ရန်သူများ ဝိုင်းရံခြင်း။
Vol. 11 Ch. 145
ဘိုင်လိရွှမ်နှင့်တချိန်တည်းမှာပင် နောက်ထပ် လူရိပ် တစ်ရိပ်သည် အခြားကြာ ပန်းပလ္လင် ပေါ်သို့ ခုန်တက် သွားလေသည်။
၎င်းမှာ လနတ်ဆိုးဗိမ္မာန်ဂိုဏ်း၏ စီရွှယ်ယီ ဖြစ်၏။ သူက ကြာပန်းပလ္လင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်လိုက်သည်နှင့် လနတ်ဆိုးဗိမ္မာန် ဂိုဏ်းသား များက ၎င်းအား ချက်ချင်း ဝိုင်းရံလိုက်သည်။
ဤမြင်ကွင်းကို တွေ့မြင် လိုက်ရသော အခါတွင် လူအုပ်ကြီးသည် ခါးသီးသော အမူအရာ များကို ထုတ်ဖော်လိုက်ကြ၏။
လနတ်ဆိုးဗိမ္မာန်၏ ကျောထောက် နောက်ခံကို ရယူ ထားပြီး နောက် ၎င်းတို့ကို အဘယ်သူသည် နှိုးဆော်ဝံ့မည်နည်း။
ထိုသူတို့ များ၏ လုပ်ရပ်ကြောင့် ကျောက်ရင်ပြင်ကြီး အတွင်း တိတ်ဆိတ် သွားခဲ့သည်။ လင်းယွန်သည် ဤအခြေအနေကို သတိပြုမိပြီး လှုပ်လှုပ်ရှားရှား မလုပ်ခဲ့ပေ။ ပေါ်လွင်ဖို့ အချိန်မကျသေးကြောင်း သူသိသည်။
ထို့ပြင်၊ လူတိုင်းသည် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် သွေးဆောင်ခံရသော်လည်း၊ ဤအကျပ်အတည်းအတွင်း၌ မည်သူမျှ မထင်ပေါ်ဝံ့ပေ။
" ဒီတတိယ မြောက် ကြာပန်းပလ္လင်က ငါ့အတွက်ပဲ "
ရုတ်တရက် ဝမ်နင်သည် ကောင်းကင်ပေါ်သို့ ခုန်တက်ကာ ကြာပန်းပလ္လင်ပေါ်တွင် ဆင်းသက်လိုက်သည်။
'' အိုး..... ဘယ်လို ဖားငယ်လေးလဲ ''
မလိုလားသော မျက်ဝန်းများစွာအတွင်းမှ အလင်းတန်းများစွာသည် ဝမ်နင်ထံ ရောက်ရှိလာသည်။ ဘိုင်လိရွှမ်နှင့် စီရွှယ်ယီ၏နာမည်များသည် မဟာချင်အင်ပါယာတွင် ကျယ်ကျယ်ပြန့်ပြန့် ကျော်ကြား နေခဲ့သော်လည်း ဝမ်နင်အကြောင်းကိုမူ လူအများက မသိရှိထားခဲ့ကြပေ။
" ဘယ်သူက လှုပ်ရှားချင်တာလဲ ...."
ဝမ်ဘိုက ရယ်မောလိုက်ပြီး မတ်တပ်ထရပ်ကာ၊
'' ဘယ်သူက မျက်စိကန်းနေတာလဲဆိုတာ ငါ့ကို ကြည့်ခွင့်ပေးပါ "
'' ဝှစ်............ ''
နက်နဲတပိုင်းအရှိန်အဝါသည် သူ့ထံမှ ခြိမ်းခြောက်အသံနှင့်အတူ လွင့်ထွက်သွားသည်။ ၎င်းအရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းလှပြီး ခိုင်ခံ့သော တောင်ကြီးတစ်လုံးလို လေးပင်လှပေသည်။
လင်းယွန်က ဝမ်ဘို၏အရှိန်အဝါကြောင့် စိတ်အတွင်းတွင် တုန်လှုပ်သွားသည်။ ဤဝမ်ဘို သည် သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်းမှ အကြီးအကဲနှစ်ဦးထက် သန်မာလှလေပြီ။
သိပ်မကြာခင်မှာပင် လူအုပ်ကြီးထံမှ ရည်ရွယ်ချက်မဲ့ အကြည့်များ၊ ပြန်လည်ပျောက်ကွယ်သွားကြ၏။ ဝမ်မျိုးနွယ်စု၏ ဂုဏ်သတင်းနှင့် ခွန်အားသည် ဤနေရာရှိ လူတိုင်းကို ဟန့်တားနိုင်ခဲ့သည်။
“ အ မှိုက် တွေ......”
ဝမ်နင်က မျက်လုံးများထဲတွင် မောက်မာဟန်များ အပြည့်ဖြင့်၊ လူအုပ်ကြီးအား မထီမဲ့မြင်ပြုကာ ရယ်မောလိုက်သည်။
“ ဘယ်လို လူယုတ်မာလဲ…”
" သူကဘယ်သူလဲ၊ သူ့ရဲ့ကျင့်ကြံမှုက ရှန်ရှင်းပဉ္စမအဆင့်မှာပဲ ရှိနေသေးတာတောင် ဒီလိုမောက်မာတဲ့ အပြုအမူမျိုးပြုဝံ့ဖို့ ဘယ်လိုသတ္တိရှိနေတာလဲ။"
" တိတ်စမ်း၊ ငပိန်းကောင် သူက ဝမ်မျိုးနွယ်စု ရဲ့ ပင်မဌာနခွဲကနေ ဆင်းသက်လာသူပဲ ”
ဝမ်နင်၏ နိမ့်ကျသည်ခွန်အားကြောင့် လူတိုင်းက မယုံမကြည်ဖြစ်နေ ကြသည်။ ယနေ့မတိုင်ခင်အထိ သူ့အကြောင်းကို မည်သူမျှ မသိခဲ့ကြပေ။ ဝမ်မျိုးနွယ်စုသည် တော်ဝင်မိသားစုလက်အောက်ရှိ မျိုးနွယ်တစ်စုမျှသာဖြစ်ပြီး၊ တော်ဝင်မိသားစုထက် သန်မာလှသော မဟာဂိုဏ်းကြီးနှစ်ဂိုဏ်းနှင့် ယှဉ်ပါက များစွာနိမ့်ကျနေသေးသည်။
များမကြာမီတွင် အခြားသော နက်နဲတပိုင်းသိုင်းသမားများသည် ကျန်ရှိ နေသော ကြာပန်းပလ္လင်များကို တစ်လုံးပြီးတစ်လုံး ရယူသွားကြသည်။
လျှို့ဝှက်နယ်မြေသည် ရှန်ရှင်းနယ်ပယ်အထက်ရှိ မည်သူကိုမဆို အတွင်းသို့ ဝင်ရောက်ရန် တားမြစ်ထားသည်ဖြစ်ရာ၊ ၎င်းနက်နဲတပိုင်း သိုင်းသမားများသည် ဤနယ်မြေထဲ၌ အသန်မာဆုံးတည်ရှိမှုများ ဖြစ်လေသည်။
ထို့ကြောင့်ပင် ကြာပန်းပလ္လင်များကို သိမ်းပိုက်ထားကြသော နက်နဲတပိုင်းသိုင်းသမားများကို မြင်သောအခါတွင် မည်သူမျှ ကန့်ကွက်ဝံ့ခြင်း မရှိပေ။ အပြာရောင်နေမင်း နိုင်ငံသည် မဟာချင်အင်ပါယာအပြင်၊ အခြားသော အိမ်နီးချင်း အင်ပါယာများစွာနှင့် နယ်နိမိတ်ခြင်း ထိစပ်နေခဲ့ရာ၊ ဤလျှို့ဝှက်နယ်မြေ အတွင်းသို့ မဟာချင်အင်ပါယာ ပြင်ပရှိ လျှို့ဝှက်ဂိုဏ်းများစွာ ဝင်ရောက်လာတက် သည်။
အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေ ပွင့်လာချိန်တိုင်းတွင် အခွင့်အရေးကို လက်လွတ်မခံချင်သော လျှို့ဝှက်ဂိုဏ်းများစွာသည် စိတ်လှုပ်ရှားစွာ ရောက်ရှိလာတက်သည်။ သိုသော် များသောအားဖြင့် ထိုသူတို့သည် နိမ့်ကျသော ပုံရိပ်အချို့ကို ထိန်းသိမ်းထားပြီး အဝေးကြီးမယူဝံ့ကြပေ။ အဆုံးတွင်၊ ယင်းနယ်မြေသည် သူတို့၏ အိမ် မဟုတ်နိုင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြာပန်းပလ္လင်ဆယ့်နှစ်လုံးကို သိမ်းပိုက်ယူ လိုက် ကြပြီး ခြောက်လုံးသာ ကျန်ရှိတော့သည်။ ယင်းအချိန်တွင် ရုတ်တရက် အဖိုးအိုသုံးယောက်သည် ပြင်းထန်သောအရှိန်အဝါများကိုထုတ်ဖော်လျက် ကြာပန်းပလ္လင်များဆီသို့ တက်သွားကြသည်။
“ အဲဒီ မြေခွေးအိုကြီးတွေက အရှက်ကင်းမဲ့လိုက်ကြတာ ”
“ သူတို့အားလုံးက အသက်တစ်ရာကျော်နေပြီဒီအခွင့်အရေးအတွက် လူငယ်တွေနဲ့ တိုက်ပွဲဝင်ချင် နေကြတုန်းပါပဲလား၊ ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ ”
ကျိန်ဆဲသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ အဘိုးကြီးသုံးဦး၏ ကျင့်ကြံမှုသည် နက်နဲတပိုင်းနယ်မြေတွင် ရှိနေကာ၊ ၎င်းတို့သည် မည်သည့်ဂိုဏ်းနှင့်မျှ မသက်ဆိုင်လှသော်ငြားလည်း ယင်းတို့အသီးသီး၏ ခွန်အားအရ တိုက်ခိုက်လုယူရန်မှာ မဖြစ်နိုင်ကြောင်းကို ငြင်းဆို၍ မရပေ။
လူအုပ်ကြီးထံမှ မည်မျှပင် ကျိန်ဆဲသံများ ထွက်ပေါ်လာသော်လည်း၊ ထိုမြေခွေးအိုကြီးသုံးကောင်သည် မကြားဟန်ပြု၍ နှာစေးနေကြသည်။
လင်းယွန်သည် ၎င်းမြင်ကွင်းကြောင့် ပြုံးရယ်လိုက်သည်။ အသက်ပို ကြီးလာသည်နှင့်အမျှ ထိုသူတို့၏ အရေခွံများသည် ပို၍ထူပျောလာသလိုပင်။ ကြာပန်းထိုင်ခုံဆယ့်ရှစ်လုံးအနက် အများစုကို နက်နဲတပိုင်းသိုင်းသမားများ၊ သို့မဟုတ် ယင်းသိုင်းသမားများမှ ပံ့ပိုးပေးထားသော သူများကသာ သိမ်းပိုက်ထားကြ၏။
နက်နဲတပိုင်းသိုင်းသမားများနှင့် ပြိုင်ဆိုင်ရန် ခွန်အားမရှိလျှင် ကြာပန်းပလ္လင်တစ်လုံးအား သိမ်းပိုက်ရယူရန် မဖြစ်နိုင်ပေ။ ဤသို့ဖြင့် ကြာပန်းပလ္လင် ဆယ့်ရှစ်လုံးအနက် သုံးလုံးသာ ကျန်ရှိတော့လေသည်။
ကျိန်ဆဲသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ ပတ်ဝန်းကျင်သည် တဖန်ငြိမ်သက်လာပြန်၏။ ကြာပန်းပလ္လင်တစ်ဆယ်ငါးလုံးအတွက်၊ တိုက်ပွဲဝင်ရန် မျှော်လင့်ချက်မရှိဟု၊ လူတိုင်းက သိရှိသွားကြသောကြောင့်၊ ကျန်သုံးလုံးကိုသာ အာရုံစိုက်လာ ကြသည်။
သို့သော်၊ ရှန်းရှင်းပဉ္စမအဆင့်မှ သတ္တမအဆင့်အထိ သိုင်းသမားပေါင်း ခုနစ်ထောင် သို့မဟုတ် ရှစ်ထောင်ခန့် ကျန်ရှိနေသေးရာ၊ ပြင်းထန်သောတိုက်ပွဲတစ်ပွဲသည် သူတို့ရှေ့၌ မကြာခင် ပေါ်ပေါက်လာပေတော့မည်။ ကျောက်ရင်ပြင်အတွင်းရှိ လေထုသည် ပို၍ တင်းကျပ်လာလေသည်။
အဆုံးတွင် လင်းယွန်က သူ၏ အခန်းကဏ္ဍကိုစတင်ရန် ဆုံးဖြတ်လိုက်သည်။
'' ဝှစ်........... ''
'' အိုး..............''
လင်းယွန်က ကောင်းကင်သို့ ခုန်တက်သွားကာ၊ လူတိုင်း၏ အကြည့်အောက်တွင် ကြာပန်းပလ္လင်တစ်လုံးအား သိမ်းပိုက်လိုက်လေသည်။
" လင်းယွန် ပဲ "
“ စတုထ္ထအဆင့် သိုင်းသမားလေးတစ်ယောက်က ပေါ်လွင်ချင်နေတာလား ”
“ သတ္တမအဆင့် သိုင်းသမားတွေတောင် ပေါ်လွင်အောင် မဝံ့ရဲကြဘူး၊ ”
" ဒါပေမယ့် သူ့မှာ ကောင်းကင်ရတနာ တစ်ခု ရှိတယ် ဆိုတာ ငါ ကြားတယ်...။"
" ကောင်းကင်ရတနာလား၊ သူ့မှာ ရတနာတစ်ခုခု ပိုင်ဆိုင်ထားရင်တောင်မှ၊ သူ့ရဲ့ ကျင့်ကြံမှုအရ၊ အဲဒီရတနာရဲ့ အထွတ်အထိပ်စွမ်းအားကို ဘယ်လိုထုတ်ယူနိုင်မလဲ။ ”
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွား ကြသည်။ လင်းယွန်သည် ဤမျှ မောက်မာနိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
" ဒီကြာပန်းပလ္လင်ကို ငါယူလိုက်ပြီ၊ သဘောမတူရင် ဘယ်သူမဆို ငါ့ဆီလာနိုင်တယ်။ "
လင်းယွန်က ပြတ်သားစွာစိန်ခေါ်လိုက်ပြီး၊ သူ့အကြည့်ကို လူအုပ်ထဲလှည့်ပါတ်လိုက်၏။ ရှည်လျားသော ဆံပင်များမှာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေခဲ့ပြီး၊ သူ့မျက်နှာပေါ်ရှိတည်ငြိမ်မှုများသည် ပတ်ဝန်းကျင်ရှိ လူများနှင့် နှိုင်းယှဉ်ပါက၊ သာ၍ ရင့်ကျက်နေပုံ ရသည်။
တစ်ချိန်တည်းမှာပင် မျက်လုံးများ မှေးစင်းလျက် ပတ်ဝန်းကျင်မှ သူ့အား စူးစူးစိုက်စိုက်ကြည့်ရှုလာသော အကြည့်များကို မကြောက်မရွံ့ ရင်ဆိုင်လိုက်သည်။
၎င်းမြင်ကွင်းကြောင့် မိန်ဇီယာနှင့် ရွှန်းတူမှာ ဝမ်းသာအားရဖြင့် မျက်လုံးများ တောက်ပလာသည်။ လင်းယွန်သည် ကြာပန်းပလ္လင်တစ်လုံးကို ရယူရန်အတွက် သူ၏သေခြင်းတရားကို ဖိတ်ခေါ်ထားခဲ့သည်။ လျှို့ဝှက်နယ်မြေအတွင်း တာအိုတရားရင်ပြင်နေရာ၌ သူတို့ကဲ့သို့သော အာဏာရှင်ဂိုဏ်းများနှင့် လျှို့ဝှက်ဂိုဏ်းများသည်ပင်လျှင်၊ ဤမျှ တင်းမာသောလေသံဖြင့် မပြောဝံ့ကြပေ။
ဆဌမနှင့် သတ္တမအဆင့် သိုင်းသမားများသည် လင်းယွန်ကို စေ့စေ့ကြည့်လိုက် ကြသည်။
တစ်စုံတစ်ယောက်သည် သူတို့ကိုယ်သူတို့ ထုတ်ဖော်ဖို့ရန် မဆုံးဖြတ်ရဲကြပေ။ ၎င်းတို့တွင် ခိုင်မာသောကျင့်ကြံမှုမရှိသည်နှင့် ကြီးမားသောနောက်ခံများ ရှိမှသာလျှင် လှုပ်ရှားရဲကြပေမည်။
ဤသို့ဆိုသော် ရှန်ရှင်းစတုတ္ထအဆင့်ရှိ တစ်စုံတစ်ယောက်သည် ကြာပန်းပလ္လင်ပေါ်မှနေ၍ စိန်ခေါ်မှုကို မည်သို့ပြုဝံ့သနည်း။ သူ၏ တစ်ခုတည်းသော အားကိုးရာမှာ ကောင်းကင်ရတနာကို အသုံးပြုခြင်းသာ ဖြစ်ရပေမည်။
" ဒီ ခွေးကောင်က သူ့ရဲ့ ကောင်းကင်ရတနာကို သေချာပေါက် အသုံးချလိမ့်မယ်၊ အဲဒီအချိန်မှာ သူ့ကို ဖယ်ထုတ်ဖို့ အကြီးအကဲက ကြိုးစား ပေးပါ ”
ရွှန်းတူက အံကြိတ်လျက်၊ သူ့ဒေါသကိုထုတ်ဖော်ပြလိုက်သည်။ ဤခွေးကောင်သည် ကောင်းကင်ရတနာကို အချိန်ပြည့်ထုတ်ဖော်အသုံးပြုရန် သူ၏ခွန်အားအရ မဖြစ်နိုင်ချေ။ အခွင့်အရေးရသည်နှင့် ၎င်းအား ကောင်းကောင်းဆုပ်ကိုင်ရန် ဆုံးဖြတ်ထားလိုက်သည်။
“ စိတ်မပူပါနဲ့၊ အခွင့်အရေးရတာနဲ့ သေတာထက် ပိုဆိုးတဲ့ အရာတွေကို ငါသင်ပေးလိုက်မယ်။”
သွေးတိမ်ဂိုဏ်း၏ အကြီးအကဲက လင်းယွန်အား အမုန်းတရားများဖြင့်၊ ပြည့်နှက်နေသော အ ကြည့်ကို ထုတ်ဖော် ပြသကာ၊ ပြောဆိုလိုက်သည်။ ငွေညှစ်ခံရခြင်းမှ ခံစားခဲ့ရသော အရှက်တရားများကို သူ မမေ့နိုင် သေး ပေ။
လူများစွာ၏ အာရုံစူးစိုက်ရာ ဗဟိုချက်သည် လင်းယွန်ထံသို့ စုပြုံကျရောက်နေသည်။ လေထုသည် အချိန်မရွေး ပေါက်ကွဲသွား တော့မည့် ဗုံးတစ်လုံးလိုပင်။
ယင်းသည် သူ၏ရွေးချယ်မှုဖြစ်ပြီး၊ လင်းယွန်သည် တိုက်ပွဲများ ထံမှ ပုန်းအောင်းလိုဖွယ် မရှိချေ။ တိုက်ပွဲများအတွင်း သူ၏ ခွန်အားကို သန်မာအောင် တည်ဆောက်ခြင်းသည်သာ၊ ကောင်းမွန်သော အဖြေ ဖြစ်သည်။
သူ့၌ သူ့ဓားမှ လွဲ၍ အားကိုးစရာ အခြားမရှိ။
တိုက်ပွဲအတွင်း ဆွဲငင်ခံရသည်ထက် ထိပ်တိုက် ရင်ဆိုင်ခြင်းသည် သူ၏ ဟန် ဖြစ်သည်။ သည့်အ ပြင် ဤကြာပန်းပလ္လင်များကို ရယူရန် နောက်ဆုံးအချိန်အထိ စောင့်နေခဲ့ပါက၊ တိုက်ပွဲသည် ပို၍ ရက်စက်လာ ပေလိမ့်မည်။
လင်းယွန်ကို လူတိုင်းက ဒေါသတကြီး စိုက်ကြည့်နေကြသော်လည်း တစ်စက္ကန့်အတွင်း မည်သူမျှ ဆန့်ကျင်ရန် သတ္တိမရှိကြပေ။ နောက်ဆုံးတွင်၊ ၎င်းလင်းယွန်သည် သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်းကို လုယက်ခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည် မဟုတ်ပါလော။ ထို့ပြင် အစွမ်းထက်သော ကောင်းကင်ရတနာတစ်ခုအား ပိုင်ဆိုင်ထားသည်ဟူသော အားသာချက်ကိုလည်း ဆုပ်ကိုင်ထားရှိ ပြန်သည်။ တကယ်၍သာ ကောင်းကင်ရတနာ၏ အစစ်အမှန်ခွန်အားကို ထုတ်ဖော်နိုင်ခဲ့ပါက၊ သူ၏ ပြိုင်ဘက်များအား အလွယ်တကူ သတ်ပစ်နိုင်မည် ဖြစ်သည်။
အထူးသဖြင့် ရှန်ရှင်းသတ္တမအဆင့်တွင်ရှိသော လူအို ကြီးများအတွက် ထိုသို့သော အတွေးများ ဖြစ်ခဲ့သည်။ သူတို့သည် ဤမြင်ကွင်းကို မျက်လုံးများမှေးစင်းလျက်ဖြင့် ကြည့်နေကြသည်။
“ ဒီဓားကျွန်က နည်းနည်းတော့ အရည်အချင်းရှိတယ်…”
ဝမ်နင်က သူ့နူတ်ခမ်းကိုလျှာဖြင့် သပ်လိုက်ပြီး ထိုမြင်ကွင်းကို မကျေမနပ်ဟန်ဖြင့် ရေရွတ်လိုက်သည်။ တစ်နှစ်ခွဲအတွင်း၊ ဓားကျွန်သည် ဤမျှ အထိ သန်မာလာပြီ ဖြစ်ကာ၊ လူထောင်ပေါင်း များစွာကို ယင်းကဲ့သို့ ဟန့်တားမှုများ ပြုလုပ်နိုင်ခဲ့သည်။
" လူယုတ်မာကောင်၊ ငါ့ကိုမှတ်မိလား"
ခဏကြာအ ကြာတွင် အော်ငေါက်သံတစ်သံ ထွက်ပေါ်လာပြီး၊ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ဖြိုခွင်းလိုက်သည်။
'' ................ ''
ထိုအသံပိုင်ရှင်ထံမှ တောက်လောင်နေသောမီးလျှံများကဲ့သို့ အပူလှိုင်းများ ပျံ့နှံ့လာလေသည်။
" ဒါက စီနီယာဝမ်ပဲ....... "
“ ကြောက်စရာကောင်းလိုက်တဲ့ မီးစွမ်းအင်အရှိန်အဝါတွေ..... ''
စီနီယာဝမ်သည် တစ်နှစ်ပတ်လုံး ကောင်းကင်မီးလျှံတောင်ထိပ်တွင် ကျင့် ကြံ နေခဲ့သည်ဟူသော ကောလာဟလများ ထွက်ပေါ်နေပြီး၊ သူ၏ ခွန်အားမှာ အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်သည်။
"ဒီကောင်က စီနီယာဝမ်နဲ့ ရန်ငြိုးရှိတာလား"
" ကျွတ်..... ကျွတ် ကျွတ်၊ နေရာတိုင်းမှာ သူ့ရန်သူတွေပါပဲလား၊ စီနီယာဝမ်က ဒီခွေးကောင်ကို ရိုက်နှက်ပစ်ဖို့ လုပ်ဆောင်နေတာ ကောင်းပါတယ်။ ”
လူအုပ် ကြီး၏ ဝေဖန်သံများအား လျစ်လျုရှုထားကာ၊ လင်းယွန်က မျက်ခုံးပင့်လိုက်သည်။ သူက ပြုံးလိုက်ပြီး၊
“ ငါ မင်းကို မှတ်မိတာပေါ့၊ အဲဒါကိုပြောရရင် အဋ္ဌမအဆင့် မီးလျှံအမြုတေအတွက် ကျေးဇူးတင်ပါတယ်၊ နောက်ဆုံးတော့၊ မင်းရဲ့ရက်ရောမှုကြောင့် မိုးကြိုးမီးလျှံခန္ဓာကိုယ်ကို အောင်မြင်နိုင်ခဲ့တယ်....... "
"အဋ္ဌမအဆင့် မီးလျှံအမြုတေ "
" စီနီယာဝမ်က ကောင်းကင်မီးလျှံတောင်ထိပ်ကို နှစ်အတော်ကြာအောင် စိုးမိုးထားခဲ့တာမဟုတ်လား၊ ကြည့်ရတာ ဒီလင်းယွန်ရဲ့လက်ထဲမှာ ဆုံးရှုံးသွားခဲ့ရပုံပဲ..."
လင်းယွန်၏စကားကြောင့် ပတ်ဝန်းကျင်မှာ ချက်ချင်း လှုပ်ရွဆူညံလာသည်။ မည်သို့ပင်ဆို စေမူ ဤလင်းယွန်သည် ရဲရင့်လွန်းသည်ဟု သူတို့အားလုံးက ခံစားမိခဲ့ကြသည်။ ထို့အပြင် ယင်းအချိန်တွင် လင်းယွန်၌ ကောင်းကင်ရတနာ မပိုင်ဆိုင်ထားသေးသည်ဖြစ်ရာ၊ စီနီယာဝမ်၏ ခွန်အားဖြင့်ပင် ၎င်းအား အုပ်စီးမိခဲ့ပုံမရချေ။
" လူယုတ်မာလေး၊ ငါ မင်းကို ဒီနေ့ သတ်မယ် "
လင်းယွန်က လူရှေ့သူရှေ့တွင် လှောင်ပြောင်ပြောဆိုလိုက်သည်ကို ကြားလိုက်ရသောအခါ၊ စီနီယာဝမ်၏ မျက်နှာသည် နီရဲသွား၏။ သူက ချက်ချင်းပင် ကောင်းကင်သို့ ခုန်တက်ကာ စတင်လှုပ်ရှားလိုက်သည်။
'' န ဂါး ရိုင်း လက်သီး။ ''
စီနီယာဝမ်ထံမှ အရှိန်အဝါသည် ကြမ်းကြုပ်သော နဂါးတစ်ကောင်နှင့် တူသည်။ ရှန်ရှင်း သတ္တမအဆင့်တွင် သူ၏ ကျင့် ကြံမှုနှင့် ခွန်အားသည် အမှန်တကယ်ပင် လိုက်ဖက်လှ ပေသည်။ သူ့လက်သီးသည် လင်းယွန်၏ ခေါင်းသို့ ချိန်ရွယ်ကာ ကောင်းကင်မှ ကျဆင်းလာ၏။ ထို့နောက်တွင် ထို လက်သီးထံမှ အရှိန်အဝါသည် တောင်တစ်လုံးကဲ့သို့ ပြိုဆင်းကျလာ လေ ပြီ။
အခြားတစ်ဖက်တွင် လင်းယွန်သည် ငြိမ်သက်စွာ မော့ကြည့်နေခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို အိုင်းရစ်ဓားသုတ္တန်၏ နည်းစနစ်များအတိုင်း အရူးအမူး ဖြန့် ဝေလိုက်၏။
'' မင်းရဲ့ လက်သီးနဲ့ ငါ့ကို မသတ်နိုင်ခဲ့မှတော့ အခုလည်း သတ်နိုင်မယ်လို့ အိမ်မက် မက်မနေနဲ့ ..... ''
လင်းယွန်၏ ခန္ဓာကိုယ်သည် ခရမ်းရောင်အဆင်းများ တောက်ပလာပြီး၊ သူ၏ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကို အသက်သွင်းလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်နှင့် ဓားသေတ္တာသည် ကြာပန်းပလ္လင်ပေါ်သို့ ကျသွားသည်။
'' ဗုန်း.......... ''
မိုးကြိုးလျှပ်စီးခန္ဓာကိုယ်နှင့် သက်ဆိုင်သည့် အရှိန်အဝါသည်၊ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်စွာပေါက်ကွဲထွက်သွားပြီး၊ စီနီယာဝမ်၏ အရှိန်အဝါများကို ဖြိုခွဲလိုက်သည်။
တစ်ဆက်တည်းမှာပင် လင်းယွန်သည် အေးစက်သော အရိပ်အယောင်များဖြင့် ရှေ့သို့ တိုးလာသည်။
နဂါးနှင့်ကျားသည် လေနှင့် တိမ်ကို ဆင့်ခေါ်ပေါင်းစပ်လိုက်သည်နှင့်၊ ကျား-နဂါး အရှိန်အဝါမှာ ပေါက်ဖွားလာ ပေမည်။
လင်းယွန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ့ထံမှ ထုတ်လွှတ်လာသော အငွေ့အသက်သည် ဆယ်ဆတိုးသွားကာ ကောင်းကင်သို့ ပျံတက်သွား၏။
“ အဘိုးကြီး၊ အတိတ်က မင်းရဲ့ ကြင်နာမှုကို ငါ ကျေးဇူးတင်ပါတယ်၊ အဲဒီကြင်နာမှုကို အခုငါ့လက်နဲ့ ပြန်ဆပ်ပါရစေ....''
ထိုသို့ ရေရွတ်လိုက်ပြီး လူတိုင်း၏ ယူဆချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော၊ စီနီယာဝမ်၏ လက်သီးကို ရှောင်တိမ်းခြင်း မပြုခဲ့ပဲ၊ ထိပ်တိုက်တွေ့ဆုံရန် ရွေးချယ် လိုက်လေသည်။
***