ပွဲကောင်းတစ်ပွဲ ပြမည်
Vol. 142 Ch. 1974
ဧကရာဇ်ငယ်ရွေသည် ဤအခိုက်အတန့်က မည်မျှအရေးကြီးကြောင်းကို သိ၏။ သူ ရှားယွီ၏ မသေမျိုးဝိညာဉ်ချီကို စိုးရိမ်သည်။ ထို့ကြောင့် ရှားယွီ စင်မြင့်ပေါ်သို့ တက်မလာနိုင်စေရန် ခွမ်ဟူနှင့် ယန်ချီတို့ကို အောက်ဘက်သို့ အဆက်မပြတ် တိုက်ခိုက်စေလိုက်လေသည်။
ရှားယွီက အမှန်ပင် စွမ်းအားကြီးကြောင်း ဝန်ခံရပေမည်။ ဧကရာဇ်ငယ်ရွေ၊ ခွမ်ဟူနှင့် ယန်ချီတို့ တိုက်ခိုက်လိုက်တိုင်း သူမ၏ အရှေ့တွင် အလင်းဒိုင်းတစ်ခု ထွက်ပေါ်လာသည်။ ဒိုင်းက တိုက်ခိုက်မှုအားလုံးကို ကာပေးနိုင်သည်။ မည်သူကမှ သူမကို ထိခိုက်အောင် မလုပ်နိုင်ပါ။
တစ်ချိန်တည်းမှာပင် ရှားယွီသည် ပြန်လည်၍ တိုက်ခိုက်၏။ သို့သော် သူမ ပြန်တိုက်ချိန်တွင် မလှုပ်နိုင်တော့ပေ။ သူမအရှေ့တွင် အလင်းဒိုင်း ရှိနေ၍ လင်းဖေးရှန်းက သူမကို မတိုက်ခိုက်နိုင်ပါ။ သို့ဖြစ်ရာ သူမ မည်သည်ကို ကြောက်ရမည်နည်း။
ရှားယွီသည် အလင်းမြားများကို ပစ်လွှတ်လိုက်၏။ ထိုအလင်းမြားများက အလင်းစွမ်းအား ရှိရုံသာမက ၎င်းတို့ပေါ်တွင် အစိမ်းရောင်အရည်များလည်း ပါသည်။ ထို့ကြောင့် ၎င်းတို့ကို မြင်ရသူတိုင်း ရင်တုန်သွားပေသည်။ ဧကရာဇ်ငယ်ရွေသည် အလင်းမြားများကို တွေ့သောအခါ မျက်နှာထားပြောင်းသွား၏။ သူ ပြန်မတိုက်ဝံ့ဘဲ လျင်မြန်စွာသာ ရှောင်လိုက်လေသည်။
သို့ဖြင့် ရှားယွီသည် မသေမျိုးဝိညာဉ်ချီကို အားကိုးကာ တစ်ထစ်ချင်း တက်လာသည်။ သူမ၏ အမြန်နှုန်းက အတန်ငယ် နှေးသော်လည်း ဧကရာဇ်ငယ်ရွေတို့က သူမကို ခြေလှမ်းဝက်ပင် ပြန်ဆုတ်သွားအောင် မလုပ်နိုင်ချေ။
အထစ်ငါးဆယ်...
အထစ်ခြောက်ဆယ်...
ဧကရာဇ်ငယ်ရွေ စိတ်လှုပ်ရှားလာ၏။ သူ ရှားယွီကို မျက်လုံးနီများနှင့် ကြည့်ကာ ပြောလိုက်သည်။
“ရှားယွီ... ငါ့ကို ဖိအားမပေးနဲ့”
“ရှင်ကသာ ကျွန်မကို ဖိအားပေးနေတာ”
ရှားယွီက အေးစက်စွာ ပြန်ပြောသည်။
“ရှင်က ရက်စက်လွန်းဆယ်။ ရှင်က ကျွန်မကို လွှတ်မပေးချင်မှတော့ ကျွန်မက ဘာလို့ ရှင့်ကို ညှာရမှာလဲ”
“ကောင်းတယ်.. ကောင်းတယ်...”
ဧကရာဇ်ငယ်ရွေ၏ မျက်ဝန်းများထဲတွင် ရက်စက်မှုများ ထွက်ပေါ်လာသည်။ သူ နှာမှုတ်ကာ ပြောလိုက်လေသည်။
“အဲ့လိုဆိုလည်း ဆက်တက်လာခဲ့ပေါ့”
ရှားယွီသည် ဧကရာဇ်ငယ်ရွေကို မကြောက်ပါ။ သူမ တစ်ထစ်ချင်း ဆက်တက်သွားလိုက်သည်။ သူမ၏ အမြန်နှုန်းက ပိုနှေးလာသော်လည်း ဧကရာဇ်ငယ်ရွေတို့က သူမကို ထိခိုက်အောင် မလုပ်နိုင်သေးပေ။ ဧကရာဇ်ငယ်ရွေတို့ကသာ စင်မြင့်စွန်းတွင် မရပ်နိုင် ဖြစ်လာကြသည်။ စင်မြင်စွန်း၌ ဆက်နေလျှင် ရှားယွီ၏ တိုက်ခိုက်မှုများက သူတို့ကို ထိမှန်သွားပေလိမ့်မည်။
အထစ်ခုနစ်ဆယ်...
ရှစ်ဆယ့်ငါးထစ်...
အထစ်ကိုးဆယ်...
နောက်ဆုံးတွင် ဧကရာဇ်ငယ်ရွေ စိတ်ပိုင်းဖြတ်လိုက်၏။ သူ အံကြိတ်ကာ ခွမ်ဟူနှင့် ယန်ချီတို့ကို ထိန်းချုပ်၍ ရှားယွီဆီ သွားစေလိုက်သည်။ သို့သော် ထိုအခိုက်တွင် လင်းဖေးရှန်းက ရုတ်တရက် ရယ်လိုက်လေသည်။
“ဟားဟားဟား ပြီးသွားပြီ”
ဧကရာဇ်ငယ်ရွေသည် ခွမ်ဟူနှင့် ယန်ချီတို့ကို လျင်မြန်စွာ ထိန်းချုပ်၍ နောက်ပြန်ဆုတ်လာစေလိုက်၏။ ထို့နောက် သူ လင်းဖေးရှန်းကို စိတ်လှုပ်တရှား ကြည့်လိုက်သည်။ ကောင်းကင်ရတနာက တစ်ခုလုံး တောက်ပနေကြောင်းကို တွေ့လိုက်ရ၍ သူ ချက်ချင်း ကျယ်လောင်စွာ ရယ်လိုက်သည်။
“ဟားဟားဟား... ရှားယွီ၊ အရမ်းနောက်ကျသွားပြီ။ ကောင်းကင်ရတနာကို လင်းဖေးရှန်းက သန့်စင်ပြီးသွားပြီ။ အခု မင်းကို သတ်ဖို့က ပုရွက်ဆိတ်တစ်ကောင်ကို သတ်သလို လွယ်သွားပြီ။ လင်းဖေးရှန်း... မြန်မြန် အစီအရင်တွေကို သုံးပြီး သူ့ကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်လိုက်။ သူ့ကို သတ်တော့ မသတ်နဲ့ဦး။ ငါ ဝိညာဉ်ခန္ဓာကို မြည်းမကြည့်ဖူးသေးဘူး”
လင်းဖေးရှန်းက ကောင်းကင်ရတနာကို သန့်စင်ပြီးသွားပြီဖြစ်ရာ ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးက သူမအပိုင် ဖြစ်သွားပေပြီ။ ကောင်းကင်ဘုံခုံရုံးထဲမှ အစီအရင်များက မည်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။ ၎င်းတို့က ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ကိုပင် အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။
“အာ...”
ဧကရာဇ်ငယ်ရွေသည် အော်ပြောပြီးနောက် လင်းဖေးရှန်းက မလှုပ်ရှားကြောင်း သိလိုက်ရ၏။ သူ အံ့ဩတကြီး လှမ်းကြည့်လိုက်သည်။ လင်းဖေးရှန်းသည်လည်း အံ့ဩနေကြောင်းကိုသာ တွေ့လိုက်ရ၏။ တစ်ဘက်တွင် ရှားယွီက ကိုးဆယ့်ငါးထစ်မြောက်သို့ ရောက်နေပြီဖြစ်သည်။ သူ ခပ်သွက်သွက် အော်ပြောလိုက်၏။
“လင်းဖေးရှန်း... ဘာတွေ လုပ်နေတာလဲ။ ဘာလို့ အစီအရင်တွေကို ထိန်းချုပ်ပြီး သူ့ကို မသတ်သေးတာလဲ”
“ကျွန်.. ကျွန်မ ထိန်းချုပ်လို့မရဘူး”
ထိုအခိုက်တွင် လင်းဖေးရှန်းလည်း မှင်တက်နေသည်။ ကောင်းကင်ရတနာကို အပြည့်အဝ သန့်စင်ပြီးသွားကြောင်း ထင်ရှားသော်လည်း ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်ရန် မဆိုထားနှင့် သူမနှင့် ကောင်းကင်ရတနာကြားတွင် ဝိညာဉ်ချိတ်ဆက်မှု မရှိသေးဟုပင် ခံစားနေရသည်။
“အန်...”
ဧကရာဇ်ငယ်ရွေ မျက်နှာပျက်သွား၏။ ရှားယွီက ကိုးဆယ့်ခုနစ်ထက်မြောက်သို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူ ရွေးချယ်စရာ မရှိတော့ဘဲ အော်ပြောလိုက်ရသည်။
“ရှားယွီ သေပေတော့။ လင်းဖေးရှန်း.. ရှားယွီကို အရင်သတ်လိုက်”
“ကောင်းပြီ”
လင်းဖေးရှန်း သတိကပ်လာသည်။ ရှားယွီက စင်မြင့်ထက်သို့ ရောက်လာတော့မည်ဖြစ်သည်။ ရှားယွီက မြေဆွဲအား၏ ဖိနှိပ်မှုကို မခံရတော့သည်နှင့် သူမတို့ အန္တရာယ်များသွားပေလိမ့်မည်။ ထို့ကြောင့် လင်းဖေးရှန်းသည် ကောင်းကင်ရတနာအကြောင်းကို ခဏဘေးဖယ်၍ ရှားယွီကို အရင် ကိုင်တွယ်ရပေမည်။
ဝှစ်...ဝှစ်...
ခွမ်ဟူနှင့် ယန်ချီသို့ စင်မြင့်စွန်းသို့ ပြေးသွားကြပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ဟန်ပြင်လိုက်ကြ၏။ လင်းဖေးရှန်း၏ လက်ထဲတွင်လည်း နီညိုရောင်သွေးစက် သုံးစက် ထွက်ပေါ်လာသည်။ သူမ ရှားယွီကို သတ်တော့မည်ဖြစ်သည်။
ရွှစ်...ရွှစ်...
ထိုအခိုက်တွင် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။ စင်မြင့်အနောက်မှ နံရံက ရုတ်တရက် လင်းလက်လာသည်။ ၎င်းနံရံမှနေ၍ မရေမတွက်နိုင်သော နွယ်အိုများ ထွက်လာပြီး လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကို ရုတ်ခြည်း ရစ်ပင်သွားကြသည်။ နွယ်အိုအချို့သည်လည်း လျှပ်စီးအလျင်နှင့် ထွက်လာကာ ခွမ်ဟူနှင့် ယန်ချီတို့ကို ချုပ်နှောင်လိုက်ကြပေသည်။
“အာ...”
လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ တုန်လှုပ်သွားကြ၏။ လင်းဖေးရှန်းသည် တောဆိတ်မသေမျိုးမိစ္ဆာသွေးကို ပစ်လွှတ်ကာ ထိုနွယ်အိုများကို တိုက်စားရန် ကြိုးစားလိုက်သည်။
ရှစ်...ရှစ်...
တောဆိတ်မသေမျိုးမိစ္ဆာသွေးက အမှန်ပင် စွမ်းအားကြီး၏။ နွယ်အိုများ အလွယ်တကူ တိုက်ခိုက်စားခံလိုက်ရသည်။ မိစ္ဆာသွေး၏ စွမ်းအင် မကုန်ဆုံးခင်မှာပင် နွယ်အိုများ ပြတ်ထွက်ကုန်သည်။
ဝှစ်...ဝှစ်...
ထိုနွယ်အိုများ ပြတ်သွားသောအခါ နံရံထဲမှနေ၍ နောက်ထပ်နွယ်အိုများ ထပ်ထွက်လာပြန်၏။ လင်းဖေးရှန်း ဆက်မလှုပ်ရှားဝံ့တော့ပေ။ တောဆိတ်မသေမျိုးမိစ္ဆာသွေးက အလွန်အဖိုးတန်သည်။ ဤတစ်ကြိမ်တွင် သူမ သွေးဆယ်စက်သာ ရခဲ့သည်။ သူမ ခုနစ်စက်ကို သုံးခဲ့ပြီးဖြစ်သည်။ ကျန်သော သုံးစက်ကိုပါ သုံးလိုက်လျှင် သူမတွင် ဝှက်ဖဲမရှိတော့ဘဲ ဖြစ်သွားပေလိမ့်မည်။
“ဟင်းဟင်း...”
ထိုစဉ် ရယ်သံတစ်သံ ပဲ့တင်ထပ်လာ၏။ ထိုအသံက ကောင်းကင်မှ လာသည်ဟု ထင်ရပြီး အတွင်းခန်းမထဲတွင် ပဲ့တင်ထပ်နေသည်။ ထို့နောက် ခနဲ့တဲ့တဲ့အသံတစ်သံ ထွက်ပေါ်လာလေသည်။
“လင်းဖေးရှန်း ဆက်သုံးလေ။ မင်းမှာ မိစ္ဆာသွေး ပိုရှိလား၊ ငါ့မှာ နွယ်အိုတွေ ပိုရှိလား ကြည့်ကြတာပေါ့”
“ကျန်းရီ...”
လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ မျက်မှောင်ကြုတ်သွားကြ၏။ သူတို့ မျက်နှာလည်း ပျက်သွားကြသည်။ လှေကားထစ် ကိုးဆယ့်ရှစ်ထစ်မြောက်သို့ ရောက်နေပြီဖြစ်သော ရှားယွီလည်း ထိုအသံကို ကြားလိုက်ရသည်။ သူမ ရပ်တန့်လိုက်ပြီး အောက်သို့ ပြန်ဆင်းသွားလိုက်လေသည်။
ကျန်းရီက အသက်ရှင်နေသေးရာ သူ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကို အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။ ထို့ပြင် ကျန်းရီက ကောင်းကင်ဘုံခုံရုံးကို ရသွားပြီဖြစ်ကြောင်းလည်း ထင်ရှားပေသည်။ ရှားယွီသည် ကျန်းရီက အဘယ်သို့ နွယ်အိုများလက်မှ လွတ်သွားကြောင်းကို မသိသော်လည်း ရလဒ်မှာ သိသာနေပြီဖြစ်သည်။
“ကျန်းရီ... ရှင် သတ္တိရှိရင် ထွက်လာပြီး ပေါ်တင် တိုက်ခိုက်လိုက်။ ဘယ်လိုသူရဲကောင်းမျိုးက ချောင်းပြီး တိုက်ခိုက်လို့လဲ”
ဧကရာဇ်ငယ်ရွေက အော်ပြောလိုက်သည်။ သူ့မျက်နှာမှာ ရှုံ့တွနေပေသည်။ သူ့အငွေ့အသက်က ယခင်ကကဲ့သို့ မသိမ်မွေ့တော့ပေ။
လင်းဖေးရှန်း၏ တစ်ကိုယ်လုံးကို နွယ်အိုများက အသားဖက်ထုပ်တစ်ထုပ်အလား ရစ်ပတ်ထားသည်။ သူမသည် အမုန်းတရား ပြည့်နှက်နေသော မျက်ဝန်းများနှင့် အော်ပြောလိုက်သည်။
“ကျန်းရီ... ရှင်က ယောက်ျားဆိုရင် ထွက်လာပြီး ကျွန်မနဲ့ တိုက်ခိုက်လိုက်”
ရွှီး...
အတွင်းခန်းမအထက်တွင် အဖြူရောင်အလင်း လင်းလက်လာပြီး လေထဲ၌ လူတစ်ယောက် ထွက်ပေါ်လာ၏။ သူက အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည်။ သူ့နှုတ်ခမ်းများက နီထွေးနေပြီး သူ့သွားများက ဖြူသည်။ သူ့အနက်ရောင်ဆံပင်က လေထဲတွင် ဝဲလွင့်နေသည်။ သူ့မျက်နှာမှာလည်း ဓားဖြင့် ထွင်းထားသည့်အလား ပြတ်သားထင်ရှားသည်။ သူ့မျက်ဝန်းများက ယုံကြည်မှုနှင့် တောက်ပနေသည်။ ထိုအခိုက်တွင် ရှားယွီပင် မှင်တက်သွားရလေသည်။
“ပြီးသွားပြီ...”
လင်းဖေးရှန်းနှင့် ရှားယွီတို့သည် လေထဲရှိ ကျန်းရီကို မြင်လိုက်သောအခါ မျက်ဝန်းများ အရောင်မှိန်သွားကြ၏။ သူတို့ရင်ထဲမှ နောက်ဆုံးမျှော်လင့်ချက်လေး ဖျက်ဆီးခံလိုက်ရပေပြီ။
ဤနေရာမှ မြေဆွဲအားက အလွန်အားကောင်းရာ မည်သူမှ မပျံနိုင်ပါ။ သို့သော် ကျန်းရီက လေထဲတွင် ရပ်နေနိုင်ခြင်းကို ကြည့်လျှင် ရှင်းပြချက်တစ်ခုသာ ရှိသည်။ သူက ကောင်းကင်ဘုံခုံရုံးကို ရပြီးသွားပြီဖြစ်သည်။
ရွှီး...ရွှီး...
ကျန်းရီ၏ပတ်ပတ်လည်တွင် အလင်း ထပ်မံလင်းလက်လာ၏။ ထို့နောက် လူနှစ်ယောက် ထွက်ပေါ်လာသည်။ ထိုနှစ်ယောက်မှာ ဟယ်နုန်ယင်းနှင့် ယွင်းပင်းပင်။ သူမတို့နှစ်ယောက်သည် ရုတ်တရက်ကြီး နေရာပြောင်းသွား၍ တုန်လှုပ်သွားကြ၏။ သို့သော် သူမတို့ဘေးရှိ ကျန်းရီကို မြင်လိုက်သောအခါ သူမတို့ ဝမ်းသာသွားကြပေသည်။
ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့သည် မြေဆွဲအားကို လုံးဝ မခံစားရပေ။ သူမတို့နှစ်ယောက်က ကျန်းရီ၏လက်ကို ဆုပ်ကိုင်ကာ လင်းဖေးရှန်း၊ ဧကရာဇ်ငယ်ရွေ၊ ခွမ်ဟူနှင့် ယန်ချီတို့ကို ငုံ့ကြည့်လိုက်ကြသည်။ ထို့နောက် ဟယ်နုန်ယင်း နူးညံ့စွာ မေးလိုက်သည်။
“ကျန်းရီ... ဘာဖြစ်နေတာလဲ”
“ဘာမှ မဟုတ်ပါဘူး။ မစိုးရိမ်ပါနဲ့။ ကိုယ် နုန်ယင်းကို ပွဲကောင်းတစ်ပွဲ ပြမယ်”
ကျန်းရီ လက်ဝှေ့ယမ်းလိုက်၏။ အလင်း ထပ်မံလင်းလက်လာပြီး တောက်မင်၊ သခင်မလေးကုန်းယန်နှင့် ကျန်သောသူများအားလုံး ရောက်ရှိလာကြသည်။ ထိုအဖွဲ့လည်း တုန်လှုပ်သွားပြီး အူကြောင်ကြောင်နှင့် လှည့်ပတ်ကြည့်လိုက်ကြလေသည်။
“ကျန်းရီ...”
တောက်မင်တို့၏ မျက်ဝန်းများက လေထဲတွင် ရပ်နေသော ကျန်းရီအပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွား၏။ သူမတို့အားလုံး သတိထားလိုက်ကြသည်။ သို့သော် ကျန်းရီက နွေးထွေးစွာ ပြုံး၍ ပြောလိုက်သည်။
“အားလုံးပဲ စိတ်မလှုပ်ရှားပါနဲ့။ ကျွန်တော်က ကောင်းကင်ဘုံခုံရုံးကို ရလိုက်ပြီဆိုပေမဲ့ ခင်ဗျားတို့ကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး။ ဒီတစ်ခေါက် ကျွန်တော် ခင်ဗျားတို့ကို ဒီကို ခေါ်လိုက်တာ ပွဲကောင်းတစ်ပွဲ ပြမလို့ပါ”
***