်းယွန်က သူ့လက်ဖဝါးထဲက မီးလျှံအမြုတေကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ကြည့်ပြီး ရေရွတ်လိုက်၏။ ထို့နောက် ခြေထောက်များကို ချိတ်လျက် ထိုင်ချလိုက်ကာ၊ ထိုမီးလျှံ အမြုတေကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်လိုက်သည်။

'' ရွှီး....... ''

တစ်ဆက်တည်းမှာပင် ယန်သန့်စင်ခြင်း နည်းစနစ်ကို ဖြန့်ကျက် လိုက်သော အခါ မီလျှံအမြုတေ အတွင်းရှိ၊ အကန့်အသတ်မဲ့ မီးလျှံ စွမ်းအင်ကြိုး များက၊ ဒီရေလှိုင်းများ ကဲ့သို့ သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာသည်။ ၎င်းလှိုင်းလုံးများသည် ကိုယ်တွင်း အင်္ဂါများကို အင်ပြည့်အားပြည့် လှုပ်ခါ ရိုက်ခတ် လိုက်ပြီးနောက်၊ အပ်စိုက်မှတ် လမ်းကြောင်း ရှစ်သွယ်ကို ဖြတ်ကျော်နေစဉ်၊ ပြင်းထန်သော ဖိအားကို ခံစားလာရစေ၏။

နောက်တစ်စက္ကန့်တွင် လင်းယွန်၏ ကိုယ်တွင်း အင်္ဂါများသည်၊ ထိုစွမ်းအင် လှိုင်းများကြောင့် ကွဲအက် လာသည်ကို ခံစားလိုက် ရသည်။ သိပ်မကြာခင်မှာပင် စွမ်းအင်လှိုင်းများအတွင်းရှိ မီးစွမ်းအင်များသည်၊ ပို၍ ရုန်းကြွလာကာ၊ သွေးအန်လုနီးပါး နာကျင်လာစေ၏။

"ဘယ်လောက်တောင် သန့်စင် နိုင်လွန်း လိုက်တဲ့ မီးစွမ်းအင်များလဲ "

မီးစွမ်းအင်ကြိုးမျှဉ်များ၏ သိပ်သည်းဆသည် လင်းယွန် မျှော်လင့် ထားသည်ထက် ကျော်လွန် သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိတ်လန့်စွာဖြင့် မီးလျှံနတ်ဆိုး ခန္ဓာကိုယ်ကို ချက်ချင်း ထုတ်ဖော်လိုက်ရပြီး၊ သူ့ခန္ဓာကိုယ်အား မီးလျှံကြိုးများ၏ ဒေါသ ဖောက်ခွဲရာအဖြစ် ခွင့်ပြု လိုက်တော့သည်။

'' ခရစ်..... ခရစ် ''

မီးလျှံနတ်ဆိုး ခန္ဓာကိုယ်သို့ အသွင်ပြောင်းလဲလိုက်ပြီး၊ သူ၏ အရိုးများကို အက်ကွဲ စေလိုက်သည်နှင့်၊ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာကာ၊ ပတ်ဝန်းကျင် လေထုထဲသို့ ရောယှက် သွားလေသည်။ အရိုးများ တရွေ့ရွေ့ အက်ကွဲ လာသည် နှင့်အမျှ အတွင်းအင်္ဂါများ ဆီသို့ ရောက်ရှိနေသော ဖိအားများမှာ အနည်းငယ် လျော့ပါး သွားခဲ့သည်။ ထို့နောက်တွင်၊ မီးစွမ်းအင် ကြိုးများက လမ်းကြောင်း ရှစ်သွယ်အတိုင်း ဖြတ်သန်းလျက် ကွဲအက်နေသော အရိုးများထံသို့ ဦးတည် လာလေသည်။

၎င်းဖြစ်စဉ်၏ ဤသို့ ချောမွေ့ သွားမှု အတွက် လင်းယွန်မှာ စိတ်သက်သာရာ ရသွားသည်။ ကပ်ဘေးသင့် ရွှေကြာပန်းကို သန့်စင်ထား မိခြင်းသည် သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေသည် ၊ သို့မဟုတ်ပါက မီးစွမ်းအင် များ၏ ပြင်းထန်သော အပူရှိန်များကြောင့်၊ အခုအချိန်၌ လောင်ကျွမ်း သေဆုံး နိုင်ပေမည်။

သို့သော် ဤသို့သော သန့်စင်ခြင်းသည် အစပင် ဖြစ်ကာ၊ ယင်းသည် ပေါ့ဆ၍ မရသေးပေ။ ခြေလှမ်းတိုင်းတွင် အန္တရာယ်များ ပြည့်နှက်နေခဲ့ပြီး၊ အနည်းငယ်သော တိမ်စောင်းမှုသည်ပင် လောင်မြိုက် ပြာကျ သွားစေ နိုင်၏။ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် ပြန်လည် သန့်စင်ရာတွင် စိတ်ရှည်ရန် လိုအပ် လှပြီး၊ ၎င်းဖွဲ့တည်မှုသည် ရှည်လျားသော လုပ်ငန်းစဉ် တစ်ခု ဖြစ်လေသည်။

အချိန်ကြာလာသည် နှင့်အမျှ သူ၏ ကျင့်ကြံမှုသည် တဖြည်းဖြည်း မြင့်တက်လာပြီး၊ ရှန်ရှင်း စတုတ္ထ အဆင့်သို့ ချဉ်းကပ် လာ၏။ တစ်ချိန်တည်းမှာပင်၊ ယန်သန့်စင်ခြင်း နည်းစနစ်သည် မီးလျှံကြိုး များကြောင့် ထပ်မံ တိုးတက်တော့မည့် အရိပ်အယောင်များ ပြသနေပေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အချိန်တစ်လခွဲခန့် ကုန်လွန်သွားပြီး၊ လွန်ခဲ့သော ဆယ့်ငါးရက် အတွင်းတွင် လင်းယွန်က မီးလျှံကြိုးများကို စုပ်ယူခဲ့ကာ၊ အရိုး၊ အရွတ်နှင့် အကြောများကို ပြန်လည် သန့်စင် နိုင်ခဲ့လေသည်။

ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ ကြက်သွေးရောင် အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့ကာ၊ အနံ့ဆိုးများ ပြင်းရှစွာ စွန့်ထုတ် လာလေသည်။ အရေပြားသည် ကျောက်စိမ်း များကဲ့သို့ တောက်ပလာပြီး၊ ၎င်းအောက်၌ မီးစွမ်းအင်များ ရုန်းကြွ စီးဆင်း သွား၏။

" ဟား ဟား ဟား......... မီး လျှံ နတ် ဆိုး ခန္ဓာကိုယ်ကို ဖွဲ့တည် နိုင်ပြီကွ၊ ......ဟား ....ဟားဟား '

လင်းယွန်၏ ခန္ဓာကိုယ်သည် ကြက်သွေးရောင် အဆင်းများ တောက်ပ လာပြီး၊ သူ့ဒါန်တမ် အတွင်းရှိ ရှေးဟောင်းနတ်ဆိုး တံဆိပ်သည်လည်း စတင် ပြောင်းလဲ နေပြီ ဖြစ်သည်။ ထို့နောက်တွင် ၎င်းတံဆိပ်သည် ငရဲနတ်ဘုရား တစ်ပါး သဏ္ဍာန် ကြမ်းကြုတ်သောအရှိန်အဝါကို ထုတ်ဖော်လျက်၊ ခဏအကြာတွင် ပြန်လည် ငြိမ်သက် သွား၏။ ယခုအချိန်၌ ဒါန်တမ် အတွင်းတွင် မီးလျှံနတ်ဆိုးတံဆိပ်နှင့် သိုင်းဝိညာဉ် ဓားကျိုး အပြင်၊ ယင်-ယန်ပေါင်းစပ် ပါဝင်နေသော ရွှေရောင် မူလဝိညာဉ်စွမ်းအင် အစိုင်အခဲများ ဖြစ်တည်နေ ခဲ့လေသည်။

ရုတ်တရက်၊ ပတ်ဝန်းကျင်၌ မိုးခြိမ်းသံများ ပဲ့တင်ထပ်လာပြီး၊ ၎င်းအသံများကြောင့် လင်းယွန်၏ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ စတင်လှုပ်ခတ် လာလေသည်။ တိမ်ညိုမဲများ ကောင်းကင်ယံ၌ စုရုံး လာသည်ကြောင့်၊ လင်းယွန်မှာ မျက်နှာပျက်ယွင်း သွား၏။ ယင်းသည် သဘာဝတရားကြီး၏ ပစ်မှတ် ထားခြင်းကို ခံလိုက်ရ သကဲ့သို့ ထင်မှတ် လိုက်ရသောကြောင့် ဖြစ်လေသည်။

ထိတ်လန့်စွာဖြင့် မျက်လုံးများအား ဖွင့်လိုက်ပြီး၊ သူ့ခေါင်းအထက် ကောင်းကင်ယံတွင် စုစည်း လာကြသော၊ တိမ်မိုးကြိုးများကို တွေဝေစွာ စိုက်ကြည့် လိုက်၏။

" ဘာလဲ.... မိုးကြိုးပစ်ခံရမှာလား..... "

မိုးကြိုးခန္ဓာကျင့်ကြံခြင်း နည်းစနစ်၏ မီးလျှံသန့်စင်ခြင်း အပိုင်းတွင်၊ ပြီးပြည့်စုံသော မီးလျှံနတ်ဆိုး ခန္ဓာကိုယ်အား ဖွဲ့တည် နိုင်ခဲ့ပါက၊ ၎င်း၏ ဖြစ်တည်မှုကို ကောင်းကင်နှင့်မြေကြီးက ငြင်းပယ်ပြီး၊ မိုးကောင်းကင် သဘာဝ ကပ်ဘေးများ ကျဆင်းခြင်းဖြင့် ဖယ်ရှားလာမည် ဖြစ်သည်။ ယင်းကပ်ဘေးကို ဖြတ်ကျော်နိုင် မှသာလျှင်၊ ပြီးပြည့်စုံသော မီးလျှံ နတ်ဆိုး တစ်ပါး၏ ခန္ဓာကိုယ်ကို ရရှိပေလိမ့်မည်။

သို့သော်လည်း ဤမြင်ကွင်းသည် လင်းယွန်အား အံ့သြသွားစေပြီး၊ သူက ဝေခွဲ မရခဲ့ချေ။

" ဒါပေမယ့် ငါရဲ့မီးလျှံအမြုတေက အထွတ်အထိပ် အဆင့်မှ မဟုတ်ခဲ့တာပဲ၊ အဋ္ဌမအဆင့် မီးလျှံ အမြုတေလေးပဲ မဟုတ်လား၊ ဒါကို ဘာလို့ မိုးကြိုး ကပ်ဘေးက ဆင်းသက်ဖို့ ပြင်နေရတာလဲ....အဓိပ္ပာယ်မရှိဘူး၊ မိုးနတ်မင်းက ငါ့ကို သတ်ချင် နေတာလား...."

တိမ်နဂါးသစ်သီးနှင့် အဆင့်ရှစ် မီးလျှံ အမြုတေအား ဆင့်ကာဆင့်ကာ သန့်စင် ထားမိခြင်းသည်၊ အထွတ်အထိပ် မီးလျှံ အမြုတေကို သန့်စင် လိုက်ခြင်းနှင့် ပမာဏညီမျှ ပေသည်။

" သောက်ပဲဟေ့ ....."

လင်းယွန်က မိုးတိမ်များကို ကြည့်ကာ ကျိန်ဆဲ ရေရွတ် လိုက်မိသည်။ လျှပ်စီးများ တဖျပ်ဖျပ် ခတ်ကာ မိုးကြိုးစွမ်းအင်များ စုစည်းနေဟန်သည်၊ သူ့အား အသက်ရှူ ကြပ်သွားစေသည်။ ပြင်ဆင်ချိန် မရှိခင်မှာပင် ပထမဆုံး မိုးကြိုးက ကျဆင်း လာတော့၏။

'' ဂျိမ်း........ ''

တံလျပ်ဖြင့် ထိမှန်ခံရသဖြင့် လင်းယွန်၏ လည်ချောင်း မှတဆင့် သွေးများ စီးကျ လာပြီး၊ ချက်ချင်း ဆိုသလို ပြင်းထန် လွန်းသော ဒဏ်ရာ များကြောင့် မူးမေ့လဲ ကျလု နီးပါး ခံစားလိုက်ရ၏။

'' ဂျိမ်း.........''

နောက်ထပ် လျှပ်စီးကြောင်းတစ်ခု ဆင်းသက်လာကာ၊ ၎င်းလျှပ်စီး နှင့်အတူ မိုးကြိုးစွမ်းအင် များသည် ထက်ရှသော ဓားတစ်လက် ကဲ့သို့ လင်းယွန်အား လှီးဖြတ်သွား လေသည်။

မိုးကြိုး ပစ်ချခြင်းဖြင့် မိုးကြိုးစွမ်းအင်များသည် သူ့ခန္ဓာကိုယ်အား ပျတ်စီးစေပြီး၊ လျှပ်စီး စွမ်းအင်များက ထိုအပျက်အစီးများအား ပြန်လည် သန့်စင်လေသည်။ သို့သော် ၎င်းသန့်စင် နိုင်နူန်းမှာ နှေးကွေးလွန် လှပေရာ၊ မိုးကြိုး စွမ်းအင်ကို မခုခံနိုင်ပါလျှင် ပြန်လည်မသန့်စင် နိုင်ခင်၌၊ ပြာကျ သေဆုံး ရပေလိမ့်မည်။

'' ဂျိန်း.......ဂျိန်း ဂျိန်း ''

လျှပ်စီးကိုးကြိမ် လင်းလက်ပြီးနောက် လင်းယွန်က နာကျင်မှုဒဏ်ကို မခံစားနိုင်တော့ သဖြင့်၊ သူ၏ မီးလျှံနတ် ဆိုးခန္ဓာကို အသက်သွင်းလိုက်ရာ၊ ကောင်းကင်ဘုံမှ တောင်ကြီးတစ်လုံး ပြိုကျလာ သကဲ့သို့ ပိုမို ပြင်းထန်သော နောက်ဆုံး မိုးကြိုးကို ပစ်ချ လိုက်လေသည်။

'' ...... ဂျိန်း ဒ လိန်း လိန်း.......ဂျိန်း ''

လင်းယွန်သည် ဤအရာအတွက် မီးလျှံနတ်ဆိုး ခန္ဓာကိုယ်အား ထုတ်ဖော်ရန် ပြင်ဆင်ချိန်မရ နိုင်ခဲ့ချေ။ နောက်ဆုံးတွင် ပြင်းထန်သော မိုးကြိုးကြောင့် အပျက်အစီး များထဲတွင် လဲလျောင်း နေခဲ့ရပြီး၊ သူ၏ တွေးခေါ်နိုင်စွမ်းများ ပျောက်ကွယ်သွား လေသည်။

မိုးကြိုးအပြစ်ဒဏ်အား ခံယူပြီးနောက် အပျက်အစီး များကြားမှ ခဲယဉ်းစွာ ထရပ်လာကာ၊ ကျောက်တုံး တစ်တုံး ပေါ်တွင် လဲလျောင်း အနားယူ လိုက်ပြီး၊ ပြုံးလိုက်မိ၏။

" တကယ်ပဲ မိုးကြိုး အပစ်ဒဏ်က ကြောက်စရာ ကောင်းလွန်း တာပဲ..... "

ရုတ်တရက်၊ လင်းယွန်၏ မျက်ဝန်းများက ခြုံနွယ်များ နောက်ကွယ်၌ ချောင်းမြောင်း နေကြသည့် မျက်ဝန်းများကြောင့်၊ သူ၏ အပြုံးမှာ ပျောက်ကွယ် သွားတော့သည်။

အဆိုပါ မျက်ဝန်းများမှာ ''ခွေးအ'' သားရဲများဖြစ်ပြီး၊ ၎င်းတို့၏ ကျင့်ကြံမှုမှာ ရှန်ရှင်း ဒုတိယ အဆင့်တွင်သာ ဖြစ်သော်လည်း၊ ယခုအချိန်တွင် လင်းယွန် ထံသို့ ရဲဝင့်စွာ ချဉ်းကပ် လာကြ၏။ သူတို့ မျက်ဝန်းများ အတွင်း၌ လောဘ အရိပ်အယောင်များ ထွက်ပေါ်လာပြီး လင်းယွန်ကို သားကောင်အဖြစ် ရှူ့မြင် လာခဲ့သည်။

ထို့ကြောင့်ပင် ၎င်းတို့ကို မောင်းထုတ်ရန် ကျောက်တုံး တစ်တုံးအား ကောက်ယူချင် ခဲ့သော်လည်း၊ သူ၏ လက်ချောင်း များကိုပင် မလှုပ်ရှား နိုင်ခဲ့ပဲ၊ ကူကယ်ရာမဲ့ ဟန်ဖြင့် ခေါင်းယမ်း လိုက်မိသည်။

'' ငါ.... ကံဆိုးတာပဲ ငါ့ရဲ ဖြစ်တည်မှု အတွက် ကောင်းကင်ဘုံ ကတောင် မနာလို ခဲ့ပေမယ့်၊ ခုတော့ ဒီလို(ခွေး) တစ်အုပ်ကြောင့် သေရတော့မယ်.....''

လင်းယွန်က သတ္တမအဆင့် ကျင့်ကြံသူ တစ်ယောက်ထံမှ ရတနာကို လုယူဝံ့ပြီး မိန်ဇီယာကိုပင် မျက်လုံးထဲ မထည့်ခဲ့ပေ။ ကောင်းကင်ဘုံ ကပ်ဘေးကို ဖြတ်ကျော် နိုင်ပြီးနောက်၊ 'ခွေးအ'များ လက်၌ သေဆုံးရ ပေတော့မည်။

'' ခ လောက် ခွပ်....... ခလောက်ခွပ် ''

ရုတ်တရက် မြင်းခွာသံများ ဆူညံစွာ ထွက်ပေါ်လာပြီး၊ လင်းယွန် အနီး ချဉ်းကပ် နေခဲ့သော 'ခွေးအ' များ ထံသို့ အနီရောင်အလင်းတန်း တစ်စက လျင်မြန်စွာ ပြေးဝင်သွား၏၊ ၎င်းသည် နဂါးသွေးမြင်း ဖြစ်ပြီး၊ သူ၏ ခွာများကို မြှောက်လျက် 'ခွေးအ'တစ်ကောင်ကို နင်းသတ်ပစ် လိုက်တော့သည်။

***

All Chapters