မျောက်ဝိုင်။
Vol. 9 Ch. 121
" နဂါးလေး...... ''
လင်းယွန်က ပြုံးလျက် သက်ပြင်းချ လိုက်သည်။ လွန်ခဲ့သည့် တစ်စက္ကန့်ကပင် စိတ်ပျက်အားငယ်မှုနှင့် ခွန်အားမဲ့မှု တို့ကို ခံစားခဲ့ရပြီး၊ 'ခွေးအ'များ အသတ်ခံ ရတော့မည့် သူ့ကံကြမ္မာကြောင့် သူ့ကိုယ်သူ စိတ်လျော့ ထားမိကာ၊ ဤမြင်းမိုက်၏ ဖြစ်တည်မှုကို မေ့သွား ခဲ့သော်လည်း၊ ယင်းမြင်းမိုက်သည် အကူအညီ အလိုဆုံး ချိန်တွင် ရောက်ရှိလာ ခဲ့သည်။
လင်းယွန်၏ အခြေအနေကို မြင်သောအခါ နဂါးသွေးမြင်းက တောအုပ်ထဲသို့ ပြန်လည် ပြေးဝင်သွားပြီး၊ သစ်ကိုင်း တစ်ကိုင်းအား ကိုက်ချီလျက် လျင်မြန်စွာ ပြန်ရောက်လာ ခဲ့သည်။ ထိုသစ်ကိုင်းတွင် သင်းပျံ့သော ရနံ့များ ထုံမွှန်းနေသည့် ဝိညာဥ်သစ်သီး များစွာ ပါရှိလာ၏။
ထို့ကြောင့် ၎င်းသစ်သီးများကို မြင်သော အခါတွင် မျက်လုံးများ တောက်ပလာရကာ၊ သူ့ဝမ်းဗိုက် အတွင်းမှ ဆာလောင် အော်မြည်သံ များကို စတင် သတိထား မိသွားလေပြီ။
" ကျေးဇူးပဲ နဂါးလေး... "
လင်းယွန်က သစ်ကိုင်းကို လက်ခံယူ လိုက်ပြီး သူ့ပါးစပ်ထဲသို့ သစ်သီး အချို့အား ပစ်ထည့်လိုက်၏။ ပါးစပ်ဒွါရကို မသန့်စင်ရ သေးသည် ဖြစ်ရာ၊ အစာစားရန် လိုအပ်နေ ပေသည်။ လွန်ခဲ့သော ဆယ့်ငါးရက်လုံးလုံး သူ့ကိုယ်သူ ကျင့်ကြံမှုအတွင်း မြုပ်နှံ ထားခဲ့ရာ အစားစားရန် မေ့လျော့ နေခဲ့ပြီး၊ ၎င်းအားတွေ့မြင် လိုက်သည်နှင့် ဆာလောင် မွတ်သိပ်လာ၏။
ခဏအကြာတွင် သူ့ဗိုက်ထဲသို့ အစာအာဟာရ ရောက်ရှိ လာခဲ့သော်လည်း၊ လှုပ်ရှားဖို့ရန် ကြိုးစားသည့် အချိန်၌ လင်းယွန်၏ ခန္ဓာကိုယ်သည် သူ့အတွေးများအား ငြင်းဆန်နေပြီး၊ ပင်ပန်း နွမ်းနယ်မှုကို ပြသလာသည်။ ထို့နောက်တွင် မျက်လုံးများ စုံပိတ်လျက် အိပ်ပျော် သွားတော့၏။
အချိန်အနည်းငယ် ကုန်လွန်ပြီးနောက် လင်းယွန်က ပြန်လည် သတိရ လာသည်ကြောင့်၊ နဂါးသွေးမြင်းမှာ ဝမ်းသာအားရ ဖြစ်သွား လေသည်။
"မင်း ငါ့ကို တစ်ချိန်လုံး စောင့်ပေး နေတာလား"
နဂါးသွေးမြင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် နဂါးသွေးမြင်းက သူ့အားတစ်စုံတစ်ရာကို ပြသချင် နေသည်ဟု ခံစားရလိုက်ရသည့် အတွက်၊ လင်းယွန်က မဆိုင်းမတွပင် ကျောပေါ်သို့ ခုန်တက် လိုက်သည်။
ထို့နောက်တွင် နဂါးသွေးမြင်းသည် စားကျက်များ ပေါ်တွင် ပြေးလွှားနေ သကဲ့သို့ တောအုပ်အား ဖြတ်ပြေးလိုက်၏။ ခဏချင်းမှာပင် တောအုပ်ကို ဖြတ်ကျော်လာ ခဲ့သော်လည်း ဤမြင်းသည် ရပ်တန့်ခြင်း မရှိပဲ၊ နက်ရှိုင်းသော တောအုပ် အတွင်းသို့ ထပ်မံတိုးဝင်သွားကာ၊ အချိန်အတော် ကြာကြာ ပြေးလွှား လာခဲ့ပြီးနောက်၊ ရေကန် တစ်ကန်ရှေ့တွင် ရပ်တန့် သွားခဲ့သည်။
၎င်းရေကန်သည် တောင်ကြား အတွင်းမှ မြစ်ဖျား ခံလာကာ ကျောက်ကမ်းပါးယံ မှတဆင့် လိမ့်ဆင်းလာပြီး၊ ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသော ရေကန်အဖြစ်သို့ ဖြစ်တည်နေခြင်း ဖြစ်သည်။
ဤမြင်ကွင်းကြောင့် လင်းယွန်၏ မျက်လုံးများမှာ တောက်ပသွား၏။ ယင်းရေကန်သည် ခရမ်းရောင် မီးလျှံမြို့ရှိ အဋ္ဌမအဆင့် ဝိညာဉ်ရေကန်ထက် နိမ့်ကျမည် မဟုတ်ချေ။ ထို့ကြောင့် ၎င်းဝိညာဥ် ရေကန်သည် သူ့ဒဏ်ရာတွေအတွက် များစွာ အကျိုးရှိ လှပေမည်။ လင်းယွန်က ပြုံးလျက် နဂါးသွေးမြင်း၏ လည်ဆံမွေး များအား ဆွဲငင်လိုက်ကာ၊ '' ကျေးဇူးပဲ နဂါးလေး '' ဟု ဆိုလိုက်သည်။
ရုတ်တရက် လင်းယွန်က သိုလှောင်အိတ်အတွင်းမှ စတုတ္ထအဆင့် မီးလျှံ ကျောက်တုံးကို ထုတ်ယူလိုက်ပြီး၊ ၎င်းသည် နဂါးသွေးမြင်းအတွက် သိမ်းဆည်း ထားခဲ့ခြင်း ဖြစ်ကာ၊ နဂါးသွေးမြင်းသည် မီးစွမ်းအင်အထူးပြု နတ်ဆိုးသားရဲ ဖြစ်သောကြောင့်၊ ဤမီးလျှံ အမြုတေသည် အသုံးဝင် လိမ့်မည်ဟု ယူဆခဲ့သည်။
တစ်ချိန်တည်းမှာပင် နဂါးသွေးမြင်း၏ မျက်လုံးများ သည်လည်း မီးလျှံ ကျောက်တုံးပေါ်မှ လွှဲဖယ်သွားခြင်း မရှိခဲ့ပဲ၊ မီးလျှံကျောက်တုံးကို သူ့လျှာဖြင့် သိမ်းယူ လိုက်ပြီး၊ သွားတုံးတုံး များနှင့် ကြိတ်ဝါး လိုက်သည်။ ထိုမြင်ကွင်းကြောင့် လင်းယွန်က မျက်လုံးများ ပြူးသွား၏။ မီးလျှံကျောက်တုံးများသည် ယန်စွမ်းအင်၏ မူလအရင်းအမြစ် ကျောက်တုံးများ ဖြစ်ပြီး၊ မည်မျှ မာကျော လှသည်ကို သူက သိရှိ ထားခဲ့ရာ၊ ဤမြင်းမိုက်သည် ယင်းအား ကိုက်ဝါး နေခဲ့ခြင်းကြောင့် လင်းယွန်အား တံတွေးများ ခမ်းခြောက် လာစေသည်။
'' ...... ဟီး...... ဟီး ''
ရုတ်တရက်ဆိုသလို အက်ကွဲသံများ ထွက်လာပြီး၊ နဂါးသွေးမြင်းက လောဘကြီး စွာဖြင့် ကိုက်ဝါး မိသည်ကြောင့်၊ ၎င်း၏ သွားများ ကျိုးပဲ့သွား လေသည်။ နဂါးသွေးမြင်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး၊ ပါးပြင်ပေါ်၌ မျက်ရည်များ စီးကျလာ၏။
'' ............... ''
ထို့နောက်တွင် နဂါးသွေးမြင်းက ကဆုန်ပေါက် ပြေးလွှားကာ တောအုပ်ထဲသို့ တိုးဝင်သွားတော့သည်။
၎င်းမြင်းမိုက်၏ အမူအယာများကြောင့် လင်းယွန်သည် ရယ်မောချင် စိတ်အား ထိန်းမရ ခဲ့ပဲ၊ နောက်ဆုံးတွင် ဟားတိုက် ရယ်မော လိုက်မိသည်။
ထိုမြင်းသည် သူသိသော မြင်းမိုက်တစ်ကောင် ဖြစ်နေဆဲပင်။
'' သိပ်ကောင်းတဲ့ ရေကန်ပဲ.... ''
'' ...... ပလုံ..... ''
လင်းယွန်က ရေကန်ထဲသို့ ခုန်ဆင်းကာ ဝိညာဉ်စွမ်းအင် များကို စုပ်ယူရန် ပြင်ဆင်လိုက်၏။ ၎င်း၏ နည်းပါးသော ဝိညာဉ်စွမ်းအင် များအရ ဤရေကန်သည် ရတနာတစ်ခုဟု မယူဆ နိုင်သော်လည်း ၊ ယခုအချိန်တွင် သူအတွက် အလိုအပ်ဆုံးအရာ ဖြစ်နေပေသည်။
တမဟုတ်ချင်းမှာပင်၊ ဝိညာဉ်စွမ်းအင်များ ဖြည့်တင်းမှု အောက်တွင်၊ လင်းယွန်၏ ဒဏ်ရာများမှာ မြင်သာသော နှုန်းဖြင့် ပြန်လည် ကောင်းမွန် လာခဲ့သည်။ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်သော အခါတွင် ဒါန်တမ် အတွင်းရှိ ရွှေရောင် စွမ်းအင်များသည် ကွဲပြားစွာ လှည့်ပတ် နေကြောင်း သတိပြုမိ၏။
ထိုရွှေရောင် စွမ်းအင်များအတွင်းသို့ မီလျှံနတ်ဆိုး တံဆိပ်ထံမှ ကြက်သွေးရောင် စွမ်းအင်များ ထပ်မံပေါင်းစပ် လာခဲ့ကာ၊ ၎င်းဝိညာဉ်စွမ်းအင်များ အတွင်း၌ ပျော့ပျောင်းသော စွမ်းအင်ကြိုးမျှင်များ၊ ပါ၀င်နေခဲ့လေသည်။
'' စိတ်ဝင်စားစရာပဲ ဒါက ငါ့ရဲ့ ကံကြမ္မာနဲ့ တူတယ်... ''
လင်းယွန်က ပြုံးကာ မေးခွန်းထုတ်၏။ ကောင်းကင်ဘုံ မိုးကြိုး ကပ်ဘေး၏၊ မိုးကြိုးအပြစ်ဒဏ် ကျဆင်းခြင်းမှ သူ့အသက်ကို အဆုံးသတ် လုနီးပါး ဖြစ်ခဲ့သော်လည်း၊ သူ၏ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်အား ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိ သွားစေခဲ့သည်။
ယခုအချိန်တွင်၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည်၊ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်သို့ အသွင်ပြောင်းခြင်း မရှိသော်လည်း၊ လက်ရှိကိုယ်ခန္ဓာသည် အဆင့်နိမ့် မီးလျှံ နတ်ဆိုးခန္ဓာကိုယ်၏ ခွန်အားနှင့် ညီမျှပေသည်။
ခဏအကြာတွင် လင်းယွန်၏ ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာသည်နှင့် ရေကန်အတွင်းမှ ခုန်ထကာ၊ ကမ်းပေါ်သို့ ဆင်းသက်လိုက်၏။ တစ်ဆက်တည်းမှာပင် ခေါင်းကိုမော့ကာ စိုစွတ်နေသော ဆံပင်များကို စည်းယူလိုက်သည်။
သစ်ရွက်များကြားမှ ယိုကျလာသော အလင်းရောင်က လင်းယွန်အား လွှမ်းခြုံထားခဲ့ပြီး၊ ၎င်းနေရောင် အောက်၌ သူ၏ အသွင် သဏ္ဍာန်သည် နတ်ဘုရားတစ်ပါး ကဲ့သို့ ကြီးမြတ်သော အရှိန်အဝါများ လင်းလက်နေ လေပြီ။
သူ၏အပြုံးသည် ဆွဲဆောင်မှုရှိသော သဘော သဘာဝကို ပေါ်လွင်စေ ခဲ့၏။
ရုတ်တရက် နတ်ဆိုးသားရဲ ကောင်၏ ဟောက်သံ များက၊ တောအုပ် အတွင်းမှ ပဲ့တင်သံများ အဖြစ် ပျံ့လွင့်လာ၏။ လင်းယွန်က မျက်မှောင်ကြုတ် လိုက်ပြီး၊ ထိုအသံ ထွက်ပေါ် လာရာသို့ ဦးတည်သွား ခဲ့သည်။
ခဏအကြာတွင် အသံထွက်ပေါ်လာရာ အရပ်ဆီ၌ မီးလျှံအမြုတေအား သန့်စင်နေခဲ့သော နဂါးသွေးမြင်းကို မြင်လိုက်ရသည်။ ၎င်းသည် သန့်စင်မှု၏ အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်ရှိနေခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ထုတ်လွှတ်ထားသည်။
ယင်းနှင့် မီတာအနည်းငယ်ကွာဝေးသော သစ်ပင်ကြီး တစ်ပင်ပေါ်တွင်၊ မျောက်တစ်ကောင်သည် သူ့မျက်လုံးများ နီရဲတောက်ပ နေလျက်ဖြင့်၊ နဂါးသွေးမြင်းကို အာသာ တငမ်းငမ်း စောင့်ကြည့်နေခဲ့၏။
၎င်းမျောက်သည် ရှန်ရှင်း ဆဋ္ဌမအဆင့်အရှိန်အဝါကို ထုတ်လွှတ်ထားပြီး၊ ထိုအရှိန်အဝါတွင် ကြီးမြတ်သောရောင်ဝါအချို့ ကပ်ညိ ပါဝင်နေခဲ့ လေသည်။ ဤမျောက်၏ အရှိန်အဝါ များအရ ယင်းသည် ဆဋ္ဌမအဆင့်ရှိ သာမာန် နတ်ဆိုးသားရဲ မျှသာ မဟုတ်ကြောင်း၊ သတိပြု မိလိုက်သည်။ ၎င်းသည် မျောက်မျိုးနွယ်စု၏ အစစ်အမှန် အာဏာရှင်၊ သားရဲဘုရင် တစ်ပါးပင် ဖြစ်ပေသည်။
မျောက်ဘုရင် နတ်ဆိုး သားရဲများသည် ဉာဏ်ရည် ထက်မြက်သော နတ်ဆိုး သားရဲများ ဖြစ်ပြီး၊ နဂါးသွေးမြင်း၌ သားရဲအမြုတေ ဖွဲ့တည် ထားနိုင်သည်ကို ခန့်မှန်း နိုင်ခဲ့၏။ ထို့ကြောင့်၊ ၎င်းသည် သားရဲအမြုတေ အတွက် နဂါးသွေးမြင်းကို သတ်ရန် အခွင့်ကောင်းကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
မျောက်ဘုရင်က လင်းယွန်ကို သတိပြုမိသွားကာ၊ ချက်ချင်းပင် ပြန်လည် အကဲခတ် ကြည့်လာ၏။ သူက လင်းယွန်၏ ခွန်အားကို သုံးသပ်ပြီးနောက်၊ ၎င်း၏ မျက်လုံးများတွင် အထင်သေးသည့် အရိပ်အယောင်များ တောက်ပ လင်းလက် သွားသည်။ ခဏအကြာတွင် မျောက်ဘုရင်က လှောင်ပြောင်ရယ်မောလျက် လင်းယွန်ထံသို့ ရိပ်ခနဲ့ ပြေးဝင်လာခဲ့၏။ လင်းယွန်၏ တတိယအဆင့် ကျင့်ကြံမှုသည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု မခံစားရပေ။
'' ခွီး....... ခွီး ခွီး ''
နတ်ဆိုးသားရဲကောင်သည် မျောက်ပီသစွာဖြင့် သစ်ကိုင်း တစ်ကိုင်းမှ တစ်ကိုင်းသို့ ခုန်လွှားကိုင်ဆွဲကာ၊ တိတ်တဆိတ် ရွေ့လျားလာသည်။ ၎င်းသည် လင်းယွန်၏ နောက်သို့ တမဟုတ်ချင်း ရောက်ရှိသွားပြီး၊ လင်းယွန်၏ ပခုံးအား ချွန်ထက်သော လက်သည်းများဖြင့် ကုပ်ဖြဲ လိုက်လေသည်။
ဦးခေါင်းအနောက် ဘက်သို့ ဦးတည်သောတိုက်ခိုက်မှုတိုင်းသည်၊ ရှောင်တိမ်းရန် မလွယ်ကူကြောင်း မျောက်ဘုရင်က သိရှိထားသည်။ သူ့လက်သည်း များက သားကောင်အား ထိနိုင်သရွေ့၊ ယင်းသားကောင်ကို နှစ်ခြမ်းခွဲ ပစ်နိုင်ပေမည်။ ၎င်းသားရဲသည် ကြံ့ခိုင်သော ခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုး မရှိခဲ့သော်လည်း၊ ယင်းမှာ မျောက်ဘုရင်တစ်ပါး ဖြစ်နေဆဲ ဖြစ်ရာ၊ သူ၏ သန်မာသော ခွန်အားများအရ အဆင့်တူ သားရဲများအား၊ အလွယ်တကူ အပိုင်းပိုင်း ခွဲပစ်နိုင်ပေမည်။
ထို့ကြောင့် သူ၏ လျင်မြန်သော ရွေ့လျား နိုင်မှုနှင့် အမြန်နှုန်းကို အားကိုး၍၊ လင်းယွန်အား တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
'' .......... ''
သို့သော် မျောက်ဘုရင်၏ လက်သည်းများသည် လင်းယွန်၏ ပုခုံးနှစ်ဖက်အား ကုပ်ဖြဲ လိုက်သော်လည်း၊ ဤလင်းယွန်၏ ခန္ဓာကိုယ်သည် ကျောက်သား ကျောက်ဆိုင်များကဲ့သို့ မာကျောနေခဲ့ကာ၊ ၎င်း၏ လက်သည်း များက အရေပြား အတွင်းသို့ တိုးပေါက် သွားခြင်း မရှိသည်ကို၊ အံ့သြစွာ တွေ့ရှိ လိုက်ရသည်။ အဝတ်အစားများ အပိုင်းပိုင်း ဆုတ်ပြဲသွားပြီး၊ အရေပြားပေါ်တွင် သေးငယ်သော အစင်းရာများသာ ထင်ကျန်ရစ် ခဲ့လေသည်။
နောက်အခိုက်အတန့်တွင် လင်းယွန်သည် မီးလျှံနတ်ဆိုးခန္ဓာကိုယ်သို့ အသွင်ပြောင်းလဲလိုက်သည်နှင့်၊ သူ့အရေပြားများ အောက်တွင် မီးဝိညာဉ်များ ရုန်းကြွ လာခဲ့ပြီး၊ ကြက်သွေးရောင် အရှိန်အဝါများ ဖြာထွက်လာလေသည်။
'' .............. '''
မီးလျှံနတ်ဆိုးခန္ဓာကိုယ်သို့ ပြောင်းလဲလိုက်ပြီးနောက်၊ လင်းယွန်က လှည့်ကြည့် လိုက်ကာ မျောက်ဘုရင်ကို လက်သီးချက်ဖြင့် ထိုးပစ်လိုက်၏။ သူ့လက်သီးထံမှ တွန်းကန်အားသည် မျောက်ဘုရင်အား ဘောလုံးတစ်လုံးကဲ့သို့ လှိမ့်သွားစေကာ သစ်ပင်များကို ပိုင်းပိုင်းကျိုးပြတ် သွားစေတော့သည်။
မျောက်ဘုရင်က ရှုံ့မဲ့သွားကာ၊ ၎င်း၏ သတ်ဖြတ်လိုသော ဆန္ဒကို ထုတ်လွှတ် လိုက်ပြီး၊ လက်တုံ့ ပြန်တော့မည့် အချိန်မှာပင်၊ သူ၏ အတွင်းပိုင်း အင်္ဂါများမှာ ပေါက်ကွဲသွားသည်ကို အံ့သြစွာ သိရှိလိုက်ရသည်။ လင်းယွန်၏ လက်သီးတွင် ပါရှိသည့် ပျော့ပျောင်းသော စွမ်းအင်ကြိုးမျှဉ်များက မျောက်ဘုရင်၏ အတွင်းစွမ်းအင် များနှင့် ပေါင်းစပ်သွားကာ၊ ဆန့်ကျင်ဘက်အရ ဆင့်ကဲဆင့်ကဲ ပေါက်ကွဲသွားပြီး၊ အတွင်းပိုင်းအင်္ဂါများအား ဒဏ်ရာရရှိ သွားစေခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့်ပင် မျောက်ဘုရင်က ထိတ်လန့်စွာဖြင့်၊ လျင်မြန်စွာ ထွက်ပြေးသွား၏။
"ဘယ်လောက်တောင် မြန်လိုက်တဲ့ မျောက်မင်း လဲ..."
လင်းယွန်က မျောက်ဘုရင်၏ လျင်မြန်မှုထက် ခွန်အားကို ပိုမို အံသြ သွားမိသည်။ သူသည် မီးလျှံနတ်ဆိုး ခန္ဓာကိုယ်သာ မဖွဲ့တည် ထားနိုင်ပါက၊ အစောပိုင်း၌ပင် ခန္ဓာကိုယ် နှစ်ခြမ်းခွဲ ခံရပြီး၊ သေဆုံးသွား ပေလိမ့်မည်။
'' ရွှီး...... ''
ဤအတောအတွင်း၊ နဂါးသွေးမြင်းသည် နောက်ဆုံးအချိန်၌ ရှန်ရှင်းဘုံ၏ ပဉ္စမအဆင့် အရှိန်အဝါကို ထုတ်လွှတ် လာတော့၏။ အဆုံးတွင် နဂါးလေးသည် အဆင့်ချိုးဖြတ်ရာ၌ အောင်မြင် သွားခဲ့ပေသည်။
'' ....... ဟီး ဟီးဟီး ''
အဆင့်ချိုးဖြတ်ပြီးပြီးချင်း၊ မောက်မာဟန်ဖြင့် အသံပြုလိုက်ပြီးနောက်၊ လင်းယွန်အား တစ်စုံတစ်ရာ ဆက်သွယ်လာကာ၊ ၎င်းနဂါးသွေးမြင်း၏ အမူအယာကို မြင်သည်နှင့် လင်းယွန်က ခေါင်းညိတ်ပြလျက်၊ ယင်း၏ နောက်ကျော ပေါ်သို့ ခုန်တက်လိုက်၏။
'' ................ ''
ထို့နောက်တွင် နဂါးသွေးမြင်းက ကြက်သွေးရောင် လျှပ်စီးကြောင်း ကဲ့သို့ တောအုပ်အတွင်း တိုးဝင်သွားသည်။ ခဏအကြာတွင် မျောက်ဘုရင်၏ ကုန်းကွကွ အမူအယာဖြင့်၊ ရပ်နားနေသည့် နောက်ကျောကို တွေ့မြင်လိုက် ရသည်။
'' ခွီး.......ခွီး ''
သစ်ပင်များ ပြိုလဲကျသံကြောင့် မျောက်ဘုရင်က လှည့်ကြည့်လိုက်ရာ၊ နဂါးသွေးမြင်းအား မြင်လိုက်ရသည်နှင့် ကြောက်လန့်တကြားဖြင့် အရှိန်မြှင့်ကာ ထပ်မံပြေးလွှား လိုက်သည်။ သို့သော် ၎င်းမျောက်ဘုရင်၏ ပြေးအားသည် နဂါးသွေးမြင်းထက် များစွာ နိမ့်ကျ နေသောကြောင့်၊ နဂါးသွေးမြင်းအား မျက်ချေ ဖြတ်ချ နိုင်ခြင်း မရှိခဲ့ချေ။
နဂါးသွေးမြင်း၏ နောက်ကျောပေါ်ရှိ လင်းယွန်သည်လည်း လျင်မြန်သော အရှိန်ကြောင့် ဖြစ်ပေါ်လာသော လေပြင်းများ၏ ရိုက်ခတ်မှုကို ကာကွယ်ရန်၊ မျက်လုံးကိုပင် မဖွင့်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် မျောက်ဘုရင်သည် တောင်ကမ်းပါးယံ တစ်ခု အနားအထိ ဆုတ်ခွာ ပြေးပြီးနောက်၊ ဆက်လက် ပြေးလွှားခြင်း မပြုတော့ပဲ အော်ဟစ်နေခဲ့၏။ သူ၏ ထိုသို့ အော်ဟစ် လိုက်သံကြောင့်၊ တောင်ကြား အတွင်းမှ များစွာသော အော်ဟစ်သံများ ချက်ချင်းပင် တုန့်ပြန် လာသည်ဖြစ်ရာ၊ ဤသည်မှာ မျောက်ဘုရင်၏ နယ်မြေဖြစ်ကြောင်း သိလိုက်ရလေသည်။
ထို့နောက်တွင် အနည်းဆုံး မျောက်ကောင်ရေ တစ်ရာ ခန့်ထွက်ပေါ်လာခဲ့ပြီး၊ ၎င်းတို့၏ ခွန်အားသည် တတိယ၊ သို့မဟုတ် စတုတ္ထအဆင့်တွင်သာ ရှိပေသည်။ အနည်းငယ်သောမျောက်အိုကြီး များသည်သာ ပဉ္စမအဆင့်ခွန်အားမျိုး ပိုင်ဆိုင် ထားပေ၏။
'' ချစ်ပ်....ခွီး... ခွီး ..''
မျောက်ဘုရင်က ကျောက်တုံး တစ်တုံးပေါ် ခုန်တက်လျက်၊ ၎င်း၏ မျောက်တပ်များကို အမိန့်ပေးတော့သည်။
"အချိန်ကောင်းပဲ...."
ထိုမြင်ကွင်းကြောင့် လင်းယွန်က ရယ်မောလိုက်သည်။ သူက မီလျှံနတ်ဆိုး ခန္ဓာကိုယ်၏ အထွတ်အထိပ် အင်အားကို စမ်းသပ်လိုပြီး၊ ဤမျောက်တပ်ဖွဲ့သည် သူ့အား၊ ထိုသို့ ပြုလုပ်ရန် အခွင့်အရေးကို ပေးလာခဲ့ ပေသည်။
ထာဝရနတ်ဘုရားတံဆိပ်တော် ။
မျောက်အုပ်ကြီးမှာ တခွီးခွီး တကွိကွိအော်မြည်လျက် တပြိုင်နက်တည်း ပြေးဝင်လာကြရာ ကောင်းကင်အား အမည်းရောင်အရိပ်များ ဖုံးလွှမ်းသွား လေသည်။ လင်းယွန်က ရယ်ရယ်မောမောဖြင့် ကျားရိုင်းလက်သီးအား စတင် အသုံးပြု ရန်အတွက်၊ ရုပ်ခွန်အားသက်သက်ကို ထုတ်ဖော်လိုက်၏။
'' ဗုန်း.........ဗုန်း ဗုန်း ''
သူ၏ ကိုယ်ခန္ဓာသည် မီးလျှံနတ်ဆိုးခန္ဓာကိုယ်သို့ ဖွဲ့တည် နိုင်ပြီးနောက်၊ ထာဝရနတ်ဘုရား တံဆိပ်တော်မှ စုရုန်းလာ စေသော ဝိညာဉ်စွမ်းအင်များနှင့် အပြည့်အ၀ ပေါင်းစပ် သွားကာ၊ မျောက်တစ်ကောင်ကို တစ်ချက်သာ ထိုးနှက်လိုက်ရုံဖြင့် လွင့်စင်သွားစေသည်။ ခဏအကြာတွင် မြေပြင်၌ အမှိုက်သရိုက် များသဖွယ် သားရဲ အလောင်းများဖြင့် ပြည့်နှက်လာပြီး၊ ၎င်းသားရဲအသေကောင်များ၏ အတွင်း အင်္ဂါများမှာ အပိုင်းပိုင်း ကွဲကြေနေလေပြီ။
'' အောင်...ဂါး ''
မျောက်ဘုရင်က သူ၏ ရင်ဘတ်ကို ဆင့်ကဲဆင့်ကဲ ထုနှက်လိုက်ပြီး၊ အခြားမျောက်များကို ရိုက်ပုတ်ပစ် လိုက်၏။ ထို့နောက်တွင် ကျန်ရှိနေသော မျောက်အုပ်ကြီးသည် တောင်ကမ်းပါးယံ မှတဆင့် ချိုင့်ဝှမ်းအတွင်းရှိ တောနက်နက်ထဲသို့ ထိုးဆင်းသွားပြီး၊ မျောက်စု ခွဲပစ်တော့ လေသည်။
လင်းယွန်က တဟားဟား အော်ရယ် လိုက်ပြီး၊ အပြုံးဖြင့် မီးလျှံနတ်ဆိုးခန္ဓာကိုယ်ကိုပြန်လည် ရုတ်သိမ်း လိုက်ရာ၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြက်သွေးရောင် အလင်းလွှာမှာ ပျောက်ကွယ် သွားခဲ့တော့သည်။ သူက မျောက်ဘုရင် နောက်သို့ လိုက်ရန် စိတ်ကူး မရှိပေ။
သို့သော်လည်း နဂါးသွေးမြင်းက ဤသို့သော သတ်ရန် ကြံစည်ခဲ့သော ကိစ္စရပ်ကို လွယ်ကူစွာ အလွတ် မပေးချင်ခဲ့ပဲ၊ မျောက်ဘုရင်နောက်သို့ ထပ်မံ ပြေးလိုက် သွားခဲ့သည်။
'' ဟေး နဂါးလေး....ထားလိုက်ရအောင် ''
လင်းယွန်က အော်ဟစ် ဟန့်တား လိုက်သော်လည်း၊ နဂါးသွေးမြင်းသည် ရပ်တန့်သွားခြင်း မရှိရာ၊ လင်းယွန်က ၎င်းမြင်းမိုက်အား ဒုက္ခရောက်မည်ကို စိတ်ပူသွားသောကြောင့်၊ အကူအညီမဲ့ ဟန်ဖြင့် ပြေးလိုက် သွားခဲ့သည်။ တောင်ကမ်းပါးယံ ထိပ်သို့ ရောက်သောအခါ၊ နဂါးသွေးမြင်းသည် ရုတ်တရက် ပျောက်ကွယ်သွား၏။
" နဂါးလေး....."
လင်းယွန်က ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ ဤသို့ နဂါးသွေးမြင်း၏ ရုတ်တရက် ပျောက်ကွယ်သွားမှုသည် ထောင်ချောက် အတွင်းသို့ သက်ဆင်း မိသွားခြင်း ကဲ့သို့သော၊ မတော်တဆ အန္တရာယ်များကျရောက် လာမည်ကို စိုးရိမ်သွာ၏။ မျောက်ဘုရင်မှ ပိုင်ဆိုင်ထားသော ဉာဏ်ရည်ဉာဏ်သွေးများအရ၊ ၎င်းသည် သားရဲထောင်ချောက် များအား အကာအကွယ် အဖြစ် ချထားရန်မှာ ဖြစ်နိုင်ချေ ရှိပေသည်။
ထို့ကြောင့်ပင်၊ နဂါးလေးသည် ထောင်ချောက်တစ်ခု အတွင်းသို့ သက်ဆင်း မိသွားခြင်း ဖြစ်နိုင်သည်ဟု၊ လင်းယွန်က ယူဆ လိုက်ပြီး၊ သူ၏ အရှိန်ကို မြှင့်တင် လိုက်သည်။ နဂါးသွေးမြင်း ပျောက်ကွယ်သွားသော ကမ်းပါးစွန်းဆီသို့ အရောက်တွင်၊ သူ့အထင် မှားယွင်းခဲ့ကြောင်း၊ သိရှိလိုက်ရသည်။ ချုံပုတ်များအောက်တွင် ကွယ်ဝှက်နေသော ကျောက်ဂူဝတစ်ခုကို တွေ့ရှိလိုက်ရသည်။ လောလောလတ်လတ်တွင် နဂါးသွေးမြင်းသည် ယင်းခြုံပုတ်များအား စွပ်ကြောင်းကြီးတစ်ကြောင်း ဖြစ်စေသည် အထိ သူ့ခန္ဓာကိုယ့်ဖြင့် တိုးဝင်သွားပုံ ရလေသည်။
'' ဘာ.... အနံ့လဲ..... မွှေးလိုက်တာ ''
ရုတ်တရက်လေထုထဲ၌ မွှေးကြိုင်သည့် ရနံ့အချို့ကို ရှူရှိုက်မိ သွားပြီး၊ လင်းယွန်က နှာခေါင်း တရှုံ့ရှုံ့ဖြင့် အနံ့ခံ လိုက်၏။ အရက်နံ့ ကဲ့သို့သော ပြင်းရှရှ ရနံသည် ကျောက်ဂူအတွင်းမှ လှိုင်လှိုင် ထွက်ပေါ် နေလေပြီ။
'' ဒီလို တောကြီးမျက်မည်းထဲမှာ ဘယ်ကအရက်နံ့က ထွက်ပေါ်လာရတာလဲ၊...... တစ်ယောက်ယောက်ကများ ဒီမျောက်တွေကို မွေးမြူပြီး၊ တောထဲမှာ လာနေ နေတာလား..... ''
လင်းယွန်က သတိကြီးကြီးထားကာ၊ ကျောက်ဂူထဲသို့ ဝင်လိုက်သည်နှင့် ရင်းနှီးနေသော နဂါးသွေးမြင်း၏ အရှိန်အဝါ နှင့်အတူ ဒေါသတကြီး အော်ဟစ်နေသော မျောက်ဘုရင်၏ အသံကို ကြားလိုက်ရသည်။
သို့မှသာ ၎င်းအသံများကြောင့် စိတ်လက်ပေါ့ပါးသွားပြီး၊ နောက်ထပ် အထဲသို့ ဝင်သွားသော အခါတွင် ကျောက်ဂူအတွင်း နံရံဘေး၌ လက်ရာ ကြမ်းကြမ်းဖြင့် ထွင်းထု ထားသော ကျောက်သားစဉ့်အိုးများ ရှိနေသည်ကို အံ့သြစွာ တွေ့လိုက်မိသည်။ ယင်းကျောက်စဉ့်အိုးအသီးသီးကို သစ်ပင်၏ အကိုင်းအခက်များဖြင့် အလုံပိတ် ထားလေသည်။
မွှေးရနံ့သည် ထိုအိုးများထံမှ စူးရှစွာ ထွက်ပေါ်နေခဲ့ပြီး၊ ၎င်းရနံများအား ရှူရှိုက်မိခြင်းဖြင့်၊ မူးဝေလာခြင်း နှင့်အတူ ကြွက်သားများ ပြေလျော့သွား သကဲ့သို့ ခံစားလိုက်ရ၏။
'' ဒါ.....ဒါက...ဒဏ္ဍာရီလာ 'မျောက်ဝိုင်'ဖြစ်နိုင်သလား။ ''
လင်းယွန်သည် နံရံဘေးရှိ ရာနှင့်ချီသော အိုးများကို မြင်သောအခါ ဝမ်းသာသွားပြီး၊ စိတ်လှုပ်ရှားမှုကို မျိုသိပ်လိုက်ကာ၊ ကျောက်ဂူအတွင်းသို့ တိုးဝင်လာခဲ့သည်။
သူက ဤမြင်းမိုက်ကို အန္တရာယ် ကင်းကြောင်း တွေ့မြင် မှသာလျှင် စိတ်အေး ရပေမည်။ သို့မဟုတ်ပါက မည်သို့သော ရှားပါး ရတနာ များပင် ဖြစ်စေ၊ သူ၏ မိတ်ဆွေ ကဲ့သို့သော တစ်စုံ တစ်ယောက်ထက် ပို၍ တန်ဖိုး မရှိနိုင်ချေ။
***