← Chapters

ငါ့ဓားကို မေးပါ။

Vol. 11 Ch. 146

ငါ့ဓားကို မေးပါ။

Vol. 11 Ch. 146

အဘိုးအို၏ ခန္ဓာကိုယ်မှ သိပ်သည်းစွာ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်များသည် မီးတောင်တစ်လုံးကဲ့သို့ ပြင်းရှ နေခဲ့ပြီး၊ အခြားသူများအား လောင်ကျွမ်းတော့မတက် ခံစားလာရစေသည်။

သို့သော် လင်းယွန်သည် ထိုရောင်ဝါကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့၏။

'' ............... ''

ကောင်းကင်တွင် အရှိန်အဝါများ ထပ်ခါတလဲလဲ ပေါက်ကွဲနေခဲ့ပြီးနောက်၊ စီနီယာဝမ်သည် နောက်ပြန်လွင့်စင်သွားခဲ့၏။

မိုးကြိုးလျှပ်စီးခန္ဓာကိုယ်နှင့် ကျား-နဂါးအရှိန်အဝါ ပေါင်းစပ်မှုသည်၊ စီနီယာဝမ်၏ တိုက်ခိုက်မှုအား လွယ်လင့်တကူ ချေမှုန်း လိုက်နိုင်သည့် အတွက်၊ လူအုပ်ကြီးမှာ ထိတ်လန့်သွားကြသည်။

'' ဝိုး...... ဒီ လင်းယွန်က တကယ်ကို အစွမ်းထက်တာပဲ... သူ့ရဲ့အရှိန်အဝါနဲ့တင် စီနီယာဝမ်ကို ဒဏ်ရာရသွားစေတယ် ''

“ ဒါက မယုံနိုင်စရာပါပဲ၊ ရှေ့ကို တစ်လှမ်းတိုးလိုက်တာနဲ့ သူ့ရဲ့အငွေ့အသက်က လုံးဝ ပြောင်းလဲသွားတယ်၊ ဒီအရှိန်အဝါက နက်နဲတပိုင်း သိုင်းသမား တစ်ယောက်ကို ယှဉ်နိုင်တယ်လား...''

" ဒါက ဘာလဲ..... ဘာလို့ ရှေးဟောင်းတာအိုဂိုဏ်းရဲ့ ကျား-နဂါးလက်သီးနဲ့ တူရတာလဲ…”

" ဘယ်လို ကျား-နဂါးလက်သီးလား "

ပေါက်ကွဲမှုရလာဒ်အနေဖြင့် လင်းယွန်သည်ကြာပန်းပလ္လင်ပေါ်၌ ဒူးတစ်ဘက်ထောက်ပြုတ်ကျသွား၏၊ နှုတ်ခမ်းမှ သွေးများ စီးကျလာသော်လည်း အပြုံးကို ဆက်လက်ဆင်မြန်းထား လေသည်။

စီနီယာဝမ်သည်လည်း ပြင်းထန်စွာတွန်းထုတ်ခံလိုက်ရပြီးနောက်၊ မြေကြီးပေါ်၌ မတ်တပ်ရပ်လိုက်သည်နှင့် သူ့ပါးစပ်မှ သွေးများစီးကျနေခဲ့လေသည်။

“ ဒါက ရှန်းရှင်းသတ္တမအဆင့် သိုင်းသမားတစ်ယောက်ရဲ့ ခွန်အားလား…”

လင်းယွန်က သူ့မျက်လုံးများတွင် လှောင်ပြောင်သည့် အရိပ်အမြွက်ဖြင့် ရေရွတ်လိုက်သည်။ ရှန်ရှင်းသတ္တမအဆင့်ခွန်အားသည် အလွန်ကြောက်စရာကောင်းပုံ မပေါ်ချေ။ ထို့ပြင် မိုးကြိုးလျှပ်စီးခန္ဓာကိုယ်၏ စွမ်းအားသည် သူ့ စိတ်ကူးအား ကျော်လွန်သွားခဲ့သည်။

'' ဗျစ်....... ဖျောက် ဖျောက် ''

လင်းယွန်က သူ့ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သည်နှင့် အရိုးများအက်ကွဲသွားကာ၊ သူ့ထံမှ ထွက်လာသော အရှိန်အဝါများသည်လည်း ပိုပို၍ တိုးလာတော့၏။

'' ဝှစ်......... ''

တစ်ချိန်တည်းမှာပင် ကြာပန်းပလ္လင်၏ ကြမ်းပြင်သို့ အသာအယာပုတ်လိုက်ပြီး၊ ကောင်းကင်သို့ ခုန်တက်ကာ အဘိုးအိုကို လှမ်းထိုးလိုက်သည်။

(" ဒီခွေးကောင်က ဒီလောက်မြန်မြန် ပြန်ကောင်းလာပြီလား")

စီနီယာဝမ်၏ မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ တိုက်ပွဲအတွင်း လင်းယွန်၏ ရုပ်ပိုင်းဆိုင်ရာမှာ ဤမျှ လျင်မြန်စွာ ပြန်ကောင်းလာနိုင် လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အခြားတစ်ဖက်တွင် လင်းယွန်၏ လက်သီးချက်နောက်ကွယ်မှ ပျော့ပျောင်း သော စွမ်းအင် ကြိုးမျဉ် များသည် သူ့ခန္ဓာကိုယ်ထဲ၌ တုန်ခါနေဆဲ ဖြစ်သည်။

" ကောင်းပြီ၊ မင်းက ငါ့ထက်သန်မာတယ်ဆိုတာ ငါမယုံဘူး "

စီနီယာဝမ်က သွားများကို ကြိတ်လိုက်ကာ မျက်လုံးထဲ၌ အလင်းတန်းများတောက်လောင်လာ လေသည်။

သူတို့နှစ်ဦးစလုံးသည် မီးစွမ်းအင်များကို ကျင့် ကြံ ထားကြသူများ ဖြစ်သောကြောင့် ၎င်းတို့၏ ဒေါသကို ဖောက်ခွဲရန် ကောင်းကင်သို့ခုန်တက်တိုက်ခိုက်လိုက် ကြ၏။

'' ဗုန်း...... ဗုန်း ဗုန်း ''

မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်မှု ဆယ်ကြိမ်ထက်မနည်း အပြန်အလှန်ဖလှယ်ခဲ့ကြသည်။ ရုန်းရင်းဆန်ခတ်မှုများနှင့် တွဲလျက်မိုးခြိမ်းသံများထွက်ပေါ်လာပြီး၊ နှစ်ယောက်စလုံးထံတွင် အားအင်များကုန်ခမ်းသွားသည်အထိ တိုက်ပွဲဝင်လိုစိတ်များ တောက်လောင်နေကြလေသည်။

တိုက်ပွဲအတွင်း လင်းယွန်သည် သူ၏အရှိန်ကို မကြာခဏ ပြောင်းလဲနိုင်ခဲ့သည်။ သူ၏ လက်သီးနှင့် ခြေထောက်များသို့ ပျော့ပျောင်းသော စွမ်းအင်များကို ပို့လွှတ်ထားပြီးနောက်၊ သွက်လက်စွာ လှုပ်ရှားနေသည်။

တစ်ဖက်တွင်၊ အဘိုးအိုသည် လင်းယွန်ကို လက်သီး ဖြင့် ထိုးသတ်နိူင်ခြင်း မရှိခဲ့ပဲ၊ ဆက်၍ဆက်၍ လိုက်လံထိုးနှက်နေရသည်။ ပြင်းထန်သော တိုက်ပွဲဖြစ်ပုံရသော်လည်း လင်းယွန်က အဘိုးအို၏ လက်သီးချက်များကို အုပ်မိုး အသာစီးရယူထား ခဲ့သည်။

" အမာနဲ့ အပျော့ ပေါင်းစပ်မှုလား "

" ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုနားလည်မှုကို ရယူထားနိုင်တာက ဘယ်လို ဘီလူးမျိုးလဲ "

" သူ့ရဲ့ကျွမ်းကျင်မှုအရ....ဒီပေါင်းစပ်မှုနဲ့အသားကျနေခဲ့ပုံပဲ၊ ဒါက သူအရင်ကတည်းက ကျွမ်းကျင်ပြီးသားဖြစ်မှာကို ငါကြောက်တယ်။ "

" ဘယ်လိုလွှမ်းမိုးမှုမျိုးလဲ၊ စီနီယာဝမ်က သူရဲ့ ခွန်အားကိုတောင် အပြည့်အဝ အသုံးမချ နိုင်ပါလား''

လူအုပ်ကြီးသည် လင်းယွန်၏တိုက်ပွဲဝင်စွမ်းအားများကို စောင့်ကြည့်အကဲခတ်နေကြကာ၊ ထိတ်လန့်သွားကြသည်။

တစ်ချိန်တည်းမှာပင် စီနီယာဝမ်သည် သူ့ပါးစပ်မှ သွေးများ ရုတ်တရက် စီးကျလာသည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ထဲသို့ ပျော့ပျောင်းသောစွမ်းအင်များ တိုးဝင်ရုန်းကြွလာမှုများကို မထိန်းချုပ်နိုင်တော့ပဲ၊ အတွင်းဒဏ်ရာ အချို့ ရရှိသွားခဲ့ပုံ ရလေသည်။

၎င်းမြင်ကွင်းကြောင့် လင်းယွန်၏ မျက်လုံးများ တောက်ပလာပြီး၊ စီနီယာဝမ်၏ ရင်ဘတ်အား ချိန်ရွယ်၍ အားကုန်ထိုးချလိုက်လေသည်။

" ဒီလောက်လွယ်မယ်လို့ မထင်နဲ့! နဂါးရိုင်း၏ဒေါသ .....”

နောက်ဆုံးတွင် စီနီယာဝမ်သည် သတ္တမအဆင့် သိုင်းသမားတစ်ဦးဖြစ်ပြီး၊ သူ၌ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရခင်မှာပင်၊ လင်းယွန်အား အဆုံးထိ ဆွဲခေါ်သွားလိုသော လှုပ်ရှားမှုကို ထုတ်ဖော်လိုက်သည်။

'' ဘန်း ... ''

သူ၏ လက်သီးများက လင်းယွန်၏ ရင်ဘတ်သို့ ထိုးချမိသွားပြီး၊ ခန္ဓာကိုယ်ပေါ်၌ ခရမ်းရောင် အဆင်း သဏ္ဍာန်များ တောက်ပသွား စေ လေသည်။ လင်းယွန်၏ လက်သီးသည်လည်း သူ့ရင်ဘတ်အား ထိခတ်ပေါက်ကွဲလာ၏။

ဝူးရှ်။

'' သေ စမ်း သောက်အဖိုးကြီး ''

ထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် အတွင်းကျကျကျိန်ဆဲသံနှင့်အတူ လင်းယွန်က ကြာပန်းပလ္လင်ခုံပေါ် ၌ရပ်လျက် ကျန်ရှိခဲ့သော်လည်း၊ သူ၏ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်အား ချိုးဖျက်ခြင်း ခံလိုက်ရလေသည်။

" မိုးကြိုးလျှပ်စီးခန္ဓာကိုယ် ချိုးဖြတ်ခံလိုက် ရပြီ ....."

'' ဝှစ်..... ဝှစ် ဝှစ် ''

လူအုပ်ကြီးအတွင်းမှ သိုင်းသမားအများအပြားသည် အော်ဟစ်ကြုံးဝါးကာ လင်းယွန်ထံသို့ မဆိုင်းမတွ ပြေးဝင်လာကြ၏။ ဤသည်မှာ ယ နေ့ကမ္ဘာကြီး၏ ရက်စက်မှုပင်။ ချို့ယွင်းချက်အနည်းငယ်ကို ပြသမိပါက၊ လူတိုင်းသည် ၎င်းအား ဝိုင်းဝန်းနင်းခြေရန် ကြိုးစားလာ ကြ ပေလိမ့်မည်။

“ ကြည့်ရတာ ငါတို့လှုပ်ရှားဖို့ မလို တော့ဘူးပဲ....အဟက် ''

သွေးတိမ်ဂိုဏ်း၏ အကြီးအကဲသည် လင်းယွန်ကို လမ်းလွဲသိုင်းသမားများမှ တိုက်ခိုက်ရန် ပြေးဝင်သွားကြသည်ကို တွေ့လိုက်ရသောအခါ ပြုံးလိုက်သည်။

မိုးကြိုးလျှပ်စီးခန္ဓာကိုယ်သည် လင်းယွန်၏ အကြီးမားဆုံးအားသာချက် ဖြစ်ကာ၊ ယခု ပျက်စီးသွားသည့်အချိန်၌ လင်းယွန်သည် ဝိုင်းရံခြင်းခံရတော့မည် ဖြစ်သည်။

“ကဲ၊ မင်းရဲ့ ကောင်းကင်ရတနာကို သုံးဖို့ အချိန်တောင် မရှိ တော့ဘူး…”

ရွှန်းတူက ကြေနပ်စွာဖြင့် ပြုံးလိုက်သည်။

လမ်းလွဲသိုင်းသမားများသည် လင်းယွန်ထံသို့ တိုးဝင် ပျံသန်းနေစဉ်မှာပင်၊ လေထုအတွင်း စူးရှသောအသံတစ်သံ ထွက်ပေါ်လာလေသည်။

'' ............. ''

ကောင်းကင်နှင့်မြေကြီးကြားရှိ ဓားသွားများအော်မြည်နေသကဲ့သို့ ကြမ်းရှသည့် မိုးခြိမ်းသံများ တပြိုင်နက်တည်း ဖြည်းညှင်းစွာ ကြားလာရသည်။

ထိုအသံထွက်ပေါ်လာသည်နှင့် ဓားနန်း တော်၏ တပည့်များအားလုံးက လှမ်းကြည့်လာကြသည်။ မျက်လုံးမှိတ်ထားသည့် ဘိုင်လိရွှမ်ပင်လျှင် မျက်နှာပင့်ကြည့်လိုက်ပြီး၊

" အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေမှာ ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်ထားနိုင်တဲ့ တစ်စုံတစ်ယောက် ရှိနေတာလား။"

'' .............. ''

တစ်ချိန်တည်းမှာပင် လွန်ခဲ့သည့်အခိုက်အတန့်အတွင်း၊ လင်းယွန်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြ သော လမ်းလွဲသိုင်းသမားများသည်၊ ဓားရောင်ဝါကြောင့် လွင့်စင်သွားကြ၏။ လူအုပ်ကြီးသည် အဖြစ်အပျက်များကို မသေချာမရေရာ ခံစားနေရချိန်မှာပင်၊ ပထမအကြိမ်တိုက်ပွဲသည် ပြီးဆုံးသွားခဲ့လေသည်။ သို့သော် လူအုပ်ကြီးထံမှ အချို့သော လောဘအိုးများသည် သတ်ဖြတ်လိုသော ဆန္ဒများဖြင့်၊ အဆုံးမရှိ ထပ်မံ ပြေးဝင်သွားပြန်သည်။

၎င်း မြင်ကွင်းကြောင့် ဓားအလင်းများ ဖြင့် ရစ်သိုင်း နေသော လင်းယွန်၏ မျက်နှာပေါ်တွင် အဆုံးမရှိ သတ်ပစ်လို သော ဆန္ဒများ ထွက် ပေါ်လာလေသည်။

" မင်းတို့က ငါ့ကို သတ်ချင်နေတာလား၊ ဒီလောက်လွယ်မှာ မဟုတ်ဘူး။”

လင်းယွန်က အေးစက်စွာဖြင့် ရေရွတ်လိုက်ကာ၊ ဓားသေတ္တာကို ဖွင့်လိုက်ပြီးနောက်၊ ပန်းသင်္ချိုင်းဓားအား ဆုပ်ကိုင်လိုက်ရာ သူ၏ အရှိန်အဝါသည် တစ်ဖန် မြင့်တက်လာလေသည်။

တစ်ဆက်တည်းမှာပင် မိုးကြိုးလက်ခုပ်သံငါးပါးကို ထုတ်ဖော်လျက် မဆိုင်းမတွ တိုက်ခိုက်လိုက်လေသည်။ တမဟုတ်ချင် ဓားတစ်လျှောက် သွေးများစီးကျ လာခဲ့ပြီး၊ ခြေပြတ်လက်ပြတ်များ ကောင်းကင်မှ ပြုတ်ကျလာ တော့သည်။

သူတို့ရှေ့ရှိ သွေးစွန်းနေသော ကြာပန်းပလ္လင်နှင့် သေဆုံးသွားသူများကြောင့်၊ တိုးဝင်လာနေသော သိုင်းသမားများမှာ မျက်နှာများ ဖြူဖျော့သွား ကြ၏။ ၎င်းတို့၏ အရှိန်ကို အလျင်အမြန် ရပ်တန့်လိုက်ကြပြီး၊ မြေပြင်ပေါ်သို့ ပြန်လည်ခုန်ဆင်းသွား ကြကာ၊ ကြောက်လန့်တကြားဖြင့် အသက်ကို ရှုရှိုက် နေလေသည်။

တစ်ကြိမ်တိုက်ခိုက် ကြရုံဖြင့် လူသေအလောင်းနှစ်ဆယ်ကျော်သည် လင်းယွန်အနီးတစ်ဝိုက်ရှိ ကြာပန်းပလ္လင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။ တိတ်ဆိတ်မှုသည် ပတ်ဝန်းကျင်၌ လွှမ်းခြုံသွား၏။ လင်းယွန်သည် ဤမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

အောင်မြင်မှုများသည် အရိုးလမ်းကိုဖြတ်သန်းခြင်းဖြင်သာ ရရှိနိုင်ကြောင်းကို အတည်ပြုပေးခဲ့သည်။ မြေပြင်ပေါ်ရှိ အလောင်းကောင်များ၏ ရလာဒ်များအရ၊ ဓားသူတော်စင်၏ နည်းစနစ်သည် မည်မျှကြောက်စရာ ကောင်းသည်ကို ပြသခဲ့သည်။ ၎င်းနည်းစနစ်သည် ရွှေခေတ်၌ သန်မာလွန်းခဲ့သော အထွတ်အထိပ်တည်ရှိသူ တစ်ယောက်နှင့် တကယ့်ကို လိုက်ဖက်လှပေသည်။

အိုင်းရစ်ဓားသုတ္တန်နှင့် နတ်ဘုရားပုံရိပ်ယောင်ဓားတို့ကို ပေါင်းစပ်ပြီး၊ မိုးကြိုးလက်ခုပ်သံငါးပါးအား ထုတ်ဖော် လိုက်သည်နှင့် ၎င်း၏ သတ်ဖြတ်လိုသော ဆန္ဒကို အပြည့်အဝ ပြသနိုင်ခဲ့သည်။

လင်းယွန်က ရက်စက်သော အပြုံးကိုထုတ်ဖော်လိုက်ကာ၊ အလောင်းပုံများထဲသို့ ဓားအား ထိုးစိုက်လိုက်ပြီး၊

" ဒီပလ္လင်က ငါ့အတွက်ပဲ၊ မယုံတဲ့သူရှိရင် ငါ့ဓားကို မေးလို့ရတယ် "

လင်းယွန်၏အသံသည်သာ ပဲ့တင်ထပ်နေချိန်တွင် ကျောက်ရင်ပြင် တစ်ခုလုံးသည် တိတ်ဆိတ်နေခဲ့သည်။ သူပြသခဲ့သော ခွန်အားများအရ လူတိုင်းနီးပါး၏ လေးစားမှုကို ရရှိရန် ထိုက်တန်လှသည်။ ဘိုင်လိရွှမ်နှင့် နက်နဲတပိုင်း သိုင်းသမားများမှလွဲ၍ မည်သူကမျှ သူ့အား အနိုင်ယူနိုင်မည် မဟုတ်ဟု ယုံကြည်လိုက် မိ ကြသည်။

'' အပြာရောင်နေမင်းနိုင်ငံမှာ အမှိုက်တွေနဲ့ ပြည့်နှက်နေတာပဲ၊ မင်းတို့အားလုံးက ဓားကျွန်တစ်ယောက်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီလား "

ဝမ်နင်၏အသံသည် တိတ်ဆိတ်နေသော လူအုပ်ကြီးအား လှုပ်နှိုးလိုက်လေသည်။ သူက မောက်မာစွာ ပြုံးရယ်လိုက်ပြီး၊

" ဓားကျွန်ကောင်၊ ဒီကမင်းရဲ့ စီနီယာအစ်ကို ကို မှတ်မိသေးရဲ့လား"

ဝမ်နင်၏ မောက်မာမှုကြောင့် လူအုပ်ကြီးမှာ ဒေါသထွက်သွားကြသော်လည်း၊ သူ၏ တည်ရှိသော အဆင့်အတန်း များကြောင့် ရန်လိုဟန်များ ရုတ်ချည်း ပပျောက်သွားကာ၊ အံသြသည့် အမူအယာများ အစားထိုးဝင်ရောက်လာ လေသည်။

'' စီနီယာ အစ်ကို......''

'' ဒါဆို လင်းယွန်က ဝမ်နင်ရဲ့ ဂျူနီယာလား....''

ရုတ်ရုတ်သဲသဲ ဆွေးနွေးသံများနှင့်အတူ လင်းယွန်အား စူးစိုက်ကြည့်လိုက်ကြ ပြန်သည်။ လင်းယွန်နှင့် ဝမ်နင်တို့ထံ၌ ထိုသို့သော ဆက်ဆံရေးမျိုး ရှိလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ သို့သော် ၎င်းတို့နှစ်ယောက်သည် ကောင်းသော ပါတ်သတ်မှုမျိုး မဟုတ်နိုင်။ သို့မဟုတ်ပါက ဝမ်နင်သည် လင်းယွန်အား 'ဓားကျွန်ကောင်' ဟု နှိမ့်ချ ခေါ်ဆောင်မည် မဟုတ်ပေ။

ဤလူငယ်သည် အမှန်တကယ်ပင် ဓားကျွန်တစ်ယောက် ဖြစ်ခဲ့ဖူးသည်လော။

'' ဒါပေါ့ ငါသာမမှားရင်၊ မင်း ငါ့ဓားအောက်မှာ အသက်ပျောက် လုမတက်ပဲ မဟုတ်လား၊ ဒီနေ့ မင်းကို မသတ်နိုင်ရင်တောင် မင်းကို ရိုက်နှက်ဆုံးမရလိမ့်မယ်''

လင်းယွန်က ပျင်းရိပျင်းတွဲဟန် ဖြင့် ပြုံး ပြလိုက်ပြီး၊

" ဒါနဲ့ အပြာရောင်နေမင်းနိုင်ငံမှာ အမှိုက်တွေ ပြည့်နေတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား၊ ဒါပေမယ့် အမှိုက်တစ်စက ကြာပန်းပလ္လင်ပေါ်မှာရှိတဲ့ မင်းနဲ့ ဘာကြောင့်တူ နေရတာလဲ၊ ''

လင်းယွန်၏ လှောင်ပြောင်လိုက်သံကြောင့် ဝမ်နင်၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွား၏။

'' မင်းရဲ လျှာက အရင်လို ထက်မြက်သေးတာပဲ ''

" အ ပြာရောင်မိုးကောင်းကင်ဂိုဏ်းမှာ ငါ့ဓားအောက်ထိတ်လန့်နေတဲ့ လူပျက်တစ်ကောင်က ဒီပလ္လင်ပေါ်ရောက်နေတာလား၊ ကောင်းပြီ မင်းသာရဲဝံ့ရင် ငါ့ကိုလာသတ်လို့ရတယ်။"

လင်းယွန်က ဝမ်နင်ကို သတ်ပစ်လိုသော မျက်လုံးများဖြင့် ကြည့်ကာ ထပ်မံစိန်ခေါ်လိုက်သည်။

ဝမ်နင်က ကြာပန်းပလ္လင်ပေါ် ရှိ လူသေအလောင်းများကို တချက်ကြည့်လိုက်ပြီး၊ သူ့ကိုယ်သူ အနည်းငယ် ယုံကြည်မှုကင်းမဲ့သွားခဲ့သည်။ အဆုံးမှာတော့ သူ့စကားလုံးများကို ပြန်လည် မျိုချလိုက် ရသည်။

" အ မှိုက်....."

ထို မြင်ကွင်းအားကြည့်ကာ လင်းယွန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်း ရေရွတ်လိုက်သည်ကြောင့်၊ ဝမ်နင်မှာ သွေးအန်မတက် နာကျင်သွားခဲ့သည်။

“ မင်း…....... ”

ဝမ်နင်က ဒေါသကြောင့် မတ်တပ်ထရပ်လိုက်သည်။ သို့ သော် လက်ဖဝါးတစ်ဖက်သည် သူ့ပခုံးအား ညင်သာစွာ အုပ်မိုးလာခဲ့၏။ ထိုလက်ဖဝါးပိုင်ရှင်သည် ဝမ်မျိုးနွယ်၏ နက်နဲတပိုင်း သိုင်သမားကြီးဖြစ်သော ဝမ်ဘို ဖြစ်ပြီး၊ ဝမ်နင်အစား သူက ရှေ့တိုးလာကာ၊

" ကောင်လေး၊ မင်းက ...ငါ့ရဲ့ ဝမ်မျိုးနွယ်ကို စော်ကားဖို့၊ အဆင့်မှီတယ် ထင်နေတာလား။ "

ဝမ်ဘိုသည် ဝမ်မိသားစုရှေ့တွင် တည်ငြိမ်စွာ ရပ်နေခဲ့ပြီး၊ သူ့ထံမှရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ထားသော အရှိန်အဝါဖိအားသည် မီတာတစ်ရာအတွင်းရှိ လူတိုင်းကို အသက်ရှူရ ကြပ်လာ စေသည်။ ထိုဖိအားသည် အခြားသော နက်နဲတပိုင်းသိုင်းသမားများထက် ပို၍ ပြင်းထန်သိပ်သည်းလှ ပေသည်။

အဆုံးတွင် ဝမ်ဘိုသည် ဂုဏ်သိက္ခာကြီးမားသောမျိုးနွယ် အတွင်းမှ တစ်စုံတစ်ဦးဖြစ်ပြီး၊ သာမာန်သိုင်းသမားများနှင့် တူညီသော ကျင့် ကြံမှုရှိလျှင်ပင်၊ အဆင့်တူချင်း နှိုင်းယှဉ်၍ မရနိုင်ပေ။

ဝမ်နင်အပေါ် လင်းယွန်၏ နှိမ့်ချ လှောင်ပြောင်လိုက်ခြင်းသည် ဝမ်မျိုးနွယ်စုဝင်များ အားလုံးကို ရင်နင့်လာစေခဲ့သည်။

ဝမ်ဘိုဝင်ရောက် ပြောဆို လိုက်သည်နှင့် လင်းယွန်၏ မျက်လုံးများတွင် လှောင်ပြောင်မှုများ ပျောက်ကွယ်သွားပြီး၊ ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် အစားထိုးဝင် ရောက် လာခဲ့ လေသည်။

***

All Chapters