လေလံပွဲကို သွေးဖြင့်ဆေးကြောခြင်း။
Vol. 12 Ch. 161
အချိန် အတော်ကြာသည် အထိ နဂါးသွေး မြင်းမှာ ထွက်ပေါ်လာခြင်း မရှိခဲ့ သည်ကြောင့် မျက်နှာတစ်ပြင်လုံး မည်းမှောင်ပျက်ယွင်း သွားသည်။
နဂါးသွေးမြင်းနှင့် လင်းယွန်တို့မှာ သွေးစာချုပ် ချုပ်ဆိုကြခြင်း မရှိသော်လည်း ၎င်းတို့နှစ်ဦးသည် ဘဝ၏ သေခြင်း-ရှင်ခြင်းဆိုင်ရာ အခြေအနေများစွာကို အတူတကွ ဖြတ်ကျော်ပြီးနောက် အချင်းချင်း နားလည်ထားမှု ရှိခဲ့ကြသည်။
ထို့ကြောင့် ၎င်းတို့သည် မလှမ်းမကမ်းတွင် ရှိနေသရွေ့ သူ၏ တည်နေရာကို နဂါးသွေးမြင်း များမှ ခံစားသိရှိနိုင်မည် ဖြစ်သည်။
ယွဲ့ဝေဝေနှင့် သူ့အား မြင်း တစ်အုပ်ဖြင့် ဦးဆောင်ကာ ကယ်တင်လိုက်ပြီးနောက်၊ နဂါးသွေး မြင်းသည် အန္တရာယ်ရှိသော အခြေ အနေ၌ ကျန်ရှိနေခဲ့သည်။
'' လျှို့ဝှက် နယ်မြေ ထဲမှာ ပိတ်မိစရာ အကြောင်း မရှိပါဖူး၊ တကယ်တမ်းသာ ထွက်လာ နိုင်ခဲ့ရင်၊ ငါ့ကို စောင့်နေရမယ် မဟုတ်လား.....''
" အစ်ကိုလင်း...."
စိတ်ရှုပ်ထွေးနေချိန်မှာပင်၊ ရုတ်တရက် ရင်းနှီးသော ခေါ်သံတစ်သံကြောင့် လှည့်ကြည့် လိုက်ရာ၊ အကျွမ်းတဝင် ရှိသော လူတစ်ယောက်မှာ သူဆီသို့ လျှောက်လာ နေသည်ကို တွေ့လိုက်ရသည်။
ကျန်းယွီ။ ကောင်းကင် မီးလျှံ တောင်ထိပ်။
"ဟားဟားဟား အစ်ကိုလင်း၊ အဲဒါ မင်းတကယ်ပဲ မင်းကိုး... "
" ငါက ရင်းနှီးနေပါတယ်လို့ ထင်နေခဲ့တာ၊ မင်းတကယ် ဖြစ်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။"
ကျန်းယွီမှာ လင်းယွင်ကို တွေ့လိုက် ရသည့် အတွက် စိတ်လှုပ်ရှား သွားပုံရသည်။
“ အကိုကျန်း၊ လျှို့ဝှက်နယ်မြေက ထွက်လာကြတဲ့သူတိုင်း ထွက်သွားကြပြီ၊ မင်းက ဒီမှာ ဘာလုပ်နေတာလဲ "
လင်းယွန်က ပြုံးကာ မေးလိုက်သည်။
" လျှို့ဝှက်နယ်မြေထဲမှာ ဘိုင်လိရွှမ်နဲ့ အစ်ကို လင်းတို့ တိုက်ပွဲဖြစ်နေတုန်းက ငါရှိနေတယ်၊ ငါက အရမ်း အားနည်းနေလို့ မင်းကို မကူညီနိုင်ခဲ့ဘူး…”
ကျန်းယွီက ရှက်ရွံ့စွာ ခေါင်းကုတ် လိုက်သည်။
ထိုစကားကြောင့် လင်းယွန်၏ နှလုံးသား ထဲတွင် နွေးထွေးသော လျှပ်စီးကြောင်းများ စီးဝင်လာသလို ခံစားလိုက်ရပြီး ပြုံးလိုက်ကာ၊
" အကိုကျန်း မင်းက နှိမ့်ချ လွန်းပါပြီ၊ အဲ့ဒီတုန်းက မင်းသာ ကူညီမိရင် မင်းအသက် ဆုံးရှုံး ရလိမ့်မယ်၊ ဒီအတွက် ငါမင်းကို အပြစ် မတင် ပါဘူး "
လင်းယွန်မှာ ဤမျှ သဘောထားကြီး လိမ့်မည်ဟု မယုံကြည် ရဲခဲ့သော်လည်း၊ ၎င်းအား ထုတ်ဖော် အပြစ်တင်ခြင်း မရှိသဖြင့် ကျန်းယွီက သက်ပြင်းချသည်။
" ဒါပေမယ့် အဲဒီကတည်းက မင်းကို ငါမမြင်ရတော့ဖူး၊ ဘိုင်လိရွှမ်နဲ့ စီရွှယ်ယီတို့ရဲ့ ဖိအားပေး မှုကြောင့် ယင် လေစီးကြောင်း ထဲကို ခုန်ချသွား တယ်လို့ လူတိုင်းက ပြောနေ ကြတယ်။ ''
“ ဒါက အဆုံးသတ်လို့ ငါမထင်ခဲ့ဘူး၊ အစ်ကိုလင်းက ကောင်းကင်မီးလျှံ တောင်ထိပ် မှာတောင် လွတ်မြောက်နိုင်ခဲ့တာပဲ၊ ယင် လေစီး ကြောင်းက မင်းကို ဘယ်လိုလုပ် သတ်နိုင် မှာလဲ၊ ဒါကို သတ်သေပြချင်လို့ ငါမင်းကို ဒီမှာ စောင့်နေတာ။ "
သူတို့နှစ်ဦး မတော်တဆ သိကျွမ်းခဲ့ကြ သော်လည်း ကျန်းယွီမှာ ဖြောင့်မှန်သူ တစ်ဦး ဖြစ်ပြီး၊ သူ့ကို တစ်ကြိမ် ကယ်တင် ခဲ့ဖူးသော လင်းယွန်၏ သေဆုံးခြင်းကို သဘာဝ အတိုင်း မလိုလား ခဲ့ချေ။
ထို့ကြောင့် ၎င်းကို အတည်ပြုရန် ဤနေရာ၌ တစ်ကိုယ်တည်း စောင့်နေမိကာ လင်းယွန်အား အသက်ရှင်လျှက် ပြန်တွေ့လိုက် မှသာလျှင် စိတ်သက်သာရာ ရသွားသည်။
" ဒါနဲ့ ငါ့ရဲ့ နဂါးသွေးမြင်းကို မင်းမြင်ဖူးလား။"
နဂါးသွေးမြင်း အမည်ကို ကြားလိုက် သည်နှင့် ကျန်းယွီ၏ မျက်နှာမှာ ပြောင်းလဲ သွား သည်ကြောင့် လင်းယွန်က စိုးရိမ် သွားခဲ့သည်။
“ အကိုကျန်း ကျေးဇူးပြုပြီး ငါ့ကိုပြောပြပါ ”
“ လျှို့ဝှက်နယ်မြေ အတွင်းမှာ လူတော်တော် များများက မြင်းအုပ်ကြီးကြောင့် သေသွားကြတယ်၊ ဒါကြောင့် လူတိုင်းက နဂါးသွေး မြင်းကို မုန်းတီးမှုတွေနဲ့ ပြည့်နှက် ကုန်ကြတယ်၊ ... ”
“ ... လျှို့ဝှက်နယ်မြေ ပိတ်ခါနီးမှာ နဂါးသွေးမြင်းက ထွက်ပေါ် လာတာကို မြင်တာနဲ့၊ သိုင်းသမားအများစုက ဝိုင်းတိုက်ခိုက် ကြပေမယ့် မင်းရဲ့မြင်းက လူအုပ်ကြီးကို ဖြတ်သွားနိုင်ခဲ့တယ် "
" သူလွတ်သွား ပြီလား "
လင်းယွန်က ကျေနပ်စွာ ပြုံးလိုက်သည်။ အကယ်၍ နဂါးသွေးမြင်းမှာ ဝိုင်းရံခြင်းကို ဖြတ်ကျော်သွားပါက၊ ၎င်းအတွက် စိတ်ပူစရာ မလိုတော့ချေ။
“ မဟုတ်ဘူး…”
ကျန်းယွီက လေးနက်သော အသံဖြင့် ငြင်းဆန်လိုက်ပြီး ဆက်လက်၍၊
“ သူလွတ်သွားတဲ့အချိန်မှာပဲ ဘိုင်လိရွှမ်က ဟန့်တား အနိုင်ယူဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် အစ်ကိုလင်း၊ မင်းရဲ့ နဂါးသွေးမြင်းက တကယ်ကို ခေါင်းမာလွန်းတယ်၊ ဘိုင်လိရွှမ်ထံကနေ လက်ဖဝါးသုံးချက်ကို လက်ခံရရှိခဲ့ပြီးတာတောင် အညံ့ခံဖို့ ငြင်းဆန်ခဲ့တယ်....''
'' ဘိုင် လိ ရွှမ်။ ''
လင်းယွန်၏ နှလုံးသားမှာ ဒေါသဖြင့် တောက်လောင်သွားသည်။ ဘိုင်လိရွှမ်သည် မြင်းတစ်ကောင်ကို ဤမျှ ရက်စက်ဖို့ရန် သတ္တိ ရှိခဲ့သည်လော။ ထိုလက်ဖဝါးသုံးချက်မှာ မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်ရုံဖြင့် ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေခဲ့သည်။
" သူ ....ဘယ်မှာလဲ "
သတ်ဖြတ်လိုသော ရည်ရွယ်ချက်မှာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာ ခဲ့သည်။ ထိုဆန္ဒထံမှ နက်နဲတပိုင်း သိုင်းသမားများနှင့် နှိုင်းယှဉ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထုတ်လွှင့်လာ ခဲ့သည်။
ထိုဖိအားကို ခံစားရသောအခါ ကျန်းယွီမှာ စကားမပြော နိုင်လောက်အောင် ထိတ်လန့်သွားသည်။
ဤမြင်ကွင်းကြောင့် လင်းယွန်မှာ မျက်လုံးများ မှိတ်လျက် ငြိမ်သက်သွားခဲ့ပြီးနောက်၊ ခဏအကြာတွင် မျက်လုံးပြန် ဖွင့်လာကာ၊
“ ငါ .....တောင်းပန်ပါတယ်”
“ အဆင်ပြေပါတယ်၊ မင်းရဲ့ ခံစားချက်တွေကို ငါနားလည်နိုင်တယ်၊ ဘိုင်လိရွှမ်က နဂါးသွေးမြင်းကို ကန်ကျောက်ပြီး ထွက်သွားခဲ့တယ်၊ ဒါပေမယ့် သိပ်မကြာခင်မှာပဲ နက်နဲတပိုင်း သိုင်းသမားသုံးယောက်က မင်းမြင်းကို ဖမ်းဖို့ ရောက်လာတယ်…”
" အဲ့ဒီ သုံးယောက်က လေလွင့်သိုင်းသမားတွေပဲ၊ အပြာရောင်နေမင်းနိုင်ငံရဲ့ မိစ္ဆာသုံးဖော်လို့ လူသိများတယ်၊ သူတို့သုံးယောက်ပေါင်းရဲ့ ခွန်အားကြောင့်၊ သူတို့ကို နှိုးဆွဖို့ ဘယ်သူမှ မဝံ့ရဲကြပါဘူး။ ”
" မိစ္ဆာ သုံး ဖော်..... "
" ဟုတ်တယ်၊ မင်းက သူတို့ရဲ့ ရှေးဦးသားရဲ အမြုတေကို လုယူသွားတယ်လို့ သူတို့ပြောနေတာကို ငါကြားမိတယ်၊ ဒါကြောင့် သူတို့က အကြွေးပြန်ယူဖို့ နဂါးသွေးမြင်းကို ဖမ်းယူသွားကြတယ်... သူတို့ရဲ့ လေသံကို ကြည့်ရတာ၊ လေလံတင် ရောင်းချတော့မယ့် ပုံပဲ "
( ဒါဆို အဲ့ဒီ မြေခွေးအိုကြီး သုံးကောင်ပေါ့... )
" အစ်ကိုကျန်း၊ ဒီအကြောင်းကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါက ရှန်ရှင်းဆေးလုံး(၁၀၀၀)ပဲ၊ ငါရဲ့ လက်ဆောင်လို့မှတ်ယူပေးပါ ”
လင်းယွန်က သူ့အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ ကျန်းယွီအား ပေးလိုက်သည်။ ဤနေရာ၌ ကျန်းယွီကသာ သူ့ကို စောင့်မနေခဲ့ပါက၊ နဂါးသွေးမြင်း၏ သတင်းကို ရရှိနိုင်မည် မဟုတ်ချေ။
“ ဒါကို ငါ လက်မခံနိုင်ဘူး အစ်ကိုလင်း၊ မင်းက ငါ့အသက်ကို ကယ်ခဲ့ဖူးတယ်၊ မဟုတ်လား ''
ကျန်းယီက ချက်ချင်းငြင်းလိုက်သည်။
" အဆင်ပြေပါတယ် ယူပါ၊ ငါက ကျေးဇူးတရားနဲ့ အမုန်းတရားတွေကို အမြဲ ရှင်းလင်းထားတက်တယ်၊ ဒီတစ်ခါတော့ အစ်ကိုကျန်းကို တကယ် ကျေးဇူးတင်ပါတယ်။"
လင်းယွန်က ကျောက်စိမ်းပုလင်းကို ကျန်းယွီဆီသို့ တွန်းလိုက်သည်။ ကျန်းယွီက ဆက်လက် ငြင်းဆန်မနေတော့ပဲ၊ လက်ခံလိုက်ကာ၊
“အစ်ကိုလင်း၊ မင်းက အပြာရောင်နေမင်းနိုင်ငံကို သွားမို့လား၊ သွေးတိမ်ဂိုဏ်းနဲ့ ရွှေမီးတောက်ဂိုဏ်းက အဲ့ဒီမှာဆို အရမ်းသန်မာကြတယ် ”
အာဏာရှင် ဂိုဏ်းငယ်သုံးဂိုဏ်းသည် အပြာရောင်နေမင်း နိုင်ငံတစ်လျှောက် သူတို့၏လက်တံများကို ဖြန့်ကျက်နိုင်ခဲ့သည်ဖြစ်ရာ၊ ၎င်းတို့သည် မည်မျှ အားကောင်းလှသည်ကို စိတ်ကူးကြည့်နိုင်သည်။
" ငါ သိပါတယ်၊ ဒါပေမယ့် ငါသွားရမယ် "
လင်းယွန်၏ မျက်လုံးများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် စူးရှလာသည်။ အပြာရောင်နေမင်းနိုင်ငံတွင် သေခြင်းတရားသည် သူ့အား စောင့်ဆိုင်းနေမည် ဆိုလျှင်ပင် ရောက်အောင် သွားရပေမည်။
လင်းယွန်၏ ပြတ်သားနေသော ပုံသဏ္ဌန်ကို ကြည့်ကာ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
ကောင်းကင်မီးလျှံတောင်ထိပ်တွင် ဤသို့သော အမူအယာမျိုး ဖြစ်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်မှ နိမ့်ချစော်ကားခြင်းကို လျစ်လျူရှုကာ၊ မီးတောင်အတွင်းသို့ ခုန်ချသွားခဲ့သည်။ သေချာပေါက် သေဆုံးသွားလိမ့်မည်ဟု ယူဆထားကြသော်လည်း ကောင်းစွာ ရှင်သန်နိုင်ပြီး၊ သူ၏နာမည်ကို အပြာရောင် နေမင်းနိုင်ငံ၌ တည်ဆောက်ထားနိုင် ခဲ့သည်။ ယခု အချိန်တွင် သူ့အား မည်သူမျှ လျှော့မတွက်ရဲတော့ပေ။
အပြာရောင်နေမင်းနိုင်ငံသည် မဟာချင်အင်ပါယာ၏ နယ်စပ်တွင် တည်ရှိသောကြောင့် အလှုပ်ခတ်ဆုံး မြို့တော်တစ်ခုအဖြစ် ကျော်ကြားလှကာ၊ တောတွင်းဥပဒေကို လွန်ကဲစွာ ကျင့်သုံးကြသော နယ်မြေလည်း ဖြစ်သည်။
အပြာရောင်နေမင်းနိုင်ငံ၏ 'မြောက်ဘက်ဆုံမှတ်ရင်ပြင်'တွင် မှောင်ခိုဈေးကွက် ရှိသည်။ ၎င်းနေရာတွင် စုဝေးကြသော လူအများစုမှာ လမ်းလွဲကျင့်ကြံသူများ ဖြစ်ကြပြီး၊ အမြဲလှုပ်ခတ်နေသော နေရာ ဖြစ်ပေသည်။
လျှို့ဝှက်နယ်မြေမှ ရှန်ရှင်းကျင့်ကြံသူများ ပြန်လည် ရောက်ရှိလာသဖြင့် ဤမှောင်ခိုဈေးကွက်သည် တဖန် စည်ကားလာခဲ့သည်။ ရှန်ရှင်းနယ်ပယ်မှ သိုင်းသမား အများအပြားမှာ ရှားပါးရတနာများ ရောင်း၊ဝယ်ရန် လာရောက် စုရုန်းနေခဲ့သောကြောင့် ဖြစ်သည်။
မရေမတွက်နိုင်သော ထိုင်ခုံများဖြင့် ဝန်းရံထားသော မြောက်ဘက်ဆုံမှတ်ရင်ပြင်၏ ဗဟိုတွင် လေဟာပြင် လေလံပွဲတစ်ပွဲ ရှိနေခဲ့သည်။ စင်မြင့်ပေါ်တွင် ဒဏ်ရာများဖြင့် ပြည့်လျှံနေသော နဂါးသွေးမြင်းတစ်ကောင် ရှိ၏။ ၎င်းမြင်းသည် ကြာပွတ်ဒဏ်ကြောင့် အရေပြား စုတ်ပြဲသွားကာ သွေးများစီးကျနေပြီး၊ မြင်ရသူတိုင်းကို စိတ်မသက်မသာ ဖြစ်လာစေသည်။
ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော နဂါးသွေးမြင်းမှာ ယခင်ကကဲ့သို့ ၎င်း၏ စွမ်းအင် စီးဆင်းမှုများမှာ ဟန်ချက် မညီတော့ပေ။ ဤမြင်ကွင်းကြောင့် လူအများမှာ ဒေါသထွက်လာခဲ့ကြပြီး၊
“ မြောက်ဘက်ဆုံမှတ်ရင်ပြင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ဝက်သေတစ်ကောင်လို မြင်းမျိုးကို လေလံတင်ရောင်းချပြီး ဒီမှာ ရှုပ်ချင်နေတာလား ”
“ အဲဒါက သာမာန်မြင်းတစ်ကောင်တော့ မဟုတ်ဘူး၊ လျှို့ဝှက်နယ်မြေထဲမှာ ပဉ္စမနဲ့ ဆဌမအဆင့် ကျင့်ကြံသူ အများအပြားကို ဒဏ်ရာရရှိစေတဲ့ နတ်ဆိုးသားရဲကောင်ပဲ... သူ့သခင်က လင်းယွန် ”
" လင်းယွန်ကိုသိလား ... သူက သွေးတိမ်ဂိုဏ်းနဲ့ ရွှေမီးတောက်ဂိုဏ်းကို ခြိမ်းခြောက် လုယူဝံ့ တဲ့သူပဲ၊ ဘိုင်လိရွှမ်ကိုတောင် အပြစ်ပြုရဲတယ်.....”
" ဒီသားရဲက ဘယ်လောက်တောင် သန်မာလိုက်လဲ၊ ဘိုင်လိရွှမ်က သူ့ကို အညံ့ခံစေချင်ပေမယ့် ဒီမြင်းက အပြင်းအထန် ရုန်းကန်နိုင် ခဲ့တယ်၊ သူ့မှာ အစွမ်းထက်တဲ့ မျိုးဆက်သွေးရှိနေပုံပဲ၊ နဂါးသွေးမြင်းတွေထဲမှာမှ မျိုးကွဲတစ်ကောင်ပဲ၊ သူ့ကို အညံ့ခံအောင် မလုပ်နိုင်ရင်တောင်၊ သတ်စားလိုက်ရရင်လည်း မဆိုးပါဘူး”
" မင်းတကယ်ပြောနေတာလား "
“ ဒါပေါ့ လူတော်တော်များများက သူတို့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ဖူးတာပဲ၊ ဘယ်လိုလုပ် အလိမ်အညာ ဖြစ်နိုင်မလဲ၊ မိစ္ဆာသုံးဖော်က ဒါကြောင့် အကျိုးရှိရှိ အသုံးချလိုက်တာ....လင်းယွန်က ယင်လေစီးကြောင်းထဲမှာ သေဆုံးသွားတာ သနားစရာပဲ”
" အင်း..... သူက ဘိုင်လိရွှမ်ကို ရန်စဖို့တောင် သတ္တိရှိတယ်လား၊ လေးစားစရာပဲ "
လင်းယွန်၏အမည်ကို ထုတ်ဖော်ပြောဆို သောအခါတွင် အလေးအနက် ဟန်များ ထွက်ပေါ်လာသည်။ အပြာရောင်နေမင်းနိုင်ငံတွင် လင်းယွန်၏ အကြောင်းကို မကြားဖူးထားသူ တစ်ယောက်မျှ မရှိချေ။
ယနေ့ လေလံပွဲတွင် လူများစွာကို ဆွဲဆောင်နိုင်ရသော အကြောင်းရင်းမှာ ဤနဂါးသွေးမြင်းသည် လင်းယွန်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသောကြောင့် ဖြစ်သည်။
“အားလုံးပဲ ငြိမ်သက်ပေးကြပါ ”
နှုတ်ခမ်းမွှေးနှစ်စကို ကော့ညွှတ်အောင် ပုံသွင်းထားရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ စင်မြင့်ပေါ်သို့ တက်ရောက်လာပြီး၊ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာ ရှန်ရှင်း နယ်မြေ၏ သတ္တမအဆင့်တွင် ရှိသော်လည်း၊ သိုင်းသမားတစ်ယောက် ဆိုသည်ထက် ကုန်သည်တစ်ယောက်၏ သွင်ပြင်နှင့် ပိုတူပေ၏။
" ဒီမြင်းရဲ့ဇာစ်မြစ်ကို လူတိုင်းသိသင့်တယ်မဟုတ်လား.... ဒါက နဂါးသွေးမြင်းတွေထဲက မျိုးကွဲ သားရဲတစ်ကောင်ပဲ၊ နက်နဲနယ်ပယ်ကိုတောင် ခြေချ ကြီးထွားလာ နိုင်တယ်၊ အပြာရောင်နေမင်းနိုင်ငံရဲ့ သတ္တမအဆင့် သိုင်းသမားတွေတောင်မှ ဒီသားရဲကို မထိန်းချုပ်နိုင်ဖူး ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလိုက်သော်လည်း လူအုပ်ကြီးမှာ ရယ်မောလိုက် ကြသည်။
" မှန်တယ်၊ မင်းမြင်းကို ကြည့်စမ်း... အသက်တောင် ရှင်နိုင်ပါ့ဦးမလား"
“ ဟုတ်တယ် ဘိုင်လိရွှမ်ဆီကနေ လက်ဝါးသုံးချက် လက်ခံရယူခဲ့တာကို ငါကိုယ်တိုင် တွေ့ ခဲ့ရတာပါ။”
“ လက်ရှိ ဒဏ်ရာတွေအရ သူ့ဘဝ တစ်ဝက်လောက်က သေသွားပြီ၊ မြင်းသေတစ်ကောင်ကို ပြန်ဝယ်ဖို့ ဘာကြောင့် စိတ်ရှုပ် နေရတာလဲ ''
လူအုပ်ကြီးထံမှ ရယ်မောလှောင်ပြောင် သံများကြောင့်၊ လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့နှုတ်ခမ်းမွေးကို ပွတ်သတ်လိုက်ပြီး၊ ပြုံးလိုက်ကာ အစေခံတစ်ဦးထံမှ အနီရောင်အ၀တ်ဖြင့် အုပ်ထားသော ကြာပွတ်တစ်ချောင်းကို ချက်ချင်း ဆွဲယူလိုက်သည်။
'' ..... အားလုံးပဲ၊ ဒီကောက်ကျစ်တဲ့ သားရဲရဲ့ ကြောက်မက်ဖွယ် အစွမ်းကို ငါပြပါရစေ။"
'' ရွှမ်း........ရွှမ်း ''
ကြာပွတ်ကျရောက်သွားသည်နှင့် သွေးများဖြင့် ငြိမ်သက်နေခဲ့သော နဂါးသွေးမြင်း၏ အရေပြားမှာ မီးစများ တောက်လောင်လာပြီး၊ နတ်ဆိုးရောင်ဝါများ လွင့်ပျံသွားသည်။
နဂါးသွေးမြင်း၏ မျက်လုံးများမှာ နီရဲတောက်ပလာပြီး ထရပ်ရန် ရုန်းကန်လိုက်သော်လည်း တုပ်နှောင်ထားသော ကြိုးများက အသားထဲ နစ်မြုပ်သွားသည်ကြောင့် အသည်းခိုက်အောင် နာကျင်သွားကာ၊ ပြန်လည် လဲကျသွားသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက နဂါးသွေးမြင်း၏ ရုန်းကန်မှုကို အော်ငေါက်လိုက်ပြီး၊ ကြာပွတ်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။
" ဘာရောင်ဝါလဲ.....ဒီမြင်းမှာ စွမ်းအင်တွေ အများကြီး ကျန်သေးတယ်လား ”
" ဘိုင်လိရွှမ်တောင် မယဉ်ပါး နိုင်ခဲ့တာ အံ့သြစရာတော့ မဟုတ်ဖူး"
ပရိသတ်ထံမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်နှင့် ထိုင်ခုံများတစ်နေရာရှိ အဖိုးအို သုံးယောက်မှာ ပြုံးရယ် လိုက်ကြသည်။ ဤနဂါးသွေးမြင်းကို မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချနိုင်မည်ကို သူတို့ သိရှိလိုက်၏။
အနည်းငယ်ကြာပြီးနောက်၊ ပြင်းထန်သော နာကျင်မှုကြောင့် နဂါးသွေးမြင်းမှာ ပြန်လည်ငြိမ်သက် သွားခဲ့သည်။
" ဟမ်... နာကျင်မှုမရှိရင် ဘယ်လိုပြုမူရမှန်း မသိဖူး မဟုတ်လား ''
လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စွာ အော်ဟစ်လိုက်ပြီး၊ ကြာပွတ်ကို ပြန်လည်ရုတ်သိမ်းနေခဲ့ရာ၊ ကြာပွတ်တွင် အချွန်အတက်များဖြင့် ဖုံးအုပ်ထားသည်ကို တွေ့မြင်လိုက်ရသည်ကြောင့်၊ နဂါးသွေးမြင်းမှာ အဘယ်ကြောင့် ဤမျှ နာကျင်ရသည်ကို သိရှိသွားကြသည်။
" ......ဒါဆို လေလံပွဲ စလို့ရပြီလား "
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြုံးရွှင်ရွှင်ဖြင့် လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။
" အသက်တစ်ချောင်းကို စီမံရဲရအောင် မင်းကိုယ်မင်း ဘယ်သူထင်နေလဲ "
သို့သော် အလွန်အေးစက်သော အသံတစ်သံမှာ အရိုးများထိတိုင် တိုးဝင်လာပြီး၊ သတ်ဖြတ်လိုသော ဆန္ဒများဖြင့် လေလံပွဲကို ဖုံးအုပ် ပြစ်လိုက်လေသည်။
“ ဘယ်သူက မြောက်ဘက်ဆုံမှတ်မှာ ပြဿနာ လာရှာရဲတာလဲ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြန်လည်ခြိမ်းခြောက် အော်ဟစ်လိုက်ပြီး၊ ပျံသန်းလာသော အသံပိုင်ရှင် လူရိပ်ထံသို့ ခေါင်းမော့ ကြည့်လိုက်လေသည်။
***