တာအို နားလည်မှု။
Vol. 11 Ch. 148
လင်းယွန်က ကြာပန်းပလ္လင်ပေါ်တွင် ထိုင်လိုက်ကာ၊ မျက်လုံးမှိတ်ထားလိုက်သည်။ ဤနေရာ၌ ရပ်တည်နိုင်ရန်အတွက်၊ နည်းလမ်းမျိုးစုံကို အသုံးပြုကာ၊ နောက်ဆုံးတွင်၊ ကျော်ကြားလှသော ဝမ်မျိုးနွယ်စုကိုပင် ဆန့်ကျင်ခဲ့ရသည်။
ယခုမူ ဝမ်မိသားစုဝင်များသည် မကျေနပ်မှုတစ်စုံတစ်ရာကို ထုတ်ဖော်ဝံ့ခြင်း မရှိတော့ပေ။
အချိန်အနည်းငယ်ကြာသည်အထိ မည်သူမျှ ဆန့်ကျင်လာခြင်း မရှိတော့သဖြင့်၊ လင်းယွန်က မျက်လုံးများပြန်ဖွင့်ကာ၊ မှော်ရတနာကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ ခဏချင်းမှာပင် မီးခိုးရောင် ဓားသမားသည် အဆောင် အတွင်းသို့ ပြန်လည်ဝင်ရောက် သွားပြီးနောက်၊ မှော်ရတနာမှာ ထပ်မံကွဲအက်လာလေသည်။
'' ခရစ်...... ''
ထိုရတနာ၏ အက်ကွဲမှုသည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာကာ၊ လင်းယွန်အား ကူကယ်ရာမဲ့သော ခံစားချက်များ ဝင်ရောက်လာစေ၏။
“ ဒီကောင်လေးက မယုံနိုင်စရာပဲ…”
“သူရဲ့ ကောင်းကင်ရတနာက ရှေးခေတ် ပါရမီရှင်တစ်ယောက်ပဲ၊ အသွင်အပြင်အရ ဓားသူတော်စင် ဖြစ်ပုံရတယ်.....''
" တကယ်လို့ သူကသာ တခြားရတနာ တစ်ခုခုကို သုံးနေတယ်ဆိုရင် သူ့ခွန်အားနဲ့ ဒီရတနာရဲ့အထွတ်အထိပ် စွမ်းအင်ကို ထုတ်ဖော်နိုင်မှာမဟုတ်ဖူး၊ ဒါဆို ကြာပန်းပလ္လင်ကို ဆုံးရှုံးရလိမ့်မယ် "
" ဟဲ ဟဲ သွေးတိမ်ဂိုဏ်းက ထွက်ပြေးသွားပြီဆိုတော့၊ ကြာပန်းပလ္လင် ( ၃)လုံး ကျန်နေသေးတယ် .....”
"အို ဟုတ်တယ် "
ခဏချင်းမှာပင် လူအုပ်ကြီး၏အာရုံသည် ကြာပန်းပလ္လင်များဆီသို့ ရောက်ရှိသွားကြသည်။ အပြာရောင်နေမင်းနိုင်ငံတွင် ခွန်အားသည်သာ အမှန်တကယ် လေးစားရာဖြစ်ပြီး၊ လင်းယွန်၏ လုပ်ရပ်များကို မည်သူမျှ မဝေဖန်ခဲ့ ကြတော့ပေ။
သို့သော် ဝမ်နင်တစ်ဦးတည်းသည်သာ လင်းယွန်ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။ လွန်ခဲ့သောတစ်နှစ်က လင်းယွန်သည် အမှိုက်ဂိုဏ်းတစ်ဂိုဏ်း၏ ထူးချွန်သော တပည့်တစ်ဦးမျှသာ ဖြစ်ပြီး၊ နိမ့်ကျသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားခဲ့သည်။ သို့သော် ယခုအချိန်တွင် ၎င်းလင်းယွန်သည် ထိတ်လန့်ဖွယ် အရည်အချင်းများကို ပြသလာခဲ့ကာ၊ ကောင်းကင်ရတနာမရှိလျှင်ပင် လင်းယွန်၏ ခွန်အားသည် သူ့ထက် သန်မာကြောင်း သေချာနေခဲ့လေသည်။
ရုတ်တရက်လင်းယွန်ထံမှ အေးစက်သော အကြည့်များကို သတိရသွားကာ၊ တုန်လှုပ်သွား၏။
( အကြီအကဲဟောင်ကို သတ်သေဖို့ အတင်းအကြပ် ခိုင်းစေခဲ့တာကို သူသိနေတာလား။ )
လင်းယွန်နှင့် အကြီးအကဲဟောင်တို့သည် မိုးပြာရောင်ကောင်းကင်ဂိုဏ်းတွင် ရင်းနှီးသော ဆက်ဆံရေးအကြောင်းကို သူ သိထားသည်။ အကြီးအကဲဟောင်၏ ဂရုစိုက်မှုသာမရှိပါက၊ ဓားကျွန်တစ်ယောက်အနေဖြင့် လင်းယွန်မှာ ပို၍ ဒုက္ခရောက်နိုင်ပေမည်။ အကြီးအကဲဟောင် သေဆုံးမှုတွင် သူ၏ အခန်းကဏ္ဍကို လင်းယွန်သိထားခဲ့သည်ဟု သူမယုံနိုင်ပေ။ ထိုအချိန်တွင် သူနှင့် ဝမ်ဘိုတစ်ဦးတည်းသာ အကြီးအကဲဟောင်အနား၌ ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤလင်းယွင်သိရှိခဲ့လျှင်ပင်၊ အရေးမကြီးတော့ချေ။ အစောပိုင်းတွင် သူအား ရှုပ်ခဲ့သည့်ပုံပေါ် အခြေခံကာ လင်းယွန်ကို သတ်ပစ်ဖို့ရန် လုံလောက်သွားပြီ ဖြစ်သည်။
ရုတ်တရက်လင်းယွန်သည် အေးခဲသောအကြည့်ဖြင့် လှည့်ကြည့်လိုက်ရာ၊ ဝမ်နင်နှင့် မျက်လုံးချင်း ဆုံခဲ့ပြီးနောက်၊ သတ်ဖြတ်ချင်း အသိကြောင့်၊ ကျောရိုးတစ်လျှောက် အေးစိမ့်လာသည်အထိ ခံစားလိုက်ရသည်။
( မင်းကို အခုပဲ အသက်ရှင်ခွင့်ပေးမယ်။ )
လင်းယွန်က သတ်ဖြတ်လိုသော ဆန္ဒကို ထုတ်ဖော်ရေရွတ်လိုက်ကာ သူ့အကြည့်ကို ပြန်ရုတ်လိုက်၏။ ဓားသူတော်စင်ကို ဆင့်ခေါ်ခြင်းဖြင့် ပြင်းထန်သော တိုက်ပွဲများကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ခဲ့သော်လည်း၊ ဝမ်ဘို၏ ခွန်အားကြောင့် အံ့အားသင့်သွားဆဲဖြစ်သည်။ ထိုဝမ်ဘိုသည် ဓားသူတော်စင်၏တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်ခဲ့သည်။
သို့မဟုတ်ပါက ဝမ်နင်ကို တိုက်ရိုက်သတ်ပစ်နိုင်ပေလိမ့်မည်။
လင်းယွန်က သူ့စိတ်များကို ရှင်းထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်အတွက် အိုင်းရစ်ဓားသုတ္တန်ကို စတင်ဖြန့်ဝေလိုက်သည်။ အစောပိုင်းတိုက်ပွဲများသည် အန္တရာယ်များလှပြီး သူ့ခွန်အားကို တတ်နိုင်သမျှ ပြန်လည်ရယူရန် လိုအပ်ပေမည်။
အခြားတစ်ဖက်တွင် ဘိုင်လိရွှမ်နှင့် စီရွှယ်ယီတို့သည် သူတို့၏ မျက်လုံးများကို တင်းတင်းစေ့ထားကြကာ၊ ပတ်ဝန်းကျင်မှ ရုန်းရင်းဆန်ခတ်မှုများကို တစ်ချိန်လုံး လျစ်လျူရှုထား ခဲ့ကြသည်။
'' ............... ''
သိပ်မကြာခင်မှပင်၊ ကြာပန်းပလ္လင်သုံးလုံးအတွက် ထိတ်လန့်ဖွယ် တိုက်ပွဲများ ပေါ်ပေါက်လာတော့သည်။ တိုက်ပွဲထံမှနာကျင်အော်ဟစ်သံများနှင့်အတူ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသော သတ်ဖြတ်လိုခြင်းဆန္ဒများ ပျံ့လွင့်နေခဲ့လေသည်။
ပြင်းထန်သော ၎င်းတိုက်ပွဲသည် အမွှေးတိုင်နှစ်တိုင်လောင်ကျွမ်းသော အချိန်ကာလနှင့် ကိုက်ညီပြီးနောက်၊ ကြာပန်းပလ္လင်များကို သိမ်းပိုက်နိုင်သည့်သူများ ထွက်ပေါ်လာလေသည်။
'' ဝှူးရှ်........... ''
ကောင်းကင်ကိုထိုးဖောက်မည့်ယဇ်ပလ္လင်သည် နောက်တစ်ကြိမ် မီးများ တောက်လောင်လာကာ၊ ၎င်းမီးညွှန့်များသည် ကြာပန်းပလ္လင်များပေါ်သို့ ဆင်းသက်ကာ ဖုံးအုပ်လာသည်။
ထိုမီးညွှန့်များသည် လင်းယွန်ပေါ်သို့ ကျရောက်လာသော အခါတွင် သူ၏ခန္ဓာကိုယ်ထဲသို့ ပူနွေးသော လျှပ်စီးကြောင်းများ အဖြစ် စိမ့်ဝင်လာကြပြီး၊ သူ၏ သွေးများ၊ အရိုးများ၊ ဆဲလ်များနှင့် စိတ်ဝိညာဉ်များအား အပိုင်းပိုင်းဖြိုခွဲ ပစ်လိုက်ပြီးနောက်၊ နောက်တစက္ကန့် အတွင်းတွင် ထူးဆန်းသော စွမ်းအင်များ ယဇ်ပလ္လင်မှ ထွက်ပေါ်လာတော့သည်။
'' ရွှီ................. ''
ကြာပန်းပလ္လင်ပေါ်ရှိ သိုင်းသမားတစ်ဆယ့်ရှစ်ယောက်မှာ ရုတ်တရက် ကွယ်ပျောက်သွားခဲ့သည်။ ဤဖြစ်စဉ်ကို တွေ့မြင်လိုက်ရသည်နှင့် ရပ်ကြည့်နေကြသူများ၏ မျက်လုံးများတွင် မနာလိုစိတ်များဖြင့် တောက်ပသွား၏။ နောက်ဆုံးတွင်၊ ကြာပန်းပလ္လင်ပေါ်ရှိ သူများသည် ကောင်းကင်ကိုထိုးဖောက်မည့် ယဇ်ပလ္လင်ထံ၌ နောင်တော်များ ထားရှိခဲ့သော တာအိုသဘောတရားများကို နားလည်မှုရယူကာ၊ သိုင်းတာအိုအား ပိုမိုနားလည်လာပေတော့မည်။
အထွတ်အထိပ်ကျွမ်းကျင်မှုများကိုပင် သည်အခွင့်အရေးမှ ရရှိလာနိုင်၏၊ ဤသို့သော အတွေ့အကြုံများသည် ၎င်းတို့၏ သိုင်းတာအိုများအား တစ်သက်တာ အကျိုးပြုမည် ဖြစ်ပြီး၊ ဖီးနစ်နှင့် နဂါးများကဲ့သို့ ပျံသန်းလာနိုင်ပေမည်။
အရေးအကြီးဆုံးမှာ၊ ကောင်းကင်ထိုးဖောက်ယဇ်ပလ္လင်ကြီးထံမှ ပေးအပ်လာမည်ရှေးဟောင်းသိုင်းနည်းစနစ်များပင်။ ယင်းနည်းစနစ်များသည် ရွှေခေတ်၏ အမွေအနှစ်များဖြစ်ကာ၊ ယနေ့ ခေတ်သိုင်းနည်းစနစ်များထက် ပိုအားကောင်းနိုင်သည်။
လူအများစုအတွက်မူ သူတို့၏သိုင်းတာအိုကို နားလည်ရန်အတွက် တိုက်ပွဲဝင်ခဲ့ခြင်း မဟုတ်ပေ။ သူတို့၏ စစ်မှန်သောပန်းတိုင်မှာ ကြာပန်းပလ္လင်များမှ ရရှိနိုင်သော ရှေးဟောင်းသိုင်းနည်းစနစ်များသာ ဖြစ်သည်။ တစ်စုံတစ်ယောက်သည် အသုံးမပြုနိုင်ခဲ့လျှင်ပင် မျိုးနွယ်စုလေးစုနှင့် ဂိုဏ်းကြီးလေးဂိုဏ်း၌ ရောင်းချနိုင်မည်။
ယဇ်ပလ္လင်ကြီးသည် လူတိုင်းကို သီးခြားကမ္ဘာတစ်ခုဆီသို့ ပို့ဆောင်ပေးခဲ့သည်။ ထို နေရာ၌ ဝိညာဉ်စွမ်းအင်များ ကြွယ်ဝလွန်းပြီး လျှို့ဝှက်ဆန်းကြယ်သော အမည်မဲ့စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။
'' .............ဝှစ် ''
တစ်ချိန်တည်းမှာပင် ယဇ်ပလ္လင်ထဲသို့ ဆင့်ခေါ်ခံရသောလင်းယွန်သည် သူ့အမြင်အာရုံများ မပြောင်းလဲမီတွင် မူးဝေသွားပြီးနောက်၊ ခဏအကြာတွင် ဟင်းလင်းပြင်တစ်ခုလုံး မှောင်မိုက်သွားကာ၊ သူ့ရှေ့တွင် တောက်လောင်နေသော မီးတောက်တစ်စကို မြင်လိုက်ရသည်။
ထိုမီးတောက်သည် သူနှင့်လက်တစ်ကမ်းအကွာတွင် ရှိနေပုံရသော်လည်း၊ ယင်းသည်ပင် လက်လှမ်းမမှီဟန်ဖြင့် ဝေးကွာနေပြန်သည်။ အာကာသနှင့် အချိန်ယန္တယား၏ ဆက်နွယ်မှုသည် ကွဲလွဲနေခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းလာခဲ့သည်။
သို့သော် ၎င်းမီးတောက်သည် ကောင်းကင်သို့ ရုတ်တရက် တိုးတက်သွားပြီး၊ ပေါက်ကွဲသွားကာ၊ မီးလျှံကြိုးများသည် မိုးကုပ်စက်ဝိုင်းအား ဖြတ်ကျော်ပျံသန်းလျက်၊ အမှောင်ထုကို အကန့်အသတ်မရှိသော ကြယ်စုံကောင်းကင်ကြီးအဖြစ်သို့ ထွန်းလင်းလာစေတော့သည်။ ထိုကောင်းကင်ကြီးပေါ်မှ ကြယ်ပွင့်များသည် နေရာအနှံ့သို့ အဆက်မပြတ် ကြွေကျနေခဲ့လေသည်။
“ ဒီကြယ်ပွင့်တွေက........။ ”
လင်းယွန်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး၊ နားမလည်ဟန်ဖြင့် ကောင်းကင်မှကြွေကျလာသော ကြယ်ပွင့်များကို ငေးကြည့်နေမိသည်။ ကြည့်နေဆဲမှာပင် ထိုကြယ်ပွင့်များသည် သီးခြားကမ္ဘာငယ်များအဖြစ် ပြောင်းလဲသွားပြီးနောက်၊ အရိပ်အမျိုးမျိုးကို ဝိုးတဝါးတွေ့မြင်လိုက်ရလေသည်။
'' ဒါ.....ဒါက ရှေးဟောင်းဂိုဏ်ကြီးက တပည့်တွေရဲ့ သိုင်းတာအိုအပေါ် နားလည်နိုင်မှုတွေကို မှတ်တမ်းတင်ထားတဲ့ ကျောက်စိမ်းတုံးတွေ၊ ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ စိတ်ကူးတွေလဲ ''
ခဏအကြာတွင် များပြားလှသော မှတ်ဉာဏ်အပိုင်းအစများ သူ့စိတ်ထဲသို့ စီးဝင်လာတော့သည်။
" အား.........."
၎င်းတို့၏ သိုင်းနည်းများကို လေ့ကျင့်နေသော လူပေါင်း တစ်ဒါဇင်ကျော်ကို ကြည့်ရှုပြီးနောက်၊ လင်းယွန်၏ ဦးခေါင်းသည် ပေါက်ကွဲလုနီးပါး နာကျင်စွာ အော်ဟစ်လိုက်ရလေသည်။
မိနစ်အနည်းငယ်ခန့် အနားယူလိုက်ပြီးနောက်၊ မီးတောက်မငြိမ်းခင်မှာပင်၊ မှတ်ဉာဏ်အပိုင်းအစ ကြယ်ပွင့်များကို တတ်နိုင်သမျှ ထပ်မံ စုပ်ယူလိုက်သည်။ မှတ်ဉာဏ်အပိုင်းအစများကို များများစုပ်ယူ နိုင်သည်နှင့်အမျှ သူ၏ နားလည်နိုင်စွမ်းမှာ ပို၍ မြင့်မားလာပုံကို သိသာလာစေသည်။
ဤအချက်ကြောင့် သူက စိတ်အားထက်သန်လာပြီး နောင်တော်များ ကျန်ရစ်ခဲ့သော အသိညာဏ်များကို လောဘကြီးစွာ စုပ်ယူနေမိတော့သည်။ မြင်ကွင်း တစ်ခုစီသည် ရှုပ်ထွေးလှကာ၊ ပြီးပြည့်စုံသောနားလည်မှုဆီသို့ ချည်းကပ်နိုင်ရန် နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုကို ရယူနေခဲ့သည်။ သို့မဟုတ်ပါက မှတ်ဉာဏ် အပိုင်းအစများသည် သူ့စိတ်အတွင်း၌ ပိုလျှံလာစေပြီး ထပ်မံစုပ်ယူရန် မဖြစ်နိုင်တော့ပေ။
“ ဒီလက်သီးနည်းစနစ်က စိတ်ဝင်စားစရာပဲ၊ ပျော့ပျောင်းတဲ့စွမ်းအင်ကို အသုံးပြုပြီး၊ တောင်တွေကို ဖြိုခွင်း၊ ရေပြင်ကို ဖြတ်ကျော်လွှားနိုင်တယ်၊ ပြီးတော့ ရေတစ်စက်ကိုတောင် ဒီလိုကြောက်စရာကောင်းတဲ့ လက်သီးနည်းစနစ်အဖြစ် ပြောင်းလဲသွားနိုင်တယ် ”
“ လေဟုန်ပြင်းပြင်းဓါးနည်းစနစ်ကတော့၊ အလွန်တရာ လွှမ်းမိုးနိုင်စွမ်းရှိပြီး မယုံနိုင်စရာပဲ ”
“ ဒီရွေ့လျားမှုနည်းစနစ်က… မိုးကုပ်စက်ဝိုင်းထဲ လေတိုက်သလို ရွက်လွှင့်နိုင်မယ်၊…”
တာအိုအသိညာဏ် မျိုးစုံကို စုပ်ယူနေဆဲမှာပင်၊ လင်းယွန်၏မျက်နှာသည် စိတ်လှုပ်ရှားစွာဖြင့် ပြုံးနေခဲ့သည်။ ဤမျှများပြားလှသောတာအိုတရားများကို ဖတ်ရှုရပြီးနောက်၊ များစွာမျက်စိပွင့်လာ ခဲ့သည်။ ခဏအကြာတွင် လင်းယွန်၏ ပတ်ပတ်လည်ရှိ အလင်းရောင်မှာ သူမျှော်လင့်ထားသည့်အတိုင်း မှိန်ဖျော့လာပြီး ကြယ်ပွင့်အရေအတွက်မှာ သုံးပုံတစ်ပုံခန့် လျော့နည်းပျောက်ကွယ် သွားလေသည်။
“ ဒီထက် နည်းနည်းအားစိုက်လိုက်ရအောင်၊ ထိုးထွင်းနားလည်မှုအကြောင်း ပြောရရင် ငါက ဘိုင်လိရွှမ်နဲ့ စီရွှယ်ယီတို့ကို အရှုံးမပေးနိုင်ဘူး။ ”
လင်းယွန်၏ မျက်လုံးများသည် ယုံကြည်မှုအပြည့်ဖြင့် တောက်ပလာခဲ့သည်။
***