← Chapters

မဟာလေဟုန်ကျမ်း။

Vol. 11 Ch. 150

မဟာလေဟုန်ကျမ်း။

Vol. 11 Ch. 150

နောက်ဆုံးတွင် လင်းယွန်သည် ကျား-နဂါး လက်သီးကို အပြီး သတ်ရန် ရွေးချယ် လိုက်သည်။

'' ကျား-နဂါး လက်သီးရဲ့ အခက်အခဲကို ကြယ်လေးပွင့် အဆင့် သတ်မှတ်ထားတယ်၊ ဒါပေမယ့် မင်းရဲ့ နည်းစနစ်က မပြည့်စုံနဲ့ အတွက်ကြောင့်၊ ကြယ်ခြောက်ပွင့် အဖြစ် ပြောင်းလဲ ပေးထားတာ၊ ဒီတစ်ကြိမ် ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။ ”

“ ငါက ဓားသမား ဖြစ်ပေမယ့် နတ်ဘုရား ပုံရိပ်ယောင် ဓားကို စွန့်လွှတ် ခဲ့ရတယ်၊ ဒီကျားနဂါး လက်သီးက ငါ့ကို စိတ်မပျက် စေဖို့ မျှော်လင့် မိပါတယ်။ ''

ရှောင်းဟောင်း ဝိညာဉ်၏ အသံ ပျောက်ကွယ်သွား သည်နှင့် လင်းယွန်က လေးလေးနက်နက် ရေရွတ် လိုက်သည်။

အမှန်တကယ်ပင် သူက နတ်ဘုရား ပုံရိပ်ယောင်ဓားကို ရွေးချယ်ချင် သော်လည်း၊ ကြယ်ပွင့် အရေအတွက် များများ ရစေမည့် ပို၍ သေချာသော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။ အနည်းဆုံးတော့ ကြယ်သုံးပွင့်ရပေလိမ့်မည်။

ထို့ပြင် ကျားနဂါးလက်သီးအတွက် သူ့၌ စိုးရိမ်မှုများ ရှိနေခဲ့ကာ၊ ဤနေရာတွင် ၎င်းနည်းစနစ်အား ပြီးဆုံးအောင် ရယူလို ခဲ့သည်။

နတ်ဘုရား ပုံရိပ်ယောင်ဓား အတွက်မူ သူက စိတ်မပူခဲ့ပေ။ ၎င်းသည် ပြည့်စုံသော အချက် အလက်များ ရှိနေခဲ့ပေရာ၊ အချိန်ယူ လေ့ကျင့် ရုံဖြင့် ကျွမ်းကျင် ပိုင်နိုင်လာ မည်ဟု ယုံကြည် ထားသည်။

ထိုအချိန်တွင်၊ သူသည် ဓား သူတော်စင် ကဲ့သို့ ကြယ်ပွင့်များကို လက်တစ်ချောင်း တည်းဖြင့် ဆွဲယူကာ ဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။

ကျားနဂါးလက်သီးသည် မပြည့်စုံသော နည်းစနစ်တစ်ခု ဖြစ်ပြီး၊ ယင်းအခွင့်အရေးကို အသုံးမချ နိုင်ခဲ့ ပါလျှင် ပြီးမြောက်အောင် လေ့ကျင့်ရန် အတွက် မည်၍ မည်မျှ ကြာမည်ကို မခန့်မှန်း နိုင်ချေ။

'' ဝှစ်.......... ''

လျှို့ဝှက် ဆန်းကြယ်သော မီးတောက်က၊ နယ်မြေ တစ်ခု လုံးကို ရုတ်တရက် ဖုံးလွှမ်း သွားသည်။

" စနေပြီလား။ "

လင်းယွန်က အချိန်မဖြုန်းတော့ပဲ၊ ကျားနဂါး လက်သီးကို လေ့ကျင့်ရန် ပြင်ဆင် လိုက်သည်။ ကျားနဂါး အရှိန်အဝါကို အောင်မြင် ထားခဲ့ပြီ ဖြစ်ရာ၊ ဒုတိယ သိုင်းကွက် ဖြစ်သော ကျား-နဂါး ခြေလှမ်း များကို စတင် လေ့ကျင့် ရပေမည်။

၎င်းသည် နဂါးနှင့် ကျား တို့ကို တုပ ထားသော ရွေ့လျားမှု နည်းစနစ် တစ်ခု ဖြစ်၏။

ယင်းသိုင်းကွက်တွင် စုစုပေါင်း အဆင့်ကိုးဆင့် ရှိပြီး၊ ခြေလှမ်းတိုင်းတွင် နဂါးနှင့် ကျားတို့၏ ခွန်အားများပါရှိလေသည်။

ခြေလှမ်း ကိုးလှမ်း လှမ်းပြီးနောက်၊ နဂါးသည် ကောင်းကင်၌ ပျံဝဲလာပြီး၊ ကျားသည် မြေပြင်ကို အစိုးရ နိုင်ပေမည်။

" တတိယပုံစံ၊ ပျံသန်းနေသော နဂါး၊ ပုန်းကွယ်နေသောကျား၊ နဂါးကြီးသည် ငါ၏ ညာလက်ဖြင့် ကောင်းကင်သို့ ပျံသန်းစေပြီး၊ ဘယ်လက်ဖြင့် ကျားကိုဆင့်ခေါ်ကာ ထင်ရှားစွာ ပြသနိုင်၏။

“ စတုတ္ထပုံစံ၊ အထွတ် အထိပ် နဂါး၊ ချောင်းနေသော ကျား…”

ကျားနဂါး လက်သီးတွင် ပုံစံ ကိုးမျိုး ရှိပြီး နောက်ပိုင်း ပုံစံများနှင့် ပတ်သက်၍ ရှင်းလင်းသော မှတ်တမ်း မရှိပေ။ နောက်ဆုံး ပုံစံတွင် လွှမ်းမိုးနိုင်သော နဂါးနှင့် ကျားဟုသာ အမည်ပေး ထားသည်။

" ဒုတိယပုံစံ၊ ကျား-နဂါးခြေလှမ်းများကို ဖြည့်ပါ။"

လင်းယွန်က အော်ဟစ်လျက် ငြိမ်သက်သွားသည်။ ဒုတိယသိုင်းကွက်ကို မအောင်မြင်နိုင်ပါလျှင် နောက်ဆက်တွဲ ပုံစံများသည် အသုံးမဝင်တော့ချေ။

မျက်လုံးကို မှိတ်ထား လိုက်ပြီး၊ သူစုပ်ယူ ထားသော တာအိုထိုးထွင်း သိမြင်မှု များနှင့် ပေါင်းစပ်ကာ၊ ကျားနဂါး ခြေလှမ်း များကို ဆင်ခြင် နေလိုက်သည်။

ခဏအကြာတွင် မီးတောက်အတွင်း၌ အမျိုးမျိုးသော ပုံရိပ်များ ထွက်ပေါ် လာပြီး၊ ရွေ့လျားမှု များနှင့် အတူ အဆက်မပြတ် ပြောင်းလဲ နေတော့သည်။

ထိုပုံရိပ်များသည် ရှေးဟောင်း ဂိုဏ်းကြီး၏ ပါရမီရှင်များ ချန်ထား ရစ်ခဲ့သော ထိုးထွင်း အမြင်များ ဖြစ်ပြီး လင်းယွန်ကို အံ့သြစေ ခဲ့သည်။

မိုးကောင်းကင်ကို ထိုးဖောက်မည့် ယဇ်ပလ္လင်၌ အချိန်မည်မျှကုန်သွားသည်ကို မည်သူမျှ မသိခဲ့ကြပေ။

လင်းယွန်က ရုတ်တရက် မျက်လုံးဖွင့် လိုက်သောအခါ ပတ်ဝန်းကျင် မြင်ကွင်းသည် ကွယ်ပျောက် သွား၏။

ကျား-နဂါးခြေလှမ်းများသည် ရွေ့လျားမှု နည်းပညာ တစ်ခုဟု ထင်ရသော်လည်း နဂါးနှင့် ကျား တို့၏ ဖြစ်တည်မှုကို ထင်ရှားစွာပြနိုင်လျှင် ပို၍ အားကောင်း လာလိမ့်မည်။

ရွေ့လျားမှု ပေါ်၌ တွင်သာ မှီခိုလွန်း ပါက မပြီးမြောက် နိုင် သည်ကို သတိပြု မိ လိုက်သည်။

လင်းယွန်၏ အတွေးများသည် မီးတောက် အလင်းရောင် အောက်တွင် ရှင်းရှင်း လင်းလင်း လင်းထိန် သွားကာ သူ့စိတ် ထဲ၌ ကြောက်မက် ဖွယ်ရာ မြင်ကွင်းမျိုးစုံ ဖြစ်ပေါ် လာလေသည်။

ခြေလှမ်းဆယ်လှမ်း လှမ်းပြီးသောအခါတွင် တောင်တန်းများနှင့် မြစ်များကို ဖုန်းကွယ်သွား နိုင်မည့် ဖြစ်စဉ် တစ်ခု ရှိလာမည်။

မည်သို့ပင် ဆိုစေ ကာမူ၊ ယင်းသည် ရွေ့လျားမှု နည်းပညာ တစ်ခု မဟုတ် သည်မှာ သေချာ သွားလေပြီ။

" ဒါပဲ.............."

သူ့စိတ်ထဲတွင် အတွေးမျိုးစုံ အဆက်မပြတ် တောက်လောင်နေပြီး၊ ၎င်းတို့အားလုံးသည် ကျား-နဂါးလက်သီးကို ဖြည့်စွက်ပေးနေသော မတူညီသော ရှုထောင့်မျိုးစုံမှ သက်ဆိုင်ရာ အနှစ်သာရများ ဖြစ်သည်။

'' ................ ''

လေနှင့်တိမ်များ စုရုန်း လာချိန်၌၊ လင်းယွန်က ခြေလှမ်း တစ်လှမ်း လှမ်းလိုက် သည်။

သူ့ခန္ဓာ ကိုယ်မှ ပေါက်ကွဲ စွမ်းအားများ လွင့်ထွက် လာပြီး၊ ထွက်ပေါ် လာသော အရှိန် အဝါ များသည် နက်နဲ တပိုင်း သိုင်းသမား များ၏ အရှိန်အဝါများ ဆီသို့ ချဉ်းကပ်လာတော့သည်။

ကျား-နဂါး လက်သီး၏ ပထမဆုံး သိုင်းကွက် ဖြစ်သော ကျား-နဂါး အရှိန်အဝါမှာ သူ့အား အဆုံးမရှိ လွှမ်းခြုံသွားလေသည်။

“ဒုတိယ ခြေလှမ်း…”

အရှိန်အဝါသည် အထွတ် အထိပ်သို့ ရောက်ရှိသည်နှင့် နောက်တစ်လှမ်း တိုးလိုက် သည်။

ထိုခြေလှမ်းကို လှမ်းလိုက်သည်နှင့် နဂါးဟိန်းသံများ၊ ကျား ဟောက်သံများ ထွက်ပေါ် လာသည်။

ကျား-နဂါး အရှိန်အဝါမှာ၊ အတား အဆီး များကို ဖြတ်ကျော်ကာ လင်းယွန်၏ ခြေလှမ်း များနှင့် ပေါင်းစပ် သွားခဲ့သည်။ လင်းယွန်က သူ့မျက်နှာ ပေါ်တွင် ရွှင်မြူးစွာဖြင့် ပြုံးလိုက်သည်။

'' ဝှစ်...... ဝှစ်...... ဝှစ် ''

ထိုအရှိန်အဝါကို တည်မြဲအောင် ထိန်းချုပ် လိုက်ပြီး၊ နောက်ထပ် ခြေလှမ်းရှစ်လှမ်း လှမ်းတက် လိုက်ရာ သူ့ခြေဖဝါးအောက်ရှိ မြေပြင်မှာ ကွဲအက်သွားသည်။

'' ..................... ''

နဂါး၊ ကျား ပုံသဏ္ဌာန် ပေါ်လာ သည်နှင့်အမျှ အရှိန် အဟုန်မှာ၊ ကြောက်မက်ဖွယ် ကောင်းလာ ခဲ့သည်။ သို့သော်လည်း တောင်များနှင့် မြစ်များကိုမူ ဖုန်းကွယ်နိုင်မည့် ဖြစ်စဉ်မျိုး မရှိခဲ့ပေ။

ထို့အပြင်၊ သူ၏ ဝိညာဉ်စွမ်းအင် များသည်လည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ သကဲ့သို့ လက္ခဏာများ ပြသလာခဲ့သည်။

“ တစ်ခုခုတော့ မှားနေပြီ။..... ”

တစ်ချိန်တည်း မှာပင်၊ နာကျင် ကိုက်ခဲမှုကို ခံစားလိုက်ရပြီး ချက်ချင်းပင် နှုတ်ခမ်းမှ သွေးစများ စီးထွက် လာကာ၊ သူ့မျက်နှာ တစ်ခုလုံး ဖြူဖျော့သွား လေပြီ၊ နှုတ်ခမ်း ထောင့်စွန်းမှ သွေးများကို သုတ်လျှက် မျက်မှောင်ကြုတ်လိုက်ကာ၊

“ ဘယ်မှာ မှားသွားတာလဲ....''

ကျားနဂါးလက်သီး၏ ဒုတိယပုံစံသည် နဂါးနှင့်ကျားတို့၏ ကိုယ်ဟန်အနေအထားကို ရွေ့လျားမှုနည်းစနစ်များအဖြစ် တုပထားခြင်း ဖြစ်သည်။

စုစုပေါင်း ခြေလှမ်း ကိုးလှမ်း ရှိပြီး၊ ခြေလှမ်း တိုင်းတွင် နဂါးနှင့်ကျား၏ စွမ်းအားများ ပါဝင်မည် ဖြစ်သည်။

ခြေလှမ်း ကိုးလှမ်း ပြီးသွားသော အခါတွင်၊ တောင်တန်းနှင့် မြစ်များကို လွှမ်းမိုး ကျား၊ နဂါး တို့ကို ထင်ရှားစွာ ဆင့်ခေါ် နိုင်ပေမည်။

" ငါ့ရဲ့ နားလည်မှုက လွဲမှား နေတာ များလား ..... ။ "

လင်းယွန်၏ မျက်လုံးများတွင် လေးနက်လာဟန်ဖြင့် ၎င်းကို နောက်တစ်ကြိမ် တွေးတောနေမိတော့သည် ။

“ မဟုတ်ဘူး…အဲဒါလည်း မဟုတ်သေးဘူး ”

“ ဒါဆို နဂါးနဲ့ ကျားရဲ့ အရှိန်အဝါက မှားတာလား… ...... ”

" ဒါလည်း မဟုတ်ပြန်ဘူး....... "

လင်းယွန်သည် အဆက်မပြတ် ကျရှုံးနေခဲ့ပြီး၊ တစ်ကြိမ်ကျရှုံးသည့်နှင့် သူ၏ ကိုယ်တွင်း အင်္ဂါများတွင် ဒဏ်ရာအနည်းငယ် ခံစားလိုက်ရသည်။

“နဂါးနဲ့ ကျားရဲ့ ရောင်ဝါ။ ငါက နဂါးနဲ့ ကျားကို စွဲလမ်းလွန်း နေသလား။ နောက်ဆုံး ခြေလှမ်းကို မလှမ်ခင် အရှိန်အဝါကို စုထား နိုင်မလား။”

လင်းယွန်၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပလာကာ၊ ဇွဲမလျော့ခဲ့ပဲ ဆက်လက် လုပ်ဆောင် ခဲ့သည်။

'' ဝုန်း........... ''

ခြေတစ်လှမ်းစလှမ်း လိုက်သည်နှင့် နဂါး၊ ကျား အငွေ့အသက်များ ပေါက်ကွဲ ထွက်သွား သည်။

လင်းယွန်က မျက်လုံး များကို မှိတ်ထားပြီး ဒုတိယ ခြေလှမ်းကို မလှမ်းမီ ခေတ္တမျှ စဉ်းစား လိုက်ပြီးနောက်၊ ဒုတိယခြေလှမ်းအား ထပ်မံ လှမ်းလိုက် သည်နှင့်၊ နဂါး အရှိန်အဝါ ပျောက်ကွယ် သွား၏။

အကန့် အသတ်မဲ့ ကြီးစိုးမှုကို ထုတ်လွှတ်နေသော ကျား တစ်ကောင်၏ ပုံရိပ် သည်သာ ထင်ကျန် ရစ်နေ ခဲ့သည်။

တတိယခြေလှမ်းတွင် ကျားသည် ပျောက်ကွယ် သွားပြီး နဂါး ပုံရိပ်မှာ အစားထိုး လာသည်။ ကျားနဂါး အရှိန် အဝါ၏ ပထမ ခြေလှမ်းမှ လွဲ၍ ကျန်ခြေလှမ်းများသည် နဂါး သို့မဟုတ် ကျားအဖြစ် တစ်လှည့်စီ ပြောင်းလဲ သွားသည်။

ကျားပေါ်လာသောအခါ၊ နဂါးသည် ပျောက်ကွယ်သွားပြီး၊ နဂါးကို မြင်သည်နှင့် ကျားမှာ ပြန်ပျောက်ကွယ် သွားလေသည်။

ခြေလှမ်းတိုင်းတွင် နဂါးတစ်ကောင်နှင့် ကျားတစ်ကောင်သည် လင်းယွန်၏ နောက်ကျော၌ အလှည့်ကျ ထွက်ပေါ်လာ လေသည်။

ခြေလှမ်းတိုင်းက ရိုးရှင်းသည်ဟု ထင်ရသော်လည်း ၎င်းတို့သည် လေးနက်ပြီး အပြောင်းအလဲများစွာဖြင့် ပြည့်နှက်နေခဲ့သည်။

ရှေ့သို့ လှမ်းလိုက်သည် နှင့်အမျှ နဂါး နှင့်ကျား တို့၏ အရှိန်အဝါများသည် ဝိညာဉ် စွမ်းအင်များ အတွင်း တဖြည်းဖြည်းချင်း ရောနှောစုပုံလာသည်။

ခြေလှမ်း ကိုးလှမ်း လှမ်းယူ ပြီးနောက်တွင်၊ ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲ သွားပြီးနောက်၊ နဂါးနှင့် ကျား၏ ရုပ်သဏ္ဍာန်သည် လင်းယွင်နောက်၌ ထွက်လာခဲ့လေပြီ

၎င်းတို့သည် လွှမ်းမိုးနိုင်စွမ်းကြီးသော အရှိန်အဝါကို ထုတ်ဖော်လျက် ကောင်းကင်နှင့်မြေကြီးကြား အမှီအခိုကင်းစွာဖြင့် ရပ်နေခဲ့ကြသည်။

နဂါးနှင့် ကျားဟောက်သံက သူ့ခန္ဓာကိုယ်အနှံ့တွင် ပျံ့လွင့်နေခဲ့ကာ၊ လေထုထဲသို့ လက်သီးဖြင့် ထိုးချလိုက်သည်နှင့် ကျား၊ နဂါးပုံရိပ်ကြီးသည် သူ့လက်သီးထဲသို့ ချက်ချင်းဝင်ရောက်လာပြီး၊ ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး ပေါက်ကွဲထွက်လာလျက်၊ တပြိုင်နက်တည်းတွင် လေထုထဲ၌ ကြီးမားသော အက်ကွဲရာကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

"နောက်ဆုံးတော့ ငါအောင်မြင်သွားပြီကွ.....ဟား ဟား ဟား "

စိတ်လှုပ်ရှားနေဟန်ဖြင့် လင်းယွန်ကအော်ဟစ်ရယ်မောလိုက်ကာ၊ ဆက်လက်လေ့ကျင့်နေမိသည်။ သူ၏ ပျော်ရွှင်မှုကို ဖုံးကွယ်၍ မရခဲ့ပေ။ အချိန်အတော်ကြာ ပြီးနောက် လင်းယွန်က သူ၏ လက်နှစ်ဖက်ကို ဆုတ်ခွာလိုက်ပြီး “ တတိယပုံစံကို ပြီးအောင်လုပ်ဖို့ အချိန်တန်ပြီ” ဟု သူ့ကိုယ်သူ ရေရွတ်လိုက်လေသည်။

အချိန်အနည်းငယ် ကြာပြီးနောက်၊ ရှေးဟောင်းဝိညာဉ်၏ အသံက တစ်ဖန် ထွက်ပေါ်လာသည်။

“ စမ်းသပ်ရမယ့် အချိန်ရောက်ပြီ၊ ကျားနဂါးလက်သီးကို ဘယ်လောက်အထိ ပြီးပြီလဲ ”

နဖူးပေါ်မှ ချွေးများကို လက်ခုံဖြင့် သုတ်လိုက်ပြီး၊ လင်းယွန်က ရှက်ရွံ့စွာ ပြုံးပြလိုက်၏။

“ ရှက်စရာပါ ပထမပုံစံကို မရေတွက်ဘူးဆိုရင် ဒုတိယနဲ့ တတိယပုံစံတွေဖြစ်တဲ့ ကျား-နဂါးခြေလှမ်းနဲ့၊ ပျံသန်းနေသောနဂါး- ပုန်းကွယ်နေသောကျားကိုပဲ ပြီးမြောက်ထားပါတယ် ''

" ........ထည့်မတွက်ရဖူးလား....မင်းရဲ့ နားလည်နိုင်စွမ်းကသာ မလုံလောက်ရင် ပထမပုံစံကို ဘယ်လိုလုပ် ပြီးမြောက်နိုင်မှာလဲ"

ရှေးဟောင်းဝိညာဉ်က နောက်တစ်ကြိမ် အသံထွက်လာပြီး၊ “ကျေးဇူးပြု၍ ဆောင်ရွက်ပေးပါ” ဟု တောင်းဆိုလာသည်။

လင်းယွန်၏ ကျားနဂါးလက်သီးကိုကြည့်ရှုပြီးနောက် "မဆိုးပါဘူး။" ဟု ချီးကျူးလိုက်သည်။

" ဒီတစ်ကြိမ်မှာ ကြယ်ဘယ်နှစ်ပွင့်ရလဲ စီနီယာ "

စိတ်လှုပ်ရှားစွာဖြင့် လင်းယွန်က မေးမြန်းလိုက်၏။

" ကျားနဂါးလက်သီးရဲ့ ခြောက်ကွက်မြောက်အထိ အောင်မြင်နိုင်ရင် မင်းက ကြယ်ခြောက်ပွင့်နဲ့ ထွက်ခွာနိုင်မယ်၊ ဒါပေမယ့် အခု သုံးကွက်မြောက်အထိသာ အောင်မြင်ခဲ့တာကြောင့် ကြယ်လေးပွင့်ပဲရမယ်၊ မင်းရဲ့ ပထမအကြိမ် ကြယ်ပွင့်နဲ့ ပေါင်းရင် မင်းမှာ ကြယ်ဆယ်ပွင့် ရှိတယ်။ "

'' ကြယ်လေးပွင့်လား မဆိုးပါဘူး.........ဒါနဲ့ နေဦး ပထမအကြိမ်ရလာဒ်က၊ ဆယ်ပွင့်ပေးတာ ခြောက်ပွင့်ပဲရတယ်ဆိုတော့၊ ဒါက ထူးချွန်တဲ့အဆင့်ထဲ မပါဖူးပေါ့..... ''

" မင်းကို ဘယ်သူပြောတာလဲ ပထမအကျော့အတွက် အမှတ်ပြည့်က ကြယ်ငါးပွင့်ပဲ၊ အခြားသူတွေရရှိခဲ့တဲ့ အမြင့်ဆုံးအဆင့်က ကြယ်သုံးပွင့်သာဖြစ်တယ်၊ မင်းက အမှတ်ပြည့်ကို ကျော်လွန်တာကြောင့် မင်းရဲ့နားလည်နိုင်စွမ်းက ရွှေခေတ်ထက် မနိမ့်ပါဘူး။”

ရှေးဟောင်းဝိညာဉ်၏ ရှင်းပြလာသည်ကြောင့် လင်းယွန်၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားခဲ့သည်။

( ငါ့ရဲ့ နားလည်နိုင်စွမ်းက ရွှေခေတ်ကလူတွေနဲ့ ယှဉ်နိုင်တယ်တဲ့လား။)

“ ငါက မင်းရဲ့ ဆုလာဘ်ကို ပေးအပ်ရမယ့်အချိန်ရောက်ပြီ......…”

တာအိုတရားရင်ပြင်တွင် အပ်ကျသံကိုပင် ကြားရနိုင် လောက်သည်အထိ တိတ်ဆိတ်နေခဲ့ပြီး၊ လူအုပ်ကြီး၏ မျက်ဝန်းများမှာ ယဇ်ပလ္လင်ကြီးထံသို့ အမြဲမပြတ် စောင့်ကြည့်နေစဉ်၊ လူရိပ်တစ်ရိပ်သည် ယဇ်ပလ္လင်ကြီးအတွင်းမှ လွင့်စင်ထွက်လာ ခဲ့လေသည်။

ထိုလူရိပ်မှာ မိန်ဇီယာဖြစ်ပြီး၊ သိပ်မကြာခင်မှာပင် ကျောက်စိမ်းတုံးတစ်တုံးသည် ကောင်းကင်က ကျဆင်းလာသည်။

" ဒါ.... အလယ်အလတ် ရှန်ရှင်းသိုင်းနည်းစနစ်ပဲ ...."

“ တကယ်ပဲ ဒါဟာ အလယ်အလတ် ရှန်ရှင်းနည်းစနစ်တစ်ခုပဲ၊ မျိုးနွယ်စုလေးစုက ရှေးဟောင်းဂိုဏ်းတွေရဲ့ သိုင်းနည်းစနစ်တွေကို စိတ်ဝင်စားကြတယ်၊ အဲဒီအတွက် ကြီးမားတဲ့စျေးနှုန်းကို ပေးချေဖို့ ဆန္ဒရှိနေတယ်လို့ ငါကြားသိထားတယ်....''

လူအုပ်ကြီးသည် စိတ်ရှုပ်ရှားသော မျက်လုံးများဖြင့် မိန်ဇီယာကို ကြည့်လိုက်ကြသည်။ သို့သော် မိန်ဇီယာ၏ မျက်နှာမှာ မမြင်နိုင်လောက်အောင် ပျက်ယွင်းနေခဲ့သည်။

'' ဝှီး......... ''

မကြာမီတွင်၊ ယဇ်ပလ္လင်ထံမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြပြီး ၎င်းတို့အားလုံးသည် အလယ်အလတ် ရှန်ရှင်း သိုင်းနည်းစနစ်များကိုသာ ရရှိသွားကြသည်။

“ အဆင့်မြင့် ရှန်ရှင်း နည်းစနစ်၊ ‘မြင့်မြတ်သော ဂရုဏာ လက်ဖဝါး’၊ မဆိုး ပါဘူး၊ ဒီနည်းစနစ်က သာမာန် နက်နဲ သိုင်းနည်းစနစ် တွေနဲ့ နှိုင်းယှဉ် နိုင်တယ် "

မင်ယီက ကျေနပ်စွာဖြင့် ကျောက်စိမ်းတုံးကို လှည့်ပါတ်ကစားလိုက်သည်။

ရုတ်တရက် တောက်ပသော အလင်း တန်းများ ထွက်ပေါ် လာကာ၊ ဘိုင်လိရွှမ်နှင့် စီရွှယ်ယီတို့ ဆင်းသက်လာ ခဲ့ပြီး၊ သူတို့ ထံသို့ မီးလျှံများ တောက်လောက် နေသော ကျောက်စိမ်းတုံးများ လွင့်ကျလာလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော မင်ယီမှာ အပြုံးများ ပျောက်ကွယ်သွားသည်။

" အထွတ်အထိပ်အဆင့် ရှန်ရှင်းသိုင်းနည်းစနစ်လား...."

" တောက်ပမှုကို ကြည့်စမ်း၊ ဒါက ရှန်ရှင်း အထွတ်အထိပ် သိုင်းနည်းစနစ်နဲ့ ယှဉ်နိုင်မှာကို ငါကြောက်တယ်၊ ''

'' ဘိုင်လိရွှမ်ရဲ့ ကျောက်စိမ်းတုံးထဲက ခရမ်းရောင် အလင်းတန်းကို ကြည့်ရတာ၊ တခြားအရာ တစ်ခုတော့ ရှိရမယ်.....”

"သူက ဘိုင်လိရွှမ်ပဲ အခြားသူနဲ့ နှိုင်းယှဥ်လို့တော့ ဘယ်ရမလဲ …”

ဘိုင်လိရွှမ်၏ ကျောက်စိမ်းတုံးသည် လူတိုင်းကို မနာလိုဖြစ်စေပြီး မရေမတွက် နိုင်သော အကြည့်များက သူ့ဆီသို့ ဦးတည် သွားခဲ့ ကြသည်။

" ဂုဏ်ယူပါတယ် အကိုကြီး...... "

ကောင်းကင်ဘုံ ဓားနန်းတော် ဂိုဏ်း၏ တပည့်များသည် လက်ခုပ်တီးကာ၊ ဦးညွှတ် ဂုဏ်ပြု လိုက်ကြသည်။

ပတ်ဝန်းကျင်၌ ဘိုင်လိရွှမ်ကို ယှဉ်နိုင်မည့်သူ တစ်ယောက်မျှ မရှိခဲ့ပေ။ စီရွှယ်ယီ၏ ရလာဒ်ပင် ဘိုင်လိရွှမ်ကို မမှီ။

ထိုအချိန်မှာပင် ကောင်းကင် ဘုံကို ထိုးဖောက်မည့် ယဇ်ပလ္လင်သည် ဒေသ တစ်ခု လုံးကို လွှမ်းခြုံနိုင်သော ကြယ်အလင်း များဖြင့် ရုတ်တရက် တောက်ပတုန်ခါလာ ခဲ့သည်။

" ဘာဖြစ်နေတာလဲ........."

တာအိုရင်ပြင်တစ်ခုလုံးကို ရှေးဟောင်း ရောင်ဝါ များဖြင့် ဖုံးအုပ် လာသောကြောင့် လူတိုင်း ထိတ်လန့် သွားကြသည်။

သိပ်မကြာခင်မှာပင် နေရာအနှံ့ဆီမှ စူးရှကြည်လင်သောအသံတစ်သံ ထွက်ပေါ် လာခဲ့ လေသည်။

“ ငါက မိုးကောင်းကင် ယဇ်ပလ္လင်ရဲ့ ဝိညာဉ်ပဲ၊ မြေကြီးနဲ့ ကောင်းကင် ပေါ်မှာ ကြယ်တာရာဆယ်ပွင့် ထွန်းလင်းဖို့ အမိန့် ပေးတယ်၊ တစ်နေ့မှာ လေနဲ့အတူ ကောင်းကင်ဘုံ ကိုးပါးဆီကို ပျံတက် နိုင်လိမ့် မယ်လို့ မျှော်လင့်တဲ့အတွက်၊ မဟာလေဟုန်ကျမ်းကို ငါပေးအပ်မယ်။ "

ကြီးကျယ် မြင့်မြတ်သော အသံမှာ တာအိုတရား ရင်ပြင် အနှံ့၊ ပဲ့တင် ထပ်နေ ခဲ့ကာ ကြယ်ရောင် များကို နောက်ခံ ပြုလျက်၊ မိုးကောင်းကင် ယဇ်ပလ္လင် ပေါ်တွင် လူရိပ် တစ်ရိပ် ထွက်ပေါ် လာလေသည်။

တစ်ချိန်တည်း မှာပင်၊ ရိုးရှင်းသော ကျမ်းစာအုပ် တစ်အုပ်သည် ကောင်းကင်မှ ဆင်းသက် လာခဲ့တော့၏။

“ ဒါ.... နက်နဲသိုင်းနည်းစနစ်ပဲ ကြည့်လိုက်စမ်း၊ အိုး ............နေဦး သူက လင်းယွန် မဟုတ်လား ”

***

All Chapters