အိုင်းရစ်ဓားသုတ္တန်။
Vol. 10 Ch. 137
'' ငါ့ခန္ဓာကိုယ်ထဲမှာ သူတော်စင်တွေတောင် မမြင်နိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာလား၊ ''
လင်းယွန်၏ မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင် တစ်ချို့ ထင်ဟပ်လာကာ၊ ၎င်းသည် သူ၏ သိုင်းဝိဉာဉ် ဓားကျိုးနှင့် လျှို့ဝှက်ဆန်းကြယ်သော သံကြိုးကိုးခု ဖြစ်ရမည်ဟု ယူဆလိုက်မိ၏။
'' စီနီယာ၊ ငါ့ခန္ဓာကိုယ်ထဲက လျှို့ဝှက်ချက်တွေကို မျှဝေပေး နိုင်မလား"
လင်းယွန်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။
“ မင်းခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ချက်တွေကို မဖတ်နိုင်လို့ ငါမပြောပြ နိုင်ပါဘူး၊ သူတို့ကို မင်းတိုင် ရှာဖွေဖို့ ကြိုးစားသင့်တယ်... ''
" ဒီဂျူနီယာလေးရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ၊ စီနီယာကို အံ့သြသွားစေတဲ့ အရာကိုရော သိခွင့်ရှိမလား... ''
“ ငါရဲ့ အမွေခံကို ရွေးချယ်ရာမှာ၊ ပါရမီနဲ့ ထိုးထွင်းနားလည် နိုင်မှုတွေက အရေးမပါဖူး၊ ခိုင်မာတဲ့ နှလုံးသားနဲ့ သိုင်းတာအို လမ်းမှာ တိုက်ပွဲဝင်လို စိတ်တွေ ပြင်းထန်မဲ့ သူကိုပဲ ငါလိုတယ်၊”
ဓားသူတော်စင်က စကား ခဏရပ် လိုက်ကာ ပြုံးလိုက်ပြီး၊
'' မင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက သိမ်ဖျင်းလွန်းပေမယ့်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မိုးကြိုးလျှပ်စီးခန္ဓာကိုယ် နည်းစနစ်ကို ဒီလောက် အမြင့်ထိရောက်အောင် ဆုပ်ကိုင်ထား နိုင်ခဲ့တာက၊ မင်းရဲ့ နှလုံးသားက ဘယ်လောက်ထိ ခိုင်မာလဲဆိုတာကို သက်သေပြခဲ့ ပြီးသားပါ။ ”
" ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ် စီနီယာ၊ ဒါပေမယ့် တစ်ယောက်ယောက်က စီနီယာရဲ့အမွေကို ယူထားပြီးပြီလို့ ငါထင်ပါတယ်"
“ဟုတ်တယ် ”
ဓားသူတော်စင်က မဆိုင်းမတွပင် ခေါင်းညိတ်လိုက်၏။
“ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက လူတစ်ယောက် ဝင်လာပြီး၊ ဒီလျှို့ဝှက်နယ်မြေ တစ်ခုလုံးကို သန့်စင်ဖို့ ကြိုးစားခဲ့ ဖူးတယ်၊ ဒါပေမယ့် သူ မအောင်မြင်ခဲ့ဖူး၊ အဲ့ဒီနောက်မှာ သူ့ရဲ့ခွန်အားအရ ငါ့ရဲ့ ကန့်သတ်ချက်တွေကို ဖြတ်ကျော်ပြီး၊ ရတနာသုံးပါးကို ယူသွား နိုင်ခဲ့တာပဲ ။....”
တစ်စုံတစ်ယောက်သည် အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေကို သန့်စင် ယူဆောင် သွားရန် ကြိုးစား ခဲ့သည်လော။
ထိုတစ်စုံတစ်ယောက်သည် မဟာချင် အင်ပါယာ ကြီးကို တည်ထောင်ခဲ့သော အင်ပါယာ မင်းမြတ် ဖြစ်နိုင်ပေမည်။
" ရတနာတွေကို ယူဖို့ သူ့ ခွန်အားက သန်စွမ်းလှပေမယ့်၊ ငါ့ရဲ့အသိအမှတ် ပြုမှုကို မရရှိပဲနဲ့ ပင်မအမွေကို သူရနိုင်မှာ မဟုတ်ဘူး။"
ဓားသူတော်စင်က ဆက်လက် ရှင်းပြ လိုက်ရာ၊ လင်းယွန်၏ မျက်လုံးများမှာ ပြန်လည် တောက်ပ လာခဲ့သည်။
" ဒါက..... ဒီရှေးဟောင်းဓားသေတ္တာလား"
လင်းယွန်၏ အမေးကို ဓားသူတော်စင်မှ ယမ်းခါ လိုက်ပြီးနောက် ခေါင်းညိတ်ပြကာ၊
'' ဟုတ်တယ်၊ ဒါပေမယ့် အတိအကျတော့ မဟုတ်ဘူး၊ ဒီဓားသေတ္တာက ပြင်ပကမ္ဘာက တစ်စုံ တစ်ယောက်ကို ခေါ်ဆောင်လာ စေတဲ့ အရာ တစ်ခု သာသာပါပဲ၊ ကံကြမ္မာက နောက်ဆုံးမှာ ငါ့ရှေ့ ပေါ်လာ လိမ့်မယ်လို့ ငါယုံကြည်ခဲ့တယ်၊ ဆိုလိုတာက ငါ .... မင်းကို စောင့်နေခဲ့တာပဲ ''
လင်းယွန်က ချက်ချင်း သဘော ပေါက်သွား၏။ ထို့ကြောင့်ပင် လမ်း တစ်လျှောက် ရှေးဟောင်း ဓားသေတ္တာ၏ လမ်းညွှန်မှုကို ခံရပြီး၊ ဤနေရာသို့ ချောမွေ့စွာ ရောက်ရှိလာ နိုင်ခဲ့သည်။
'' ဒါဆို စီနီယာက အမှောင်ထဲကနေ ကူညီပေးနေခဲ့တာပေါ့.... ''
'' ဆိုပါတော့....ဒါပေမယ့် စစ်ဆေးမှုတွေ အများကြီး ကျန်သေးတယ်၊ ဒီကျောက်စင်မြင့်ထက်က လျှို့ဝှက်ချက်ကို မင်းသာ ရှာမတွေ့နိုင်ရင်၊ အခုလို ငါကို တွေ့မြင်ရမှာ မဟုတ်ဖူး...မင်းရဲ့ ပါရမီနဲ့ ထိုးထွင်းနားလည် နိုင်မှုက ဘယ်လောက်ပဲ ရင့်သန်နေပါစေ၊ ဒီတစ်ကြိမ်မိုက်မဲမှုက မင်းကို ဆုံးရှုံးစေလိမ့်မယ် ''
လင်းယွန်က ရှက်ရွံ့သွားပြီး၊ အစောပိုင်း၌ ထွက်သွားရန် ဆုံးဖြတ် လိုက်မိသော သူ့စိတ်ကူးကို ကျိန်ဆဲလိုက်မိ၏။ ရုတ်တရတ် ပြန်သတိရသွားပြီး၊
'' ဒါနဲ့စီနီယာ ဘာအတွက် ဒီဓားသေတ္တာကို ရည်ရွယ်ချက်ရှိရှိ လွှတ်လိုက်ရတာလဲ ''
'' ငါ့မှာ အချိန်သိပ် မကျန်တော့ဘူး၊ အခုမင်းမြင်နေရတဲ့ ငါ့ရဲ့ ဝိညာဉ် အပိုင်းအစက မကြာခင် ကွယ်ပျောက်တော့မယ်၊ အမွေခံကို ရွေးချယ်ပြီးတာနဲ့.... ဒီနတ်ဆိုး အလောင်းတွေကို ရှင်းပစ်ရလိမ့်မယ်၊ မဟုတ်ရင် ငါပျောက်ကွယ်သွားတာနဲ့ မှော်အစီအရင်က ပျက်ပျယ်သွားပြီး၊ သူတို့တွေက ပြန်လည် ရှင်သန်လာမယ်...''
'' အဲဒါတွေက အသက်ပြန်ရှင် ....လာနိုင်တယ်လား "
လင်းယွန်အကြည့်က အလောင်း ဆယ်လောင်းထံသို့ လှမ်းကြည့်လိုက်ပြီး၊ ထိတ်လန့်သွား၏။ ၎င်းနတ်ဆိုးများသည် သေဆုံးနေသည့် တိုင်အောင် ယိုစိမ့်ကျနေသော နတ်ဆိုးစွမ်းအင် များအရ၊ ရှင်သန်ချိန်တွင် မည်မျှအစွမ်းထက်မည်ကို တွေးတော၍ ရနိုင်ပေသည်။
'' ..................."
'' အဲဒါတွေအတွက် မင်းစိုးရိမ်စရာ မဟုတ်ဘူး၊ ငါ့ရဲ့ ပင်မအမွေကို အခု ငါပေးမယ်။ "
လင်းယွန်၏ မျက်လုံးထဲတွင် အကြောက်တရားများ ရှိနေသဖြင့်၊ ဓားသူတော်စင်က ခေါင်းစဉ်ကို ပြောင်းလဲလိုက်၏။
ထို့နောက်တွင် အဖိုးအို၏ လက်သည် လေထဲသို့ ဝဲတက်လာစဉ် ကျောက်သား စင်မြင့်ထံမှ အလင်းတန်းများ ထွက်ပေါ်လာပြီး၊ ကျောက်စိမ်းတုံး သဏ္ဍာန် ဖွဲ့တည်လာ၏။ ၎င်းကျောက်စိမ်းတုံးသည် လင်းယွန်ဆီသို့ ပျံသန်း ဝင်ရောက် လာသည်ကြောင့်၊ ဖမ်းယူ ဖတ်ကြည့်လိုက်သည်။
'' အိုင်းရစ်ဓားသုတ္တန် .......ကျေးဇူးတင်ပါတယ် စီနီယာ ''
လင်းယွန်က ဝမ်းသာအားရ တုံ့ပြန်လိုက်သည်။ ဓားနည်းစနစ်သည် သူ့အတွက် အလိုအပ်ဆုံး ရတနာများပင် ဖြစ်သည်။
'' ဒီကျင့်ကြံခြင်း နည်းစနစ်က အနာဂတ်မှာ ဓားသေတ္တာကို သန့်စင်နိုင်မယ့် အဓိကသော့ချက် တစ်ခုပဲ၊ ဓားသေတ္တာရဲ့ မူလကို ရှာနိုင်ရင်၊ ဒီနတ်ဆိုး အလောင်းကောင်တွေအကြောင်း မင်းပိုသိ လာလိမ့်မယ်၊ ဒါဆိုရင် ငါက မင်းဆီကို ဘယ်လို တာဝန်တွေ အမွေပေးခဲ့လဲဆိုတာ မင်းနားလည် လာပါလိမ့်မယ် ''
ဓားသူတော်စင်က လင်းယွန်အား လေးနက်နက်စွာ စိုက်ကြည့်လိုက်ပြီး၊
" မင်းတစ်ယောက်တည်း ထွက်သွားချင်လား ဒါမှမဟုတ် မင်းကို လိုက်ပို့ စေချင်သလား "
'' ............... ''
" ဒါပေမယ့် မင်းတစ်ယောက်တည်း ထွက်သွားသင့်တယ်လို့ ငါထင်တယ်။ နတ်ဆိုးဝိညာဉ်တွေက အစွမ်းထက် ပေမယ့် မင်းရဲ့ မိုးကြိုးလျှပ်စီး တိုက်ပွဲဝင် ခန္ဓာကိုယ် အတွက်ကတော့ ကောင်းမွန်တဲ့ ဖြတ်လမ်းနည်း တစ်ခုပဲ ......"
လင်းယွန်က ဓားသူတော်စင်၏ စကားကို သဘာဝအတိုင်း မချေပ နိုင်သော်လည်း၊ ၎င်း၏ ပြောစကားနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လွဲချော်နေသည်ဟု ယူဆမိနိုင်သည်။ နတ်ဆိုး ဝိညာဉ်များကို သူ၏ ခွန်အားဖြင့် တွန်းလှန်ရန်မူ၊ သူ့အတွက် လွယ်ကူမည် မဟုတ်ပေ။
" ဒီအဆောင်ကို မင်းသိမ်းထား နိုင်တယ်၊ ဒါက သာမန် ကောင်းကင် ရတနာတစ်ခုပဲ၊ ငါအသက်ရှင်စဉ် အချိန်ထဲက သန့်စင်ထားခဲ့လို့ ငါ့ရဲ့ စိတ်ဝိညာဉ် အပိုင်းအစတွေ ထည့်သွင်းထားတယ်၊ မင်းရဲ့ ဝိညာဉ်စွမ်းအင်ပေါ် မူတည်ပြီး၊ အဆောင်က အစွမ်းထက်လာလိမ့်မယ်၊ လက်ရှိ မင်ရဲ့ကျင့်ကြံမှု အဆင့်နဲ့ နက်နဲနယ်ပယ်က ကျင့်ကြံသူတွေကို ဖြေရှင်းနိုင်တယ်၊ ဒါပေမယ့် မင်းမှာ အခွင့်အရေး သုံးကြိမ်ပဲ ရှိတယ်....''
'' ချွမ်...... ''
စကားဆုံးသည်နှင့် ဓားသူတော်စင်က သူ့လက်ချောင်းများကို အနည်းငယ် လှုပ်ခတ်လိုက်ပြီး၊ အဆောင်ရတနာကို လင်းယွန်ဆီသို့ ပျံသန်းစေ လိုက်သည်။
၎င်းသည် အဆောင်ရတနာများ၏ သဘောသဘာဝ အတိုင်း သုံးကြိမ်သာ အသုံးပြု နိုင်သော်လည်း၊ လင်းယွန် အတွက်မူ လုံလောက်ပေသည်။
" နူတ်ဆက်ပါတယ်....."
ဓားသူတော်စင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ပတ်ဝန်းကျင် မြင်ကွင်းများမှာ ပြောင်းလဲသွားပြီး၊ အကန့်အသတ်မဲ့ ဓားရောင်ဝါ အဖြစ် ထွက်ပေါ်လာကာ၊ နတ်ဆိုးအလောင်း များဆီသို့ ပစ်လွှတ်လိုက်၏။
'' ဗုန်း......... ''
ထိုအကန့်အသတ်မဲ့ ဓားရောင်ဝါသည် လေထဲသို့ စိမ့်ဝင်သွားပြီး ပြင်းထန်သော အဖျက်စွမ်းအားများ နှင့်အတူ အလောင်းကောင်များအား ချေမွှရန် ပြေးဝင် သွားချိန်မှာပင်၊ ရေဝဲကြီးသည် ဓားသူတော်စင် အပါအဝင် အရာအားလုံးကို စုပ်ယူ သွားလေသည်။
ခဏအကြာတွင် လင်းယွန်က ကျောက်သားစင်မြင့်ပေါ် ထိုင်လျက် သူ့ပတ်ဝန်းကျင်ကို လှည့်ပါတ် ကြည့်လိုက်၏။ တွင်းနက်ကြီး၏ အောက်ခြေသည် ပုံမှန်အတိုင်း ပြောင်းလဲသွားခြင်း မရှိချေ။ လေထုထဲ၌ မည်သည့်အငွေ့အသက်မျှ မကျန်ရှိခဲ့ပဲ၊ သူ့လက်ထဲတွင် အဆောင်ရတနာသာ မရှိပါက၊ ဓားသူတော်စင်နှင့် သူ့တွေ့ဆုံမှုသည် အိပ်မက်တစ်ခုအဖြစ် မှတ်ယူ မိပေလိမ့်မည်။
ဓားသူတော်စင်သည် မိုးကြိုးလျှပ်စီး တိုက်ပွဲဝင် ခန္ဓာကိုယ်ကို ရရှိရန် ဤတွင်းနက်ကြီးအတွင်းရှိ နတ်ဆိုးဝိညာဉ်များဖြင့် သူ့ခန္ဓာကိုယ်အား အကန့်အသတ်ထိ ဖိနှိပ်စေလိုပုံရသည်။
သို့သော် လင်းယွန်သည် ချက်ချင်း ထွက်ခွာလိုခြင်း မရှိခဲ့ပေ။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဝိညာဉ်များကို သူ့နှလုံးသားထဲမှ စိုးရွံ့နေသေးသည်။ ထို့ကြောင့် အိုင်းရစ်ဓားသုတ္တန်ကို လေ့လာကြည့်ရန် ဆုံးဖြတ်လိုက်၏။
[ အိုင်းရစ်ဓားသုတ္တန်တွင် စုစုပေါင်း အဆင့်ဆယ့်ခြောက် ဆင့်ရှိကာ၊ ပထမအဆင့် ခြောက်ဆင့်တွင် ဝိညာဉ်စွမ်းအင်များ အတွင်းသို့ ဓားစွမ်းအင်များကို ပေါင်းစပ်ပြီးနောက်၊ ဒါန်တမ်အတွင်း၌ ခရမ်းရောင်ပန်းကို ဖြစ်တည် လာစေမည်။ ထို့ထက် ပို၍ မြင့်မားသော အဆင့်များ အတွက်မူ၊ ကျင့်ကြံသူ၏ အင်အား လိုအပ်ချက်မှာ၊ နက်နဲနယ်ပယ်ကို ရောက်ရှိ နေဖို့ရန် လို၏။ ]
[ သတ္တမအဆင့်မှ အစပြု၍ ကမ္ဘာပေါ်ရှိ မည်သည့် အရာကို မဆို ဖျက်ဆီးနိုင်သော ခရမ်းရောင်ဓား အရှိန်အဝါကို ပိုင်ဆိုင်လာ ပေလိမ့်မည်။ ...... နဝမအဆင့်တွင် ခရမ်းရောင်ဓား အရှိန်အဝါ ပါဝင်သော ဓားဝင်္ကပါ တစ်ခုကို ခန္ဓာပေါ်၌ ရေးထွင်းလာနိုင်၏။ ၎င်းဓားဝင်္ကပါအား ထုတ်ဖော် လိုက်ခြင်းဖြင့်၊ မိုင်တစ်ရာ ပတ်လည် အတွင်းရှိ ရန်သူများကို အတွေးတစ်စဖြင့်ပင် သတ်ပစ် နိုင်ပေသည်။ ]
[ ဒဿမအဆင့်တွင် ဓားဝင်္ကပါ အတွင်း၌ ခရမ်းရောင် ရေခဲစာကလေးကို ဆင့်ခေါ်နိုင်ပြီး၊ ပို၍ သန့်စင်လာသည် နှင့်အမျှ ရှေးဟောင်း ဒဏ္ဍာရီလာ ရေခဲဖီးနစ် ငှက်၏ အရှိန်အဝါကိုပင် ထုတ်ဖော်နိုင်သည်။ အဆင့်တစ်ဆယ့်သုံးဆင့်တွင်၊ မည်သည့် အရာကို မဆို လောင်ကျွမ်းစေနိုင်သော ခရမ်းရောင်ကောင်းကင်ဘုံ ဓားမီးတောက်ကို ဖွဲ့တည်နိုင်ပေမည်။ ]
[ တစ်ဆယ့်ခြောက်အဆင့်ကို ရောက်သည်နှင့် ဓားသေတ္တာအား သန့်စင် နိုင်မည်ဖြစ်ကာ၊ ၎င်းဓားသေတ္တာ၏ စွမ်းအားကို အပြည့်အဝ သုံးစွဲ လာနိုင်မည်။]
လင်းယွန်က အံ့သြသွားသည်။ ၎င်းသည် ဓားနည်းစနစ် တစ်ခုဟု ထင်ထားခဲ့သော်လည်း၊ မဟုတ်ခဲ့ပေ။ သို့သော် ၎င်းသည် ဓားကိုင်စွဲစရာမလိုပဲ ဓားစွမ်းအင်၊ ဓားအသိကိုထုတ်ဖော် တိုက်ခိုက်နိုင်သော စွမ်းအင်ကျင့်ကြံခြင်း နည်းစနစ် တစ်ခုသာ ဖြစ်သည်။ ဓားသမား တစ်ယောက်အတွက် ဓားကိုင်စွဲစရာ မလိုပဲ၊ ဓားစွမ်းအင်များကို ထုတ်ဖော်နိုင်ခြင်းသည် များစွာ ကျေနပ်စရာ ဖြစ်လာစေမည်။
ထို့အပြင် သူ၏ အသိပညာများ အရ နည်းစနစ်တစ်ခုသည် အဆင့်များ ပိုများလာသည် နှင့်အမျှ အရည်အသွေးများ မြင့်မားလာသည်ဟု ဆိုလို၏။ သူ၏ ယန်သန့်စင်ခြင်းနည်းစနစ်သည် အဆင့်ငါးဆင့်သာ ရှိပြီး၊ ရွှေမီးတောက်ဂိုဏ်း၏ ရွှေမီးတောက် နည်းစနစ်သည်ပင် အဆင့်ခြောက်ဆင့်သာ ရှိသည်။
အဆိုပါ ကျင့်ကြံခြင်း နည်းစနစ် နှစ်ခုစလုံးမှာ ရှန်ရှင်း အဆင့် သိုင်းနည်းစနစ် များထဲတွင် အလွန်ကောင်းမွန်သည်ဟု ယူဆနိုင်သော်လည်း၊ ဤအိုင်းရစ်ဓားသုတ္တန်နှင့် နှိုင်းယှဉ်ပါက များစွာ နိမ့်ကျ ပေမည်။ ထို့ပြင် ၎င်းဓားသုတ္တန်တွင် အဆင့်ပေါင်း ဆယ့်ခြောက်ဆင့် ရှိနေခဲ့ကာ၊ လင်းယွန် သည်ပင်လျှင် သူ၏ လက်ရှိ အသိပညာဖြင့် အိုင်းရစ်ဓားသုတ္တန်ကို အဆင့်သတ်မှတ်၍ မရပေ။
အနည်းဆုံးတော့၊ ၎င်းသည် နက်နဲအဆင့် ကျင့်ကြံခြင်း နည်းစနစ် ဖြစ်ရမည်ဟု ယူဆလိုက်၏။
'' ဒါက..... ဘယ်လို ဓားနည်းစနစ်မျိုးလဲ... ခန္ဓာကိုယ်ပေါ်မှာတောင် ဓားဝင်္ကပါကို ထွင်းနိုင်ပြီး၊ ရှေးဟောင်းသားရဲ ဖီးနစ်ငှက်ကို ဆင့်ခေါ် နိုင်တယ်တဲ့လား.... မယုံနိုင်စရာပဲ... ဒါကြောင့်လည်း စီနီယာရဲ့ ပင်မအမွေ ဖြစ်ထိုက်ပါပေတယ်.... ''
ဤနည်းစနစ်သည် အဆုံး၌ ကောင်းကင်ဘုံဓားမီးတောက်ကိုပင် မွေးဖွားပေး လာနိုင်မည်။ ထို့ကြောင့် ၎င်းသည် ဓားသေတ္တာအား သန့်စင်နိုင်မည့် အဓိက သော့ချက်ဟု စီနီယာ ဓားသူတော်စင်က ပြောခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ၊ ရုတ်တရက် လင်းယွန်က တစ်စုံတစ်ရာကို ချက်ချင်း နားလည်လိုက်၏။ ဓားသူတော်စင်သည် သူ့အား ထွက်သွားဖို့ရန် ဆိုသော်လည်း၊ ဤနေရာမှ ချက်ချင်း ထွက်ခွာ ရမည်ဟု မဆိုလိုခဲ့ချေ။
ယခုအချိန်၌သာ ထွက်သွားခဲ့ပါက၊ နတ်ဆိုးစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ၊ သေချာပေါက် သတ်ပစ်ပေလိမ့်မည်။
'' ဒီလောက်လေးမှ မသိမြင်နိုင်ရင်၊ ငါသေတာတောင် စီနီယာက သနားမှာ မဟုတ်ဖူး .... ''
လင်းယွန်က သက်ပြင်းချကာ ချက်ချင်းပင် ကျင့်ကြံရန် ပြင်ဆင်လိုက်၏။
အိုင်းရစ်ဓားသုတ္တန်၏ ပထမအဆင့်ခြောက်ဆင့်ကို ရှန်ရှင်းဘုံတွင် ကျင့်ကြံနိုင်ပြီး၊ ဝိညာဉ်စွမ်းအင်များနှင့် ဓားစွမ်းအင်များကို ပေါင်းစပ် ရမည်ဟု ဆိုထားရာ၊ ၎င်းသည် လင်းယွန် အတွက် မခက်ခဲနိုင်လှပေ။
***