ဟန်ဆောင် အပြုံး။
Vol. 12 Ch. 166
မှော်ရတနာများမှာ အသုံးပြုသူ၏ သန်မာမှုပေါ် မူတည်ကာ စွမ်းအားကို ထုတ်ဖော် နိုင် ကြသည်။
အိုင်းရစ် ဓားသုတ္တန်ကို စတုတ္ထ အဆင့်သို့ တိုးမြှင့်နိုင် ပြီးနောက်၊ ထွက်ပေါ်လာသော ဓားရည်ရွယ် ချက်မှာ ရှန်ရှင်း သိုင်းသမားပေါင်း တစ်ထောင်ကျော်ကို ဓားချက်တစ်ချက် ဖြင့်သာ ပြာများ အဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
မိန်ဇီယာ၊ ရွှန်းတူနှင့် နက်နဲတပိုင်း သိုင်းသမားများသည် မည်သည့်နေရာတွင် ရှိနေခဲ့သည်ကို မည်သူမျှ မသိနိုင်ကြတော့ပေ။
အနာဂတ်တွင်၊ အပြာရောင်နေမင်းနိုင်ငံ၌ ရွှေမီးတောက်ဂိုဏ်းနှင့် သွေးတိမ်ဂိုဏ်း ဟူသော မောက်မာမှုများ ပျောက်ကွယ် သွားပေ တော့မည်။
ဂိုဏ်းခွဲများရှိ အင်အားများမှာ သက်ဆိုင်ရာ ပင်မဂိုဏ်း၏ သုံးပုံတစ်ပုံ နီးပါးကို ကိုယ်စား ပြုပေသည်။
ဤမျှ ကြီးမားလှသော ဆုံးရှုံးမှုကြီး ပြီးနောက် ပြန်လာနိုင်ဖို့ရန် နှစ်ပေါင်းများစွာ အချိန်ယူရ ပေလိမ့်မည်။
သို့သော် သက်တံရောင်နန်းဆောင်ဂိုဏ်းက အပြာရောင်နေမင်းနိုင်ငံကို အုပ်စိုးရန်အတွက် ဤအခွင့်အရေးကို ဆုပ်ကိုင်မည်မှာ သေချာလှလေသည်။
" ... ....အားလုံး သေကုန်ကြပြီလား "
မင်ယီ၏ အသံမှာ တုန်လှုပ်သွား၏။ ဖြည်းညှင်းစွာ ရှေ့တိုးလာကာ သွေးစွန်း နေသော မြေပြင်ကို ကြည့်လိုက်သည်။
အပြာရောင်နေမင်းနိုင်ငံတွင် သန်မာသူများမှာ အားနည်းသူများကို လုယူ ကြ၏။ ယင်းသည် ရက်စက် ကြမ်းကြုတ် လှသော ဥပဒေ တစ်ခုပင်။
ဂိုဏ်းတစ်ဂိုဏ်း၏ ပျက်ဆီးခြင်းမျိုးမှာ အတိတ်ကာလများတွင် ဖြစ်ပျက်ခဲ့ဖူး သော်လည်း၊ ယခုကဲ့သို့ မြင်ကွင်းမျိုးသည် သူ့ကို ထိတ်လန့်တုန်လှုပ် သွားစေခဲ့ပြီး၊ စိတ်ထဲ၌ အမြဲ စွဲထင်နေပေတော့မည်။
အခြားတစ်ဖက်တွင် အလွန်အစွမ်းထက်လှသော မှော်ရတနာကြောင့် လင်းယွန်သည်လည်း ထိတ်လန့်သွား၏။ ၎င်းစွမ်းအားမှာ သူ့ စိတ်ကူးအား ကျော်လွန် သွားခဲ့သည်။ မယုံနိုင်စရာ ဓားသွားက သူ့မျက်လုံးများအား ကမ္ဘာသစ်တစ်ခုကို ဖွင့်ပေးခဲ့လေသည်။
သူ၏ ဆုံးဖြတ်ချက်အတွက်မူ နောင်တ ရရှိခြင်း မရှိခဲ့ချေ။ အကယ်၍ ထိုမှော်ရတနာကို အသုံးမပြုပါက သက်တံရောင် နန်းဆောင် ဂိုဏ်းမှာ ဆုံးရှုံးမှု များသွားမည် ဖြစ်သည်။
နောက်ဆုံးတွင် ထင်ရှားသော အားသာမှုရှိသော်လည်း အခြားသောဂိုဏ်း နှစ်ဂိုဏ်းကို တိုက်ခိုက်ခြင်းမှာ ကောင်းမွန်စွာ ပြီးဆုံးမည် မဟုတ်ပေ။
သက်တံရောင်နန်းဆောင်ဂိုဏ်း၏ တပည့်များ များစွာ သေဆုံး ကြပေလိမ့်မည်။ မင်ယီက သူ့ကို ကူညီဖို့ရန် ဆုံးဖြတ်ပြီးနောက် ဤမျှ ကြီးမားသော ဆုံးရှုံးမှုကို မရရှိသွားစေလိုပေ။
"အစ်ကိုမင်၊ မင်း စစ်မြေပြင်ကို ရှင်းဖို့ စိတ်မဝင် စားဖူးလား "
လင်းယွန်က ပြုံးလျက် မှင်တက်နေသော မင်ယီကို သတိပေးလိုက်သည်။
ဤနေရာ၌ သိုလှောင်အိတ်များနှင့် အခြားသော ရတနာများ မည်မျှ ရှိသည်ကို မည်သူမှ ခန့်မှန်းနိုင်ချေ။
“ အိုး.. ဒါပေါ့ ငါတို့ပဲ ရှင်းလင်းလိုက်ပါမယ်။"
မင်ယီက တုန်လှုပ်ချောက်ချား နေရာမှ ပြန်လည် သက်သာလာပြီး၊
“ မင်းတို့အနည်းစုက ဒီနေရာကို သန့်ရှင်းရေးလုပ်ပါ။ အန်ကယ်မင်၊ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ဌာနခွဲတွေဆီ ခရီးထွက်ဖို့ မင်းကို အနှောက်အယှက် ပေးရတော့မှာပဲ.... "
ထိပ်တန်းသိုင်းသမားများ၊ သေမင်းတပ်ဖွဲ့များ၊ အကြီးအကဲများနှင့် နက်နဲတပိုင်း သိုင်သမားများ သေဆုံးသွား ပြီးနောက် ဂိုဏ်းခွဲနှစ်ဂိုဏ်းတွင် ရတနာများသာ ကျန်ရှိပေတော့မည်။ မင်ယီအနေဖြင့် ဤအခွင့်အရေးကို လက်လွတ် မခံတော့မည်မှာ သေချာပေသည်။
“ အစ်ကိုလင်း၊ မင်းရဲ့ မြင်းဒဏ်ရာက ထင်သလောက် မပြင်းထန်ဘူး။ မတ်တပ် မရပ်နိုင်ရတဲ့ အကြောင်းရင်းက ဘိုင်လိရွှမ်ရဲ့ လက်ဖဝါးချက်ကြောင့်ပဲ ''
မင်ယီက မြေပြင်ပေါ်တွင် လဲလျောင်းနေသော နဂါးသွေးမြင်းကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
ဘိုင်လိရွှမ်၏ နာမည်ကို ကြားလိုက်သည်နှင့် လင်းယွန်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ နဂါးသွေးမြင်း၏ အစွမ်းထက်သော မျိုးဆက် သွေးဖြင့် ထိုသို့ ပြင်းထန်သော ဒဏ်ရာများကို ခံစားရနိုင်မည် မဟုတ်ပေ။
နဂါးသွေးမြင်း၏ လက်ရှိ အခြေအနေထိ ရောက်အောင် တွန်းပို့ခဲ့သူမှာ ဘိုင်လိရွှမ်သာ ဖြစ်ပေသည်။
ဘိုင်လိရွှမ်သည် မဟာချင် အင်ပါယာ၏ အထက်တန်းစား တစ်ဦး ဖြစ်ပြီး၊ ၎င်းနာမည်ကို ခိုင်မာစွာ တည်ဆောက်ထား နိုင်ခဲ့သည်ဖြစ်ရာ၊ လင်းယွန်၏ မထီမဲ့မြင် ပြုခြင်းအား လျစ်လျူရှု ထားနိုင်ခြင်း မရှိချေ။
လင်းယွန်ကို ပြန်လည် ပေးဆပ်ခိုင်းရန် အခွင့်အရေး မရတော့သည်နှင့် နဂါးသွေးမြင်းပေါ် သူ၏ ဒေါသများကို ပုံချသွားခဲ့ခြင်း ဖြစ်သည်။
“ အတွင်းဒဏ်ရာက ပြင်းထန်တယ်။ မင်း စိတ်၀င်စားရင် ငါရဲ့ဂိုဏ်းခွဲကို ယူဆောင်လာနိုင်ပါတယ်၊ မြန်မြန် ပြန်ကောင်းအောင် ကူညီပေးနိုင်တဲ့ ကျွမ်းကျင်တဲ့ မြင်းထိန်းတွေရှိတယ် "
မင်ယီက လင်းယွန်ကို ကြည့်ကာ အကြံပြုသည်။
" ဒါဆို အစ်ကိုမင် ကိုပဲ ဒုက္ခပေးရတော့မယ် ''
လင်းယွန်က နတ်ဆိုးသားရဲများကို ကုသခြင်းနှင့် ပတ်သက်၍ သိရှိထားခြင်း မရှိခဲ့ချေ။ ထို့ကြောင့် မင်ယီ၏ အကြံကို လက်ခံလိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေမည်။
ထို့နောက်တွင် သက်တံရောင်နန်းဆောင်ဂိုဏ်းက နဂါးသွေးမြင်းကို လှည်းဖြင့် သယ်ဆောင်သွားတော့သည်။
“ သူ့ရဲ့ဒဏ်ရာကို ကြည့်ရတာ မကြာခင် ပြန်ကောင်းလာမှာပါ၊ အစ်ကိုလင်း၊ မင်းက ငါ့ရဲ့ဂိုဏ်းခွဲမှာ ရက်အနည်းငယ် ကြာအောင် ဘာလို့ မနေရတာလဲ၊ ဘေးကင်းရေးနဲ့ ပတ်သက်ပြီးတော့ ငါ့အဖေကို နက်နဲနယ်ပယ် အကြီးအကဲတစ်ဦး စေလွှတ် ခိုင်းလိုက်မယ်။”
မင်ယီက လင်းယွန်နှင့် ရင်းနှီးမှုကို အတတ်နိုင်ဆုံး တိုးချင်ခဲ့သည်။
ပြသခဲ့သော ခွန်အားများအရ လင်းယွန်မှာ နတ်ဆိုးတစ်ကောင်အဖြစ် ကြီးပြင်းလာဖို့ရန် ဖြစ်နိုင်ခြေ မြင့်မားလှပေသည်။ ထို့ကြောင့် သက်တံရောင်နန်းဆောင်ဂိုဏ်းမှ နက်နဲနယ်ပယ် အကြီးအကဲတစ်ဦးအား ဆွဲဆောင်ရန် မင်ယီအတွက် မခက်ခဲပေ။
လင်းယွန်က အနည်းငယ်သာ စဉ်းစားလိုက်ပြီး၊ မင်ယီ၏ အကြံပြုချက်ကို သဘောတူလိုက်သည်။ နဂါးသွေးမြင်းကို တတ်နိုင်သမျှ ပြန်ကောင်းအောင် အချိန်ပေးချင်သည်။
"သွားကြရအောင်။"
သူတို့နှစ်ဦးမှာ သက်တံရောင်နန်းဆောင်ဂိုဏ်း ၏ ဌာနခွဲဆီသို့ ဦးတည်လိုက် ကြသည်။
သက်တံရောင်နန်းဆောင်ဂိုဏ်း ထွက်ခွာသွားပြီးနောက် လူအများ စုရုံးလာ ကြသည်။ မြေပြင်ပေါ်ရှိ အလောင်းများကြောင့် အားလုံး တုန်လှုပ်ကုန်၏။
“ ဒါက ကြောက်စရာ ကောင်းလွန်းတယ်… လင်းယွန်က ဒီလို နည်းလမ်းတွေကို တကယ်ပိုင်ဆိုင်ထားတာလား၊ ဂိုဏ်းနှစ်ဂိုဏ်းကို သူကိုယ်တိုင် ရင်ဆိုင်ရဲတာက အံ့ဩစရာတော့ မရှိပါဘူး။”
“ ဒီနဂါးသွေးမြင်း အတွက်သာ မဟုတ်ရင် လင်းယွန်က ထွက်သွားနေလောက်ပြီ၊ ဒါဆိုသူ့ရဲ့ကောင်းကင်ရတနာကိုလည်း အသုံးပြုဖို့ မလိုအပ်တော့ဘူး။"
“ အပြာရောင်နေမင်းနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းက အပြောင်းအလဲတစ်ခု ဖြစ်လာတော့မယ့် ပုံပဲ ”
" နောက်ဆုံးတော့ သက်တံရောင်နန်းဆောင်ဂိုဏ်းက ရွေးချယ်မှု မှန်ကန်ခဲ့တယ် "
“ဒါကြောင့် မို့လို့ မင်းက အာဏာရှင်တစ်ယောက် ဖြစ်ရင်တောင် အဝေးကြီးကို မျှော်လင့် မထားနဲ့..…”
သက်တံရောင်နန်းဆောင်ဂိုဏ်းမှ လျစ်လျူရှုထားသော မည်သည့် အရာများကို မဆို လှည့်ပတ်ရှာဖွေစဉ် လူတိုင်းက ဆွေးနွေးနေ ကြသည်။ အကယ်၍ ၎င်းတို့သည် နက်နဲတပိုင်း သိုင်းသမားများ၏ သိုလှောင်အိတ်တစ်လုံးလုံးကို တွေ့ရှိနိုင် ခဲ့ပါက၊ အမြတ်အစွန်းတစ်ခု ဖြစ်လာနိုင်ပေမည်။
ထိုမြင်ကွင်းကို ရပ်တန့်ငေးမော နေမိသော မြောက်ဘက်ဆုံမှတ်သခင်မှာ စိတ်ဓာတ်ကျသွား၏။ နှစ်ပေါင်းများစွာ ကြိုးစား အားထုတ်ထားသော အရာအားလုံးမှာ ခဏချင်း ပြိုလဲကျ သွားခဲ့လေပြီ၊ ထို့အပြင် သူ၏ လက်တစ်ဖက် ကျိုးကြေသွားခြင်းသည် ကြီးမားသော ထိုးနှက်ချက် ဖြစ်သည်။ တခြားသော ရွေးချယ်စရာသာ ရှိပါလျှင်၊ နဂါးသွေးမြင်းကို လေလံတင်မိမည် မဟုတ်ပေ။
" သခင်ကြီး၊ ငါတို့ သူတို့ကို မောင်းထုတ်ရမှာလား"
လေလံပွဲရင်ပြင်ရှိ လူအုပ်ကြီးကို တွေ့သောအခါ လက်အောက်ငယ်သားများက အလွန် စိတ်မကောင်း ဖြစ်ဟန်ဖြင့် မေးမြန်းလာ၏။
" မေ့လိုက်ပါ။ ဒီရင်ပြင်က ပျက်စီးသွားပြီ။ မင်းတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး အပြာရောင်နေမင်းနိုင်ငံကနေ ထွက်သွားလိုက်ပါ။"
ဆုံမှတ်သခင်၏ မျက်လုံးများတွင် ခါးသီးမှုများဖြင့် ပြည့်နှက်လာပြီး၊ အစီအစဥ်များ ထားရှိနေခဲ့သည်။ ကိုယ်အင်္ဂါ အစုံအလင်နှင့် နက်နဲနယ်ပယ်သို့ မရောက်ရှိပါက အပြာရောင်နေမင်းနိုင်ငံတွင် ခြေချရန် နည်းလမ်းမရှိချေ။
သုံးရက်ကြာသည်အထိ လေလံရင်ပြင်မှာ သွေးချောင်းစီးကာ ရှုပ်ပွနေဆဲ ဖြစ်သည်။ ဤနေရာသည် တစ်ချိန်က စည်းကားခဲ့သော ရင်ပြင်တစ်ခု ဖြစ်သော်လည်း ယခုအခါတွင် ဆိတ်သုဉ်းသော မြေ ဖြစ်ခဲ့သည်။ သက်ရှိတစ်ကောင်၏ အရိပ်အယောင်မျှပင် မရှိတော့ချေ။
ဝှစ် ။
လေတိုးသံများနှင့်အတူ လူရိပ်သုံးရိပ်မှာ ကောင်းကင်ထက်မှ ဆင်းသက်လာပြီး၊ ဆိတ်သုဉ်းနေသော မြေပြင်ကို အကဲခတ်လိုက်၏။ သွေးရနံ့များကြောင့် အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ် သွားသည်။ ထိုလူရိပ်သုံးရိပ်မှာ သွေးတိမ်ဂိုဏ်း၏ ဝတ်စုံကို ၀တ်ဆင်ထားကြကာ၊ ၎င်းတို့၏ ခေါင်းဆောင်သည် လူလတ်ပိုင်းအရွယ် နက်နဲသိုင်းသမားတစ်ဦး ဖြစ်သည်။ သူ့ထံမှ သိပ်သည်း နားမလည်နိုင်သော အရှိန်အဝါများကို ထုတ်လွှတ်ထားသည်။
မင်ယီသာ ဤနေရာ၌ ရှိနေခဲ့ပါက ထိုလူလတ်ပိုင်း အရွယ် သိုင်းသမားကြီးကို သေချာပေါက် မှတ်မိပေမည်။ သွေးတိမ်ဂိုဏ်းတွင် အခွင့်အာဏာကို ဆုပ်ကိုင်ထားနိုင်သော အကြီးအကဲယန် ဖြစ်သည်။ လင်းယွန်က သူ့သားကို သတ်ပြီးနောက် လင်းယွန်၏ ဦးခေါင်းအား သွေးဆုကြေးကို ထုတ်ပေးခဲ့သော သူလည်း ဖြစ်၏။
“ သေပြီ… အားလုံး သေကုန်ပြီ… တစ်ယောက်မှ မရှင်ခဲ့ဘူး…”
“ရက်စက်တယ်။ ...”
ယန်တျန်းဘေးတွင် ရပ်နေခဲ့သော လက်အောက်ငယ်သား နှစ်ယောက်က နှာခေါင်းကို ပွတ်လိုက်ပြီး ဆိတ်သုဉ်းနေသော မြေပြင်ကို စတင် ရှာဖွေကြသည်။
“ အကြီးအကဲ ယန်၊ ဒါက စီနီယာရွှန်းရဲ့ အပိုင်းအစတွေ ဖြစ်ပုံရတယ်…”
သူတို့ထဲမှ တစ်ယောက်က ပြန့်ကျဲနေသောအပိုင်းအစများကို စစ်ဆေးပြီးနောက်အတည်ပြုလိုက်သည်။
ယန်တျန်းက သူ့အကြည့်ကို ထိုငယ်သားထံသို့ တစ်ချက်သာ ပို့လွှတ် လိုက်ပြီးနောက် မျက်နှာလွှဲလိုက်၏၊ လေထုထဲတွင် ကျန်ရစ်နေသော ဓားရည်ရွယ်ချက်ကို ခံစားလိုက်ရသောအခါတွင် တုန်လှုပ်သွားသည်။
( ဒီကောင်က ဓားသူတော်စင်ရဲ့ အမွေကို ရခဲ့တာလား။ )
" သူ သက်တံရောင်နန်းဆောင်ဂိုဏ်းရဲ့ ဌာနခွဲမှာ ရှိနေတာ သေချာလား"
ယန်တျန်းက လင်းယွန်၏ နာမည်ကို တိုက်ရိုက် မခေါ်ဝံ့ပေ။ အံဝင်ခွင်ကျ မဖြစ်မည်ကို စိုးထိတ်နေခဲ့သည်။
“ သေချာပါတယ် အကြီးအကဲယန် ဒါပေမယ့် သက်တံရောင်နန်းဆောင်ဂိုဏ်းရဲ့ နက်နဲသိုင်းသမား တစ်ယောက်က သူ့ကို ကာကွယ် ပေးနေတာကြောင့်၊ အတင်းအကျပ် ခေါ်ဆောင်ဖို့က လွယ်ကူမယ် မထင်ဖူး။ ”
“ အရေးမကြီးဘူး။ သူ မကြာခင် အဲ့ဒီကနေ ထွက်လာမှာပါ၊ နောက်ပြီး ငါက စိတ်ရှည်တဲ့သူပဲ။”
ယန်တျန်း၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အမြွက်များ ပြသလာခဲ့သည် ။
'' ဘုန်း.......... ''
ရုတ်တရက် အလောင်းတစ်လောင်းမှာ သူတို့သုံးယောက်၏ ရှေ့သို့ ပြုတ်ကျလာခဲ့သည်။
" ဘယ်သူလဲ ..."
ယန်တျန်း၏ အမူအယာမှာ ပြောင်းလဲသွားသည်။ သူ့ခွန်အားဖြင့်ပင် ပတ်ဝန်းကျင်မှ တစ်စုံတစ်ရာကိုမျှ အာရုံခံမိခြင်း မရှိသည်ကြောင့် ထိတ်လန့် အံ့သြသွား၏။
“ ဒါ ..... ရွှေမီးတောက်ဂိုဏ်းရဲ့ နက်နဲနယ်ပယ်အဆင့် အကြီးအကဲတစ်ဦးပဲ ”
အလောင်းကိုတွေ့ မြင်လိုက်သည်နှင့် သုံးယောက်သား မျက်နှာများ မည်းမှောင်သွားကြသည်။ ယန်တျန်းပင်လျှင် တုန်လှုပ် ချောက်ချားစေသော အအေးဓာတ်များ ကျောရိုးတစ်လျှောက် ဖြတ်ပြေး သွားသလို ခံစားလိုက်ရသည်။
ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲသည် ဤအခြေအနေကို စုံစမ်းစစ်ဆေးရန် ရောက်ရှိလာခဲ့ပုံရ၏၊ သူ၏ ခွန်အားအရ ယန်တျန်းထက် အားကောင်းလှသည်ဖြစ်ရာ ကောင်းစွာ ဖုံးကွယ်ထား နိုင်ခဲ့ပုံရသည်။ သို့သော် ရန်သူသည် ထို့ထက် ပို၍ ကြောက်စရာကောင်း ပေမည်။
" ဘယ်သူလဲ ထွက်လာခဲ့စမ်း "
ယန်တျန်းက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အရှိန်အဝါဖြင့် ပိတ်ဆို့ကာကွယ် မြှင့်တင်လိုက်သည်။
'' .............. ''
ရုတ်တရက် ညင်သာသော ပုလွေသံတစ်သံ ထွက်ပေါ်လာသည်မှ လွဲ၍ မည်သူမျှ ထွက်ပေါ်လာခြင်း မရှိချေ။ ၎င်းပုလွေသံ၏ မှော်ဆန်သော ညို့ငင်နိုင်စွမ်းကြောင့် နှလုံးသားမှာ လိုက်ပါ စီးမျောသွား၏။ တမဟုတ်ချင်းမှာပင် ပုလွေသံသည် ပြောင်းလဲသွားခဲ့ပြီး၊ ကြီးစွာသော နာကျင်မှုကို လှုံ့ဆော်ပေးနေသော နတ်ဆိုးအော်မြည် သံကဲ့သို့ မြည်ဟိန်း လာလေသည်။
ယန်တျန်း၏ လက်အောက်ငယ်သား နှစ်ယောက်မှာ နာကျင်မှု့ကြောင့် ထိတ်လန့်စွာ အော်ဟစ် လိုက်ကြသည်။
'' ................. ''
သူတို့နှစ်ဦး၏ ခန္ဓာကိုယ်အတွင်း ကမောက်ကမ ဖြစ်စဉ်ကို နာကျင်စွာ ခံစားလိုက်ရပြီး မကြာမီ ပေါက်ကွဲသွား၏။ ယန်တျန်းသည်လည်း သူ့ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအင်များ တုန်လှုပ်လာသည့် ခံစားချက်ကို အလျင်အမြန် ဖိနှိပ်လိုက်ရသည်။ သူ၏ အတွင်းအင်္ဂါများမှာ ပုလွေသံကြောင့် လှုပ်ခါနေခဲ့ပြီး မထင်မှတ်နိုင်သော နာကျင်မှုကို ခံစားလာ ရသည်။
“ မင်းရဲ့ ပုလွေသံကို ရပ်လိုက်ပါ၊ ကျေးဇူးပြုပြီး ငါ့အသက်ကို ခွင့်လွှတ်ပါ။ "
ယန်တျန်းက သူ့ကိုယ်သူ တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားပြီး ပုလွေသံ ပိုင်ရှင်ထံမှ ကရုဏာကို တောင်းခံလိုက်၏။ အကြောက်တရားများ လွှမ်းမိုးလာပြီး၊ ထိုသူမှာ စော်ကားရန် မတတ်နိုင်သော တည်ရှိမှုတစ်ခုဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
ပုလွေသံမှာ ဆက်လက် ထွက်ပေါ်နေမြဲ ဖြစ်ပြီး၊ သူ၏ အသနားခံမှုကို လျစ်လျူရှုကာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ ဝေဒနာ၏ ဆိုးရွားသော နာကျင်မှုကြောင့်၊ ညည်းညူနေမိစဉ် လွတ်မြောက်ဖို့ရန် မျှော်လင့်မထား တော့ချေ။ တစ်ဖက်လူမှ သူ့ဘဝကို မြန်မြန် အဆုံးသတ်စေရန်သာ ဆန္ဒရှိလာခဲ့သည်။
သို့သော် ညှဉ်းပန်းနှိပ်စက်မှုမှာ တစ်နာရီခန့် ကြာညောင်းခဲ့ပြီးနောက် ယန်တျန်း၏ ဒွါခွန်နှစ်ပါးမှ သွေးများ စီးကျလာကာ၊ လဲကြသေဆုံးသွားမှသာ ရပ်တန့်သွားလေသည်။
အနီရောင်ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးသည် သူမ၏ခါးတွင် ပုလွေကို ချိတ်လျှက် ထွက်ပေါ်လာသည်။ သေဆုံးနေသော ယန်တျန်းအလောင်းကို ခံစားချက်မဲ့စွာ စိုက်ကြည့် နေခဲ့သည်။
"အစ်ကိုကြီး ယွန်က တကယ်ကို စိုးရိမ် စရာပဲ။"
-ဟူသော ခပ်တိုးတိုး ရေရွတ်သံနှင့်အတူ ဆန်းသစ်စ လခြမ်းနှစ်စင်း သဏ္ဍာန် မျက်ဝန်း များကို မှေးဆင်းလျက် နှုတ်ခမ်းကို ကိုက်ကာ ပြုံးရယ် လိုက်လေသည်။
***