← Chapters

အဆင့် သတ်မှတ်ချက်။

Vol. 11 Ch. 149

အဆင့် သတ်မှတ်ချက်။

Vol. 11 Ch. 149

လင်းယွန်က ကောင်းကင်ရှိ ကြယ်ပွင့်များကို မော့ကြည့်ကာ၊ အံကြိတ်လျှက် တတ်နိုင်သမျှ စုပ်ယူလိုက်သည်။ ဖြစ်စဉ်တစ်လျှောက်လုံးတွင် သူ့မျက်လုံးထဲ၌ ကြယ်အလင်းများ ရောင်ပြန်ဟပ်နေကာ၊ အဆုံးတွင် ၎င်းတို့သည် သူ့စိတ်ထဲသို့ စိမ့်ဝင်လာသော ရှေးဟောင်းမှတ်ဉာဏ် အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

တစ်၊ နှစ်၊ သုံး၊............ နှစ်ဆယ်။

ယခုတစ်ကြိမ်တွင် လင်းယွန်သည် ကြယ်အလုံးနှစ်ဆယ်ကို စုပ်ယူနိုင်ခဲ့ပြီး ပထမအကြိမ်ထက် (၅၀%)ပိုမြန်လာသည်။

'' ငါ့စိတ်တွေ ပိုသန်မာလာလို့လား.....''

သူ့ကိုယ်သူ မယုံနိုင်ဟန့်ဖြင့် တွေးတောလိုက်ပြီး၊ ကျယ်ပြောလာသော အသိညာဏ်များအရ ဤကမ္ဘာကြီးကို အမြင်သစ်ဖြင့် ရှုမြင်လာနိုင်ခဲ့သည်။ မိုးကောင်းကင်ယဇ်ပလ္လင်ကို ကြည့်ရသည်မှာ အမှန်ပင် မရိုးရှင်းလှချေ။

မျက်လုံးများကိုမှိတ်လိုက်ပြီး မှတ်ဉာဏ်အပိုင်းအစများကို နောက်တစ်ကြိမ် စုပ်ယူလိုက်ပြန်သည်။ အချို့သော ထိုးထွင်းသိမြင်မှုဆိုင်ရာ အကြောင်းအရာများသည် အခြားသူများအတွက် ငြီးငွေ့ဖွယ်ကောင်းသော်လည်း လင်းယွန်အတွက်မူ စိတ်ဝင်စားဖွယ်ရာများ ဆောင်ကျည်းပေးနေဆဲ ဖြစ်သည်။ လင်းယွန်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာပြီး၊ အသိညာဏ်များကို စုပ်ယူနေသော ရေမြှုပ်ကောင်ကဲ့သို့ နစ်မြုပ်နေခဲ့လေပြီ။

ဤလုပ်ငန်းစဉ်ကို သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး၊ လေးကြိမ်မြောက် မျက်လုံးဖွင့်လိုက်သောအခါတွင် ကောင်းကင်၌ ကြယ်တစ်စင်းမျှမရှိတော့ပဲ၊ မှောင်မဲသွားတော့၏။ ယင်းအစား၊ နီးလွန်းဝေးလွန်းသည်ဟု ထင်ရသော မီးတောက်သည် နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။

အိုး....... ပြီးပြီလား။

လင်းယွန်က သံသယအတွေးများဖြင့် ယောင်ချာချာဖြစ်နေဆဲမှာပင်၊ ကျောက်စိမ်းတုံးအလွတ်များ ထွက်ပေါ်လာပြီး သူ့ရှေ့၌ ပျံဝဲနေလေပြီ။

“ တာအိုအသိညာဏ်စစ်ဆေးမယ်၊ ကျောက်စိမ်းတုံးပေါ်မှာ မင်းနားလည်ထားတဲ့ သဘောတရားတွေကို ချရေးပါ၊ များများရေးနိုင်လေ၊ ပိုကောင်းလေပဲ၊ ရလာဒ်ကို အဆင့်သတ်မှတ်ပေးမယ်..... ”

ရုတ်တရက် စူးရှသောအသံတစ်သံသည် လင်းယွန်၏ စိတ်ထဲသို့ တိုးဝင်လာခဲ့လေသည်။

လင်းယွန်က အံ့ဩသွားပြီး ပတ်ဝန်းကျင်ကို လှည့်ပါတ်ကြည့်ကာ၊ အသံပိုင်ရှင်ကို ရှာဖွေလိုက်သည်။

“ ငါ့ကို ရှာဖို့ စိတ်မကူးနဲ့၊ ငါက မိုးကောင်းကင်ယဇ်ပလ္လင်ရဲ့ ဝိညာဉ်ဖြစ်တယ်၊ ဒီနေရာအတွက် တာဝန်ယူရတဲ့သူပဲ၊ ငါက နေရာတိုင်းမှာ ရောက်နေပေမယ့် တစ်ချိန်တည်းမှာပဲ ငါဘယ်နေရာမှာမှ မရှိဖူး၊ ကျေးဇူးပြုပြီး ငါ့ရဲ့ စမ်းသပ်ချက်ကို မြန်မြန် ပြီးအောင် ဖြေပေးပါ ”

လင်းယွမ်၏ သံသယများကို အသံပိုင်ရှင်မှ ဖြေရှင်းပေးခဲ့သည်။ ၎င်းသည် ရှေးဟောင်းယဇ်ပလ္လင်၏ စိတ်ဝိညာဉ်ဖြစ်ကာ၊ ရှေးဟောင်းဂိုဏ်းကြီး ဖျက်ဆီးခံခဲ့ရသည့်နောက်တွင်ပင်၊ ဆက်လက်တည်ရှိ နေခဲ့လေသည်။

လင်းယွန်က သူ၏ ထိုးထွင်းနားလည်မှုများကို ထုတ်ယူသုံးသပ်လိုက်ကာ သူ့စိတ်ထဲရှိ စကားလုံးများအား ကျောက်စိမ်းတုံးထဲသို့ လွှဲပို့လိုက်သည်၊ တနည်းအားဖြင့်ဆိုသော် တာအိုအပေါ် ရှုမြင်နိုင်ခဲ့သော သူ၏ အသိညာဏ် အဆီအနှစ်များသာ ဖြစ်ပေသည်။

သူ၏နားလည်နိုင်စွမ်းများကို ကျောက်စိမ်းတုံးများထဲသို့ ကူးထည့်ပေးခြင်းသည် ရှည်လျားသော လုပ်ငန်းစဉ် မဟုတ်ခဲ့ချေ။ အချက်အလက်များ ပြည့်မီသွားသည့်ကျောက်စိမ်းတုံးများမှာ အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး မီးတောက်ဆီသို့ ပျံသန်းသွားကြသည်။

"စာမေးပွဲ............"

လင်းယွန်၏မျက်နှာတွင် အပြုံးတစ်ပွင် ဖြစ် ပေါ်လာသည်။ ကျောက်စိမ်းတုံးများကို စက္ကူများအဖြစ် ရှုမြင်လာပြီးနောက်၊ ယင်းစမ်းသပ်မှုများသည် စာမေးပွဲဖြေနေရသကဲ့သို့ ခံစားလိုက်ရသည်။

အခြားနေရာတစ်ခုတွင် ကျောက်စိမ်းတုံးသည် မီးတောက်ထဲသို့ ပျံတက်သွားသောအခါ ပေါက်ကွဲသွားသည်။

" ဘာဖြစ်နေတာလဲ....."

မိန်ဇီယာ၏ မျက်နှာသည် အေးစက်လာပြီး ပဟေဋ္ဌိအကြည့်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ ဒါဟာ မှားယွင်းတဲ့ နားလည်မှုတစ်ခုပါ။ စမ်းသပ်ဖြေဆိုသူ..... မင်းရဲ့ နားလည်ထားတဲ့ သဘောတရားကို အခြေခံပြီး မလေ့ကျင့်ရပါ။ မဟုတ်ရင် မင်းအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ရရှိလာလိမ့်မယ်။ ”

“ ငါ အမြင်က မှား နေ တယ်…....”

လွန်ခဲ့သည့်အခိုက်အတန့်တွင် သူ၌ရှိနေခဲ့သော ယုံကြည်မှု့ များသည် ပျောက်ကွယ်သွားခဲ့၏၊ ခဏအကြာတွင် မိန်ဇီယာက ခေါင်းယမ်းလိုက်ပြီး၊

“ ဒါက နားလည်နိုင်စွမ်းကို စမ်းသပ်ခြင်းအပြင်၊ တပည့်တွေကို လမ်းမှားပေါ်မလျှောက်လှမ်းနိုင်အောင် တားဆီးပေးနိုင်တာပဲ၊ ဒါပေမယ့် ငါ့ရဲ့ ပထမဆုံး ကျောက်စိမ်းတုံးကတင် ပေါက်ကွဲသွားတယ်၊ စိတ်ပျက်စရာ..... "

ရလဒ်များ မလုံလောက်ပါက ရှေးဟောင်း ဝိညာဉ်သည် သူ့အား သိုင်းနည်းစနစ်များ ပေးလာမည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်တွင် လုံလောက်သော နားလည်နိုင်စွမ်း မရှိပါက၊ အစွမ်းထက်သော သိုင်းနည်းစနစ်များကို ပေးဆောင်ထားလျှင်ပင် အလဟသ ဖြစ်လာပေလိမ့်မည်။

ကောင်းကင်ထိုးဖောက်မည့်ယဇ်ပလ္လင်သို့ ဝင်ရောက်လာသူအများစုသည် အလားတူအခြေအနေမျိုးကို ကြုံတွေ့နေရပြီး၊ သူတို့၏မျက်နှာသည် ကြည့်မကောင်းလှပေ။

ယဇ်ပလ္လင်ကို ခွန်အားဖြင့် သိမ်းပိုက်နိုင်ခြင်းဖြင့် အခွင့်ကောင်းကို ရယူနိုင်မည်ဟု အားလုံးက ထင်မြင်ထားကြသည်။

သို့သော် ၎င်းသည် ဤမျှ ရိုးရှင်းခြင်းမရှိ၊ ကောင်းကင်ထိုးဖောက်မည့်ယဇ်ပလ္လင်သည် တာအိုတရားဟောရန် တာဝန်ရှိပြီး စမ်းသပ်မှုသည် သဘာဝအတိုင်း တင်းကျပ်လှကာ၊ လုံလောက်သော နားလည်နိုင်စွမ်းနှင့် အရည်အချင်းမရှိပါလျှင် မည်သည့်အရာကိုမျှ ရယူရန် မဖြစ်နိုင်ပေ။

“ စိတ်ဝင်စားဖို့ကောင်းတယ်… ရှေးခေတ်ကတည်းက နားလည်မှုကိုတိုင်းတာဖို့ ဆိုတာ ခက်ခဲခဲ့တယ်မဟုတ်လား၊ ဒါပေမယ့် ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းမှာ ဒီလိုတိကျတဲ့ စမ်းသပ်နိုင်မှုတစ်ခု ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။”

ဘိုင်လိရွှမ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူက ကျောက်စိမ်းတုံးပေါင်း သုံးဆယ်ကို ရေးသားခဲ့ပြီး နှစ်တုံးသာ ပေါက်ကွဲခဲ့သည်။

ထိုးထွင်းနားလည်နိုင်မှုသည် စမ်းသပ်နိုင်သော သိုင်းဝိညဉ်နှင့်မတူပဲ၊ ၎င်းအား တိုင်းတာခြင်းသည် ဂိုဏ်းအများစုအတွက် အမြဲတမ်းခက်ခဲလေသည်။

ထို့ကြောင့်ဂိုဏ်းအများစုသည် တပည့်တစ်ယောက်အား ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် သိုင်းဝိညာဉ်ကိုသာ တစ်ချက်ကြည့်လိုက်ပြီး၊ အလားအလာကို ခန့်မှန်းလာကြသည်။

“ စီနီယာဝိညာဉ်တော်၊ ငါ့ရဲ့ ရလဒ်ကို ပြောပြနိုင်မလား....... ''

ဘိုင်လိရွှမ်က မီးတောက်ဆီသို့ ပျံသန်းနေသော ကျောက်စိမ်းတုံးများကို ကြည့်ပြီး ဂုဏ်ယူစွာ မေးမြန်းလိုက်သည်။

“ ကြယ်သုံးပွင့်ခွဲ ......”

" အမြင့်ဆုံးရလာဒ်က ဘယ်လောက်လဲ "

“ ကြယ်ငါးပွင့် ..... ”

ယဇ်ပလ္လင်ဝိညာဉ်၏ ပြန်ဖြေစကားကြောင့်ဘိုင်လိရွှမ်က မျက်မှောင်ကြုတ်လိုက်၏၊ အမြင့်ဆုံးရလာဒ်သည် ကြယ်ငါးပွင့်ဖြစ်ပါလျှင် ကြယ်သုံးပွင့်ခွဲသည် ရလဒ်ကောင်းတစ်ခုဖြစ်သည်ဟု ယူဆနိုင်ပေမည်။

"ငါ့ရလဒ်က ဘယ်အဆင့်ထဲပါလဲ။"

“ ရလာဒ်ကောင်းပဲ၊ ..... ဒီနေရာမှာရှိလူတစ်ဝက်လောက်က ကြယ်တစ်ပွင့်ပဲရတယ်၊ လူအနည်းစုလောက်သာ ကြယ်နှစ်ပွင့်ရကြတယ်..... ''

ရှေးဟောင်း ဝိညာဉ်၏ ခံစားချက်မဲ့ အသံကြောင့် ဘိုင်လိရွှမ်က ပြုံးလိုက်သည်။

“ စီနီယာ ငါ့ရဲ့ရလာဒ်ကို ပြောပြနိုင်မလား.....''

အခြားတစ်ဖက်တွင် လင်းယွန်မှာ မရေတွက်ထားခဲ့သော်လည်း အကြမ်းဖျင်းအားဖြင့် ကျောက်စိမ်းတုံး ခြောက်ဆယ်ခန့် ရေးသားလိုက်ရာ၊ ၎င်းတို့အားလုံးသည် မှန်ကန်လှပေ၏။ ထို့ကြောင့်ပင် သူက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

သို့သော် ရှေးဟောင်းဝိညာဉ်သည် သူ့မေးခွန်းကို မဖြေခဲ့ပေ၊ လင်းယွန်က ခဏအကြာထိစောင့်ကာ၊ ထပ်မံမေးမြန်းလိုက်သည်။

" စီနီယာ ....ငါ့ရဲ့ ရလဒ်က ......"

" ကြယ်ခြောက်ပွင့်.........."

" ကြယ်ခြောက်ပွင့်ထဲလား......"

လင်းယွန်က အံ့အားသင့်သွားပြီး၊ အောင့်သက်သက်ပြုံးရယ် လိုက်သည်။ ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်း၏ စမ်းသပ်မှုသည် အမှန်တကယ် တင်းကျပ်လှလေသည်။ ကြယ်ဆယ်ပွင့်ပေးရာတွင် ကြယ်ခြောက်ပွင့်သာ ရရှိခဲ့သည်။

“ ပထမအဆင့်အောင်မြင်သွားပြီ၊ အခု ဒုတိယအဆင့်ကို မကြာခင် စတင်တော့မယ်၊ ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ”

" နောက် ထပ် ရှိသေးတာလား "

လင်းယွန်က ရှေးဟောင်းဝိညာဉ်၏ အေးစက်စက်လေသံကြောင့်၊ အံအားသင့်သွားသည်။

“ ရှိတယ် မင်းရဲ့သိုင်းနည်းစနစ်တွေရဲ့ အခက်အခဲပေါ်မူတည်ပြီး၊ ကြယ်အဆင့်တွေခွဲပေးထားတယ်၊ ကျားရိုင်းလက်သီး (၁၈)ကွက်က ကြယ်တစ်ဝက်အဆင့်မှာရှိတယ်၊ လေဝဲဓားက ကြယ်တစ်ပွင့်၊ မိုးကြိုးလက်ခုပ်သံငါးပါးက ကြယ်နှစ်ပွင့်ခွဲ၊ နတ်ဘုရားပုံရိပ်ယောင်ဓားက ကြယ်ငါးပွင့်နဲ့ ကျားနဂါးလက်သီးက ကြယ်ခြောက်ပွင့်အဆင့်ရှိတယ်၊ ကျေးဇူးပြုပြီး လေ့ကျင့်ရန် ရွေးချယ်ပါ။"

လင်းယွန်သည် ရှေးဟောင်းဝိညာဉ်၏စကားကြောင့် ရုတ်တရက် မှင်တက်သွားသည်။ ယခုအချိန်၌ ကောင်းကင်ကိုထိုးဖောက်မည့်ယဇ်ပလ္လင်၏ ရည်ရွယ်ချက်ကို သိရှိလာပြီဖြစ်သည်။ ပထမအကြိမ်တွင် ထိုးထွင်းနားလည်နိုင်စွမ်းကို စမ်းသပ်ခဲ့ပြီး ဒုတိယအကြိမ်တွင် ယင်းနားလည်နိုင်စွမ်းကို ခွန်အားအဖြစ်သို့ ပြောင်းလဲရပေမည်။ တနည်းအားဖြင့်ဆိုသော် လေ့လာသင်ယူထားသည်များကို လက်တွေ့အသုံးချရန် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

လင်းယွန်က ခဏမျှစဉ်းစားလိုက်ပြီးနောက်၊

“ အခက်အခဲက ဘာကိုဆိုလိုတာလဲ ''

“ အခက်အခဲနည်းလေ နားလည်မှု လိုအပ်ချက်တွေ နည်းလေပါပဲ၊ ဥပမာမင်းက လေဝဲဓားကို အောင်မြင်အောင်လေ့ကျင့်နိုင်ရင် ကြယ်တစ်ပွင့်ပဲရမယ်၊ နတ်ဘုရားပုံရိပ်ယောင်ဓားနှင့် ပတ်သတ်ပြီး၊ ကြယ်သုံးပွင့်ကနေ ကြယ်ငါးပွင့်ရဖို့ အတွက်ဆိုရင် ကနဦး ကျွမ်းကျင်မှု အဆင့်ထိ ရောက်ရှိဖို့ လိုအပ်မယ်..... "

ရှေးဟောင်းဝိညာဉ်၏ ရှင်းပြမှုကိုနားထောင်ကာ၊ လင်းယွန်ကငြိမ်သက်သွားခဲ့သည်။ ၎င်းသည် ကျိုးကြောင်းဆီလျော်မှုရှိခဲ့ပြီး၊ အကယ်၍သာ လေဝဲဓားနှင့် မိုးကြိုးလက်ခုပ်သံငါးပါးသည်သာ တူညီသောရလဒ်ကို ရရှိနိုင်ပါက၊ တရားမျှတရာ ရောက်မည်မဟုတ်ပေ။

" ဒါဆို ကျားနဂါးလက်သီးရဲ့ အခက်အခဲက ဘာလို့ ဒီလောက်တောင် မြင့်နေရတာလဲ"

လင်းယွန်က စိတ်ဝင်တစား မေးလိုက်သည်။ သူ့နားလည်မှုအပေါ်အခြေခံ၍ နတ်ဘုရားပုံရိပ်ယောင်ဓားသည် ကျားနဂါးလက်သီးထက် ပို၍ ကြောက်စရာကောင်းသင့်ပေသည်။

" ကျားနဂါးလက်သီးက ကြယ်လေးပွင့်ခွဲပဲတန်တယ်၊ ဒါပေမယ့် မင်းရဲ့နားလည်နိုင်စွမ်းနဲ့ မပြည့်စုံတဲ့သိုင်းကွက်တွေကြောင့်၊ ကြယ်ပွင့်တွေ တိုးလာရတဲ့ အကြောင်းအရင်းပဲ၊ မင်းက ရွေးချယ်နိုင်ပါတယ်၊ ဆုံးဖြတ်ပြီးရင်တော့ ပြန်လည်ပြောင်းလဲလို့ မရဘူး ”

ရှေးဟောင်းဝိညာဉ်၏ အသံသည် ငြိမ်သက်စွာ ထွက်ပေါ်လာသည်။

မှန်၏၊ မပြည့်စုံသော နည်းစနစ်တစ်ခုကို ပြီးမြောက်ရန်မှာ အမှန်တကယ်ပင် ပို၍ခက်ခဲပေသည်။

မိုးကြိုးလက်ခုပ်သံငါးပါးသည် ကြယ်နှစ်ပွင့်ခွဲသာ ရှိသောကြောင့် ၎င်းကို မရွေးချယ်လိုသည်မှာ ထင်ရှားလှသည်။ ဤသို့ဆိုလျှင် သူ၌ ကျား-နဂါးလက်သီးနှင့် နတ်ဘုရားပုံရိပ်ယောင်ဓားသည်သာ ကျန်ရစ်တော့သည်။

နတ်ဘုရားပုံရိပ်ယောင်ဓားတွင် အဆင့်ငါးဆင့်ရှိပြီး၊ တတိယသိုင်းကွက်ကို နားလည်ရန်အတွက် ဒုတိယသိုင်းကွက်ကို ဆုပ်ကိုင်မိဖို့ လိုသည်။

ယင်းသည် လွယ်ကူသည့်အရာ မဟုတ်ပေ။ ၎င်းအား ကနဦးကျွမ်းကျင်မှုအထိ ဆုပ်ကိုင်ထားနိုင်ရုံဖြင့်၊ ရှေးဟောင်းဝိညာဉ်သည် ကြယ်ငါးပွင့် အဆင့်သို့ သတ်မှတ်ပေးမည် မဟုတ်။

ကျား-နဂါးလက်သီးသည်လည်း ခက်ခဲလှကာ၊ အကယ်၍ သူသည် ပိတ်မိနေပါက ကြယ်တစ်လုံးကိုပင် မရရှိနိုင်ချေ။

လင်းယွန်က အကျပ်ရိုက်နေခဲ့ပြီး ကြယ်ငါးပွင့် အား ရွေးရမည်လော၊ သို့မဟုတ် ကြယ်ခြောက်ပွင့်ကို ရွေးသင့်သည်လော၊ လင်းယွန်က အကျပ်ရိုက်နေရစဉ်တွင် အခြားတစ်ဖက်ရှိ တစ်စုံတစ်ဦးသည်လည်း ကျိန်ဆဲနေခဲ့သည်။

" ဘာလဲကွာ.....ငါရဲ့ ဖျတ်ဆီးခြင်းလက်သီးက ကြယ်နှစ်ပွင့်ပဲ ရှိတာလား၊ ....ဒါက အမှိုက်ပဲ ''

ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ရောက်လျှင်ပင် ၎င်းသည် ကြယ်နှစ်ပွင့်သာ ရရှိမည်ဟု ဆိုလိုပေသည်။ မိန်ဇီယာ၏ ဒေါသများ ဆူပွက်လာပြီး လေထဲသို့ အားပြင်းပြင်း ကန်ချလိုက်သည်။ သူ၏ ဖျတ်ဆီးခြင်းလက်သီးသည် အမှိုက်သိုင်းနည်းစနစ်တစ်ခု ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

“ ဘာလုပ်ရမလဲ… ငါ့ရဲ့ အပြင်းထန်ဆုံးသိုင်းနည်းစနစ်က ကြယ်နှစ်ပွင့်အဆင့်မှာပဲ ရှိတယ်ဆိုတော့...... ကြယ်နှစ်လုံးရဖို့ပဲ လုပ်ရမှာပေါ့။”

" အခက်အခဲတွေဆိုတာကို ဘယ်လိုသတ်မှတ်တာလဲ ....."

မိန်ဇီယာက စောဒကတက်လိုက်သည်။

တစ်ချိန်တည်းမှာပင် အခြားသောသူများသည်လည်း မိန်ဇီယာကဲ့သို့ ဒေါသဖြစ်နေကြသည်။ နက်နဲတစ်ပိုင်း သိုင်းသမားလူအိုကြီးများသည် ခါးသီးသော ာမျက်နှာများကို ထုတ်ဖော်ထားကြလေပြီ၊ ၎င်းတို့၏ သိုင်းပညာရပ်များကို ရှေးဟောင်းဝိညာဉ်က ကြယ်တစ်ဝက်အဖြစ်သာ အဆင့်သတ်မှတ်ပေးခဲ့သည်။

ယင်းသိုင်းသမားများက မေးမြန်းစောဒကတက်ကြသောအခါ ၎င်းတို့သည် အသက်ကြီးလွန်းလှပြီး ကျင့်ကြံမှုကို တန်ဖိုးမထားသောကြောင့်ဟု ပြန်လည်ဖြေဆိုလာသည်။ ကြယ်တစ်ဝက်ဖြင့် သူတို့အား မည်သို့သောအရွေ့ကိုမှ ရရှိလာနိုင်မည် မဟုတ်ပေ။

ကြယ်တာရာဓါးကို ကြယ်သုံးပွင့်မျှသာ သတ်မှတ်ပေးသည်။ ထိုနည်းစနစ်သည် ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်း၏ ရှန်ရှင်းအဆင့် အလယ်အလတ် သိုင်းနည်းစနစ်တစ်ခုဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ရာပေါင်းများစွာအတွင်း ၎င်းကို မည်သူမျှ အောင်မြင်အောင်လေ့ကျင့်နိုင်ခြင်း မရှိကြချေ၊ သို့သော် ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်း၏ အမြင်၌ ယင်းနည်းစနစ်သည် ကြယ်သုံးပွင့်အဆင့်တွင်သာ ရှိနေခဲ့သည်။

အမြင့်ဆုံးအဆင့်မှာ ကြယ်ငါးပွင့်သာဖြစ်လျှင် ကြယ်သုံးပွင့်ရရှိခြင်းသည် မြင့်မားသောအကဲဖြတ်မှုဖြစ်နေပြီ ဖြစ်သည်။

“ ကြယ်တာရာဓားကို ပိုပြီးပြည့်စုံအောင်လုပ်ဖို့ ဒီအခွင့်အရေးကို ယူလိုက်ကြရအောင်။ ကြယ်သုံးပွင့်ရတာလည်း မဆိုးပါဘူး ”

ဘိုင်လိရွှမ်သည် တာအိုထိုးထွင်းသိမြင်မှုများစွာကို စုပ်ယူထားသောကြောင့် သူ၏ဓားနည်းစနစ်အပေါ် ပိုမိုကျွမ်းကျင်လာစေရန် ယုံကြည်ချက်ရှိခဲ့သည်။ အကယ်၍ ယင်းအား အောင်မြင်ပါက အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေခရီးတွင် ကြီးကျယ်သောရိတ်သိမ်းမှုဟု ယူဆနိုင်ပေမည်။

“အချိန်ကျပြီ။ မင်းရဲ့ရွေးချယ်မှုအကြောင်း ငါ့ကိုပြောပြပါ"

ရှေးဟောင်းဝိညာဉ်၏ စကားသံက လင်းယွန်အား ပုတ်နှိုးလာခဲ့သည်။

" ကျား-နဂါလက်သီးကို အပြီးသတ်ဖို့ ငါရွေးချယ်မယ် "

လင်းယွန်က မျက်လုံးများ မှေးစင်းလျက်၊ သူ့ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။

***

All Chapters