← Chapters

လျှို့ဝှက်နယ်မြေ ပြိုကျခြင်း။

Vol. 10 Ch. 138

လျှို့ဝှက်နယ်မြေ ပြိုကျခြင်း။

Vol. 10 Ch. 138

လင်းယွန်သည် မဆိုင်းမတွပင် အလယ်အလတ် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ထုတ်ယူလိုက်ကာ၊ လက်တစ်ဖက်စီ၌ ဆုပ်ကိုင်လျက် ထိုင်ချလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။

အိုင်းရစ်ဓားသုတ္တန်၏ နည်းစနစ်များကိုအခြေခံ၍ ဝိညာဉ်စွမ်းအင်များကို သွေးပြန်ကြောများ မှတစ်ဆင့် စတင်လည်ပတ်လိုက်သည်။

လူခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များကို ပင်မအမှတ်များနှင့် ဆင့်ပွားအမှတ်များ အဖြစ် ခွဲခြားထားသည်။ နက်နဲနယ်ပယ်သို့ မရောက်ရှိမီတွင် ကျင့်ကြံသူတစ်ဦးသည် အဓိက အပ်စိုက်မှတ် ရှစ်ခုကိုသာ သန့်စင်နိုင်၏။ ယင်းသည် ပင်မအမှတ်များ ဖြစ်ကာ၊ အခြားတစ်ဖက်တွင်၊ မရေမတွက်နိုင်သော ဆင့်ပွားအမှတ်များရှိပြီး၊ ၎င်းတို့ အားလုံးကို တစ်သက်တာလုံး သန့်စင်ရှင်းလင်းရန်မူ မဖြစ်နိုင်ပေ။

သိုင်းနည်းစနစ်များ အားလုံးသည် တစ်ခုချင်းစီအတွက် စွမ်းအင်လှည့်ပတ်ပုံ ကွဲပြားကြမည် ဖြစ်သည်။ ထိုသို့ အမျိုးမျိုးသော စွမ်းအင် လှည့်ပါတ်ရာ ပုံစံများ အတိုင်း၊ ကိုယ်ခန္ဓာ၏ မူလ စွမ်းအင်ကို အသုံးပြု လှည့်ပတ်လိုက်ခြင်းဖြင့်၊ ၎င်းမူလ စွမ်းအင်များသည် စွမ်းအင်အသစ် အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ ယင်းစွမ်းအင်အသစ်များ၏ အစွမ်းထက်မှုများ အပေါ်မူတည်ကာ၊ ဤသိုင်းနည်းစနစ်များ၏ အဆင့်ကို သတ်မှတ်ကြခြင်း ဖြစ်သည်။

( မူလစွမ်းအင်= ယန်စွမ်းအင်)

( စွမ်းအင်အသစ် = ဝိညာဉ်စွမ်းအင် )

အိုင်းရစ်ဓားသုတ္တန်၏ စွမ်းအင်လှည့်ပတ်ပုံ သည် လျှို့ဝှက်ဆန်းကြယ်လှကာ နားလည်ရခက်လှပေသည်။ လင်းယွန်၏ နားလည်နိုင်စွမ်းမှာ ညံ့ဖျင်းပြီး၊ မှားယွင်းသော ထိုးထွင်း သိမြင်မှုများသာ ရှိခဲ့ပါက၊ ၎င်းအတွက် များစွာသော တန်ဖိုးကို ပေးဆပ်ရ ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ယင်းနည်းစနစ်ကို အပြည့်အ၀ နားလည်ရန် သူ့စိတ်ထဲ၌ အကြိမ်ကြိမ် ရွတ်ဆိုနေမိသည်။

ပြင်းထန်သော အခြေအနေများတွင်၊ သူ၏ အပ်စိုက်မှတ်များကို ဖြတ်သန်း စီးဆင်နေခဲ့သော မူလစွမ်းအင်များမှ ဖြစ်ပေါ်လာသောရုန်းကြွမှုများကို ခံစားရနိုင်၏။ သို့သော် ကံကောင်း ထောက်မစွာဖြင့် ပထမအဆင့်ခြောက်ဆင့်သည် လင်းယွန်အတွက် ပြဿနာမဟုတ်ခဲ့ပေ။

လင်းယွန်က အိုင်းရစ်ဓားသုတ္တန်မှ နားလည်သဘောပေါက် ထားသည်များကို အခြေခံ၍ သူ၏ ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်အနှံ့ ၊ ဖြန့်ကျက် လိုက်သောအခါတွင်၊ သူ၏ ဝိညာဉ်စွမ်းအင်များသည် ပင်မအမှတ်များနှင့် ဆင့်ပွားအမှတ်များ မှတဆင့် စတင်လည်ပတ် လာတော့သည်။

ဆင့်ပွားအပ်စိုက်မှတ် အများအပြားကို ချဲ့ထွင်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်များဖြင့် ပြန်လည် ထုဆစ်လိုက်၏။ သိပ်မကြာခင်မှာပင် သူ့လက်ထဲရှိ အလယ်အလတ် ဝိညာဉ်ကျောက်တုံး နှစ်တုံးမှာ အမှုန်အဖြစ် ကြေမွှသွားတော့သည်။

ထပ်မံ၍ အလယ်အလတ် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ထုတ်ယူကာ ဆက်လက် ကျင့်ကြံနေခဲ့သည်။ အိုင်းရစ် ဓားသုတ္တန်ကြောင့် အရင်းအမြစ်များကို ကုန်ဆုံးစေသောအရှိန်အဟုန်မှာ မကြုံစဖူး ထူးကဲလှပေ၏။

တစ်နာရီအတွင်းတွင်၊ သူသည် အလယ်အလတ် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကျော်ကို ဖြုန်းတီးနေမိပြီ ဖြစ်သည်။

သူ့တစ်ကိုယ်လုံးတွင် ခရမ်းရောင် အခိုးအငွေ့ များဖြင့် ဖုံးလွှမ်းနေခဲ့ပြီး၊ စူးရှသော ဓား အငွေ့အသက် များက စမ်းချောင်းများ ကဲ့သို့ သွေးကြော များအတွင်း စီးဆင်းလာ၏။

မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ကြာကုန်ဆုံး သွားပြီးနောက်၊ လင်းယွန်၏ အလယ်အလတ် ဝိညာဉ်ကျောက် တုံးပေါင်း တစ်သောင်းကျော်၊ ရှန်းရှင်းဆေးလုံးပေါင်း ရာနှင့်ချီကာ ကုန်ဆုံးသွား ခဲ့သည်။ ထို့အပြင် ကျန်ရှိနေသေးသော မူလဝိညာဉ်အဆီအနှစ် ကျောက်စက်ပန်းဆွဲကြီး၏ တစ်ဝက်ကိုပင် ကုန်ဆုံးသွားစေ၏။ သို့သော် ၎င်းသည် အိုင်းရစ်ဓားသုတ္တန်၏ ပထမအဆင့်ကို ဆုပ်ကိုင် နိုင်ရုံမျှသာ ရှိပေသည်။

ဆယ်ရက်အတွင်း ခရမ်းရောင်ပန်းပွင့် ဖြစ်တည်လာစေရန် အိုင်းရစ်ဓားသုတ္တန် လမ်းကြောင်းများ အတိုင်း ( ၃၀၆)ကြိမ် တိုင်တိုင် ကြိုးပမ်းခဲ့သည်။ သို့သော် ကြိုးစားမှုတိုင်းတွင် ခရမ်းရောင် ပန်းပွင့်များ ကွဲအက်ပြီး ကျရှုံးသွားခဲ့ ကြသည်။

သို့သော် အဆုံးတွင် ခရမ်းရောင် ပန်းတစ်ပွင့်၏ ကောက်ကြောင်းကို ဖန်တီးနိုင်ကာ၊ သူ၏ ဒါန်တမ် အတွင်းရှိ ရွှေရောင် မီးတောက်များ ဖုံးလွှမ်းနေသော မုန်တိုင်းသင်္ကေတသည် ခရမ်းရောင် ပန်းပွင့် ပုံသဏ္ဍာန် အဖြစ်သို့ ပြောင်းလဲသွား၏။

၎င်းပန်းသည် အိုင်းရစ်ပန်းတစ်ပွင့်၏ ကောက်ကြောင်း အဖြစ်ကိုသာ ခံယူထား နိုင်သော်လည်း ကြောက်မက်ဖွယ်ခွန်အားကို ခံစားမိလေသည်။

( ခရမ်းရောင်ပန်းပွင့်= အိုင်းရစ်ပန်းပွင့်)

အချိန်အနည်းငယ်ကြာပြီးနောက် လင်းယွန်က မျက်လုံးဖွင့်လိုက်၏။ မမြင်နိုင်သော စွမ်းအင်များက သူ့လက်များကို ရစ်သိုင်းလျက် မီတာတစ်ရာ အကွာအဝေးရှိ ကျောက်နံရံ ဆီသို့ ဖောက်ထွင်း ဝင်ရောက်သွားသည်။

'' ဘုန်း...... ''

ကျောက်တုံးများ လွင့်ပျံသွားကာ၊ နံရံပေါ်၌ လက်မဝက်ခန့် နက်သော လက်သီးရာ တစ်ခု ထွက်ပေါ် လာလေသည်။

'' ဘုန်း......ဘုန်း ဘုန်း ''

လင်းယွန်သည် သူ၏ စွမ်းအင်များကို ပိုမိုထုတ်လွှတ်ကာ နံရံပေါ်တွင် ကြီးမားသော အမှတ်အသားများ ချန်ထားရစ်ခဲ့သည်။ ခဏလေးအတွင်းမှာပင် နံရံသည် ရာနှင့်ချီသောလက်သီးရာများဖြင့် ဖုံးလွှမ်းသွားသည်။

“ အိုင်းရစ်ဓားနည်းစနစ်ရဲ့ ပထမအဆင့်ကတင် ငါ့ရဲ့ ဝိညာဉ်စွမ်းအင်ကို မီတာတစ်ရာလောက်အထိ ပေါက်ကွဲနိုင်စေတယ်၊ ငါရဲ့ ဝိညာဉ်စွမ်းအင်တွေ ထဲမှာ ဓားသွားတွေလို ထက်မြတဲ့ အရှိန်အဝါတွေ ပါနေပါလား။ ”

အတိတ်ကာလတွင် မီတာတစ်ရာအကွာအဝေးတွင်ရှိသော ကျောက်တုံးများကို ဖြိုခွဲဖို့ရန် ပျော့ပျောင်းသော စွမ်းအင် ကြိုးမျှဉ်များကို အားကိုးရပေမည်။

လင်းယွန်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။ သူက အိုင်းရစ်ဓားနည်းစနစ်၏ အကန့်အသတ်ကို စမ်းသပ်ချင်၏။ ထို့ကြောင့် ကျောက်သားစင်မြင့်ထံသို့ လက်သီးတစ်ချက်ကို ချိန်ရွယ် ထိုးချလိုက်သည်။

'' ဘုန်း......''

ပင့်ကူအိမ်ပုံစံဖြင့် အက်ကွဲကြောင်းများ ပျံ့နှံ့သွားကာ၊ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး၊ အက်ကွဲကြောင်းများသည် ခဏချင်းမှာပင် ပြန်လည် ကောင်းမွန် သွားခဲ့၏။

“ ငါ့ရဲ့ သိုင်းဝိညာဉ်ထဲက ငွေဖြူရောင် အလင်းကို မသုံးရင်တောင် ဒီဓားစွမ်းအင်ကတင် ကြောက်စရာ ကောင်းနေပြီ၊ စီနီယာရဲ့ ကျောက်သားစင်မြင့်ကို မှော်ဝင်္ကပါနဲ့သာမကာကွယ်ထားရင် ငါ့လက်သီးချက်ကထိခိုက်ပျက်စီး စေလောက်ပြီ.....”

လင်းယွန်၏ မျက်လုံးများ မှတဆင့် အေးစက်သော အလင်းတန်းတစ်စ လင်းလက်လာသည်။ သူ၏ ဝိညာဉ်စွမ်းအင်သည် ယခုအချိန်၌ မိန်ဇီယာ၏ ရွှေမီးတောက် နည်းစနစ်ဖြင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။ တစ်ချိန်က သူ၏ ယန်သန့်စင်ခြင်း နည်းစနစ်သည် မိန်ဇီယာ၏ ရွှေမီးတောက် နည်းစနစ်ကို တုန့်ပြန် နိုင်ခြင်း မရှိခဲ့သောကြောင့် စိတ်ပူပန် ခဲ့ရသည်။

သို့သော် ဤအိုင်းရစ်ဓားသုတ္တန်ကို ကျင့်ကြံရန် လိုအပ်သော အရင်းအမြစ်သည် ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင်၊ မြင့်မားလှပေ၏။ သူ၌ ရှိသမျှ အရင်းအမြစ်များ ကုန်ဆုံးသွားခဲ့သည်တောင် ပထမအဆင့်ထက် ပို၍ မဆုပ်ကိုင်နိုင် ခဲ့ချေ။ စွမ်းအင်ကျင့်ကြံခြင်း နည်းစနစ်တစ်ခုသည် အဆင့်မြင့်လေလေ လေ့ကျင့်ရန် အရင်းအမြစ်များ ပို၍ စိုက်ထုတ် ကုန်ခမ်းလေလေ ဖြစ်သည်။ ထို့အပြင် သူ၏ နိမ့်ကျသော ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် သာ၍ ဆိုးလှပေ၏။

လင်းယွန်က ခေါင်းယမ်းလိုက်ပြီး အတွေးအားလုံးကို လွှင့်ပစ်လိုက်သည်။ သူက အနည်းငယ် ကျေနပ် နေမိသော်လည်း သနားစရာ ကောင်းနေသေး၏။ သူ၌ ဓားသူတော်စင်၏ သန်မာသော စွမ်းအင်ကျင့်ကြံခြင်း နည်းစနစ်ရှိသော်လည်း၊ ၎င်းနှင့် တွဲဖက်အသုံးပြုရမည့် တိုက်ခိုက်ရေး နည်းစနစ်များ မရှိပေ။ မိုးကြိုးလက်ခုပ်သံငါးပါး ဓားနည်းစနစ်သည် အိုင်းရစ်ဓားသုတ္တန်ဖြင့် မကိုက်ညီပေ။

" နေဦး... ငါမှာ ကျောက်စိမ်းတုံး ရှိသေးတယ် မဟုတ်လား ''

လင်းယွန်က သတိရသွားပြီး၊ ကျောက်စိမ်းတုံးကို ထုတ်ယူလိုက်သည်။

“ ငါ့ရဲ့ လက်ရှိ ခွန်အားက၊ ဒါကို ဖြေရှင်းနိုင်ဖို့သင့်ပြီ.... ”

ထို့နောက်တွင် နဖူးပေါ်သို့ ကျောက်စိမ်းတုံးကို တင်ယူ လိုက်သောအခါတွင် အချက်အလတ် အများအပြားသည် သူ့စိတ်ဝိညာဉ်ထဲ ဝင်ရောက်လာ၏။

[ “ လျှို့ဝှက်နည်းစနစ်— နတ်ဘုရားပုံရိပ်ယောင်ဓား။ အလွန်အစွမ်း ထက်မြက်သော၊ အဖျက်စွမ်းအားကို ပိုင်စိုးပေမည်။ ဤနည်းစနစ်အား ကျင့်ကြံမည့် သူသည် ရုပ်ခွန်အား အလွန်အမင်း သန်စွမ်းဖို့ရန် လို၏။ သို့မှသာ ၎င်းနည်းစနစ်၏ အစွမ်းထက်သော တန်ပြန်မှုများကို ခံနိုင်ရည် ရှိပေမည်။…” ]

'' အဆင်သင့်လိုက်တာ.... ငါ့ရဲ့ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်က ဒီနည်းစနစ်အတွက် သင့်တော်တာပဲ ''

[ '' နတ်ဘုရားပုံရိပ်ယောင်ဓားတွင် အဆင့်ငါးဆင့်ရှိ၏၊ ၎င်းအဆင့်များမှာ၊

ပထမအဆင့်— အရှိန်အဝါကိုကျစ်လစ်စေခြင်း၊ ပုံရိပ်ယောင်လက်ညိုး၊

ဒုတိယအဆင့်— အထွတ်အထိပ်ခွန်အား၊ အကြွင်းမဲ့ ထိမှန်ခြင်း၊

တတိယအဆင့်—နှလုံးသားချိတ်ဆက်မှု၊ ဝိညာဉ်ဓားသွား၊

စတုတ္ထအဆင့်- အထွတ်အထိပ်လက်ညိုး၊ မဟာကပ်ဘေး၊

ပဉ္စမအဆင့်—ပုံရိပ်ယောင်လက်ညိုးများ၊ ကြယ်တာရာဆင်းသက်ခြင်း ....

တို့ ဖြစ်သည်။ ခိုင်မာသော ယုံကြည်မှု မရှိပါက ကျင့်ကြံဖို့ရန် မကြိုးစားသင့်ချေ၊ ၎င်းသည် ဓားသူတော်စင်ဟု ဆိုသော ငါ၏ နာမည်အား အရှက်ရစေမည်.........” ]

နောက်ဆုံးစာကြောင်းကြောင့် လင်းယွန်က ပြုံးလိုက်သည်။ နတ်ဘုရားပုံရိပ်ယောင်ဓား သည် ဓားသူတော်စင်မှ ချန်ထားခဲ့သော နည်းစနစ် တစ်ခု ဖြစ်နိုင်သည်ဟု မမျှော်လင့်မိပေ။ ထို့အပြင် ၎င်းနည်းစနစ်သည် လင်းယွန်ယူဆထား သကဲ့သို့ ဓားသိုင်းနည်းစနစ် တစ်ခုမဟုတ်ခဲ့ပဲ၊ လက်နက်မဲ့ တိုက်ခိုက်ရေးနည်းစနစ်တစ်ခုသာ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်စွမ်းအင်များနှင့် ဓားစွမ်းအင်များကို ပေါင်းစပ် နိုင်သည့်နောက်တော့ အစွမ်းထက်သော ဓားအရှိန်အဝါများကို တမဟုတ်ချင်းပင် ထုတ်ဖော်လာ နိုင်မည် ဖြစ်သည်။

၎င်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဓားတစ်လက်ဖြင့် ပေါင်းစပ် သန့်စင်ထားသကဲ့သို့ မြင့်မြတ်သော အသရေကို ရရှိစေသည်။ ယင်းသည် ဓားသမားတစ်ယောက်အတွက် အကျွင်းမဲ့ ယုံကြည်မှုကို ရရှိ လာပေမည်။

ထို့ကြောင့်ပင် ဓားသူတော်စင်က သူ အသက်ရှင်နေစဉ် အချိန်ကာလ၌ အလွန်မာနကြီးကာ၊ ဤကမ္ဘာပေါ်ရှိ လူအများစုအား သူ့မျက်လုံးများ အတွင်းတွင် လူပြက်များ အဖြစ်သာ ရှုမြင်နေမည်ကို တွေးကြည့်နိုင်ခဲ့သည်။

၎င်းသည် လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်သောကြောင့်၊ ယင်းတွင် ထက်ရှသော နားလည်မှုများ ရရှိရန် လိုအပ်ချက်ဘရှိရ ပေမည်။ မည်သူမဆို ကျင့်ကြံနိုင်လျှင် ထိုနည်းစနစ်သည် လျှို့ဝှက်နည်းစနစ် တစ်ခု မဟုတ်နိုင်တော့ပေ။

“ ခွင့်လွှတ်ပါ စီနီယာ၊ ဒီနေ့ ဒါကို ဖြေရှင်းဖို့ ကြိုးစားပါ့မယ်”

လင်းယွန်က မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လျက်၊ (၃)နာရီကျော်ကြာအောင် ကျောက်စိမ်းတုံးကို ၊ သူ၏ နဖူး၌ ထိကပ်ထားခဲ့သည်။ ထို့ နောက်တွင် ကျောက်စိမ်းတုံးကို ဖယ်လိုက်ပြီး၊ သူ့လက်မနှင့် လက်ခလယ်ကို ထိကပ်ထားလိုက်၏။

ခဏအကြာတွင် လက်ညှိုးကို လေထုထဲသို့ ထိုးထုတ်လိုက်ရာ၊ လေထုထဲ၌ ဓားတစ်လက်သဏ္ဍာန် မီးတောက်များ ထွက်ပေါ်လာပြီးနောက်၊ ကောင်းကင်အထိ ထိုးဖောက်ဝင်ရောက်သွားကာ၊ လေဟာနယ်အား တုန်ခါသွားစေခဲ့သည်။

အိုး...... ။

ယင်းဓားမီးတောက်သည် မီတာတစ်ထောင်ကွာဝေးသော နံရံပေါ်တွင် နက်နဲသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။

'' ဝှစ်....... ဝုန်း ''

နှင်းခဲများ ကြွေဆင်းလာ သကဲ့သို့ ၎င်းနံရံဆီမှ ကျောက်တုံးများ ပြုတ်ကျ သွားကုန်၏။ လင်းယွန်သည် ထိုစွမ်းအားကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ၊

" သာမာန် သတ္တမအဆင့်သိုင်းသမားတစ်ယောက်ကတောင် ဒီအရွေ့ကို ရင်မဆိုင်နိုင်မှာကို ငါကြောက်တယ် "

သတ္တမအဆင့်ကျင့်ကြံသူများသည် ဤထက်ပို၍ ပြင်းထန်သော တိုက်ခိုက်မှုများကို တွန်းထုတ်နိုင်သော်လည်း၊ လက်ညှိုးတစ်ချက်ညွှန်ပြရုံဖြင့် ဖြစ်ပေါ်လာသော ဖျက်ဆီးစွမ်းအားထံမှ ရှောင်တိမ်း လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ချေ။

“ မယုံနိုင်စရာပဲ၊ လက်ညှိုးတစ်ချက် လှုပ်ရုံနဲ့ ဒီလို အဖျက် စွမ်းအားမျိုးကို ထုတ်လွှတ် ပေးနိုင်တယ်လား၊ ဟားဟားဟား ကျေနပ်စရာပဲ၊ အခု ငါထွက်ဖို့ အချိန်ရောက်ပြီ။ ''

လင်းယွန်က ကျင့်ကြံခြင်းကို ရပ်နားလိုက်ကာ၊ တွင်းနက်ကြီး၏ အဝထံသို့ မော့ကြည့်လိုက်မိသည်။ ယခုအချိန်တွင် သူ၏ အရေပြားသည် ကျောက်စိမ်းတုံး တစ်တုံးကဲ့သို့ တောက်ပ ပြောင်းလဲသွားကာ၊ ခရမ်းရောင် အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။

၎င်းသည်နတ်ဆိုး စွမ်းအင်များ၏ ကြောက်မက်ဖွယ် ကောင်းသော အရသာကို မြည်းစမ်းဖူး ခဲ့ရသောကြောင့် မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကို သတိကြီးကြီးဖြင့် အစပျိုးလိုက်ခြင်း ဖြစ်သည်။

ထို့နောက်တွင် သူ၏ အင်အား အကုန်အစင်ကို အသုံးပြုကာ တွင်းဝသို့ ခုန်တက်လိုက်၏။ သို့သော် တွင်းဝဆီသို့ ရောက်ရှိရန် များစွာလိုအပ်နေခဲ့ပြီး၊ နီးစပ်ရာ ကျောက်တုံးတစ်တုံးပေါ်သို့ ခုန်ဆင်းလိုက်ရသည်။

'' ဝှစ်.......... ''

တစ်ဆက်တည်းမှာပင် နတ်ဆိုးဝိညာဉ်စွမ်းအင်များက လင်းယွန်၏ ခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက် လာတော့၏။ ကံကောင်းထောက်မစွာ၊ ဤနေရာရှိ အနက်ရောင် ဝိညာဉ်စွမ်းအင်များမှာ သိပ်သည်းခြင်း မရှိသောကြောင့်၊ လင်းယွန်သည် ၎င်းကို အလွယ်တကူ ခံနိုင်ရည်ရှိခဲ့သည်။

နှစ်နာရီအကြာတွင် အနက်ရောင်ဝိညာဉ်စွမ်းအင်များ ပို၍ ပြင်းထန်လာသော အခါ နာကျင်မှုသည် လင်းယွန်၏ စိတ်အား လွှမ်းခြုံ သွားတော့သည်။ ၎င်းသည် ပြင်းထန်လွန်းခဲ့ပြီး၊ ဖော်မပြနိုင်သော နာကျင်မှုကို ခံစားခဲ့ရ၏။

လင်းယွန်၏ အသိစိတ်တွင် အနက်ရောင် ဝိညာဉ် စွမ်းအင်များ စတင် ဝင်ရောက် လာ သောအခါ၊ သူ့ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှ သိပ်သည်းသော ဝိညာဉ် စွမ်းအင် များကို ထုတ်လွှတ်ပေးခဲ့ပြီး၊ ပြန်လည် ခုခံလာ၏။

သို့သော်ငြားလည်း ၎င်းအနက်ရောင် ဝိညာဉ်စွမ်းအင်များမှာ ပိုမို များပြားလာပြီး သူ့မျက်နှာပေါ်တွင် ဆိုးရွားသော ဒဏ်ရာများကို ဖြစ်ပေါ်လာစေခဲ့သည်။

သူ၏ အရေပြားပေါ်ရှိ ခရမ်းရောင် တောက်ပမှု သည် ပိုမို အားကောင်းလာကာ မီးလျှံနတ်ဆိုးခန္ဓာကိုယ်၏ ကြက်သွေးရောင် အဆင်းသည် တဖြည်းဖြည်း လျော့နည်းလာ၏။

မိုးကြိုးလျှပ်စီး ခန္ဓာကိုယ်သည် မိုးကြိုး ဒြပ်စင်ကို အသုံးပြုကာ ကိုယ်ခန္ဓာ သန့်စင်မှု နည်းစနစ်တစ်ခု ဖြစ်သည်။

'' စီနီယာက ငါ့ကို မလိမ်ဘူးပဲ။ ''

လင်းယွန်၏ မျက်လုံးများသည် စိတ်အား ထက်သန်စွာဖြင့် တောက်ပလာသည်။ သူသည် သွားများကို ကြိတ်ကာ ဆက်တက် ခဲ့သည်။

သူ၏ ကိုယ်ခန္ဓာသည် ဤငရဲကို ဆက်လက်ခံယူပြီး ကြောက်မက်ဖွယ် ကောင်းသော အရှိန် အဟုန်ဖြင့် ပြန်လည်အားကောင်းလာ၏။

'' ဝှစ် ......... ''

အဆုံး၌ တွင်းအဝသို့ ခုန်တက် နိုင်ခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ်သည် အကန့်အသတ်ကို ချိုးဖြတ် သွားကာ၊ ခရမ်းရောင် အဆင်း သဏ္ဍာန်များ ပေါက်ကွဲ ထွက်လာလေသည်။

အညစ်အကြေး များဖြင့် ပြည့်လျှံနေသော အရေပြားများမှာ အလွှာလိုက် ကွာကျကုန်ပြီး၊ ၎င်းအောက်မှ ကျောက်စိမ်းတုံး တစ်တုံးကဲ့သို့ ချောမွတ်နေသော ခန္ဓာကိုယ် တစ်ခု ထွက်ပေါ် လာလေသည်။

ဤသည်မှာ မိုးကြိုးလျှပ်စီးခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်မှ ပျောက်ဆုံးနေသော နောက်ဆုံး အဆင့်ကိုအောင်မြင် သွားခဲ့ခြင်း ဖြစ်၏။

လင်းယွန်က သူ့အောင်မြင်အတွက် စွမ်းအားအသစ်ကို စမ်းသပ်ခြင်းငှာ မစောင့်နိုင် တော့ပဲ၊ ထွက်ပေါက်ဆီသို့ ဦးတည် သွားမိ သည်။

သိပ်မကြာခင်မှာပင် ကောင်းကင်၌ ကြယ်ပွင့်များ တွေ့မြင် လိုက်ပြီးနောက် စိတ် သက်သာရာ ရခဲ့၏။ နောက်ဆုံးတော့ ဤနေရာမှ ထွက်သွား နိုင်ပေတော့မည်။

'' ဝုန်း..... ဝုန်း ဝုန်း ''

သို့သော် ရုတ်တရက် ဓားသင်္ချိုင်း ပြိုကျ သွားပြီး ရှေးဟောင်း ဓားရှည်များ အပိုင်းပိုင်း ကွဲသွားကာ လေထဲ၌ လွင့်မျော သွား၏။

ဓားသူတော်စင်သည် နတ်ဆိုး ဆယ်ကောင်ကို ဖျက်ဆီးရန် သူ၏ ဝိညာဉ် အပိုင်းအစကို စတေး ခဲ့ရပြီး လျှို့ဝှက် နယ်မြေအား ပြိုလဲသွားစေခဲ့သည်။

လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ထွက်ပေါက် ဆီသို့ ဦးတည် ပြေးသွားနေစဉ်၊ ရုတ်တရက် ဓားခန်းမအား လွှမ်းခြုံထားသော မှော်ဝင်္ကပါတွင်၊ အက်ကြောင်းများ ပေါ်လာ သည်ကို သူတွေ့လိုက်ရလေသည်။

***

All Chapters