← Chapters

အိုင်းရစ်ဓားသုတ္တန်၏ စွမ်းအား။

Vol. 12 Ch. 163

အိုင်းရစ်ဓားသုတ္တန်၏ စွမ်းအား။

Vol. 12 Ch. 163

လင်းယွန်က နဂါးသွေးမြင်းနှင့် ထွက်ခွာခါနီးတွင် အဖိုးအိုသုံးယောက်မှာ လေလံစင်မြင့်ပေါ်သို့ ခုန်တက်လာသည်။

ဆုံမှတ်သခင်က ထိုသုံးယောက်ထံသို့ ဒေါသတကြီး လှမ်းကြည့်နေမိသည်။ ယင်းအဖိုးအို သုံးယောက်သည် လင်းယွန်နှင့် တိုက်ခိုက်နေသော အချိန်တွင် ကူညီခြင်းမရှိခဲ့ပဲ၊ ရှုံးနိမ့်သော အခါတွင်သာ လှောင်ပြောင် လာကြသည်။

“ မိစ္ဆာသုံးဖော် ....မင်းတို့ စကားအကုန် မပြောနဲ့ ..…”

ဆုံမှတ်သခင်က အေးစက်စက် အော်ဟစ်လိုက်သည်။

“ ရှူး..... တခြားတစ်နေရာကို သွားပါ၊ မင်းလို အမှိုက်တစ်စအတွက် နေရာမရှိဘူး"

မိစ္ဆာသုံးဖော်၏ ခေါင်းဆောင်အဖိုးအိုက အဝါရောင်ဝတ်ရုံကို ဆင်မြန်းလျှက် သူ့ကို နှိမ့်ချသော မျက်ဝန်းများဖြင့် စိုက်ကြည့်လာသည်ကြောင့်၊ ဆုံမှတ်သခင်က သူ့စကားများကို ပြန်လည် မျိုချပစ် လိုက်ရသည်။

အမှန်တရားကို လက်သီးဖြင့် ပြသခြင်းသည်ပို၍ ထိရောက်ပေမည်။ လက်တစ်ဖက် ကျိုးကြေပြီးနောက်တွင် သူ့ဘေးရှိ ရှန်ရှင်းသိုင်းသမား အများအပြားနှင့် ဆိုလျှင်ပင်၊ မိစ္ဆာသုံးဖော်ကို တုဘက်ပြိုင်ဖို့ရန် မဖြစ်နိုင်တော့ပေ။

ယခုမူ၊ ထိုအဖိုးအိုသုံးယောက်က ဆုံမှတ်သခင်၏ တည်ရှိမှုကို လုံးဝလျစ်လျူရှု ထားကြ၏။

အဝါရောင်ဝတ် အဘိုးအိုက လင်းယွန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်၊

" မင်း .... အယုတ်တမာကောင်လေး၊ အသက်ရှင်လျက် ထွက်လာနိုင်တာ တော်တော် ကံကောင်းတာပဲ၊ ယင်လေစီးကြောင်းကတောင် မင်းအသက်ကို မသတ်နိုင်ဖူးလား။"

“ အိုး ...အရမ်းကို ရဲရင့်လှတဲ့ မြေခွေးအိုကြီးသုံးကောင်ပါလား၊ လျှို့ဝှက်နယ်မြေအတွင်းမှာ မင်းတို့သုံးယောက် ခေါင်းငုံ့နေခဲ့တာကို ငါ သတိရမိတယ် ”

လင်းယွန်က မျက်ခုံးပင့်လိုက်ပြီး၊ သူတို့ သုံးယောက်ကို ပြုံးကြည့်လိုက်သည်။

လျှို့ဝှက်နယ်မြေအတွင်း အဖြစ်အပျက်များကို လူအများရှေ့တွင် ထုတ်ဖော် ပြောဆိုလာသောကြောင့် အဘိုးကြီး သုံးယောက်၏ မျက်နှာမှာ မမြင်နိုင်လောက်အောင် မည်းမှောင်သွား၏။ သူတို့သုံးဦး၏ ဂုဏ်သတင်းကို အပြာရောင်နေမင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ တည်ထောင်ထား နိုင်ကြသည်ဖြစ်ရာ၊ ဤသို့သော လှောင်ပြောင်လာခြင်းသည် အကြီးမားဆုံး အရှက်ရမှုမျိုး ဖြစ်သည်။

" အဲ့ဒီ ကောင်းကင်ရတနာကြောင့်သာ မဟုတ်ရင် မင်းကို အခွင့်အရေးပေးခဲ့ လိမ့်မယ်လို့ မင်းထင်နေတာလား ဟမ် "

အဝါရောင်ဝတ် အဘိုးအိုက အံကြိတ်ကာ ပြန်လည်ဖြေရှင်းလိုက်သည်။ ထို့နောက်ကြောက်စရာကောင်းသော အပြုံးကိုထုတ်ဖော်လိုက်ပြီး၊

" အခုတော့......မင်းရဲ့ ကောင်းကင်ရတနာကို အသုံးမပြုနိုင်တော့မှာကို ငါကြောက်မိတယ်၊ မင်းကသာ ဒီ ကောင်းကင်ရတနာကို အဆုံးမရှိ အသုံးချနိုင်ရင် ယင်လေစီးကြောင်းထဲကို ဘာလို့ ခုန်ဆင်းရမှာလဲ......”

" အစ်ကိုကြီး၊ ဘာလို့ သူ့နဲ့ အချိန်ဖြုန်းနေတာလဲ၊ ဒီကောင်က သေခြင်းတရားနဲ့ ရင်ဆိုင်နေရတာတောင် မောက်မာနေတုန်းပဲ ”

ဤအခိုက်အတန့်တွင် လင်းယွန်မှာ ထိုမြေခွေးအိုကြီးသုံးယောက် ထွက်ပေါ်လာရဲသည့် အကြောင်းအရင်းကို သိရှိလိုက်ရသည်။

'' ............... ''

ရုတ်တရက် အဝေးဆီမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး၊ မိုးကုပ်စက်ဝိုင်းကို နောက်ခံပြုလျှက် အရိပ်ပေါင်းများစွာ ထွက်ပေါ်လာ လေသည်။

ထိုအရိပ်များကို တွေ့မြင်လိုက်သည်နှင့် အဝါရောင်ဝတ် အဘိုးအိုက ကောက်ကျစ်စွာ ပြုံးပြလိုက်ပြီး၊

“ ကြားလား.... အဲဒါက အာဏာရှင်ဂိုဏ်းနှစ်ဂိုဏ်းက ဂိုဏ်းသားတွေပဲ၊ သူတို့လူတွေကို လွှတ်ပြီး ဒီနေရာကို ပိတ်ဆို့ဖို့လာနေတာ၊ အခုချိန် အရင်တုန်းက မင်းလုယူခဲ့တဲ့ သားရဲအမြုတေနဲ့ ရှန်ရှင်းဆေးလုံးတွေကို ချက်ချင်း လွှဲပေးရင် ငါတို့ မင်းကို လွှတ်ဖို့ စဉ်းစားနိုင်တယ်။"

လေလံပွဲရှိလူအုပ်ကြီးမှာ အဝေးကို လှမ်းကြည့်လိုက်ကြ၏။ မိစ္ဆာသုံးဖော် ပြောလာသော စကားမှာ အတုအယောင်မဟုတ်ပေ။ ရွှေမီးတောက်ဂိုဏ်းနှင့် သွေးတိမ်ဂိုဏ်းမှ လူပေါင်းများစွာ ပြေးလွှားလာနေ ကြသည်။

“ မင်းတို့သုံးယောက်က မလိုအပ်တဲ့အရာကိုအာရုံစိုက်နေတာပဲ၊ အခုအချိန်မှာ မင်းတို့ရဲ့ ဘဝအတွက် စိတ်ပူနေသင့်တယ်”

သို့သော် လင်းယွန်မှာ ထိတ်လန့်ခြင်း မရှိခဲ့ပဲ၊ ခေါင်းယမ်းလျက် အေးစက်စက် ရေရွတ်လိုက်သည်။

အိုင်းရစ်ဓားသုတ္တန်မှာ စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် သူ၏ဝိညာဉ်စွမ်းအင်များသည် အလွန်သန့်စင် လာသည်ဖြစ်ရာ၊ အပြာရောင်နေမင်းနိုင်ငံရှိ နက်နဲတပိုင်း သိုင်းသမားများကို မျက်လုံးထဲ ရှိမနေခဲ့တော့ပေ။

ဂိုဏ်းကြီးလေးဂိုဏ်းနှင့် မျိုးနွယ်စုလေးစု၏ နက်နဲတစ်ပိုင်း သိုင်းသမားများနှင့် ထိပ်တိုက်ရင်ဆိုင် မနေရသ၍၊ မည်သူမျှ သူ့ပြိုင်ဘက်ဖြစ်လာမည် မဟုတ်ချေ။ ဥပမာ ဝမ်မျိုးနွယ်စုမှ ဝမ်ဘိုဆိုပါက ရှုံးနိမ့်ကောင်း ရှုံးနိမ့်နိုင်သော်လည်း သည်အမှိုက်များကိုတော့ စကားထဲကိုပင် ထည့်ပြောစရာ မရှိနိုင်။

ခရမ်းရောင်ပန်းသည် သူ၏ ဒါန်တမ်တွင် တဖြည်းဖြည်း ပွင့်လာခဲ့ပြီး၊ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်နှင့် ပွင့်ချပ်နှစ်ဆယ့်လေးချပ် စလုံးမှာ ပွင့်လန်းသွားတော့သည်။

'' ............. ''

ကြောက်မက်ဖွယ်ကောင်းသော ဓားရောင်ဝါများသည် ပေါက်ကွဲထွက်ပေါ်လာပြီး၊ အဖိုးအိုသုံးယောက် ပေါ်သို့ ပြိုကျသွားသည်။

“ အဲဒီလောက် ခွန်အားလေးနဲ့ မိုက်မဲရဲတယ်လား ”

အဝါရောင်ဝတ် အဖိုးအိုက အေးစက်စွာ ဟောက်လိုက်ပြီးနောက်၊ တစက္ကန့်အတွင်းမှာပင် သူတို့သုံးယောက်၏ အရှိန်အဝါများက ပေါင်းစပ်သွားလေသည်။

'' .......... ''

အရှိန်အဝါများ ထိပ်တိုက်တွေ့ဆုံပြီးနောက် လေထဲ၌ ပေါက်ကွဲသွားကာ လေလံစင်မြင့်မှာ ကြေမွှပြိုကျသွား၏။

'' အိုး...... ''

“မြန်မြန် ပြန်ဆုတ်ကြစမ်း ”

မြောက်ဘက်ဆုံမှတ်သခင်နှင့် သူ့လက်အောက် ငယ်သားများမှာ ချက်ချင်း နောက်ပြန် ဆုတ်သွားကြသည်။ သို့သော် အနည်းငယ် နောက်ကျသွားသော လူဆယ်ဦးကျော်မှာ ပေါက်ကွဲလှိုင်းများ ထိမှန်ကာ သေဆုံးသွားတော့သည်။

" ငါတို့သုံးယောက်ကို မင်းရဲ့ဓားရောင်ဝါနဲ့ ချေမှုန်းနိုင်ခဲ့တဲ့ မြောက်ဘက်ဆုံမှတ်သခင်လို အမှိုက်တစ်စလို့ မင်းထင်နေလား ဟမ် "

အဝါရောင်ဝတ် အဘိုးအိုက ရယ်မောလိုက်ပြီး၊ အော်ဟစ်အမိန့်ပေးလိုက်သည်။

"သူ့ကိုသတ် ......"

မိစ္ဆာသုံးဖော်မှာ နှစ်ပေါင်းများစွာအတွင်း တည်ဆောက်ခဲ့ကြသော ဆက်ဆံရေးများအရ ပူးပေါင်းတိုက်ကွက်ကို ထုတ်ဖော်လိုက်ကြသည်။ သူတို့ထံမှ ထွက်ပေါ်လာသောအရှိန်အဝါများသည် လေဟာနယ်အား ပိတ်ဆို့လိုက်ကာ တောင်တစ်လုံးကဲ့သို့ ပြိုကျလာ၏၊ ၎င်းသည် မြောက်ဘက်ဆုံမှတ်သခင်၏ အရှိန်အဝါထက် များစွာ အားကောင်း ခဲ့လေပြီ။

ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံမှု အပြီးတွင် အဖိုးအိုသုံးယောက်မှာ အနည်းငယ် အသာစီးရသွား၏။

" မြေခွေးအိုကြီးတွေ ဒါက မင်းတို့ရဲ့ ခွန်အားလား၊ ငါဖြင့် ....သွေးတောင် မပူလိုက်ဘူး။"

လင်းယွန်၏ နှုတ်ခမ်းများတွင် လှောင်ပြောင် သရော်ဟန်များ စွန်းထင်းလာပြီး၊ ဝိညာဉ်စွမ်းအင်များမှာ တဟုန်ထိုး ထွက်ပေါ်လာတော့သည်။

လေသည် ကျားကဲ့သို့ ကြမ်းတမ်းလှပြီး၊ တိမ်များမှာ နဂါးကဲ့သို့ ပျံသန်နေပေမည်။ လေနှင့်တိမ်ကို ပေါင်းစပ်ပြီးနောက် ကျား-နဂါးအရှိန်အဝါကို မွေးဖွားလာ စေ၏။

လေနှင့်တိမ်ကို ဆင့်ခေါ်လိုက်ပြီးနောက် လင်းယွန်၏ အရှိန်အဝါမှာ ထပ်မံမြင့်တက်လာပြီး ပိတ်ဆို့လာသော မိစ္ဆာသုံးဖော်၏ အရှိန်အဝါများကို ချိုးဖြတ် ပြစ်လိုက်သည်။

ထာဝရနတ်ဘုရား တံဆိပ်တော်။

ရွှေဝါရောင်စွမ်းအင်များသည် လင်းယွန်၏ လက်ကောက်ဝတ်မှ စ၍ လက်ဖဝါးတစ်ပြင်လုံးတွင် တဖြည်းဖြည်းစုရုန်းလာကာ၊ ပြင်းထန်သော စွမ်းအင်များကြောင့် သူကိုယ်တိုင်ပင် ထိတ်လန့်သွားမိ၏။ အိုင်းရစ်ဓားသုတ္တန်မှာ စတုတ္ထအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ထာဝရနတ်ဘုရားတံဆိပ်တော်သည် ဤမျှ အားကောင်းလာနိုင် လိမ့်မည်ဟု မထင်ထားမိပေ။

ထို့နောက်တွင်၊ ဝင်းလက်နေသော ရွှေရောင်အဆင်းသဏ္ဍာန် တံဆိပ်တစ်ခု ဖြစ်ပေါ်လာ ခဲ့လေသည်။

၎င်းတံဆိပ်မှာ အချိန်မရွေး ပေါက်ကွဲတော့မည့် မီးတောင်ကြီး တစ်လုံးကဲ့သို့ ဒေါသတကြီး ရုန်းကန်နေခဲ့ရာ၊ ရှေ့သို့ တွန်းလွှတ် လိုက်ရလေသည်။ သို့မဟုတ်ပါက သူ့လက်များ ပေါက်ကွဲ ပျက်စီးသွား နိုင်ပေမည်။

တင်းမာသော အမူအရာဖြင့် လင်းယွန်က ကြုံးဝါးလိုက်သည်။

" ထွက် သွား.... ''

တဟုန်းဟုန်း တောက်လောင်နေသော ဝိညာဉ်စွမ်းအင်များမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ရွှေရောင်စက်ဝန်းကြီးသဖွယ် ကောင်းကင်ယံအား လွှမ်းခြုံသွား လေသည်။

" နောက် ဆုတ်.... "

အဘိုးကြီး သုံးယောက်၏ မျက်လုံးများ မှေးမှိတ်သွားကာ ရွှေရောင်စက်ဝန်းကြီးအတွင်း ရုန်ထွက်နိုင်ရန် သူတို့၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

" တောင် ဖြို လက်သီး "

" မိုးကောင်းကင်တံဆိပ်"

" နှလုံးသားကို ဝါးမြိုခြင်း "

အဘိုးကြီးသုံးယောက်က သူတို့၏ တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်သော်လည်း ထာဝနတ်ဘုရားတံဆိပ်တော်၏ လျင်မြန်လွန်းသော အရှိန်ကြောင့် ပိတ်ဆို့ ဟန့်တားနိုင်ခြင်း မရှိပဲ၊ ထိမှန်သွားခဲ့သည်။

'' ဗုန်း.........''

သူတို့သုံးယောက်က တိုက်ခိုက်မှု စွမ်းအားများကို အပြည့်အ၀ ထုတ်လွှတ်ဖို့ရန် အခွင့်အရေး မရချေ၊ ထက်ရှသော စွမ်းအင်များမှာ ၎င်းတို့၏ တိုက်ခိုက်မှု သုံးခုကို ဖြိုခွင်းသွားပြီး သူတို့ပေါ်သို့ မကျရောက်လာမီ၊ သွေးများ စီးကျလျက် လွင့်စင်သွား ကြသည်။

'' ဝေါ့........ ''

'' ဝေါ့......... ''

" ဒါက မင်းတို့ရဲ့ ခွန်အားလား၊ နည်းနည်းတော့ ရှက်စရာ ကောင်းတယ် မဟုတ်လား”

လင်းယွန်က လက်သီးများကို တင်းတင်းဆုပ်ကာ သူတို့ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ ရွှေရောင်စွမ်းအင်များမှာ လက်သီးတစ်ဝိုက်တွင် ပျောက်ကွယ်သွားခြင်း မရှိပဲ ရုန်းကြွနေ ခဲ့၏။

အဖိုးအို သုံးယောက်မှာ လျင်မြန်စွာ မတ်တပ်ပြန်ရပ် နေစဥ်မှာပင်၊ လင်းယွန်ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ ဒေါသတကြီး တုန့်ပြန်ရန် ဟန်ပြင်လိုက်သော်လည်း၊ ထွက်ပေါ်လာသည့် မြင်ကွင်းကြောင့် အံသြသွားခဲ့သည်။

လင်းယွန်က ပုံမှန် လျှောက်လှမ်းလာသည်ဟုထင်ရသော်လည်း၊ သူ့နောက်ကျောတွင် ကျားနှင့်နဂါး၏ ပုံရိပ်များ တလှည့်စီ ဟုန်းခနဲဟုန်းခနဲ ပြောင်းလဲနေလေသည်။

" ကျား-နဂါး ခြေလှမ်း...."

“ ဒါက ကျား-နဂါးလက်သီးပဲ ”

" အဲဒီတုန်းက ဘိုင်လိရွှမ်ကိုတောင် တွန်းထုတ်နိုင်ခဲ့တယ် မဟုတ်လား.... ''

ထွက်ပေါ်လာသော ကျားနှင့်နဂါး၏ ပုံရိပ်များကိုကြည့်ကာ၊ ပတ်ဝန်းကျင်ရှိ သိုင်းသမားများ ထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ယင်းခြေလှမ်းများမှာ မဟာချင်အင်ပါယာ၏ ကျော်ကြားသော ကျား-နဂါးလက်သီးများဖြစ်သည်။

လျှို့ဝှက်နယ်မြေတွင် လင်းယွန်သည် ဘိုင်လိရွှမ်၏ ဓားရှည်များကို အကြိမ်ကြိမ် ချိုးဖျက််ပြီးနောက်၊ အဆုံးတွင် ကျား-နဂါးခြေလှမ်းများကို အသုံးပြုကာ၊ ဘိုင်လိရွှမ်ကို နောက်ဆုတ်စေခဲ့သည်။

ယခုတစ်ဖန် ပြန်လည် ထုတ်ဖော်လိုက်သော ၎င်းခြေလှမ်းများမှာ ပို၍ပင် ကျွမ်းကျင် လာခဲ့ပုံရကာ၊ ဖြစ်ပေါ်လာသော ကျားနှင့်နဂါး၏ ပုံရိပ်များကို ငေးကြည့်လျှက် လင်းယွန်၏ ခြေလှမ်းများကို ရေတွက်နေမိ ကြသည်။ သူတို့အားလုံးက ခြေလှမ်းကိုးလှမ်း လှမ်းယူပြီးသည့်နောက် ထွက်ပေါ်လာမည့် စွမ်းအား အသစ်အတွက် စိတ်လှုပ်နေမိသည်။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း…....ကိုးလှမ်း။

ခြေလှမ်းကိုးလှမ်း လှမ်းယူပြီးသောအခါတွင် နဂါးနှင့်ကျားမှာ တပြိုင်နက်တည်း ထွက်ပေါ်လာပြီး၊ ကြီးမားသော အရှိန်အဝါသည် မိုးကုပ်စက်ဝိုင်းထဲသို့ တိုးဝင်သွားကာ တောင်နှင့်မြစ်များကို ဝါးမြိုသွားနိုင်သော အဟန့်ကို ဖြစ်ပေါ်လာစေသည်။

သူ၏အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်နှင့် ထာဝရနတ်ဘုရားတံဆိပ်တော်၏ ကျန်ရှိနေသော စွမ်းအားများကို လက်သီးဖြင့် ပေါင်းစပ်ကာ ထိုးချပစ်လိုက်သည်။

'' အောင်း ဝေါင်း..... ''

နဂါးနှင့်ကျားသည် လင်းယွန်၏ လက်မောင်းကို လှည့်ပတ်လာကာ ပေါင်းစည်း ဝင်ရောက်သွား လေသည်။

'' ဗုန်း.......... ''

လက်သီးဖြင့် ထိုးမိသွားသော မြေပြင်သည် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး၊ စားပွဲများနှင့် ကုလားထိုင်များကို အပိုင်းအစအဖြစ် ကြေမွှသွားစေသည်။

လေလံပွဲကြီး တစ်ခုလုံးရှိ သဘာဝစွမ်းအင်များမှာ ဖရိုဖရဲဖြစ်လာပြီး ပေါက်ကွဲတော့မည့် ဆေးကြိုအိုး တစ်လုံးကဲ့သို့ ခံစားလိုက် ရသည်။

လင်းယွန်၏ လက်သီးချက်ဖြင့် ရင်ဆိုင်နေသော အဘိုးကြီး သုံးယောက်မှာမူ ဆိုဖွယ်မရှိချေ။ ကျား-နဂါးလက်သီးမှာ အစွမ်းထက်လှသော်လည်း၊ ပဉ္စမအဆင့် သိုင်းသမား တစ်ယောက်၏ လက်ထဲတွင် ဤမျှအထိ ကြောက်စရာကောင်းရန် မဖြစ်နိုင်။

အရှားပါးဆုံးသော အထွတ်အထိပ် ရှန်ရှင်းနည်းစနစ် များသည်တောင်မှ ထိုမျှအစွမ်း မထက်နိုင်၊ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ လင်းယွန်၏ စွမ်းအင်ကျင့်ကြံခြင်း နည်းစနစ်သည် ရှန်ရှင်းနယ်ပယ်ကို ကျော်လွန်သွားခြင်းပင် ဖြစ်ပေမည်။

လက်သီး၏ဦးတည်ရာဖြစ်သော အဝါရောင်ဝတ် အဘိုးအိုသည် စွမ်းအင် ရိုက်ခတ်မှုကြောင့် သူ၏အတွင်းပိုင်း အင်္ဂါများ ပေါက်ပြဲသွားကာ၊ သွေးများနှင့်အတူ ၎င်းအင်္ဂါအစိတ်အပိုင်းများကို အန်ထုတ်ပစ်လိုက်ရသည်။

အခြားသော အဘိုးအိုနှစ်ဦးမှာ စွမ်းအင်အကျွင်းအကျန် လှိုင်းလုံးများ၏ ဒဏ်ကို ခံခဲ့ရပြီး၊ ၎င်းတို့၏ အတွင်းပိုင်းအင်္ဂါများကို ယိမ်းထိုးလှုပ်ခါသွား စေခဲ့သည်။

“ နှလုံးသားကို ဝါးမြိုခြင်း ”

အဝါရောင်ဝတ် အဘိုးအိုက ပြန်လည်တိုက်ခိုက်လိုက်သော သူ့လက်ဖဝါးမှာ လင်းယွန်၏ ရင်ဘတ်သို့ တိုးဝင်လာနေစဉ်၊ ချက်ချင်းပင် မည်းနက် လာလေသည်။

လင်းယွန်၏ ဗီဇသိစိတ်အရ ယင်းလက်ဖဝါးပေါ်ရှိ အဆိပ်များမှာ နှလုံးသားထဲသို့ ရောက်ရှိသွားပါက နှလုံးသားကို ဝါးမြိုသွားပေလိမ့်မည်ဟု သတိပေးနေခဲ့သည်။

" မင်းက မင်းရဲ့ သေမင်းကို ဖိတ်ခေါ်လိုက်တာပဲ "

လင်းယွန်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး၊ အမည်းရောင် လက်ဖဝါးကြီးကို ရှောင်တိမ်းလိုက်ကာ၊ သူ့ဝါးစောင်းဖြင့် လက်မောင်းအရင်းဆီသို့ ချိန်ရွယ်ခုတ်ဖြတ် ပြစ်လိုက်သည်။

"အကိုကြီး....."

အခြားသောလူအိုကြီးနှစ်ယောက်မှာ အဝါရောင်ဝတ်အဖိုးအို၏ လက်မောင်းကို ခုတ်ထစ်နေသော မြင်ကွင်းကြောင့် ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး၊ ကူညီရန် ပြေးဝင်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လင်းယွန်က သူ၏ ရောင်ဝါကို သိပ်သည်းစေလိုက်ကာ၊ ခရမ်းရောင် ပန်းပွင့်ကို လက်မဝက်ခန့်သာ လှည့်ပတ်လိုက်သော်လည်း သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ပွက်ပွက်ဆူလျက် လက်ချောင်းများဆီသို့ စီးဝင်လာတော့သည်။

'' ............. ''

ထို့နောက်တွင် သူ၏ လက်ချောင်းများကို တောက်ထုတ်လိုက်သည်နှင့် ခရမ်းရောင် ဓားရောင်ခြည်နှစ်စင်းမှာ လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး၊ ကူညီရန် ပြေးလွှားလာသော အဘိုးအိုနှစ်ဦး ထံသို့ တိုးဝင်ထိမှန် သွားလေသည်။

'' ဗုန်း ဗုန်း...... ''

ဓားရောင်ခြည်နှစ်စင်းမှာ လျှပ်ပြက်သလို သူတို့၏ ရင်ဘတ်သို့ ထိုးဖောက်ဝင်ရောက် သွားခဲ့သည်။

"သေစမ်း...."

ထိုအခွင့်အရေးကို အရယူကာ အဝါရောင်ဝတ် အဘိုးအိုက ကြောက်စရာကောင်းသော သူ၏တိုက်ခိုက်မှုကို လင်းယွန်၏ ရင်ဘက်ထံသို့ ချိန်ရွယ် တွန်းထုတ် လိုက်လေသည်။

မကြာသေးမီအချိန်တွင် လင်းယွန်က ပြိုင်ဘက်များကို ချေမှုန်းခဲ့ပြီး အသာစီးရယူ ထား ခဲ့သော်လည်း၊ ယခုအချိန်၌ ပြိုင်ဘက်များကို ကစားပွဲများ လှည့်ရန် ခွင့်ပြုလုနီးပါး ဖြစ်သွားခဲ့သည်။

လင်းယွန်၏ စိတ်ထဲတွင် ချက်ချင်းပင် သတ်ပစ်ရန် အတွေးများ ဝင်ရောက်လာကာ၊ မဆိုင်းမတွ ရှေ့သို့ တိုးလာလိုက်ပြီး အဝါရောင်ဝတ် အဘိုးအို၏ ရင်ဘတ်ကို နောက်ထပ် လက်သီးဖြင့် ထပ်မံထိုးချလိုက်သည်။

“ မဟုတ်ဖူး... ငါ.....ငါ့ကို …”

လင်းယွန်၏ ခန္ဓာကိုယ်မှ ဓားရောင်ခြည် တစ်ဒါဇင်ခန့် ထွက်ပေါ်လာပြီး၊ အဝါဝတ်အဖိုးအိုအား အပိုင်းပိုင်း ဖြတ်ပြစ် လိုက်တော့သည်။ ထို့နောက် လင်းယွန်၏ အကြည့်သည် လဲကျနေရာမှ ထရပ်ရန် ကြိုးစားနေခဲ့သော အဘိုးအိုနှစ်ယောက်ဆီသို့ ကျရောက်သွား၏။

အဝါရောင်ဝတ် အဘိုးအို သေဆုံးသွားသည်ကို တွေ့လိုက်ရသောအခါတွင် ကြောက်ရွံ့တုန်လှုပ်သွားပြီး၊ လင်းယွန်၏ အကြည့်မှာ သူတို့ထံသို့ ထပ်မံ ရောက်ရှိလာသည်ကြောင့်၊ ထိတ်လန့်စွာဖြင့် ရုတ်တရက် ဒူးထောက်ချ လိုက်တော့သည်။

ဝှစ် ။ ဝှစ်။

“ သခင်လေးလင်း၊ ကျေးဇူးပြုပြီး ငါတို့ကို သွားခွင့်ပြုပါ၊ ငါတို့ရဲ့ လုပ်ရပ်အတွက် တောင်းပန်ပါတယ်…”

***

All Chapters