← Chapters

တိုက်ပွဲ။

Vol. 9 Ch. 124

တိုက်ပွဲ။

Vol. 9 Ch. 124

'' သွေးတိမ်ဂိုဏ်းရဲ့ တပည့်တွေ အားလုံး နားထောင်ပါ၊ အခု ငါ့ရှေ့က လူက လင်းယွန်ပဲ၊ သူ့ကို ချက်ချင်း ဖမ်းလိုက် ကြစမ်း...... ''

ထိုလူက ရုတ်တရက် အော်ဟစ်အသံ ပြုလိုက်ပြီး၊ ယင်းအသံကြောင့် အနီး ပတ်ဝန်း ကျင်ရှိ လူအုပ်ကြီးသည် စူးစမ်းလို စိတ်ဖြင့်၊ လင်းယွန် ထံသို့ လှည့်ကြည့်လာ ကြသည်။

အခြားတစ်ဖက်တွင် သွေးတိမ် ဂိုဏ်းသားမှာ သူ့အား မှတ်မိသွားသည် ဖြစ်ရာ၊ လင်းယွန်က သက်ပြင်းချလိုက်ပြီး၊ ဦးထုတ်ကို ဖြုတ်ယူ သိမ်းဆည်း လိုက်သည်နှင့်၊ တခဏချင်းမှာပင်၊ မရေမတွက်နိုင်သော သွေးတိမ်ဂိုဏ်းသားများ ပြေးလွှားဝန်းရံ လာတော့သည်။

"လင်းယွန်လား...."

သွေးတိမ်ဂိုဏ်းသား ဝတ်ရုံကို ဝတ်ဆင်ထားသော သိုင်းသမားတစ်ယောက်နှင့်၊ ၎င်း၏ အရှေ့တွင် မျက်နှာအား ဖုံးကွယ်ထားသည့် လူတစ်ယောက်ကြောင့် လူအုပ်ကြီး၏ မျက်နှာ အမူအရာ များမှာ ပြောင်းလဲသွား၏။

ထိုလူအုပ်ကြီးသည် လင်းယွန်၏ အမည်ကို ကြားလိုက်ရသော အခါတွင် အံ့အားသင့် သွားကြပြီး၊ ချက်ချင်းပင် နောက်ဆုတ် ရှဲခွာသွားကြလေသည်။

ဤလင်းယွန်သည် သွေးတိမ်ဂိုဏ်းမှ သွေးဆုကြေး ထုတ်ခံထားရသော သိုင်းသမား တစ်ယောက်ဖြစ်ပြီး၊ ၎င်းသည် ကောင်းမိသားစုအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံ လိုက်ရခြင်း တွင်လည်း သွယ်ဝိုက်ပါဝင်ရာ ရောက်ခဲ့ပြီး၊ ၎င်း၏ နာမည်မှာ အပြာရောင်နေမင်း နိုင်ငံ၌ တဟုန်ထိုး ကျော်ကြား လာခဲ့ခြင်း ဖြစ်သည်။

အဲဒီနောက် မကြာခင် နောက်ထပ် သတင်းတစ်ပုဒ် ထွက်ပေါ်လာပြီး၊ ကောင်းကင်မီးလျှံတောင်ထိပ်၌ လင်းယွန် သေဆုံးသွားသည်ဟု ဆိုလာကြရာ၊ ယင်းသတင်း ပျံ့နှံ့ဆဲမှာပင် လင်းယွန်သည် အဆင့်ရှစ် မီးလျှံ အမြုတေကို သန့်စင်နိုင်ခဲ့ပြီး၊ မိန်ဇီယာ၏ တိမ်နဂါးသစ်သီးကို ခိုးယူသွားခဲ့ကာ၊ ရွှေမီးတောက်ဂိုဏ်းအား အပြစ်ပြု ထားခဲ့လေသည်။ ၎င်းသည် အပြာရောင်နေမင်း နိုင်ငံရှိ အာဏာရှင်ဂိုဏ်းငယ် နှစ်ဂိုဏ်းကို စော်ကား လိုက်ခြင်း မည်၏။

"ဒါက လင်းယွန်ဆိုတာ တကယ်လား "

" အစစ်ပဲ ငါ သူ့ကို ငါ့မျက်စိနဲ့ မြင်ခဲ့ဖူးတယ်၊ တကယ်သူပဲ ''

'' ဒီလင်းယွန်က ငယ်သေးတာပဲ၊ သူ့အသက်အရွယ်နဲ့ အာဏာရှင် ဂိုဏ်းတွေကို အပြစ်ပြု ဝံ့တယ်လား၊ အခုတော့ ဒုက္ခရောက်နေရပြီ၊ သူ့ကို ရွှန်းတူက ပစ်မှတ်ထား နေတယ်..."

" မိန်ဇီဟာ၊ မင်ယီနှင့် ရွှန်းတူတို့ဆိုတာက အပြာရောင်နေမင်း နိုင်ငံရဲ့ လူငယ်မျိုးဆက်ထဲမှာ ထိပ်ဆုံးရောက် ပါရမီရှင်တွေပဲ၊ အဲ့ဒီမျိုးဆက်တွေကြားမှာ ရွှန်းတူက အသန်မာဆုံး ...သူ့ရဲ့သွေးတိမ်လက်ဖဝါးက တခြားသူတွေရဲ့ နှလုံးသားထဲကို အကြောက်တရားတွေနဲ့ နစ်မျော သွားစေတယ်မလား...... ''

လင်းယွန်အား ဦးတည်လိုက်ကာ၊ မရေမတွက်နိုင်သော အကြည့်များဖြင့် ဆွေးနွေးမှုများ ထွက်ပေါ်လာသည်။

" ...မင်း ထွက်သွားချင်လို့လား ''

'' ဝှစ်......... ''

ထို့နောက်တွင် မေးမြန်းလိုက်သံ နှင့်အတူ ရွှန်းတူသည် ဟစ်အော်ကာ ကောင်းကင်သို့ ခုန်တက်သွားပြီးနောက်၊ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ် လိုက်လေသည်။

ရွှန်းတူ၏အရှိန်အဝါကို တွေ့မြင်လိုက်ရသော ပတ်ဝန်းကျင်ရှိသိုင်းသမားမှာ လင်းယွန်အားဗဟိုပြုပြီး၊ မီတာအနည်းငယ်အထိ ထပ်မံဆုတ်ခွာသွားကြသည်။ ဤသို့ဖြင့် လင်းယွန်အနီးတစ်ဝိုက်တွင် မီတာတစ်ရာအထိကျယ်ဝန်းသော တိုက်ပွဲမြေပြင်ကြီးတစ်ခုအဖြစ် ရှင်းလင်းသွားလေသည်။

အစောပိုင်းအခြေအနေ၌ အကယ်၍သာ ဤသို့ ရှင်းလင်းခဲ့မည် ဆိုပါက ထိုအမျိုးသမီးကို ရှာတွေ့ နိုင်ပေမည်။ အဘယ့်ကြောင့်ဆိုသော် သူမအား ကျေးဇူးတင်ကြောင်း အလေးပေး ပြောကြား ချင်သည့်အပြင်၊ ယင်းမိန်းမပျိုအား သိချင်နေသောကြောင့် ဖြစ်သည်။

ထို့ကြောင့်ပင် သူမကို ဤနေရာ၌ တွေ့လိုက်ရချိန်တွင် အံ့သြသွားမိကာ အော်ဟစ်လိုက်မိခြင်း ဖြစ်သည်။ အကယ်၍ သူမ၏အကူအညီအတွက်သာ မဟုတ်ပါက၊ သူ၏ သိုင်းတာအိုသည် အမှောင်ဖုံး ပေတော့မည်။ ၎င်းအပြင် သူ၏ သိုင်းဝိညာဉ်ပေါ်ရှိ ငွေဖြူရောင် အလင်းကိုလည်း ရှာဖွေတွေ့ရှိ လိမ့်မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်ခုန်တက်သွားသော ရွှန်းတူမှာ ပြန်လည် ခုန်ဆင်းလာပြီး၊ တိုက်ခိုက် လာသည် ဖြစ်ရာ၊ သူကစဉ်းစားဖို့ရန် အချိန် မရှိတော့ပေ။ ရွှန်းတူ၏ လက်များတွင် အနီရောင်များ တောက်ပလာလျက်၊ ၎င်းလှုပ်ရှားမှုသည် သွေးတိမ်ဂိုဏ်း၏ သာမာန် မြင်တွေ့ရလေ့ ရှိသော ရှန်ရှင်း သိုင်းနည်းစနစ်ကို ထုတ်ဖော် တိုက်ခိုက် လိုက်ခြင်း ဖြစ်လေသည်။

သို့သော်လည်း ရွှန်းတူ၏ လက်ထဲတွင် ၎င်းသည်ပင် လုံးဝကွဲပြားသွားခဲ့သည်။ ကြက်သွေးရောင် အဆင်းသဏ္ဍာန်သည် လက်ဖဝါး နောက်၌ ကပ်ညိပါဝင် လာပြီး၊ နောက်တစ်စက္ကန့်တွင် လင်းယွန်အား ကြီးမားသော သွေးလက်ဖဝါး တစ်ခုက ဖုံးအုပ်သွား၏။ တဆက်တည်းမှာပင် ရွှန်းတူက လေထဲ၌ လှောင်ပြောင်သော အပြုံးကို ထုတ်ဖော်လိုက်ကာ၊ ညာဘက် လက်ဖဝါးကို ဆုပ်ကိုင်လျက် လင်းယွန်အား ပိတ်ဆို့ ဖမ်းယူလိုက်သည်။

သို့သော် သွေးလက်ဖဝါးဖြင့် မဆုပ်ကိုင် မိမီ စက္ကန့်ပိုင်းလေး အတွင်း၌ လင်းယွန်က သူ့လှုပ်ရှားမှုကို စတင်လာ၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ ရွှေရောင်စွမ်းအင်များသည် ဆိုင်ကလုန်း မုန်တိုင်း တစ်ခုကဲ့သို့ လှည့်ပတ်လာပြီး၊ လက်ဖဝါးထံသို့ ဝိညာဉ်စွမ်းအင်များ အဖြစ် စုဝေးရောက်ရှိ လာတော့သည်။ ထို့နောက်တွင် သူ၏ လက်သီးများ မှတဆင့် ကြီးမားသော စွမ်းအင်များ ပေါက်ကွဲ ထွက်သွားကာ ၎င်းသွေးလက်ကို ဖျက်ဆီး ပစ်လိုက်သည်။

သွေးလက်သည် ပျောက်ကွယ် သွားသည်နှင့် လင်းယွန်က သူ၏ အရှိန်အဝါအား တဖြည်းဖြည်း ထုတ်ဖော်ပြသ လိုက်၏။ လေအဝေ့တွင် ဝတ်ရုံစများမှာ တဖျပ်ဖျပ် ခတ်နေခဲ့ပြီး၊ နေရောင်ခြည်အောက်၌ ရွှေရောင်အလင်းများ တောက်ပနေသော လင်းယွန်၏ ပုံသဏ္ဍာန်မှာ နတ်ဆိုးတပါး ကဲ့သို့ ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်တည်လာသည်။ သူက မူလနေရာတွင် ငြိမ်သက်စွာ ရပ်နေခဲ့လျက် ရွှန်းတူအား ပြုံးပြ လိုက်လေသည်။

'' ဝှစ်........ဝှစ် ဝှစ် ''

သွေးတိမ်ဂိုဏ်း၏ တပည့်များက ရုတ်တရက်ပြေးဝင် လာသည်ဖြစ်ရာ၊ ရွှန်းတူက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး၊

'' သူ့ကို ထွက်ပြေးခွင့်မရအောင် ဝိုင်းထားလိုက်။ ငါကိုယ်တိုင် ဖြေရှင်းလိုက်မယ်။"

'' သွေးတိမ်ဂိုဏ်က သွေးဆုကြေး ထုတ်ယူရအောင် မင်းက တကယ်ပဲ သန်မာရဲ့လား ဆိုတာ ငါကြည့်မယ်၊ မိန်ဇီယာကိုတောင် အနိုင်ယူ ခဲ့ပြီးမှတော့ ငါနဲ့ တိုက်ခိုက်ဖို့ ထိုက်တန် ပါပြီ၊ ''

ရွှန်းတူက သားကောင်ကို စိုက်ကြည့်နေသော မုဆိုးတစ်ယောက် ကဲ့သို့ လင်းယွန်ကို ငြိမ်သက်စွာ ကြည့်နေသည်။ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှု နှင့်အတူ လောဘရောင်များဖြင့် တောက်ပလာ၏။ မည်သို့ပင် ဆိုစေကာမူ ဤလင်းယွန်အား သူကသာ သတ်ပြစ်နိုင်ပါက၊ သွေးဆုကြေးကို ရရှိမည် ဖြစ်ကာ၊ ဂိုဏ်း၌ သူ၏ ဂိုဏ်သတင်း သည်လည်း ပို၍ မြင့်တက်လာ ပေတော့မည်။

" မင်းလည်း ယန်တင်းယီလိုပဲ တယ်စကားများ တာကိုး၊ သွေးတိမ်ဂိုဏ်းက လူတိုင်းကသိုင်းကျင့်ကြံ ကြတာလား၊ လေပေါဖို့ ကျင့်ကြံကြတာလား၊ ငါ....မသဲကွဲတော့ဖူး...''

လင်းယွန်၏ ပေါ့ပျက်ပျက် လှောင်ပြောင်လိုက်သံက လူအုပ်ကြီးကို ထိတ်လန့်သွား စေခဲ့သည်။ ဤလင်းယွန်သည် ယန်တင်းယီကို သတ်ဖြတ် နိုင်သော်လည်း ရွှန်းတူသည် ယန်တင်းယီ မဟုတ်ချေ။ ရွှန်းတူသည် အပြာရောင်နေမင်း နိုင်ငံတွင် အချိန်အတော်ကြာ ကျော်ကြားခဲ့ပြီး၊ သူ၏ ရက်စက်ကြမ်းကြုတ်သော စိတ်နေစိတ်ထား များကြောင့် သွေးနတ်ဆိုး တစ်ပါးအဖြစ် လူသိများ လှသည်။ မျိုးဆက်တူအတွင်း အသန်မာဆုံး ဂုဏ်ပုဒ်ကိုပင် ရလုနီးနီးပင်။

'' ရွှီး.... ''

တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်စလုံး၏ အရှိန်အဝါများမှာ ဖြည်းညှင်းစွာ ပျံ့နှံ့သွား၏။ လင်းယွန်၏ ရောင်ဝါသည် နေတစင်းကဲ့သို့ ထွန်းလင်းနေပြီး၊ ရွှန်းတူ၏ ရောင်ဝါမှာ ကြက်သွေးရောင်များ လင်းလက်နေခဲ့သည်။ ထို့နောက်တွင် ယင်းအရှိန်အဝါနှစ်ခုသည် တစ်နှင့် တစ်ခု ထိပ်တိုက် တွေ့ဆုံ သွားပြီး၊ အချင်းချင်း လွှမ်းမိုး နိုင်ရန် ကြိုးစားလာကြ၏။

ထိုမြင်ကွင်းကို ပရိသတ်များက မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက် များဖြင့် တောက်ပ လာခဲ့သည်။ ဤသို့သော တိုက်ပွဲမျိုးသည် ကြုံတောင့်ကြုံခဲပင် မဟုတ်ပါလော။

" မောက်မာလိုက်တဲ့....... ''

'' ဝှစ်......... ''

ရွှန်းတူက ကြက်သွေးရောင် အလင်းတန်းသဖွယ်၊ အရှိန်အဝါများကို ထုတ်လွှတ်လျက်ပြေးဝင်လာရာ၊ ၎င်း၏ သက်ရောက်မှု အောက်တွင်၊ မြေပြင်သည် အက်ကွဲလာပြီး သဲမှုန်များ ပျံလွင့်လာစေသည်။ သွေးနီရောင်လက်ဖဝါးကြီးက လင်းယွန်၏ ဦးကင်းကို ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ကုပ်ဆွဲ လာ၏။

ရွှန်းတူ၏ တိုက်ခိုက်မှုသည် ရက်စက်လွန်းခဲ့ပြီး၊ သူ့အသက်ကို တစ်ချက်တည်းဖြင့် နူတ်ယူရန် ကြိုးစားနေသည်ကို မြင်သောအခါ လင်းယွန်၏ မျက်လုံးများက အေးစက်သွား၏။ သူ၏ ယန်သန့်စင်ခြင်း နည်းစနစ်ကို လှည့်ပတ်လိုက်သည်နှင့် ဒါန်တမ် အတွင်းမှ ရွှေရောင် ဝိညာဉ်စွမ်းအင်များ ထွက်ပေါ် လာကာ၊ ရွှန်းတူ၏ သွေးလက်ဖဝါး ကြီးအား လက်သီးဖြင့် ပြန်လည် ထိုးချ လိုက်သည်။

'' ဖုန်း......... ''

လက်သည်းနှင့် လက်သီးများ တိုက်မိသောအခါတွင်၊ ဝိညာဉ်စွမ်းအင်များသည် တုန်လှုပ် ချောက်ချားစရာ ကောင်းလောက်အောင်ပင် ပေါက်ကွဲသွားသည်။

ရွှန်းတူက ရယ်မောလိုက်ကာ၊ ကြက်သွေးရောင် လက်ဖဝါးကြီးဖြင့် လင်းယွန်၏ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး၊ သွေးဝိညာဉ်စွမ်းအင်များကို ပြင်းထန်သည့် အရှိန်အဟုန်ဖြင့် လင်းယွန်၏ လက်မောင်းထဲသို့ ပို့လွှတ်လိုက်သည်။

'' .............ဖျစ်....ဖျစ် ''

လင်းယွန်သည် သူ့လက်မောင်းမှ နာကျင်ကိုက်ခဲမှုကို ရုတ်တရက် ခံစားလိုက်ရပြီး၊ ၎င်းနာကျင်မှုသည် သွေးကြောများ ပေါက်ပြဲခြင်းကြောင့် ဖြစ်သည်ကို သိရှိမိ၏။

"........ မဆိုးဖူး၊ ဒါပေမယ့် မလုံလောက် သေးဘူး"

လင်းယွန်က ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်စွမ်းအင် များကို ထပ်မံ တိုးမြှင့် လိုက်သည်နှင့် သွေးများ ဆူပွက် လာကာ၊ သွေးကြောများ အတွင်း ကွယ်ဝှက်နေခဲ့သော မီးစွမ်းအင်များမှာ ရုန်းကြွလျက် လက်သီးထံသို့ ပြေးဝင်လာခဲ့သည်။

လင်းယွန်က သူ၏ ဝိညာဉ်စွမ်းအင်များကို လက်သီးထဲသို့ တွန်းလွှတ် လိုက်သည်နှင့် ရွှန်းတူက ဆုပ်ကိုင်ထားသော လက်သီးကိုလွှတ်လိုက်ရပြီး၊ ချက်ချင်းပင် လွင့်ထွက်သွားလေသည်။

ရွှန်းတူမှာ အဝေးသို့ လွင်စင်နေစဥ် လင်းယွန်က ထာဝရနတ် ဘုရားတံဆိပ်ကို စတင် ဖွဲ့စည်း လိုက်သည်နှင့် သူဒါန်တမ် အတွင်းရှိ ရွှေရောင် ဝိညာဉ်စွမ်းအင် စက်ဝန်းသည် လျင်မြန်စွာ လှည့်ပါတ်လာပြီး၊ ကန့်သတ်ချက် အထိ ရောက်ရှိ သွားကာ၊ တောက်ပသည့် ရွှေရောင် အလင်းတန်း များကို အရှိန်ပြင်းပြင်းဖြင့် တွန်းပို့ လိုက်လေသည်။

'' ထာဝရနတ်ဘုရားတံဆိပ်တော်....."

'' သွေးချောင်းစီးစေ၊ ''

ရွှန်းတူက ကိုယ်ရှိန်သပ်လိုက်ကာ၊ လေးနက်သော အမူအရာဖြင့် မျက်လုံးများကို ခဏမျှမှိတ်ထားပြီးနောက်၊ သူ့ခန္ဓာကိုယ်၌ ကြက်သွေးရောင် အလင်းလွှာကို ထုတ်ဖော်သိုင်းခြုံလျက် ပြန်လည် ခုခံ လိုက်၏။

'' ဖုန်း..... ဖုန်း ''

ကြက်သွေးရောင် သွေးမီးတောက်များသည် ချွန်ထက်သော သွေးဓါးများအဖြစ် ထင်ရှားစွာ ပြောင်းလဲလာပြီး၊ ယင်းရွှေရောင် လှိုင်းများ ပေါ်သို့ ကျရောက် ဟန့်တား လိုက်သော်လည်း၊ ၎င်းသွေးဓားများသည် ရွှေရောင်လှိုင်းများကို ဟန့်တားနိုင်ခြင်း မရှိခဲ့ပဲ၊ လင်းယွန်၏ တိုက်ခိုက်မှုမှ ကျန်ရှိနေသော စွမ်းအင် အကျွင်းအကျန်များသည် ရွှန်းတူအားပြင်းထန်စွာ တွန်းထုတ် လိုက်ပြန်၏။

'' ........ဝှစ် ''

ထာဝရနတ်ဘုရားတံဆိပ်မှ စွမ်းအားကို ရှောင်တိမ်းရန် ကြိုးစားသည့် အနေဖြင့် ရွှန်းတူက နောက်သို့ ဆုတ်ခွာ သွားခဲ့သည်။ ထို့သို့ ဆုတ်ခွာမှုကြောင့် ဒဏ်ရာမရရှိ လိုက်သော်လည်း အနည်းငယ် နောက်ဆုတ် ပေးလိုက်ရခြင်းသည် သူ့အား များစွာအရှက်ရ လာစေသည်။

ခဏအကြာတွင် ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ထွက်ပေါ်လာ၏။ သူတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုကြောင့် တဖျပ်ဖျပ်တောက်နေခဲ့ကာ၊ ဤတိုက်ပွဲသည် သူတို့အား တုန်လှုပ်သွားစေ၏။ ယင်းလင်းယွန်သည် ရွှန်းတူကို (၃)ကြိမ်တိုင်တိုင် နောက်ဆုတ်သွားအောင် စွမ်ဆောင်နိုင်ခဲ့လေပြီ။ ၎င်းသည် လူအုပ်ကြီး၏ အမြင်အား ပြောင်းလဲလာ စေတော့သည်။

" ရွှန်းတူ၊ မင်းကိုယ်မင်း အရှက်မခွဲပါနဲ့၊ ဒီခွေးကောင်လေးကို ငါ့ဆီ ထားလိုက်ပါ.....''

ရွှန်းတူနောက်ဆုတ် သွားချိန်မှာပင်၊ အခွင့်ကောင်းကို စောင့်ဆိုင်း နေခဲ့သော မိန်ဇီယာသည် အော်ဟစ်လျက်၊ ကောင်းကင်မှဆင်းသက်လာပြီး လင်းယွန်ဆီသို့ ပျံသန်းသွားခဲ့သည်။

'' ဖျတ် ဆီး ခြင်း လက် သီး ''

သူ့ထံမှ သတ်ဖြတ်လိုခြင်း ဆန္ဒများ အရှိန်အဟုန် ပြင်းပြင်းဖြင့် ပွင့်ထွက်လာကာ၊ ရွှေမီးတောက်ဂိုဏ်း၏ နာမည်ကြီး သိုင်းနည်းစနစ်ကို ထုတ်ဖော်လိုက်သည်။ ဤတိုက်ခိုက်မှုတွင် သူ့ခွန်အား၏ (၉၉)ရာခိုင် နှုန်းကို ဖြည့်သွင်း ထားခဲ့သည်။

တစ်ချိန်တည်းမှာပင် လင်းယွန်က အံ့အားသင့်သွားပြီး၊ မိန်ဇီယာသည် အခွင့်ကောင်းကို စောင့်ကာ၊ အလစ်အငိုက် တိုက်ခိုက် လာလိမ့်မည်ဟု မထင်ထားခဲ့ရာ၊ လျင်မြန်စွာဖြင့် ဆီးကြိုဟန့်တား လိုက်ရသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့နှစ်ဦးသည် သိုင်းကွက် ဆယ်ကွက် နှင့်အထက် ဖလှယ်လိုက်ကြ၏။

'' ဖုန်း......ဖုန်း ဖုန်း ''

လက်သီးနှစ်လုံး ထိပ်တိုက် တွေ့ဆုံမိတိုင်း မြေပြင်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာကာ၊ အော်ဟစ်မာန်သွင်း သံများသည် ချိုင့်ဝှမ်း အနှံ့ ပဲ့တင်ထပ် နေခဲ့သည်။

၎င်းတို့၏ တိုက်ခိုက်မှုများကြောင့် ပတ်ဝန်းကျင်တွင် အာမေဋိတ်သံများ ဖြစ်ပေါ်လာစေပြီး၊ လူတိုင်းသည် ရွှေမီးတောက်ဂိုဏ်း၏ လက်နက်မဲ့ တိုက်ခိုက်ရေး နည်းစနစ်များကို ယခု အခိုက်အတန့်၌ နက်ရှိုင်းစွာ နားလည်သွားခဲ့ ကြသည်။

" ကောက်ကျစ်တဲ့ ကောင်လေး မင်းက ဟိုတုန်းကလို မမောက်မာ တော့ဖူးလား ဟား ...ဟား "

မိန်ဇီယာက တိုက်ခိုက်မှုအရှိန်ကို ထပ်မံမြှင့်တင် လိုက်သည်နှင့် သူ၏ ရွှေမီးတောက်နည်းစနစ်သည် စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး၊ သူ၏ ခွန်အားမှာ ပြီးပြည့်စုံသောအသွင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့ကြောင့်ပင် လင်းယွန်အား အထက်စည်းမှဖိအားပေး နိုင်ခဲ့သည်။ မိန်ဇီယာထံမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင် များသည် ဆယ်မီတာကျော် အတွင်းထိ ပေါက်ကွဲအားများ လွှမ်းခြုံထားပြီး၊ သူ၏ အရှိန်အဝါမှာ သိသိသာသာ ကြီးထွားလာသည် ဖြစ်၏။

သို့သော် လင်းယွန်က တည်ငြိမ်စွာ ပြန်လည်တိုက်ခိုက်နေဆဲပင်။ သူ့မျက်ဝန်းများ၌ မိန်ဇီယာကို ကြည့်ကာ အံ့သြနေရုံသာ ရှိပေသည်။ တိမ်နဂါးသစ်သီးကို ဆုံးရှုံးလိုက်ရသည့်တိုင်၊ ယင်းမိန်ဇီယာသည် သူ၏ ရွှေမီးတောက် နည်းစနစ်အား နောက်တစ်ဆင့် အထိ ဆုပ်ကိုင် နိုင်ရန်အတွက်၊ အရန် အစီအစဉ်များ ရှိနေခဲ့ပေသည် မဟုတ်ပါလော။

'' အမာနှင့် အပျော့ ပေါင်းစပ်ခြင်း။ ''

လင်းယွန်က အော်ဟစ်မာန်သွင်း လိုက်ပြီး၊ သူ့ဒါန်တမ် အတွင်းရှိ ပျော့ပျောင်းသော စွမ်းအင် ကြိုးမျှဉ်များကို စတင် ဖြန့်ကျက် လိုက်၏။ ၎င်းစွမ်းအင် ကြိုးမျှင်များသည် မူလ ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်သွားကာ၊ ခွန်အားကို နှစ်ဆအထိ တိုးမြင့် သွားစေသည်။

''ဝှစ်.........''

ယင်းစွမ်းအင်များ ပေါင်းစပ်ထားသော လင်းယွန်၏ လက်သီးသည်၊ မိန်ဇီယာ၏ လက်သီးဖြင့် ချက်ချင်းပင် တွေ့ဆုံသွားပြီး၊ လင်းယွန်၏ လက်သီးအတွင်းရှိ မူလ ဝိညာဉ်စွမ်းအင်များသည် မိန်ဇီယာထံမှ ဝိညာဉ်စွမ်းအင်များကို ဖြိုခွဲ ပစ်လိုက်သည်။ ထို့အပြင်၊ သူ့လက်သီးမှ ပိုလျှံနေသော စွမ်းအင် ကြိုးမျှင်များက မိန်ဇီယာ၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက်တိုးဝင် သွားခဲ့သည်။

လင်းယွန်၏ မျက်ဝန်းများတွင် မောက်မာဟန်များ စွန်းထင်လာပြီး၊ ကောက်ကျစ်စွာ ပြုံးရယ် လိုက်၏။ အလွန်အမင်း မာကျောခြင်းသည် ကွဲကြေလွယ်ကူစေပြီး အလွန်ပျော့ပျောင်းသော အရာများက ဖျက်စီးရခက်ခဲလှပေမည်။ ထို့ကြောင့် အမာနှင့် အပျော့ ပေါင်းစပ်မှုသည် အဆုံးစွန်သော လမ်းစဉ် ဖြစ်လေ၏။

'' ဖုန်း......ဝှစ် ဖုန်း ''

လင်းယွန်က သိုင်းကွက် ဆယ်ကွက်ခန့် ဖလှယ်ပြီး နောက်တွင် ခြေလှည်း အနည်းငယ်ခန့် နောက်ဆုတ်လိုက်ရသည်။

အခြားတစ်ဖက်တွင် မိန်ဇီယာသည် လင်းယွန်နှင့် ထိပ်တိုက် တွေ့ဆုံမှု အပြီး၊ သူ့လက်သီးမှတဆင့် နူးညံ့သော စွမ်းအင်ကြိုးမျှင် အချို့ ခန္ဓာကိုယ် အတွင်းသို့ တိုးဝင် လာသည်ကို ဂရုပြုမိလိုက်ပြီး၊ လျင်မြန်စွာ ပိတ်ဆို့ရန် သူ၏ ဒါန်တမ် အတွင်းရှိ ဝိညာဉ်စွမ်းအင်များအား ထပ်မံ တိုးမြှင့်လိုက်ရ၏။

( '' ဒါက....ဘယ်လို စွမ်းအားမျိုးလဲ '' )

ထိုသို့ ပြင်းထန်စွာ ဟန့်တား လိုက်သော်လည်း အနည်းငယ်သော စွမ်းအင် ကြိုးမျှင်အချို့က၊ ၎င်းဟန့်တားမှုမှ လွတ်မြောက်လာပြီး၊ သူ၏ ခန္ဓာကိုယ် အတွင်းသို့ တိုးဝင်လာကာ၊ ရုတ်တရက် မိန်ဇီယာ၏ အတွင်းအင်္ဂါများအား တုန်လှုပ်သွားစေခဲ့သည်။ သူသာ ပေါ့ဆမိပါက ၎င်းစွမ်းအားများကြောင့် ကိုယ်တွင်းကလီစာများ ပြတ်တောက် ကြေမွှ သွားနိုင်ပေမည်။ ယခုတွင်လည်း မိန်ဇီယာ၏ မျက်နှာမှာ ပျက်ယွင်း နေခဲ့ပြီး၊ သူက မလှုပ်ရှားဝံ့တော့ပဲ၊ သူ့ခန္ဓာကိုယ် အတွင်းရှိ ယင်းစွမ်းအင်များကို ဖိနှိပ်ဖို့ရန် အာရုံစိုက် နေခဲ့ရသည်။

တိုက်ပွဲကွင်းပြင်သည် ခဏမျှ တိတ်ဆိတ် ငြိမ်သက်သွားပြီး၊ မြေပြင်၌ မလှုပ်မယှက် ရပ်နေသည့် မိန်ဇီယာနှင့် အခွင့်အရေးကို စောင့်မျှော်နေသော ရွှန်းတူကို တွေဝေစွာ အကဲခတ်လျက် ဓားအား အသုံးပြုရန် ဆုံးဖြတ်လိုက်ကာ၊ သူ့ကျောပြင်ထက်ရှိ ဓားသေတ္တာအား မြေပြင်ပေါ် သို့ ဖြုတ်ချလိုက်၏။

'' ဝုန်း....... ''

ဓားသေတ္တာနှင့် မြေပြင် ရိုက်ခတ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာ ချိန်၌ လင်းယွန်က နုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး၊

“ မင်းတို့တွေက အရှက်မရှိ ကြဖူးပဲ၊ ကောင်းပြီ အပြာရောင်နေမင်း နိုင်ငံရဲ့ ထိပ်ဆုံးရောက် မျိုးဆက် နှစ်ပါးရဲ့ အရည်အချင်းကို ငါကြည့်မယ်၊ လာခဲ့ ...... မင်းတို့ နှစ်ယောက်လုံး တပြိုင်ထဲ လာသင့်တယ်လို့ ငါထင်တယ်"

'' ............. ဝှစ် ''

လင်းယွန်၏ မောက်မာသော စကားသည် လူအုပ်ကြီးအား တုန်လှုပ်ချောက်ချားသွားစေသည်။ ဤလင်းယွန်သည် အပြာရောင်နေမင်း နိုင်ငံ၏ အသန်မာဆုံး ကျင့်ကြံသူ နှစ်ဦးအား အမှန်တကယ်ပင်၊ ရင်ဆိုင်ရန် ဆန္ဒရှိနေပုံရ၏။

ရွှန်းတူနှင့် မိန်ဇီယာ၏ မျက်နှာများမှာ မည်းမှောင်သွား၏။ သူတို့နှစ်ယောက်လုံးသည် လူငယ် မျိုးဆက် အတွင်း ပြိုင်ဘက်ကင်း ခွန်အားကို ပိုင်ဆိုင်ထားကြရာ၊ မာနကြီးသူများ ဖြစ်ကြသော်လည်း ယခုအချိန်၌ လင်းယွန်၏ အရှက်ကွဲခြင်းကို ခံနေရသည်။ ထိုသို့သော မောက်မာမှုမျိုးသည် သူတို့ဘဝတစ်လျှောက်လုံး ကျင့်သုံးလာကြသော နည်းလမ်းများဖြစ်ကာ၊ တစ်စုံတစ်ယောက်သည် သူတို့နှစ်ဦးအား ဤသို့ ပြုမူလာ ပေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှပင်၊ မျှော်လင့် ထားမိခြင်း မရှိချေ။

***

All Chapters