← Chapters

ငွေညှစ်ခြင်း။

Vol. 10 Ch. 140

ငွေညှစ်ခြင်း။

Vol. 10 Ch. 140

လက်သီးထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး၊ ဖုန်မှုန့်များ လွင့်စင်လာစေသည်။ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကို အောင်မြင်ပြီးနောက် အိုင်းရစ်ဓားသုတ္တန်၏ စွမ်းအင်များကို ထုတ်ဖော်တိုက်ခိုက်ခြင်းဖြစ်သည်။

ပြင်းထန်သော လေပြင်းများနှင့်အတူ ကျောက်တုံးများ လွင့်ထွက်သွားသည်။ ပြေးဝင်လာသော သိုင်းသမားများမှာ လင်းယွန်၏ တန်ပြန် ချဉ်းကပ်လာသော လက်သီးချက်ကြောင့် ကြောက်လန့်သွားကြ၏။ သို့သော်လည်း သူတို့သည် ၎င်းတို့၏ ခံစားချက်များကို မျိုသိပ်ထားကာ လင်းယွန်ကို ပူးပေါင်း ရင်ဆိုင်လိုက်သည်။

'' ဖုန်း........ ''

မိုးခြိမ်းသံနှင့်အတူ မြေပြင်သည် ပေါက်ကွဲသွားကာ၊ ခြေလှမ်းများစွာ နောက်ပြန် ဆုတ်လိုက်ရသော်လည်း တည်ငြိမ်မှု မပြုနိုင်ခဲ့ပေ။ သွေးတိမ်ဂိုဏ်းသား သိုင်းသမားလေးယောက်သည် သွေးတိမ်ဂိုဏ်း၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းသော ဖွဲ့စည်းပုံများကြောင့်၊ သွေးတစ်လုတ် အန်ကျလာသည်။

လင်းယွန်သည် ပဉ္စမအဆင့်သိုင်းသမား ရှစ်ဦးကို အနိုင်ယူရန် လက်သီးချက် တစ်ချက်သာ အသုံးပြုခဲ့ရပြီး၊ ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့် လူအုပ်ကြီးမှာ အံ့အားသင့်သွားကြ၏။

" မင်းက အရမ်းသန်မာပုံပဲ ...ဒါပေမယ့် ငါ့ရဲ့ ဖျက်စီးခြင်းလက်သီးနဲ့ယှဉ်ရင်၊ ဒါက ဘာမှမဟုတ်ပါဘူး"

မိန်ဇီယာက အေးစက်စွာ ဟစ်အော်လိုက်ပြီး လင်းယွန်ထံသို့ ဦးစွာ ပြေးဝင်တိုက်ခိုက် လိုက် လေသည်။ သူက လင်းယွန်နှင့် ထိပ်တိုက်ရင်ဆိုင်ဖူးသည်ဖြစ်ရာ၊ လင်းယွန်၏ ကျင့်ကြံခြင်း နည်းစနစ်သည် ရွှေမီးတောက် ခန္ဓာထက်၊ အနည်းငယ် နိမ့်ကျခဲ့သည်ကို သိရှိထားသည်ကြောင့်၊ သူ့ကိုယ်သူ ယုံကြည်ချက်ရှိစွာဖြင့် ရွှေမီးတောက် နည်းစနစ်ကို ထုတ်ဖော် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူ့ထံမှ ပေါက်ကွဲလာသော အရှိန်အဝါသည် လင်းယွန်ထက် ပို၍ ပြင်းထန်ခဲ့လေ၏။

'' ကောင်းလိုက်တဲ့ ခွန်အား.... ''

လင်းယွန်က မျက်ခုံးပင့် ရေရွတ်လိုက်၏။ သူက မိန်ဇီယာနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး သူ၏ ခွန်အားကို စမ်းသပ်လိုခဲ့ကာ၊ မဆိုင်းမတွပင် လက်သီးဖြင့် ပြန်လည် ထိုးချလိုက်သည်။

'' ဗုန်း......ဗုန်း ဗုန်း ''

လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံပြီးနောက်၊ စွမ်းအင်အကျွင်းအကျန်များသည် လှိုင်းလုံးများသဏ္ဍာန် မြေပြင်ပေါ်သို့ အက်ကွဲကြောင်းများ ထင်ဟပ်လာစေလျှက်၊ ကျောက်တုံးများအား အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားစေသည်။

'' ဘုန်း.... ဘုန်း ဘုန်း ''

သူတို့နှစ်ဦး၏ အပြန်အလှန် ထိုးနှက်ချက်များကြောင့်၊ ပတ်ဝန်းကျင်ရှိ ကျောက်တုံးအပိုင်းအစများကို ပြာအဖြစ်သို့ ပြောင်းလဲသွားစေသည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်သား ထိပ်တိုက်တွေ့ဆုံမှုပေါင်း ဆယ်ကြိမ်ခန့်မနည်း ဖလှယ်လိုက်ကြပြီး၊ တစ်ဆက်တည်းမှာပင် မိန်ဇီယာသည် သူ့ခန္ဓာကိုယ်အတွင်းရှိစွမ်းအင်စီးကြောင်း၏ ကမောက်ကမ ဖြစ်စဥ်ကို ခံစားလိုက်ရသည်။ သူ့လက်မောင်းတစ်လျှောက် ထုံကျင်သွားခဲ့သည်ကြောင့်၊ မယုံကြည်နိုင်ဟန်ဖြင့် အော်ဟစ်လိုက်၏။

'' ဒါက ဘယ်လိုလုပ်ဖြစ်နိူင်မှာလဲ..... ''

တိုက်ပွဲတစ်လျှောက်လုံး လင်းယွန်က သူ့ကို လုံးလုံးလျားလျား ဖိနှိပ်ထားနိူင်ခဲ့သည်။ ရွှေမီးတောက် နည်းစနစ်ကို အကန့်အသတ် အထိ ထုတ်ဖော် ထားခဲ့သော်လည်း၊ ကစားပွဲကို ပြန်မလှည့်နိုင်ခဲ့ပေ။ ဆယ်ကြိမ်တိုင်တိုင် ထိပ်တိုက် ရင်ဆိုင်ပြီးနောက်၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး ပြိုလဲသွားတော့မည့် လက္ခဏာများ ပြသလာသည်။

"ဟေး ဒါပဲလား၊ ငါက ....သွေးပူတုန်းပဲရှိသေးတယ်....."

လင်းယွန်က ပြုံးပြလိုက်သည်။ ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်းမှာ ပွင့်လာခဲ့ပြီးနောက်၊ သူ့လက်သီးထဲသို့ စိမ့်ဝင်လာသော စူးရှသော အရှိန်အဝါများ နှင့်အတူ ပေါက်ကွဲသွား၏။ ယခုတစ်ကြိမ်တွင် သူ၏ လက်သီးတွင်ပါရှိသော စွမ်းအားသည် ယခင်ကထက် တစ်ဆခန့် ပိုမို ပြင်းထန်လာသည်။

'' ဘုန်း........ ''

လက်သီးက သူ့ကို မထိခင်မှာပင် မိန်ဇီယာသည် ၎င်း၏ အရှိန်အဝါကြောင့် လွင့်စင်သွားခဲ့၏။ မြေပြင်ပေါ်သို့ လဲကျသွားလျက်မှ လင်းယွန်အား မောကြည့်လိုက်ရာ၊ ကြောက်မက်ဖွယ်ကောင်းသော လက်သီးများသည် သူ့ထံသို့ ထပ်မံတိုးဝင် ရောက်ရှိ လာတော့မည်ကို တွေ့မြင်လိုက်ရသည်။

ထို့ကြောင့် မဆိုင်းမတွပဲ၊ သူ၏ နတ်ဆိုးမီးလျှံနက်ကို သိုလှောင်အိတ်အတွင်းမှ ထုတ်ယူလိုက်ကာ၊ လင်းယွန်၏ လက်သီးများကို နတ်ဆိုးမီးလျှံနက်ဖြင့် ပိတ်ဆို့လိုက်သည်။ လက်သီးနှင့်လှံ၏ ရိုက်ခတ်မှုကြောင့် သူ့မျက်နှာမှာ ဖြူဖျော့သွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ရသည်။

အိုး.......။

အခြားတစ်ဖက်တွင် မိန်ဇီယာနှင့် တိုက်ခိုက်နေသော လင်းယွန်သည် ရုတ်တရက် နောက်ကျောဆီသို့ ဦးတည်လာသော ကြက်သွေးရောင်အလင်းတန်းကြောင့် ချက်ချင်း လှည့်ကြည့်လိုက်ပြီး၊ ညာလက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ ၎င်းကြက်သွေးရောင် အလင်းသည် ကြာပွတ်တစ်ချောင်းဖြစ်ကာ၊ သူ့လက်အား အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်သွားလေသည်။

" နောက်ဆုံးတော့ မင်းတို့နှစ်ယောက်စလုံးက ခိုးကြောက်ခိုးဝှက်တိုက်ခိုက်တဲ့နေရာမှာ တကယ်ပဲ ပါရမီကြီးခဲ့ကြပုံပဲ၊ ဒါပေမယ့် မင်းတို့နှစ်ယောက်စလုံးက ငါ့ကိုဖိအားပေးနိုင်ဖို့ အရမ်းအားနည်းနေတုန်းပဲ....."

လင်းယွန်၏စကားကြောင့် ရွှန်းတူက ပြုံးလိုက်သည်။ ထို့နောက် ကြက်သွေးရောင်အရိုးကြာပွတ်ထံသို့ သူ၏ ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်ကာ၊ လင်းယွန်၏ လက်မောင်းအား ချေမွှပစ်ရန် ကြိုးစားလိုက်သည်။

'' မောက်မာလိုက်တာ.... မင်းဘယ်အချိန်ထိ မောက်မာနိုင်မလဲ ငါကြည့်မယ်..... ''

နောက်တစက္ကန့်အတွင်း၊ ကြက်သွေးရောင် အရိုးကြာပွတ်သည် လင်းယွန်၏ လက်မောင်းတစ်ဝိုက်ကို တင်းကြပ်သွားစေကာ၊ သူက လွတ်မြောက်ရန် ကြိုးစားသော်လည်း ကြာပွတ်သည် ဆက်လက်၍ တင်းကျပ်စွာချုပ်ကိုင်ထားခဲ့ လေသည်။

'' ကောက်ကျစ်တဲ့လူယုတ်မာကောင်၊ မင်းတစ်သက်မှာ အဆင့်မြင့်တော်ဝင် လက်နက်တွေကို တစ်ခါမှ မတွေ့ဖူးဘူး မဟုတ်လား.... ဟမ်၊ မင်းက ကြက်သွေးရောင် အရိုးကြာပွတ်ကနေ လွတ်မြောက်အောင် ကြိုးစားလိုတာလား....ဟား ဟား ......ဟား ဘယ်လောက်တောင်မိုက်မဲလိုက်တဲ့ ခွေးငယ်လေးလဲ........."

ရွှန်းတူက ရယ်မောလှောင်ပြောင် လိုက်၏။

" အခု ငါဆီကနေ ယူသွားလိုက်ဦး..... "

အခြားတစ်ဖက်တွင် လင်းယွန်၏ တိုက်ခိုက်မှုများမှ၊ ပြန်လည် လွတ်မြောက်လာသော မိန်ဇီယာသည်၊ သူ၏ မျက်လုံးများကို မှေးစင်းလျက်၊ လှံကို လှည့်ယူလိုက်သည်။ လှံ၏ အဖျားသည် ဆင်စွယ် တစ်ချောင်းကဲ့သို့ ငွေဖြူရောင်များ ထုတ်ဖော်လျက်၊ အနက်ရောင်မီးလျှံများကို လောင်မြိုက်လာစေခဲ့၏။

အဆင့်မြင့်တော်ဝင်လက်နက်များဖြင့် တိုက်ခိုက်လာသော ပါရမီရှင်နှစ်ယောက်ကို ကြည့်ကာ၊ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ထိတ်လန့်စွာ အော်ဟစ်လိုက်မိပြီး၊ ယင်းအခြေအနေတွင် လင်းယွန်အတွက် အန္တရာယ်ရှိနေကြောင်း သိလိုက်ရသည်။

'' အဆင့်မြင့်တော်ဝင်လက်နက်တွေ၊ ဘယ်လောက်တောင် မနာလိုစရာလဲ ''

လင်းယွန်က မိန်ဇီယာလက်ထဲရှိ နတ်ဆိုးမီးလျှံနက်ကို စိတ်လှုပ်ရှားသည့်မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ပြီး၊

'' .......ဒါပေမယ့် ငါ့ကို သတ်ဖို့က ဒီလောက်လည်း မလွယ်သေးပါဘူး ''

-ဟု ဆိုကာ ရွှန်းတူအား လေထဲပျံသန်းသွားစေရန် ကြာပွတ်ကို ခွန်အားအပြည့်ဖြင့်၊ ဆွဲယူဝေ့ယမ်း လိုက်၏။

"ငါ့ရဲ့ကောင်းကင်..."

"ဒါကို သူ ဘယ်လို ပြီးမြောက်ခဲ့တာလဲ... ''

" ဒါ ... ဒါက အထွတ်အထိပ် မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ပဲ၊ "

အဆင့်မြင့်တော်ဝင်လက်နက်ကို ရင်ဆိုင်ကာ၊ ရွှန်းတူကို လေထဲဝဲပျံစေလျက်၊ မိန်ဇီယာ၏ တိုက်ခိုက်မှုလမ်းကြောင်းကို ပိတ်ဆို့ပစ်ရန်၊ ကြံရွယ်လိုက်သော ၎င်းမြင်ကွင်းသည် လူအုပ်ကြီးအား အံ့အားသင့်သွားဖို့ လုံလောက်ပေသည်။

'' ဘုန်း........ ''

မိန်ဇီယာနှင့် ရွှန်းတူတို့ တိုက်မိကြပြီး၊ နှစ်ယောက်သား ပါးစပ်ထဲမှသွေးများ အန်ကျသွားသည်။ တစ်ချိန်တည်းမှာပင် လင်းယွန်၏ လက်ကို ရစ်ပတ်နေသော ကြက်သွေးရောင်အရိုးကြာပွတ်သည် ပြေလျော့သွား၏။

မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကို ထုတ်ဖော်ထားရှိစဉ် အပြင်ပိုင်း ဒဏ်ရာများသည် သူ့အား မထိခိုက်စေ။ သို့သော် သူသည် အဆင့်မြင့်တော်ဝင်လက်နက်များကို သတိထား နေရဆဲဖြစ်သည်။ မြင့်မားသော ကျင့်ကြံမှု ရှိသူများကသာ ၎င်းတို့ကို အသုံးပြုခဲ့လျှင် အလွယ်တကူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

" သောက်ပဲဟေ့....."

နှစ်ယောက်စလုံးသည် ဒေါသတကြီးဖြင့် ၎င်းတို့၏ အဆင့်မြင့်တော်ဝင် လက်နက်များကိုတပြိုင်နက်တည်း ပေါင်းစပ်တိုက်ခိုက်ရန် အထွတ်အထိပ် ခွန်အားကို ထုတ်ဖော်လိုက်၏။

လင်းယွန်က သူ့လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး ဓားသေတ္တာထဲမှ ပန်းသင်္ချိုင်းဓားကို ထုတ်ယူလိုက်သည်။

'' ချွင်.......... ''

တစ်ဆက်တည်းမှာပင် ပန်းသင်္ချိုင်းဓားကို လွှဲလိုက်ပြီး၊ မဆိုင်းမတွရှေ့သို့ တိုးလိုက်၏။

မိုးကြိုးလက်ခုပ်သံငါးပါး– ခရမ်းရောင်မုန်တိုင်း။

လင်းယွန်၏ လက်ကောက်ဝတ်သည် ရွေ့လျား လာသည် နှင့်အမျှ ၎င်းနောက် ဓားရိပ် (၈၁)ရိပ်ကို ဖန်တီးလိုက်သည်။ တစ်ချိန်တည်းတွင် သူသည် အိုင်းရစ်ဓါးနည်းစနစ်ကို ဖြန့်ဝေလိုက်သည်။ ရလာဒ်မှာ ပန်းသင်္ချိုင်းဓား၏ ဓားရိပ်များကြောင့်၊ မိုးခြိမ်းသံ တစ်သံ ဖြစ်ပေါ် လာတော့၏။

'' ချွမ်...... ချွင် ''

ပန်းသင်္ချိုင်းဓားကို ကိုင်ဆွဲလိုက်ကာ၊ မိန်ဇီယာနှင့် ရွှန်းတူတို့၏ တိုက်ခိုက်မှုများအား တစ်ချိန်တည်းတွင် ချေဖြတ်လိုက်ပြီး၊ အထက်စည်းမှ ဖိနှိပ်ထားနိုင်ခဲ့လေသည်။ လက်ရှိအခြေအနေအရ သူတို့နှစ်ဦးသည် ထိတ်လန့်အံ့သြနေလျက် မျက်နှာများ မဲမှောင်သွား၏။

'' ချွင်.......''

၎င်းတို့နှစ်ဦးသည် လင်းယွန်နှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက်၊ လက်များ ထုံကျင်သွားကာ၊ လက်နက်များကို လွှတ်ချလုနီးပါးတုန်ယင်သွားကြ၏။

ယခုအချိန်၌ ဓားကိုင်ဆွဲထားသော လင်းယွန်၏ တည်ရှိမှုသည်၊ သိသိသာသာ ပြောင်းလဲသွားကာ၊ သူ၏ ရှည်လျားသော ဆံပင်များမှာ လေထဲတွင် တဖျပ်ဖျပ် မျောလွင့်နေခဲ့သည်။

'' ချွမ်..... ကလန်......ချွင် ''

မိန်ဇီယာနှင့် ရွှန်းတူတို့သည် လင်းယွန်၏ တိုက်ခိုက်မှု အောက်တွင် ၎င်းတို့လက်နက်များ၏ စွမ်းအားအပြည့်ကို မထုတ်ဖော်နိုင်ခဲ့ပေ။ မုန်တိုင်းကြားရှိ ရွက်လှေတစ်စင်း ကဲ့သို့လူးလှိမ့် နေခဲ့ကာ၊ သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များ၌ ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားပြီး၊ သွေးများ စိုရွှဲလာကြသည်။

ဓား...... မပြည့်စုံသော ဓားရည်ရွယ်ချက်။

တစ်ဆက်တည်းမှာပင် လင်းယွန်၏ဘအရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားပြီး၊ ပိုမိုသန့်စင်သော အရှိန်အဝါများအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ ပန်းသင်္ချိုင်းဓားသည် ကောင်းကင်နှင့် မြေကြီးကြား တစ်သားထဲ ပေါင်းစပ်သွားခဲ့၏။

ထို့နောက်တွင် ၎င်းပန်းသင်္ချိုင်းဓားသည် လေထုအတွင်းမှ ရုတ်ချည်းထွက်ပေါ်လာကာ၊ မိန်ဇီယာအား ပိုင်းဖြတ်သွားလေသည်၊ မိန်ဇီယာသည် နတ်ဆိုးမီးလျှံနက်ကို မြေပြင်ပေါ်သို့ ထောက်ယူအားပြုလျက် အော်ဟစ်လိုက်ကာ ဒူးထောက်ကျသွား၏။

'' အား.......။ ''

တစ်ဖန် လင်းယွန်က လှည့်၍ ပန်းသင်္ချိုင်းဓားကို ဘေးတိုက် ထပ်မံပိုင်းချလိုက်ပြန်သည်။ သူ့ထံမှ ဓားမီးတောက်တစ်စသည် လွင့်စင်သွားခဲ့ပြီး၊ ရွှန်းတူ၏ လက်ထဲရှိ ကြက်သွေးရောင် အရိုးကြာပွတ်အား ဖြတ်သန်းသွားကာ၊ ဆက်လက် တိုးဝင်လာပြီးနောက်၊ ရွှန်းတူ၏ ရင်ဘတ်အား ထိမှန်သွား၏။ ထို့နောက်တွင် ရွှန်းတူ၏ ရင်ဘတ်တွင် နက်ရှိုင်းသော ဓားရာတစ်ချက် ထွက်ပေါ်လာပြီး၊ သွေးအချို့ ဖြန်းခနဲ ပန်းထွက် လာတော့သည်။

'' ... မင်းကရော ခွေးတစ်ကောင်လို ရုန်းကန်ဖို့ ကြိုးစားနေချင်တာလား...... ''

တစ်ဆက်တည်းမှာပင် လင်းယွန်က အခြားတစ်ဖက်တွင် မတ်တပ်ရပ်ရန် ကြိုးစားနေသော မိန်ဇီယာကို ကန်ချလိုက်သည်။

'' ဖုန်း....... ''

ထိုကန်ချက်ကြောင့် မိန်ဇီယာမှာ အရုပ်ကြိုးပြတ် လွင့်စင်သွား၏။

ဤလင်းယွန်သည် ရွှန်းတူအား ဓားဖြင့်ခုတ်ပိုင်းပြီးနောက် မိန်ဇီယာကို ကန်ချခဲ့သည်။ ၎င်းတို့သည် အပြာရောင်နေမင်း နိုင်ငံ၏ အထက်တန်းစား ပါရမီရှင်နှစ်ဦး ဖြစ်သော်လည်း၊ တစ်စုံတစ်ယောက်၏ ရိုက်နှက် အရှက်ခွဲမှုကို ခံလိုက်ရသည်။ ယင်းမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ထိတ်လန့်သွားစေရန် လုံလောက်ပေသည်။

'' ချွင်........ ''

လင်းယွန်က ပန်းသင်္ချိုင်းဓားကို မြေပြင်သို့ ထိုးစိုက်လိုက်၏။ ဓားသည် တုန်ယင်နေခဲ့ကာ၊ ကျန်ရှိနေသော ဓားရည်ရွယ်ချက်အား လူတိုင်း၏နှလုံးသားထဲသို့ လှိုင်းအဖြစ် ထိုးဖောက် ဝင်ရောက်သွားစေခဲ့သည်။ တစ်ဆက်တည်းမှာပင် လက်နှစ်ဖက်ကို နောက်ပစ်လျက်၊ နက်နဲတပိုင်းသိုင်းသမားနှစ်ဦးထံသို့ မျက်ခုံးပင့်ကြည့်လိုက်ကာ၊ အပြုံးဖြင့် မေးဆက်ပြလိုက်ပြီးနောက်၊

".... ဆိုတော့.... မင်းတို့တွေက ဘယ်လောက်ကြာကြာကြည့်ဖို့ စဉ်းစားထားတာလဲ။ "

ဟု မေးမြန်းလိုက်လေသည်။

သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်းတို့သည် နက်နဲတပိုင်းသိုင်းသမား နှစ်ယောက်စီကို လျှို့ဝှက်နယ်မြေထဲသို့ စေလွှတ်ပေးခဲ့သည်။ ထို့ထဲမှ တစ်ယောက်ချင်းစီသည် တွင်းနက်ကြီး အတွင်းသို့ ဆင်းသက်ရာ၌ ဒဏ်ရာရရှိသွားခဲ့ကြကာ၊ ပြန်လည် သက်သာလာခြင်း မရှိသေးချေ။ ဆိုလိုသည်မှာ ဂိုဏ်းနှစ်ဂိုဏ်းတွင် နက်နဲတပိုင်း သိုင်းသမား တစ်ဦးစီသာ ကျန်ရှိတော့၏။

" အိုး ... သူရူးသွားပြီလား"

" တကယ်ပဲ သူက နက်နဲတပိုင်းသိုင်းသမားနှစ်ယောက်ကို စိန်ခေါ်နေတာလား... သေရမှာကို မကြောက်ဘူးလား"

" နက်နဲတပိုင်းသိုင်းသမားတွေက၊ ဒီလင်းယွန် စိန်မခေါ်လည်း သူ့ကိုကိုင်တွယ်မှာ သေချာနေတာပဲ မဟုတ်လား ....''

မိန်ဇီယာနှင့် ရွှန်းတူတို့ကို အနိုင်ယူပြီးနောက်၊ ဤလင်းယွန်သည် ထိုသိုင်းသမားကြီးနှစ်ဦးကို ပစ်မှတ်ထားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲများသည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာဖြင့် ခေါင်းယမ်းပြလိုက်ကြပြီး၊

'' ကောင်းကင်ရတနာကို မင်းပိုင်ပါတယ်၊ ငါ့ရဲ့သွေးတိမ်ဂိုဏ်းက ဒီလျှို့ဝှက်နယ်မြေထဲမှာ မင်းဆီကနေ လုယူမှာမဟုတ်ပါဘူး....''

'' ငါ့ရဲ့ ရွှေမီးတောက်ဂိုဏ်းကလည်း မင်းရဲ့ပိုင်ဆိုင်မှုကို မလုယူဖူးဆိုတာကို အာမခံပါတယ်.... ''

အကြီးအကဲနှစ်ယောက်က ပြိုင်တူ ငြင်းဆန်လိုက်၏။ သူတို့တွင် ရွေးချယ်ခွင့် မရှိခဲ့ပေ။ လင်းယွန်သည် ပဉ္စမအဆင့်သိုင်းသမား ရှစ်ဦးကို အနိုင်ယူလိုက်သောအခါတွင် ၎င်းတို့နှစ်ဦးသည် များစွာ အထင်ကြီးထားခြင်းမရှိ။ သို့သော်၊ အဆင့်မြင့် တော်ဝင်လက်နက်များကို ကိုင်ဆွဲထားသောမိန်ဇီယာနှင့် ရွှန်းတူကို အနိုင်ယူပြီးနောက်တွင်၊ သူတို့၏ မျက်နှာများမှာ ဆိုးရွားသွားခဲ့သည်။

အထူးသဖြင့် အဆင့်မြင့်တော်ဝင်လက်နက်များကို ကိုင်ဆွဲထားသော မိန်ဇီယာနှင့် ရွှန်းတူတို့နှစ်ဦး၏ ခွန်အားကို အနိုင်ယူရန် သူတို့၌ ယုံကြည်မှုရှိမည် မဟုတ်ပေ။

သို့သော် လင်းယွန်သည် ၎င်းတို့အား ရှင်းလင်းပြတ်သားစွာ အနိုင်ယူ နိုင်ပြီးနောက်၊ ထိုခွန်အားသည် သူတို့ဖြေရှင်းနိုင်သော အရာမဟုတ်ကြောင်း၊ အကြီးအကဲ နှစ်ဦးက ချက်ချင်း သိလိုက်သည်။ လင်းယွန်၏ လက်ရှိ အင်အားဖြင့် နက်နဲတပိုင်း သိုင်းသမားများကို အနိုင်မယူ နိုင်သော်လည်း၊ ထွက်ပြေး လွတ်မြောက်ရန်မှာမူ သူ့အတွက် ပြဿနာမဟုတ်ပေ။ ယခုအချိန်၌ ခက်ခဲသောအရာများကို ပြုလုပ်ခြင်းမှ အကျိုးအမြတ်များမရနိုင်ကြောင်း၊ နှစ်ဖက်စလုံးက သိရှိထားကြသည်။

သို့သော် ၎င်းသည် ကောင်းကင်ရတနာအား စွန့်လွှတ်လိုက်သည်ဟု မဆိုလိုပေ။ ဤနယ်မြေမှ ထွက်ခွာပြီးနောက်တွင် ရအောင်ယူဖို့ရန် နည်းလမ်းပေါင်းများစွာ ရှိပေသည်။

" မင်းတို့က ငါ့ကို လွှတ်ထားဖို့ စိတ်ကူးရှိပေမယ့်၊ ငါက မင်းတို့ကို လွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိဘူး "

လင်းယွန်က မျက်လုံးများမှေးစင်းလျက်၊ စူးရှစွာ စိုက်ကြည့်လိုက်၏။ သူ့စကားလုံးများသည် ဂိုဏ်းသားတိုင်း၏ နှလုံးသားထဲသို့ ဝင်ရောက်လာသော အဆိပ်အပ်တစ်ချောင်းလိုပင်။

" ကောင်လေး၊ မင်းက.... ငါတို့ရဲ့ အောက်စည်းကို ထိချင်နေတာလား ..... "

လင်းယွန်၏ မာနကြီးသော စကားကိုကြားလိုက်ရသောအခါတွင်၊ သွေးတိမ်ဂိုဏ်း၏ တပည့်တစ်ယောက်သည် သည်းမခံနိုင်ဟန်ဖြင့် အော်ငေါက်လိုက်သည်။

လင်းယွန်၏အပြုံးသည် ချက်ချင်းပျောက်ကွယ်သွားပြီး၊ သူ့ညာလက်ကို ပင့်မြောက်လိုက်၏။

နတ်ဘုရားပုံရိပ်ယောင်ဓား၏ ပထမအဆင့်၊ ပုံရိပ်ယောင်လက်ညိုး။

ရုတ်တရက် ဓားမီးတောက်တစ်စသည် လေထဲသို့ တိုးဝင်သွားကာ စကားပြောဆိုနေသော ထိုသူ၏ ဦးခေါင်အား ထိုးဖောက်သတ်ပစ်လိုက်လေသည်။

'' မင်း ကို ငါ က စကားပြောခွင့်ပေးလို့လား .... ဟမ်၊ ''

လင်းယွန်သည် နက်နဲတပိုင်း သိုင်းသမားကြီး နှစ်ဦး၏ ရှေ့တွင် လက်ညိုးတစ်ချောင်းတည်းဖြင့်၊ တစ်စုံတစ်ယောက်ကို ချက်ခြင်း သတ်ပစ်လိုက်ခြင်းသည်၊ လူတိုင်းအား ထိတ်လန့်သွားစေ၏။

'' အပြာရောင်နေမင်း နိုင်ငံရဲ့ အာဏာရှင်ဂိုဏ်းငယ် နှစ်ဂိုဏ်းက ဘယ်လောက်အထိ ကြွယ်ဝလဲ ငါကြည့်မယ်၊ ''

လူအုပ်ကြီးက ထိတ်လန့်နေဆဲမှာပင်၊ လင်းယွန်၏ မျက်ဝန်းများထဲတွင် ကောက်ကျစ်ယုတ်မာသော အလင်းရောင်များ တောက်ပလာပြီး၊ မျက်လုံးများ မှေးစင်းလျက် ပြုံးလိုက်၏။ သူက ဂိုဏ်းသားများထံ အေးစက်စွာစိုက်ကြည့်လျက် ပြတ်သားစွာ ခြိမ်းခြောက် လိုက်လေသည်။

'' ....ဆိုတော့က သေချာနားထောင်၊ ဒီနေ့ ရှန်ရှင်းဆေးလုံး(၁၀,၀၀၀) မရှိရင်၊ မင်းတို့နှစ်ယောက်အပါအဝင် ဘယ်သူကမှ ဒီနေရာကနေ ထွက်သွားခွင့်ရဖို့ စိတ်ကူးတောင် မယဉ်နဲ့၊ ....."

***

All Chapters