← Chapters

ဓား- ပန်းသင်္ချိုင်းဓား။

Vol. 12 Ch. 164

ဓား- ပန်းသင်္ချိုင်းဓား။

Vol. 12 Ch. 164

လင်းယွန်၏ ဓားရောင်ဝါသည် အဝါရောင်ဝတ် အဘိုးအိုအား ထိုးဖောက် သွားပုံကို ကြည့်ကာ၊ ကျန်အဘိုးကြီး နှစ်ဦးက တိုက်ပွဲဝင်လို စိတ်များ ပျောက်ဆုံး သွားခဲ့သည်။

ထို့အပြင် နတ်ဘုရား ပုံရိပ်ယောင် ဓားကြောင့် ဒဏ်ရာ ရရှိ နေစဉ်၊ လင်းယွန်၏ အကြည့်ကို မြင်လိုက်ရသော အခါတွင် ထိတ်လန့်စွာ ဒူးထောက် လိုက်မိ ကြသည်။ လင်းယွန်ကို ကြည့်ဖို့ရန် ခေါင်းပင် မဖော်ဝံ့ ကြချေ။

မြောက်ဘက်ဆုံမှတ်ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွား၏။ ဤလူငယ်လေးသည် နာမည်ဆိုးဖြင့် ကျော်ကြားသော မိစ္ဆာ သုံးဖော်ကို အနိုင်ယူ နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားမိပေ။

ထို့ပြင် ၎င်းတို့သည် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရပြီး လက်ရှိတွင် ဒူးထောက်ကာ ရှင်သန်ရန်အတွက် အသနားခံနေ ကြရလေပြီ။

တစ်စုံတစ်ယောက်သည် ဒူးထောက်ခြင်းဖြင့် သူ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်ရပေမည်။ ထို့ကြောင့် ကျင့်ကြံသူ တိုင်းမှာ ကောင်းကင်၊ မြေကြီးနှင့် မိဘများ ထံသို့သာ ဒူးထောက် သင့်လေသည်။

ဤသို့ဆိုသော် လူငယ်လေး တစ်ယောက် ရှေ့တွင် အဘိုးအိုနှစ်ယောက်၏ ဒူးထောက် နေသော မြင်ကွင်းမှာ လူတိုင်းကို သက်ပြင်းချ မိစေသည်။

၎င်းမြင်ကွင်းမှာ မြောက်ဘက် ဆုံမှတ် သခင်ကို အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်း သွားစေ ခဲ့၏။

အကယ်၍သာ အစောပိုင်း အချိန်တွင် လိမ္မာ ပါးနပ်စွာဖြင့် နောက်မဆုတ် မိပါက၊ မြေပြင် ပေါ်တွင် ဒူးထောက် နေရမည့် အရေ အတွက်မှာ နောက်တစ်ယောက် တိုးလာနိုင် ပေမည်။

“ မင်းတို့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး သိုလှောင်အိတ်တွေ ထားခဲ့ပါ၊ ပြီးရင် ထွက်သွားလို့ ရပြီ။ ''

သိုင်းသမားတစ်ယောက်အတွက် ကျင့်ကြံမှုကို ဖျက်ဆီးခြင်းမှာ သေသည်ထက် ပို၍ဆိုးသော အခြေနေ ဖြစ်ပေသည်။ ထုံးစံအတိုင်း၊ အဘိုးအိုနှစ်ယောက်က ၎င်းကို လက်ခံလိုခြင်း မရှိခဲ့ပဲ၊ ထိတ်လန့်တကြားဖြင့်၊

“ သခင်လေးလင်း၊ ငါတို့ သိုလှောင်အိတ်နဲ့ လက်တစ်ဖက်ကို ချန်ထားခဲ့ဖို့ ဆန္ဒရှိပါတယ်၊ မဟာချင်အင်ပါယာမှာ ငါတို့ကို နောက်ထပ် ဘယ်တော့မှ မတွေ့ စေရတော့ပါဘူး "

စကားဆုံးသည်နှင့် သူတို့၏ သိုလှောင်အိတ်များကို လင်းယွန်ရှေ့သို့ ပစ်ချလိုက်ပြီး ဘယ်ဘက် လက်မောင်းများကို ခုတ်ချိုး ဖြတ်လိုက်ကြသည်။

လင်းယွန်၏ မျက်မှောက်မှ ကျင့်ကြံမှုကို မပျက်စီးစေပဲ၊ ထွက်ခွာသွားရန် ဆန္ဒရှိနေပါက၊ လက်တစ်ဖက်ကို ဆုံးရှုံးခြင်းဖြင့် အသနားခံခြင်းသည် လက်ခံနိုင်သောအရာ ဖြစ်သည်။

“ ကောင်းပြီ၊ ခုထွက်သွားပါ ''

သည့်ထက်ပို၍ အဖိုးအိုနှစ်ယောက်ကို နောက်ထပ် တွန်းအားပေးရန် မသင့်တော် တော့ပေ။

အကယ်၍ ထပ်မံ ဖိအားပေး မိပါက၊ သူတို့ နှစ်ဦးမှာ သူတို့၏ အသက်ကို ဆုံးရှုံးစေ သည့်တိုင်၊ တိုက်ခိုက်ရန် ကြိုးစား လာပေမည်။

" ကျေးဇူးတင်ပါတယ် သခင်လေးလင်း"

အဘိုးကြီးနှစ်ယောက်မှာ စိတ်သက်သာရာ ရသွားပြီး၊ ကျိုးပြတ်သွားသော လက်များကို ဆုပ်ကိုင်ကာ ထွက်ခွာသွား ကြတော့၏။

လင်းယွန်က သိုလှောင်အိတ် များအား သိမ်းယူလိုက်ပြီး၊ နဂါးသွေးမြင်းပေါ်ရှိ ဒဏ်ရာ များကို ကြည့်ကာ သက်ပြင်းချ လိုက်မိသည်။

" နဂါးလေး မင်းက ခံနိုင်ရည်ရှိတယ် မဟုတ်လား "

'' ဟီး....ဟီး ဟီ ''

နဂါးသွေးမြင်းမှာ လင်းယွန်၏ အသံကြောင့်၊ စိတ်လှုပ်ရှား စွာဖြင့် အော်ဟစ် လိုက်ကာ၊ ထရပ်ရန် ကြိုးစား လိုက်သော်လည်း နာကျင် လွန်းသောကြောင့်၊ မြေပြင်ပေါ်သို့ လဲကျသွား ပြန်၏။

“ ရွှေမီးတောက်ဂိုဏ်းက ဒီနေရာကို ကိုင်တွယ်လိုက်မယ်၊ ဒီကိစ္စနဲ့ မဆိုင်တဲ့ သူတွေကို ထွက်သွားဖို့ တောင်းဆိုပါတယ်။”

“ငါတို့က သွေးတိမ်ဂိုဏ်းကပဲ၊ ဒီမှာ မသေချင်ရင် ခုထွက်သွားလိုက်။"

'' ခ လောက် ခွပ်...... ခလောက်ခွပ် ''

ထိုအချိန်တွင် မြင်းခွာသံများနှင့်အတူ ရွှေမီးတောက်ဂိုဏ်းနှင့် သွေးတိမ်ဂိုဏ်း၏ ဂိုဏ်းသားများ အပြေးအလွှား ရောက်ရှိလာကာ၊ လေလံပွဲအား အလွှာလိုက် အထပ်ထပ် ဝိုင်းရံ သိမ်းပိုက်လိုက်၏။

လူအုပ်ကြီးမှာ ၎င်းတို့၏ အမူအရာ များကို ပြောင်းလဲကာ ထွက်ခွာ သွားကြသည်။ ဤနေရာတွင် ဂိုဏ်းနှစ်ဂိုဏ်း ထွက်ပေါ်လာ ပြီးနောက် မည်သူမျှ မနေရဲကြတော့ပေ။

“ ဝှစ် ဝှစ် ဝှစ်။ ”

မြောက်ဘက်ဆုံမှတ်ရင်ပြင်ရှိ အမြင့်ဆုံး အဆောက်အအုံများပေါ် သို့ လူရိပ်များ ဆင်းသက် နေရာယူလိုက် ကြသည်။

သူတို့အားလုံး၏ လက်ထဲတွင် လေးနက်သော သံဖြင့် ပြုလုပ် ထားသည့် မြှားတံ များကို ကိုင်ဆောင် ထားကာ၊ လေးကိုင်းများ တင်းကျပ်စွာ ဆွဲတင်ထား ကြ၏။

ရွှေမီးတောက်ဂိုဏ်းနှင့် သွေးတိမ်ဂိုဏ်း၏ အခြားသော ဂိုဏ်းဝင်များမှာ လင်းယွန်အား မြေပြင်၌ ပိတ်ဆို့ထား လိုက်သည်။

မိန်ဇီယာနှင့် ရွှန်းတူ တို့မှာ ၎င်းလူအုပ်ကြီးကို ဦးဆောင် ထားကာ၊ သူတို့၏ အနီးတွင် နက်နဲ တပိုင်း သိုင်းသမား ဆယ်ဦးအထိ ခေါ်ယူ လာ ကြသည်။

၎င်းသူတို့ နှစ်ဦးက လင်းယွန်ကို တွေ့မြင် လိုက်ရ သည်နှင့် ဒေါသတကြီး အော်ဟစ် အမိန့် ပေးလိုက်သည်။

"မြှားတွေကို လွှတ် ........"

မိန်ဇီယာက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့လူများကို အမိန့်ပေးလိုက်၏။

'' ပစ်........... ''

“ ဝှစ် ဝှစ် ။ ”

ရာပေါင်း များစွာသော မြှားတံ များမှာ ကောင်းကင်သို့ ထိုးတက် သွားပြီး၊ လေဟာနယ်ကို ထိုးခွဲကာ လင်းယွန်ထံ ဦးတည် တိုးဝင် လာကြသည်။

ရှေးဟောင်း တော်ဝင်လေးကိုင်းများဖြင့် ချိန်ရွယ် ပစ်လွှတ်လာသော မြှားတံတိုင်းတွင် အေးစက်သော အငွေ့အသက်များ ထွက်ပေါ် နေခဲ့ပြီး၊ နက်နဲတပိုင်း သိုင်းသမားများပင် ထိုမြှားတံများကို လျစ်လျူရှုဝံ့မည် မဟုတ်ပေ။

လင်းယွန်၏ သတင်းကို ရလျှင်ရချင်း ဂိုဏ်းနှစ်ဂိုဏ်းမှာ သူတို့၏ တော်ဝင်လေးကိုင်း များကို ချက်ချင်း ထုတ်ယူလာခဲ့ကြခြင်း ဖြစ်သည်။

မြှားများ ဆင်းသက်လာသောအခါတွင် လင်းယွန်က သူ၏ မျက်စိနှင့် နားကို အားကိုးကာ၊ ရှောင်တိမ်းလိုက်ပြီး၊ အချို့ကို လက်ဖြင့် တောက်ထုတ်လိုက်သည်။

ဒုတိယအကြိမ် လေခွင်းသံများနှင့်အတူ မြှားတံများမှာ ကောင်းကင်မှ ဆင်းသက်လာခဲ့ပြန်ရာ လင်းယွန်က အသေအလဲ ရှောင်တိမ်းလိုက်ရသည်။ အကြိမ်အနည်းငယ် ကြာပြီးနောက်၊ လင်းယွန်၏ အနောက်ဘက်ရှိ နံရံမှလွဲ၍ အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦများအားလုံး ပျက်စီးသွားခဲ့သည်။

“ မြင်းကို ပစ်စမ်း၊ အဲဒီ နဂါးသွေးမြင်းကို သတ် ”

မြှားတံများကို လင်းယွန်က ကာကွယ်နိုင်သည်ကြောင့် ရွှန်းတူက ကောက်ကျစ်စွာ ပြုံးရယ်လိုက်ပြီး နဂါးသွေးမြင်းထံသို့ ညွှန်ပြလိုက်သည်။

လေးသမားများ၏ ပစ်မှတ်များမှာ ချက်ချင်းပြောင်းလဲသွားကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော နဂါးသွေးမြင်းဆီသို့ မြှားများကို ချိန်ရွယ်လိုက်ကြ၏။

" သေ စမ်း...."

လင်းယွန်၏ မျက်နှာမှာ အေးစက်သွားပြီး၊ နဂါးသွေးမြင်းကို လှည့်ကြည့်ကာ၊ သူ့ခန္ဓာကိုယ်ဖြင့် အလျင်အမြန် ကာကွယ်လိုက်ရသည်။ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကို အသက်သွင်းလိုက်သည်နှင့် ခရမ်းရောင်အလင်းများ တောက်ပလာပြီး မြှားတံများကို သူ့ခန္ဓာကိုယ်ဖြင့် လက်ခံယူလိုက်၏။ မြားတစ်စင်းစီသည် လင်းယွန်၏ ခန္ဓာကိုယ်ဖြင့် ရိုက်ခတ်မိသောအခါတွင် သတ္တုသံများ ထွက်ပေါ်လာလေသည်။

'' က လန်....က လန်... ချွမ် ''

ထိုမြင်ကွင်းကို ကြည့်ကာ အံသြသွားကြသည်။ ဤလင်းယွန်သည် နတ်ဆိုးသားရဲတစ်အတွက် သူ၏အသက်ကို စတေးရန်အထိ ရူးသွပ်နေခဲ့လေပြီ။

" ဆက်ပစ်...... အဲ့ဒီခွေးကောင်ကို ပျားအုံအဖြစ် ပြောင်းလဲလိုက်စမ်း၊ သူ့ရဲ့ မိုးကြိုးလျှပ်စီးခန္ဓာက ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ငါကြည့်မယ်။ ”

ရွှန်းတူက ရက်စက်သော အပြုံးကို ထုတ်ဖော်ကာ အမိန့်ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် နဂါးသွေးမြင်းကို ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးနေခဲ့သော လင်းယွန်က၊ မျက်လုံးများ မှိတ်ကာ ငြိမ်သက်နေစဉ် သူ့ခန္ဓာကိုယ်ပေါ်သို့ မြှားတံများ တချွမ်ချွမ် ကျရောက်နေခဲ့သည်။

ဝှစ်.... ဝှစ် ။

လေခွင်းသံများကို နားထောင်လိုက်ပြီး၊ မြှားတစ်အုပ် ကုန်ဆုံးသွားချိန်တွင် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်နှင့် အဆုံးမရှိ သတ်ဖြတ်လိုသော ဆန္ဒများ ပေါက်ကွဲထွက်လာ ခဲ့လေသည်။

အခြားတစ်ဘက်တွင် လေးသမားများမှာ ၎င်းဆန္ဒများကြောင့်၊ ထိတ်လန့်သွားကာ အနည်းငယ် တုံ့ဆိုင်းသွား၏။

" ပစ်........ ''

လင်းယွန်၏ အကြည့်မှာ သူ့ထံသို့ ကျရောက်လာသည်နှင့် ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ၊ ရွှန်းတူက ထိတ်လန့်တကြား အော်ဟစ်အမိန့်ပေး လိုက်မိသည်။

ဝူးရှ်။

ထိတ်လန့်ဖွယ်ကောင်းသော လေခွင်းသံများ နှင့်အတူ ကောင်းကင်တစ်ပြင်လုံး မည်းနက်သွားစေသည်အထိ နောက်ထပ် မြှားတစ်အုပ် ပျံသန်းလာနေစဉ်၊ လင်းယွန်က မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ထုတ်လွှတ်လိုက်သည်။

'' ဘ ရူး.......... ''

ပျံသန်းနေသော မြှားတံများမှာ ရုတ်တရက် အတားအဆီး တစ်ခုအား ဖြတ်သန်းနေရသကဲ့သို့ အနည်းငယ် နှေးကွေးသွား၏။

ဓားရည်ရွယ်ချက်မှာ လေထဲသို့ တဟုန်ထိုး ပျံ့လွင့်သွားပြီး မြှားမိုးများကို ဟန့်တားနေစဥ်မှာပင်၊ ပန်းသင်္ချိုင်းဓားသည် ဓားသေတ္တာအတွင်းမှ တိုးထွက်လာခဲ့သည်၊ လင်းယွန်က ဓားကို ဖမ်းဆုပ်လိုက်ပြီး ကောင်းကင်ပေါ်ရှိ မြှားမိုးများကို ဖြိုခွဲ ပစ်လိုက်တော့သည်။

" အပြာရောင်နေမင်းနိုင်ငံရဲ့ ပါရမီရှင်နှစ်ယောက်က ငါ့ကို တိုက်ခိုက်ဖို့ ဒီလို စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့ နည်းလမ်းကို အသုံးပြုကြတယ်လား၊ မိန်ဇီယာ.... ရွှန်းတူ မင်းတို့နှစ်ယောက်က ငါ့ရှေ့မှာ ဘာလို့ ယောက်ျားတွေလို မရပ်ရဲရတာလဲ။ ''

လင်းယွန်က ပြုံးလျက် သူ့ဓားကို မိန်ဇီယာနှင့်ရွှန်းတူထံ ညွှန်ပြလိုက်၏။

မိန်ဇီယာနှင့် ရွှန်းတူတို့မှာ လင်းယွန်၏ စကားများကြောင့်၊ မျက်နှာများ မည်းမှောင် ပျက်ယွင်း သွားကြသည်။ သူတို့နှစ်ဦးသည် အပြာရောင်နေမင်းနိုင်ငံရှိ လူငယ်မျိုးဆက်များကြားတွင် ပြိုင်ဘက်မရှိ ရပ်တည်နိုင်ကြသူများ ဖြစ်သော်လည်း၊ ဤစိန်ခေါ်မှုကို လက်မခံ ဝံ့ကြပေ။

ဒေါသထွက်မိ ကြသော်လည်း သူတို့၏ မာနများကို မျိုချလိုက်ရုံသာ တက်နိုင်ခဲ့သည်။

“ သေခြင်းတရားနဲ့ ရင်ဆိုင်ရတာတောင် မင်းရဲ့ ပါးစပ်က ချွန်မြနေတုန်းပါလား။ သွေးအစောင့် တပ်သားတွေ ဘယ်မှာလဲ ....."

ရွှန်းတူက အံကြိတ်အော်ဟစ်လိုက်၏။

" ငါတို့ ဒီမှာပါ .......သခင်လေး "

ဝှစ် ဝှစ် ဝှစ်။

ကြက်သွေးရောင်အ၀တ်များနှင့် မျက်နှာဖုံးများကို ၀တ်ဆင်ထားကြသော လူတစ်စုမှာ ရှေ့သို့ လျင်မြန်စွာ တက်လာကြပြီး၊ ပြင်းထန်သော သတ်ဖြတ်မှု ရောင်ဝါကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင် ခံစားချက်မရှိသော အေးခဲဟန်များ စွန်းထင်းနေခဲ့၏။

" ရွှေမီးတောက်ဂိုဏ်းရဲ့ သေမင်းအစောင့် တပ်သားတွေ ငါ့အမိန့်ကို နာခံပါ။ ဒီလင်းယွန်ကို သတ် .....”

မိန်ဇီယာက သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ၊ အမိန့်ပေးလိုက်သည်နှင့် အနက်ရောင်ဝတ် သိုင်းသမားတစ်ဖွဲ့မှာ လူသေများကဲ့သို့ အေးစက်သော အမူအယာများ ထုတ်ဖော်လျက် ရှေ့သို့ တိုးလာပြန်သည်။

ရွှေမီးတောက်ဂိုဏ်းနှင့် သွေးတိမ်ဂိုဏ်းတို့သည် ၎င်းတို့၏ သေမင်းတပ်ဖွဲ့ဝင် များကိုပင် အသုံးပြုရန်အတွက် ပြင်ဆင်လာ ခဲ့ကြသည်။ ထိုတပ်ဖွဲ့ဝင်များကို ရှန်ရှင်းဆဌမအဆင့် သိုင်းသမား တစ်ရာကျော်ဖြင့် ဖွဲ့စည်းထားကြပြီး၊ လက်ရွေးစင် သိုင်းသမားများကိုသာ စုစည်းထားကြခြင်း ဖြစ်သည်။

ထို့ပြင် သေမင်းတပ်ဖွဲ့များကို ဖွဲ့စည်းရာတွင် ၎င်းတို့အတွက် ကြောက်စရာ ကောင်းလှသော အရင်းအမြစ်များကို သုံးစွဲခဲ့ရသည် ဖြစ်ကာ၊ မလိုအပ်ပါက သေမင်းတပ်ဖွဲ့များကို စေလွှတ် အသုံးပြုကြမည် မဟုတ်ချေ။

“ အိုး........ ”

“ ကြောက်စရာကောင်းတဲ့ အခင်းအကျင်းပဲ၊ ဒီနေ့ လင်းယွန်က လွတ်မြောက်နိုင်မှာ မဟုတ်တော့ဖူး "

“ ဂိုဏ်းနှစ်ဂိုဏ်းက ပဉ္စမအဆင့် သိုင်းသမားလေး တစ်ယောက်အတွက်နဲ့ အရမ်းကို ဂရုစိုက်လွန်းရာ မကျဖူးလား ”

" ဟားဟားဟား၊ သူတို့ ဘယ်လိုလုပ် သတိမထားပဲ နေရဲမလဲ၊ မိစ္ဆာသုံးဖော်ရဲ့ရလဒ်ကို မင်းမြင်တယ် မဟုတ်လား"

“ လင်းယွန်လို နတ်ဆိုးမျိုးနဲ့ တွေ့တဲ့အခါ၊ မင်းက သူ့ကို မိတ်ဖွဲ့ဖို့လိုတယ်၊ ဒါမှမဟုတ်ရင် မြန်နိုင်သမျှ မြန်မြန်သတ်ပစ်လိုက်ပါ၊ ”

အဝေးမှ ကြည့်ရှုသူ လူအုပ်ကြီးမှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွာသလို ခံစားလိုက်ရပြီး၊ သက်ပြင်းမောကို ချလိုက်မိ ကြသည်။

နက်နဲတပိုင်း သိုင်းသမားများသည်ပင် ထိုကဲ့သို့သော တည်ရှိမှုမျိုးကို နှိုးဆွရန် ဆန္ဒမရှိခဲ့ကြပေ။

ဤလင်းယွန်သည် အချိန်အနည်းငယ်အတွင်း အပြာရောင်နေမင်းနိုင်ငံ၏ အာဏာရှင်ဂိုဏ်းများကိုပင် ခြောက်ခြားစေခဲ့သော နတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့လေပြီ။

“ သတ်........ ''

'' ချွမ် ချွမ် ချွမ် ''

အယောက်နှစ်ရာခန့်ရှိ သေမင်းတပ်သားများမှာ ၎င်းတို့၏ လက်နက်များကို ထုတ်ယူလိုက်ကြသည်နှင့် တပြိုင်နက် လေထုထဲ၌ သတ္ထုသံများ ပဲ့တင်ထပ် သွားလေသည်။

'' ဝုန်း....... ဝုန်း ဝုန်း ''

ယင်အချိန်တွင် လင်းယွန်၏ နောက်ကျောရှိ ကျောက်တံတိုင်းကြီးမှာ ရုတ်တရက် တဝုန်းဝုန်း မြည်ကာ ပေါက်ကွဲသွားပြီး၊ ဖုန်မှုန့်များ ထောင်းထောင်းထ လာသည်။

ပြိုလဲသွားသော နံရံကိုဖြတ်ကာ ဒီရေလှိုင်းများကဲ့သို့ လူရိပ်များ တဟုန်ထိုး ပြေးဝင်လာကြ၏။

“ သက်တံရောင်နန်းဆောင်ဂိုဏ်းက ဒီနေရာကို ယူမယ်၊ လင်းယွန်ကို ထိဝံ့သူများ ငါ့ဂိုဏ်းရဲ့အမြက်ကို သင့်စေရမယ် ...”

မင်ယီ၏ အသံမှာ မိုးခြိမ်းသံ ကဲ့သို့ ပဲ့တင် ထပ်သွား လေသည်။

***

All Chapters