← Chapters

ထူးဆန်းသောလူများ

Vol. 60 Ch. 796

ထူးဆန်းသောလူများ

Vol. 60 Ch. 796

ချင်မူကို ပျိုးထောင်ပေးခဲ့သော အဘိုးအဘွားအများစုမှာ ကလေးမယူခဲ့ဖူးကြသဖြင့် ဤနယ်ပယ်နှင့်ပတ်သက်ပြီး သူ့ကို မသင်ပေးခဲ့ကြပေ။

ရွာလူကြီးက လူသားဧကရာဇ်ဖြစ်သည့်အလျောက် အထက်ကောင်းကင်ဘုံကို သုတ်သင်ရမည့် တာဝန်အား ထမ်း‌ပိုးရင်း မိသားစု မတည်ထောင်ရဲခဲ့ပေ။

သားသတ်သမားက စာပေအနုပညာကိုသာ သိသူ ဖြစ်၍ လွတ်လွတ်လပ်လပ် နေထိုင်လိုသည်။ ကလေးမွေးရန်ဆိုသည့် အသေးအဖွဲ ကိစ္စများကို ဂရုမစိုက်ပေ။

ထော့ကျိုးက နာမည်ဆိုးနှင့် ကျော်ကြားသည်။ မိန်းမရရန် အသာထား၊ သူ့ကို မြင်သည်နှင့် လမ်းပေါ်ရှိ လူများ လိုက်ဖမ်း၍ ပြေးရသည်က များသည်။

မျက်ကန်းက မိသားစုအကြောင်း တစ်ခွန်းမဟဖူးချေ။ ရွှေအမှာ လှည့်စားခံခဲ့ရသည်ကိုသာ သိသည်။

အဘွားစစ်ကလည်း မင်္ဂလာဦးညတွင် ယောက်ျားဖြစ်သူ လီထျန်းရှင်ကို သတ်ခဲ့၏။

နားကန်းမှာမူ ပန်းချီနှင့် လက်ရေးလှပညာကိုသာ အရူးအမူး စိတ်ဝင်စားသည်။ သူ့တွင် မိန်းမရှိခဲ့ဖူးသော်လည်း သူ့မိန်းမသည် သူ၏တိုင်းပြည်နှင့်အတူ သေဆုံးသွားသောကြောင့် မိသားစုအကြောင်း တစ်ခါမှ မပြောပေ။

အဘိုးကြီးမာလည်း ထိုနည်းတူပင်။ အဘိုးကြီး၏ မိန်းမနှင့် ကလေးများမှာ မဟာမိုးခြိမ်းသံကျောင်းတော်မှ ဘုန်းကြီးများ သူတို့‌နောက် လိုက်ဖမ်းခဲ့စဉ်တုန်းက သေဆုံးသွားခဲ့ကြသည်။

ဤနယ်ပယ်တွင် အတွေ့အကြုံများသူ ဆို၍ ဆေးဆရာသာ ရှိသော်လည်း ရွာရှိ လူတိုင်းက ဆေးဆရာကို အတုမယူသင့်သည့် လူအဖြစ် ဥပမာပေးကာ ချင်မူ့ကို ဆုံးမခဲ့ကြသည်။ မိန်းမတို့၏ မာယာသဲကိုးဖြာကို ချင်မူ နားလည်အောင် သင်ပေးခဲ့ကြလေသည်။

ရွာလူကြီးက အထက်ကောင်းကင်ဘုံ အမြစ်မပြုတ်သရွေ့ မိသားစုမတည်ထောင်နိုင်ကြောင်း ပြောသည်။ အဘွားစစ်က အပြင်ရှိ မိန်းမမှန်သမျှ မြေခွေးမများ ဖြစ်သည်ဟု သတိပေး၏။ သားသတ်သမား၏ ကဗျာများနှင့် ဓားမများက မြန်သည်၊ လျင်သည်၊ သန်မာအားကောင်းသည်။ သူ့ဘဝတွင် ချစ်သူရည်းစားဟူ၍ မထားခဲ့ဖူးပေ။

ချင်မူ့အနေဖြင့် ကလေးလိုချင်လျှင် ကလေးတစ်ယောက် မွေးထားပြီးသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကိုသာ မေးရလိမ့်မည်။

ယခု သူ့အနား၌ ရှိနေသူများအနက် နဂါးချီလင်နှင့် ‌ရေချီလင်ကို ထည့်တွက်စရာမလို။ ကောင်းကင်နတ်အရှင်ယွီကလည်း ရူးနေသဖြင့် မေး၍မရ။ ကုန်းစွန်းယန်မှာလည်း အပင်ပေါက်လေးတစ်ပင်သာ ဖြစ်သည်။ မေးကြည့်လျှင်တောင်မှ သိမည်မဟုတ်ပေ။

‘ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သွားရမယ်’

ချင်မူ နဂါးချီလင်၏ ကျော‌ပေါ်တွင် ထိုင်နေပြီး အမိကမ္ဘာမြေနှစ်ယောက် တိုက်ခိုက်နေသော စစ်မြေပြင်ဆီသို့ လှည့်ကြည့်လိုက်သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းဂယက်များက တစ်ချက်တစ်ချက် ဖြာထွက်လာနေသေးသော်လည်း လက်ကျန်ကောင်းကင်နတ်သိုင်းများဆီမှ လှိုင်းဂယက်များလား၊ အမိကမ္ဘာမြေနှစ်ယောက် တိုက်ခိုက်နေသေး၍လား ချင်မူ မပြောတတ်ပေ။

ကုန်းစွန်းယန်လည်း စိုးရိမ်ပူပန်စွာ လှမ်းကြည့်နေသည်။ “အမိကမ္ဘာမြေ အဆင်မှပြေရဲ့မလား မသိဘူး.. မမချိုးယွင်လည်း သေလား၊ ရှင်လား မသိဘူး... အမိကမ္ဘာမြေ ကမ္ဘာဦးဓားနဲ့တော့ သူ မသေသွားလောက်ပါဘူးနော်... ဟုတ်တယ်မလား...”

သူမသည် မြေကမ္ဘာနန်းတော်၏အပြင်ရှိ အမိကမ္ဘာမြေဘုရားကျောင်းထဲတွင်သာ အမြဲနေရင်း နှစ်ပေါင်းထောင်ချီ ကုန်ဆုံးခဲ့၏။ ဘုရားကျောင်းတွင် နေထိုင်နေစဉ် အားသည့်အချိန် သစ်သီးခင်းများ စိုက်သည်။ အမိကမ္ဘာမြေ၏ လက်ကျန်ဝိညာဉ်ကို စောင့်ရှောက်ပေးသည်။ ထိုသို့နေထိုင်ခဲ့ရာမှ ယခုတွင် သူမဘဝမှာ ရုတ်တရက်ကြီး ကဗြောင်းကဗြန် ဖြစ်သွားချေရာ ရိုးသားဖြူစင်သော ဤမိန်းကလေးမှာ မည်သို့လုပ်ရမည်မှန်း မသိတော့ပေ။

အမိကမ္ဘာမြေ၏ ဘုရားကျောင်းသို့လည်း ပြန်မသွားနိုင်တော့သည့်အတွက် သူမဘဝတွင် ဦးတည်ရာမဲ့၊ လမ်းပျောက်သွားသလို ခံစားနေရသည်။ သူမမှာ နေရာတစ်နေရာတည်း၌သာ အမြစ်ချလျက် ရှင်သန်ချင်သော သစ်ပင်လေးတစ်ပင် မဟုတ်ပါ၏လော။

လေနှင်ရာ လွင့်မျောနေရသော ဘဝနှင့် အသားမကျပေ။

သူမဘေးတွင် ချင်မူက သူမလက်ကို ဆုပ်ကိုင်၍ ကမ္ဘာမြေမှုန်တာအိုသစ်သီးဆီမှ စွမ်းအင်များကို အဆက်မပြတ် ပို့လွှတ်ပေးနေသည်။ နွေးထွေးသော ချင်မူ့လက်များကြောင့် သူမ စိတ်တည်ငြိမ်လာပြီး ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းထဲ၌ ညှိုးနွမ်းနေသော အပင်ပေါက်လေးလည်း ပြန်ဆန့်လာကာ တဖြည်းဖြည်း ကြီးထွားလာ၏။

‘ပိုင်ချွီအာနဲ့ စကားမပြောခဲ့ရဘူး’

ချင်မူ အကြည့်ပြန်လွှဲပြီး အနည်းငယ် စိတ်မကောင်းဖြစ်နေမိသည်။ ‘သူ ဒီနှစ်လေးသောင်းကို ဘယ်လို ကျော်ဖြတ်ခဲ့ရမလဲ... အဲဒီနေရာကနေ လွတ်သွားလောက်ပါတယ် ဟုတ်တယ်မလား... ပြီးတော့ ဘယ်အမိကမ္ဘာမြေ နိုင်နိုင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ကောင်းတဲ့အရာပဲ... သူတို့အတူတူ သေသွားရင် ပိုလို့တောင် ကောင်းသေးတယ်... ဒါပေမဲ့ အဲဒီလိုဖြစ်နိုင်ခြေက နည်းလွန်းပါတယ်... အလွန်ဆုံး သူတို့နှစ်ယောက် ဒဏ်ရာအပြင်းအထန် ရသွားတာလောက်ပဲ ဖြစ်နိုင်မှာ... အဲဒါဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာရော၊ မဟာမြို့ပျက်ရော ဖိအားနည်းသွားလိမ့်မယ်’

သူ့မှာ ပိုင်ချွီအာကို လိုက်ရှာချင်သော်လည်း မဟာမြို့ပျက်ထက် အဆပေါင်းများစွာ ကျယ်ဝန်းသွားသော ဤကမ္ဘာဦးဘုံတွင် လူတစ်ယောက်ကို ရှာရန်က ကောက်ရိုးပုံထဲ အပ်ရှာသလို ဖြစ်လိမ့်မည်။ ထို့အပြင် ဤအချိန်တွင် အမိကမ္ဘာမြေနှစ်ယောက်က အနောက်ချုံဧကရာဇ် ကောင်းကင်နတ်ဘုံ၌တိုက်ခိုက်နေဆဲ ဖြစ်ပြီး တိုက်ပွဲသည် စစချင်းလောက် ကြောက်စရာမကောင်းတော့သော်လည်း ကမ္ဘာမြေတုန်ဟည်းနေသေး၏။ ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်များပင် ထိုကဲ့သို့ တိုက်ပွဲများကို ကြောက်လန့်ကြလိမ့်မည်။

အမိကမ္ဘာမြေတစ်ယောက်က မြေပြင်၏အထက်၊ တစ်ယောက်က မြေပြင်၏အောက်မှ တိုက်ခိုက်နေကြသောကြောင့် မြေပြင်မှာ မတည်ရှိတော့သည့်အလား ထင်ရသည်။ မဟာတာအို၏ တာအိုအလင်း‌ရောင်က မြေပြင်ကို ရွှေရောင်တောက်နေစေပြီး တောင်တန်းများစွာ အဆက်မပြတ် မြောက်တက်လာလိုက်၊ ပျက်စီးသွားလိုက် ဖြစ်နေကြ၏။

သံလိုက်ဆွဲအားများသည် တစ်ချက်တစ်ချက် အလင်းဓားသွားများအသွင် ဖွဲ့တည်လျက် ဖြာထွက်လာကြပြီး ကောင်းကင်ထက်မှ ဖြာကျလာကာ ရန်သူကို ခုတ်ပိုင်းနေကြ၏။

“ငါ့အစွမ်းအစနဲ့ အမိကမ္ဘာမြေနှစ်ယောက်လုံးကို သတ်ဖို့ ခက်မယ်... ငါက ဧကရာဇ်ပလ္လင်အဆင့်တောင် မရောက်သေးတဲ့ နတ်ကောင်းကင်ခန်းမအဆင့်ပဲ ရှိသေးတာ မဟုတ်လား.... လွီကျန်း မင်း ဘယ်လိုထင်လဲ”

တိုက်ပွဲကွင်းပြင်၏အစပ်တွင် စာပေသမားက မြည်း၏ကျော၌ ထိုင်၍ အံ့အားသင့်ဖွယ် တိုက်ပွဲကို ကြည့်နေသည်။ “အမိကမ္ဘာမြေနှစ်ယောက် ဒဏ်ရာအပြင်းအထန် ရသွားပြီး ကမ္ဘာဦးဘုံရဲ့အင်အားကို တစ်ယောက်တစ်ခြမ်းစီ ခွဲယူရပါစေလို့ပဲ မျှော်လင့်နိုင်တယ်... အဲဒါမှ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် စိုးရိမ်စရာ သိပ်မရှိမှာ”

မြည်းက ပြောသည်။ “အန်း”

စာပေသမားက သူမ၏အိတ်အသေးလေးကို ဖွင့်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကံကောင်းလို့ ဒီအမိကမ္ဘာမြေနှစ်ယောက်က အင်အားအကြီးဆုံးအခြေအနေမှာ မဟုတ်ကြဘူး... မဟုတ်ရင် ငါ သူတို့ကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ဖို့ ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်နေရဦးမယ်”

မြည်းသည် အပြုံးတစ်ခုဖြင့် ပြော၏။ “ဟီး ဟီး”

“ဟုတ်တယ်... ငါက သိုင်းတာအိုမှာ နံပါတ်တစ် ၊ ကောင်းချာကိုတောင် အနိုင်ယူနိုင်ခဲ့သေးတာပဲ.. အမိကမ္ဘာမြေ ဒဏ်ရာအပြင်းအထန် ရအောင်တော့ သေချာပေါက် လုပ်နိုင်တာပေါ့... အမိကမ္ဘာမြေနှစ်ယောက် ဖြစ်နေလို့သာ ဖိအားများနေတာပါ”

သူမ၏အိတ်ထဲတွင် စစ်တုရင်ရုပ် (ဂိုစေ့) များ မရေမတွက်နိုင်အောင် ရှိပြီး မြည်းက သူမကို အဝေးသို့ သယ်သွားသည်။ စာပေသမားက အတိုင်းအတာတစ်ခုသို့ ရောက်သည့်အခါအတိုင်း စစ်တုရင်အရုပ်ကို ပစ်ချသည်။ “ဂိုစစ်တုရင်မှာ အလျားအနံ အတန်းဆယ့်ကိုးတန်းစီ ရှိတယ်... အဲဒါက လူသားတွေအတွက် သတ်မှတ်ပေးထားတဲ့ဟာပဲ... တကယ့် စစ်တုရင်ကစားပွဲမှာ ဘယ်လိုလုပ်ပြီး အလျားအနံ အတန်းဆယ့်ကိုးတန်းပဲ ရှိနိုင်မှာလဲ... ကြယ်တာရာတွေကို နယ်ရုပ်တွေ၊ မြေပြင်ကို စစ်တုရင်ခုံအဖြစ် သဘောထားလိုက်ရင် အတန်းပေါင်း ထောင်ချီ ရှိတယ်... ဒီလိုစစ်တုရင်ကစားပွဲကို ဝင်္ကပါတစ်ခုလို အသုံးချလိုက်တာနဲ့ အဲဒါ ကပ်ဘေးပဲ... လွီကျန်း၊ ငါ့ဝင်္ကပါစွမ်းရည်က နံပါတ်တစ်လို့ မင်း ထင်တယ်မလား”

“ဟီး” မြင်းက တရှိန်ထိုး ပြေးရင်း အမိကမ္ဘာမြေတို့၏ တိုက်ပွဲကွင်းပြင်ကို တစ်ပတ်ပတ်နေသည်။ စာပေသမားကလည်း အနက်ရောင်နှင့်အဖြူရောင် ဂိုစေ့များကို ပစ်ချနေသည်။

သူမက ကောင်းကင်ယံရှိ နက္ခတ်တာရာများကို မော့ကြည့်ပြီး ရုတ်တရက် ဟစ်အော်ကာ ယပ်တောင်အား တိုက်ပွဲကွင်းပြင်ဆီသို့ အားနှင့် ခတ်လိုက်၏။

အဝေးတွင် ချင်မူက သူ့လမ်းသူ ဆက်သွားနေသော်လည်း ရုတ်တရက် ရင်ထဲ တုန်လှုပ်သွား၏။ သူ အလျင်အမြန် နောက်ပြန်လှည့်ကြည့်ကာ မှင်သက်သွားတော့သည်။

အမိကမ္ဘာမြေနှစ်ယောက် တိုက်ခိုက်နေသော တိုက်ပွဲကွင်းပြင်မှ အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းနှစ်တန်းသည် တစ်တန်းနှင့်တစ်တန်း ရစ်ပတ်လျက် ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ အနက်ရောင်နဂါးနှင့် အဖြူရောင်နဂါး တစ်ကောင်နှင့်တစ်ကောင် လှည့်ပတ်နေသည့်အလား ထင်ရပေသည်။

ချင်မူမှာ တိုက်ပွဲကွင်းပြင်၏ အဝေးသို့ ရောက်နေပြီဖြစ်သည်။ မိုင်တစ်သောင်းခန့် ဝေးကွာနေသော်လည်း အနက်ရောင်နှင့် အဖြူရောင်အလင်းကို ရှင်းလင်းပြတ်သားစွာ မြင်နေရ‌သေးရာ ထိုအလင်းတန်းများ မည်မျှကြီးမားသည်ကို ကောင်းကောင်းစိတ်ကူးကြည့်နိုင်၏။

‘ဒါ ကောင်းကင်နတ်သိုင်းလား... မဟုတ်ဘူး... ဘယ်သူ့မှာမှ ဒီလောက်သန်မာအားကောင်းတဲ့ မှော်စွမ်းအင် မရှိနိုင်ဘူး... ဒါက ဝင်္ကပါစွမ်းရည်ပဲ’

ချင်မူမှာ အမိကမ္ဘာမြေ၏ တိုက်ပွဲကွင်းပြင်ရှိ အရာရာတိုင်းကို ဖျက်စီးခြင်းစွမ်းအားအပြည့်ဖြင့် ဖျက်စီးပစ်နေသော ဝင်္ကပါစွမ်းရည်ကို ငေး၍ ကြည့်နေမိသည်။ အကွာအဝေးက ဝေးကွာလွန်း၍ ဝင်္ကပါအပြောင်းအလဲကို မမြင်ရသော်လည်း လှိုင်းဂယက်များမှတစ်ဆင့် အပြောင်းအလဲများနှင့် သတ်ဖြတ်လိုစိတ်ကို ခံစားနေရသည်။

ဤဝင်္ကပါ၏ စွမ်းအားက ကြောက်စရာကောင်းပေသည်။

‘ဘယ်သူ ဒီဝင်္ကပါစွမ်းရည်ကို ခင်းလိုက်တာလဲ... ကောင်းကင်နဲ့မြေကြီးရဲ့ ဥပဒေနဲ့ အမိကမ္ဘာမြေကို ဖယ်ရှားဖို့ ကြိုးစားနေတာလား... ကမ္ဘာဦးဘုံ ပွင့်လာတာနဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေ အများကြီး ပေါ်ထွက်လာတာပါလား”

ချင်မူ အရှေ့သို့ ပြန်လှည့်ပြီး စိတ်တည်ငြိမ်အောင်ထားကာ သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို လေ့လာရာတွင် အာရုံစိုက်လိုက်သည်။

သေခြင်းရှင်ခြင်းကောင်းကင်ရတနာသည် မရဏတမန်တော် ဖွင့်ခဲ့သော ကောင်းကင်ရတနာ ဖြစ်ပြီး ကောင်းကင်ရတနာကျင့်စဉ်စနစ်၏ ဆဋ္ဌမမြောက် ကောင်းကင်ရတနာ ဖြစ်၏။ ၎င်းက ယိုတုနှင့် တိုက်ရိုက်ဆက်သွယ်နေပြီး သေခြင်းရှင်ခြင်းမှတစ်ဆင့် ယိုတု၏စွမ်းအားကို ငှားယူနိုင်သည်။

ချင်မူအနေဖြင့် ယိုတု၏စွမ်းအားကို ရှင်းပြစရာမလိုဘဲ နားလည်သော်လည်း သူ၏သေခြင်းရှင်ခြင်း ကောင်းကင်ရတနာက ကျန်ကောင်းကင်ရတနာများနှင့် မတူပေ။ သူ့အရှေ့တွင် အတုယူနိုင်သောလူ မရှိသဖြင့် သူ့ဘာသာသူ လေ့လာရလိမ့်မည်။

‘အရေးအကြီးဆုံးက သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ပြီးရင် ငါ့မှာ လမ်းမရှိတော့ဘူး... ကောင်းကင်တံတားကောင်းကင်ရတနာကို အသစ်ပြန်ဖွင့်ဖို့ ကြိုးစားရဦးမယ်’

ချင်မူ့မျက်ဝန်းများ လင်းလက်သွားသည်။ နဂါးချီလင်သည် ဖြေး‌ဖြေးမှန်မှန် လျှောက်နေပြီး ကောင်းကင်နတ်အရှင်ယွီက ရေချီလင်အတွက် စွမ်းအင်ဆေးလုံးများ‌ ဖော်ပေးနိုင်ရန် အပြင်းအထန် ကြိုးစားနေသည်။ တစ်ချက်တစ်ချက် သူ၏ဆေးမီးဖိုများ ပေါက်ကွဲသွားတတ်ကာ သူ့မျက်နှာတစ်ခုလုံး မည်းခြစ်သွားတတ်၏။

“တစ်အိုး ဖော်ပြီးပြီကွ”

ကောင်းကင်နတ်အရှင်ယွီ၏ ဝမ်းသာနေသောအသံ ထွက်လာပြီး သူက ပွက်ပွက်ဆူနေသော ဆေးမီးဖိုထဲမှ စွမ်းအင်ဆေးလုံး လက်တစ်ဆုပ် ဆုပ်ယူလိုက်သည်။ ထို့နောက် ရေချီလင်၏ မျှော်လင့်နေသည့် မျက်လုံးများအရှေ့တွင် သူ့ပါးစပ်ထဲ သိပ်ထည့်လိုက်၏။

နောက်တခဏတွင် ကောင်းကင်နတ်အရှင်ယွီ၏ မျက်နှာ စိမ်းပုပ်သွားပြီး ပါးစပ်မှ အမြှုပ်များ ထလာတော့သည်။

ချင်မူမှာ သူ့ကို မနည်းကယ်တင်လိုက်ရပြီး အဆိပ်ထုတ်ပေးလိုက်ရသည်။ သူက စိတ်ရှည်လက်ရှည် သင်ပေးသည်။ “ဆေးလုံးဖော်တာက စိတ်ကို လေ့ကျင့်နည်းတစ်နည်းပဲ.. အန္တရာယ်လည်း များတယ်... မင်း ဆေးပင်တွဲသုံးတာ မှားသွားရင် ဒါမှမဟုတ် အပူရှိန် နည်းနည်းလေး လွဲသွားရင် ... စွမ်းအင်ဆေးလုံး မဟုတ်ဘဲ အဆိပ်ဆေးလုံးတွေ ဖြစ်သွားလိမ့်မယ်... နောင် ဆေးဖော်ပြီးရင် ကိုယ့်သာသာကိုယ် အရင်မစားနဲ့ .. အားရွှေကို အရင်စားကြည့်ခိုင်း”

ရေချီလင်၏မျက်နှာ မည်းမှောင်သွားတော့သည်။

“ဟုတ်သားပဲ... မင်း ဖော်တဲ့ ဆေးလုံးတွေက အားရွှေ စားဖို့အတွက် မဟုတ်ဘူးလား”

ချင်မူမှာ သတိဝင်သွား၍ ဇဝေဇဝါ မေးလိုက်မိသည်။ “ဘာလို့ ကိုယ့်ဘာသာကိုယ် စားပစ်တာတုန်း”

ကောင်းကင်နတ်အရှင်ယွီ ခေါင်းငုံ့သွားသည်။ “‌မွှေးလွန်းတော့ မနေနိုင်တော့တာနဲ့...”

ချင်မူ ခေါင်းယမ်းပြီး သူ့ဆီသို့ ပရဆေးပင်တချို့ ပစ်ပေးကာ သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို လေ့လာ၍ ကောင်းကင်တံတားကောင်းကင်ရတနာ ဖွင့်ရန် စဉ်းစားနေသည်။

သူက အလေးအနက် စဉ်းစားရင် တစ်ချက်တစ်ချက် နဂါးချီလင်၏အပေါ်တွင် လမ်းထလျှောက်တတ်၏။ ကုန်းစွန်းယန်မှာလည်း ချင်မူ လက်လွှတ်မပေးသောကြောင့် သူ လျှောက်ရာနောက်သို့ တကောက်ကောက် လိုက်နေရတော့သည်။

ကမ္ဘာမြေမှုန်တာအိုသစ်သီး၏ စွမ်းအင်က ကျင့်စဉ်စွမ်းအင်ကို အလွန်လျင်မြန်စွာ မြှင့်တင်ပေးနေ၍ သူမ၏မူလဝိညာဉ်မှာလည်း သန်မာသည်ထက် သန်မာလာသည်။ ကမ္ဘာဦးသစ်ပင်ပေါက်လေး ကြီးထွားလာသည်နှင့်အမျှ သူမအတွက် ယွမ်တုမဟာတာအိုလည်း ပိုမိုနိုးထလာသည်။

ကုန်းစွန်းယန်မှာ မည်သို့ဖြစ်နေမှန်း မသိသဖြင့် အူကြောင်ကြောင် ဖြစ်နေသည်။ သူမမှာ ချင်မူ့ကို မေးချင်သော်လည်း သူ့ကို နှောင့်ယှက်မိမည်စိုး၍ မြိုသိပ်ထားရ၏။

သူမသည် မြေပြင်ကို စိုက်ကြည့်ရင်း မြေပြင်က သူမကို ဆွဲဆောင်နေသည့်အလား ခံစားနေရပြီး ယခုချက်ချင်း အမြစ်ချ၍ ရှင်သန်လိုစိတ်များ တဖွားဖွား ပေါက်လာသည်။ မူလဝိညာဉ်ကို အမြစ်ချလိုက်လျှင် သစ်ပင်ကြီးတစ်ပင် ဖြစ်လာနိုင်သည်ဟုပင် သူမ ခံစားရသည်။ သစ်ပင်ထိပ်ဖျား၌ ဇာမဏီမီးငှက်ပေါက်လေးများ မွေးဖွားပေးနိုင်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။

ရုတ်တရက် ချင်မူ့ကိုယ်ထဲတွင်လည်း သစ်ပင်တစ်ပင် ရှိနေကြောင်း သူမ အာရုံရလိုက်၏။ ထိုသစ်ပင်က ချင်မူ့ကိုယ်ထဲရှိ ကောင်းကင်ရတနာများကို ဖြတ်သန်းလျက် ကောင်းကင်နှင့်မြေကြီးအား ထောက်ကန်ပေးထားသည်။ ၎င်းသည်လည်း ကမ္ဘာမြေမှုန်တာအိုသစ်သီး၏ အာဟာရဓာတ်များကို အဆက်မပြတ် စုပ်ယူနေ၏။

‘သူလည်း သစ်ပင်များလား’

ကုန်းစွန်းယန် မျက်တောင်ပုတ်ခတ်ပြီး ပျော်နေသည်။ ‘သူလည်း သစ်ပင်ပဲ... ဒါဆို ငါတို့ နွေးထွေးတဲ့ နေရာတစ်နေရာ ရှာပြီး အမြစ်ချလို့ရတယ်... လက်ချင်းတွဲပြီး အမြစ်ချင်းယှက်လို့ နေရောင်ခြည်ကို ခံစားနိုင်မယ်... ငါတို့သစ်ပင်ထိပ်ဖျားတွေအပေါ်မှာ ဇာမဏီငှက်သိုက်တွေ မွေးဖွားပေးမယ်... ဒီဇာမဏီက ပျင်းတဲ့အခါ သီချင်းဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ခေါ်နေကြလိမ့်မယ်...’

ကုန်းစွန်းယန်မှာ ဤဘဝကို အလွန်မျှော်လင့်နေမိ၏။

သို့သော် ချင်မူ့ကိုယ်ထဲရှိ သစ်ပင်သန္ဓေသည် သူမထင်ထားသကဲ့သို့ မဟုတ်ပေ။ သစ်ပင်သန္ဓေက ရှုရှန်းဟွာနှင့် ချင်မူ ဖန်တီးခဲ့သော အရာဖြစ်သည်။ အက္ခရာသင်္ချာဖြင့် ချီစွမ်းအင်သဏ္ဍာန်ကို တည်ဆောက်ပြီး ကောင်းကင်ရတနာများတစ်လျှောက် ဖြတ်သန်းရင်း တစ်သားတည်း ပေါင်းစည်းပေးရင်း ကောင်းကင်နှင့်မြေပြင်အား ချိတ်ဆက်ထားခြင်း ဖြစ်ပေသည်။

‘ကောင်းကင်တံတား ကောင်းကင်ရတနာက ကောင်းကင်နန်းဆောင်နဲ့ ဆက်နေတဲ့ တံတားပျံတစ်စင်းပဲ... မူလဝိညာဉ်က တံတားပေါ်မှာ ရပ်ပြီး တစ်လှမ်းချင်း လျှောက်သွားတဲ့အခါ တောင်ကောင်းကင်မုခ်ဝဆီ ရောက်တယ်... သစ်ပင်သန္ဓေကောင်းကင်တံတားကလည်း အဲဒီလို လုပ်ပေးနိုင်ပေမယ့် အင်မတန် ခက်တယ်... သိုင်းလမ်းစဉ်နဲ့ ကောင်းကင်နန်းဆောင်ဆီ ပျံတက်တာနဲ့ ယှဉ်မှ လွယ်တယ် ထင်ရတာ... အက္ခရာသင်္ချာတွေကလည်း ရှုပ်ထွေးလွန်းတယ်’

ချင်မူ တိတ်ဆိတ်စွာ တွက်ချက်နေသည်။ ‘သိုင်းပညာကောင်းကင်ဆရာသခင်က ငါ့ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးပေးပြီး ပြန်ဖွင့်နိုင်မယ့် အခွင့်အရေးပေးခဲ့ပြီးပြီ... ကောင်းကင်နန်းဆောင်ဆီ တက်နိုင်မယ့်နည်းလမ်းက တစ်ခုထဲ ရှိတာတော့ မဟုတ်နိုင်ဘူးမလား... တခြားနည်းလမ်းတွေ ရှိဦးမှာပါ’

ချင်မူမှာ စိတ်လှုပ်ရှားလာတော့သည်။ ‘ပရမတ္တကောင်းကင်ရတနာကို ဖွင့်နိုင်လောက်မလား... ပရမတ္တလှေနဲ့ တစ်ဖက်ကမ်းမှာ ရှိတဲ့ ကောင်းကင်နန်းဆောင်ဆီ ရွက်လွင့်လိုက်တာမျိုးလေ’

ဆန်းပြားသော အတွေးအားလုံး သူ့ဦးနှောက်ထဲ၌ ပေါ်ထွက်လာ၏။ ‘သစ်ပင်သန္ဓေ ကောင်းကင်တံတားက တည်ဆောက်ရ ခက်လွန်းတယ်... ငါ့အနေနဲ့ သစ်ပင်သန္ဓေကောင်းကင်ရတနာ တည်ဆောက်ပြီး ခုနစ်ခုမြောက် ကောင်းကင်ရတနာထဲမှာ သစ်ပင်သန္ဓေတစ်ခု စိုက်လို့ရမယ်... အဲဒါက သစ်ပင်သန္ဓေ ကောင်းကင်တံတား တည်ဆောက်တာထက်စာရင် ပိုလွယ်တယ်... သစ်ပင်သန္ဓေကို ကြီးထွားလာစေလိုက်တာနဲ့ ကောင်းကင်နန်းဆောင်ဆီ တန်းတက်နိုင်ပြီ’

‘ကောင်းကင်ဘုံအဝင်ကြိုးတစ်ချောင်းလည်း ဖန်တီးလို့ ရတာပဲ... တောင်ကောင်းကင်မုခ်ဝကနေ ကြိုးကို ချထားလိုက်ရင် ကြိုးကနေတစ်ဆင့် ကောင်းကင်နန်းဆောင်ဆီ တက်နိုင်မယ်’

‘ဟုတ်သား... အမြှင့်ရေကန်ကောင်းကင်ရတနာတစ်ခုလည်း တည်ဆောက်လို့ ရတာပဲ... နဂါးသွဲ့ရေကန်ကို အမြင့်မြှင့်လိုက်ရင် ငါတို့ နဂါးသွဲ့အဆောင်ထဲ တန်းဝင်နိုင်ပြီ... ဒါဆို ကောင်းကင်နတ်ဘုရား တန်းဖြစ်မယ်... ဒါပေမဲ့ အဲဒါကို အစစ်အမှန်နတ်ဘုရားနီးနီး မှော်စွမ်းအင်အားကောင်းတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ပဲ လုပ်နိုင်မှာ... ဘယ်သူ့မှာမှ အဲဒီလောက် မှော်စွမ်းအင်မသိပ်သည်းလောက်ပေမယ့် သုံးလို့ရတဲ့ နည်းလမ်းတော့ ဖြစ်နေသေးတယ်...’

‘ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ကောင်းကင်နတ်မြစ်အဖြစ် ပြောင်းလဲတဲ့ နည်းလမ်းလည်း ရှိတယ်... ကောင်းကင်နတ်မြစ် ကောင်းကင်ဘုံကနေ စီးကျလာတဲ့အခါ ကောင်းကင်နတ်မြစ်ပေါ်မှာ ရှိတဲ့ ကောင်းကင်နန်းဆောင်ထဲ ဝင်နိုင်မယ်...’

****

ချင်မူမှာ အလွန်အမင်း စိတ်လှုပ်ရှားလာပြီး ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ဖွင့်နိုင်မည့် နည်းလမ်းများ တွေးမိလာသည်။ နည်းလမ်းတိုင်းက အလုပ်ဖြစ်သော်လည်း ဤအတွေးများကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်သေးသည်။

‘ငါ့လက်ရှိကျင့်စဉ်စွမ်းအင်က ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ဖွင့်နိုင်တဲ့ အဆင့်မမှီသေးပေမယ့် ချီစွမ်းအင်သုံးပြီး ဒီကောင်းကင်ရတနာတွေရဲ့ ပုံသဏ္ဍာန်ကို ဖွဲ့တည်နိုင်သေးတယ်... အမိကမ္ဘာမြေကမ္ဘာဦး တာအိုသစ်သီးလည်း ရှိတော့ ငါ့ကျင့်စဉ်စွမ်းအင် အလျင်အမြန် မြင့်တက်နေပြီ... ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ဖွင့်နိုင်ဖို့ သိပ်မလိုတော့ပါဘူး’

ချင်မူသည် ယုံကြည်ချက်အပြည့် ရှိလာပြီး အဝေးသို့ မော့ကြည့်လိုက်၏။ ‘နဂါးချီလင်ရဲ့ လျှောက်နှုန်းနဲ့ဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရောက်ဖို့ လပိုင်းလောက် ကြာလိမ့်မယ်... ငါတို့ နန်းစိုက်မြို့တော်ကို ရောက်ရင် ငါ့ကျင့်စဉ်စွမ်းအင်က ခုနစ်ခုမြောက်ကောင်းကင်ရတနာကို ဖွင့်ဖို့ လုံလောက်နေလောက်ပြီ... ပရမတ္တကောင်းကင်ရတနာ ဖွင့်ပြီးတာနဲ့ နန်းစိုက်မြို့တော်ဆီ သွားပြီး သိုင်းပညာကောင်းကင်ဆရာသခင်ကို ဖျက်စီးခိုင်းရမယ်... ဒါမှ သစ်ပင်သန္ဓေ ကောင်းကင်ရတနာကို ဖွင့်ကြည့်လို့ရမှာ... ငါ တွေးထားတဲ့ နည်းလမ်းအားလုံး စမ်းကြည့်ပြီးရင် အရိုးရှင်းဆုံး တစ်ခုကို ရွေးမယ်... အဲဒါက ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မဟာမြို့ပျက်ရဲ့ လူတွေ ကောင်းကင်တံတားကျိုးနေတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မှာ သေချာတယ်’

ချင်မူက ကောင်းကင်ရတနာများ၏ ပုံသဏ္ဍာန်ကို တည်ဆောက်၍ ကောင်းကင်နန်းဆောင်နှင့် ဆက်သွယ်ရာတွင် စိတ်ရောကိုယ်ပါ နှစ်လိုက်သဖြင့် ပတ်ဝန်းကျင်အပေါ် အာရုံမရှိတော့ပေ။

နဂါးချီလင်မှာ အားသွန်ခွန်စိုက် ပြေးသော်လည်း ရှစ်လကြာပြီးနောက်မှ နန်းစိုက်မြို့တော်၏ ပတ်ဝန်းကျင်သို့ ရောက်လာသည်။ လမ်းတွင် နတ်ဘုရားတစ်ပိုင်းများနှင့်‌ တွေ့ခဲ့ရပြီး သူတို့က တောင်တန်းများ၊ မြစ်ချောင်းကို အပိုင်စီးကာ အုပ်ချုပ်နေကြလေသည်။

နဂါးချီလင် ရေချီလင်ကို အခြေအနေ စုံစမ်းရန် လွှတ်လိုက်သည်။ ရေချီလင်က သတင်းနှင့်အတူ ပြန်ရောက်လာ၏။ “ညီလေး... အခု အမိကမ္ဘာမြေ နှစ်ယောက် ပေါ်လာပြီ... ဘယ်သူက အတုက အစစ်မှန်း ဘယ်သူ့မှ မခွဲတတ်ကြဘူး... မြည်းတစ်ကောင်နဲ့ စာပေသမားတစ်ယောက်က အမိကမ္ဘာမြေနှစ်ယောက်လုံးကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ပြီး ထွက်သွားတယ်တဲ့... အခု အားလုံး စိုးရိမ်ထိတ်လန့်နေကြလို့ ဘာပြဿနာမှ မရှာရဲကြဘူး”

နဂါးချီလင် တအံ့တဩ ရေရွတ်လိုက်မိသည်။ “အဲဒီလိုအရာမျိုး ရှိသေးတယ်လား... ဂိုဏ်းသခင်၊ နိုးပြီလား”

ချင်မူ မျက်လုံးဖွင့်၍ ခေါင်းယမ်းလိုက်သည်။ ခုနစ်ခုမြောက် ကောင်းကင်ရတနာကို တွေးခေါ်ရာတွင်သာ အာရုံအပြည့်အဝ စိုက်ထားခဲ့၍ သူ့ခေါင်းထဲ နောက်တောက်တောက် ဖြစ်နေ၏။ သူတို့အတွက် စွမ်းအင်ဆေးလုံးများ ဖော်ပေးသည့်အချိန်တွင်ပင် အမှားတချို့ ပါသွားသည်။

“ညီလေးရော” ချင်မူမှာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း လုံးတစ်နေသော ရေချီလင်တစ်ကောင်နှင့် ဝတုတ်နေသော ဖက်တီးလေးတစ်ယောက်ကိုသာ မြင်လိုက်ရသည်။ ကောင်းကင်နတ်အရှင်ယွီကို မမြင်မိသဖြင့် သူ ဇဝေဇဝါ မေးလိုက်မိ၏။

“အစ်ကိုကြီး ကျွန်တော် ဒီမှာ” ဝဝတုတ်တုတ် ဖက်တီးလေးက လက်ထောင်ပြီး လှမ်းခေါ်သည်။

နဂါးချီလင်က ရှင်းပြလေသည်။ “ဂိုဏ်းသခင် တွေးနေတုန်း ဖက်တီးယွီက ဆေးလုံးဖော်တာ အောင်မြင်သွားတာနဲ့ အားရွှေနဲ့ အတူတူ စားတော့တာပဲဗျို့... ရှစ်လကြာတော့ ဟော့ဒီလို ဖြစ်လာတော့တာပဲ... ဂိုဏ်းသခင်၊ ကျွန်တော် မစားဘူးနော်”

ချင်မူ သူ့ဘေးရှိ ကုန်းစွန်းယန်ဆီသို့ ကပျာကယာ လှည့်ကြည့်လိုက်ပြီး သူမလက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း သတိထားမိလိုက်၏။ ကုန်းစွန်းယန်က ဝမလာသော်လည်း သူမအနောက်ရှိ ရောင်ခြည်စက်ဝန်းထဲတွင် သစ်ပင်အသေးလေးတစ်ပင် ရှိနေချေပြီ။ ၎င်းက လေနှင့်အတူ ညင်ညင်သာသာ ယိမ်းနွဲ့နေသည်။

ကုန်းစွန်းယန်သည် သစ်ကိုင်းသစ်ခက်များဖြင့် သစ်ပင်ထိပ်ဖျားအပေါ်တွင် အသိုက်တစ်ခုပင် ရက်ထားသေး၏။ အသိုက်က ဖုန့်ချိုးယွင်၏ ဇာမဏီငှက်သိုက်နှင့် အနည်းငယ် ဆင်လေသည်။

ချင်မူမှာ မျက်တောင်ပုတ်ခတ်ရင်း သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ငါ့ဘေးကလူတွေအားလုံး ထူးဆန်းလိုက်တာ... ငါနဲ့ ဖက်တီးနဂါးပဲ... မဟုတ်သေးဘူး ငါပဲ သာမန်ဟ’

“ဖက်တီးနဂါး သွားစို့”

လူငယ်လေးသည် စိတ်အား တရှိန်းရှိန်း တက်ကြွနေ၏။ “မြို့တော်ဆီ ဝင်ပြီး သိုင်းပညာကောင်းကင်ဆရာသခင်ကို ရှာကြစို့... ငါ ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ဖွင့်တော့မှာမလို့ ထပ်ဖျက်စီးဖို့ သူ့ဆီ သွားရမယ်... ခဏလေး၊ ဧကရာဇ်အတိုင်ပင်ခံရဲ့ စံအိမ်ဆီ အရင်သွား.... ကလေး ဘယ်လိုမွေးရမလဲ သူ့ကို မေးရဦးမယ်”

၎

င

၎

၎

All Chapters