← Chapters

လုယက်ခြင်း။

Vol. 11 Ch. 153

လုယက်ခြင်း။

Vol. 11 Ch. 153

'' ဝှစ်...... ဝှစ် ဝှစ် ''

တစ်ချိန်တည်းမှာပင် နောက်ထပ် ကျင့်ကြံသူများ ရှေးဦးနတ်ဆိုးသားရဲ၏ အလောင်းအနီးသို့ ဆင်းသက်လာ ကြသည်။ နောက်ဆုံးတွင် နတ်ဆိုးသားရဲသွေးကြောင့် ဖြစ်ပေါ်လာသော ရုန်းရင်းဆန်ခတ်မှုမှာ ကြီးမားလွန်းလှသည်။

လူရိပ်များ နီးကပ်လာသည်နှင့်အမျှ လူအိုကြီး သုံးဦး၏ မျက်နှာများမှာ ပျက်ယွင်းလာခဲ့သည်။ သူတို့၏ အကြည့်များသည် နတ်ဆိုးသားရဲနှင့် လင်းယွန်တို့ကြား တလှည့်စီကြည့်နေမိကြပြီး၊ တွေနေခဲ့သည်။

လင်းယွန်က အဘိုးကြီးသုံးယောက်ကို အပြုံးမပျက် ကြည့်နေလိုက်သည်။ စိတ်အေးလက်အေးဖြင့် တိုက်ခိုက်ဖို့ရန် အလျင်စလိုမလုပ်ဆောင်ခဲ့ပေ။

“ .....သွားကြရအောင်။ "

သုံးယောက်သား အန္တရာယ်နှင့် အခွင့်အရေးကို ချိန်ဆပြီးနောက်၊ အံကိုကြိတ်ကာ ထွက်ခွာရန် ရွေးချယ်လိုက်သည်။

ဤရလဒ်ကြောင့် မအံ့သြပေ။ အဘိုးအိုသုံးယောက်မှာ သေခြင်းကို ကြောက်ရွံ့သောကြောင့် ရှေးဟောင်းနတ်ဆိုးသားရဲအမြုတေတစ်ခုအတွက် အသေခံတိုက်ခိုက်မည် မဟုတ်ကြောင်းကို သိရှိထားခဲ့သည်။

“ သောက်ပဲဟေ့......”

“ ငါတို့ပိုင်ဆိုင်သင့်တဲ့ ရတနာကို လက်လွှတ်လိုက်ရပြီ၊ ဒီလိုဖြစ်လာမယ်ဆိုတာ ငါသိရင် နန်းတော်ဂူထဲမှာ ငါ့ကံကို စမ်းမိလိမ့်မယ်။”

“ သွားရအောင်၊ အဲ့ဒီလူယုတ်မာလေး မကြားပါစေနဲ့ ......”

အဘိုးအို သုံးယောက်၏ နောက်ကျောကို လှမ်းကြည့်လိုက်ကာ၊ လင်းယွန်က ပြုံးလိုက်သည်။

“ အနည်းဆုံးတော့ သူတို့က လိမ္မာကြတယ် ”

အဆောင်ရတနာတွင် နောက်ဆုံး အခွင့်အရေးတစ်ခုသာ ကျန်ရှိတော့ပြီး၊ ၎င်းကို အမှိုက်သုံးစအတွက် အသုံးပြုလိုခြင်း မရှိချေ။

တစ်ချိန်တည်းမှာပင် ဘိုင်လိရွှမ်နှင့် စီရွှယ်ယီသည် နန်းတော်ဂူထဲသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။ သူတို့နှစ်ယောက်သည်သာမက ၎င်းတို့၏ နောက်လိုက်များသည် မဟာချင်အင်ပါယာ၏ ဂိုဏ်းကြီးလေးဂိုဏ်းမှ တပည့်များဖြစ်ကြပြီး၊ ထိုဂိုဏ်းများသည် ခိုင်မာသော အုတ်မြစ်များရှိသောကြောင့် သဘာဝအားဖြင့် ပျော့ညံ့မည် မဟုတ်ပေ။

အခြားတစ်ဖက်တွင် ဖုန်မှုန့်များ ကင်စင်သွားသည်နှင့်အမျှ၊ ကျင့်ကြံသူများမှာ ပတ်ဝန်းကျင်၌ ပိုမိုစုရုံးလာကြသည်။ သားရဲ၏ ခန္ဓာကိုယ်သည် ခြင်္သေ့သဏ္ဍာန်အဆင်းရှိပြီး၊ ဦးခေါင်းမှာလင်းယုန်တူလှသော နယားပျံနတ်ဆိုးသားရဲ ဖြစ်ပေသည်။

" အဲ့ဒါ လင်းယွန်ပဲ "

“ ထွက်သွားခဲ့တဲ့ သုံးယောက်က နက်နဲတပိုင်းမြေခွေးအိုကြီးတွေ မဟုတ်လား၊ သူတို့က လင်းယွန်ကြောင့် ထွက်သွားတာလား .... "

လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်သောအခါတွင် အံ့ဩသွားကြသည်။ ဤနေရာတွင် လူများစွာ ရှိကောင်းရှိနိုင်သော်လည်း လင်းယွန်ကို မည်သူမျှ မလှုပ်ရှားဝံ့ပေ။

တစ်ဖက်တွင်၊ လူအိုကြီးသုံးဦးသည် မကျေမနပ် ထွက်ခွာသွားပြီးနောက် ကျိန်ဆဲနေတော့သည်။

" ဒီကောင်က တကယ်ကို လွန်လွန်းတယ်၊ ကောင်းကင်ရတနာ ရှိနေတာတောင် ငါတို့ကို ပစ်မှတ်ထားနေသေးတယ်၊ သူ့မှာ အရည်အချင်းရှိရင် ဘိုင်လိရွှမ်နဲ့အတူ နန်းတော်ဂူထဲကို လိုက်သွားသင့်တယ်။”

" သူက ငယ်သေးပေမယ့်၊ လုယက်တဲ့ နေရာမှာတော့ တကယ့်လက်မရွံ့ပဲ ''

" တိတ်တော့ မြန်မြန်သွားရအောင်၊ နောက်ထပ် ရှေးဟောင်းနတ်ဆိုးသားရဲနှစ်ကောင် ကျန်နေသေးတယ်၊ အချိန်မှီဖို့ မျှော်လင့်ကြရအောင်စေ..."

သဘာဝအတိုင်း၊ ကိုယ်ပိုင်ဆိုင်ထားသော ရတနာကို လုယူခံရပါက မည်သူမဆို မပျော်ရွှင်နိုင်ကြချေ။

ဝှစ်....... ။

ရုတ်တရက် ကြက်သွေးရောင် အရိပ်တစ်ရိပ် ဆင်းသက်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထိုမြင်ကွင်းကြောင့် လူအိုကြီးသုံးယောက်မှာ ထိတ်လန့်သွားကြပြီး၊ ချက်ချင်းပင် သူတို့၏ ဝိညာဉ်စွမ်းအင်များကို စုဆောင်းလိုက်ကာ၊ ရှေ့သို့ မျှော်ကြည့်လိုက်ကြသည်။

ပုလဲအနှစ်ရောင် အသားအရည်ကို ပိုင်ဆိုင်ထားသော မိန်းမငယ်တစ်ယောက်သည် အနီရောင်ဝတ်ရုံကို ဆင်မြန်းလျှက် လဲကျနေရာမှ အားတင်းထရပ်နေသည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် သွေးစများ ရှိနေခဲ့ပြီး၊ ဒဏ်ရာများမှာ အလွန်ပြင်းထန်ကာ အားနည်းနေခဲ့ ပုံရသည်။

ညာဘက်ခါးတွင် ပုလွေတစ်လက်ကို ချိတ်ဆွဲလျက်၊ ဘယ်ဘက်လက်တွင် ပုံမှန်မဟုတ်သော ကြက်သွေးရောင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ခေါက်ယပ်တောင်မှာ သေးသွယ်ပြီး သူမ၏လက်ဖဝါး တဝက်ခန့်သာ ရှိပေသည်။ ထို့အပြင် ၎င်းယပ်တောင်၏ အရိုးကို သားရဲအရိုးကိုးချောင်းဖြင့် ပြုလုပ်ထားကာ၊ ထူးခြားသော အသွင်အပြင် ရှိပေသည်။

လူအိုကြီးသုံးယောက်မှာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ဤမိန်းမငယ်ကို တွေ့ရှိဖူးခြင်း မရှိသည်ဖြစ်ရာ၊ သူမ၏ဇာစ်မြစ်ကို မခန့်မှန်းနိုင်ကြချေ။ ထို့ပြင် ယင်းမိန်းမငယ်သည်တစ်စုံတစ်ယောက်၏ အမဲလိုက်ခြင်း ခံထားရပုံရသည်။ လျှို့ဝှက်နယ်မြေထဲတွင် အကြောင်းပြချက်မရှိပဲ၊ အမဲလိုက်ခံရမည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် အမဲလိုက်ခြင်းခံရပါက ၎င်းတွင် ရတနာများရှိသည်ဟုသာ ဆိုလိုနိုင်သည်။

သုံးယောက်သား နှုတ်ခမ်းများပေါ်တွင် အေးစက်သော လှောင်ပြောင်ဟန်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

" လူကြီးမင်းတို့ ငါ့ကို ကူညီပေးနိုင်မလား၊ ငါ့ကို လိုက်ဖမ်းနေတဲ့ ရန်သူတွေကို တားနိုင်ရင် ငါ့မှာ ရှိတဲ့ ရတနာတွေ မင်းတို့ကို ပေးမယ်လို့ အာမခံပါတယ် ”

အနီရောင်မိန်းမငယ်က အဘိုးကြီး သုံးဦးကို ပြုံးရွှင်စွာ လှည့်ကြည့်လာ၏။

“ မင်းက အရမ်းပါးနပ်တာပဲ၊ ငါတို့သုံးယောက်ရဲ့ ပူပေါင်းမှုနဲ့ဆို အပြာရောင်နေမင်းလျှို့နယ်မြေမှာ မကိုင်တွယ်နိုင်တဲ့ ကိစ္စမရှိပါဘူး ”

၎င်းသည် မှားယွင်သော ကြွားဝါမှုမဟုတ်ချေ။ နက်နဲတစ်ပိုင်းသိုင်းသမား သုံးယောက်အုပ်စုဖွဲထားခြင်းဖြင့် လျှို့ဝှက်နယ်မြေအတွင်း ၎င်းတို့ကို ထိပ်တိုက်ရင်ဆိုင်နိုင်သူ အများအပြားမရှိပေ။

" ဒါဆို မင်းတို့ကို ဒီရတနာ ငါပေးမယ်။"

အနီရောင်မိန်းမငယ်က ပြုံးပြီး ပုတီးစေ့တစ်စေ့ကို ထုတ်ယူပစ်ပေးလိုက်ရာ၊ ဝိညာဉ်စွမ်းအင်များမှာ ၎င်းတို့ သုံးဦးလုံးကို လွှမ်းခြုံသွားသည်။

" သောက် ပဲ ဟေ့........... "

သုံးယောက်သား ဖမ်းမယူနိုင်ခင်မှာပင် ကောင်းကင်၌ အေးစက်သော အကန့်အသတ်မဲ့ ဓားရောင်ဝါတစ်စင်း ထွက်ပေါ်လာပြီး၊ သူတို့သုံးယောက်အား လွင့်စင်သွားစေခဲ့သည်။

'' ...............''

လေလွင့်ကျင့်ကြံသူ သုံးဦးသည် ထိုတိုက်ခိုက်မှုကို ခုခံကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။

'' ဘိုင်လိရွှမ်...... ''

သုံးယောက်သား မျက်နှာများသည် တိုက်ခိုက်သူကို တွေ့သောအခါတွင် ဖြူဖျော့သွားခဲ့သည်။ ဘိုင်လိရွှမ်၏ ခွန်အားသည် ၎င်းတို့၏ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေခဲ့လေပြီ။

လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က သူတို့သုံးဦးသည် နက်နဲနယ်ပယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သော်လည်း၊ လျှို့ဝှက်နယ်မြေတွင် ကံစမ်းလိုခဲ့သောကြောင့် အဆင့်ချိုးဖြတ်ခြင်းအား၊ ဖိနှိပ်ထားခဲ့သည်။ ဤသို့ဖြင့် လျှို့ဝှက်နယ်မြေတစ်ခုလုံးအား မွှေနှောက်နိုင်မည်ဟု ယူဆထားကြသော်လည်း၊ ဘိုင်လိရွှမ်၏ ဓားတစ်ချက်နှင့်ပင် အပြင်းအထန်ဒဏ်ရာရရှိ သွားကြသည်။

'' .............. ''

ပုတီးစေ့သည် မြေပြင်ပေါ်သို့ ကျရောက်သွားကာ ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားသောအခါတွင် သာမာန်ပုလဲတစ်လုံးအဖြစ် ပြောင်းလဲ ထွက်ပေါ်လာ လေသည်။

'' ဝှစ်........ဝှစ် ဝှစ် ''

ထူးဆန်းသော ဓားရိပ်(၁၀)ရိပ်နှင့်အတူ ဓားနန်းတော်၏ တပည့်များသည် မြေပြင်ပေါ်သို့ ဆင်းသက်လာကာ ပုတီးစေ့ကို ကောက်ယူလိုက်၏။

'' အကိုကြီး၊ ဒါက အတုပဲ။ ''

" ဒီမကောင်းဆိုးရွားမက ထွက်ပြေးသွား ပြန်ပြီ "

" စီရွှယ်ယီဆီကနေ လက်ဖဝါးတစ်ချက်ကို ခံယူလိုက်ရတဲ့အတွက် အဝေး မပြေးနိုင်လောက်ဘူး "

ဘိုင်လိရွှမ်က မိန်းမငယ် ထွက်ပြေးသွားသော အရပ်သို့လှမ်းကြည့်ကာ ရေရွှတ်လိုက်သည်။ ထို့နောက် သူ၏ အကြည့်သည် လေလွင့်သိုင်းသမားသုံးယောက်ထံသို့ စိုက်ကြည့်လာသည်ကြောင့် လူအိုကြီးသုံးယောက်မှာ ကြောက်ရွံ့ တုန်လှုပ်သွားကြသည်။

" မင်းတို့က သေခြင်းတရားကို မကြောက်မရွံ့နဲ့၊ လက်ခံဖို့ စိတ်ကူးယဉ်နေတာပဲ...''

ဘိုင်လိရွှမ်က အေးစက်စက် မှတ်ချက်ပေးလိုက်ပြီး၊ ၎င်းတို့အား လျစ်လျူရှုလျက်၊ ဓားနန်းတော်ဂိုဏ်း၏ တပည့်များနှင့်အတူ ကောင်းကင်သို့ ပျံတက်သွားကာ၊ အနီရောင်ဝတ်ထားသော မိန်းမပျိုရှိရာ အရပ်ဆီသို့ ဦးတည် ပျံသန်းသွားတော့သည်။

အဘိုးအိုနှစ်ယောက်သည် ချက်ချင်းထရပ်လိုက်ကာ ဒဏ်ရာရရှိ သွားသူထံသို့ ပြေးသွားလိုက်ကြပြီး၊ စစ်ဆေးကြည့်လိုက်ရာ မျက်နှာများ ပျက်ယွင်း သွားကြလေသည်။ ထိုအဖိုးအို၏ ရင်ဘတ်ဒဏ်ရာဆီမှ သွေးများ အဆက်မပြတ် စီးကျနေခဲ့သည်။

'' အဟွတ်..... ဟွတ် ဟွတ် ''

ဤသို့သော မိန်းမငယ်လေးသည် ဘိုင်လိရွှမ်ထံမှ ရတနာများ လုယူထွက်ပြေးလာ ပေလိမ့်မည်ဟု ထင်မထားမိကြပေ။

ဝှစ် ။ ဝှစ် ။

အခြားတစ်ဖက်တွင် စီရွှယ်ယီသည်တင်းမာသော အမူအယာဖြင့် လနတ်ဆိုးဗိမ္မာန်ဂိုဏ်းကို ဦးဆောင်ကာ အလျင်အမြန် ပြေးလွှားနေခဲ့သည်။

" နန်းတော်သင်္ချိုင်းဂူကို သွားတဲ့ လနတ်ဆိုးဗိမ္မာန်ဂိုဏ်း မဟုတ်လား......"

" ဘာလို့ အားလုံးပြန်လာ ကြတာလဲ"

" ဟိုမိန်းကလေးက ဘိုင်လိရွှမ်နဲ့ စီရွှယ်ယီကို လှည့်စားပြီး၊ ရတနာတွေ လုယူသွားတာ ဖြစ်မယ်''

'' အဲဒီမိန်းကလေးက ဒဏ်ရာအပြင်းအထန် ရသွားတယ်၊ အသက်ရှင်ဖို့ မလွယ်လောက်ဖူး''

" လိုက်ကြည့်ရအောင်။ "

လူအုပ်ကြီးသည် လနတ်ဆိုးဗိမ္မာန်ဂိုဏ်းနောက်သို့အပြေးအလွှားလိုက်ပါသွားကြလေသည်။

နောက်ဆုံးတွင် လင်းယွန်သည် ကြိုးစားထုတ်ယူပြီးနောက် သားရဲအမြုတေကို လက်ဖဝါးပေါ်တွင် တင်ကာ၊ တစိမ့်စိမ့်ကြည့်နေမိသည်။ သားရဲအမြုတေမှာ ကြက်သွေးရောင် အဆင်းသဏ္ဍာန်ကို ထုတ်လွှတ်ထားပြီး၊ ရှေးဟောင်းသားရဲ မျိုးဆက်သွေးများ ပါရှိနေပေသည်။

" သိပ်သည်းလိုက်တဲ့ နတ်ဆိုးစွမ်းအင်တွေ.... "

လင်းယွန်၏ မျက်လုံးများ တောက်ပလာပြီး ရေရွတ်လိုက်မိသည်၊ ဤသားရဲအမြုတေသည် ယခင်အကြိမ်၌ သန့်စင်ခဲ့ဖူးသော ခရမ်းရောင်လျှပ်စီးနတ်ဆိုး ဒရာကိုပီ၏ သားရဲအမြုတေထက် များစွာ သာလွန်သည်။

ဤသို့သော သားရဲအမြုတေမျိုးသည် အလွယ်တကူ ရှာတွေ့နိုင်သော အရာမဟုတ်ပေ။ နဂါးသွေးမြင်းအတွက် အသုံးဝင်လာနိုင်ပေမည်။

လင်းယွန်က ဖြည်းညှင်းစွာ အကျောဆန့်လိုက်ပြီး၊ မှုန်ကုပ်ကုပ် အပြုံးဖြင့် နတ်ဆိုးသားရဲအလောင်းကောင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ ဤခရီးစဉ်တွင် ကံကောင်းခြင်းများစွာဖြင့် ပြည့်နှက်နေခဲ့ကာ၊ ၎င်းအမြုတေကို ရိတ်သိမ်းပြီးနောက်၊ သူ၏ လျှို့ဝှက်နယ်မြေ ခရီးစဉ်ကို အဆုံးသတ်လိုက်ခြင်းသည် မဆိုးလှပေ။

'' ဝှစ်........ ''

ရုတ်တရက် လေတိုးသံများနှင့်အတူ ဓားရောင်ဝါများသည် လေထဲ၌ ပျံ့လွင့်လာပြီး၊ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်းအသိကို ခံစားလိုက်ရသောကြောင့် လင်းယွန်က မျက်ခုံးပင့် ကြည့်လိုက်သည်။

ကောင်းကင်ဘုံဓားနန်းတော်။

အပြာရောင်နေမင်း လျှို့ဝှက်နယ်မြေတွင် ဓားနန်းတော်ဂိုဏ်းမှလွဲ၍ ဤမျှ ကြောက်စရာကောင်းလှသော ဓားရောင်ဝါကို မည်သူမျှ မပြသနိုင်ချေ။ မီတာအနည်းငယ်အကွာ၌ ဓားနန်းတော်၏တပည့်များသည် အနီရောင် ဝတ်ဆင်ထားသော အမျိုးသမီးငယ် တစ်ဦးကို ကောင်းကင်ပေါ်တွင် ဝိုင်းရံထားလေသည်။

ဓားနန်းတော်၏ တပည့်များသည် မရိုးရှင်းလှပေ။ သူတို့အားလုံးသည် အလွန်အစွမ်းထက်ကြပြီး၊ ၎င်းတို့အတွင်းမှ တစ်ဦးတစ်ယောက်၏ စွမ်းရည်သည် သာမန်သတ္တမအဆင့် သိုင်းသမားတစ်ယောက်ထက် အားကောင်းလှပေသည်။ သို့သော် ထိုအမျိုးသမီးငယ်သည် သူမ၏ လက်ထဲတွင် ခေါက်ယပ်တောင်ကို ကိုင်ကာ၊ ၎င်းတို့နှင့် လက်ရည်တူ တိုက်ခိုက်နိုင့် ခဲ့သည်။

" ဒါ သူ ပဲ......."

အမျိုးသမီး၏ မျက်နှာအား တွေ့မြင်လိုက်သည်နှင့် လင်းယွန်မှာ တအံ့တသြ ရေရွတ်လိုက်မိသည်။ ထိုအမျိုးသမီးသည် သူ၏ ဓားရည်ရွယ်ချက်ကို နားလည်ရန် ကူညီပေးခဲ့သော ပုလွေသံပိုင်ရှင် အမျိုးသမီးငယ် ဖြစ်ပေသည်။

" မကောင်းတော့ဖူး ......”

ဓားအလက်ပေါင်းများစွာသည် ကောင်းကင်၌ အုပ်မိုးသွားပြီး၊ မိန်းမငယ်ကို ပစ်မှတ်ထားကာ ပိတ်ဆို့ဟန့်တားနိုင်သော ဖိအားတစ်ခုကို ဖန်တီးလိုက်၏။

'' ဗုန်း.......... ''

ထိုသို့သော ပိတ်ဆို့မှု များကြောင့် အနီရောင် မိန်းမငယ်မှာ မြေပြင်ပေါ်သို့ ဆင်းသက် နေစဉ်၊ မိုးကုပ် စက်ဝိုင်း ဆီမှ ထက်ရှသော ဓားအလင်း များနှင့် အတူ မိုးခြိမ်း သံများ ထပ်မံ ထွက်ပေါ် လာခဲ့ပြီး၊ အဖြူရောင် အရိပ်တစ်ရိပ် လျင်မြန်စွာ ရွေ့လျား လာခဲ့သည်။

ထိုအဖြူရောင်အရိပ်သည် သူ့နောက်ကျောတွင် ပိုးလွယ်ထားသော ဓားသေတ္တာ အတွင်းမှ ဓားကို ထုတ်ယူ လိုက်ကာ၊ အမျိုးသမီးငယ်ဆီသို့ တဟုန်ထိုး ခုတ်ချ လိုက်တော့သည်။

သူ၏ဓားသည် လေထဲသို့ ထိုးဖောက် ဝင်ရောက် သွားကာ ခရမ်းရောင်အဆင်းများ ထွက်ပေါ်လာပြီး၊ ၎င်းဓားသည် လျင်မြန် ကြမ်းတမ်း လှကာ၊ ထိုမိန်းမငယ်အား အသက် ရှင်ခွင့် ပေးရန် အစီအစဉ် ရှိပုံမရပေ။

သူ့ဓားသွားထံမှ သဏ္ဍာန်မဲ့စွမ်းအားများ ထွက်ပေါ်လွှမ်းမိုး လာခဲ့ပြီး၊ ပတ်ဝန်ကျင်အား အလွှာတစ်ခုကဲ့သို့ ပိတ်ဆို့တားဆီး လာလေသည်။

***

All Chapters