ကြာပန်း ဆယ့်ရှစ်ခုံ။
Vol. 11 Ch. 144
ကောင်းကင်ကိုထိုးဖောက်မည့် ယဇ်ပလ္လင်။
ထိုအမည်သည် အဓိပ္ပါယ်ရှိလှသည်ဟု ခံစားမိ၏။ သောင်းနှင့်ချီသော လှေကားထစ်များပေါ်၌ အနက်ရောင်ယဇ်ပလ္လင်ကြီးသည် မိုးကုပ်စက်ဝိုင်းသို့တိုင် ထိစပ်နေ၏။
'' ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်တဲ့ မြင်ကွင်းလဲ....''
" ...လူငယ်သခင်၊ ကောင်းကင်ကိုထိုးဖောက်မဲ့ ယဇ်ပလ္လင်ရဲ့ ထူးခြားမှုကို မင်းသိလား "
ယဇ်ပလ္လင်ထံမှမျက်လုံးလွှဲလျှက် လင်းယွန်က မင်ယီကို ကြည့်လိုက်သည်။ ဤအချင်းအရာအတွက် မင်ယီသည် သူ့ထက် ပို၍ ကြွယ်ဝပေမည်။
ယဇ်ပလ္လင်ထံရှိ သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး၊ မင်ယီက ခေါင်းညိတ်ပြလိုက်၏။
“ ဒီကျောက်သားရင်ပြင်ကို တာအိုတရားရင် ပြင်လို့လည်း ခေါ်တယ်၊ သိုင်းတာအိုအပေါ် ရှေးခေတ်ဂိုဏ်းသား တွေက ထိုးထွင်းဆင်ချင်ရာနယ်မြေပဲ၊ ပြီးတော့ တာအိုတရားရင်ပြင်မှာ လုပ်ဆောင်ချက်တစ်ခု ရှိသေးတယ်…”
" တာ အို တ ရား ဟော ခြင်း "
လင်းယွန်က ရေရွတ်လိုက်သည်။
“မှန်ပါတယ်၊ ဒါက တာအို တရားဟောရင် ပြင်ပါပဲ ”
-ဟု မင်ယီက ဆိုလိုက်ကာ၊ ဆက်လက်၍၊
“ ကောင်းကင်ကိုထိုးဖောက်မဲ့ ယဇ်ပလ္လင် ပွင့်လာတဲ့အခါ ကြာပန်းဆယ့်ရှစ်ပွင့် ဆင်းသက်လာပြီး၊ အဲ့ဒီကြာပလ္လင်တစ်ခုစီတိုင်းက ထိုးထွင်းသိမြင်မှုကိုရစေဖို့ ကောင်းကင်ကိုထိုးဖောက်မဲ့ယဇ်ပလ္လင်ကြီးနဲ့ ဆက်သွယ်လာလိမ့်မယ် ”
“ မင်းရဲ့ သိုင်းတာအိုကို ယဇ်ပလ္လင်ပေါ်မှာ လေ့ကျင့်တာက ပိုထိရောက်တယ်လို့ ကောလဟာလအချို့ ရှိတယ်၊ ဘယ်လိုသိုင်းနည်းစနစ်မျိုးကိုမဆို နားလည်နိုင်စွမ်း မြင့်မားလာအောင် ကူညီပေးနိုင်တယ်၊ လူတော်တော်များများက သူတို့ရဲ့ သိုင်းနည်းစနစ်တွေကို ပိုအစွမ်းထက်အောင် ဒါမှမဟုတ်၊ ပြီးမြောက်အောင် လေ့ကျင့်ဖို့ ဒီကြာပလ္လင်တွေပေါ်မှာ ကျင့်ကြံကြရတယ်.... ”
သိုင်းနည်းစနစ်များအပေါ် နားလည်နိုင်မှုကို အဆင့်လေးဆင့် ခွဲခြားထားသည်။ ကနဦးနားလည်မှု၊ အလယ်အလတ်ကျွမ်းကျင်မှု၊ အဆင့်မြင့်ကျွမ်းကျင်မှုနှင့် အထွတ်အထိပ်ကျွမ်းကျင်မှုများအဖြစ် သတ်မှတ်ထားကြသည်။ အဆင့်အသီးသီးတွင် ကြီးမားသော ကွဲပြားမှုများရှိကြောင်း လင်းယွန်သိသည်။ အဆင့် မြင့်နားလည်မှုများထက် နိမ့်ကျသော၊ အလယ်အလတ် ကျွမ်းကျင်မှုသည်ပင် မယုံနိုင်လောက်သော ထိုးထွင်းနားလည်မှုများရှိရန် လိုအပ်ပေသည်။
ရှင်းရှင်းပြောရလျှင် သိုင်းနည်းစနစ်တစ်ခုအား ပိုမိုပြီးမြောက်ရန် တစ်နှစ်ပတ်လုံး အချိန်ယူရပေမည်။ ထို့ကြောင့် အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိရန် သိုင်းနည်းစနစ်များ အပေါ် နားလည်နိုင်စွမ်းသည် နှစ် ဖြင့်ချီကာ ကြာညောင်းတက်ပေ၏။
အထွတ်အထိပ်ကျွမ်းကျင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်၏ နားလည်မှုပေါ်တွင်သာ၊ လုံးလုံးမူတည်နေမည် ဖြစ်သည်။ နားလည်မှု မမြင့်မားပါက၊ တစ်သက်တာလုံးတွင် အထွတ်အထိပ်ကျွမ်းကျင်မှုသို့ မည်သည့်အခါမျှ ခြေမချနိုင်တော့ ချေ။
ဤကောင်းကင်ကိုထိုးဖောက်မည့်ယစ်ပလ္လင်သည် ကျင့်ကြံသူများအား အချိန်ကုန်သက်သာစေသော တာအိုနားလည်မှုများကို အထောက်အကူရစေသည်။ နားလည်မှု နိမ့်ကျသော ကျင့် ကြံသူအချို့သည်ပင်၊ အထွတ်အထိပ် ကျွမ်းကျင်မှုအရသာကို ခံစားလာနိုင်သည်အထိ အခွင့်အရေးများစွာ ရှိပေမည်။
“ ဒါပေမယ့် အဲဒါက ကောင်းကင်ကိုထွင်းဖောက်မဲ့ယဇ်ပလ္လင်ရဲ့ ဆွဲဆောင်မှုအရှိဆုံးအချက်လည်း မဟုတ်သေးဘူး။ ”
"အိုး......."
" တကယ်အစစ်အမှန်က လူတိုင်းကို သူတို့ရဲ့ နားလည်နိုင်စွမ်း ပေါ် အဆင့်သတ်မှတ်ပြီး သိုင်းနည်းစနစ်တွေကို ပေးအပ်တာပဲ၊ ဒါက ရှေး ဟောင်းသိုင်းနည်းစနစ်တွေကို ရယူနိုင်ဖို့ အခွင့်အရေးပဲ မဟုတ်လား ”
ထိုစကားများကို နားထောင် ပြီး နောက် အဘယ်ကြောင့် ဤရင် ပြင်တွင် ကျင့်ကြံသူအများအပြား စုရုံးလာရသည်ကို ချက်ချင်းနားလည်သွားသည်။ လင်းယွန်က ပတ်ဝန်းကျင်တစ်ခုလုံး လှည့်ပတ်ကြည့်ကာ၊ သူ့မျက်လုံးများကို ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်းထံ၌ ရပ်တန့်လိုက်၏။
ထိုဂိုဏ်းသားများအလယ်၌ အဖြူရောင်ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် မျက်လုံးများ မှိတ်လျက်၊ ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါကြီးကို ထုတ်လွှတ်ထား ရှိနေသည်။ ဖြာထွက်နေသော ယင်းရောင်ဝါသည် လူတိုင်းကို မယုံနိုင်လောက်အောင် ဖိအားများ ခံစားလာရစေ၏။
သူ့ဘေး၌ ရပ်နေသောဂိုဏ်းသားများသည်လည်း မြေပြင်တွင် ဓားများထိုးစိုက်ထားသကဲ့သို့ စူးရှသောအရှိန်အဝါများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်ထားကြလေသည်။
သို့သော် အဖြူရောင်လူငယ်လေးနှင့် ယှဉ်ပါလျှင်၊ ၎င်းရောင်ဝါများသည် များစွာ မှိန်ဖျော့လှပေ၏။ ထိုလူငယ်သည် သဘာဝအတိုင်းပင် လမ်းတစ်လျှောက် လူတိုင်းကို ဒုက္ခဖြစ်စေခဲ့သော ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်း၏ ဘိုင်လိရွှမ် ဖြစ်သည်။
ဤနေရာထံသို့ ဖြတ်သန်းလာရာ လမ်းတစ်လျှောက်တွင် ချန်ထားရစ်ခဲ့သော ဓားရည်ရွယ်ချက်များကြောင့် လူများစွာကို ဒဏ်ရာရစေခဲ့သည့်အပြင်၊ ၎င်းဓားအလင်းများသည် ရတနာများစွာအား ပျက်စီးသွားစေခဲ့သည်၊ ထို့ကြောင့် ယင်းဘိုင်လိရွှမ်သည် လူတိုင်းကို အံကြိတ်မိစေသူ ဖြစ်သည်။
အခြားတစ်ဖက်တွင် လနတ်ဆိုးဗိမ္မာန်ဂိုဏ်း၏ စီရွှယ်ယီသည်လည်း ဘိုင်လိရွှမ်ထက် မည်သို့မျှ မယုတ်လျော့သော အရှိန်အဝါကိုထုတ်ဖော်ထားသည်။
ထို့အ ပြင် လူအုပ်ကြီးထဲတွင် ကျင့်ကြံချင်းအဆင့်ကိုဖိနှပ်ထားသော အဆင့်မြင့်သိုင်းသမားများစွာကိုပင် တွေ့မြင်နေရသည်။ ၎င်းတို့သည် မဟာချင်အင်ပါယာအပြင်ဘက်နယ်မြေရှိ အင်အားစုများထံမှ ဖြစ်ပုံရကာ၊ သူတို့၏အင်အားသည် သက်တံရောင်နန်းဆောင်ဂိုဏ်းထက် မနိမ့်ကျကြပေ။
လင်းယွန်က သူ၏ပတ်ပတ်လည်ကို ဆက်လက်ကြည့်ရှုနေစဉ်တွင် သူ၏အကြည့်များသည် ဝမ်မျိုးနွယ်စုထံသို့ ကျရောက်သွားခဲ့သည်။ ဝမ်နင်သည် အမြင့်မားဆုံး အဆင့်အတန်းကို ပိုင်ဆိုင်ထားပုံရကာ၊ သူ့မျက်ဝန်းများထဲတွင် မောက်မာမှုအလင်းများ စူးရှနေခဲ့သည်။ စီရွှယ်လီနှင့် ဘိုင်လိရွှမ်မှတပါး၊ အခြားသူများ၏တည်ရှိမှုကို လျစ်လျူရှုထား၏။
လင်းယွန်က သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး၊ မင်ယီဘက်သို့ လှည့်ကြည့်လိုက်ကာ၊
" မင်ယီ၊ ဒီမှာပဲ ငါတို့ လမ်းခွဲကြရအောင်"
လင်းယွန်၏ နူတ်ဆက်စကားကြောင့် မင်ယီက အံသြသွားသည်။
" အစ်ကိုလင်း၊ မင်းသေချာရဲ့လား၊ ငါရဲ့သက်တံရောင်နန်းဆောင်ဂိုဏ်းရဲ့အင်အားနဲ့ဆို မင်းအတွက် ပလ္လင်တစ်ခုရဖို့ အလွယ်တကူ ကူညီပေးနိုင်ပါတယ်။”
သက်တံရောင်နန်းဆောင်ဂိုဏ်းတွင် နက်နဲတပိုင်း အကြီးအကဲတစ်ဦးပါရှိလာရာ၊ ဤနေရာတွင် ကြာပန်းပလ္လင်တစ်ခုရရှိဖို့ရန် မခဲရင်းလှပေ။ သူတို့၏အင်အားသည် မျိုးနွယ်စုလေးစု၊ ဂိုဏ်းလေးဂိုဏ်းနှင့် မနှိုင်းယှဉ်သရွေ့၊ ၎င်းတို့၏အင်အားများအရ သန်မာသည့်စာရင်းထဲ ဝင်နေဆဲပင်။ ထို့ကြောင့်ပင် မင်ယီသည် လင်းယွန်ကို ကြာပန်းပလ္လင်တစ်လုံးရဖို့ အမှန်တကယ် ကူညီပေးချင်ခဲ့သည်။
လင်းယွန်၏အကူအညီကြောင့်သာ မဟုတ်ပါက၊ သက်တံရောင်နန်းဆောင်ဂိုဏ်းသည် သင်္ချိုင်းမြေအတွင်း ကြီးမားသောထိုးနှက်မှုများကို ခံရနိုင်သည်။
" ငါအဆင်ပြေပါတယ်၊ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မင်းငါ့ကိုကူညီရင် ဝမ်မျိုးနွယ်စုက မင်းကို ပစ်မှတ်ထားလိမ့်မယ် "
လင်းယွန်က ပြုံးပြလိုက်ပြီး၊ မင်ယီကို ပြန်ပြောခွင့်မပေးတော့ပဲ ထွက်ခွာသွားခဲ့သည်။
လင်းယွန်ထွက်ခွာပြီးနောက် မီးခိုးရောင်ဝတ် အကြီးအကဲက၊
“ ဒီလင်းယွန်က လူကောင်းတစ်ယောက်ပဲ.... ”
-ဟု ဆိုလိုက်၏။ မင်းယီက ထိုအကြီးအကဲစကားကို ခေါင်းညိတ်လျက် သက်ပြင်းချလိုက်သည်။
“ ကျွန်တော် သူ့အပေါ် တစ်ကြိမ်လောက် အကြွေးတင်စေချင်တယ်၊ ဒါပေမယ့် ရလဒ်အနေနဲ့ သက်တံရောင်နန်းဆောင်ဂိုဏ်းက သူ့ကို အစားတစ်ခု အကြွေးတင်သွားခဲ့ပါတယ်။ ”
တာအိုတရားရင်ပြင်သည် ကြီးမားကျယ်ပြန့်လှပြီး ယဇ်ပလ္လင်တစ်ဝိုက်တွင် အင်အားစုကြီးများစွာမှာ နေရာယူထားကြသည်။
နောက်ကျော၌ ဓားသေတ္တာကို ထမ်းပိုးလျက် ၊ လင်းယွန်တစ်ယောက် ကောင်းကင်ကိုထိုးဖောက်မဲ့ယဇ်ပလ္လင်ဆီသို့ ဖြည်းညှင်းစွာ ဦးတည်သွားခဲ့သည်။ ချဉ်းကပ်လာသည်နှင့်အမျှ ဤနေရာသည် အထွတ်အမြတ်ထားရာနယ်မြေတစ်ခုဖြစ်ပြီး၊ မည်မျှကြီးကျယ်ခမ်းနားလှသည်ကို တအံတသြတွေ့မြင်လိုက်ရသည်။
" ဟိုမှာ လင်းယွန် "
လင်းယွန် ချဉ်းကပ်လာသောအခါတွင် လူအချို့သည် ချက်ချင်းပင် မှတ်မိသွားကာ၊ အော်ဟစ်လိုက်သည်။
" သူ ပေါ်လာဖို့ သတ္တိရှိတုန်းပဲ၊ သူ့မှာ ကောင်းကင်ရတနာ ရှိတယ်လို့ ငါကြားတယ် ”
“ သွေးတိမ်ဂိုဏ်းနဲ့ ရွှေမီးတောက်ဂိုဏ်းကို လုယက်ပြီး လူအချို့ကိုသတ်ပစ်လိုက်တယ် "
“ ဟဲ ... ဟဲ၊ အခု သူက လမ်းလျှောက်နေတဲ့ ရတနာသိုက်ကြီး မဟုတ်လား...”
လင်းယွန်၏ နာမည်သည် လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် ပျံ့နှံ့ နေခဲ့ပြီး၊ ဂိုဏ်းနှစ်ဂိုဏ်းအား မည်ကဲ့သို့ ညှစ်ထုတ်သွားသည်ကို လူတိုင်းသိရှိထားကြသည်။ ထို့ကြောင် ၎င်းရတနာများကို လုယက်ယူငင်ရန် ဤလူအုပ် ကြီးသည် လင်းယွန်အား သတ် ဖြတ်ချင်စိတ်များဖြင့် ကြည့်နေခဲ့သည်။
" သေ စမ်း ..... "
ရွှေမီးတောက်ဂိုဏ်းနှင့် သွေးတိမ်ဂိုဏ်း၏ တပည့်များသည် လင်းယွန်ရောက်ရှိလာပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြားလိုက်သောအခါတွင် မဲမှောင်သောမျက်နှာများဖြင့်၊
“ လောလောဆယ်တော့ သူ့ကို စိတ်မပူပါနဲ့၊ ငါတို့ အပြင်ပြန်ရောက်တဲ့အခါ၊ သွေးတိမ်ဂိုဏ်းကို စော်ကားခြင်းရဲ့ အကျိုးဆက်ကို သူ မြည်းစမ်းရလိမ့်မယ်။ ”
ရွှန်းတူက နာကျင်စွာ ရွေရွတ်လိုက်သည်။
ရွှေမီးတောက်ဂိုဏ်း၏ မိန်ဇီယာသည်လည်း သူ့မျက်လုံးများကို မှေးစင်းလိုက်ကာ၊ လင်းယွန်အား လှမ်းကြည့်လိုက်သည်။
လင်းယွန်၏ အစွမ်းသတ္တိကို တွေ့ကြုံပြီးနောက် ၎င်းတို့နှစ်ယောက်စလုံးသည် ကမောက်ကမ ပြုမူဝံ့ကြပေ။ ထို့ကြောင့် ယင်းတို့နှစ်ဦးသည် လင်းယွန်၏တည်ရှိမှုကို လျစ်လျူရှုလိုက်၏။
" ဒါ မင်းပြောနေတဲ့ လင်းယွန်လား"
ဝမ်မျိုးနွယ်စု၏ အဖိုးအိုက ဝမ်နင်ကို လှမ်း မေးလိုက်သည်။
“ နံပါတ်လေးဦးလေး၊ သူ့ကို ထားလိုက်ပါ၊ သူကျွန်တော့်ကို သတိမပြုမိသေးတာ ကောင်းပါတယ်”
ဝမ်နင်က သူ့နှုတ်ခမ်းများကို တွန့်ကာ၊ ပြုံးလိုက်သည်။ သူက လျှို့ဝှက်နယ်မြေ အပြင်ဘက်၌ပင် လင်းယွန်ကို တွေ့ရှိထားခဲ့သည်။ သို့သော် သူသည် အပြာရောင်မိုးကောင်းကင်ဂိုဏ်း၌ ရှိခဲ့ဖူးသောဝမ်နင် မဟုတ်တော့ပေ။ယခုအချိန်၌ သူသည် ဝမ်မျိုးနွယ်စုတွင် မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ၊ နောက်ကြောင်းပြန်ရန် အတွက်မူ ငြီးငွေ့ဖွယ်ရာများသာ ရှိပေတော့မည်။ သူ့ထံ၌ လင်းယွန်ကို သတ်ပစ်လိုသောဆန္ဒသည် ယခင်ကကဲ့သို့ ပြင်းထန်တော့သည် မဟုတ်ပေ။ သူ့အတွက် ဤလင်းယွန်သည် ပုရွက်ဆိတ် တစ်ကောင် မျှသာ ဖြစ်ပေတော့၏။ သို့သော် လင်းယွန်သည် မိန်ဇီယာနှင့် ရွှန်းတူကို အနိုင်ယူနိုင်သည်အထိ သန်မာလာကြောင်း တွေ့ရှိလိုက်ရသော အခါတွင်၊ သူ၏ စိတ်ဝင်စားမှုများ ပြန်လည်မြင့်တက်လာခဲ့သည်။
“ နံပါတ်လေးဦးလေး၊ သူသာအမြင့်ဆုံးရောက်လာခဲ့ရင် သူ့ကို ရိုက်ချပါ၊ သူ့ကို အရှက်ကွဲစေချင်တယ်၊ အဲဒီလိုဖြစ်လာရင် သူ့အတွက် သင်ခန်းစာပေးမယ့်လူတွေ အများကြီးရှိလိမ့်မယ်။”
ဝမ်နင်က သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက် ပြီး၊ လင်းယွန်အား လျစ်လျူရှုလိုက်တော့သည်။
အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူများသည် ကျောက်သားရင်ပြင်တွင် စုရုံးလာကြသည်။ နောက်တစ်စက္ကန့်တွင်၊ ကောင်းကင်သို့တိုင် ဂုဏ်ယူဝံ့ကြွားစွာ ထိုးဖောက်နေသော ယဇ်ပလ္လင်ကြီးသည် ရုတ်တရက် မီးတောက်များ တောက်လောင်လာ တော့၏။ ၎င်းမီးတောက်များသည် လျှံထွက်လာကာ၊ ကောင်းကင်သို့တိုင် လွှမ်းခြုံသွား လေပြီ။
'' ရွှီး............ ''
တမဟုတ်ချင်းပင် မိုးကုပ်စက်ဝိုင်းအား ဖုံးလွှမ်းသွားကာ၊ ရွှေရောင်အလင်းတန်းများလွှမ်းခြုံလာလျက်၊ နွေးထွေးသောအလင်းရောင်များအောက်တွင် လူအုပ်ကြီးအား လန်းဆန်းတက်ကြွလာစေသည်။ ဤဖြစ်စဉ်ကြောင့် လူများစွာ၏ မျက်လုံးများတွင် လောဘ ရောင်များဖြင့် တဖျပ်ဖျပ်ဖျပ်တောက်ပလာကာ၊ စိတ်လှုပ်ရှားသွား ကြ၏။
'' ဝှီး........ တွမ် ''
ထို့ နောက်တွင် အလင်းတန်းတစ်ဆယ့်ရှစ်စသည် လူတိုင်းရှေ့သို့ ရုတ်တရက် ဆင်းသက်လာကာ၊ ၎င်းအလင်းတန်းတစ်ခုစီတွင် ကြာပန်းပလ္လင်တစ်ခုစီ၊ ထွက်ပေါ်လာလေသည်။ ထိုကြာပန်းပလ္လင်များသည် ရိုးရှင်းပုံပေါက်သော်လည်း၊ ကျောက်ရင်ပြင်သို့ ဆင်းသက်လာသောအခါတွင် ၎င်းဖိအားသည် လူတိုင်း၏နှလုံးသားကို လေးလံသွားစေသည်။
'' ရွှီ.........တွမ် ''
ကြာပန်းပလ္လင် တစ်ဆယ့်ရှစ်ခုံသည် မြေပြင်ပေါ်သို့ ကျရောက်သောအခါတွင် ကျောက်ရင်ပြင်ကြီးမှာ ပြင်းထန်စွာ တုန်လှုပ်သွား၏။ အခြားသူများကဲ့သို့ပင် လင်းယွန်၏ မျက်လုံးများသည်လည်း ယင်းကြာပလ္လင်များပေါ်သို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ငေးကြည့်နေမိသည်။
ထိုကြာပလ္လင်များသည် ယဇ်ပလ္လင်နှင့် ဆက်သွယ်နိုင်ပြီး ရှေးဟောင်းဂိုဏ်းမှ စီနီယာများ ထားခဲ့သော တာအို ထိုးထွင်းသိမြင်မှုကို ရရှိစေမည်။ အရေးအကြီးဆုံးမှာ၊ ၎င်းယဇ်ပလ္လင်ကြီးသည် လူတိုင်း၏နားလည်မှုအပေါ် အခြေခံ၍ သိုင်းနည်းစနစ်များကိုပင် ပေးစွမ်းလာမည် ဖြစ်သည်။
လင်းယွန်၏ နတ်ဘုရားပုံရိပ် ယောင်ဓားနည်းစနစ်သည် လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်သော်လည်း၊ သူက နောက်ထပ်မျှော်လင့်နေဆဲဖြစ်သည်။ လျှို့ဝှက်နယ်မြေအတွင်းတွင်လက်သီးထိုးနည်းစနစ်ကို ရယူနိုင်ခဲ့ပါလျှင် ပို၍ပြီးပြည့်စုံမည် ဖြစ်သည်။
လူအုပ်ကြီးသည် တူညီသောအတွေးများဖြင့် ငြိမ်သက်နေကြသည်။ ထောင်ဂဏန်းခန့်ရှိသော သိုင်းသမားများအလယ်ရှိ ကြာပလ္လင်တစ်ဆယ်ရှစ်လုံးသည် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများအား အစပျိုးလာစေမည်ဟု မျှော်လင့်ရပြီး၊ ၎င်းတို့သည် အင်အားမလုံလောက်ပါက အုပ်စုဖွဲ့ တိုက်ခိုက်ခြင်း ခံရနိုင်ပေမည်။
အိုး............။
အားလုံးမင်သက်နေချိန်မှာပင် လူရိပ်တစ်ရိပ်သည် ကောင်းကင်သို့ ရုတ်တရက် ခုန်တက်သွားပြီး၊ ကြာပလ္လင်ပေါ်သို့ ဆင်းသက်သွားတော့၏။ ထိုလူရိပ်၏ မျက်နှာအား တွေ့မြင်လိုက်ရသည်နှင့်၊ လူအုပ်ကြီးရှိ မည်သူမျှ ၎င်းတို့၏ ကန့်ကွက်မှုများကို မထုတ်ဖော်ဝံ့ကြပေ။
၎င်းလူရိပ်သည် ဘိုင်လိရွှမ်ဖြစ်ကာ၊ သူ၏ကျင့်ကြံမှုအဆင့်သည် သတ္တမအဆင့်သို့ ရောက်ရှိနေခဲ့ပြီး၊ သူသာအလိုရှိပါက နက်နဲနယ်ပယ်အတွင်းသို့ အချိန်မရွေး ဝင်ရောက်နိုင်ပေမည်။ ထို့အပြင်၊ သူသည် ဓားတာအို၌ မြင့်မားသောအောင်မြင်မှုကိုပင် ပိုင်ဆိုင်ထားလေသည်။
ထို့ကြောင့် သူ့ထံ၌ ကြီးမားသောနောက်ခံမရှိလျှင်ပင်၊ ၎င်းခွန်အားဖြင့် ကြာပလ္လင်တစ်လုံးကို သိမ်းပိုက်ဖို့ရန် ထိုက်တန်လှပေသည်။
***