← Chapters

ထွက်ခွာခြင်း။

Vol. 13 Ch. 169

ထွက်ခွာခြင်း။

Vol. 13 Ch. 169

သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်းတို့၏ ဌာနခွဲများကို ဖျက်ဆီးခံရပြီးနောက် သက်ဆိုင်သော လက်အောက်ခံ မျိုးနွယ်စုများ ပင်လျှင် အလားတူ ကံကြမ္မာကို ခံစားခဲ့ရသည်။

ဆယ်ရက်ကျော်ကြာခဲ့ပြီးသည့်တိုင် လူတိုင်းမျှော်လင့်ထား သကဲ့သို့ ဂိုဏ်းနှစ်ဂိုဏ်းထံမှ လက်တုံ့ပြန်မှုများ ရှိမလာခဲ့ပဲ အပြာရောင်နေမင်းနိုင်ငံသည် ပုံမှန် မဟုတ်စွာ တိတ်ဆိတ်နေပြီး လေထုမှာ တင်းကြပ်သော အခြေအနေတစ်ခု ဖြစ်နေလေသည်။

သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်း နှစ်ဂိုဏ်းစလုံးသည် အကြီးအကဲ တစ်ဦးစီကို ဆုံးရှုံး ခဲ့ရပြီးနောက်၊ လင်းယွန်သို့မဟုတ် သက်တံရောင်နန်းဆောင်ဂိုဏ်းကို စစ်ကြေငြာရန် မဝံ့တော့ချေ။

ယခုအချိန်၌ သက်တံရောင် နန်းဆောင်ဂိုဏ်းမှ ပင်မဂိုဏ်းများ အပေါ် စစ်ပွဲ မကြေငြာခဲ့သည်ကိုပင် ကျေးဇူးတင် နေရပေမည်။

နောက်ဆုံးတွင်၊ လင်းယွန်၏ ကျော်ကြားမှုမှာ အပြာရောင်နေမင်းနိုင်ငံ အနှံ ပျံ့နှံ့သွားခဲ့၏။ သူသည် သန်မာသော မဟာဂိုဏ်းကြီး လေးဂိုဏ်အနက်မှ တစ်ခု သို့မဟုတ် ကောင်းကင်ဘုံ'ချင်'အင်စတီကျုတွင် ပါဝင်မည်ဟု လူအများက ခန့်မှန်းကြသည်။

လင်းယွန်၏ ခွန်အားနှင့် ငယ်ရွယ် နုပျိုမှုကြောင့် အပြာရောင် နေမင်း နိုင်ငံတွင် ကြာရှည် နေမည်မဟုတ်ကြောင်း တွက်ဆရန် မလိုအပ်ချေ။

ပါရမီရှင် များအတွက် အပြာရောင်နေမင်း နိုင်ငံလို နိုင်ငံငယ်လေးထက် မဟာချင် အင်ပါယာ သည်သာ အသင့်တော်ဆုံး ဇာတ်ခုံတစ်ခုံ ဖြစ်ပေသည်။

လူနှစ်ယောက်နှင့် မြင်းတစ်ကောင်မှာ လမ်းမထက်တွင် ပျင်းရိပျင်းတွဲဟန်ဖြင့် လျှောက်လှမ်း လာခဲ့သည်။ မြင်းသည် သဘာဝ အားဖြင့် ဆယ်ရက်အကြာတွင် အပြည့်အဝ ပြန်လည် ကောင်းမွန်လာကာ၊ ရှန်ရှင်း ဆဌမအဆင့်သို့ ရောက်ရှိလာခဲ့သည်။

“ အစ်ကိုလင်း၊ ဒါက မြို့တော်ကို သွားတဲ့လမ်းပဲ။ ငါဒီမှာ နေခဲ့လိုက်မယ် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ "

မင်ယီက နောက်ဆုံးတွင် ရှုပ်ထွေး လေးနက်သော အမူအရာဖြင့် လင်းယွန်ကို နှုတ်ဆက်လိုက်၏။

လင်းယွန်၏ ရွေးချယ်မှုကို သိရှိပြီးနောက်၊ အဘယ်ကြောင့် မမျှော်လင့်ထားသော ရွေးချယ်မှု တစ်ခုကို ပြုလုပ်ရသည်ကို နားမလည်နိုင်ခဲ့ပေ။

“ကျေးဇူးတင်ပါတယ် အစ်ကိုမင် ”

လင်းယွန်က တုံ့ပြန်လိုက်၏။

မဟာချင်အင်ပါယာတွင် ကောင်းကင်ဘုံချင်အင်စတီကျုမှ လွဲ၍ ထူးကဲသော ဂိုဏ်းလေးဂိုဏ်း ရှိသည်။ ဆောင်းရာသီတိုင်းတွင် မြို့တော်၌ တပည့်အသစ်များကို စုဆောင်းကြပေမည်။ အင်ပါယာတွင် ခရိုင်ပေါင်း တစ်ရာကျော်ရှိပြီး၊ 'ခရိုင်တစ်ရာအင်ပါယာ'ဟုလည်း လူသိများ၏။ အပြာရောင်နေမင်းနိုင်သည် မဟာချင်အင်ပါယာ၏ အရေးမပါသော ကျေးလက်ဒေသ တစ်ခုသာ ဖြစ်လေသည်။

အပြာရောင်နေမင်းနိုင်ငံမှာ ရှုပ်ထွေး လွန်းလှပြီး ၎င်းကို စီမံခန့်ခွဲရန် မျိုးနွယ်စု များအတွက် မသင့်တော်ပေ၊ အခြားသော ခရိုင်များတွင် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော မျိုးနွယ်စုများ ရှိပေသည်။ ဤကဲ့သို့သော သမိုင်းရှိ မျိုးနွယ်စုများ သာလျှင် အခြေခံအုတ်မြစ်အကြောင်း ပြောဆို နိုင်ပေသည်။

ထောင်စုနှစ်များကြာအောင် ရှည်လျားသော သမိုင်းမရှိသည့် မျိုးနွယ်စုများကို မိသားစုများအဖြစ် သတ်မှတ်ကြသည်။ ဥပမာအားဖြင့် ခရမ်းမီးလျှံမြို့ရှိ ဝမ်ဖိန်း၏ ဝမ်မိသားစုမှာ ထိုအဆင့်၌သာ ရှိပေသည်။

မဟာချင်အင်ပါယာတွင် ဇောင်၊ ဝမ်၊ လင်းနှင့် လီဟူသော သမိုင်းကြောင်း ခိုင်မာသည့် မျိုးနွယ်စု လေးစု ရှိသည်။ ၎င်းတို့ အားလုံးမှာ မဟာချင်အင်ပါယာတွင် အရေးပါသော အဆင့်အတန်းများကိုပိုင်ဆိုင်ထားသည့် မင်းမျိုးမင်းနွယ်များ ဖြစ်ကြပေသည်။

ခရိုင်တစ်ရာအတွင်းတွင် မရေတွက်နိုင်သော ပါရမီရှင်များစွာ ရှိပြီး တစ်ယောက်ချင်းစီမှာ ကောင်းကင်တွင် ပြိုးပြက်နေသော ကြယ်တစ်ပွင့်နှင့် တူ၏။ မဟာချင်အင်ပါယာ၏ မြို့တော်သည် ကောင်းကင်ဘုံချင်နိုင်ငံတွင် တည်ရှိပြီး၊ ထိုမြို့တော်၌ ၎င်းကြယ်ပွင့်များမှာ အဆုံးမရှိ လာရောက် ပေါင်းစည်း ကြသည်။

အင်ပါယာမင်းမြတ်က ဖိန်းရွှမ်နှင့် ဝိညာဉ်စွမ်းအင်များ သိပ်သည်းမှုတို့ကြောင့် ၎င်းတို့၏ မြို့တော်ကို ဤနေရာတွင် တည်ထားခဲ့ခြင်း ဖြစ်သည်။ ကောင်ကင်ဘုံချင်နိုင်ငံ တစ်ခုတည်းတွင်သာ အကန့်အသတ် မရှိသော ဝိညာဉ်စွမ်းများ ပြည့်နှက်နေသည် ဖြစ်ရာ၊ သာလွန်သော မျိုးနွယ်စုလေးစုကိုပင် ယင်းနယ်မြေ အတွင်း၌ နေရာပေးထားခဲ့သည်။

ခရိုင်တစ်ခုလုံးတွင် ချင်အင်ပါယာ၏ ထိပ်တန်းတပ်များ၊ မျိုးနွယ်စုများဖြင့် ပြည့်နှက်နေပြီး၊ မြို့တော်မှာ မဟာချင်အင်ပါယာ တစ်ခုလုံး၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်ကြောင်း သိသာလှလေသည်။ ဤခရိုင်နှင့် ပို၍ နီးစပ်ပါက၊ ကောင်းမွန်သော ကံကြမ္မာကို ပို၍ ရရှိလာပေမည်။

ဆောင်းရာသီတိုင်းတွင် အင်ပါယာတစ်ခွင်ရှိ ထူးချွန် သူများမှာ လာရောက် စုဝေး ကြပေသည်။ ဂိုဏ်းလေးဂိုဏ်း သို့မဟုတ် ကောင်းကင်ဘုံချင်အင်စတီကျုသို့ မ၀င်ရောက်နိုင်သော်လည်း ဤခရိုင်၌ အခြေချနိုင်ခဲ့လျှင်ပင် မဆိုးလှချေ။

“ မြို့တော်ရဲ့ အခြေအနေကိုတော့ ပြောပြ ပြီးပြီ။ ဒါပေမယ့် လင်းယွန် ငါသိချင်တာက၊ မင်းဘာလို့ ဓားနန်းတော်ကို ရွေးရတာလဲ။"

မင်ယီက နောက်ဆုံးတွင် အောင့်သည်းနိုင်ခြင်း မရှိပဲ မေးလိုက်သည်။

ဓားနန်းတော်တွင် ဘိုင်လိရွှမ်သည် မြင့်မားသော အသရေကို ရရှိထားသည် ဖြစ်ရာ၊ ဤခရီးသည် သေခြင်းတရားကို ဖိတ်ခေါ်ရာ ရောက်ပေမည်။

"လွန်ခဲ့တဲ့ ဆယ်ရက်လုံးလုံး ငါ... စဉ်းစားမိတယ်။"

လင်းယွန်က ညင်သာစွာ ပြန်ဖြေလိုက်သည်။

" အဲ ဒါ ဘာအကြောင်းအရာလဲ...."

မင်ယီက မေးလိုက်သည်။

“ ငါ့မှာ ကျားတစ်ကောင်ရဲ့ နှလုံးသား ရှိသရွေ့ ဘယ်နေရာမဆို နှင်းဆီပန်းတွေရဲ့ ရနံ့ကို ရနိုင်ပါတယ်”

လင်းယွန်၏ အဖြေကြောင့် မင်ယီ၏ နှလုံးသားများ တဆတ်ဆတ် တုန်လာပြီး မျက်မှောင်ကြုတ် လိုက်ကာ၊

“ဟုတ်တယ်။ မင်းဘယ်ကို သွားသွား နှင်းဆီပန်းတွေကို နမ်းနိုင်တဲ့အတွက် ထာဝရမြင့်မြတ်ခြင်းဂိုဏ်းက ဘာလို့ မဖြစ်နိုင်ရတာလဲ။ ''

" ဒါအမှန်ပဲ။ ငါသွားလေရာတိုင်း နှင်းဆီပန်း ရနံ့ကို ရှာဖွေနိုင်ပေမယ့် မျောက်အုပ်ထဲမှာ ကျားတစ်ကောင်ကို မင်း... မြင်ဖူးလား။ နှင်းဆီပန်းတွေကို မနမ်းခင် ကျားရဲ့နှလုံးသားကို ရဖို့ အရင် လိုအပ်တယ်။ ငါ့မြင်းက အရက်စက်ဆုံး နတ်ဆိုးသားရဲတစ်ကောင် ဖြစ်သလို၊ ငါ့ဓားကလည်း ဂုဏ်အယူရဆုံး ဓား ဖြစ်ရလိမ့်မယ်၊ ”

ဟု လင်းယွန်က ရှင်းပြလိုက်သည်။

ဆိုလိုရင်းကို နောက်ဆုံးတွင် နားလည်သွားသည်။ ကောင်းကင်ဘုံချင်အင်စတီကျုတွင်ပင် နှင်းဆီပန်းများကို နမ်းနိုင်ဆဲ ဖြစ်သော်လည်း၊ သူ့နှလုံးသားကို ကျားတစ်ကောင် အဖြစ် သတ်မှတ်ရန် ရနိုင်မည်လော။ လင်းယွန်က သူ့ဓားကို စွန့်ခဲ့လျှင် ပြဿနာမဟုတ်ပေ။ မဟုတ်ပါက၊ ဓားသမားတစ်ယောက်သည် ဓားသမားတိုင်း၏ အိမ်မက်ဖြစ်သော ဓားနန်းတော်သည်သာ အသန့်ရှင်းဆုံးမြေ ဖြစ်သည်။

ကောင်းကင်ဘုံဓားနန်းတော်မှ လွဲ၍ အခြားသော ရွေးချယ်မှုတိုင်းသည် အကြောက်တရားကို ပြသရာရောက် စေမည် ဖြစ်သည်။ သေခြင်း တရားကို ရင်ဆိုင်ခြင်းဖြင့် သူ၏ တာအိုကို ပို၍ နက်ရှိုင်း လာနိုင်ပေမည်။

မင်ယီက ရုတ်တရက် ပြုံးလိုက်ပြီး၊

" ငါ ရှင်းရှင်း နားလည်ပါပြီ၊ ကျားတစ်ကောင်ရဲ့ နှလုံးသားရဖို့၊ ဘယ်အရာကိုမှ ကြောက်ရွံ့ နေဖို့ မလိုဘူး၊ အဲ့ဒါကြောင့် မင်း ဓားနန်းတော်ကို ဘာလို့ မသွားနိုင်ရမှာလဲ။

နဂါးသည် သန်ကောင်ကဲ့သို့ ဘယ်သောအခါမှ ပြုမူမည် မဟုတ်သကဲ့သို့ ကျားသည်လည်း မျောက်တစ်ကောင်လို ပြုမူမည် မဟုတ်ပေ။ ကျားတစ်ကောင်၏ စိတ်ပိုင်း ဖြတ်နိုင်မှုဖြင့်၊ သဘာဝအတိုင်း အပြင်းထန်ဆုံးသော အရက်ကို သောက်သုံးကာ အမုန်းဆုံး သူများကို သတ်ပစ်ရပေမည်။

" မင်း ငါ့ကို ကောင်းကောင်းနားလည်တယ်၊ အစ်ကိုမင်၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က တစ်ယောက်ယောက် ငါ့ရဲ့ ခရီးကို လိုက်ပို့ဖူးတယ်၊ အဲ့ဒီ အချိန်ကစလို့ ငါလျှောက်နေတဲ့ လမ်းကို ဘယ်သူမှ နားလည်မှာ မဟုတ်ဘူးလို့ အစတုန်းက ငါထင်ခဲ့တာ၊ ငါ့ကို လိုက်ပို့မယ့် သူလည်း ရှိမလာ နိုင်တော့ဘူးပေါ့။ ဒါပေမယ့် နှစ်ဝက်လောက် အကြာမှာ မင်းလို သူငယ်ချင်း တစ်ယောက်ရှိ လာလိမ့်မယ် မထင်ထားမိဘူး"

လင်းယွန်က ပြုံးကာ မင်ယီ၏ ပုံးခုံးကို ပုတ်လိုက်၏။

လွန်ခဲ့သော တစ်နှစ်ခွဲခန့်က၊ ဘိုင်ယုဖန်သည် သူ့အား လိုက်လံ ပို့ဆောင်ခဲ့ ဖူးသည်။ တစ်နှစ်ခွဲ အကြာတွင်၊ သူ၏ ကျင့်ကြံမှုမှာ ရှန်ရှင်းနယ်မြေသို့ ခြေချနိုင်ခဲ့ပြီး၊ မဟာဂိုဏ်းကြီး လေးဂိုဏ်း၏ အနိမ့်ဆုံး လိုအပ်ချက်ကို အလွယ်တကူ ပြည့်မှီလာခဲ့သည်။

သို့သော် အသက် ဆယ့်ခြောက်နှစ်အတွင်း ဤသို့သော အောင်မြင်မှုမှာ မဟာချင်အင်ပါယာတွင် မြင့်မားသော အနည်အချင်း မဟုတ်ပေ။ တစ်စုံတစ်ရာ ထူးခြား နေရမည် ဆိုပါက၊ ၎င်းသည် သူ၏ ကျင့်ကြံမှုနည်းစနစ် ဖြစ်သော အိုင်းရစ်ဓားသုတ္တန်ပင် ဖြစ်သည်။

" ဒါပေမယ့် ဒီနေ့ လမ်းခွဲပြီးရင် ဘယ်တော့ပြန်ဆုံနိုင်မလဲ ဆိုတာတော့ မသိသေးပါဘူး။"

မင်ယီက ပင့်သက်ချကာ ပြုံးလိုက်သည်။ သူ၏ ကျင့်ကြံမှုမှာ လင်းယွန်နှင့် အတူတူပင်ဖြစ်သော်လည်း၊ အသက်မှာ သုံးနှစ် ပိုကြီးလေသည်။

ဂိုဏ်းလေးဂိုဏ်းသည် ၎င်းတို့၏ လိုအပ်ချက်များကို တင်းကြပ်ထားကာ၊ ဆယ့်ခုနစ်နှစ် မတိုင်မီ ရှန်ရှင်းနယ်မြေ၏ စတုတ္ထအဆင့်သို့ မရောက်ရှိ နိုင်ပါက၊ မည်သူ့ကိုမျှ လက်ခံမည်မဟုတ်ချေ။ မြို့တော်အတွင်း နေနိုင်ခဲ့သည်ရှိသော် သာမန်ပြည်သူနှင့် မခြားနိုင်။

သူတို့ နှစ်ယောက်ကြား ခွဲခွာခြင်းသည် ထာဝရအဖြစ် ယူဆနိုင် ပေမည်။

" ဂရုစိုက်ပါ။ "

လင်းယွန်က မင်ယီ၏ ပခုံးကို ပုတ်လိုက်သည်။ မင်ယီမှာ အပြာရောင်နေမင်းနိုင်ငံကို အုပ်စိုး ရန်အတွက် သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်းကို သန့်စင်သွားမည်ဖြစ်သည်။ ဓားနန်းတော်ဂိုဏ်းထဲသို့ ဝင်ဖို့ရန် ကြိုးစားသော သူ့ထက် အန္တရာယ်က မနည်းနိုင်ပေ။

" အန္တရာယ်ကင်းတဲ့ ခရီးဖြစ်ပါစေ"

မင်ယီက အားကျစွာဖြင့် လင်းယွန်ကို ကြည့်ကာ ပြန်နှုတ်ဆက် လိုက်သည်။

နဂါးသွေးမြင်းပေါ်သို့ ခုန်တက်လိုက်ကာ၊ အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။

အနက်ရောင်ဆံနွယ်များမှာ လေထဲတွင် လွင့်ပျံသွားပြီး၊ နဂါးသွေးမြင်းပေါ်ထိုင်လျှက် လမ်းတလျှောက်လုံး အတွေးနက် သွားသည်။ ယခုအကြိမ်သည် ဒုတိယအကြိမ် ထွက်ခွာခြင်းဟု ယူဆနိုင်ပြီး၊ လူပေါင်းများစွာကို မြေကြီးထဲသို့ မြှုပ်နှံထားခဲ့သည်။ သန်မာလာသည် နှင့်အမျှ အသက်ပေါင်း မည်မျှကို နင်းချေရန် လိုပေမည်ကို မသိနိုင်ခဲ့ချေ။ အနာဂတ်တွင် ဤလူအများနှင့် အရေးကိစ္စများကို မေ့သွား ပေလိမ့်မည်။

သို့သော် အချို့သော အကြောင်းအရာများကို သူ့နှလုံးသားထဲတွင် တစ်သက်တာလုံး ရေးထွင်းထားပြီး၊ အကြီးအကဲဟောင်အတွက် လက်စားချေခြင်းနှင့် ဆုစီယာ ကဲ့သို့သော ကိစ္စများကို ဤမြို့တော်၌ ဖြေရှင်းရပေမည်။

အခြားတစ်ဖက်တွင် မင်ယီမှာ မိုးကုတ်စက်ဝိုင်းထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော လင်းယွန်ကို ငေးကြည့် ကျန်ရစ် ခဲ့တော့သည်။

***

All Chapters