ကောင်းကင်နတ်အရှင်ယွီ တာအိုကို တွေ့ရှိခြင်း
Vol. 60 Ch. 798
ချင်မူက နန်းစိုက်မြို့တော်ထဲရှိ စံအိမ်တစ်လုံးဆီသို့ အားလုံးကို ခေါ်သွားသည်။ စံအိမ်သည် အလွန်ကြီးမားကျယ်ဝန်းပြီး ခံ့ညား၏။ စံအိမ်ကို နိစ္စဒူဝ သန့်ရှင်းရေးလုပ်ရန် ဟိုဟိုသည်သည် ပြေးလွှားနေကြသော အစေခံမိန်းကလေးများစွာလည်း ရှိနေသည်။
‘လင်းအာက ငွေကြေးခန့်ခွဲတာမှာ တကယ် တော်တာပဲ’
ချင်မူ အလွန်ကျေနပ်စွာဖြင့် ပတ်ကြည့်နေသည်။ အစေခံမိန်းကလေးတစ်ယောက်က ပြောသည်။ “လင်းအာက ဒီကို မကြာခဏ လာပြီး အစ်ကိုကြီးကျား၊ မင်းသမီးနဲ့ ကျန်တဲ့မိတ်ဆွေတွေကို ဧည့်ခံတတ်ပါတယ်... ဒါပေမဲ့ အခုတလောတော့ ပြန်မလာသေးဘူးရှင့်”
‘သူက ဘာလို့ ငါ့လို နေရာတကာ ပတ်သွားနေရတာကို ကြိုက်တာပါလိမ့်... အခု ကမ္ဘာကြီးက ဖရိုဖရဲနေတော့ အန္တရာယ်များနေတာကို’
ချင်မူ ခေါင်းယမ်းပြီး ကောင်းကင်နတ်အရှင်ယွီ၊ ကုန်းစွန်းယန်နှင့် ကျန်ရှိသူများအတွက် နေရာထိုင်ခင်းများ စီစဉ်ပေးလိုက်သည်။ ထို့နောက် ပရမတ္တကောင်းကင်ရတနာ ဖွင့်ရန် စတင် ကြိုးစားတော့၏။
ပရမတ္တကောင်းကင်ရတနာက သေခြင်းရှင်ခြင်းကောင်းကင်ရတနာအပေါ် အခြေခံထားသဖြင့် အရိုးရှင်းဆုံး ဖြစ်သည်။ ချင်မူ ကနဦးအဆင့်အတွက် လုပ်ရမည်မှာ ပရမတ္တလှေကို ဒီဇိုင်းရေးဆွဲရန်ပင်။
သူက မဟာမြို့ပျက်ထဲရှိ ပရမတ္တလှေနှင့် မရဏတမန်တော်၏ စက္ကူလှေနှင့် သဏ္ဍာန်တူသော ဒီဇိုင်းကို စဉ်းစားနေသည်။
ပရမတ္တလှေသည် ရွှင်ပျော်ပျော်ကျေးရွာသို့ သွားရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သည် သင်္ဘောတစ်စင်း ဖြစ်၏။ တန်ခိုးရှင်သစ်ခုတ်သမားနှင့် သိကြားဗုဒ္ဓတို့ ရေးဆွဲထားသော ဒီဇိုင်းဖြစ်သော်လည်း မဟာမြို့ပျက်အတွင်း၌ ဖျက်စီးခံခဲ့ရလေသည်။
ချင်မူ မြင်မိသည့် ဤသင်္ဘော၏ စွမ်းရည်မှာ နေရာဟင်းလင်းပြင်ကို ဖြတ်သန်းသွားနိုင်စွမ်း ဖြစ်သည်။
အခြားတစ်ဖက်တွင် မရဏတမန်တော်၏ စက္ကူလှေက လူနှင့် ဝိညာဉ်များကို သယ်ဆောင်လျက် ယိုတုထဲ၌ ဖြတ်သန်းသွားနိုင်သည်။ ခြောက်ခုမြောက် ကောင်းကင်ရတနာက ယိုတုနှင့် ဆက်သွယ်နေသော သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ဖြစ်သည့်အတွက် ဤသဘောတရားကို လက်တွေ့အကောင်အထည်ဖော်ရန် အလွယ်ဆုံး ဖြစ်၏။ ယိုတုကို ဖြတ်သန်းသွားနိုင်သော စက္ကူလှေ၏ စွမ်းရည်ဖြင့် ပရမတ္တကောင်းကင်ရတနာကို သေခြင်းရှင်ခြင်းကောင်းကင်ရတနာဆီမှ ထွက်ပြီး နေရာဟင်းလင်းပြင်တစ်လျှောက် ဖြတ်သန်းကာ တောင်ကောင်းကင်မုခ်ဝဆီသို့ ပျံတက်နိုင်မည်။
ပရမတ္တကောင်းကင်ရတနာကို သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲတွင် တည်ဆောက်ရမည်ဖြစ်၍ ဤနည်းလမ်းထက် လွယ်သော နည်းလမ်း မရှိတော့ပေ။ စွမ်းအင် ငှားယူပြီး ချီစုစည်းနိုင်သော အခြေခံနေရာတစ်နေရာ ရှိပြီးသား ဖြစ်သောကြောင့် ကောင်းကင်ရတနာကို ဖွင့်လှစ်ရန် များစွာလွယ်ကူလိမ့်မည်။
နေရာဟင်းလင်းပြင်ထဲတွင် ဖွင့်ပါက အဆများစွာ ခက်ခဲလိမ့်မည်။ ရုပ်ခန္ဓာကိုယ်၏ ဟင်းလင်းပြင်ထဲတွင် ချီစွမ်းအင် စုစည်းရန် အင်မတန် ခက်၏။ ကမ္ဘာတစ်ကမ္ဘာ ဖွင့်သည်နှင့် ညီမျှချေရာ ချင်မူ ထိုသို့လုပ်နိုင်ရန် ယုံကြည်ချက်အပြည့် မရှိပေ။
‘ကောင်းကင်နတ်အရှင်ခုနစ်ပါး ဖွင့်ခဲ့တဲ့ ကောင်းကင်ရတနာခုနစ်ခုထဲမှာ ကောင်းကင်နတ်အရှင်ယွီရဲ့ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာတစ်ခုပဲ ဟင်းလင်းပြင် ဗလာနတ္ထိကနေ ဖန်တီးခံခဲ့ရတာ... သူက ဟင်းလင်းပြင်ဆီက စွမ်းအင်ကို စုပ်ယူပြီး ဝိညာဉ်စင်မြင့် ဖွင့်ခဲ့တယ်... ဝိညာဉ်စင်မြင့်က ဝိညာဉ်သန္ဓေသားကို ထုဆစ်ပေးပြီး သက်ရှိသတ္တဝါတိုင်းမှာ ယင်ဝိညာဉ်၊ ယန်ဝိညာဉ် ရှိလာစေခဲ့တာပဲ’
‘ကျန်တဲ့ကောင်းကင်နတ်အရှင် ခြောက်ယောက်ကတော့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ စွမ်းအားကို ငှားယူခဲ့တာ’
‘ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာက ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်ငါးဦးရဲ့ စွမ်းအားကို ငှားယူတယ်... အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာက အမိကမ္ဘာမြေဆီက စွမ်းအားကို ငှားယူတယ်... ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာက နေ၊ လနဲ့ ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်ငါးဦးဆီက ... ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာက ကောင်းကင်နယ်စားမင်းဆီက.... သေခြင်းရှင်ခြင်း ကောင်းကင်ရတနာက မြေအောက်ဘုံအရှင်သခင်ဆီက... ကောင်းကင်တံတား ကောင်းကင်ရတနာက နဂါးဟန်ကောင်းကင်နတ်ဘုံဆီက ငှားယူထားတာပဲ... ကောင်းကင်တံတားကို ဖွင့်မရတော့တဲ့ အကြောင်းရင်းက နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ် သေဆုံးသွားလို့ ငှားသုံးစရာ စွမ်းအား မရှိတော့တာကြောင့်’
‘အဲဒါဆို ပရမတ္တကောင်းကင်ရတနာအတွက် ဘယ်နတ်ဘုရားဆီက စွမ်းအား ငှားရမှာလဲ’ ချင်မူ တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေသည်။
ပရမတ္တကောင်းကင်ရတနာကို ဖွင့်ရန် ပရမတ္တကောင်းကင်ရတနာမှ ကောင်းကင်နတ်သိုင်းပညာရှင်ဆီ ပြန်ပို့ပေးမည့် စွမ်းအား ရှိရမည်။ ထိုအခါမှ သိုင်းအဆင့်အဖြစ် သတ်မှတ်နိုင်၏။
ကောင်းကင်နတ်အရှင်ခုနစ်ပါးအနက် ကောင်းကင်နတ်အရှင်ခြောက်ပါးက စွမ်းအား ငှားယူခဲ့ကြသည်။ ကောင်းကင်နတ်အရှင်ယွီတစ်ယောက်သာ မည်သူ့ဆီကမှ စွမ်းအား မငှားယူခဲ့သော ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်၏။ ဤသည်မှာ မည်သူမျှ မကျော်တက်နိုင်သည့် ပါရမီပင်။
‘ဘယ်နတ်ဘုရားဆီက ငှားငှား .... ကောင်းတဲ့အရာ မဟုတ်သလိုပဲ’
ချင်မူ ဖြစ်ညစ်စဉ်းစားနေပြီးနောက်တွင် သတိပြန်ကပ်သွားသည်။ သူ ကောင်းကင်နတ်အရှင်ယွီကို သွားရှာသည့်အခါ ကောင်းကင်နတ်အရှင်ယွီ ငေးငိုင်နေကြောင်း မြင်လိုက်ရ၏။
သူ သူ့ဆီ သွားရန် ပြင်လိုက်စဉ် တုံ့ခနဲ ရပ်လိုက်မိသည်။ ဤဖက်တီးလေးက အဆီတစ်နေသော သူ့မေးစေ့ကို မော့ထားပြီး သူ့ခန္ဓာကိုယ်အပြင်တွင် ချီစွမ်းအင် လှည့်ပတ်ရစ်သိုင်းလျက် ရှိကာ ကောင်းကင်ရတနာတစ်ခု ပွင့်လာ၏။ ချင်မူ ကောင်းကင်မျက်လုံးများဖြင့် ကြည့်လိုက်သည့်အခါ လန်ယွီထျန်း၏ ကောင်းကင်ရတနာထဲ၌ ဝိညာဉ်သန္ဓေသား တဖြည်းဖြည်း ဖွဲ့တည်လာနေသည်ကို တွေ့လိုက်ရသည်။
ချင်မူ၏ခန္ဓာကိုယ် ပြင်းထန်စွာ လှုပ်သွားပြီး သူက လန်ယွီထျန်းကို အနှောင့်အယှက်ပေးမိမည် စိုး၍ အသံတစ်ချက် မထွက်ပေ။
ကောင်းကင်နတ်အရှင်ယွီသည် အသေဆိုးဖြင့် သေခဲ့ရ၏။ လွန်ခဲ့သော နှစ်တစ်သန်းတုန်းက နဂါးသွဲ့ရေကန်အဖြစ်အပျက်တွင် သူ၏ကောင်းကင်ရတနာအားလုံး ဖျက်စီးခံခဲ့ရသည့်အပြင် ကောင်းကင်နန်းဆောင်လည်း ပျက်စီးသွားခဲ့သည်။
ချင်မူ သူ၏ရုပ်ခန္ဓာကို ပြန်အသက်သွင်းပေးခဲ့သည့်အချိန်တွင် သူ့ကိုယ်ထဲ၌ ကောင်းကင်ရတနာများသော်လည်းကောင်း၊ ကောင်းကင်နန်းဆောင်သော်လည်းကောင်း မရှိတော့ပေ။
ယခုတွင် ဤဖက်တီးလေးယွီသည် မည်သူ၏ သင်ကြားမှုမှ မပါဘဲ သူ့ဘာသာသူ ဆင်ခြင်သုံးသပ်ကာ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ပြန်ဖွင့်နိုင်ခဲ့ချေပြီ။
ချင်မူ သူ့ကို ကျင့်စဉ်၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများ မသင်ပေးခဲ့သော အကြောင်းရင်းက ကောင်းကင်နတ်အရှင်ယွီ၏ ပါရမီ မည်မျှထက်သန်မှန်း သိထား၍ သူ့ဘာသာသူ စဉ်းစားတွေးခေါ်စေချင်သောကြောင့် ဖြစ်ခဲ့သည်။ ကောင်းကင်နတ်အရှင်ယွီ၏ ပါရမီသည် သူ့ထက်ပင် ပိုမိုမြင့်မားပြီး သူ့မှာ ဝန်မခံချင်သော်လည်း ကောင်းကင်နတ်အရှင်ယွီကို အသည်းထဲ၊ နှလုံးထဲမှ လေးစားမိ၏။
အသက်ပြန်ရှင်လာသော လန်ယွီထျန်း ကောင်းကင်နတ်အရှင်ယွီ ပြန်ဖြစ်နိုင်စေရန် သူ မျှော်လင့်မိသည်။
ယခုတွင် ကောင်းကင်နတ်အရှင်ယွီက ဆန်းကြယ်သော အခြေအနေထဲသို့ ဝင်ရောက်သွားသည့်အတွက် ချင်မူ သူ့ကို မနှောင့်ယှက်တော့ပေ။
ဤအခြေအနေမျိုးသည် ကြုံခဲသလို၊ ကောင်းကင်နတ်အရှင်ယွီအတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ ချင်မူ့အတွက်လည်း ကောင်းကင်နတ်အရှင်ယွီ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ ဖွင့်နေသော ပုံစံကို မြင်ရမည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်၏။
ကောင်းကင်နတ်အရှင်ယွီသည် ကောင်းကင်နှင့်မြေပြင်ဖြင့် တစ်သားတည်း ဖြစ်နေသည့်အလား ချင်မူ ခံစားနေရသည်။
ဤသည်မှာ အနောက်ကမ္ဘာမြေ၏ ‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ ဆိုသော ထူးခြားသည့် အယူအဆနှင့် မဆိုင်ပေ။
‘ဒီပါရမီမျိုးက အမှန်တကယ် ပြိုင်ဘက်ကင်းပါပေတယ်’
ချင်မူ သက်ပြင်းချမိသည်။ ‘ငါတို့သာ ခေတ်ပြိုင်ဆိုရင် ငါက အတုအယောင် လောကသခင်ဖြစ်ပြီး သူက အစစ်အမှန်လောကသခင် ဖြစ်ပါတယ်လို့ ဝန်ခံနေရလိမ့်မယ်... ဒါပေမဲ့ ငါလည်း မနိမ့်ကျဘူး”
ချင်မူ သူ့အပေါ်သူ ယုံကြည်ချက်ရှိ၏။
ခုနစ်ခုမြောက် ကောင်းကင်ရတနာအတွက် အမျိုးအစားနှစ်ဆယ့်ခြောက်မျိုး တွေးနိုင်ခဲ့သူပီပီ သူ့အနေဖြင့် ယုံကြည်ချက်မြင့်မားပိုင်ခွင့် ရှိသည်။
နောက်ဆုံးတော့ ကောင်းကင်နတ်အရှင်ယွီ နိုးလာပြီး ပတ်ဝန်းကျင်ကို ကြောင်တောင်တောင် ကြည့်သည်။ ထိုအခါမှ ချင်မူ့ကို မြင်လိုက်၍ ကပျာကယာ ပြောလေသည်။ “အစ်ကိုကြီး ၊ ဘယ်တုန်းက ရောက်တာတုန်း”
“အခုပဲ ရောက်တာ”
ချင်မူက လက်ခါပြကာ သူ့ကို ဆက်ထိုင်နေစေသည်။ သူလည်း သူ့ဘေးတွင် ဝင်ထိုင်ကာ မေးလိုက်သည်။ “မင်း အခုလေးတင် ကောင်းကင်ရတနာတစ်ခု ဖွင့်ခဲ့တာမလား... ငါ့ကို မင့်အတွေးတွေ ရှင်းပြပေးလို့ရလား”
“ကျွန်တော်က အဝလွန်နေတယ်လေ”
ကောင်းကင်နတ်အရှင်ယွီမှာ ရှက်သွားပြီး ခေါင်းကုန်နေသည်။ “ကျွန်တော် ခေါင်းငုံ့ရင် ခြေထောက်ကိုတောင် မမြင်ရတော့တာနဲ့ ဒီအဆီတွေကို ချေဖျက်မှ ဖြစ်တော့မယ် တွေးမိလိုက်တာ... အဲဒီအချိန်မှာ ကောင်းကင်နဲ့မြေကြီးထဲက ဆန်းကြယ်တဲ့စွမ်းအင်နဲ့ ကျွန်တော့်ကိုယ်ထဲက ဆန်းကြယ်တဲ့စွမ်းအင်ကိုလည်း ခံစားလိုက်ရတယ်... အဲဒီနောက်ပိုင်း ကျွန်တော့်အတွေးတွေ ရှင်းလင်းသထက် ရှင်းလင်းလာပြီး အောင်မြင်သွားတာပါ”
ချင်မူ ပြုံးလိုက်၏။ “တော်တယ်... ဝိညာဉ်သန္ဓေသားအဆင့်အတွက် ကျင့်စဉ်တွေနဲ့ ပတ်သက်ပြီး မင်း တွေးမိတာ ရှိလား”
ကောင်းကင်နတ်အရှင်ယွီက ပြောသည်။ “မှတ်တမ်းဆောင်မှာ စာအုပ်တွေ အများကြီး တွေ့ခဲ့ဖူးတယ်... ကျွန်တော် အဲဒီက ကျင့်စဉ်တွေကို လေ့လာလို့ရလား”
ချင်မူက ခေါင်းယမ်းသည်။ “ကိုယ့်ကျင့်စဉ်ကို ကိုယ့်ဘာသာ တွေးရမယ်”
ကောင်းကင်နတ်အရှင်ယွီက စပ်စုလေသည်။ “တခြားလူတွေကရော သူတို့ကျင့်စဉ်သူတို့ တွေးကြတာပဲလား”
ချင်မူက မျက်နှာတည်လိုက်ပြီး အလေးအနက် ပြောလိုက်၏။ “ငါတို့က လောကသခင်ခန္ဓာတွေ... မင်း ဒါကို မှတ်ထားရမယ်... လောကသခင်ခန္ဓာတိုင်းက သာမန်လူတွေနဲ့ မတူဘူး... လောကသခင်ခန္ဓာအစစ်က ကိုယ့်ကျင့်စဉ်၊ ကိုယ့်ကောင်းကင်နတ်သိုင်းတွေကိ ကိုယ့်ဘာသာ ဖန်တီးရတယ်... မင်း သူများတွေအောက် နိမ့်ကျနေရင် မင်း ကြိုးစားတာ မလုံလောက်သေးလို့ပဲ”
ကောင်းကင်နတ်အရှင်ယွင်လည်း တည်ကြည်သွားပြီး အလေးအနက် ခေါင်းညိတ်ပြသည်။
ချင်မူ ထရပ်ကာ ပြောလိုက်သည်။ “မင့်ကျင့်စဉ်ကို စဉ်းစား... ငါလည်း ပရမတ္တကောင်းကင်ရတနာ သွားဖွင့်လိုက်ဦးမယ်”
ကောင်းကင်နတ်အရှင်ယွီက ဆက်လက်စဉ်းစားနေ၏။ များစွာမကြာလိုက်ဘဲ သူက ဇဝေဇဝါဖြင့် ခေါင်းမော့ကြည့်ပြီး နောက်လှည့်ကြည့်လိုက်သည်။ ချင်မူ ရှိနေသော နေရာတွင် လေပြင်းတိမ်တိုက်များ တိုက်ခတ်နေပြီး ကောင်းကင်ထဲတွင် အရှိန်ပြင်းပြင်း လည်ပတ်နေသည့် လေဆင်နှာမောင်းကြီးတစ်လုံး ဖွဲ့တည်နေသည်။ ချင်မူ့အခန်းအောက်ရှိ မြေပြင်ဆီမှ အမှောင်ထု ထွက်ပေါ်လာကာ တစတစ ပြန့်ကားလာသည်။
မြေပြင်မှာ မတည်ရှိတော့သည့်အလား အမှောင်ထုက ဝဲကဲ့သို့ လည်နေသည်။
ဂျလိန်း
ကောင်းကင်ထက်မှ အလင်းတန်းများ ပစ်ချလိုက်ပြီး ချင်မူ့အခန်းဆီ ထိမှန်သွားသည်။ မိုးပေါက်များကဲ့သို့ တဖွဲဖွဲ ရွာကျလာသော လျှပ်စီးတန်းများက အခန်းကို အစိတ်စိတ်အမြွှာြမွှာ ခွဲပစ်လိုက်တော့သည်။
ဤမြင်ကွင်းမှာ အံ့အားသင့်ဖွယ်ကောင်းလွန်း၏။ မိစ္ဆာဘုရင်တစ်ပါး၏ မွေးဖွားလာမှုကြောင့် ကောင်းကင်ဘုံ အမျက်ဒေါသတချောင်းချောင်း ထွက်နေသည့်အလား ထင်ရဿည်။
‘အစ်ကီုကြီးကတော့ အစ်ကိုကြီးပါပဲ’
ကောင်းကင်နတ်အရှင်ယွီ အရှေ့ပြန်လှည့်ပြီး သူ့ကျင့်စဉ်ကို ဆက်လက် တွေးတောနေသည်။ ‘သူက ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို ထိန်းကျောင်းတဲ့နေရာမှာ ငါ့ထက် အများကြီး ပိုအားကောင်းတယ်.... သူ့ကိုယ်ထဲက စွမ်းအင်ကိုလည်း ထိန်းကျောင်းနိုင်မလား မသိဘူး’
လျှပ်စီးတန်းများ၏အလယ်တွင် ချင်မူသည် သူ့ခန္ဓာကိုယ်၏ စွမ်းအားနှင့်အတူ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားကို ထိန်းကျောင်းရင်း သေခြင်းရှင်ခြင်း ကောင်းကင်ရတနာထဲ၌ ပရမတ္တလှေကို စတင်တည်ဆောက်နေပြီဖြစ်၏။ ခမ်းနားတင့်တယ်သော လှေကြီးတစ်စင်း ယိုတု၏အမှောင်ထဲ၌ တစတစ ရုပ်လုံးပေါ်လာသည်။
အမှောင်ထုထဲရှိ သေခြင်းရှင်ခြင်းကောင်းကင်ရတနာအတွင်းတွင် မကောင်းဆိုးဝါးများ ကူးခတ်သွားလာနေကြသည်။ တစ်ချက်တစ်ချက် သူတို့က အနီးရောက်လာတတ်ကာ တစ်ချက်တစ်ချက် ဝေးသွားတတ်၏။ ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ဤနေရာတွင် ဖွင့်နေသဖြင့် မကောင်းဆိုးဝါး သတိထားမိသွားကြောင်း ထင်ရှားပေသည်။
တခဏကြာသော် အလင်းရောင်တို့ ဖြာကျလာပြီး စက္ကူလှေတစ်စင်း တိတ်ဆိတ်စွာ မျောလွင့်လာသည်။ မရဏတမန်တော်က မီးအိမ်ကို ကိုင်၍ ချင်မူ၏ သေခြင်းရှင်ခြင်းကောင်းကင်ရတနာအပေါ် ထွန်းလင်းလိုက်၏။ ချင်မူ့ကို မြင်လျှင် သူ မှင်သက်သွားသည်။ “ကောင်းကင်နတ်အရှင်မူပဲလား... ဒီမှာ ဘယ်မကောင်းဆိုးဝါး အုံကြွနေလဲ တွေးနေတာ... လျှောက်ပြဿနာမရှာနဲ့.... မင်း ဘာလုပ်နေတာလဲ”
သူသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည့် ပရမတ္တလှေဆီသို့ ကြည့်ရင်း ငေးကြောင်နေပြီးနောက် သဘောပေါက်သွား၏။ “အဋ္ဌမ ကောင်းကင်ရတနာ ဖွင့်နေတာလား”
ချင်မူ့အသံက အပေါ်မှ ထွက်လာသည်။ “ဒါ သတ္တမကောင်းကင်ရတနာဗျ... ကောင်းကင်နတ်အရှင်ရုံ၊ ခဏလောက် စောင့်ပါဦး”
မရဏတမန်တော် အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ ချင်မူ၏ မူလဝိညာဉ်က သစ်ပင်သန္ဓေ၏ အောက်၊ အရပ်ခြောက်မျက်နှာမြေပြင်ပေါ်တွင် ရပ်နေသည်။ သူက ခုနစ်စဉ်ကြယ်များကို နင်းလျက် အစီအရင် ထုတ်လွှတ်နေ၏။
မရဏတမန်တော် တိတ်ဆိတ်စွာ စောင့်နေပြီး အချိန်အနည်းငယ်ကြာသည့်အခါ ပရမတ္တလှေကောင်းကင်ရတနာ ပေါ်လွင်လာတော့သည်။
ချင်မူ၏မူလဝိညာဉ်မှာ အားနည်းနေသဖြင့် ယိမ်းယိုင်သွားသည်။ သူက အတန်ကြာမှ ရှင်းပြလေသည်။ “ကျွန်တော် သိုင်းပညာရှင်ကောင်းကင်ဆရာသခင်ကို အကူအညီတောင်းပြီး ကောင်းကင်တံတား ကောင်းကင်ရတနာ ဖျက်စီးလိုက်တယ်လေ... အဲဒါကြောင့် အသစ်ပြန်ဖွဲ့တည်နေတာ.... ကောင်းကင်နတ်အရှင်ရုံ ဒီကနေ ဖြတ်သွားတာလား”
မရဏတမန်တော်က ခေါင်းညိတ်သည်။ “ဟုတ်တယ် ဖြတ်သွားရင်း ဒီနေရာမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေလို့ လာကြည့်တာ... တရားခံက မင်းဖြစ်နေတယ်... ဒီကောင်းကင်ရတနာကို အောင်အောင်မြင်မြင် ဖွင့်ပြီးပြီလား”
ချင်မူ ခေါင်းညိတ်၍ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “မူလဝိညာဉ်က ဒီပရမတ္တလှေကို မောင်းလို့ရပြီ... ကျင့်စဉ်စွမ်းအင် အားကောင်းလာရင် ဒီပရမတ္တလှေနဲ့ ကောင်းကင်နန်းဆောင်ဆီ တက်နိုင်မယ်... ဒါက ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက လူတွေမှာ ကောင်းကင်တံတား ကျိုးပျက်နေတဲ့ပြဿနာကို ဖြေရှင်းနိုင်သွားလိမ့်မယ်”
မရဏတမန်တော်က ပြော၏။ “မင်းကွာ တကယ် ဘယ်လိုလျှောက်ကစားရမှန်း သိတာပဲ... ကောင်းကင်နတ်အရှင်ယွင်သာ အသက်ရှင်နေသေးရင် မင်းကြောင့် ဒေါသထွက်လိမ့်မယ်... ကောင်းကင်နတ်အရှင်ယွီ ဘယ်ရောက်နေတုန်း... ဒီကို ရောက်လက်စနဲ့ သူ့ကိုလည်း ကြည့်သွားမလို့”
ချင်မူမှာ မလုံမလဲ ဖြစ်သွားသည်။ “ကောင်းကင်နတ်အရှင်ယွီက တာအိုကို ဆင်ခြင်ပြီး ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ဖွင့်ခဲ့ပြီးနေပြီ.... လောလောဆယ် သူ့ကျင့်စဉ်ကို စဉ်းစားနေတယ်ဗျ... သွားမနှောင့်ယှက်တာ ပိုကောင်းမယ်ထင်တယ်နော်”
မရဏတမန်တော် မယုံသင်္ကာ ဖြစ်သွားသည်။ “အဝေးကပဲ ကြည့်မှာပါကွ”
“ခင်ဗျား မနက်အစောကြီး ထွက်လာရင် လူတွေ ကြောက်ပြီး သေကုန်ဦးမယ်... ရှူး ရှူး ... နောက်မှ ပြန်လာခဲ့... သူ ကျွဲလို သန်မာနေစေရမယ်လို့ အာမခံတယ်”
ချင်မူ သူ့ကို မောင်းထုတ်ပြီးနောက်မှ စိတ်သက်သာရာ ရသွားသည်။ “ကောင်းကင်နတ်အရှင်ယွီ ဖက်တီးဖြစ်သွားတာသာ မြင်ရင် ငါ့ကို သေချာပေါက် အပြစ်တင်မှာပဲ.... မဖြစ်ဘူး.... ကောင်းကင်နတ်အရှင်ယွီ ပုံမှန်ပြန်ဖြစ်အောင် မြန်မြန်လုပ်မှ... ဒါပေမဲ့ ဒီဖက်တီးက လောဘကြီးလွန်းတယ်... ပိန်အောင် ဘယ်လိုလုပ်ပေးရပါ့”
ဤအချိန်တွင် ရင်းနှီးနေသောအသံတစ်သံက အဝေးမှ ပျံ့လွင့်လာသည်။ “ညီလေးချင် ဟေ့ ညီလေးချင်”
ချင်မူ အံ့ဩဝမ်းသာသွားသည်။ သူက အလျင်အမြန် မျက်လုံးပြန်ဖွင့်လိုက်ရာ လယ်သမားအိုကြီးကို သယ်လျက် စံအိမ်ထဲ ဝင်လာသော နွားအိုကြီးတစ်ကောင်အား မြင်လိုက်ရသည်။ နွားအိုကြီးက လူစကားဖြင့် ပြောလေသည်။ “ညီလေးချင်၊ ဧကရာဇ်အတိုင်ပင်ခံက မင်း သခင်ကြီးနဲ့ တွေ့ချင်နေတယ် ပြောလို့ ငါတို့အမြန်လာခဲ့တာ”
နွားအိုကြီး၏ကျောပေါ်ရှိ လယ်သမားအိုကြီးမှာ အမူအရာမကောင်းပေ။ အသားအရောင်လည်း ဖျော့တော့နေ၏။ ဒဏ်ရာရထားဟန်တူသည်။ “ဘာတုန်း အရေးကြီးကိစ္စက”
ချင်မူ လယ်သမားအိုကြီး၏ အရိပ်အခြည်ကို ကြည့်ကာ ပြောလိုက်သည်။ “ဆရာဦးလေး၊ ဒဏ်ရာရထားတယ်မလား.. ရင်ခေါင်းထဲက သွေးညစ်တွေကို အတင်းအကြပ် မြိုထားရင် ခန္ဓာကိုယ်ပျက်စီးမှုနှုန်းပဲ ပိုမြန်လာလိမ့်မယ်”
လယ်သမားအိုကြီးသည် သူ့ကို အေးစက်စက် စိုက်ကြည့်၍ သွေးမည်းတစ်လုပ် အန်လိုက်၏။ သူ့အရှိန်အဝါမှာ အားနည်းသွားလေသည်။
နွားအိုကြီးမှာ အလန့်တကြား ထခုန်ပြီး ကပျာကယာ မေးတော့သည်။ “သခင်ကြီး၊ မဟာကာလနဲ့ တိုက်ပွဲပြီးကတည်းက ဒဏ်ရာတွေကို မြိုသိပ်ထားတာလား”
“မဟာကာလက မိစ္ဆာဘိုးဘေးကြီးပဲ... သူ့စွမ်းရည်တွေက ငါ့ထက် အများကြီး မြင့်မားတယ်”
လယ်သမားအိုကြီးမှာ သွေးတစ်လုပ် အန်လိုက်ရသော်လည်း အသားအရောင် လန်းလန်းဆန်းဆန်း ဖြစ်သွားသည်။ “ငါ့အစွမ်းအစတွေကို မြင်ပြီးပြီဆိုတော့ သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မဆင်မခြင် ထိရဲတော့မှာ မဟုတ်ဘူး... တူမိုက်လေး၊ ငါ့ကို ဘာအတွက် ခေါ်တာလဲ”
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကျွန်တော် ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ဖွင့်ပြီးပြီ”
လယ်သမားအိုကြီး ဝမ်းသာပြီး အံ့အားသင့်သွားသည်။ သူက တုန်ရီနေသောအသံဖြင့် မေးလေသည်။ “ကျွန်တော် ဦးလေးနဲ့ အလျင်စလို တွေ့ချင်နေတဲ့ အကြောင်းရင်းက အခုလေးတင် ဖွင့်ထားတဲ့ ခုနစ်ခုမြောက် ကောင်းကင်ရတနာ ပျက်စီးသွားအောင် ဦးလေး ဖျက်စီးပေးဖို့ လိုလို့ပါ”
လယ်သမားအိုကြီး မျက်လုံးပြူးသွားပြီး အော်လိုက်မိ၏။ “ဘယ်လို”
ချင်မူက ထပ်ပြောသည်။ “ဦးလေး ဖျက်စီးပေးမှ ကျန်တဲ့ ခုနစ်ခုမြောက်ကောင်းကင်ရတနာတွေကို ဖွင့်ကြည့်နိုင်မှာ... ကျွန်တော် အမျိုးအစား နှစ်ဆယ့်ခြောက်မျိုး ပြင်ထားတယ်... လက်ရှိ ပရမတ္တကောင်းကင်ရတနာက ပထမတစ်မျိုးပဲ ရှိသေးတာ... စမ်းကြည့်ဖို့ နှစ်ဆယ့်ငါးမျိုး ကျန်သေးတယ်”
လယ်သမားအိုကြီးမှာ သစ်သားကြက်ရုပ်လေးလို တိတ်ဆိတ်သွားပြီး မည်သည်ကိုမှ မတွေးနိုင်တော့ပေ။
ချင်မူက ရှေ့သို့တက်လာကာ မေးသည်။ “ဆရာဦးလေး၊ ဒဏ်ရာတွေ ပြန်ထလာတာလား”
“ရတယ်...”
လယ်သမားအိုကြီးက လက်ခါကာ ခပ်တိုးတိုး ပြောသည်။ “ရတယ်.. မဟာကာလကြောင့် ဒဏ်ရာရထားလို့ ရင်ဘတ်ထဲ နည်းနည်း နာနေတာ... မင်း ဘယ်နှစ်မျိုးလို့ ပြောလိုက်တာ”
“နှစ်ဆယ့်ခြောက်မျိုး” ချင်မူ အမှန်အတိုင်း ပြောလိုက်သည်။
လယ်သမားအိုကြီးမှာ လည်ချောင်းဝမှ ဆို့တက်လာသော သွေးတို့ကို ဗိုက်ထဲသို့ အလျင်အမြန် မြိုချလိုက်ရသည်။ သူ့မှာ ခါးသီးနေတော့သည်။ ‘နှစ်ဆယ့်ခြောက်မျိုးတဲ့... ငါ့မှာ နှစ်နှစ်သောင်းကြာတာတောင် တစ်မျိုး မစဉ်းစားနိုင်ခဲ့ဘူး....’
၎
င
၎
၎