ရွေးချယ်မှု။
Vol. 12 Ch. 168
သိုလှောင်အိတ်ထဲတွင် မယုံနိုင် လောက်အောင် များပြားသော ရှန်ရှင်း ဆေးလုံး များဖြင့် ပြည့်နှက်နေသည်။ ဆေးလုံးများကို ရေတွက်နေဆဲမှ လင်းယွန်၏ နှလုံးခုန်နှုန်းမှာ မြင့်မား လာခဲ့သည်။
" ဒါက......... ''
လင်းယွန်က သူ့နှလုံးသားထဲရှိ အံ့သြမှုကို ဖိနှိမ့်ကာ မေးမြန်းလိုက်သည်။
" ရှန်ရှင်းဆေးလုံး (၁၁၀,၀၀၀) "
မင်ယီက ပြုံးလိုက်ပြီး အရေအတွက်ကို ထုတ်ဖော် ပြောဆိုလိုက်သည်။
" အဲ့လောက်များလား.... ငါ့အကူအညီ လိုသေးလို့လား "
လင်းယွန်က ရှန်ရှင်း ဆေးလုံးများကို မယူဝံ့ခဲ့ပေ။
“ မလိုပါဖူး၊ ဒါတွေက စစ်ပွဲရဲ့ ရိတ်သိမ်းမှုတွေပဲ၊ မင်းက သူတို့ကို သတ်ခဲ့သူဖြစ်လို့၊ ငါတို့က (၁၀) ရာခိုင်နှုန်းပဲ ယူပြီး၊ ကျန်တာက မင်းအတွက်ပါ ”
မင်ယီက ပြုံးကာ ရှင်းပြလိုက်သည်။ ထိုရှင်းပြချက်ကြောင့် လင်းယွန်က တုံ့ဆိုင်း မနေတော့ပဲ လက်ဝှေ့ယမ်းလိုက်ကာ၊
" ဒါဆို ငါ အားနာမနေတော့ဘူး ''
ကောင်းကင်ဘုံဖျက်ဆီးခြင်း နည်းစနစ်မှာ အစွမ်းထက်လှသော်လည်း ယင်စွမ်းအင်နှင့် ယင်- ဟု သတ်မှတ်ထားသော မီးတောက်များသည် နေရာတိုင်း ရှာတွေ့နိုင်သော အရာမဟုတ်ပေ။ ထို့ကြောင့် သူ့အတွက် အရင်းအမြစ် များစွာ လိုအပ် လှပေသည်။
မိစ္ဆာသုံးဖော်၏ သိုလှောင်အိတ်များ အတွင်းမှ ရှန်ရှင်း ဆေးလုံးပေါင်း (၂၀၀၀၀)နှင့် သူ့မူလရှိ ဆေးအလုံးရေပေါင်း (၂၀၀၀၀)ကို ပေါင်းထည့်ပြီးနောက်၊ ယခုအခါတွင် ဆေးအလုံးပေါင်း (၁၅၀,၀၀၀)ကို ပိုင်ဆိုင် ထားပေသည်။ ထိုပိုင်ဆိုင်မှုသည် ပဉ္စမအဆင့် သိုင်းသမား တစ်ယောက်အတွက်မူ များစွာသော ပိုင်ဆိုင်မှုပင် ဖြစ်သည်။
" အားနာစရာ မလိုပါဘူး။ "
လင်းယွန်က ငြင်းဆန်ခြင်း မရှိသည်ကြောင့်၊ မင်ယီမှာ စိတ်သက်သာရာ ရသွားသည်။ သူက လင်းယွန်မှ လက်ခံခြင်း မရှိမည်ကို စိုးရိမ် နေခဲ့မိ၏။
" အခုမင်းက ဘယ်ကို သွားဖို့ စိတ်ကူးထားလဲ ''
လင်းယွန်၏ အရည်အချင်းနှင့် ငယ်လွန်းသော အရွယ်ကြောင့် အပြာရောင်နေမင်းနိုင်ငံတွင် ကြာကြာနေမည် မဟုတ်ကြောင်းကို မင်ယီက ခန့်မှန်းနိုင်သည်။
“ အမှန်တိုင်း ပြောရရင်တော့ ငါမသိဘူး၊ မင်းမှာ ငါ့အတွက် စဉ်စားပေးဖို့ အချက်အလက်တွေရှိမယ် ထင်တယ် ''
လင်းယွန်က ကူကယ်ရာမဲ့ ဟန်ဖြင့် ပြုံးပြလိုက်ပြီး နှာခေါင်းကို ပွတ်သပ်လိုက်သည်။
ဓားသမားတစ်ယောက်အနေဖြင့် ကောင်းကင်ဘုံဓားနန်းတော်သည် သန့်ရှင်းသောမြေ ဖြစ်သော်လည်း ဘိုင်လိရွှမ်ကိုအပြစ် ပြုပြီးနောက်တွင်၊ ထည့်သွင်း စဉ်းစားတော့မည် မဟုတ်ပေ။
မင်ယီက ထိုသို့ သုံးသပ်လိုက်ကာ၊
“ မဟာချင်အင်ပါယာကြီးက ကျယ်ပြောလှပြီး သန်မာတဲ့ အင်အားစု များစွာ ရှိတယ်၊ ထိပ်ဆုံးရောက် အင်အားစုတွေကတော့ ကောင်းကင်ဘုံဓါးနန်းတော်ဂိုဏ်း၊ ရှေးဟောင်းတာအိုဂိုဏ်း၊ ထာဝရမြင့်မြတ်ခြင်းဂိုဏ်းနဲ့ လနတ်ဆိုးဗိမ္မာန် ဂိုဏ်းတွေပဲ ''
“ သေချာတာကတော့ ကောင်းကင်ဘုံဓားနန်းတော်ကို မင်းသွားမှာမဟုတ်ဖူး၊ လနတ်ဆိုးဗိမ္မာန်ဂိုဏ်း အတွက်ကတော့၊ တပည့်တွေကို ပြောင်ပြောင်တင်းတင်း စုဆောင်းခြင်း မပြုတာကြောင့် မင်းဝင်လို့ မရတာ သေချာတယ်၊ မင်းမှာ ရွေးချယ်စရာ ရှေးဟောင်းတာအိုဂိုဏ်းနဲ့ ထာဝရမြင့်မြတ်ခြင်းဂိုဏ်းပဲ၊ ကျန်ရှိတော့တယ်၊ အိုး နေဦး..... 'ကောင်းကင်ဘုံကချင်အင်စတီကျု' လည်း ရှိသေးတယ်။ "
" ကောင်းကင်ဘုံက ချင်အင်စတီကျု..... "
လင်းယွန်မှာ ကောင်းကင်ဘုံကချင်အင်စတီကျုကို တစ်ကြိမ်မျှ မကြားဖူးခဲ့ပေ။ မင်ယီက ခေါင်းညိတ် ပြလိုက်ပြီး၊
“ ဟုတ်တယ် မဟာချင်အင်ပါယာကြီးရဲ့ တော်ဝင်မိသားစုက တည်ထောင်ခဲ့တာပါ။ ဂိုဏ်းလေးဂိုဏ်းကို ထိန်းချုပ်ထားဖို့ ရည်ရွယ် ဖွဲ့တည်ထားခဲ့တာပဲ၊ နှစ်တွေ ကြာလာတာနဲ့ အမျှ သူတို့က ထူးချွန် ထက်မြက်တဲ့ ပါရမီရှင်တွေ အများကြီးကို ပြုစုပျိုးထောင်ပေး နိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အရင်းအမြစ်တွေကို မင်း လက်ခံချင်ရင် အင်ပါယာကို သစ္စာခံဖို့ ကျိန်ဆို ရလိမ့်မယ်။ ဂိုဏ်းကြီးတွေထက် လွတ်လပ်မှု နည်းတယ်။ ''
" တကယ်တမ်သာ ရွေးချယ် ရမယ်ဆိုရင်၊ ဘယ်သူကမှ ကောင်းကင်ဘုံကချင်အင်စတီကျုမှာ ပါဝင်လိုစိတ် မရှိကြဘူး၊ အဲဒါက တော်ဝင်မိသားစုတွေနဲ့ မင်းမျိုး မင်းနွယ်တွေရဲ့ သားစဉ် မြေးဆက်တွေ အပြင်…....”
ပြောနေဆဲမှ ခဏရပ်နား ပြီးနောက် မင်ယီက တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့်၊
“ မင်းဘာလို့ ထာဝရမြင့်မြတ်ခြင်း ဂိုဏ်းကို မ၀င်တာလဲ။ ''
" ထာဝရမြင့်မြတ်ခြင်းဂိုဏ်းလား၊ ဘာကြောင့်ဝင်သင့်လဲဆိုတာ ရှင်းပြဖို့ စိတ်မကူးဘူးလား"
လင်းယွန်က မေးလိုက်သည်။
“ နာမည်ကြီး ကျား-နဂါးလက်သီးက ထာဝရမြင့်မြတ်ခြင်း ဂိုဏ်းကနေ ဆင်းသက် လာတယ်ဆိုတာ မင်းသိလား။ မင်းက လက်သီးထိုးနည်းစနစ်ကို ကျွမ်းကျင်တယ်လို့ ငါပြောနိုင်တယ်။ ဒါကြောင့် ကောင်းကင်ဘုံဓားနန်းတော်ကို မဝင်ရောက် နိုင်မှတော့ ဒါက အရမ်းကောင်းတဲ့ ရွေးချယ်မှုတစ်ခုပဲ "
မင်ယီ၏ ခွဲခြမ်းစိတ်ဖြာ ပေးနေမှုကြောင့် လင်းယွန်ကို အမြင်ကျယ် လာစေခဲ့သည်။
“ ပြီးတော့၊ ထာဝရမြင့်မြတ်ခြင်းဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်က ဓားနန်းတော်အောက် မနိမ့်ကျဘူး..... ''
မင်ယီက တစ်စုံတစ်ခုကို တွေးမိပြီး ရှက်ရွံ့စွာ ပြုံးရယ်လိုက်ကာ၊
" ငါတို့ ပြောနေတာက မင်းရဲ့ရွေးချယ်မှုအကြောင်းပဲ မဟုတ်လား တောင်းပန်ပါတယ် "
လင်းယွန်က ထိုစကားကို ကြားသောအခါတွင် ပြုံးလိုက်သည်။ ဂိုဏ်းကြီး လေးဂိုဏ်းတို့သည် နက်နဲသော အခြေခံ အုတ်မြစ်ဖြင့် မြင့်မြတ်သော အနေအထားကို ဆောင်ထားကြသည်။ မဟာချင်အင်ပါယာကြီးတွင် ကျယ်ပြန့်သော နယ်မြေများစွာ ရှိသည်။ အပြာရောင်နေမင်းနိုင်ငံ တစ်ခုတည်း၏ အရွယ်အစားသည်ပင် မိုးကောင်းကင်နိုင်ငံထက် အဆများစွာ ကျယ်ဝန်းပေသည်။
အင်ပါယာတွင် ခရိုင်ပေါင်း တစ်ရာကျော်ရှိပြီး မရေတွက်နိုင်သော ကျင့်ကြံသူများမှာ မျိုးဆက်အလိုက် ကြောက်စရာ ကောင်းသော ပါရမီကို ပိုင်ဆိုင်ထားကြသည်။ ထိုပါရမီရှင်တိုင်းသည် ဂိုဏ်းလေးဂိုဏ်း အတွင်းသို့ ဝင်ရောက် လိုကြသည်ဖြစ်ရာ၊ ပြိုင်ဆိုင်မှု မည်မျှ ပြင်းထန်မည်ကို စိတ်ကူး ကြည့်နိုင်သည်။
ဥပမာအားဖြင့်ဆိုရသော် ကောင်းကင်ဘုံဓားနန်းတော်၏ သာမာန် တပြည့်များသည်ပင် မိန်ဇီယာနှင့် ရွှန်းတူတို့ထက် ပို၍ သန်မာပေ၏။ ထို့ကြောင့် ဂိုဏ်းလေးဂိုဏ်း၏ သတ်မှတ်ချက်သည် ရယ်စရာကောင်းလောက်အောင် မြင့်မားနေမည်မှာ သေချာလေသည်။
“ အစ်ကိုလင်း၊ မင်းရဲ့ ရွေးချယ်ခွင့်ကို မင်းကိုယ်တိုင်ရယူပါ၊ ငါ့ အကူအညီ လိုရင် ယဉ်ကျေး မနေပါနဲ့ "
မင်ယီက ပြုံးကာ၊ နှုတ်ဆက် ထွက်သွားပြီးနောက် လင်းယွန်က တွေးတော ကျန်ရစ် ခဲ့တော့သည်။
“ ကျားနဂါးလက်သီး အပြည့်အစုံကို ရမယ်ဆိုရင် မဆိုးပါဘူး၊ ဒါပေမယ့် ဓားနန်းတော်ကလည်း အုတ်မြစ်ခိုင်မာတဲ့ ဂိုဏ်းကြီးတစ်ခုပဲ၊ အဲဒီဂိုဏ်းကိုပဲ ရုပ်ဖျက်ပြီး ဝင်လို့ ရနိုင်မလား...”
နောက်ဆုံးတွင် ဓားသမားတစ်ဦး ဖြစ်သဖြင့် ကောင်းကင်ဘုံဓားနန်းတော်ကိုသာ သဘာဝအတိုင်း စိတ်ဝင်စားခဲ့သည်။ သို့သော်ရွေးချယ်ရန် အတွက်မူ ခက်ခဲနေဆဲပင်။
ညင်သာသောလေပြေနှင့်အတူ ညည့်ယံမှာ ငြိမ်သက်နေခဲ့ပြီး၊ ကောင်းကင်၌ လမင်းကို ချိတ်ဆွဲ ထားလေသည်။
ခြံဝင်းတစ်ခုအတွင်းတွင် လင်းယွန်က မိုးကြိုးလက်ခုပ်သံငါးပါးကို လေ့ကျင့်နေ၏။
ပန်းသင်္ချိုင်းဓားမှာ လရောင်အောက်တွင် စီးမျော ကခုန်နေကာ မှိန်ဖျော့ဖျော့ အလင်းများကို ထုတ်ဖော်ထားသည်။
လင်းယွန်၏ စိတ်ထဲတွင် ငြိမ်သက်သော အခြေအနေသို့ ဝင်ရောက်လာခဲ့ပြီး၊ သူ့ကိုယ်ပိုင် ဖြစ်တည်မှုကို တဖြည်းဖြည်း မေ့လျော့သွားခဲ့သည်။ ဓားနှင့်လူသည် ကောင်းစွာ ပေါင်းစပ်သွားပြီးနောက် အမှောင်ထု အတွင်းတွင် တောက်ပနေသော ဓားတစ်လက်ကိုသာ တွေ့မြင် နိုင်တော့သည်။
သို့သော် သူ၏ မျက်လုံးများတွင် တည်ငြိမ်မှုများ ပျောက်ဆုံးလာ ပြန်၏။ ဘိုင်လိရွှမ်။ ...... သူ့နှလုံးသားမှာ ၎င်းနာမည်ကြောင့် တဆက်ဆက် ခုန်လာ၏။ ဓားသမားတစ်ယောက် အနေဖြင့်၊ ဓားဂိုဏ်းထဲသို့ မ၀င်ရောက်နိုင်သည်မှာ ကြီးမားသော ထိုးနှက်ချက် တစ်ခုပင်။
မိုးကြိုးလက်ခုပ်သံငါးပါး၏ ချောမွေ့သော စီးမျောနေမှုမှာ ရုတ်တရက် အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။
ထိုအချိန်တွင် ညင်သာသော ပုလွေသံမှာ ထွက်ပေါ်လာပြီး၊ သူ့နှလုံးသားကို ချော့မြူလာတော့သည်။
ပုလွေသံထွက်ပေါ်လာသည်နှင့် သူ့လက်ထဲရှိ ပန်းသင်္ချိုင်းဓားမှာ ငြိမ်သက်သွားသည်။ ပုလွေသံ၏ လမ်းညွှန်မှုအောက်တွင်၊ မပြည့်စုံသော ဓားရည်ရွယ်ချက်မှာ မိုးကြိုးလက်ခုပ်သံငါးပါးနှင့် တဖြည်းဖြည်း ရောနှောသွားခဲ့သည်။
များမကြာမီ လေးနက်သော အခြေအနေသို့ ရောက်ရှိသွားပြီး၊ ဓားတာအိုမှာ ပို၍ သိမ်မွေ့လာသည်။ မပြည့်စုံသော ဓားရည်ရွယ်ချက်၏ အတားအဆီး အချို့ကို တွေ့မြင်လာနိုင်ပြီး ထိုအတားအဆီးအား ချိုးဖြတ်နိုင်ပါက၊ သူ၏ ဓားရည်ရွယ်ချက်ကို ပြီးမြောက်စေမည် ဖြစ်သည်။
'' ခ ရစ်....... ''
ဒါန်တမ်အတွင်းရှိ ဓားကျိုးမှာ လှုပ်ခါ သွားခဲ့ပြီး ချည်နှောင်ထားသော သံကြိုးကိုးချောင်းကို ထွက်ပေါ်လာ စေခဲ့သည်။ သံကြိုးများပေါ်တွင် သေးငယ်သော အက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး၊ မကြာမီ ငြိမ်သက် သွားတော့၏။
ပန်းသင်္ချိုင်းဓားကို ရုတ်သိမ်း လိုက်ပြီးနောက် သူ၏ သိုင်းဝိညာဉ်ကို အာရုံစိုက် လိုက်မိသည်။ ဓားကို ဖုံးအုပ်ထားသော ငွေဖြူရောင် အလင်းအချို့မှ လွဲ၍ ပြောင်းလဲမှုများ ရှိမလာ ခဲ့ချေ။
" ငါများ...... လွဲမှားနေတာလား ဒါပေမယ့် တစ်ခုခု ကွဲအက်သွားတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရတာပဲ…”
သူ၏ သိုင်းဝိညာဉ်ထံမှ ဆုတ်ခွာလိုက်သည်။
သိုင်းဝိညာဉ်တိုင်းတွင် လျှို့ဝှက် ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေကြပြီး ထိုဆန်းကြယ်မှုကို ဖော်ထုတ်ရန် မလွယ်ကူပေ။ အနည်းဆုံးတော့ လင်းယွန်သည်လည်း သူ့သိုင်းဝိညာဉ်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ရှာဖွေ တွေ့ရှိနိုင်မည် မဟုတ်ပေ။
'' ..... ထားတော့ ငါက ဓားတာအိုမှာ နားလည်မှု ပိုတိုးလာတာပဲ ''
သူ့၌ ဓားရည်ရွယ်ချက်ကို အပြည့်အ၀ နားလည်ဖို့ရန် အချိန်တစ်ခုသာ လိုအပ်ပေတော့မည်။ ဘိုင်လိရွှမ်သည် နက်နဲတပိုင်း သိုင်းသမားများကို အလွယ်တကူ အနိုင်ယူ နိုင်ရသည့် အကြောင်းရင်းမှာ အဓိကအားဖြင့် ၎င်း၏ ဓားရည်ရွယ်ချက်ကြောင့် ဖြစ်သည်။
တစ်စုံတစ်ယောက်တွင် လုံလောက်အောင်နားလည်နိုင်မှု မရှိပါက ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်ဖို့ရန် မဖြစ်နိုင်ချေ။ သို့မဟုတ်ပါက အချိန်ဖြုန်းခြင်းသာ မြည်ပေမည်။
ပုလွေသံ တိတ်ဆိတ်သွားသည်နှင့် ပတ်ဝန်းကျင်အား အကဲခတ်ကာ ယွဲ့ဝေဝေကို ရှာဖွေ ကြည့်လိုက်သည်။ ယွဲ့ဝေဝေ၏ လက်ရှိ ပြသသော ခွန်အားအရ ရွှေမီးတောက်ဂိုဏ်းနှင့် သွေးတိမ်ဂိုဏ်းတို့၏ အကြီးအကဲများကို သတ်ဖြတ် လိုက်သူမှာ သူမပင် ဖြစ်ရပေမည်။
" အဟီး....အစ်ကိုကြီးယွန် ငါ့ကို ရှာဖို့ မကြိုးစားပါနဲ့။ "
ရုတ်တရက် ယွဲ့ဝေဝေ၏ အသံမှာ အမှောင်ရိပ်ထဲမှ တိုးထွက်လာခဲ့သည်။
“ ငါက အလျင်အမြန် ထွက်သွားရတာက အခက်အခဲ တစ်ခုကြောင့်ပါ၊ ငါ့ခန္ဓာကိုယ်ထဲက ကန့်စည်းတွေ ပြေပျောက်သွားတာနဲ့၊ နင့်ကို မလိုလားတဲ့ အကြောက်တရားတွေ ဝင်မလာ စေချင်လို့ပဲ၊ နင့်ကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက် မရှိပေမယ့်၊ နင့်ရဲ့ နှလုံးသားက ယိမ်းယိုင်နေပြီ ဆိုတာကို၊ ငါ ခံစား လိုက်ရတယ် .…”
အသံသည် သူ့နားမှ ထွက်ပေါ်လာပြီး၊ တစ်ချိန်တည်းမှာပင် အဝေးဆီမှ ထွက်ပေါ်နေသကဲ့သို့ ခန့်မှန်းရ ခက်နေခဲ့သည်။
“ အဆင်ပြေပါတယ်၊ ငါမှာ ရွေးချယ်မှု တစ်ခု ရှိထား ပြီးသားပါ။ ငါ့နှလုံးသားထဲ ကျားတစ်ကောင် ရှိနေသရွေ့ ဘယ်သွားသွား နှင်းဆီပန်းတွေကို နမ်းလို့ ရပါတယ်။ "
လင်းယွန်က ပြုံးလိုက်သည်။ သူ့စကားများကြောင့်၊ ယွဲ့ဝေဝေက စဉ်းစားနေ သကဲ့သို့ ခေတ္တရပ်နား သွားသည်။
“ ဟီး ဟီး ငါနားလည်ပြီ၊ ကြည့်ရတာ ငါအစိုးရိမ် လွန်နေပုံပဲ၊ နင့်ရဲ ခံစားချက်ကို ငါသိခဲ့ရင် ပေါ်လာမိမှာ မဟုတ်ဘူး၊ တကယ်တော့ မိန်းမတစ်ယောက်က ယောက်ျားလေးတွေနဲ့ယှဉ်ပြီး အခြေအနေကို ဖန်တီးယူလို့ မရပါဖူး၊ ”
လင်းယွန်က အမှောင်ထဲ၌ မျက်လုံးပြူးသွား၏။ ယင်းအကြောင်းအရာသည် မည်သို့ ဦးတည်ရာ ပြောင်းလဲ သွားသည်ကို နားမလည် နိုင်တော့ချေ။
အချိန်အတော်ကြာသည်အထိ အသံထွက် ပေါ်လာခြင်း မရှိသည်ဖြစ်ရာ၊ ဤအကြိမ်တွင် ယွဲ့ဝေဝေမှာ ပြတ်သားစွာ ထွက်သွားနိုင်ခဲ့ ပုံရလေသည်။
***