← Chapters

ငါ ပြန်လာပြီ။

Vol. 12 Ch. 162

ငါ ပြန်လာပြီ။

Vol. 12 Ch. 162

မြောက်ဘက်ဆုံမှတ်ရှိ လေထုသည် ရုတ်တရက် အေးခဲသွားပြီး လေလံပွဲ၌ ပါဝင်သူ အားလုံးကို တိတ်ဆိတ်သွား စေခဲ့သည်။

မြောက်ဘက်ဆုံမှတ်ရင်ပြင်မှာ အပြာရောင်နေမင်းနိုင်ငံ၏ မှောင်ခိုစျေးကွက်ကို ထိန်းချုပ်ထားပြီး ၎င်းတို့နောက်ကွယ်ရှိ အင်အားများသည် အာဏာရှင် ဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းခွဲများထက် အားနည်းခြင်း မရှိပေ။

သို့သော် သက်လတ်ပိုင်း အရွယ် အမျိုးသား မှာမူ အသံ ပိုင်ရှင်ထံမှ ကြောက်မက်ဖွယ် ကောင်းသော အကြည့်များနှင့် သတ်ဖြတ်ခြင်း ဆန္ဒ အချို့ကြောင့် ချွေးများ စီးကျလာ ခဲ့သည်။

ဝှစ် ။

အသံပိုင်ရှင်မှာ မဆိုင်း မတွပင် လေလံပွဲ စင်မြင့် ပေါ်သို့ အားယူ ခုန်တက်သွားသည်။

“ မြောက်ဘက် ဆုံမှတ်က မင်းရဲ့ နောက်ဆုံး ခရီးပဲ၊ မရဏ ခုံရုံးကို ဒီနေ့ ငါပို့ ပေးရ သေးတာပေါ့၊ သူ့ကို တားလိုက်စမ်း "

လူလတ်ပိုင်း အရွယ် အမျိုးသားက အော်ဟစ် အမိန့်ပေး လိုက်သည်နှင့် တပြိုင်နက်၊ ဆဋ္ဌမ အဆင့် ကျင့်ကြံသူ လေးယောက် ထွက်ပေါ် လာပြီး၊ ထိုလူရိပ်အား ဟန့်တားလိုက် လေသည်။

“ ဖယ် စမ်း ....”

ထိုလူရိပ်ထံမှ ဟစ်အော် လိုက်သံ နှင့်အတူ သူ၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာ ပြီးနောက်၊ လက်သီးဖြင့် ပြန်လည် ထိုးချလိုက် သည်ကြောင့် လက်သီးတွင် ပါဝင်လာသော ဓားရောင်ဝါ များမှာ ဆဋ္ဌမ အဆင့် ကျင့်ကြံသူ များကို လွှမ်းခြုံသွားကာ၊ သွေးများ စီးကျလျှက် လွင့်စင်သွား စေ တော့သည်။

'' ဗုန်း....... ဝုန်း ဝုန်း ''

သူတို့လေးယောက်သား လွင့်စင်သွားရာ လမ်းကြောင်းပေါ်ရှိ ဧည့်သည်များမှာ အချိန်မီ မရှောင်တိမ်း နိုင်လိုက်သည့် အတွက် ရောပါ လဲကျ ကုန်လေပြီ။

လေလံပွဲတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ၊ လူအုပ်ကြီးမှာ မျက်နှာများ ပြောင်းလဲ သွားပြီး တချိန်တည်း မတ်တပ်ထရပ် လိုက်ကြသည်။

သက်လတ် ပိုင်းရွယ် အမျိုးသား၏ မျက်လုံးများ ထဲတွင် ကြောက်ရွံ့မှုများ တဖျပ်ဖျပ် ခတ်လာကာ စင်အောက်သို့ ခုန်ချ လိုက်၏။

" မင်း ပြေးလို့ လွတ်မယ်ထင်လား"

ထိုလူရိပ်မှာ လေလံပွဲ စင်မြင့် ပေါ်သို့ ဆင်းသက် လာပြီး၊ အရှိန်အဝါကို ထုတ်ဖော် လိုက်သည်နှင့်၊ အရှိန်အဝါ၏ ဖိနှိပ်မှု ဒဏ်ကြောင့် လူလတ်ပိုင်း အရွယ် အမျိုးသားကို စိမ့်တွင်းထဲသို့ ကျသွားသကဲ့သို့၊ မျက်နှာတစ်ပြင်လုံး နီရဲလာပြီးနောက်၊ အသက်ရှူ ကျပ်သွားကာ၊ ရှေ့မတိုးနိုင်ပဲ ရပ်တန့် သွားတော့၏။

" ငါရဲ့ကောင်းကင်.... ဒါက လင်းယွန် ပဲ ”

"လင်းယွန် ဒါ ဘယ်လိုဖြစ်နိုင်မလဲ၊ ဘိုင်လိရွှမ်က ယင်လေစီးကြောင်းထဲကို အတင်းဝင်ခိုင်းခဲ့တာ မဟုတ်ဘူးလား။

" အဲဒါ လူယုတ်မာကောင်ပဲ "

မိစ္ဆာသုံးဖော်၏ မုန်းတီးမှုများမှာ အရိုးထဲထိတိုင် နစ်မြုပ် နေခဲ့လေပြီဖြစ်ရာ၊ အဝေးမှ မြင်လိုက်ရုံဖြင့်ပင် လင်းယွန်ကို ချက်ချင်း မှတ်မိသွားကြသည်။

အပြာနှင့် အဖြူရောင်ကို ပေါင်းစပ်ဝတ်ဆင်ထားပြီး၊ ဓားသေတ္တာကို ပိုးလွယ်ထားခဲ့သော လူငယ်လေးမှာ၊ အချိန်အနည်းငယ်အတွင်း အပြာရောင်နေမင်းနိုင်ငံ တစ်နိုင်ငံလုံးအား လှုပ်ခတ်သွား စေသည်အထိ၊ သူ၏နာမည်ကို တည်ဆောက်ထား နိုင်ခဲ့လေပြီ။

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် မြောက်ဘက်ဆုံမှတ် ရင်ပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။

" ဒါက လင်းယွန်လား "

" ဟုတ်တယ် အဲ့ဒါ သူပဲ၊ လျှို့ဝှက်နယ်မြေမှာ ရွှေမီးတောက်ဂိုဏ်းနဲ့ သွေးတိမ်ဂိုဏ်း ဆီကနေ ရှန်ရှင်းဆေးလုံးတွေ လုယူနေတာကို ငါတွေ့ခဲ့ဖူးတယ် ”

“ သူက ဘာအတွက် ရောက်လာရတာလဲ၊ သွေးတိမ်ဂိုဏ်းနဲ့ ရွှေမီးတောက်ဂိုဏ်းရဲ့ ဌာနခွဲတွေ ဒီနားမှာရှိတာကို သူမသိဘူးလား၊ မြောက်ဘက်ဆုံမှတ်က သူရဲ့ မရဏလမ်း ဖြစ်လာမှာကို ငါကြောက်မိတယ်။ ''

“ အဲဒါ မသေချာသေးပါဘူး၊ ဘိုင်လိရွှမ်ကိုတောင် သူက စော်ကားဝံ့သူပဲ၊ ဒီကို လာဖို့ ခိုင်လုံတဲ့ သတ္တိရှိနေလို့ပေါ့။”

" သူက မိုးကောင်းကင်ယဇ်ပလ္လင်မှာတောင် ဘိုင်လိရွှမ်နှင့် စီရွှယ်ယီတို့ကို အနိုင်ယူနိုင် ခဲ့တယ်လို့ ငါကြားထားတယ်။"

" ဒါတော့အမှန်ပဲ၊ နက်နဲအဆင့် ရှေးဟောင်းသိုင်းကျမ်းကိုလည်း ရရှိခဲ့သေးတယ်၊ သူက အရမ်းသန်မာပြီး လျှော့တွက်လို့ မရဘူး၊ ဒီမှာဆက်နေပြီး ကစားပွဲလေးကို ဆက်ကြည့်ရအောင်…”

လင်းယွန်နှင့် ပတ်သတ်သော သတင်းများမှာ အပြာရောင်နေမင်းနိုင်ငံ အနှံ့ ပျံ့နှံ့နေခဲ့ပြီး၊ သေဆုံးသွားပြီဟု လူတိုင်းပြောဆို နေခဲ့ကြသော်လည်း အသက်ရှင်လျှက် တွေ့လိုက်ရသောအခါ တုန်လှုပ်သွားကြသည်။

တစ်ချိန်တည်းမှာပင် စင်မြင့်ပေါ်၌ မတ်တပ်ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားမှာ အသက်ရှုကြပ်ကာ ကြမ်းပြင်ပေါ်သို့ တအိအိ လဲကျသွားခဲ့သည်။

" လွန်ခဲ့တဲ့ တစ်စက္ကန့်လောက်က မြင်းတစ်ကောင်ကို သေလုမြောပါး ရိုက်နှက်ပြပြီး၊ အရမ်းသန်မာခဲ့တာ မင်း... မဟုတ်ဘူးလား၊ ဟမ်...''

သူ၏အသံမှာ တုန်ယင်နေခဲ့ပြီး၊ ပြင်းထန်လှသော သတ်ဖြတ်လိုခြင်း ဆန္ဒများ ပါရှိနေပေသည်။

ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာပြီးနောက် သွေးအလိမ်းလိမ်းဖြင့်၊ လဲကျနေခဲ့သော နဂါးသွေးမြင်းကို မြင်လိုက်ရသည်နှင့် မည်မျှ နာကျင်ခဲ့ရသည်ကို စိတ်ကူး ကြည့်နိုင်ခဲ့သည်။

"ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ၊ ငါက အမိန့်အောက်မှာပဲ ရှိနေရတာပါ၊ သခင်လေးလင်း ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပြုပါ "

နဂါးသွေးမြင်းအား ကြည့်လျှက် လင်းယွန်မှာ ဒေါသများ ပျောက်ကွယ်သွားပြီး သတ်ဖြတ်လိုသော ဆန္ဒများသာ အစားထိုး ဝင်ရောက်လာကာ၊ ကြမ်းပြင်၌ လဲကျ တောင်းပန် နေခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားကို ငုံ့ကြည့်လိုက်သည်။

" ငါ့..... မေးခွန်းကို မင်း မဖြေရသေးဖူး၊ မဟုတ်လား "

လင်းယွန်က အေးစက်စွာ ရေရွတ်လိုက်ပြီးကြာပွတ်ကို လှမ်းယူကာ လေထုထဲသို့ ရွှမ်းခနဲမြည်အောင် ရိုက်နှက်ပြ လိုက်သည်။

ထို့နောက်တွင် ကြာပွတ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လူလတ်ပိုင်းအရွယ် အမျိုးသားကို မနားတမ်း ရိုက်နှက်လိုက်တော့သည်။

ရွှမ်း........

ရွှမ်း...........

ရွှမ်း............။

" မင်းလူယုတ်မာ၊ သတ္တိရှိရင် ငါ့ကို သေအောင် ရိုက်စမ်းပါ၊ မင်းက ဒီမြောက်ဘက်ဆုံမှတ် ရင်ပြင်ကနေ ဘယ်လို အသက်ရှင်လျှက် ထွက်သွားနိုင်မလဲဆိုတာ ငါကြည့်မယ်။ ”

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာမှာ နာကျင်ကိုက်ခဲမှုကြောင့် ပျက်ယွင်းသွားပြီး၊ နောက်ဆုံး မျှော်လင့်ချက်အဖြစ် လင်းယွန်ကို ခြိမ်းခြောက် လိုက်မိလေသည်။

“ ဒီအတွက် မင်း....စိတ်ပူစရာမလိုပါဘူး၊ ဒီနေ့ မင်းကို ဘယ်သူမှ ကယ်လို့ မရနိုင်တာတော့ သေချာပါတယ် ”

လင်းယွန်က အေးစက်စွာ ပြန်ဖြေလိုက်ပြီး ကြာပွတ်ကို နောက်တစ်ကြိမ် ထပ်မံ လွှဲယမ်းလိုက်ချိန်မှာပင်၊ အော်ဟစ် ဟန့်တားသံနှင့်အတူ ပြင်းထန်သော အရှိန်အဝါတစ်ခုမှာ ပတ်ဝန်းကျင်ကို လွှမ်းခြုံလာလေသည်။

" ရပ် စမ်း.... "

ဝှစ်...... ဝှစ် ။

တစ်ချိန်တည်းမှာပင်၊ ရှန်ရှင်း သိုင်းသမားများစွာ ထပ်မံရောက်ရှိလာကာ၊ မျက်စိတစ်မှိတ်အတွင်း လေလံရင်ပြင်ကြီး တစ်ခုလုံးကို ဝိုင်းရံလာခဲ့သည်။

မျက်ခုံးကို ပင့်တင်လိုက်ပြီး၊ လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြာပွတ်ဖြင့် တုပ်နှောင်လိုက်ကာ၊ အော်ဟစ် ဟန့်တားလာသူထံသို့ မော့ကြည့်လိုက်သည်။ နက်နဲတပိုင်း သိုင်းသမားတစ်ဦးမှာ ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်လျှက် လျှောက်လှမ်းလာနေသည်ကို တွေ့မြင်လိုက်ရသည်။

ထိုသိုင်းသမားကြီးသည် ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ၊ စင်မြင့်ပေါ်ရှိလင်းယွန်ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့လေပြီ။

" မြောက်ဘက်ဆုံမှတ်သခင်က ဒီမှာပဲ...."

" ဒီလေလံပွဲကို ငါလာဖြစ်နေတာ နှစ်အတော်ကြာနေပြီ၊ ဒါပေမယ့် မြောက်ဘက်ဆုံမှတ်သခင်ကို လူကိုယ်တိုင်တွေ့တာ ဒါပထမဆုံးအကြိမ်ပဲ "

" သူဟာ နက်နဲနယ်ပယ်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ ငါကြားတယ်၊ ကြည့်ရတာ ဒီသတင်းက အတုအယောင် မဟုတ်ဘူးပဲ ”

ပတ်ဝန်းကျင် လေထုမှာ ရုတ်တရက် တင်းကျပ်လာသည်။

မြောက်ဘက်ဆုံမှတ်သခင်က၊

'' အသက်အရွယ်နဲ့ ယှဉ်ရင် မင်းရဲ့ မောက်မာမှုက ပိုကြီးရင့်ပုံပဲ၊ သူ့ကို ချက်ချင်းလွှတ်ပြီး ရှန်ရှင်းဆေးလုံး (၁၀,၀၀၀)ချန်ထားခဲ့ပါ၊ မဟုတ်ရင် မင်း ဒီနေ့ မြောက်ဘက်ဆုံမှတ်ကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူးလို့ ငါအာမခံတယ်။"

" မင်းက ငါ့စကားကို နားမလည် သေးဘူးလား "

လင်းယွန်က အေးစက်စွာ ပြန်ဖြေလိုက်၏၊ တစ်ဆက်တည်းမှာပင် သူခြေထောက်အောက်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရင်ဘက်ကို နင်းချေလိုက်ကာ အတွင်းအင်္ဂါများကို ကွဲအက် သေဆုံးသွား စေခဲ့သည်။

" မင်း........လုပ်ဝံ့သလား "

လင်းယွန်က သူ့ရှေ့မှာပင် လူသတ်နေသည်ကို မြင်လိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွား၏။

နဂါးသွေးမြင်းကို ညှဉ်းပန်း နှိပ်စက်ပြီးနောက် ထိုသူသည် သေကို သေရပေမည်။

" ဒီနေ့ သူ့ကို ဘယ်သူမှ မကယ်တင်နိုင်ဘူးလို့ ငါပြောထားပြီးသား မဟုတ်လား "

လင်းယွန်က ပေါ့ပေါ့ပါးပါး ရေရွတ်လိုက်သည်။

"မင်းက မင်းရဲ့သေမင်းကို ဖိတ်ခေါ်နေတာပဲ၊ သွားစမ်း "

မြောက်ဘက်ဆုံမှတ်သခင်က အော်ဟစ်လျှက် နက်နဲနယ်ပယ်သို့ ရောက်လုနီးနီး အရှိန်အဝါများကို အကန့်အသတ်အထိ တွန်းထုတ်လိုက်လေသည်။

'' .............. ''

" သူက ရူးနေတာလား၊ ပဉ္စမအဆင့် သိုင်းသမားလေးတစ်ယောက်က တကယ်ပဲ နက်နဲတပိုင်း သိုင်းသမားတစ်ယောက်ကို တိုက်ခိုက်ဖို့ သတ္တိရှိနေတာလား။

မြောက်ဘက်ဆုံမှတ်သခင်က ပျံသန်းလာသည်နှင့်အမျှ သူ၏ ဝိညာဉ်စွမ်းအင်များသည် ခန္ဓာကိုယ်အတွင်းတွင် တဟုန်ထိုး လှည့်ပါတ်လာပြီး၊ သူ့လက်ဖဝါးဆီသို့ စီးဝင်လာကာ၊ ကြောက်စရာကောင်းသော လေခွင်းသံများ ထွက်ပေါ်လာသည်။

“ကောင်းကင်ကို ကွဲအက်စေသော လက်ဖဝါး ”

ဝုန်း..ဖုန်း ဖုန်း ။

ထိုမျှ ကြောက်စရာကောင်းသော လက်ဖဝါးကြီး ထွက်ပေါ်လာသောအခါတွင် လေထဲ၌ ပေါက်ကွဲသံများ ဆက်တိုက် မြည်ဟိန်းလာသည်။

၎င်းလက်ဖဝါးကြီးမှာ လင်းယွန်ဆီသို့ ရောက်ရှိခါနီးတွင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားပြီး ကောင်းကင်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။

သူတို့၏ ကျင့်ကြံမှုများအရ အဆင့်နှစ်ဆင့် တိတိ ကွာဟသော ဖိနှိပ်မှုအောက်တွင် လင်းယွန်မှာ လှုပ်ရှားနိုင်မည် မဟုတ်ကြောင်း သေချာပေါက် သိရှိထားသည်။

'' ဒါက မင်းရဲ့ အသန်မာဆုံး လှုပ်ရှားမှုလား။ ''

သို့သော် လင်းယွန်က ဤတိုက်ခိုက်မှုကို လှောင်ပြောင်လိုက်ပြီး၊ သူ၏ ခရမ်းရောင်ပန်းပွင့်ကို ဒါန်တမ်အတွင်းတွင် စတင် ပွင့်အာစေလိုက်သည်။

'' ရွှီး.......... ''

တစ်ဆက်တည်းမှာပင် ပြင်းထန်လှသော ဓားရောင်ဝါသည် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက် ပေါ်လာပြီးနောက် မြောက်ဘက်ဆုံမှတ်သခင်၏ ပိတ်ဆို့ထားသော အရှိန်အဝါကို ထိုးဖောက်ပြစ် လိုက်၏။

လက်သီးနှင့် ဓား၏ပေါင်းစပ်မှု၊ အမာနှင့် အပျော့။

လင်းယွန်က ရှေ့တစ်လှမ်းတိုးလိုက်ကာ၊ သူ့လက်ဖဝါးကို တွန်းထုတ်လိုက်ပြီး မြောက်ဘက်ဆုံမှတ်သခင်၏ လက်ဖဝါးကို ခုခံလိုက်သည်။

“ မင်းက မရဏခုံရုံးကို သွားချင်နေတာပဲ ''

လင်းယွန်က ပဉ္စမအဆင့် ကျင့်ကြံမှုနှင့်အတူ သူ့ကို အမှန်တကယ် ရင်ဆိုင်လာသောကြောင့် မြောက်ဘက်ဆုံမှတ်သခင်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပြသသွားခဲ့သည်။ လင်းယွန်၏ လက်ကို ချိုးဖျက်ရန်အတွက်၊ သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ပြင်းထန်စွာ မြင့်တက်လာသည်။

'' ဗုန်း.......... ''

လက်ဖဝါးနှင့် လက်သီး ထိပ်တိုက်တွေ့ဆုံပြီးနောက်၊ မြောက်ဘက်ဆုံမှတ်သခင်၏ အော်ဟစ် ညည်းညူသံ နှင့်အတူ သွေးစများဖွားခနဲ့ လွင့်ထွက်လာလေသည်။ လက်မောင်းတစ်လျှောက် အသားစများ ပဲ့ထွက်ကုန်ကာ၊ ပြတ်ရှရာများကြောင့် အရိုးဖြူဖြူများပင် တွေ့မြင် လိုက်ရ၏။

" ဒါလား မင်းရဲ့ ခွန်အားက "

လင်းယွန်က အော်ဟစ် ရယ်မောလိုက်ပြီး နောက်တစ်ကြိမ် ထပ်မံ တိုးဝင်သွား ပြန်သည်။

အိုး........။

လူတိုင်း၏ အကြည့်အောက်တွင် မြောက်ဘက်ဆုံမှတ်သခင်၏ လက်မှာ အသားကြိတ်စက်ဖြင့်၊ အကြိတ်ခံလိုက်ရ သကဲ့သို့ ကျိုးသွားခဲ့သည်။ မျက်နှာတစ်ပြင်လုံး ရှုံ့တွ ဖြူဖျော့သွားပြီး ချက်ချင်း နောက်ဆုတ်သွားကာ၊ ကြောက်လန့်တကြားဖြင့် ကြည့်လိုက်သည်။

လေလံပွဲ ရင်ပြင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွား၏။

နက်နဲတပိုင်း သိုင်းသမားတစ်ယောက်သည် လင်းယွန်၏ လက်တွင် ဤမျှ ကြီးမားသော ဆုံးရှုံးမှုကို ခံစားရလိမ့်မည်ဟု မည်သူမျှ စိတ်ကူး မယဉ်ထားမိပေ။

“ မင်းက ဘယ်လို နည်းစနစ်မျိုးကို ကျင့်ကြံခဲ့တာလဲ…”

ဆုံမှတ်သခင်က နာကျင်မှုကြောင့် မျက်နှာပျက်သွားကာ လင်းယွန်ကို မေးလိုက်သည်။

“ မင်းကို ငါက ရှင်းပြနေရမှာလား၊ အခု ရှန်ရှင်းဆေးလုံး (၁၀၀၀၀)ကို ချန်ထားဖို့ လိုအပ်နေသေးလား"

“ မဟုတ်ဘူး အဲဒါအတွက် မလိုပါဘူး၊ ငါရဲ့ ရိုင်းစိုင်းမှုအတွက် တောင်းပန်ပါတယ်”

-ဟု မြောက်ဘက်ဆုံမှတ်သခင်က ပြန်လည်ဖြေကြားခဲ့သည်။

"ဒါဆို နဂါးသွေးမြင်းကို ငါနဲ့အတူ ယူသွားလို့ရမလား"

"သခင်လေးလင်း၊ မင်းလိုတဲ့အချိန်တိုင်း ထွက်သွားနိုင်ပါတယ်"

မြောက်ဘက်ဆုံမှတ်သခင်မှာ လင်းယွန်၏ လက်သီးချက်ကြောင့် လက်မောင်း တစ်ခုလုံးကျိုးကြေသွားကာ၊ မောက်မာလိုသော ဆန္ဒများ ပျောက်ကွယ်သွား ခဲ့သည်။

“ မြောက်ဘက်ဆုံမှတ်သခင်၊ မင်းက အမှိုက်တစ်စပဲ၊ ငါတို့ရဲ့ လေလံပစ္စည်းကို ဘယ်အချိန်ကတည်းက မင်းမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိသွားတာလဲ၊ ''

လင်းယွန်က နဂါးသွေးမြင်းနှင့် ထွက်ခွာခါနီးတွင် လှောင်ပြောင် ရေရွတ်လိုက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

***

All Chapters