← Chapters

ခွန်အား တိုးမြှင့်ခြင်း။

Vol. 12 Ch. 159

ခွန်အား တိုးမြှင့်ခြင်း။

Vol. 12 Ch. 159

ကောင်းကင်ဘုံ ဖျက်ဆီးခြင်း နည်းစနစ်မှာ၊ ရှေးဟောင်း တားမြစ် နည်းစနစ်တစ်ခု ဖြစ်ကာ၊ ကျယ်ပြန့်သော ကျင့်ကြံမှု နည်းစနစ်များ ပါရှိရ ပေမည်။

အပြည့်အစုံ သိုင်းကျမ်းတစ်ဆောင်တွင် မျိုးခွဲပေါင်း မည်မျှ ရှိမည်ကို မသိရှိ ထားကြချေ။

ယခုအချိန်တွင် ၎င်းအတွက် တိကျသော အမည်မှာ ကောင်းကင်ဘုံ ဖျက်ဆီးခြင်း ဖြစ်ပြီး၊ မပြည့်စုံသော အပိုင်းအစများကြောင့် လျှို့ဝှက် နည်းစနစ် အဖြစ် ယုတ်လျော့လာခဲ့ခြင်း ဖြစ်လေသည်။

ဤနည်းစနစ်ကို ထုတ်ဖော်နိုင်ခဲ့သော စီနီယာသည် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသူ ဖြစ်ရပေမည်။

ယွဲ့ဝေဝေမှာ ကောင်းကင်ဘုံဖျက်ဆီးခြင်း နည်းစနစ်ကို မည်သို့ ပိုင်ဆိုင်လာသည်နှင့် ပတ်သက်၍ လင်းယွန်ကို ပြောပြချင်ပုံ မရသောကြောင့် မမေးခဲ့ပေ။

ဤနည်းစနစ်ကို ယခုအချိန်တွင် လျင်မြန်စွာ ကျင့်ကြံနိုင်ရန်မှာ အရေးကြီးလှ ပေသည်။ ၎င်းမှာ နတ်ဆိုးသားရဲများကို စုပ်ယူသန့်စင်ကြသော လမ်းလွှဲကျင့်ကြံသူ များကဲ့သို့ သဘာဝတရားများကို ဝါးမြိုခြင်း ဖြစ်သည်။

ဥပမာအားဖြင့်၊ ယင်စွမ်းအင်ကို ဝါးမြိုရန်အတွက် ယင်အရင်းအမြစ် တစ်ခုခု လိုအပ်မည် ဖြစ်သည်။

သို့မဟုတ်ပါက တားမြစ်ထားသော နည်းစနစ်ဖြစ်သည် နှင့်အညီ အနည်းငယ်သော အမှားသည်ပင် သူ့အသက်ကို အန္တရာယ် ဖြစ်စေနိုင်သည်။

“ ဝှစ် ... ။ ”

လက်ဖဝါးကို ဖွင့်လိုက်ပြီးနောက် ခရမ်းရောင်မီးတောက်တစ်စမှာ လက်ဖဝါး ထဲတွင် တောက်လောင် လာလေသည်။

ကျမ်းစာပါ လမ်းညွှန်မှု များကို ရွတ်ဆိုလျက်၊ အသက် ပြင်းပြင်း ရှူရှိုက်ကာ ဝိညာဉ် စွမ်းအင်များ ဖြန့်ကျက် လိုက်၏။

'' တွမ် ... ။ ''

လင်းယွန်၏ ခန္ဓာကိုယ်မှ အနက်ရောင် အလင်းများ ထွက်ပေါ်လာသည့် အခိုက်အတန့် မှာပင်၊ အရာအားလုံးကို ဝါးမျိုနိုင်သော တွင်းနက်ကြီး ကဲ့သို့၊ လှိုဏ်ဂူသည် ချက်ချင်းပင် မည်းမှောင် သွားကာ၊ ခရမ်းရောင် မီးတောက်သာ ကျန်ရစ်တော့သည်။

ထိုမီးတောက်သည် ထိတ်လန့်တကြား ရုန်းကန်လှုပ်ရှားနေသော ကလေးငယ်နှင့်တူ၏။ လင်းယွမ်၏ နှလုံးသားထဲတွင် အကြောက် တရားများ ကြီးကြီး မားမား ထွက်ပေါ်လာပြီး အချိန်တိုင်း အသက်ရှု ကြပ်သလို ခံစားလိုက်ရသည်။

ကောင်းကင်ဘုံ ဖျက်စီးခြင်း နည်းစနစ်ကြောင့်၊ ပြိုကျ လာမည့် လင်းယွန်ကို လောင်ကျွမ်း ပစ်ရန် စောင့်ဆိုင်း နေ၏။

လင်းယွန် သည်လည်း ခရမ်းရောင် မီးတောက်ကို ဝါးမြိုရန် အတွက် ရုန်းကန် မှုများ ရပ်တန့်သွားမည့် အချိန်အထိ စောင့်မျှော် နေခဲ့သည်။

သို့သော် လဲကျလု နီးနီး အချိန် မှာပင်၊ ခရမ်းရောင် မီးတောက်က ရုတ်တရက် ပျောက်ကွယ် သွားပြီး၊ ပတ်ဝန်းကျင် အမှောင် ထုကို ဝါးမြို သွားခဲ့သည်။

“ ဝှစ် ... ။ ”

အမှောင်ထု ပျောက်ကွယ်သွား ပြီးနောက် လင်းယွန်၏ ခန္ဓာကိုယ်သည် ပူလောင် လာကာ၊ ပြင်းထန်သော နာကျင်မှုကို ခန္ဓာကိုယ် အနှံ့ ခံစား လိုက်ရသည်။

ခရမ်းရောင် မီးတောက် များမှာ၊ သူ့သွေးကြောများ တစ်လျှောက် လောင်ကျွမ်း လာ၏။

အရည်ပြား များအား ထွင်းဖောက် မြင်တွေ့ နေရပြီး၊ နာကျင်မှုများ တရွေ့ရွေ့ တိုးလာလျှက် ကန့်သတ်ချက် များကို ကျော်လွန် သွားကာ၊ သတိလစ် သွားစေ ခဲ့လေသည်။

" ဒါက ဘယ်မှာလဲ ... ။ "

ရုတ်တရက် သူ၏ဖြစ်တည်မှုသည် အမှောင်ထဲတွင် ဖြစ်ပေါ်လာခဲ့ပြီးနောက်၊ ကောင်ကင်နှင့် မြေကြီးမှ စွန့်ပစ်ခံလိုက်ရ သကဲ့သို့ ထာဝရအထီးကျန်မှုများ နှင့်အတူ လွင့်မျောနေခဲ့သည်။

အချိန်ယန္တရားမှာ ဤလောကတွင် ရပ်တန့်နေခဲ့ပြီး၊ အချိန်နှင့် အာကာသဟူသော စည်းမျဉ်းများ ပျောက်ဆုံးသွားခဲ့ လေပြီ။

"ငါ သေသွားတာလား ...."

သူ့ခန္ဓာကိုယ်သည် ဒိုင်မေးရှင်း နှစ်ခုအကြားမှ လွတ်မြောက်သွားပြီးနောက်၊ မြေကမ္ဘာနှင့် ကောင်းကင်ဘုံ၏ ဥပဒေသများကို မျက်ကွယ်ပြု လိုက်နိုင်လေသည်။

သေဆုံးပြီးနောက် နာမ်ဝိညာဉ်သည် ဤသတ္တလောကကြီး၏ စည်းဘောင်အတွင်းမှ ကင်းလွတ်သွားခဲ့သည်လော။

ဤနေရာ၌ ဘာသာရေး ဂိုဏ်းဝင် တစ်ယောက် ယောက်သာ ရှိနေ ပါက၊ ထိုမေးခွန်း အပေါ်၊ စိတ်ကျေနပ်စွာ ဖြေဆို ပေးနိုင် ပေမည်။

အချိန်အတော်ကြာ ရည်ရွယ်ချက်မဲ့စွာ ဆက်လက် လွင့်မျောနေစဉ်၊ သူ့အသိစိတ်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားကာ ဤနယ်မြေအတွင်း၌ မရှိတော့ သကဲ့သို့ ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ဆက်တည်းမှာပင် ထိုပျောက်ကွယ် သွားသော အသိစိတ်မှာ၊ အမှောင်ထုနှင့် တစ်သားတည်း ဖြစ်တည်လာရန် အကြာကြီး အချိန်ယူရမည် မဟုတ်သကဲ့သို့ ခံစားလိုက်ရသည်။

အချိန်မည်မျှ ကုန်ဆုံးသွားလေ သနည်း။

~~~ ငါ မသိဘူး၊ ဆယ်နှစ်လား၊ အနှစ်တစ်ရာလား၊ ဒါမှမဟုတ် မျက်စိတစ်မှိတ်အတွင်းလဲ ဖြစ်နိုင်တာပဲ မဟုတ်လား၊ ~~~

နောက်ဆုံး အသိစိတ်များ ရပ်တန့် ပျောက်ကွယ်လုနီးသည့် အကြိမ်တိုင်းတွင် နှလုံးသားထဲရှိ အနည်းငယ်သော ဆန္ဒလေးများက သူ့ကို ရှေ့ဆက်တိုး သွားစေခဲ့သည်။ သို့သော် သိပ်မကြာခင်မှာပင် စိတ်ပျက်လက်ပျက်ဖြင့် အဆုံးသတ် ချင်လာ ပြန်သည်။

'' ဗုန်း......... ''

နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းကြည့်လိုက်သည်နှင့် အလင်းတန်းတစ်စ ဟုန်းခနဲ ထွက်ပေါ်လာတော့သည်။ ၎င်းအလင်းတစ်စထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိ အမှောင်ထုမှာ တရွေ့ရွေ့ ဆုတ်ခွာသွားခဲ့ကာ၊ ရှေးဟောင်း အငွေ့အသက်များ လွှမ်းခြုံထားသော တံခါးကြီးတစ်ချပ်ကို တွေ့မြင်လိုက်ရသည်။

ထိုတံခါးကြီးအထက်တွင် အရှိန်အဝါ ကြီးမားလှသော ရုပ်တုကြီးတစ်ရုပ် ရှိနေခဲ့ပြီး၊ ထိုရုပ်တုကို ကြည့်ချင်းငှာ မဝံ့မိပေ။ သို့သော် သူတက်ထိုင်ထားသော တံခါးချပ်ကြီးမှာ လွန်စွာ ထူးဆန်းနေခဲ့ သည်ကိုတော့ သတိထားမိလိုက် လေပြီ။

" တစ်ယောက်ယောက်က ဒီကို ရောက်လာတာ၊ နှစ်တွေ ဘယ်လောက်ကြာခဲ့ ပြီလဲ။"

ထိုလျှို့ဝှက်ဆန်းကြယ်သော ရုပ်တုကြီး၏ မျက်လုံးများသည် လင်းယွန်ပေါ်သို့ ကျရောက်သွား၏။ ထိုအကြည့်ကို လက်ခံရရှိလိုက်သည်နှင့် နောက်တစက္ကန့်အတွင်းတွင်၊ ကမ္ဘာများစွာ အထပ်ထပ်၊ ပြိုကျလာသလို ခံစားလိုက်ရသည်။

လင်းယွန်က စကားပြောချင်သော်လည်း ပါးစပ်ကို မဖွင့်နိုင်ခဲ့ပေ၊ ရုတ်တရက် သူ့ပတ်ပတ်လည်တွင် ကျပ်တည်းမြေတစ်ခုလို အလောင်းကောင်များဖြင့် ပြည့်နှက်နေသော မြင်ကွင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအလောင်းကောင်များမှာ တောင်ကြီးတစ်လုံးကဲ့သို့ အထပ်ထပ် စုပုံနေပြီး သူတို့ သေဆုံးသွားခဲ့ကြသည့် အချိန်မှာ မည်၍မည်မျှ ကြာခဲ့ပြီကို မခန့်မှန်းနိုင် တော့ပေ။

“ ကောင်းပြီ၊ ဒီတံခါးကို မင်းမြင်နိုင်တဲ့အတွက် မင်းမှာ ငါနဲ့ ကံကြမ္မာပါလာတယ်၊ ဝါးမြိုခြင်း စွမ်းအင်ကို ငါပေးမယ်၊ မင်း အခုပြန်လို့ရပြီ….....”

'' ............ ''

လင်းယွန်က မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် ရင်းနှီးသော ပတ်ဝန်းကျင်တစ်ခု ထွက်ပေါ်လာလေသည်။

" အစ်ကိုကြီးယွန် မင်းနိုးလာပြီ"

ယွဲ့ဝေဝေက ရယ်မောကာ ကြည့်လာသည်ကြောင့်၊ လင်းယွန်က မျက်မှောင်ကြုတ်လျက် ယွဲ့ဝေဝေကို ပြန်ကြည့်လိုက်ပြီး၊

“ အဲဒါက ဘယ်လိုနေရာမျိုးလဲ၊ ပြီးတော့ အဲဒီလူက ဘယ်သူလဲ”

“ ဒါက အဆုံးမဲ့ အမှောင်ထုပဲ၊ သူ့ကို ဝါးမြိုခြင်း ဘိုးဘေးလို့ ခေါ်ကြတယ်၊ သူက အဲ့ဒီနေရာမှာ တစ်ချိန်လုံး ပိတ်မိနေခဲ့တာ၊ ကောင်းကင်ဘုံဖျက်ဆီးခြင်း နည်းစနစ်ကို ကျင့်ကြံမဲ့ သူတိုင်းက ဝါးမြိုခြင်းဘိုးဘေးရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ လိုတယ်၊ ”

" အဲဒီမှာ ငါသေသွားရင် ဘာဖြစ်နိုင်လဲ "

" ဒါဆို နင်လည်း တကယ်သေသွားနိုင်တာပေါ့ "

သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။ တစ်ဆက်တည်းမှာပင် သူ့ဒါန်တမ် အတွင်းရှိ ခရမ်းရောင်ပန်းပွင့်တွင် တောက်လောင်နေသော မီးလျှံများ မွေးဖွားလာ လေသည်။ ထိုမီးလျှံများမှာ သူ့ခန္ဓာကိုယ်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။

အတွေးတစ်ချက်နှင့်ပင် စူးရှသောမီးလျှံများဖြင့် သိုင်းခြုံထားသော ခရမ်းရောင်ပန်းပွင့်သည် စတင်လှည့်ပတ်လာပြီးနောက် ဝါးမြိုခြင်း စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး၊ ဂူအတွင်းပိုင်းရှိ ယင်စွမ်းအင်များကို စတင်စုပ်ယူတော့သည်။

" ကောင်းကင်ဘုံဖျက်ဆီးခြင်း နည်းစနစ် "

ယွဲ့ဝေဝေမှာ ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။ သည်လျှို့ဝှက် နည်းစနစ်သည် အမှန်တကယ်ပင် ဆန်းကြယ်လှပေသည်။ နက်နဲနယ်ပယ် ကျင့်ကြံသူများပင် ဤချိုင့်ဝှမ်း အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းလှသော ယင်စွမ်းအင်များကို ပြန်လည်သန့်စင်ရန် သတ္တိရှိမည် မဟုတ်ပေ။ သို့သော် ကောင်းကင်ဘုံဖျက်ဆီးခြင်း နည်းစနစ်ကြောင့် လင်းယွန်အတွက်မူ အသက်ရှူသွင်း နေသကဲ့သို့ လွယ်ကူချောမွေ့ နေခဲ့လေပြီ။

လင်းယွန်က သူ၏ကျင့်ကြံမှုကို ရုတ်သိမ်းလိုက်သည်နှင့် ယွဲ့ဝေဝေက ပြုံးရယ်လိုက်ပြီး ၊

" ကောင်းပြီ၊ နင့်ရဲ့ အိုင်းရစ်ဓားသုတ္တန်မှာ အခုဆိုရင် ဝါးမြိုခြင်းစွမ်းအင်တွေ ကပ်ညိပါဝင်နေပြီ၊ ဒါပေမယ့် နင့်ကိုယ်နင် သတ်သေတဲ့ အထိတော့ မစုပ်ယူမိဖို့ သတိရပါ။ ”

လင်းယွန်က ခေါင်းညိတ်ပြလိုက်ပြီး၊

“ ငါသိတယ်၊ အဲဒီ အဆုံးမဲ့ အမှောင်ထုထဲမှာ အလောင်းတွေ အများကြီး ရှိနေတယ်၊ သူတို့အားလုံးက ဒီနည်းစနစ်ကြောင့် အသတ်ခံလိုက်ရတဲ့ သူတွေပဲ ”

“ နင် နားလည်ထားတာ ကောင်းပါတယ်၊ ငါတို့ အခု ထွက်သွားလို့ ရပြီလား ”

" အင်း သွားကြရအောင်။ "

လင်းယွန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး၊ လှိုဏ်ဂူအပေါက်ဝသို့ လျှောက်လှမ်းလာခဲ့သည်။

ဝှစ် ဝှစ်။

လှိုင်းထန်နေသော ယင်စွမ်းအင်များသည် ပတ်ဝန်းကျင်အား လွှမ်းခြုံသွားကာ၊ လင်းယွန်ထံသို့ တိုးဝင်လာလေသည်။

အိုး......။

လင်းယွန်က ရုတ်တရက် အခြေအနေကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ ကောင်းကင်ဘုံဖျက်စီးခြင်း နည်းစနစ်ကို ထုတ်ဖော်လိုက်သည်နှင့် ခရမ်းရောင်ပန်းပွင့်မှာ သူ့နောက်ကျောတွင် ကြီးမားသော ပုံရိပ်ယောင်ပန်းကြီးအဖြစ် ဖြည်းညှင်းစွာ ပွင့်လာသည်။ ၎င်းပန်းပွင့်ကြီးမှာ ယင်စွမ်းအင်များကို လျင်မြန်စွာ ဝါးမြိုလိုက်ပြီးနောက်၊ လင်းယွန်၏ ခန္ဓာကိုယ်ထဲသို့ လောင်းထည့်နေခဲ့ရာ၊ ကြီးမားသော ကန်တော့ခွက်ကြီးနှင့် တူလှပေသည်။

ထက်ရှသော ယင်စွမ်းအင်များမှာ ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်းပွင့်ထဲသို့ စိမ့်ဝင်သွား၏။ ခဏချင်းပင် ပန်းပွင့်ထဲ၌ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လာပြီး၊ ပို၍ သန်မာလာကာ၊ တစ်ချိန်တည်းတွင် ထက်ရှသော ယင်စွမ်းအင်များမှာ လင်းယွန်အတွက် အာဟာရတစ်ခု ဖြစ်လာပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးလာသည်။

“ သိပ်ကောင်းတယ်၊ ''

အိုင်းရစ်ဓားသုတ္တန်မှာ ဒုတိယအဆင့်သို့ ရောက်ရှိရန် အချိန်ကြာမြင့်တော့မည် မဟုတ်ပေ။ လင်းယွန်က ဝမ်းသာသွားသည်။ သူ၏ ရှန်ရှင်းဆေးလုံးများကို ဖြုန်းတီးစရာ မလိုတော့ပေ။

လေအေးများ ဆက်လက် တိုးဝင်လာသည်နှင့်အမျှ ရှေးဟောင်းသားရဲ တစ်ကောင်ကဲ့သို့ တုန်လှုပ်ချောက်ချားမှု ကင်းစွာ ရပ်တည်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ယန်စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူနေခဲ့ပြီး၊ အကန့်သတ်မဲ့ ဆာလောင်မှုများ ခံစားလိုက်ရသည်။

'' ........... ''

လေးနာရီကြာပြီးနောက် ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်းပွင့်မှာ ပွင့်ချပ်ခြောက်ချပ်မှ ဆယ့်နှစ်ချပ်အထိ ကြီးထွားလာကာ၊ ဝိညာဉ်စွမ်းအင်များသည်လည်း အရှိန်အဝါ နှင့်အတူ နှစ်ဆတိုးလာလေသည်။

" အိုင်းရစ်ဓားသုတ္တန်၏ ဒုတိယအဆင့်။"

အိုင်းရစ်ဓားသုတ္တန်မှာ လုံလောက်သော အရင်းအမြစ်များ ရှိခဲ့လျှင်ပင် ဒုတိယအဆင့်သို့ ရောက်ဖို့ရန် အနည်းဆုံး တစ်လခွဲလောက် အချိန်ယူရပေမည်။ သို့သော် ဤကောင်းကင်ဘုံဖျက်ဆီးခြင်း နည်းစနစ်၏ ဝါးမြိုစုပ်ယူ နိုင်စွမ်းအောက်တွင် ယင်းဓားသုတ္တန်အား နောက်တစ်ဆင့်သို့ ဆွဲခေါ်နိုင် ခဲ့လေသည်။

၎င်းနည်းစနစ်သည် အမှန်ပင် တားမြစ်ထားသော နည်းစနစ်တစ်ခုဖြစ်ပြီး ကောင်းကင်ဘုံ ဥပဒေသကိုပင် လွန်ဆန်နိုင်ပေသည်။ အမွှေးတိုင် မီးလောင်ကျွမ်းချိန် တစ်ဝက်ခန့် အကြာတွင် မျက်လုံးများကို ပြန်ဖွင့်လိုက်၏။

" လေတွေ ရပ်သွားတာလား"

လျင်မြန်သော အရှိန်အဟုန်ဖြင့် လေစီးကြောင်းများကို ဝါးမျိုနေမိသည်ကြောင့်၊ ပတ်ဝန်းကျင် လေစီးကြောင်းမှာ ပြန်လည် မဖြည့်တင်းနိုင်ခင် ပြတ်တောက် ကွာဟသွားခြင်း ဖြစ်သည်။

ယခု သူ့၌ ရွေးချယ်စရာနှစ်ခု ရှိပေသည်။ ၎င်းမှာ ယင်လေစီးကြောင်း အတွင်းမှ ထွက်ခွာသွားမည်လော၊ သို့မဟုတ် သိပ်သည်းဆ အမြင့်ဆုံးဖြစ်သော ချို့ဝှမ်းအောက်ခြေသို့ ဆင်းကာ၊ ယင်စွမ်းအင်များကို သွားရောက် စုပ်ယူမည်လော။

ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ချိုင့်ဝှမ်းအောက်သို့ ဆင်းရန် ဆုံးဖြတ်လိုက်သည်။ ယင်မူလ အရင်းအမြစ်များမှာ ရှားပါးလှပြီး၊ ပြင်ပကမ္ဘာတွင် ရှိလျှင်ပင် ၎င်းကို စုပ်ယူနိုင်ရန်အတွက် သူ့အလှည့်သို့ ရောက်လိုက်မည် မဟုတ်ပေ။

“ ဒီမှာ ခဏလောက်နေပြီး၊ အိုင်းရစ်ဓားသုတ္တန်ကို ကျင့်ကြံဖို့ ရည်ရွယ်ထားပါတယ်။ မင်းအရင် ထွက်သွားချင်ရင် မင်းကိုငါ လိုက်ပို့ပေးမယ် "

လင်းယွန်က သူ့အား ပြုံးလျက် စောင့်ဆိုင်းနေခဲ့သော ယွဲ့ဝေဝေကို ကြည့်လိုက်သည်။ သို့သော် ယွဲ့ဝေဝေမှာ ထွက်သွားရန် အလျင်လိုခြင်း မရှိခဲ့ပေ။

"ငါ နင်နဲ့ လိုက်ခဲ့မယ်။"

“ ဒါဆို သွားရအောင်။ ”

လင်းယွန်က ယွဲ့ဝေဝေ၏ လက်အားဆွဲလျက်၊ ချိုင့်ဝှမ်းအတွင်းသို့ ခုန်ချလိုက်သည်။

ထို့နောက်တွင် သူ၏ လက်ကျန် အချိန်များကို ယင်လေစီးကြောင်း၏ အသိပ်သည်းဆုံးနေရာ၌ စုပ်ယူကျင့်ကြံ နေတော့၏။

မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှ ထွက်ခွာပြီးနောက်၊ သူ၏ ကျင့်ကြံမှု အရှိန်မှာ နှေးကွေးခြင်း မရှိသော်လည်း မဟာချင်အင်ပါယာ၏ ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေပေ သေးသည်။ ဘိုင်လိရွှမ်၏ ကျင့်ကြံမှုအဆင့်သည် ရှန်ရှင်းသတ္တမအဆင့်တွင်သာ ရှိသော်လည်း နက်နဲသိုင်းသမား များပင်လျှင်၊ သူအား မည်သည့်အရာကိုမျှ ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ဤအခွင့်အရေး နှင့်အတူ၊ ကောင်းကင်ဘုံဖျက်ဆီးခြင်း နည်းစနစ်ကိုအသုံးပြုကာ၊ မဟာချင်အင်ပါယာ၏ အထက်တန်းလွှာများနှင့် တန်းညီလာစေရန် ကြိုးစားရပေမည်။

***

All Chapters