← Chapters

တံခါး ပိတ်ပါ။

Vol. 13 Ch. 170

တံခါး ပိတ်ပါ။

Vol. 13 Ch. 170

အေးစက်သော လေညှင်းများ အဆုံးမရှိ တိုးဝှေ့နေလျက် မြေပေါ်သို့ ဆီးနှင်းများ တဖွဲ့ဖွဲ့ ကျဆင်းနေခဲ့သည်။ ကောင်းကင်တစ်ပြင်လုံး အမှောင်ဖုံး လာသော်လည်း မြေပြင်မှာ သိသိသာသာ ဖြူဖွေး တောက်ပလာ၏။ ကောင်းကင်ဘုံချင်မြို့တော်ကို ရောက်ဖို့ရန် ဤလွင်ပြင်ကို ဖြတ်သန်းရပေမည်။

ချင်အင်ပါယာရှိ ကျင့်ကြံသူများက ယင်းလွင်ပြင်ကို မြောက်ပိုင်းကန္တာရ အဖြစ် သတ်မှတ်ထား ကြသည်။ ကောင်းကင်ဘုံချင်နိုင်ငံရှိ ကြွယ်ဝသော အရင်းအမြစ်များနှင့် ဝိညာဉ်စွမ်းအင် အားလုံးမှာ ထိုလွင်ပြင်ထံမှ ဆွဲငင် ထုတ်ယူသွားခြင်း ဖြစ်နိုင်သည်။

ကျက်တီးမြေတွင် နွေဦးသို့မဟုတ် ဆောင်းဦးပေါက်ကဲ့သို့သော ရာသီမရှိချေ။ နွေရာသီတွင် မြေပြင်များမှာ သဲဝါရောင် ဖြစ်ပြီး၊ ဆောင်းရာသီ၌ မြေပြင်ကို အဖြူရောင် ဆီးနှင်းများဖြင့် ဖုံးအုပ်နေပေမည်။ မြောက်ဘက်ကုန်းမြေဆီမှ လာရောက်သူ မည်သူမဆို မြို့တော်သို့ ရောက်ရန် ဤကန္တာရကို ဖြတ်သန်း သွားရ၏။

လူငယ်တစ်ဦးသည် နှင်းမုန်တိုင်းထဲတွင် မြင်းတစ်ကောင်ကို ဆွဲခေါ်လာကာ တရွေ့ရွေ့ လျှောက်လှမ်း နေခဲ့သည်။ ခန္ဓာကိုယ်ရှိ အပြာရောင်နှင့် အဖြူရောင်တို့ ရောစပ်ထားသော ဝတ်စုံကြောင့် နှင်းလွင်ပြင်ကို နောက်ခံထားသော သူ့ရုပ်သွင်မှာ ရှင်းသန့်လှလေသည်။

သို့သော် ထိုအဝတ်အစားများ အောက်ရှိ ခန္ဓာကိုယ်မှာ နွမ်းနယ် ဖျော့တော့ နေပုံရသည်။ မြောက်ပိုင်းကန္တာရလွင်ပြင်တွင် ဆီးနှင်းများ အေးခဲနေမှုမှာ ဆောင်းရာသီတစ်ဝက် အထိပင် ကြာညောင်းလှမည် ဖြစ်ရာ၊ ထို့မျှ အေးစက်သော လေထုအတွင်းတွင် ခံနိုင်ရည်ရှိရန် ဝိညာဉ်စွမ်းအင်များကို လှည့်ပါတ် ခုခံထားနိုင်သော်လည်း၊ ရက်ပေါင်းများစွာ ကြာသည်အထိ ထုတ်ဖော်ထားရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ထိုလူငယ်သည် အရာအားလုံးကို လျစ်လျူရှုကာ နှင်းမုန်တိုင်းကို ဖြတ်လျှောက်နေခဲ့သည်။

မင်ယီနှင့် လမ်းခွဲပြီးနောက်၊ မဟာချင်အင်ပါယာ၏ မြို့တော်ဆီသို့ ဦးတည်သွားခဲ့သည်။ ဤကန္တာရလွင်ပြင်သို့ မရောက်ရှိမီ ခရိုင်ဆယ်ခုကျော်ကို ဖြတ်ကျော်ရန် နှစ်လကြာ အချိန်ယူ ခဲ့ရသည်။

မြောင်ပိုင်းကန္တာရလွင်ပြင်၏ ဆောင်းရာသီမှာ မြို့တော်ရှိ ဆောင်းရာသီထက် ပို၍ စောကျသည်။ သူ၏ လက်ရှိ အရှိန်အဟုန်ဖြင့်၊ လဝက်အတွင်း ဆောင်းရာသီ နှင့်အတူ မြို့တော်သို့ ရောက်ရှိ နိုင်ပေမည်။ ထိုအချိန်တွင် ဆောင်းရာသီကို ကြိုဆိုခြင်း နှင့်အတူ၊ အင်ပါယာတစ်ခွင်မှ အထက်တန်း လွှာများကို ကြိုဆိုကြလေသည်။

လွန်ခဲ့သည့် နှစ်လကျော်အတွင်း လင်းယွန်၏ အချိန်များကို ခရီးသွားခြင်းနှင့် ကျင့်ကြံခြင်းတွင်သာ အသုံးချ ဖြစ်၏။ မကြာသေးမီက 'အချိန်သည် မီးကဲ့သို့ ပျံ့နှံ့သည်......' ဟူသော ဝါးမြှောင်ကို တွေးတောမိခဲ့ပြီး ၎င်းနှင့်ပတ်သက်သော စိတ်ကူးအချို့ကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။

ဤအချိန်တွင် ရှန်ရှင်းဆေး အလုံးရေ (150,000)မှာ ကုန်ဆုံးသွားခဲ့ပြီး၊ (10,000)ခန့်သာ ကျန်ရှိတော့သည်။ ထိုအရင်းအမြစ်များစွာဖြင့် သူ၏ အိုင်ရစ်ဓားသုတ္တန်ကို ပဉ္စမအဆင့်သို့ တိုးမြှင့်နိုင်ခဲ့သည်။

ဒါန်တမ်အတွင်းရှိ အိုင်းရစ်ပန်းတွင် ပါးလွှာသော အစင်းကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး ခရမ်းရောင် မီးတောက်များ တောက်လောင်နေကာ စုစုပေါင်း ပွင့်ချပ် သုံးဆယ်ထိ ရှိလာခဲ့သည်။ ၎င်းတို့မှာ လှပသော အသွင်အပြင် ရှိနိုင်သော်လည်း ထက်ရှသည့် ဝိညာဉ်စွမ်းအင်များကို အနည်းငယ် ထုတ်ဖော်ထားလေပြီ။

ဓားသုတ္တန်ကို ဖြန့်ကျက်ဖို့ ရန်အတွက် ဤမျှ သော အရင်းအမြစ်များကို အသုံးပြု ရပြီးနောက်၊ ပန်းနှလုံးသားတွင် ကြောက်စရာကောင်းသော ဓားရောင်ခြည်များကို သိပ်သည်း စေနိုင်ခဲ့သည်။

ကျင့်ကြံမှုအဆင့်တွင် ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း၊ သူ၏ ခွန်အားမှာ၊ ယခင်ကထက် (30%)တိုးပွား လာခဲ့၏။ သို့သော် ယင်းနှင့် ယှဉ်ပါက နဂါးသွေးမြင်းမှာ ပို၍ ကြောက်စရာ ကောင်းလှသည်။ နဂါးသွေးမြင်းသည် ရှေးဟောင်းနတ်ဆိုး သားရဲ အမြုတေကို စားသုံးပြီးနောက်၊ ၎င်း၏ ခွန်အားမှာ၊ ရှန်ရှင်း နယ်မြေ၏ သတ္တမအဆင့်ဆီသို့ ခုန်တက်သွားပြီး ဖြစ်သည်။

လင်းယွန်တွင် နဂါးသွေးမြင်းနှင့် ယှဉ်နိုင်သော အရည်အချင်းသာ ရှိပါလျှင် သူ၏ ကျင့်ကြံမှုမှာ မည်မျှ တိုးလာမည်ကို သိချင်လာမိသည်။

နှင်းမုန်တိုင်းအောက်တွင် ကျန်ရစ်ခဲ့သော ခြေရာများကို ဆီးနှင်းများက အလျင်အမြန် ဖုံးအုပ်သွားခဲ့သည်။ ကောင်းကင်ကြီး တစ်လုံး မည်းမှောင်ဖို့ရန် အချိန် သိပ်မကြာလိုက်ချေ။

'' ဝူး အူ အူး......... ''

မြောက်ပိုင်းကန္တာရလွင်ပြင်ရှိ ညအချိန်ကာလမှာ အန္တရာယ်များလှပြီး၊ နတ်ဆိုးသားရဲများ၏ အော်သံများ ရံဖန်ရံခါ ပဲ့တင်ထပ်နေမည်။ ထိုဟောက်သံများမှာ အမြဲတစေ နီးကပ်နေတက်ပြီး တုန်လှုပ်ချောက်ချား သွားစေနိုင်သည်။

ရုတ်တရက် လင်းယွန်က ရပ်လိုက်ပြီး ခန္ဓာကိုတစ်ဝက် နစ်မြုပ်နေသော အလောင်းကောင်ကို ကြည့်လိုက်၏။ မြောက်ပိုင်းကန္တာရလွင်ပြင်သို့ ဝင်ရောက်လာသည်နှင့် ဤကဲ့သို့သော လူသေ အလောင်းများစွာကို တွေ့ရှိခဲ့ ရသည်။ အချို့မှာ အေးခဲ၍ သေဆုံးကြပြီး၊ အချို့မှာ နတ်ဆိုးသားရဲများ၏ သတ်ဖြတ်ခြင်းခံရကာ၊ အချို့မှာ လမ်းလွဲသိုင်းသမားများ လက်တွင် သေဆုံးသွားကြသည်။ မြောက်ပိုင်းကန္တာရ လွင်ပြင်သည် အေးချမ်းသော နေရာမဟုတ်ပေ။ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုး သားရဲများဖြင့် ကြောက်မက်ဖွယ်ကောင်းသော ရာသီဥတုတစ်ခုကို ပိုင်ဆိုင်ထား ဖြစ်သည်။

ကောင်းကင်ဘုံချင်နိုင်ငံသို့ ရောက်မှ သာလျှင် သာယာ ငြိမ်သက် သွားပေလိမ့်မည်။ မြို့တော်တွင် ဂိုဏ်းပေါင်းစုံ၊ မျိုးနွယ်စုများနှင့် တော်ဝင်အစောင့်များပင် ကင်းလှည့်နေကြသည်။ ထို့ကြောင့် ရုန့်ရင်း ကြမ်းတမ်းသော သတ်ဖြတ်မှုများ ရှိလာမည် မဟုတ်ပေ။

ခေါင်းယမ်းလိုက်ပြီး ဆက်လက်ထွက်ခွာရန် နဂါးသွေးမြင်းကို ဆွဲခေါ် လိုက်သော်လည်း၊ မျက်ဝန်းထောင့်စွန်းတွင် အလောင်းကောင်၏ လက်ချောင်းများ လှုပ်ယမ်းနေသည်ကို သတိပြုမိလိုက်၏။ လင်းယွန်က မျက်ခုံးတွန့်လိုက်ပြီး လက်ကို မြှောက်ကာ အလောင်းကို ဓားအလင်းဖြင့် ပစ်လိုက်သည်။

'' ရှဲ.......... ''

ဓားရောင်ခြည်မှာ နှင်းမုန်တိုင်းကို ဖြတ်၍ အလောင်းဆီသို့ ဦးတည်သွားကာ ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းသွားခဲ့သည်။ သို့သော် ဆီးနှင်းများထဲတွင် နစ်မြုပ်နေသော အစိတ်အပိုင်းများက လုံးဝ ရွေ့လျား မလာခဲ့ပေ။

အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့ပြီးနောက်၊ အလောင်းကို တူးယူလိုက်၏။ ဆီးနှင်းထုကြီးကို သုတ်သင်လိုက်ရာ နူးညံ့ဖျော့တော့သော မျက်နှာတစ်ခု ပေါ်လွင်လာသည်။

( ဒီလူက အသက်ရှုနေတုန်းပါလား.... သေပုံမပေါ်ဘူး။ )

ပုံပန်းသဏ္ဍာန်အရ အသက်အရွယ်မှာ ဆယ့်လေး၊ ဆယ့်ငါးနှစ်ခန့် ရှိပုံရသည်။

( ဒီကောင်လေးက ငါ့ထက်တောင် ငယ်သေးတာပဲ။ သူက အေးခဲသွားတာလား ဒါမှမဟုတ် မောပန်းနွမ်းနယ်လွန်းလို့ မျောနေတာလား။ )

ကောင်ငယ်လေးကို တူးဖော်လိုက်ပြီး နဂါးသွေးမြင်းပေါ် တင်ကာ ဆက်လျှောက် လာခဲ့သည်။ တစ်နာရီခန့် အကြာတွင် ယို့ယွင်းနေသော ဘုံကျောင်းတစ်ကျောင်းအား နှင်းမုန်တိုင်းအတွင်း တွေ့မြင်လိုက်ရသည်။ ဘုံကျောင်း၏ အချို့ အစိတ်အပိုင်းများမှာ ပြိုကျနေခဲ့ပြီး၊ နှင်းမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံ ရုန်းကန် နေပုံရသည်။

( ကန္တာရလွင်ပြင်ပေါ်မှာ ဘုံကျောင်း တစ်ကျောင်းရှိနေတာလား ထူးဆန်းတယ်။ )

ပုံမှန်အားဖြင့်၊ လင်းယွန်တွင် မိုးကြိုးလျှပ်စီးခန္ဓာကိုယ် ရှိနေသောကြောင့် ဘုံကျောင်းအတွင်းသို့ ဝင်မည် မဟုတ်ပေ။ ယင်းခန္ဓာကိုယ်ကြောင့် နှင်းမုန်တိုင်းထဲတွင် တစ်လခွဲမျှ ကြာသည့်တိုင် သူ့အတွက် ပြဿနာ ရှိလာမည် မဟုတ်ချေ။

သို့သော် နဂါးသွေးမြင်းပေါ်ရှိ ဤလူငယ်ကို ကြည့်လိုက်ကာ အနည်းငယ် တုံ့ဆိုင်းသွားမိပြီး၊ ဘုံကျောင်းတံခါးကို တွန်းဖွင့်ကာ အတွင်းသို့ လှမ်းဝင် လိုက်လေသည်။

" တံခါးပြန် ပိတ်ပါ "

ထင်မှတ်မထားသော အသံတစ်သံမှာ ထွက်ပေါ်လာသည်ကြောင့် အံ့အားသင့် သွားခဲ့သည်။ ဘုံကျောင်း တံခါးကို ပြန်ပိတ်ကာ အသံရှင်ကို ရှာဖွေလိုက်၏။

ဖယောင်းတိုင် မီးရောင်အောက်တွင် အခန်းထောင့် တစ်နေရာ၌ စိတ်ပုတီးကို ဆုပ်ကိုင်လျက် ဘုန်းကြီးတစ်ပါး ထိုင်နေခဲ့သည်။ ထိုဘုန်းကြီးက သစ်သားငါးတူရိယာကို ခေါက်နေခဲ့သော်လည်း ၎င်းအသံများမှာ နှင်းမုန်တိုင်းကြောင့် တိုးလျ ပျောက်ကွယ် သွားလေသည်။

'' တုံ....... တုံ တုံ...''

အခန်းထောင့်စွန်း၌ နဂါးသွေးမြင်းကို ထားရစ်ခဲ့ပြီး လူငယ်ကို ကြမ်ပြင်ပေါ်သို့ ချလိုက်သည်။ မီးဖိုအတွင်းရှိ မီးတစ်စကြောင့် ဘုံကျောင်းအတွင်းသို့ တိုးဝင်လာသောလေထုမှာ ချက်ချင်း နွေးထွေးသွားသည်။

အခန်းထောင့်ရှိ ဘုန်းကြီးက သစ်သားငါးတူရိယာကို ခေါက်ဖို့ရန်သာ အာရုံစိုက်နေဆဲပင်။

ကြမ်းပြင်ပေါ်ရှိ လူငယ်၏ မျက်နှာပေါ်တွင် ဖြူဖျော့နေရာမှ ပန်းရောင်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။ ခဏအကြာတွင် မျက်လုံးများ ပွင့်လာပြီး သမ်းဝေလိုက်ကာ ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်၏။ နှစ်ခြိုက်စွာ အိပ်ပျော်ရာမှ နိုးလာသလိုမျိုး ပတ်ချာလည် လှည့်ကြည့်လာသည်။

“ .....ဆိုတော့ ငါကို ကောက်လာပေးတယ်ပေါ့၊ ငါ့နာမည်က လီဝူယူပါ၊ အစ်ကိုကြီး မင်းနာမည် ဘယ်လိုခေါ်လဲ"

လူငယ်လေးက ပြုံးကာ မေးလိုက်သည်။

လင်းယွန်ကို မြင်လိုက်သည်နှင့် သူ၏ ကယ်တင်ရှင် ဖြစ်သည်ဟု ယူဆ လိုက်ပုံရသည်။

" လင်း ယွန်။ "

" မင်းမှာ အရက်ရှိလား "

လီဝူယုက လင်းယွန်ကို ပြုံးပြုံးကြီး စိုက်ကြည့်ကာ တောင်းဆိုလိုက်သည်။

“ ဒါပေါ့............”

လင်းယွန်က သိပ်စဉ်းစားမနေတော့ပဲ၊ မျောက်ဝိုင်ပုလင်းကို ထုတ်ကာ လှမ်းပေးလိုက်သည်။

'' ဂလု....... ဂလု ဂလု ''

လီဝူယုက ၎င်းကို ပါးစပ်ထဲ မော့ချလိုက်ပြီး၊

“ ကောင်းလိုက်တဲ့ ဝိုင်...... ဒီဝိုင်ကြောင့် မင်းကို ငါ့အစ်ကိုကြီးလို့ သတ်မှတ်လိုက်ပြီ၊ နောင်ဓားနန်းတော်မှာ ငါ့ကို စောင့်ရှောက်ပါ ”

" အို့ ......ဓားနန်းတော်ကို ငါသွားမယ်ဆိုတာ မင်းဘယ်လိုသိလဲ"

လင်းယွန်က မျက်ခုံးပင့်ကာ စူးစမ်းလိုက်၏။

“ ဒီလို ရာသီဥတုမျိုးကို အံတုပြီး၊ မြို့တော်ကိုသွားမယ့် သူတိုင်းက ဂိုဏ်းကြီးတွေကိုပစ်မှတ် ထားကြတယ် မဟုတ်လား။ ဟဲ ဟဲ... အစ်ကိုကြီး၊ မင်းမှာ မပြည့်စုံတဲ့ ဓားတစ်လက်ရှိတယ်လေ။ မင်း ဒါကို တခြားသူတွေ အမြင်ဆီကနေ ဝှက်ထားနိုင်ပေမယ့် ဓားသမား အချင်းချင်း မင်းဘယ်လို ဖျောက်ထားနိုင်မလဲ။"

လင်းယွန်၏ ခံစားချက်များမှာ သက်တောင့်သက်သာ အခြေအနေသို့ ပြန်လည် ရရှိသွားပြီး၊ ခေါင်းညိတ်လိုက်၏။ လီဝူယုထံမှ ဤသို့သော စေ့စပ်သေချာသည့် အတွေးများ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

" ဒါဆို မင်းလည်း ဓားနန်းတော်ကို ရည်ရွယ်နေတာလား။"

လင်းယွန်၏ အမေးကို ပြန်မဖြေမီ၊ ဝိုင်အနည်းငယ်ကို ထပ်မံမော့ချပြီး၊ လီဝူယုက ခေါင်းညိတ်ပြကာ၊

“ ဒါတော့ သေချာပါတယ်။ ငါ လီဝူယုက အနာဂါတ်မှာ မဟာချင်အင်ပါယာရဲ့ ပထမ ဓားသမား ဖြစ်လာမှာ သေချာတယ်။ ”

မျောက်ဝိုင်၏ အကျိုးသက်ရောက်မှုကြောင့် လီဝူယု၏ မျက်နှာမှာ နီရဲလာသည်။ လင်းယွန် က ပြုံးလိုက်မိ၏။ လီဝူယု၏ အမူအယာမှာ ကြီးကျယ်သော လေသံနှင့် လိုက်ဖက်လှလေသည်။

'' ဝှစ်.......... ''

နှစ်ယောက်သား စကားစမြည် ပြောနေကြစဉ် ဘုံကျောင်း တံခါးများမှာ နောက်တစ်ကြိမ် ပွင့်လာသည်။ ရှန်ရှင်း သိုင်းသမား အချို့ ထပ်မံ ဝင်ရောက်လာ၏။ သူတို့အားလုံး၏ အသက်အရွယ်မှာ ငယ်ရွယ်ပုံရသော်လည်း ကျင့်ကြံမှုအဆင့်မှာ အားကောင်းလှ လေသည်။

" နှင်းမုန်တိုင်းအလယ်မှာ ဘုံကျောင်း တစ်ကျောင်းကို ရှာတွေ့တာ တကယ်ကို ကံကောင်းလွန်းတယ်။"

" ဒီမှာ မီးဖိုရှိနေတယ် ... "

" ဟား ဟား ဟား.... နောက်ဆုံးတော့ ငါတို့ ကောင်းကောင်း အိပ်လို့ ရပြီ ”

လူငယ်အုပ်စု ဝင်ရောက်လာပြီး၊ အချင်းချင်း စကားစမြည် ပြောလာကြ၏။

" တံ ခါး ပိတ် ပါ "

ဘုန်းကြီးအသံမှာ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ် လာသည်။ ဝင်လာသော လူငယ်များမှာ ခေတ္တမျှ အံ့အား သင့်သွား ကြသော်လည်း စကားသံအတိုင်း တံခါးပြန်ပိတ် လိုက်ကြသည်။

တံခါးပြန်ပိတ်ပြီးနောက် လင်းယွန်နှင့် လီဝူယုတို့ကို နှုတ်ဆက်လိုက်ကာ မီးဖိုဘေး လာဝင်ထိုင်ကြသည်။ သူတို့အားလုံးသည် မျိုးဆက် တစ်ဆက်တည်း ဖြစ်ပြီး ဂိုဏ်းလေးဂိုဏ်းထံသို့ ဝင်ရောက်ကြရန် ဖြစ်ရာ၊ သူတို့တွင် ဆွေးနွေးစရာ အကြောင်းအရာ များစွာ ရှိသောကြောင့် ပတ်ဝန်းကျင် လေထုမှာ ချက်ချင်း အသက်ဝင် လာတော့သည်။

'' တုံ........ တုံ..... တုံ....... ''

ဘုံကျောင်း အတွင်းတွင် ဘုန်းကြီးက သစ်သားငါးတူရိယာကို ဆက်လက် ခေါက်နေဆဲပင်။

လူအများ စုရုံးလာသောအခါတွင် လီဝူယုက သူ၏ ဇဝနညာဏ်ရွှင်သော ကိုယ်ရည်ကိုယ်သွေးကို ထုတ်ပြပြီး၊ လူတိုင်းနှင့် စကားဖောင်ဖွဲ့ နေခဲ့သည်။

" လီဝူယု၊ မင်းက မဟာချင်အင်ပါယာမှာ အကောင်းဆုံး ဓားသမားဖြစ်ချင်လား။ ဒါဆိုဘိုင်လိရွှမ်ကိုရော ဘယ်လိုလုပ်မလဲ။"

" မင်းက ဂိုဏ်းထဲမှာ တစ်လလောက်တောင်နေရမှာ မဟုတ်ဘူးလို့ ငါလောင်းမယ်။ တစ်လလောက် ကြာရင် မင်းသေလိမ့်မယ်"

လူငယ်အချို့က လီဝူယုကို လှောင်ပြောင် လိုက်ကြသည်။

'' တုံ...... တုံ တုံ တုံ....... ''

သို့သော်လည်း လီဝူယုမှာ နာကျင်ခြင်း မရှိခဲ့ပဲ၊

" မဟာချင်အင်ပါယာရဲ့ ပထမဓားသမား မဖြစ်မချင်း သေချာပေါက် ငါမသေပါဘူး။ ”

“အဲဒါကို စဉ်းစားမနေနဲ့၊ ဂိုဏ်းလေးဂိုဏ်းက မြင့်မားတဲ့ ကန့်သတ်ချက် တွေရှိနေတယ်၊ ငါတို့ ဝင်ခွင်ရပါ့မလား၊ ကောင်းကင်ဘုံချင်အင်စတီကျုပဲ ဖြစ်နိုင်မယ် ထင်တယ် ''

“ ငါက လနတ်ဆိုးဗိမ္မာန်ကို သွားမယ်၊ သူတို့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံ ရှိပေမယ့် သားတပည့်တွေကို လူသိရှင်ကြား မစုဆောင်းကြဘူး။”

“ ထာဝရမြင့်မြတ်ခြင်းဂိုဏ်းကို ငါတွေးနေတာ၊ ဒါဆို ငါ့အတွက် မြင့်မြင့် ပျံသန်းနိုင် လိမ့်မယ်.... ''

" လင်းယွန် .....မင်းက ဘာလို့ ငါတို့နဲ့ မဝေမျှ ရတာလဲ "

နှုတ်ဆိတ်နေသည် ကိုမြင်သောအခါ လူငယ်များက စူးစမ်းမေးမြန်း လာကြသည်။ လင်းယွန်က ပြုံးလိုက်ပြီး၊ စကားပြန် ပြောခါနီးတွင် ဘုံကျောင်းတံခါးကို အရှိန်ပြင်းပြင်း တွန်းဖွင့် ခံလိုက်ရသည်ကြောင့် စကားဝိုင်းမှာ ပြတ်တောက် သွားလေသည်။

နှင်းမုန်တိုင်းထံမှ အေးစက်သော လေပြင်းများ ဟုန်ခနဲ တိုးဝင်လာပြီး၊ လူတိုင်းကို ထိတ်လန့်သွားစေ၏။ ထွားကြိုင်းသန်မာသော သိုင်းသမားသုံးယောက်မှာ တံခါးဝမှ ဝင်ရောက်လာပြီး၊ ရုတ်တရက် လေထုအတွင်း သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖုံးလွှမ်းသွားလေသည်။ ၎င်းတို့အားလုံးသည် ရှန်ရှင်း သတ္တမအဆင့်တွင် ရှိနေကြပြီး၊ သူတို့ထံမှ ထွက်ပေါ်လာသော သွေးညှီနံ့များကြောင့်၊ လူငယ်များ အားလုံး၏ မျက်နှာများကို ပြောင်းလဲ သွားစေခဲ့သည်။

မြောက်ပိုင်းကန္တာရလွင်ပြင်၏ လမ်းလွဲသိုင်းသမားများ။ ထိုစကားလုံးသည် သူတို့၏ စိတ်ထဲတွင် ပေါ်လာပြီးနောက်၊ မျက်မှောင်ကြုတ်လျက် ငြိမ်သက်သွား ကြသည်။

ထိုအဖွဲ့၏ ခေါင်းဆောင်လူရွယ်က မီးဖိုဘေးတွင် ထိုင်နေကြ သူတိုင်းကို ပြုံးပြလိုက်သော်လည်း၊ သူ၏ အပြုံးမှာ ကြောက်မက်ဖွယ် ဆိုးရွားလှပေသည်။

" တံ ခါး ပိတ် ပါ ....."

သစ်သားငါး တူရိယာကို ခေါက်နေသော ဘုန်းကြီးက နောက်တစ်ကြိမ် ထပ်၍ မိန့်လာ ပြန်၏။

"မင်း အမေကို ပိတ်......."

လမ်းလွဲသိုင်းသမား အဖွဲ့ခေါင်းဆောင်က သူ့ခါးမှ ဓားတိုကို ဆွဲထုတ်ပြီး အပေါ်ကို ခုန်တက်သွားသည်။ သူ့ဓားထံမှ တဖျပ်ဖျပ်တောက်ပနေသော အလင်းတန်း အချို့ကြောင့် လူငယ်များမှာ အော်ဟစ် သတိပေး လိုက်မိ၏။

"သတိထား...."

သို့သော် ဓားမြှောင်မှာ ဘုန်းကြီးခေါင်းကို ထိုးစိုက်ခါနီးတွင် သစ်သားငါး တူရိယာကို ခေါက်နေသော အသံက ရပ်တန့်သွားကာ၊ ဓားတို၏ အရှိန်အား ရုတ်တရက် ကျဆင်းသွား စေခဲ့သည်။

စက္ကန့်ပိုင်းလေးအတွင်းမှာပင် အချိန်ယန္တရားမှာ ရပ်တန့်သွားသကဲ့သို့ ဘုန်းကြီးက လှည့်ကြည့်ကာ ပြုံးပြလာ ခဲ့သည်။

***

All Chapters