← Chapters

သခင်လေး

Vol. 142 Ch. 1983

သခင်လေး

Vol. 142 Ch. 1983

“မဟုတ်ဘူး...”

ကျန်းရီက ခေါင်းခါ၍ ပြန်ပြောလိုက်၏။

“အခု အချိန်မကျသေးဘူး။ ကျွန်တော့်ရဲ့ တိုက်ခိုက်စွမ်းအားက ဧကရာဇ်အဆင့်ကို မရောက်သေးဘူး။ အဲ့တော့ တစ်စင်‌ထောင်လို့ ဘာအကျိုးမှ ရှိမှာ မဟုတ်ဘး။ ဒီတစ်ခေါက် ကျွန်တာ် ပြန်လာခဲ့တာ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ လုပ်စရာရှိလို့ပါ”

ယခုက အချိန်မကျသေးပေ။

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့၏ မျက်နှာများပေါ်တွင် ခါးသက်သက် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သို့သော် သေချာတွေး‌တောပြီးနောက် ကျန်းရီက မှန်ကြောင်း သူတို့ နားလည်သွားကြသည်။ ကျန်းရီက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများနှင့် ယှဉ်တိုက်နိုင်သော တိုက်ခိုက်စွမ်းအားကို မပိုင်ဆိုင်သေးပေ။ ယခု သူ တစ်စင်ထောင်မည်ဆိုလျှင် ခေါင်းဆောင်က အသုံးမကျပါက စစ်တပ်တစ်တပ်လုံး ပင်ပန်းရပေလိမ့်မည်။

ထို့ပြင် တောထဲရှိ အမြင်ဆုံး သစ်ပင်က လေအတိုက်ခံရဆုံးဖြစ်သည်။

ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူပင်။ ထို့ကြောင့် သူက တမလွန်ဘုံဧကရာဇ်၏ နံပါတ်တစ်ရန်သူ ဖြစ်နေသည်။ ယင်းအပြင် ကျန်းရီနှင့် စာရင်းရှင်းလိုသော လူသားများလည်း အများအပြား ရှိနေပေသည်။ ကျန်းရီက ကောင်းကင်ဘုံခုံရုံးရှိနေ၍ မသေလောက်သော်လည်း သူ့ထံ လက်အောက်ခံလိုက်သူအားလုံးမှာတော့ သေရနိုင်သည်။

ဟယ်နုန်ယင်းသည် ကျန်းရီအတွက် လက်ဖက်ရည်တစ်ခွက် ထပ်ငှဲ့ပေးလိုက်ပြီး သူ့ဘေးတွင် ဝင်ထိုင်ကာ မေးလိုက်၏။

“ကျန်းရီ... အခု ရှင် ဒီကို ဘာလာလုပ်တာလဲ”

ကျန်းရီက အလေးအနက် ပြန်ပြော၏။

“ကိုယ် မိုးမြေအရင်းအမြစ်တွေ လာရှာတာ။ သစ်သားအရင်းအမြစ်၊ သတ္တုအရင်းအမြ်စ၊ မြေအရင်းအမြစ်၊ မီးအရင်းအမြစ်တို့လိုပေါ့။ အဲ့ဒါတွေအကြောင်းကို နုန်ယင်း သိထားလား”

“မိုးမြေအရင်းအမြစ်တွေလား”

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခပ်ဖွဖွ ခေါင်းခါလိုက်ကြ၏။ ဟယ်နုန်ယင်းကလည်း တစ်ခဏမျှ တွေးတောကာ သက်ပြင်းချလိုက်သည်။

“ကျွန်မတို့က အဲ့အရင်းအမြစ်တွေအကြောင်းကို ဒဏ္ဍာရီတွေပဲ ကြားခဲ့ဖူးတာ။ တိကျတဲ့ သတင်းအချက်အလက်တွေ မရှိဘူး”

“စုံစမ်းကြည့်လိုက်ပါ”

ကျန်းရီ အမိန့်ပေးလိုက်သည်။

“ကျွန်တော် ခင်ဗျားတို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ။ အန္တရာယ်နေရာတွေ အကြောင်း စုံစမ်းနိုင်ရင် အကောင်းဆုံးပဲ။ အန္တရာယ်ပိုများလေ၊ ပိုကောင်းလေပဲ။ အဲ.... ခွင့်ပြုချက်မရဘဲနဲ့တော့ အဲ့နေရာတွေထဲ လူလွှတ် မစုံစမ်းပါနဲ့။ ကျွန်တော်တို့ ကောလာဟလ အမျိုးမျိုးကိုပဲ စုံစမ်းပြီး တစ်ခုချင်း ကောက်ချက်ဆွဲကြည့်တာပေါ့”

မိစ္ဆာချောက်နက်က အန္တရာယ်များသောနေရာတစ်ခုဖြစ်သည်။ ထို့ပြင် လူများသည် မိုးမြေအရင်းအမြစ်များကို မသိကြ၍ မသေချာနိုင်ခဲ့ပေ။ ထို့ကြောင့် မည်သူကမှ မိစ္ဆာချောက်နက်အောက်တွင် မီးအရင်းအမြစ်ရှိကြောင်းကို မသိခဲ့ကြခြင်းဖြစ်သည်။

ကျန်းရီ၏ စကားက သုံးယောက်စလုံးကို အမှတ်ရသွားစေ၏။ ကောင်းကင်ဘုရင်ဝေက တစ်ခဏမျှ တွေးတောကာ ပြောလိုက်လေသည်။

“အဲ့လိုဆို ရေဘုံမှာ အရမ်းအန္တရာယ်များတဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ အဲ့နေရာထဲမှာ ရေနတ်ဘုရားတစ်ပါး ရှိတယ်လို့ ပြောကြတယ်။ အထဲကို ဝင်တဲ့သူတိုင်း ရေနတ်ဘုရား စားတာကို ခံရမယ်တဲ့။ တစ်ခါတုန်းက ကောင်းကင်ဘုံရဲ့ မျိုးနွယ်ကြီးတွေက စုံစမ်းဖို့ အုပ်ချုပ်သူအဆင့် သိုင်းသမားတွေကို စေလွှတ်ခဲ့ကြတယ်။ နောက်ဆုံးတော့ တစ်ယောက်မှ ပြန်မလာနိုင်ခဲ့ကြဘူး။ အဲ့နောက်ပိုင်း ဘယ်သူမှ မစုံစမ်းရဲကြတော့ဘူး”

“ရေဘုံလား။ ရှားယွီက ရေဘုံက မဟုတ်လား”

ကျန်းရီသည် ရှားယွီကို အမှတ်ရသွား၍ မေးလိုက်၏။

“အခု ရှားယွီ ဘယ်မှာ ရှိနေလဲ။ ကမ္ဘာဦးကောင်းကင်ဘုံမှာလား ကောင်းကင်စကြဝဠာဘုံမှာလား”

“ကောင်းကင်စကြဝဠာဘုံမှာ...”

ဟယ်နုန်ယင်းက ရှင်းပြသည်။

“မိုးပြာမဟာဧကရာဇ်က သူ့ကို မိုးပြာမဟာဧကရာဇ်စစ်တပ်ကို ဦးဆောင်ခိုင်းဖို့ ကောင်းကင်စကြဝဠာဘုံဆီ ပြန်ခိုင်းလိုက်တာ။ မိုးပြာမဟာဧကရာဇ်လည်း မသေမျိုးတစ်ပိုင်း ရသေ့ကြီးနဲ့ ပတ်သတ်ပြီး စိုးရိမ်နေပုံပဲ။ အဲ့ဒါကြောင့် သူက စစ်တပ်ကို ရှားယွီကို ဦးဆောင်ခိုင်းတာ”

“အဲ့လိုကိုး...”

ကျန်းရီ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ပြန်သွားပြီး ကိုယ့်ဘာသာပဲ အရင်ဆုံး သတင်းအချက်အလက် စုဆောင်းလိုက်ကြပါ။ အသေးစိတ်ကျလေ၊ ပိုကောင်းလေပဲ။ ကျွန်တော် လောလောဆယ် ကမ္ဘာဦးကောင်းကင်ဘုံထဲ မဝင်သေးဘူး။ မဟုတ်ရင် ကမ္ဘာဦးကောင်းကင်ဘုံက ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မယ်။ ကျွန်တော် ဒီမှာပဲ သတင်းစောင့်နေပါမယ်”

ကျန်းရီအတွက် ကောလာဟလတစ်ခုတည်းနှင့် ကောက်ချက်ချရန် ခက်သည်။ သို့ဖြင့် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ထွက်သွားကြသည်။ ကျန်းရီသည် ဟယ်နုန်ယင်းကိုတော့ ချက်ချင်း ပြန်မသွားစေပါ။ သူတို့နှစ်ယောက် လတစ်ဝက်ကျော် ကွဲကွာနေခဲ့ရသည်။ သူ ဟယ်နုန်ယင်း၏ ကျန်းမာရေးကို စိုးရိမ်ပြီး သူမနှင့်အတူ အချိန်တစ်ခု ကုန်ဆုံးနေလိုပေသည်။

***

ကောင်းကင်ဘုံခုံရုံးသည် ကမ္ဘာဦးကောင်းကင်ဘုံအပြင်ဘက်တွင် ရပ်တန့်နေသော်လည်း မည်သည်ကိုမှ မလုပ်ပေ။ ထို့ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံထဲမှ မျိုးနွယ်များ အံ့ဩနေကြသည်။

မျိုးနွယ်များစွာသည် ကျန်းရီက ကိုယ်ပိုင်အလံထူ၍ တစ်စင်ထောင်တော့မည်ဟု တွေးထားခဲ့ကြ၏။ သူတို့သည် မူလတွင် လက်အောက်ခံလိုခဲ့သော်လည်း ယခု ကျန်းရီက မလှုပ်ရှာ မည်သို့လုပ်ရမည်မသိ ဖြစ်ကုန်ကြသည်။ သို့သော် မျိုးနွယ်အချို့မှာမူ ကောင်းကင်ဘုရင်ဝေကို လျှို့ဝှက်ဆက်သွယ်၍ သူတို့၏ သစ္စာစောင့်သိမှုကို ပြထားကြပြီးဖြစ်ပေသည်။

မျိုးနွယ်အများစုက ခြံစည်းရိုးခွထိုင်မည့်သူများ ဖြစ်ကြသည်။ သူတို့သည် မည်သည့်ဘက်တွင်မှ လက်အောက်မခံလိုကြဘဲ နှစ်ဘက်လုံးကို မျက်နှာလုပ်မည်ဖြစ်သည်။ ထိုမှ မိုးပြာမဟာဧကရာဇ် နိုင်သည်ဖြစ်စေ၊ ကျန်းရီ နိုင်သည်ဖြစ်စေ သူတို့ အကျိုးအမြတ်ရမည်ဖြစ်သည်။ အနည်းဆုံးတော့ သူတို့ ဖိနှိပ်ခံရလိမ့်မည် မဟုတ်ချေ။

ကောင်းကင်ဘုရင်ဝေသည် သစ္စာလာခံသူများကို အတည်မှတ်ယူမထားပါ။ သူ့ကို လာဆက်သွယ်သည့် မျိုးနွယ်ရှိလျှင် လက်ခံထားလိုက်သည်သာ။ ထိုမျိုးနွယ်က စိတ်ရင်းအမှန်နှင့်ဖြစ်သည် ဟုတ်စေ၊ မဟုတ်စေ အရင်ဆုံး သူတို့အားလုံးကို လက်ခံထားမည်ဖြစ်သည်။ နောက်ကျမှ သူတို့၏ သစ္စာစောင့်သိမှုကို သူ ဖြည်းဖြည်းချင်း စမ်းသပ်နိုင်ပေသည်။

‌ကောင်းကင်ဘုရင်ဝေသည် ထိုမျိုးနွယ်များကို အသုံးချကာ မိုးမြေအရင်းအမြစ်များအကြောင်း စုံစမ်းလိုက်သည်။ ဟယ်နုန်ယင်းကလည်း ကောင်းကင်ဘုံခုံရုံးထဲတွင် နေ့တစ်ဝက် နေပြီးနောက် ပြန်လာခဲ့သည်။ သူမသည် ဟယ်မျိုးနွယ်၏ သတင်းကွန်ယက်ကို အသုံးပြု၍ စုံစမ်းပေသည်။

သုံးရက်ကြာပြီးနောက် ကောင်းကင်ဘုရင်ဝေနှင့် ဟယ်နုန်ယင်းတို့ နေရာသုံးနေရာကို ရှာတွေ့သွား၏။ ထိုနေရာသုံးနေရာစလုံးက ကန့်သတ်နေရာများ ဖြစ်သည်။ ထိုနေရာများတွင် မိုးမြေအရင်းအမြစ်များ ရှိနိုင်ကြောင်း ကောလာဟလ အမျိုးမျိုး ရှိနေပေသည်။

ထိုနေရာသုံးခုထဲမှ တစ်ခုမှာ ကမ္ဘာဦးကောင်းကင်ဘုံရှိ လျှိုဒေသဖြစ်သည်။ ထိုဒေသထဲတွင် ဧရာမတွင်းကြီးတစ်တွင်း ရှိသည်။ ထိုတွင်းနှင့် ကီလိုမီတာငါးထောင် ပတ်လည်အတွင်းတွင် မြေဆွဲအားက ကြောက်မက်ဖွယ်ကောင်းသည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများပင် ၎င်းအနီးသို့ ပျံမသွားနိုင်ကြပေ။ မိုးပြာမဟာဧကရာဇ်သည် ထိုနေရာသို့ တစ်ကြိမ် သွားစုံစမ်းခဲ့ဖူး၏။ သို့သော် စုံစမ်းပြီးနောက် သူ ထိုအကြောင်းကို များစွာမပြောခဲ့ပေ။ လူတိုင်း ထိုတွင်းထဲ မဆင်းရန်သာ ပြောခဲ့သည်။

မိုးပြာမဟာဧကရာဇ်မှလွဲ၍ ထိုတွင်းထဲသို့ ဆင်းသွားသူများထဲတွင် မည်သူမှ ပြန်တက်မလာနိုင်ခဲ့ပေ။ ထို့ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံတွင် ကန့်သတ်နေရာတစ်ခု ဖြစ်လာခဲ့သည်။

‘ကြောက်စရာကောင်းတဲ့ မြေဆွဲအား... မြေအရင်းအမြစ်များ ဖြစ်နေမလား’

ကျန်းရီ အတွေးနက်သွား၏။ မိုးမြေအရင်းအမြစ်အားလုံးက အလွန်စွမ်းအားကြီးကြသည်။ ၎င်းတို့တွင် ကိုယ်ပိုင်စွမ်းရည်များ ရှိကြသည်။ မီးအရင်းအမြစ်က ဤလောကထဲရှိ ကြောက်စရာအကောင်းဆုံး မီးတောက်များဖြစ်သည်။ ရေခဲအရင်းအမြစ်မှာလည်း ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများကိုပင် အေးခဲပစ်နိုင်သည်။ သစ်သားအရင်းအမြစ်မှာ အသက်စွမ်းအားကို စုပ်ယူနိုင်သည်။ ထို့ကြောင့် မြေအရင်းအမြစ်က ကြောက်မက်ဖွယ် မြေဆွဲအားကို ပိုင်ဆိုင်ထားလောက်သည်ဟု တွေးခြင်းမှာ မလွန်ချေ။ အကျိုးအကြောင်းညီသည်။

‘အရင်ဆုံး အဲ့တွင်းကို တစ်ချက်သွားကြည့်ကြည့်တာပေါ့’

ကျန်းရီ တစ်ခဏမျှ တွေးတောလိုက်၏။ လျှိုဒေသသို့ သွားရန် အလွန်မြန်သည်။ သူတို့ ယန်ကိုးပါးမြို့မှနေ၍ တည်နေရာပြောင်းရွှေ့သွားနိုင်သည်။ လက်ရှိတွင် ကမ္ဘာဦးကောင်းကင်ဘုံထဲ၌ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများ ရှိမနေပါ။ ရှိနေလျှင်ပင် ကျန်းရီ မကြောက်ပါ။ ကောင်းကင်ရတနာကို ကိုင်ထားလျှင် ကောင်းကင်ဘုံခုံရုံးထဲ အချိန်မရွေး ပြန်ဝင်နိုင်သည်။ ထိုအခါ မိုးပြာမဟာဧကရာဇ်လည်း မည်သို့မှ လုပ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစနှင့် ချီဟုန်တို့လည်း ရှိနေသေးသည်။ ထျန်းဖုန့်ဧကရာဇ်လည်း ရှိသည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ် ရောက်လာလျှင်ပင် သူ ဘာလုပ်နိုင်မည်နည်း။

“သွားကြစို့”

ကျန်းရီသည် ကောင်းကင်ဘုရင်ဝေနှင့် ဟယ်နုန်ယင်းတို့ကို ခေါ်၍ ကောင်းကင်ဘုံခုံရုံး အပြင်သို့ တည်နေရာပြောင်းရွှေ့လိုက်၏။ ထို့နောက် ကောင်းကင်ဘုံခုံရုံးကို ကောင်းကင်ရတနာထဲ ထည့်သိမ်းလိုက်ပြီး ဆန်းကြယ်နယ်မြေသို့သွား၍ ထိုနယ်မြေထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်ကို သုံးကာ ယန်ကိုးပါးမြို့သို့ တည်နေရာပြောင်းရွှေ့သွားလိုက်ကြလေသည်။

ရွှီး...

ကျန်းရီ ယန်ကိုးပါးမြို့ထဲတွင် ထွက်ပေါ်လာသောအခါ ယန်ကိုးပါးစစ်တပ်နှင့် မြို့ကို စောင့်ကြပ်နေကြသော ကောင်းကင်ဘုရင်ခုနစ်ပါးစလုံး ဒူးတစ်ဘက်ထောက်ကာ အော်ပြောလိုက်ကြသည်။

“အရှင်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်”

ကျန်းရီသည် ရင်းနှီးသော ယန်ကိုးပါးမြို့နှင့် ဒူးထောက်နေသော ယန်ကိုးပါးစစ်တပ်ကို ကြည့်ရင်း သူ ယန်ကိုးပါးမြို့သို့ ပထမဆုံး လာခဲ့ချိန်ကို ရုတ်တရက် ပြန်အမှတ်ရသွား၏။ ထိုစဉ်က သူ တောက်နူ၏ သတ်ဖြတ်မှုကို ခံရမလိုပင် ဖြစ်ခဲ့သည်။ အန္တရာယ်များကလည်း ပတ်လည်ဝိုင်းနေခဲ့သည်။ သူ အချိန်မရွေး အသတ်ခံရမလို ဖြစ်ခဲ့ပေသည်။ ယခုတွင်မူ သူက ယန်ကိုးပါးစစ်တပ်၏ ခေါင်းဆောင် ဖြစ်နေပေပြီ။ ထိုအကြောင်းကို တွေးမိသောအခါ သူ သက်ပြင်းချမိလေသည်။

“အားလုံးပဲ ထကြပါ”

ယန်ကိုးပါးစစ်တပ် တစ်တပ်လုံးက ဒူးထောက်နေခြင်းကို ကြည့်လျှင် ကောင်းကင်ဘုရင်ဝေတို့က ကျန်းရီထံတွင် လက်အောက်ခံရန် ဆုံးဖြတ်လိုက်ပြီးဖြစ်ကြောင်း ထင်ရှားသည်။ ယန်ကိုးပါးမြို့ထဲ၌ မျိုးနွယ်အသီးသီးမှ သူလျှိုများ ရှိနေကြသည်။ ထို့ကြောင့် ယန်ကိုးပါးစစ်တပ်က ဤသို့လုပ်ခြင်းမှာ မိုးပြာမဟာဧကရာဇ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင် ဖြစ်သည်။ သူတို့သည် ကျန်းရီနောက်သို့လိုက်ရန် ဆုံဖြတ်ပြီးသွားပေပြီ။

သို့သော် ကျန်းရီ ဟိတ်ဟန်မထုတ်နိုင်ဘဲ သူ့ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးက ပိုလေးလာသည်ဟုသာ ခံစားလိုက်ရသည်။ သူ့အသက်က သူ့လက်ထဲတွင် မရှိတော့ပေ။ သူသေသွားသည်နှင့် လူများစွာ ဒုက္ခတွေ့ရပေလိမ့်မည်။

“ကောင်းကင်ဘုရင်တို့ကို နှုတ်ဆက်ပါတယ်”

ကျန်းရီသည် ယန်ကိုးပါးမြို့ကို စောင့်ကြပ်နေသော ကောင်းကင်ဘုရင်အချို့ကို နှုတ်ဆက်လိုက်၏။ ကောင်းကင်ဘုရင်မူကို တွေ့သောအခါတွင်မူ သူ့မျက်ဝန်းများ အတန်ငယ် ကျဉ်းသွားသည်။ ကောင်းကင်ဘုရင်မူက တောက်မျိုးနွယ်၏ လက်ပါးစေပင်။ ကြည့်ရသည်မှာ ကျန်းရီ အခွင့်အရေးရှာ၍ ကောင်းကင်ဘုရင်ဝေအား ကောင်းကင်ဘုရင်မူကို ကိုင်တွယ်လိုက်ဖို့ ခိုင်းရမည်ပုံပင်။ အနည်းဆုံးတော့ ကောင်းကင်ဘုရင်မူကို ယန်ကိုးပါးစစ်တပ်ထဲမှ မောင်းထုတ်ရပေမည်။

ကောင်းကင်ဘုရင်မူသည် ကျန်းရီ၏ အကြည့်ကို တွေ့သောအခါ မျက်နှာဖြူဖျော့သွား၏။ ကျန်းရီ၏ အကြည့်မှနေ၍ သူ့အနာဂတ်ကို သိလိုက်ရပြီဖြစ်သည်။ ယခင်တွင် ကျန်းရီ တောက်နူတို့၏ သတ်ဖြတ်မှုကို ခံရမလို ဖြစ်ခဲ့ရခြင်းမှာ မူမျိုးနွယ်က ကူညီပေးခဲ့၍ဖြစ်သည်။

“သွားကြစို့”

ကျန်းရီသည် ယန်ကိုးပါးမြို့ထဲတွင် ကြာရှည်မနေလိုပေ။ လတ်တလောတွင် သူ မြောက်ကြွမြောက်ကြွ ဖြစ်နေ၍ မဖြစ်ပါ။ သိုသိုသိပ်သိပ်နေနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သူ ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် ဟယ်နုန်ယင်းတို့ကို ခေါ်၍ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်ကာ လျှိုဒေသဆီ တည်နေရာပြောင်းရွှေ့သွားလိုက်လေသည်။

“ဂရုစိုက်သွားပါ အရှင်ငယ်”

တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာ၏။ ကောင်းကင်ဘုရင်များသည် မြို့ထဲရှိ ယန်ကိုးပါးစစ်တပ်ကို ဦး‌ဆောင်၍ ထပ်မံဒူးထောက်လိုက်ကြသည်။ သူတို့၏ အသံများကလည်း မြို့ထဲတွင် အချိန်အတော်ကြာအောင် ပဲ့တင်ထပ်သွားလေသည်။

***

All Chapters