← Chapters

ကောင်းကင်ဘုံ ဖျက်ဆီးခြင်း နည်းစနစ်။

Vol. 12 Ch. 158

ကောင်းကင်ဘုံ ဖျက်ဆီးခြင်း နည်းစနစ်။

Vol. 12 Ch. 158

( မွေးဖွားခြင်း ကိုးကြိမ်နဲ့ သေဆုံးခြင်း ကိုးကြိမ်၊ ဒါက ဘယ်လို နည်းစနစ်မျိုးမိုလို့၊ ဒီလို မြင့်မားတဲ့ လိုအပ်ချက်တွေ ရှိဖို့ လိုရတာလဲ...)

လင်းယွန်က အတွေးနက်သွားပြီး ယွဲ့ဝေဝေကို ငေးကြည့်လိုက် မိသည်။

" ဟီးဟီး၊ အစ်ကိုကြီးယွန် မင်းက ငါ့ကို ဘာလို့ကြည့်နေရတာလဲ၊ မြန်မြန် ကျင့်ကြံပါ၊ နှောင့်နှေးနေရင် မှော် အစီအရင် အတွက် လိုအပ်တဲ့ အရင်းအမြစ် ထပ်ဖြည့်တဲ့အခါ နင်.. ပေးချေရ လိမ့်မယ်၊ ... ”

“ ... ပြီးတော့ နင့်ရဲ့ နည်းစနစ်ကို ချိုးဖျက်ခဲ့ တာက ထင်ထားတာထက် ပိုကြာနေပြီ၊ ဒါကို ပြန်ဖွဲ့စည်းနိုင်ဖို့ ဆိုရင် ခန္ဓာကိုယ် ထဲမှာ ကျန်နေ သေးတဲ့ နင့်ရဲ့ ခရမ်းရောင် စွမ်းအင် အနည်းငယ် ရှိမှ ဖြစ်မှာ၊ ... ”

“ ... ဒီ ယင်-ယန် ဆက်နွယ်မှု မှော်အစီအရင်က နင့်ကို ရှာဖွေရာမှာ၊ ကူညီပေး နိုင်ပါတယ်။ ”

ယွဲ့ဝေဝေ၏ စကားကိုကြားသောအခါတွင် လင်းယွန်က ချက်ချင်းထထိုင် လိုက်သည်။ ဝိညာဉ်စွမ်းအင် များကို ဖြန့်ကျက် လိုက်သည့် အခိုက်တွင်၊ မှော် အစီအရင် တစ်ခုလုံး သည်လည်း စတင် သက်ဝင်လာကာ၊ အလင်းတန်းများ ဖြာထွက်လာ ခဲ့လေသည်။

အိုး....။

လင်ယွန်က မတုံ့ပြန်နိုင်ခင်မှာပင် မှော်အစီအရင်၏ လည်ပတ်မှုနှင့်အတူ သူ့ကို လေထုထဲသို့ တဖြေးဖြေး ဆွဲခေါ်ခံလိုက် ရသည်။

တစ်ခဏအတွင်းမှာပင် သူ့ခန္ဓာကိုယ်အား၊ အလင်းတန်းများဖြင့် ဖုံးအုပ်သွားကာ၊ ပျောက်ကွယ် သွားစေတော့၏။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများသည် အစီအရင်အတွင်း စွမ်းအင်များ အဆက်မပြတ် ပို့ဆောင်ပေးနေ ခဲ့သည်ဖြစ်ရာ၊ ပုရွက်ဆိတ် အရွယ်အစားခန့်ရှိ ဆန်းပြားသော အက္ခရာများမှာ မှော်အစီအရင်အတွင်း၌ ထင်ရှားစွာ တောက်ပရုန်းကြွ လာသည်။

မှော်အက္ခရာများ ထွက်ပေါ်လာသည်နှင့် ယွဲ့ဝေဝေ၏ အမူအယာမှာ လေးနက်လာခဲ့ပြီး၊ အချို့သော မှော်အက္ခရာများပေါ်သို့ သူမ၏ လက်ချောင်းများဖြင့် ပုတ်ထုတ်လိုက်သည်။

ရှေးဟောင်း အငွေ့အသက်များ ပါဝင်နေသည့် တိုးညှင်းသော အသံ တစ်သံ၊ လင်းယွန်၏ အနားတစ်ဝိုက်၌ အကာအရံ အလွှာ တစ်ခု အဖြစ် ဖွဲ့တည် လာသည်။

ထို့နောက် ယွဲ့ဝေဝေ၏ လက်ပေါ်တွင် အနက်ရောင် ပန်းတစ်ပွင့် ထွက်ပေါ်လာပြီး၊

" မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား ပန်းပွင့်တွေက ဘယ်တော့မှ မညှိုးနွမ်းပါဘူး။ ''

'' ဘုန်း........... ''

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမလက်ထဲရှိ ပန်းပွင့်မှာ တရိပ်ရိပ်ကြီးမားလာပြီး လက်နှစ်ဖက်စလုံးကို လွှမ်းခြုံသွားစဉ်၊ နောက်ထပ်သေးငယ်သော ပန်းပွင့်ငယ်တစ်ပွင့်ကို ထုတ်ယူလိုက်သည်။

ထိုပန်းပွင့်ငယ်ကို ထုတ်ယူနေစဉ် သူ့ခန္ဓာကိုယ်အတွင်းမှ အစိတ်အပိုင်း အချို့အား လှီးဖြတ်ယူနေသကဲ့သို့ အောင့်မြက်နာကျင်သွားဟန်ဖြင့် မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့သွားသည်။

တစ်ဆက်တည်းမှာပင် ဖြည်းညှင်းစွာ လွှဲလိုက်ခြင်းဖြင့် ၎င်းပန်းပွင့်သည် လင်းယွန်၏ ဦးခေါင်းကို ဖုံးအုပ်ထားနိုင်သော အနက်ရောင် နတ်ဆိုးပန်းပွင့်ကြီးအဖြစ် ပြောင်းလဲသွားသည်။

ထိုနတ်ဆိုးပန်းပွင့်ကို သူမ၏လက်ဖြင့် ထိန်းချုပ်လိုက်ပြီး၊ ယွဲ့ဝေဝေက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"မြစ်ထဲမှာ လမ်းကြုံ တွေ့ခဲ့ရတဲ့ လူတစ်ယောက်အတွက် ငါ့ရဲ သိုင်းဝိဥာဉ်တစ်ပိုင်းကို ပေးရလိမ့်မယ်ဆိုတာ ဘယ်သူသိနိုင်လဲ..."

ကျင့်ကြံမှုနည်းစနစ်ကို ချိုးဖျက်ပြီးနောက် ပြန်လည်ဖွဲ့စည်းရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။ ယင်ယန်ဆက်နွယ်မှု မှော်အစီအရင်သည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို စုဆောင်းရန် ကူညီပေးနိုင်သည့် ရှေးဟောင်း အခင်းအကျင်း တစ်ခုမျှသာ ဖြစ်သည်။

လင်းယွန်၏ နည်းစနစ်ကို ပြန်လည်ဖွဲ့စည်းရာ၌ ကူညီပေးနိုင်သော အဓိကသော့ချက်မှာ သူမ၏လက်ထဲရှိ ပန်းပွင့်များသာ ဖြစ်လေသည်။ ပန်းပွင့်ငယ်သည် ဦးခေါင်းမှ တဆင့် လင်းယွန်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသောအခါတွင် သူ့ခန္ဓာကိုယ်ထဲ၌ ခရမ်းရောင်ဓားစွမ်းအင်များ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

'' ဒါက ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ခရမ်းရောင်ပန်းပွင့်ရဲ့ အပိုင်းအစတွေပဲ၊ အရမ်းပါးလွှာနေပြီ၊ ယွဲ့ဝေဝေပြောတဲ့ စွမ်းအင် အကျွင်းအကျန်ဆိုတာ ဒါ.... ဖြစ်ရမယ် "

ချက်ချင်းပင် အိုင်းရစ်ဓားသုတ္တန်ကို ဖြန့်ဝေလိုက်ကာ၊ သူ့ခန္ဓာကိုယ်ထဲရှိ အပိုင်းအစများကို ခက်ခက်ခဲခဲ ရွှေ့ပစ်လိုက်ရသည်။ ဝိညာဉ်စွမ်းအင်များမှာ သူ့ခန္ဓာကိုယ်တစ်လျှောက် လည်ပတ်နေပြီး၊ စမှတ်သို့ ပြန်လည်ရောက်ရှိသွားသည်နှင့်၊ ထိုအပိုင်းအစများသည် ဒါန်တမ်အတွင်းရှိ ရွှေရောင်မုန်တိုင်းကို ဝါးမြိုရန်အတွက် တဖြည်းဖြည်း စုရုံးလာကြလေသည်။

နှစ်ဖက်စွမ်းအင်များ ထိပ်တိုက်တွေ့နေချိန်တွင် ယန်သန့်စင်ခြင်းနည်းစနစ်ကို ကိုယ်စားပြုသော ရွှေရောင်မုန်တိုင်းသည် ခရမ်းရောင်ဓားစွမ်းအင်များကို နောက်ဆုတ် ပေးလိုက်ရ တော့သည်။

'' ရွှီး.............. ''

နာရီအနည်းငယ်အကြာတွင် ခရမ်းရောင်ပန်း တစ်ပွင့်၏ ကောက်ကြောင်းကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဤအကြိမ်၌ ခရမ်းရောင်ပန်းပွင်သည်ယခင်အကြိမ်ထက် ပို၍ထူးခြားလာကာ၊ စုစုပေါင်း ပွင့်ချပ်ခြောက်သွယ် ပါရှိလေသည်။ ပွင့်ချပ်တစ်ချပ်စီတွင် သန့်စင်သော ဓားစွမ်းအင်များနှင့်၊ ခရမ်းရောင်ဝိညာဉ်စွမ်းအင်များ ပါ၀င်ပြီး၊ သူ့ခန္ဓာကိုယ်တစ်လျှောက် လှိုင်းထနေခဲ့သည်။

ဝှူးရှ် ။

ခြေထောက်များကို ချိတ်လျက် ထိုင်နေစဉ်မှာပင်၊ ကြောက်မက်ဖွယ်ကောင်းသော ဓားရောင်ဝါများ ပေါက်ကွဲ ထွက်ပေါ်လာမှု နှင့်အတူ၊ သူ့ခန္ဓာကိုယ်၌ မှိန်ဖျော့သော အလင်းရောင်များ လင်းလက်လာကာ၊ လေထဲတွင် ဆံပင်များ တဖျပ်ဖျပ် လွင့်သွားလေသည်။

မျက်ခွံများ ဖွင့်ကြည့်လိုက်သော အခါတွင် သူ့မျက်ဝန်းများထဲ၌ စူးရှသော ဓားအလင်းတန်းများ တောက်ပလာသည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ယခင်ကထက် ပိုမိုသန့်စင်လာကြောင်း ခံစားသိရှိ လိုက်နိုင်သည်။

ထို့ပြင် အိုင်းရစ်ဓားသုတ္တန်၏ ပထမအဆင့်တွင်ပင် ခရမ်းရောင်ပန်းပွင့်မှာ မယုံနိုင်လောက်အောင် ထင်ရှားလာခဲ့သည်။

ခရမ်းရောင်ပန်းပွင့်သည် သူ၏ဒါန်တမ်အတွင်း၌ တဖြည်းဖြည်း လှည့်ပတ်လာကာ၊ စွမ်းအင်စက်ဝန်း တစ်ပါတ်ပြည့် သွားသည်နှင့်၊ သန့်စင်သော ဓားစွမ်းအင် အမျှဉ်များကို ပန်းပွင့်၏ ဗဟိုချက်ဆီမှ အဆက်မပြတ် ထုတ်လွှတ်ပေး လာခဲ့သည်။

'' ရွှီး......... ''

လင်းယွန်က သူ့လက်ချောင်းကို တောက်ထုတ်လိုက်ရာ ထိုလက်ချောင်းဆီမှ ဓားရောင်ဝါတစ်စင်း သိပ်သည်းစွာ ထွက်ပေါ်လာတော့သည်။

'' ချွမ်...........''

ထိုဓားရောင်ဝါသည် ကျောက်နံရံသို့ ထိခတ်သွားပြီးနောက်၊ သတ္တုရောင် အက်ကွဲရာများ ဖြစ်ပေါ်လာကာ ပြိုကျသွားခဲ့သည်။

ချွမ် ချွမ် ချွမ် ။

ဝုန်း။

ဓားရောင်ဝါများ မပျောက်ကွယ်မီ ကျောက်နံရံကြီးအား သံမဏိဝက်ဝံများကဲ့သို့ အဆက်မပြတ် ရိုက်ခတ်နေခဲ့ပြီး၊ အက်ကြောင်းများဖြင့် ပြည့်နှက်သွားစေသည်။ နတ်ဘုရားပုံရိပ်ယောင်ဓား၏ နတ်ဘုရားလက်ညိုးသည် ယခင်ကထက် နှစ်ဆပို၍ ပြင်းထန်လာလေပြီ။ (နတ်ဘုရားလက်ညိုး= ပုံရိပ်ယောင်လက်ညိုး)

ထိုစွမ်းအင်ကို ထိန်းချုပ်ခြင်းဖြင့် ကြောက်စရာကောင်းသော အဖျက်စွမ်းအားကို အလွယ်တကူ ထုတ်ဖော်နိုင်ပြီး၊ တူညီသော ကျင့်ကြံမှုတွင် ရှိသူများကို ကိုင်တွယ်ရန်၊ သူ့အတွက် လက်တစ်ချောင်းထက် ပိုယူရမည်မဟုတ်ပေ။

" ဟီးဟီး၊ ဂုဏ်ယူပါတယ် အစ်ကိုကြီးယွန် "

ယွဲ့ဝေဝေက ရုတ်တရက်ပေါ်လာပြီး ပြုံးပြလိုက်သည်။

" ဒီအတွက် ငါက မင်းကို ကျေးဇူးတင်ရမှာပါ၊ မင်းရဲ့ ယင်ယန်ဆက်နွယ်မှု မှော်အစီအရင်ကြောင့်သာ မဟုတ်ရင် အိုင်းရစ်ဓားသုတ္တန်ကို ထပ်ပြီး ကျင့်ကြံနိုင်မှာ မဟုတ်တော့ဘူး..."

“ ခုလို မှတ်မိပေးတဲ့အတွက် ကောင်းပါတယ်”

ယွဲ့ဝေဝေ၏ နှုတ်ခမ်းများပေါ်တွင် မှိန်ဖျော့သော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး၊

“ ကဲ၊ ငါတို့ ထွက်ပေါက်ရှာရမယ့် အချိန်ရောက်ပြီ။ ”

လင်းယွန်က လှိုဏ်ဂူဝကို လှမ်းကြည့်လိုက်ကာ၊

“ အပြင်မှာ အဆုံးမရှိ လေစီးကြောင်းတွေနဲ့ ပိတ်ဆို့နေတယ်၊ ငါတို့ ဘယ်လို ထွက်ကြမလဲ၊ ဒီလေလှိုင်းတွေက နက်နဲတပိုင်း သိုင်းသမား တစ်ယောက်ရဲ့ တိုက်ခိုက်မှုနဲ့ နှိုင်းယှဉ်နိုင်တယ်၊ အရေးအကြီးဆုံးကတော့ ထက်ရှတဲ့လေတွေဟာ ရူးသွပ်နေတုန်းပဲ၊ မင်းသာ အဲဒီ လေလှိုင်းတွေထဲ ရောက်သွားရင် ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး....''

လေလှိုင်းများအတွင်း သေလုမျောပါး ရုန်းကန် လိုက်ရသောကြောင့် ယင်လေစီးကြောင်းမှာ မည်မျှ ကြောက်စရာကောင်းသည်ကို သူသိထားသည်။ ထို့အပြင် ယွဲ့ဝေဝေ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ထူးခြားမှု တစ်စုံတစ်ရာ ရှိနေခဲ့ပြီး၊ ၎င်းခန္ဓာသည် သာမန် လူများထက် အအေးဒဏ်ကို ပိုကြောက်လေသည်။

“ ငါ့ရဲ့ ကျင့်ကြံမှုကို အပြည့်အ၀သုံးနိုင်ရင် ဒီ ယင်လေစီးကြောင်းက ဘာမှမဟုတ်ပါဘူး၊ ဒါပေမယ့် အခုအချိန်မှာတော့ ငါတို့ ထွက်သွားဖို့ နင့် ....အပေါ်မှာပဲ အားကိုးရလိမ့်မယ် "

ယွဲ့ဝေဝေက ပြုံးကာ မျက်လုံးများကို မှေးစင်းလိုက်သည်ကြောင့် လင်းယွန်မှာ အံ့သြသွားသည်။

" ငါ က........"

" အမှန်ပဲ အစ်ကိုကြီးယွန်၊ ငါ မှန်းဆကြည့်ရရင် နင်သယ်လာတဲ့ ဓားသေတ္တာထဲမှာ ထွတ်မြတ် ခရမ်းရောင်ရေခဲမီးတောက်ရဲ့ စွမ်းအင်ပါရှိနေတယ် မဟုတ်လား"

" အင်း ဟုတ်တယ်၊ ဒါပေမယ့် ဒါက ယင်လေစီးကြောင်းနဲ့ ဘာဆိုင်လို့လဲ "

“ နင် နားလည်လာလိမ့်မယ်......ဒီထွတ်မြတ် ခရမ်းရောင်ရေခဲမီးတောက်က ဖီးနစ်မီးတောက်ကနေ မွေးဖွားလာတဲ့ မူကွဲ မီးတာက်ပဲ၊ ကောင်းကင်ဘုံ မီးတောက်တွေထဲမှာ အဆင့် (၅၄)ချိတ်တယ်၊ ယင်မီးတောက်တွေထဲမှာ ဆိုရင်တော့ ထိပ်တန်းအဆင့် နှစ်ဆယ်အတွင်းမှာ ရှိတယ် "

" ဒါက ကောင်းကင်ဘုံမီးတောက်ရဲ့ အဆင့်တစ်ရာအတွင်း ဝင်တယ်လား "

“ ဟုတ်တယ်၊ အဆင့်တစ်ရာ အတွင်းဝင်တဲ့ ဘယ်မီးတောက်မဆို ရက်စက်ကြမ်းကြုပ်တဲ့ သဘာဝရှိတယ်၊ ဒါပေမယ့် အဲ့ဒါကို နင် သိဖို့ မလိုသေးပါဘူး..... "

ယွဲ့ဝေဝေက ဆက်မပြောမီ ခေတ္တရပ်လိုက်ပြီး၊

" ယင်မူလအရင်းအမြစ်က ရိုင်းစိုင်းကြမ်းကြုတ်တဲ့ သဘာဝရှိလို့ ကြောက်စရာ ကောင်းလွန်းတယ်၊ ဒါပေမယ့် အဲဒါကို ကမ္ဘာပေါ်မှာ စွမ်းအင် အရင်းအမြစ်တစ်ခုလို့ ယူဆနေတုန်းပဲ၊ ဒါက မင်းကို ဒုက္ခပေးနိုင်ပေမယ့်၊ ထိန်းချုပ်ဖို့ နည်းလမ်း တစ်ခုသာ ရှိရင် မင်းအတွက် ကောင်းမွန်တဲ့ ခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မယ်။”

" ထွတ်မြတ် ခရမ်းရောင်ရေခဲမီးတောက်က ယင်မူလအရင်းအမြစ်ကို ဝါးမျိုနိုင်တယ်လို့ ၊ မင်း.....ပြောနေတာလား။"

လင်းယွန်က တစ်စုံတစ်ရာကို ဖမ်းဆုပ်နိုင်ဟန်ဖြင့် မျက်လုံးများ တောက်ပလာသည်။

“ အဲလောက်လည်း မရိုးရှင်းပါဘူး၊ နင့်ရဲ့ ထွတ်မြတ် ခရမ်းရောင်ရေခဲမီးတောက်ကို အရင် ကြည့်ပါရစေ"

ယွဲ့ဝေဝေက ပြုံးကာ တောင်းဆိုလိုက်သည်။ လင်းယွန်က သူ့လက်ဖဝါးကို ဖြန့်လိုက်ပြီး ဓားသေတ္တာထံမှ ခရမ်းရောင်မီးတောက်ကို လက်ဖဝါးပေါ်၌ လောင်ကျွမ်းစေခဲ့သည်။ ယွဲ့ဝေဝေက ခဏတာ အကဲခတ်ပြီးနောက် အတွေးထဲ နစ်မျောသွားကာ၊

“ ဒါက မလုံလောက်ဘူး၊ ယင်မူလစွမ်းအင်က သိပ်သည်းမှု မရှိတော့ဖူး၊ သူ့မှာ အသက်ဓာတ်မဲ့နေပြီ၊ ကောင်းကောင်း မကိုင်တွယ်နိုင်ရင် အချိန်ကြာလာတာ နဲ့အမျှ ပျောက်ကွယ်သွားလိမ့်မယ်။ ”

'' အင်း ဒီနည်းလမ်းက အဆင်မပြေပါဖူး ''

လင်းယွန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ခရမ်းရောင်ရေခဲမီးတောက်ကို ဓားသေတ္တာထဲသို့ ပြန်ပို့လိုက်သည်။ ယွဲ့ဝေဝေ၏ စကားကြောင့် မအံ့သြခဲ့ပေ။ ဤထွတ်မြတ် ခရမ်းရောင်ရေခဲ မီးတောက်တွင် လိုအပ်ချက်များ ရှိခဲ့ပြီး ၎င်းကို သူသတိပြုမိသည်မှာ ကြာပြီ ဖြစ်သည်။ ထိုအရာသည် တိုက်ပွဲတွင် အသုံးပြုခဲ့သော အကြောင်းအရင်းကြောင့်လည်း ဖြစ်နိုင်ပေမည်။

" ကောင်းပြီ၊ နင့်ရဲ့ နှလုံးသားက မီးစွမ်းအင်ကို သန့်စင် ထားဖူးတယ်ဆိုရင် အိုင်းရစ်ဓားသုတ္တန်နဲ့ ထွတ်မြတ် ခရမ်းရောင် ရေခဲမီးတောက်ကို ပေါင်းစပ် သန့်စင်နိုင်မယ့် လျှို့ဝှက်နည်းစနစ်ကို ငါသင်ပေးနိုင်တယ်၊ အဲ့ဒီ နည်းစနစ်အရ အိုင်းရစ်ဓားသုတ္တန်ကို ဖြန့်ဝေပြီး ယင်စွမ်းအင်ကို စုပ်ယူနိုင်တယ်၊ ဒါပေမယ့် နည်းစနစ် ပေါင်းစပ်မှုမှာ အမှားအယွင်းရှိရင်တော့ မီးလောင်ပြာကျ သွားလိမ့်မယ်။ ”

ယွဲ့ဝေဝေက ပြုံးလျက် မျက်ခုံးပင့်ပြလိုက်သည်။

“ ငါ့ကို သင်ပေးပါ၊ အပြာရောင်နေမင်း လျှို့ဝှက်နယ်မြေက မကြာခင်မှာ စည်းတံဆိပ် ပိတ်တော့မယ်၊ တစ်သက်လုံး ဒီမှာ မနေချင်ဘူး။ ”

လင်းယွန်က မဆိုင်းမတွ သဘောတူလိုက်သည်။ ၎င်းသည် ခက်ခဲသော ရွေးချယ်မှု မဟုတ်ချေ။ ဤနေရာတွင် နေထိုင်ခြင်းထက် ပေါင်းစပ်မှုသည် အန္တရာယ်ရှိလျှင်ပင် အခွင့်အရေး ရယူနိုင်ပေမည်။

“ ဒီနည်းစနစ်ကို ကောင်းကင်ဘုံဖျက်ဆီးခြင်း လို့ ခေါ်ပါတယ်၊ သူ့နာမည်အတိုင်း၊ မင်းဟာ အရာအားလုံးကို ဝါးမြိုနိုင်လိမ့်မယ် "

“ ဟိုးတစ်ချိန်တုန်းကတော့ ဒါက တားမြစ်ထားတဲ့ နည်းစနစ်တစ်ခုပဲ၊ ကျင့်ကြံတဲ့ သူတိုင်းကို ကံဆိုးစေတယ်၊ ဒါပေမယ့် နည်းစနစ် အပြည့်အစုံက ပျောက်ဆုံးသွားတာ ကြာပါပြီ၊ အပိုင်းအစ အချို့ကိုပဲ ရှာတွေ့နိုင်တော့တယ်၊ မင်းက ဒါကို ကျင့်ကြံပြီးတဲ့နောက်၊ ယင်စွမ်းအင်နှင့် အအေးဓာတ်သဘာဝ မီးတောက်တွေကို သန့်စင်နိုင်လိမ့်မယ် ''

“ ကဲ သေချာ နားထောင်၊...... ကောင်းကင်ဘုံဥပဒေသက ခက်ခဲနက်နဲတယ်၊ မြင့်မားလာတာနဲ့အမျှ ပိုမိုနက်နဲလာမယ်၊ နိမ့်ကျလာလေလေ ပေါ့တန်လာလေလေ၊ မလုံလောက်လေလေ ပေါင်းလေလေ ဖြစ်နေတယ်၊... ဒါပေမယ် လူသားတွေ အတွက်ကတော့ မတူနိုင်ပါဖူး၊ ဒီလို ဥပဒေသတွေရဲ့ မတရားမှုတွေကို ပြင်ဆင်သတ်မှတ်ဖို့ ကောင်းကင်ကို ဝါးမြိုလိုက်မယ်......…”

လျှို့ဝှက်ကျမ်းစာသည် ယွဲ့ဝေဝေ၏ ပါးစပ်ဖျားမှ တစ်လုံးချင်း ထွက်ပေါ်လာ လေသည်။

ခဏအကြာတွင် ယွဲ့ဝေဝေက သူ၏ ရွတ်ဆိုမှုကို အဆုံးသတ်လိုက်ပြီး ပြုံးပြလိုက်ကာ၊

"အကိုကြီးယွန်၊ ဒါတွေအားလုံး မှတ်မိသွားပြီလား"

-ဟု မေးလာခဲ့သည်။

လင်းယွန်က သူ့စိတ်ထဲ၌ တစ်ကြိမ် ရွတ်ဆိုကြည့် လိုက်မိသည်နှင့် သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားသော ခံစားချက်များ စိမ့်ဝင်လာ လေသည်။ ကျမ်းစာအတွင်းတွင် ပါရှိသော ကြီးမြတ်သည့် စွမ်းအားအချို့ကို ခံစားနိုင် ခဲ့သည်။

လင်းယွန်က ခေါင်းညိတ်လိုက်ပြီး အမှားအယွင်း တစ်စုံတစ်ရာမှ မရှိစေပဲ၊ ကျမ်းစာကို ပြန်လည် ရွတ်ဆို ပြလိုက်သည်။

ရွတ်ဆိုသံဆုံးသည်နှင့် ယွဲ့ဝေဝေက သူမ၏ ပါးစပ်ကို ဖွင့်လျှက် အံ့သြသွားပြီး လျှာထုတ်ပြလိုက်ကာ၊

" အစ်ကိုကြီးယွန်က တကယ်ကို အံ့သြစရာ ကောင်းလိုက်တာ၊ ငါငယ်ငယ်က ဒီကျမ်းစာကို မှန်မှန်ကန်ကန် မမှတ်မိတဲ့အတွက် အမြဲတမ်း အပြစ်ပေးခံ ခဲ့ရတယ်။”

“ ဒီကျမ်းစာကို စိတ်ထဲမှာ ရွတ်ဆိုရုံနဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားကို ခံစားလိုက်ရတယ်၊ ဒါပေမယ့် မကျင့်ကြံခင်မှာ တစ်ခု မေးချင်ပါတယ်၊ မင်း....ဘယ်သူလဲ "

လင်းယွန်က နောက်ဆုံးတွင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ ယွဲ့ဝေဝေ၏ မူလကို ထုတ်မေး လိုက်မိသည်။

" ဟဲဟဲဟဲ၊ နင် ငါ့ကို ချစ်မိသွားပြီလား၊ ငါ့မိသားစု အကြောင်းကို တကယ် သိချင်တာရော ဖြစ်နိုင်ပါ့မလား၊ ငါ့မိသားစုထဲ ဝင်ဖို့ဆိုရင် စည်းကမ်းက အရမ်းတင်းကျပ်ပြီး၊ တောင်းရမ်းယူရမဲ့ လက်ဆောင်တွေအတွက် သတ်မှတ်ချက်က အဆင့်အတန်း မြင့်မားလွန်းတယ်၊ အစ်ကိုကြီးယွန်က မတတ်နိုင်တော့မှာကို ကြောက်မိတယ်၊ ငါ့ကိုယ်ငါ နင့်ဆီကို ဘာလို့ မပေးတာလဲဆိုတော့၊ ငါတို့နှစ်ယောက် ယူဖြစ်ရင်တောင် ငါ့အဖေက သဘောတူမှာ မဟုတ်ပါဘူး ”

ယွဲ့ဝေဝေက သူ့စကားသူ သဘောကျသွားသလို မျက်လုံးများ မှေးစင်းလျက် ချစ်စရာကောင်းစွာ ပြုံးလိုက်သည်။ သူ့မျက်နှာထံမှ နီရဲ ရွှန်းလဲ့နေသော မျက်ဝန်းများမှာ လင်းယွန်၏ နှလုံးသားကို ဆွဲငင်စုပ်ယူ နိုင်ခဲ့သည်။

ထိုသို့သော သူမ၏မျက်လုံးများမှာ တကယ်ကို စွဲဆောင်မှု ရှိလှပေရာ၊ သူ့ဝမ်းဗိုက် အောက်ပိုင်း ထံမှ တရှိန်ရှိန် မြင့်တက်လာသော ဆန္ဒများကြောင့်၊ ချက်ချင်းပင်မျက်နှာလွှဲလိုက်ရ၏။

“ မင်းရဲ့ အရည်အချင်းတွေကို အခုပဲ ရုတ်သိမ်းထား နိုင်ပါပြီ၊ ငါ ဒီအကြောင်း မမေးတော့ဘူး။ "

“ အိုး.... ကောင်းပါပြီ၊ ငါ မနှောင့်ယှက် တော့ဘူး အစ်ကိုကြီးယွန်၊ နင်က အခုချက်ချင်း ကျင့်ကြံလို့ ရပါတယ်၊ ဒီနေရာ ကနေ ထွက်သွားဖို့ နင့်ကို အားကိုး နေပါမယ်။"

လင်းယွန်၏ မျက်နှာပေါ်တွင် ရှက်ရွံ့အောင့်သည်း ထားမှုများကို တွေ့မြင် လိုက်ရသောအခါတွင်၊ ကြေနပ်သော မျက်လုံး များဖြင့် ပါးစပ်ကို လက်ဖဝါးဖြင့် ပိတ်ကာ၊ ရယ်မော လိုက်လေသည်။

***

All Chapters