← Chapters

ဓား သူတော်စင်။

Vol. 11 Ch. 141

ဓား သူတော်စင်။

Vol. 11 Ch. 141

'' ဒီနေ့ ရှန်ရှင်းဆေးလုံး(၁၀,၀၀၀) မရှိရင်၊ မင်းတို့နှစ်ယောက်အပါအဝင် ဘယ်သူကမှ ဒီနေရာကနေ ထွက်သွားခွင့်မရှိဘူး....."

အေးစက်စက် စကားသံထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်သည်တိတ်ဆိတ်သွားခဲ့သည်။ လူအုပ်ကြီးသည် လင်းယွန်ကို လွဲမှားစွာ သံသယဖြစ်မိခဲ့ ကြသည်။ သူက ဂိုဏ်းနှစ်ဂိုဏ်းထံမှ လုယက်ရန်ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

ဂိုဏ်းနှစ်ဂိုဏ်းသည် အပြာရောင်နေမင်းနိူင်ငံတွင် အုပ်စိုးသူများဖြစ်ပြီး ၎င်းဂိုဏ်းအချင်းချင်းမှလွဲ၍ မျက်လုံးထဲတွင် ထားမည်မဟုတ်ပေ။ သူတို့ဆန္ဒရှိလျှင် မျိုးနွယ်စုတစ်ခုလုံးကို အလွယ်တကူ ချေမှုန်းနိုင်သော်လည်း ယနေ့တွင် လင်းယွန်၏ လုယက်ခြင်းကို ခံနေရလေသည်။

ထို့ပြင် မီးနှင့်ကစားနေသောလင်းယွန်ကို မြင်လိုက်ရသောလူအုပ်ကြီးမှာ ထိတ်လန့်သွားကြသည်။

" ငါ နားကြားမှားတာလား ...."

" မင်းမမှားဘူး... သူက ရွှေမီးတောက်ဂိုဏ်းနဲ့ သွေးတိမ်ဂိုဏ်းကို ငွေညှစ်ဖို့ ကြိုးစားနေတာ "

“နက်နဲတပိုင်းသိုင်းသမားနှစ်ဦးက သူ့ကို ကောင်းကင်ရတနာ ရှိခွင့်ပေးလိုက်တာနဲ့ပဲ၊ သူ့ကိုယ်သူ အိပ်မက် မက်နေခဲ့တာ၊ ဒါပေမယ့် သူက နောက်ထပ် တစ်လှမ်းတိုးပြီး ဂိုဏ်းနှစ်ဂိုဏ်းကို ခြိမ်းခြောက်ရဲလိမ့်မယ်လို့ ငါမထင်ထားဘူး "

" ဒါက အစကတည်းက သူ့ရည်ရွယ်ချက်လား။"

" ဘယ်လောက်တောင် မောက်မာလိုက်လဲ …”

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပတ်ဝန်းကျင်တွင် ဝေဖန်သံများ ထွက်ပေါ်လာသည်။ အမြင်မျိုးစုံဖြင့် ရေရွတ်နေကြသော်လည်း လင်းယွန်၏စကားများကို ဟာသအဖြစ် မမှတ်ယူဝံ့ပေ။ ထိုလင်းယွန်သည် သူ့လက်ချောင်းများကို ဆန္ဒရှိသလို ထိုးညွှန်လိုက်သည်နှင့် တစ်စုံတစ်ယောက်ကို သတ်ပစ်လိုက်နိုင်ပေမည်။ ဤအချိန်တွင် မည်သူမျှ သူ့ကို နှိမ့်ချကြည့်ရှုရန် သတ္တိမရှိကြပေ။ တစ်ချိန်တည်းတွင် ဂိုဏ်းနှစ်ဂိုဏ်းထံမှ မည်သို့တုံ့ပြန်လာမည်ကို သိချင်လာကြသည်။

"ဘယ်လောက်တောင် မောက်မာလိုက်လဲ...."

" အရှက်မရှိ ......"

ဂိုဏ်းနှစ်ဂိုဏ်း၏ အကြီးအကဲနှစ်ယောက်သည် ဒေါသတကြီး ကျိန်ဆဲလိုက်၏။ သူတို့သည် နက်နဲတပိုင်းကျင့်ကြံသူများဖြစ်ပြီး၊ ၎င်းတို့၏ကျင့်ကြံမှုသည် လင်းယွန်ထက် များစွာမြင့်မားလှသည်။

သူတို့နှစ်ယောက်မှ တစ်လှမ်းဆုတ်ခွာပေးခဲ့သော်လည်း လင်းယွန်၏ မောက်မာသော စကားများကြောင့် လူအုပ်ကြီးထံမှ အကြည့်သည် များစွာ အရှက်ရစေသည်။

ဒေါသထွက်နေသော အကြီးအကဲနှစ်ယောက်ကို ကြည့်လိုက်ပြီ လင်းယွန်က ရှက်ရွံ့စွာ ပြုံးလိုက်ကာ၊

“ ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မင်းတို့နှစ်ယောက်ထက်စာရင် ငါက ငယ်ရွယ်လွန်တာမို့ မခံယူဝံ့ပါဖူး၊ ဒါပေမယ့် မင်းတို့နှစ်ယောက်က ငါ့မေးခွန်းကို မဖြေကြသေးဘူး။ မင်းတို့ ငါ့ကို ရှန်ရှင်းဆေးလုံးတွေ ပေးမှာလား။"

" သောက် ပဲဟေ့........သွေးတိမ်ဂိုဏ်းကို မင်းအပြစ်ပြုဝံ့သေးလားဆိုတာ ငါကြည့်မယ်...."

လင်းယွန်၏ မောက်မာသော စကားများကို နားထောင်ပြီးနောက် အကြီးအကဲနှစ်ဦးသည် သတ်ဖြတ်လိုသောဆန္ဒကို ထုတ်ဖော်လိုက်ကာ၊ သေကွင်းသေကွက်များထံသို့ ချိန်ရွယ် တိုက်ခိုက်လိုက်သည်။

“ မိုးကောင်းကင်ကို အုပ်စိုးမဲ့ သွေးလက်ဖဝါး ....”

သွေးတိမ်ဂိုဏ်း၏အကြီးအကဲသည် အေးစက်စွာကြုံးဝါးသံနှင့်အတူ လေထုထဲ၌ ပုံရိပ်ယောင်သွေးလက်ဖဝါးကြီးကို ဖြစ်ပေါ်လာစေလျက်၊ လင်းယွန်အား အုပ်မိုးပြစ်လိုက်လေသည်။

နောက်ဆုံးတွင်၊ ၎င်းလက်ဖဝါးသည် ကောင်းကင်နှင့် မြေကြီးအတွင်း ပေါင်းစပ်သွားပြီးနောက်၊ အသက်ရှူကြပ်စေသော ဖိအားတစ်ချို့ ထွက်ပေါ်လာလေသည်။ နက်နဲတပိုင်း သိုင်းသမား တစ်ယောက်၏ တိုက်ခိုက်မှုသည် သူ့ဘဝတစ်ခုလုံးတွင် စုဆောင်းထားသော အတွေ့အကြုံများ၊ ပေါင်းစပ်ပါဝင်ထားရာ ထင်သလောက်မရိုးရှင်းလှပေ။

" အုပ်စိုးခြင်း လက်ဖဝါး ... ''

ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲသည်လည်း၊ တပြိုင်နက်တည်း စတင်လှုပ်ရှားလာခဲ့သည်။ စူးရှတောက်ပသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သောအခါတွင် သူ၏ အဝတ်အစားများ တဖျတ်ဖျတ်လူးလွန့်သွားသည်။

၎င်းသည် လေထဲ၌ တောက်လောင်နေသော နေရောင်ကဲ့သို့ပင် လေထုကို တောက်လောင်လာစေကာ အပူချိန် မြင့်တက်လာစေသည်။

“ နက်နဲတပိုင်းသိုင်းသမားရဲ့ ခွန်အားက မယုံနိုင်စရာပဲ.... ”

" ဘာစွမ်းအားမျိုးလဲ... သတ္တမအဆင့်ကျင့်ကြံသူတွေတောင် သိုင်းကွက်တစ်ကွက်ကို ခုခံဖို့ မစွမ်းနိုင်မှာကို ငါကြောက်တယ်။ "

“ လင်းယွန်ရဲ့ မောက်မာမှုက တကယ်ပဲသေဖို့လား....... ''

အကြီးအကဲနှစ်သူတို့၏ တိုက်ခိုက်မှုအရှိန်အဝါကို ထုတ်လွှတ်လိုက်သောအခါတွင်၊ ပတ်ဝန်းကျင်ရှိလူအုပ်ကြီးထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

ကြက်သွေးရောင် ပုံရိပ်ယောင်လက်ဖဝါးကြီးသည် လေထုထဲပေါင်းစပ်လျက် ဖြည်းညှင်းစွာ ကျဆင်းလာကာ၊ လင်းယွန်၏ ထွက်ပေါက်အားလုံးကို ပိတ်ဆို့ဖုံးအုပ်ထားသည်။

အခြားတစ်ဖက်တွင် လင်းယွန်က ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲကို ကြည့်လိုက်ပြီးနောက်၊ မျက်ခုံးပင့်လိုက်ကာ တုန်လှုပ်သွားခဲ့သည်။ အကယ်၍ ၎င်းသည် မိုးကြိုးလျှပ်စီးခန္ဓာကိုယ်သာ မရှိခဲ့ပါက၊ ထိုဖိအားဖြင့်ပင် အသားတစ်အဖြစ်သို့ ပြောင်းလဲ သွားနိုင် ပေမည်။

သို့သော် လင်းယွန်သည် ထိတ်လန့်သွားခြင်းမရှိခဲ့ပဲ၊ နှုတ်ခမ်းပေါ်၌ အပြုံးတစ်ပွင့်ကို ထုတ်ဖော်လျက် နောက်ပြန်ဆုတ်လိုက်ကာ၊ လက်ဖဝါးကိုဖွင့်ပြီး ကောင်းကင်ရတနာကို ထုတ်ဖော်လိုက်သည်။

" စီနီယာ၊ မင်းရဲ့ခွန်အားက ဘယ်လောက် ခိုင်မာလဲဆိုတာ ကြည့်ရအောင်။"

အေးစက်သော အပြုံးနှင့်အတူ သူ၏ဝိညာဉ်စွမ်းအင်ကို အဆောင်မှော်ရတနာထဲသို့ ပို့လိုက်သည်။ နောက်တစ်စက္ကန့်အတွင်း မှော်ရတနာသည် ပြိုးပြိုးပြက်ပြက်တောက်ပလာခဲ့၏။

'' တွမ်......... ''

တစ်ချိန်တည်းမှာပင်၊ ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်လက်သည် မှော်ရတနာအတွင်းမှ ထွက်ပေါ်လာပြီး၊ ပတ်ဝန်းကျင်ကို ဖုံးအုပ်သွား၏။ ၎င်းမှထွက်လာသော ဓားရောင်ခြည်များသည် ကောင်းကင်သို့ တဟုန်ထိုး တိုးထွက်သွားကာ တိမ်လွှာများအတွင်းတိုင် ထိုးဖောက်သွားလေသည်။

" ဒါက........"

သွေးတိမ်ဂိုဏ်း၏ အကြီးအကဲမျက်နှာသည် ဖြူဖျော့သွားပြီး၊ သူ့မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်များဖြင့် အစားထိုးလာသည်။

ထိုဓားအရှိန်အဝါအောက်တွင် မီးခိုးရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး၊ နောက်ကျောတွင် ဓားသေတ္တာတစ်ခုအား ထမ်းပိုးထားသော လူရိပ်တစ်ရိပ် ထွက်ပေါ်လာလေသည်။ ထိုလူရိပ်ထွက်ပေါ်လာသည့်အချိန်နှင့် ကောင်းကင်မှကျဆင်းလာသော သွေးလက်ဝါးကြီးတို့သည်၊ အချိန်ကိုက် ထိမိသွားကြသည်။

'' ဘုန်း........ ''

၎င်းတို့တိုက်မိသွားရာမှ ပတ်ဝန်းကျင်လေထုသည် တဟုန်ထိုး တုန်ခါသွားကာ၊ လှိုင်းလုံးများ သဏ္ဍာန် အနီးပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားသည်။ ထို့နောက်တွင် အက်ကြောင်းများ မြေပြင်အနှံ့ ပြန့်ကျဲလာပြီး သိပ်မကြာခင်မှာပင် သွေးလက်ဖဝါးကြီးသည် ကွဲအက်သွားလေသည်။

အိုး.......။

တစ်ဆက်တည်းမှာပင် မီးခိုးရောင်ဓားသမားသည် သူ့ဓားအားစွဲထုတ်လျက် အခြားတစ်ဖက်ရှိ ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲအား ခုတ်ပိုင်းလိုက်ပြန်၏။

'' ရွှပ်....... ''

မီးခိုးရောင်ဓားသမားက သူ၏ ဓားကို လွှဲရမ်း လိုက်ချိန်တိုင်းတွင်၊ ၎င်း၏ တုန်ခါမှုမှ တစ်ဆင့် ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်သံများထပ်လာသည်။

ဓားသုံးချက်ခုတ်လွှဲပြီးနောက် ရွှေမီးတောက်ဂိုဏ်းမှ အကြီးအကဲသည် ကောင်းကင်မှပြုတ်ကျ ပေါက်ကွဲထွက်သွားသည်။

မီးခိုးရောင်ဓားသမားသည် ဤမျှဖြင့် ရပ်မသွားခဲ့ပဲ၊ သွေးတိမ်ဂိုဏ်း၏ အကြီးအကဲ ရှေ့မှောက်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး သွေးတိမ်ဂိုဏ်း၏ အကြီးအကဲကို အံ့အားသင့် သွားစေခဲ့သည်။ သို့သော် သွေးတိမ်ဂိုဏ်း၏အကြီးအကဲသည် အံကြိတ်လျက် လင်းယွန်ထံသို့ သူ့လက်ဖဝါးကို ဖိနှိပ်နေစဉ်မှာပင်၊ စက္ကန့်အနည်းငယ်မျှ တုန့်ဆိုင်းသွားသည်။

'' ဝှစ်....... ''

ထိုအချိန်တွင် မီးခိုးရောင်ဓားသမားသည် သူ့ဓားအားလွှဲယမ်းလိုက်ရာ၊ သွေးတိမ်ဂိုဏ်း၏ အကြီးအကဲက လျင်မြန်စွာတုံ့ပြန်ခဲ့သော်လည်း လုံလောက်အောင် မမြန်ဆန်ခဲ့ပေ။ ၎င်းဓားအလင်းသည် သူ့ရင်ဘတ်၌ နက်ရှိုင်းသော ပြတ်ရှရာတစ်ချက် ထင် ကျန်ရစ်စေကာ၊ သူ့အား လွင့်စင်သွားစေသည်။

" ကောင်းကင်ရတနာ....''

" အဲ့ဒါကောင်းကင်ရတနာပဲ၊ သူက ဒီဓားသမားကို ခေါ်ထုတ်လိုက်တာ.... ''

သွေးတိမ်ဂိုဏ်း၏ အကြီးအကဲသည် လေထဲ၌ ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေသော မီးခိုးရောင်ဓားသမားကို ကြောက်ရွံ့စွာမော့ကြည့်လိုက်မိပြီး၊ မိမိကိုယ်ကို စွမ်းအားမဲ့သွားသလို ခံစားလိုက်ရ၏။ မီးခိုးရောင်ဓားသမား၏ ဓားအရှိန်အဝါသည် ကောင်းကင်ဘုံကို ဖြတ်တောက်ပစ်နိူင်သည်အထိ သန်စွမ်းလွန်းလှကြောင်း၊ သတိပြုမိလိုက်သည်။ ထိုသူ၏ဓားထံမှ သေခြင်းနတ်ဘုရား အရှိန်အဝါများကို အဆုံးမဲ့ရရှိနေစေသည်။

'' ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ မရဏအငွေ့အသက်တွေလဲ...''

ကျောရိုးတစ်လျှောက် အေးစိမ့်စိမ့်အငွေ့အသက်များနှင့်အတူ ရုတ်တရက် ထွက်ပေါ်လာသောအတွေးကြောင့်၊ သွေးတိမ်ဂိုဏ်း၏ အကြီးအကဲက၊ အလျင်အမြန်ခေါင်းညိတ်ပြလိုက်၏။

"လင်းယွန်၊ မင်းရဲ့တောင်းဆိုချက်ကို ငါတို့သဘောတူမယ်..... "

'' ငါလည်း သဘောတူတယ် ''

'' အိုး........... ''

လင်းယွန်က သူ့လက်ကို ဝှေ့ယမ်းပြီး မီးခိုးရောင်ဓားသမားကို ပြန်လည်ခေါ်ယူလိုက်ရာ၊ အဆောင်မှော်ရတနာအတွင်းသို့ ဝင်ရောက်သွားပြီးနောက်၊ မှော်ရတနာသည် အနည်းငယ်အက်ကွဲသွားသည်။

ဤမြင်ကွင်းကြောင့် လင်းယွန်က မသက်မသာဖြင့် နူတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

ရွှေမီးတောက်ဂိုဏ်းနှင့် သွေးတိမ်ဂိုဏ်း၏ တပည့်များသည် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေခဲ့ပြီး၊ အကြီးအကဲနှစ်ဦးမှာ ကြောက်ရွံ့စွာ ဖြူဖျော့နေခဲ့သည်။

ဓားသူတော်စင်၏ အဆောင်မှော်ရတနာသည် နက်နဲသိုင်းသမားများကိုပင် ယှဉ်နိုင်သည်ဖြစ်ရာ၊ ၎င်းအကြီးအကဲနှစ်ဦးတို့သည် နက်နဲတစ်ပိုင်းသိုင်းသမားများသာ ဖြစ်ကြသည်ကြောင့်၊ သူတို့အား လုံးလုံးလျားလျား ချေမှုန်းသွားနိူင်ခဲ့သည်။ ယင်းကိုကြည့်ချင်းအားဖြင့် ရွှေခေတ်တွင် ရှင်သန်ကြသူများမှာ မည်မျှ သန်မာကြသည်ကို ခန့်မှန်းမရခဲ့ပေ။

သို့သော်လည်း ယခုအချိန်သည် ဤကိစ္စကို စဉ်းစားရမည့်အချိန် မဟုတ်သေးပေ။ လင်းယွန်က ရှေ့သို့ လှမ်းကြည့်လိုက်ပြီး၊

“ ခုနက ဖြစ်ပျက်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်၊ ဒါပေမယ့် ငါတို့က မတိုက်ခိုက်ရင် ငါတို့ အချင်းချင်း ကောင်းကောင်း သိကြမှာ မဟုတ်ဘူး၊ မင်းတို့နှစ်ယောက်အဆင်ပြေရင် ရှန်ရှင်းဆေးလုံးတွေ အခုပဲ လွှဲပေးလို့ရပါပြီ။ ''

လူအုပ်ကြီး ခန့်မှန်းထားခဲ့ကြသကဲ့သို့၊ အစကတည်းကပင် လင်းယွန်က ဂိုဏ်းနှစ်ဂိုဏ်းထံမှ ငွေညှစ်ဖို့ရန် ရည်ရွယ်ခဲ့ပုံရသည်။ ကောင်းကင်ရတနာကို ပိုင်ဆိုင်ထားပြီးနောက်တွင်၊ ဤလျှို့ဝှက်နယ်မြေအတွင်းတွင် မည်သူ့ကိုမျှ ကြောက်ရွံ့နေစရာ မလိုတော့ပေ။ လျှို့ဝှက်နယ်မြေတွင် ဂိုဏ်းနှစ်ဂိုဏ်းသည် သူ့အတွက် အဖြည့်ခံများသာသာပင်။

ထို့အပြင် သူသာဆန္ဒရှိပါက ကောင်းကင်ရတနာကို အသုံးမပြုပဲ၊ ဂိုဏ်းနှစ်ဂိုဏ်းထံမှ လွတ်မြောက်ရန် လွယ်ကူလှပေသည်။

အခြားတစ်ဖက်တွင် လင်းယွန်သည် သူ၏ အိုင်းရစ်ဓားသုတ္တန်ကို ပထမအဆင့်သို့ရောက်ရှိရန်၊ သူ့တွင်ရှိသော အရင်းအမြစ်အားလုံးကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် ငွေညှစ်ခြင်းကို မပြုပါက၊ ကျင့်ကြံရန်အတွက် အရင်းအမြစ်များ မည်သို့ရရှိနိုင်မည်နည်း။

လင်းယွန်ထံမှ စကားများကို ကြားရသောအခါ အကြီးအကဲနှစ်ယောက်၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။

“ ရှန်ရှင်းဆေးလုံးရေ (၁၀,၀၀၀)က အရမ်းများလွန်းတယ်၊ ငါ့မှာ (၂၀၀၀)လောက်ပဲ ရှိတယ်..... ”

သွေးတိမ်ဂိုဏ်း၏ အကြီးအကဲက နှုတ်ခမ်းများကို ကိုက်ကာ အားကိုးရာမဲ့ ပြန်ဖြေလိုက်သည်။

ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲသည်လည်း ရှက်ရွံ့စွာကြည့်ကာ၊

“ ငါ့မှာလည်း အများကြီးမရှိဘူး… (၃၀၀၀) ပဲရှိတယ်…”

"တောင်းပန်ပါတယ်၊ ဒါပေမယ့် မင်းတို့နှစ်ယောက်က ငါ့ကို အထင်လွဲခဲ့ကြလိမ့်မယ်လို့ ငါယုံကြည်တယ်၊ ငါပြောနေတာက မင်းတို့ရဲ့ဂိုဏ်းနှစ်ဂိုဏ်းပေါင်းအတွက် ရှန်ရှင်းဆေးလုံး (၁၀,၀၀၀) မဟုတ်ဘူး၊ ဂိုဏ်းတစ်ဂိုဏ်းအတွက် အလုံးရေ (၁၀,၀၀၀)ပဲ...."

" (၁၀,၀၀၀) .... ဒါဆို သူတို့အားလုံးကို သတ်နိုင်တယ်၊ ငါ့သွေးတိမ်ဂိုဏ်းက လူတိုင်းကို မင်းသတ်ပစ်ရင်တောင်၊ ငါ့မှာ ရှန်ရှင်းဆေးလုံးရေ (၁၀,၀၀၀) မရှိဘူး....."

သွေးတိမ်ဂိုဏ်း၏ အကြီးအကဲသည် တုန်ယင်သောအသံဖြင့်၊ မသက်မသာ ရေရွတ်လိုက်၏။

" ရှန်ရှင်းဆေးအလုံး (၁၀,၀၀၀)ကို ဘယ်နေရာမှာမဆို ရှာတွေ့နိုင်မယ်လို့ မင်းထင်တာလား။"

ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲက ကူရာကယ်ရာမဲ့ဟန်ဖြင့် အံကြိတ်ကာ ပြန်ပြောလိုက်သည်။

သို့သော် လင်းယွန်သည် စကားမပြန်ခဲ့ပဲ၊ နှုတ်ဆိတ်နေခဲ့သည်ကို မြင်လိုက်ရသောအခါ အကြီးအကဲနှစ်ယောက်မှာ ထိတ်လန့်သွားကြသည်။

ခဏအကြာတွင် ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲက အံကြိတ်လိုက်ကာ၊

“ ငါရဲ့ ရွှေမီးတောက်ဂိုဏ်းက ရှန်ရှင်းဆေးလုံးရေ (၄,၀၀၀) လောက်တော့ တတ်နိုင်ပါသေးတယ်…”

“ သွေးတိမ်ဂိုဏ်းကလည်း ရှန်ရှင်းဆေးလုံးပေါင်း (၅၀၀၀)လောက်တော့ ရနိူင်မှာပါ... ”

အကြီးအကဲနှစ်ဦးက အောင့်သက်သက်ဖြင့် ထပ်မံရေရွတ်လိုက်သော်လည်း၊ လင်းယွန်က ကောက်ကျစ်စွာ ပြုံးရယ်လိုက်ပြီး၊

“ ..... အဲဒါတွေ မလိုအပ်တော့ပါဘူး၊ မင်းတို့နှစ်ယောက် ဒီလောက်ခက်ခဲတဲ့ အနေအထားမှာ ရောက်နေမှတော့ မင်းတို့အတွက် အမှိုက်တွေကို ငါရှင်းပေးလိုက်ပါမယ်။ "

'' ချွမ်........... ''

ပန်းသင်္ချိုင်းဓားကို မြေပြင်မှ ဆွဲထုတ်လိုက်သည်နှင့် သတ်ဖြတ်မှုရောင်ဝါသည် တစ်ဖန်တောက်လောင်လာကာ လူအုပ်ကြီးအား ကြောက်ရွံ့သွားစေသည်။

“ မလုပ်နဲ့... မခက်ပါဘူး၊ ငါတို့အတွက် လုံးဝမခက်ပါဘူး၊ မိတ်ဆွေလေးလင်း အေးအေးဆေးဆေး စကားပြောရအောင်။”

လင်းယွန်သည် စိတ်ပျော့ညံ့သူမဟုတ်ကြောင်း အကြီးအကဲနှစ်ဦးက သိသည်။ ဤအရပ်၌ ရှိသမျှတို့ကို သတ်မည်ဟု ဆိုခဲ့လျှင် သူ၏စကားကို မြဲမြံစွာ သက်သေပြပေလိမ့်မည်။

“ ဒါက ရှန်ရှင်းဆေးလုံး (၈၀၀၀)နဲ့ လျို့ဝှက်နယ်မြေမှာ ရိတ်သိမ်းလို့ရတဲ့ ရတနာတချို့ပါ၊ လိုအပ်တဲ့ ဆေးလုံးတွေအတွက် လုံလောက်သင့်တယ် မဟုတ်လား.....”

ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲက မဲမှောင်သော မျက်နှာဖြင့် လင်းယွန်အား သိုလှောင်အိတ်တစ်လုံးကို လွှဲပေးလိုက်သည်။

" ဒါက ရှန်ရှင်းဆေးလုံး(၇၀၀၀)နဲ့ အဖိုးတန်ဆေးဖက်ဝင်အပင်အချို့ပါ၊ ဒါလည်း လုံလောက်မယ် ထင်တယ် ”

သွေးတိမ်ဂိုဏ်း၏ အကြီးအကဲသည်လည်း တုန်ယင်သောလက်များဖြင့် လင်းယွန်ထံသို့ အိတ်တစ်လုံးကို ထုတ်ကာ လွှဲပေးလိုက်သည်။

သိုလှောင်အိတ်နှစ်လုံးကို လက်ခံရယူပြီးနောက်၊ လင်းယွန်က စစ်ဆေးကြည့်လိုက်ကာ၊ ပြုံးရယ်လျက်၊

" မင်းတို့နှစ်ယောက်က စီနီယာပီသပါပေတယ်၊ ငါ့လို ဂျူနီယာတစ်ယောက်ကို ထောက်ပံ့ရတာ တကယ်ပဲ မွန်မြတ်တဲ့အလုပ်ပါ၊ မင်းတို့ရဲ့ မြင့်မြတ်တဲ့သဘောထားက အပြာရောင်နေမင်း နိုင်ငံတစ်လျှောက် ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားလိမ့်မယ်လို့ ငါယုံကြည်တယ်... ”

'' ............. ''

လင်းယွန်၏ ချီးမွန်းလိုက်သံကြောင့် လူအုပ်ကြီးမှာ အနည်းငယ် ရယ်မောလိုက်ကြသည်။ ယနေ့ပြီးနောက်၊ ၎င်းလုယက်ခံရမှုသည် ဂိုဏ်းနှစ်ဂိုဏ်း၏ သမိုင်း၌ ရာစုနှစ်တစ်စုကြာအောင် စွန်းထင်းနေပေတော့မည်။

***

All Chapters