← Chapters

စိုးရိမ်ပူပန်မှု အတွက် ကျေးဇူးတင်ပါတယ်။

Vol. 10 Ch. 139

စိုးရိမ်ပူပန်မှု အတွက် ကျေးဇူးတင်ပါတယ်။

Vol. 10 Ch. 139

အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေသည် အကန့်အသတ်မရှိအောင် ကျယ်ပြော လှပေသည်။

၎င်း၏ လေထုသည် ကြမ်းရှပြီး၊ ရှေးဟောင်းအငွေ့အသက်များဖြင့် ပြည့်နှက် နေခဲ့ပြီး၊ ထိုအပျက်အစီး များကြားတွင် ခန်းနား ထည်ဝါသော ဓားခန်းမတစ်ခု တည်ရှိသည်။

၎င်း၏ တည်ရှိမှုသည် ညှိုးနွမ်းနေသော ပန်းပွင့်များကြားမှ အဆုံးမရှိ ကျက်သရေဖြင့် ပြည့်စုံသော ကြာပန်းကဲ့သို့ တင့်တယ်လှ၏။

လူအများစုသည် အစွန်အဖျား နယ်မြေများတွင် ရတနာများကိုသာ ရှာဖွေ နိုင်ပြီး ရတနာများ ပေါ်လာသည့် အခါ တိုင်းတွင် ကြီးမားသော ရုန်းရင်းဆန်ခတ်များ ဖြစ်ပေါ် လာတတ်သည်။

ဓားခန်းမသည် လျှို့ဝှက်နယ်မြေ၏ ဗဟိုချက်ဖြစ်ပြီး၊ အဖိုတန်ရတနာများစွာကို ယင်းနယ်မြေ၌ တွေ့ရှိနိုင်သော်လည်း၊ အုပ်မိုး ထားသော ဓားရောင်ဝါသည် စွန့်စားသူ (၉၉%)ကို ဟန့်တား ထားနိုင်သည်။

ဓားခန်းမ၏ မှော်ဝင်္ကပါကို ရင်ဆိုင်ရန် မစွမ်း ဆောင်နိုင် ကြပေ။ ထို့ကြောင့် ရတနာ ရှာဖွေသူ အများ စုမှာ၊ တုံ့ဆိုင်း စွာဖြင့် မထွက်ခွာမီ ဓား ခန်းမကို တစ်ချက် ကြည့်လိုက် ရုံသာ တက်နိုင်၏။

သို့သော် ယနေ့တွင် ဓားခန်းမ အတွင်းမှ လူအုပ်စုကြီး ထွက်ပေါ် လာပြီး၊ ဆူညံသံ များကြောင့် လူ အများ၏ အာရုံ စိုက်မှုကို ခံခဲ့ ရသည်။

" ရွှန်းတူ..... "

"ဒါက သွေးတိမ်ဂိုဏ်းပဲ "

စူးစမ်းနေသည့် လူအုပ်ကြီး၏ အသံများ လျှံတက်လာပြီး၊ ၎င်းမှာ အဆုံးသတ် မဟုတ် ခဲ့ပေ။ လေတိုး သံများ နှင့်အတူ နောက်ထပ် လူရိပ်များ ထပ်မံ ထွက်ပေါ်လာသည်။

" ဒါက ရွှေမီးတောက်ဂိုဏ်း...."

မိန်ဇီယာနှင့် ရွှန်းတူတို့၏ မျက်နှာများသည် ဖြူလျော့နေခဲ့ပြီး၊ သူတို့၏ နှုတ်ခမ်းများတွင် သွေးစများပင် စီးကျနေခဲ့ကာ၊ ညာလက်များ၌ ကျောက်စိမ်းတုံး တစ်တုံးစီအား တင်းကျပ်စွာ ဆုပ်ကိုင်ထားကြ၏။

၎င်းမှာ ယင်းကျောက်စိမ်းတုံး များကို သိမ်းယူရာ၌ ကန့်သတ်စည်း များကြောင့် အနည်းငယ် ဒဏ်ရာ ရရှိခဲ့ ပုံရသည်။

" ကျွတ်... ကျွတ် ....သေးငယ်တဲ့ ကန့်သတ်ချက်စည်းလေးကို ချိုးဖျက်ဖို့ အရမ်းအား စိုက်ထုတ်ထားရတဲ့ အမှိုက်တစ်စ ပါလား ....၊ မင်းကိုင်ထားတဲ့ ကျောက်စိမ်းတုံးက အမှိုက်ပုံဖြစ်မယ် ထင်တယ် ''

ရွှန်းတူက မိန်ဇီယာ၏ ဒဏ်ရာ အချို့အား ကြည့်လျက်၊ ဦးစွာ လှောင်ပြောင် လိုက်၏။

ဂိုဏ်းနှစ်ဂိုဏ်းသည် ဓားခန်းမအတွင်း လေးရက်ကြာ စောင့်ကြည့်နေခဲ့ပြီး၊ လင်းယွန် သေဆုံးကြောင်း သေချာသော အခါမှသာ ထွက်ခွာ လာခဲ့ကြသည်။

သို့သော် ၎င်းတို့သည် လက်ဗလာဖြင့်၊ ထွက်ခွာ သွားရန် ဆန္ဒမရှိခဲ့ကြပေ။

ထို့ကြောင့် ဓားခန်းမမှ ကျောက်စိမ်းတုံး တစ်တုံးကို ရယူရန် သူတို့၏ အဆင့်မြင့် တော်ဝင် လက်နက် များကို အသုံးပြုခဲ့ကြသည်။

မိန်ဇီယာက သူ့နှုတ်ခမ်း ပေါ်ရှိ သွေးစ အချို့ကို သုတ်ယူ လိုက်ပြီး၊ ယုံကြည်မှု အပြည့်ဖြင့် တုန့်ပြန် မိ၏။

" မင်းကို စိတ်ပျက်စေမိမှာ ငါကြောက်တယ် ......"

'' ဝှစ်...... ''

ထို့နောက်တွင် သူ့လက်ကို ဖွင့်ကြည့် လိုက်ရာ လက်ဖဝါးပေါ်ရှိ ကျောက်စိမ်းတုံးက၊ စူးရှသော ဓားရောင်ဝါ များကို ထုတ်လွှတ်လာ လေသည်။

'' ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ဓားရောင်ဝါလဲ....''

"ဒါဟာ နက်နဲသိုင်းနည်းစနစ်တစ်ခု ဖြစ်ရမယ်။"

" မဟုတ်သေးဘူး၊ ဒါက လျှို့ဝှက် နည်းစနစ် တစ်ခုတောင် ဖြစ်နိုင်တယ်..."

သွေးတိမ်ဂိုဏ်း၏ တပြည့်များ အားလုံးမှာ တုန်လှုပ် ချောက်ချား သွားကြပြီး၊ ကြည့်ရှုနေသူ များကိုလည်း စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ် လာ စေသည်။

'' ကဲ၊ ဘယ်သူ့ ကျောက်စိမ်းတုံးက အမှိုက်ပုံးလဲ ဆိုတာ မင်းမြင်ပြီလား။ ''

မိန်ဇီယာက ပြုံးလျက် ရွှန်းတူ၏ အုံ့မှိုင်း နေသော မျက်နှာကိုကြည့်ကာ၊ သူ့နဖူး ပေါ်သို့ ကျောက်စိမ်းတုံးကို ထိကပ်လိုက်၏။

နောက်တစက္ကန့်အတွင်း သူ့စိတ်ထဲသို့ များလှစွာသော သတင်းအချက် အလက်များ ဝင်ရောက် လာလေသည်။

[ ဇူလိုင် ၁၅ ရက်၊ တိမ်ထူတဲ့နေ့။ သခင်လက်အောက် ရောက်လာတာ နှစ်လ နီးပါး ရှိပြီ၊

စီနီယာအစ်ကို၊ အစ်မတွေက ငါ့ကို ကောင်းကောင်း ဆက်ဆံပြီး၊ အိမ်ယာမဲ့ အနှိမ်ခံ ဘဝထက် အများကြီး နေသာပါတယ်၊

ငါ့သခင် အတွက် ဆေးအမယ်တွေစုဖို့ ဒီနေ့ တောင်အောက်ကို ဆင်းလာတဲ့ အခါ လမ်းတစ်လျှောက်မှာ ဝိုင် အနည်းငယ် သောက်ခဲ့တယ်၊ ဘဝက နေပျော်စရာ ကောင်းလိုက်တာ၊ ..... ]

မိန်ဇီယာ မျက်နှာမှာ၊ ရှုံ့တွ ဖြူဖျော့ သွား၏ ။

"ဟား ဟား ဟား......"

၎င်းမြင်းကွင်းကြောင့် ရွှန်းတူက ကျယ်လောင်စွာ ရယ်မော လိုက်သည်။ မိန်ဇီယာ၏ ကျောက်စိမ်းတုံးသည် အမှိုက်တစ်စဖြစ်ကြောင်း သူမှန်းဆ နိုင်ခဲ့ပေ၏။

"မင်း ကောင်းကောင်း လုပ်နိုင်ခဲ့မယ်လို့ ငါတစ်ခုမှ မယုံကြည်ခဲ့ဖူး ဘူး ...ဟားဟားဟား "

" ငါက အမှိုက် တစ်စကို ရယူ လိုက်မိတယ် ဆိုရင်တောင် မင်းလည်း မထူးပါဖူး.....''

ရွှန်းတူက ပြုံးလျက် တုန့်ပြန်လိုက်ကာ၊ သူ့ကျောက်စိမ်းတုံးကို ဖွင့်ပြလိုက်၏။ သူ့လက်ဖဝါး ပေါ်ရှိ ကျောက်စိမ်းတုံးသည် ပန်းသွေးရောင် သန်း နေပြီး၊ ၎င်းသည် ကြယ်တစ်စင်း ကဲ့သို့ တောက်ပနေခဲ့လေပြီ။

'' ဘယ်လောက်တောင် လှလိုက်တဲ့ ကျောက်စိမ်းတုံးကြီးလဲ...''

'' ဒီကျောက်စိမ်းတုံးက ရတနာပဲဖြစ်ရမယ်၊ ရွှန်းတူရဲ့ မောက်မာမှုက ဒီက ရလာတာပဲ ....''

" ဒါဆို သူက မိန်ဇီယာကို အရှက်ရစေအောင် စောင့်နေခဲ့တာပေါ့ ..."

ရွှန်းတူက ကျောက်စိမ်းတုံးကို နဖူးပေါ်ကပ်တင်လိုက်ရာ၊ အချက်အလက် လှိုင်းများသည် သူ့စိတ်အား လွှမ်းခြုံသွားခဲ့၏။

[ ဇွန် ၁၈၊ ရှင်းတဲ့နေ့။ ဂျူနီယာတပည့်အသစ်တစ်ယောက် ရောက်လာတယ်၊ သူ့ရဲ့ 'နုံအ'မှုက ချစ်စရာ ကောင်းလွန်းတယ်၊ ဒါပေမယ့် သူက အရမ်းကြည့်ကောင်းတယ်၊ သူ့ကို နောက်ပြောင်တာက ပျော်စရာကောင်းပေမယ့်၊ စီနီယာအစ်ကိုက သူ့ထက် ပိုချောတယ်၊ ဒီနေ့ ဓားသင်္ချိုင်းကို စီနီယာအစ်ကို ပြန်လာမယ်။ ငါ အနီရောင်ကို ဝတ်ရမလား၊ ဒါမှမဟုတ် အပြာရောင်ဝတ်စုံလား၊ ရွေးရခက်လိုက်တာ... ]

'' ရွှန်းတူ.... မင်းရဲ့အစွမ်းထက်တဲ့ နည်းစနစ်ကို ငါတို့ကို မျှဝေဖို့ စိတ်ကူးရှိလား။"

ရွှန်းတူ၏ ဆိုးရွားသော အမူအရာကို မြင်သောအခါ မိန်ဇီဟာက ရယ်မောလိုက်သည်။

"ဘာလို့ ငါက မင်းကို ဝေမျှရမှာလဲ"

'' အဲဒါက မိန်းမတစ်ယောက်ရဲ့ အချစ်မှတ်တမ်းလေးလို့တော့ ငါ့ကို မပြောနဲ့ ....''

မိန်ဇီယာက ထိုအခွင့်အရေးကို လက်လွှတ်မခံပဲ၊ ဆက်လက် လှောင်ပြောင် လိုက်၏။

လူအုပ်ကြီးမှာ သူတို့နှစ်ဦး၏ ကျောက်စိမ်းတုံးများမှာ အမှိုက်များသာ ဖြစ်ကြောင်း ချက်ခြင်း နားလည်သွားကြသည်။

ထိုအချိန်မှာပင် မြေပြင်သည် တုန်ခါသွားခဲ့ပြီး၊ ဓားခန်းမသည် ရုတ်တရက် ပြိုကျသွား လေသည်။

'' ဝုန်း....... ''

ပြိုကျခြင်းများကြောင့် ဖုန်မှုန့်များ ထူထပ်လာကာ တပြိုင်နက်တည်း ကြောက်မက်ဖွယ်ကောင်းသော ဓားရောင်ဝါသည် ပတ်ဝန်းကျင်ကို လှိုင်းလုံးများသဖွယ် ရိုက်ခတ်လာတော့၏။

အခြားတစ်ဖက်တွင် မြေကြီးပြိုကျမှု နှင့်အတူ ဓားစွမ်းအင်လှိုင်များကြောင့် လူအုပ်ကြီးမှာ ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် အပြေးအလွှား ရှောင်တိမ်း လိုက်ရသည်။ မိန်ဇီယာနှင့် ရွှန်းတူသည်လည်း မျက်မှောင်ကြုတ်လျက် ဆုတ်ခွာ လိုက်ကြပြီး၊ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့သည် ဤအခြေအနေနှင့် ပတ်သက်၍ လွဲမှားနေသည်ကို ခံစားလိုက်မိသည်။

'' အိုး...... လူ....လူတစ်ယောက်လား ''

ဓားခန်းမပြိုကျပြီးနောက် အပျက်အစီးများအတွင်းမှ လူရိပ်တစ်ရိပ် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ လူအုပ်ကြီးသည် ယင်းလူရိပ်အား စူရှစွာစိုက်ကြည့်နေခဲ့ပြီး၊ ဂိုဏ်းနှစ်ဂိုဏ်းထံမှ တစ်စုံတစ်ယောက်မှာ ရုတ်တရက်အော်ဟစ်လိုက်လေသည်။

" အဲဒါ...လင်းယွန် "

" ဒီကောင် မသေဘူးလား...''

" ငါ့ကို စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ...."

လင်းယွန်က နှာခေါင်းကို ပွတ်သပ်ကာ ပြုံးလိုက်၏။

သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်း၏ တပြည့်များသည် ထိတ်လန့် တုန်လှုပ် သွားကြသည်။ တွင်းနက်ထဲသို့ ကျသွားပြီးနောက် လင်းယွန်ကို အသက်ရှင်နေဦးမည်ဟု သူတို့က မမျှော်လင့်ထားခဲ့ကြပေ။ ၎င်းတွင်းနက်ကြီးသည် နက်နဲတပိုင်း သိုင်းသမားကြီးများပင် ဖြေရှင်း နိုင်သောအရာ မဟုတ်သည်ကို သိမြင်ထားသည် ဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ဂိုဏ်းနှစ်ဂိုဏ်း စလုံးရှိ၊ နက်နဲတပိုင်း သိုင်းသမားများ၏ မျက်နှာများမှာ ပြုံးရွှင်သွားကြ၏။

" ငါတို့သွေးတိမ်ဂိုဏ်းရဲ့ ကောင်းကင်ရတနာက မင်းပိုင်ဆိုင်သင့်တဲ့အရာ မဟုတ်ဘူး.... ''

ရွှန်းတူ၏ ခန္ဓာကိုယ်မှာ ဒေါသကြောင့် တုန်ယင်နေခဲ့သည်။ သည်ခွေးကောင်သည် သူ၏ အစီအစဥ်ကို ပျက်စီးစေခဲ့သူ ဖြစ်၏။ ယခု ဤလင်းယွန်သည် အသက်ရှင်နေသေးသဖြင့်၊ သူနှင့် သွေးတိမ်ဂိုဏ်းတို့ကြား အမုန်းတရားကို တစ်ကြိမ်တည်းဖြင့် ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ သတ်ဖြတ်လိုသော ဆန္ဒများကို ထိန်းချုပ်ထားခြင်း မရှိတော့ပဲ၊ ပေါက်ကွဲသွားစေလျက်မှ သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို တဟုန်ထိုးလှည့်ပတ်လိုက်မိ၏။

" မင်းမှာ တကယ်ပဲ ကောင်းကင်ရတနာရှိလား..."

မိန်ဇီယာက သူ့မျက်လုံးများတွင် လောဘရောင်များဖြင့်၊ အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ဂိုဏ်းနှစ်ဂိုဏ်းလုံးမှ ရှန်ရှင်း သိုင်းသမားများသည် လင်းယွန်ကို ဝန်းရံလိုက်ကြ၏။

'' ကောင်းကင်ရတနာလား.... ''

'' ဒါက နတ်ဘုရားအဆင့်လက်နက်တွေများလား.... ''

'' ငတုံးကောင် မင်းပါစပ်ကို ပိတ်ထားစမ်း၊ ကောင်းကင်ရတနာဆိုမှတော့ နတ်ဘုရားအဆင့်ဝင်တဲ့ ရတနာတွေပေါ့ဟ....ဒါကလက်နက်တွေ ဖြစ်နိုင်သလို၊ အဆောင်မှော် ရတနာတွေလည်း ဖြစ်နိုင်တာပဲ မဟုတ်လား...''

မိန်ဇီယာနှင့် ရွှန်းတူ၏ စကားများကြောင့်၊ လူအုပ်ကြီး၏ မျက်နှာများမှာ အံ့သြသွားကြ၏။ ဝေဖန် ရေရွတ်သံများ ဆူညံလာခဲ့ပြီး၊ ၎င်းတို့၏ မျက်ဝန်းများတွင် လောဘရောင်များ လင်းလက်သွားသည်။ သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်းသည် ဓားခန်းမထဲသို့ အဘယ့်ကြောင့် အတူတကွ ဝင်ရောက်သွားခဲ့သည်ကို၊ ယခုအချိန်၌ ရှင်းလင်းစွာ သိရှိသွားကြသည်။

တခဏချင်းမှာပင် သူတို့၏ စိတ်ထဲရှိ ရှုပ်ထွေးသော မေးခွန်းများကို ဖြေရှင်းပေးသွားလေပြီ။ ကြားခဲ့သမျှကို အခြေခံ၍ ကောင်းကင်ရတနာသည် လင်းယွန်၏ လက်ထဲသို့ ကျရောက်သွားပုံရ၏။

" အဲ့ဒီကောင်က...ဂိုဏ်းနှစ်ဂိုဏ်း ဆီကနေ ကောင်းကင်ရတနာတစ်ခုကို တကယ်ပဲ လုယူခဲ့တာလား.... ''

လူအုပ်ကြီး၏ အကြည့်များသည် မယုံနိုင်ဟန်ဖြင့် လင်းယွန်ကို ငေးကြည့်လိုက်၏။

လင်းယွန်က ပခုံးတွန့်လိုက်ပြီး၊ သူတို့စကားကို မငြင်းခဲ့ပေ။ အမှန်တကယ်ပင် သူ့ထံ၌ ကောင်းကင်ရတနာတစ်ခု ရှိလေသည်။သို့သော် ထိုရတနာသည် ၎င်းတို့ယူဆထားသော ကျောက်ခေါင်းတလားဆီမှ လူအိုကြီးမိုရယူခဲ့သော အနက်ရောင်ရှေးဟောင်းသင်္ကေတ မဟုတ်ပေ။ ယင်းသင်္ကေတသည် မှော်ဝင်္ကပါ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပြီး၊ မှော်ဝင်္ကပါကို အသက်သွင်းရာ၌ အသုံးပြုထားခဲ့ပြီ ဖြစ်သည်။

'' ဒါက ပိုင်ရှင်မဲ့ပစ္စည်းတစ်ခုပါပဲ၊ မင်းရဲ့ဂိုဏ်းက ပိုင်တယ်လို့ပြောရအောင်၊ သွေးတိမ်ဂိုဏ်းက အရှက်မဲ့နေတာလား....."

" ကောင်းပြီ၊ ပိုင်ရှင်မဲ့ပစ္စည်းဆိုမှတော့ ဘယ်သူမဆို ရယူလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ၊ မဟုတ်လား...."

ရွှန်းတူက ခပ်ကြမ်းကြမ်း မျက်နှာထားဖြင့် သူ့လက်ကို ဝှေ့ယမ်းကာ၊ သွေးတိမ်ဂိုဏ်းအား "သတ်ပစ်...." ဟု အော်ဟစ် အမိန့်ပေးလိုက်၏။

'' သတ်..... ''

တစ်ချိန်တည်းမှာပင် ရွှေမီးတောက်ဂိုဏ်းသည်လည်း သွေးတိမ်ဂိုဏ်း နှင့်အတူ နောက်မကျစေပဲ၊ သိုင်းသမားလေးဦးကို ချက်ချင်းပင် စေလွှတ်လိုက်သည်။ သူတို့အားလုံးသည် ရှန်ရှင်း ပဉ္စမအဆင့်တွင် ရှိကြပြီး၊ လင်းယွန်ကို တိုက်ခိုက်ရန် ပြေးဝင်သွားကြသည်။

ပြင်းထန်သော အရှိန်အဝါများသည် ၎င်းတို့၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာပြီး၊ သူတို့ ရှစ်ဦးသည် အဆုံးစွန်သော ခွန်အားကိုထုတ်ဖော်လျက် တိုက်ခိုက်မှုများကို တဟုန်ထိုး စတင်လိုက်ခြင်း ဖြစ်သည်။

သို့သော် လင်းယွန်သည် သူ့မျက်လုံးများရှိ အေးစက်သော အလင်းရောင်များကို အပြုံးဖြင့်ဖုံးကွယ်ထားပြီး၊ ၎င်းတို့အား စောင့်နေခဲ့လေသည်။

"ဒါပဲလား မင်းတို့အားလုံး တစ်ခါထဲမလာဖူးလား..."

လင်းယွန်က အော်ဟစ်လှောင်ပြောင်လိုက်သည်။ သူ၏ တုံ့ပြန်မှုကြောင့် ပြေးဝင်လာသောသိုင်းသမားရှစ်ဦးမှာ အံကြိတ်သွားကြသည်။

'' မောက်မာလိုက်တဲ့ ခွေးကောင်လေး......''

ထိုသိုင်းသမားများထံမှ ကျိန်ဆဲသံကိုလျစ်လျူရှုလိုက်ပြီး၊ လင်းယွန်က ကောင်းကင်သို့ ပျံတက်လိုက်၏။ ထိုစက္ကန့်ပိုင်းလေးအတွင်းမှာပင် ကောင်းကင်တစ်ပြင်လုံးတွင် တိမ်ညိုမဲများ ရုတ်ချည်းစုရုန်း မည်းမှောင်လာ၏။ မိုးကုပ်စက်ဝိုင်းဆီမှ လျှပ်စီးကြောင်းများ နှင့်အတူ လင်းယွန်၏ ခန္ဓာကိုယ်၌ မိုးခြိမ်းသံ တစ်သံ ပဲ့တင်ထပ်လျက်၊ များမကြာခင် မိုးကြိုးလျှပ်စီးခန္ဓာကိုယ်၏ အရှိန်အဝါသည် ပြင်းထန်သော သားရဲတစ်ကောင် ကဲ့သို့ ပေါက်ကွဲသွား ခဲ့လေသည်။

ထိုပေါက်ထွက်လာသော စွမ်းအင်များသည်ပဉ္စမအဆင့် သိုင်းသမားရှစ်ဦးကို နှုတ်ခမ်းတွင် သွေးများစီးကျလျက် လွင့်စင်သွားစေ ခဲ့သည်။ သူတို့က မြေပြင်ပေါ်သို့ လဲကျသွားပြီး၊ နာကျင်စွာ ညီးညူလျက်၊ လင်းယွန်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြ၏၊

'' ဒါက ......... ''

လင်းယွန်၏ ခန္ဓာကိုယ်သည် တောက်ပနေသော ခရမ်းရောင် ကျောက်စိမ်းတုံး နှင့်တူပြီး သူ့မျက်လုံးများတွင် မီးလျှံများဖြင့် တောက်လောင်နေသည်။ သူ့ထံမှ ထုတ်လွှတ်ထားသော ဖိအားသည် တောင်တစ်လုံးကဲ့သို့ အသက်ရှူ ကြပ်လာစေ၏။

" သေ စမ်း..... "

လင်းယွန်က အော်ငေါက်လိုက်သည်။ တစ်ချိန်တည်းမှာပင် လျှပ်စီးများ တဖျစ်ဖျစ် မြည်သံနှင့်အတူ မီးလျှံများ ဝန်းရံနေသော လက်သီးဖြင့် ထိုးချလိုက်တော့၏။

***

All Chapters