← Chapters

လူငယ်များ အတွက် ယှဉ်ပြိုင်ခြင်း။

Vol. 13 Ch. 171

လူငယ်များ အတွက် ယှဉ်ပြိုင်ခြင်း။

Vol. 13 Ch. 171

ဓားသွားတွင် သတ်ဖြတ် လိုသော ဆန္ဒများ သိပ်သည်းစွာ ပါဝင် နေခဲ့ပြီး၊ ဝိညာဉ် စွမ်းအင်များ ပြည့်နှက် နေသည်။ လင်းယွန် အတွက်ပင်၊ ဤဓားကို ခံယူရန် လွယ်ကူမည် မဟုတ်ပေ။

သို့သော် မည်သူမျှ ဂရုမစိုက်ခဲ့သော ရဟန်းတစ်ပါးမှာ ထိုတိုက်ခိုက်လာမှုကို ပြုံးလျှက် ပြန်ကြည့်လာခဲ့သည်။

လမ်းလွဲသိုင်းသမား သုံးဦးမှာ မြောက်ပိုင်း ကန္တာရ အတွင်း မရေမတွက် နိုင်သော တိုက်ပွဲ များတွင် သတ်ဖြတ်ခြင်းဖြင့် ရှင်သန် လာခဲ့ ကြသော ဓားပြများပင် ဖြစ်သည်။

သူတို့၏ ကျင့်ကြံမှုသည် ရှန်ရှင်း သတ္တမအဆင့် တွင်သာ ရှိနေသော်လည်း၊ ၎င်းတို့ထဲမှ တစ်စုံတစ်ယောက်သည်ပင် အပြာရောင်နေမင်း နိုင်ငံရှိ မိစ္ဆာသုံးဖော်ကို အနိုင်ယူ နိုင် ပေသည်။

"သူ့ကိုသတ်.... "

ထိုသုံးယောက်၏ ခေါင်းဆောင်မှာ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များကို ခံစားလိုက် ရသည်နှင့် ကျန်နှစ်ယောက်ကို တပြိုင်နက်တည်း လှုပ်ရှားရန် အမိန့်ပေးလိုက်သည်။

ဘုံကျောင်းအတွင်းရှိ လူတိုင်း၏ မျက်လုံးထဲတွင် ကြောက်လန့်တကြား တုန်လှုပ်နေ ကြသော်လည်း လီဝူယုက သူ့ဓားကို ဆွဲရန် ပြင်လိုက်ရာ သူ့ပခုံးပေါ်သို့ လက်တစ်ဖက်က ဖိနှိပ်လာခဲ့သည်။

" အခု စိတ်အေးအေးထားပါ"

လင်းယွန်က သူ့မျက်လုံးများဖြင့် အချက်ပြလိုက်၏။

"မိုးကောင်းကင် ပြိုကျခြင်း တံဆိပ်။ "

ဘုန်းကြီးက လင်းယွန်နှင့် အနည်းငယ် ရင်းနှီးနေသော တံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်၏။ ရုတ်တရက် မြင့်မြတ်သော ရောင်ဝါနှင့်အတူ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး၊ ပြုံးလိုက်သည်။

သူ့ဘယ်ဘက် လက်သည် ရေမျက်နှာပြင်ကို ခွဲထွက်လာသော ခရမ်းရောင် နဂါးတစ်ကောင် ကဲ့သို့ လွင့်ထွက်သွားသည်။

နဂါးဟောက်သံများ ကောင်းကင်ယံ၌ ပဲ့တင်ထပ်လာကာ လမ်းလွဲသိုင်းသမား သုံးယောက်၏ ပိတ်စို့လာသော အရှိန်အဝါကို ဖြိုခွဲပစ် လိုက်သည်။

ရှေ့တစ်လှမ်းတိုးပြီး ဘုန်းကြီးက လမ်းလွဲသိုင်းသမား ခေါင်းဆောင်ကို လက်သီးဖြင့် ထိုးချလိုက်၏။

ပေါက်ကွဲသံနှင့် အတူ စူးရှသော အလင်းတန်းများ ဖုံးလွှမ်းသွားကာ၊ လင်းယွန် အပါအဝင် လူတိုင်းကို လှိုင်းလုံးကြီးများဖြင့် လှုပ်ခတ်သွားစေသည်။

မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကြောင့် ထိုလှိုင်းများကို ခံနိုင်ရည်ရှိသော်လည်း အခြားသူများမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိမည်မှာ သေချာပေသည်။

တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော လှိုင်းများမှာ လမ်းလွဲ သိုင်းသမား ခေါင်းဆောင် ခန္ဓာကိုယ် ထဲသို့ စိမ့်ဝင်သွား ပြီးနောက်၊ ဖုန်မှုန့် အဖြစ် ကြွေကျ ပျောက်ကွယ် သွားစေတော့၏။

'' နက်နဲနယ်ပယ်...... ''

သည်မြင်ကွင်းကြောင့် တခြားသူ နှစ်ယောက်မှာ ထိတ်လန့်သွား၏။

တစ်ဆက်တည်းမှာပင် မှင်တက်နေသော ထိုလမ်းလွဲ သိုင်းသမား များထံသို့ ညာလက်သီးဖြင့် ထပ်မံ ထိုးချလိုက်သည်။

'' ဘုန်း.......... ''

ကျားဟောက်သံမှာ တွဲလျက် ထွက်ပေါ်လာပြီး၊ ညာဘက်လက်သီးမှ ခုန်ထွက်လာသော ကျားတစ်ကောင်၏ ပုံရိပ်ကို ဝါးတဝါး မြင်တွေ့နိုင်လေသည်။

'' ပျံသန်းနေသော နဂါး၊ ပုန်းကွယ် နေသောကျား ...... ''

ဤအရွေ့ကား ကျား-နဂါးလက်သီး၏ တတိယမြောက် လှုပ်ရှားမှု ဖြစ်ပြီး၊ မိုးကောင်းကင် ယဇ်ပလ္လင်တွင် ပြီးမြောက် ခဲ့သော လှုပ်ရှားမှု ဖြစ်လေသည်။

သို့သော် ဘုန်းကြီးနှင့် ယှဉ်ပါက လင်းယွန်၏ အောင်မြင်မှုမှာ မပြောပလောက်ပေ။ ဘုန်းကြီးက သူ့၏ စွမ်းအင် များကို လူ့ခန္ဓာထဲသို့ မည့်သို့ ပေါင်းထည့် နိုင်ခဲ့သည်ကို တွေးတော မရခဲ့ချေ။

မိုးကောင်းကင်ပြိုကျခြင်းတံဆိပ်။

မတိုက်ခိုက်မီ ဘုန်းတော်ကြီးက တံဆိပ်တစ်ခုကို ဦးစွာ ဖွဲ့စည်းခဲ့ပုံကို ရုတ်တရက် သတိရမိသည်။

ကျားနဂါးလက်သီးသည် လက်သီး နည်းစနစ်တစ်ခု ဟုတ်ပုံမရချေ။ တံဆိပ် ဖွဲ့စည်းခြင်းများ ပါဝင်သော သိုင်းကျမ်းတစ်ခု ဖြစ်ပုံရသည်။

သူသိသော ထာဝရနတ်ဘုရားတံဆိပ်တော် သည် ကျားနဂါးလက်သီး နည်းစနစ်ထဲရှိ တံဆိပ်ဖွဲ့စည်းခြင်း များထဲမှတစ်ခု ဖြစ်နိုင်ပေမည်။

ထိုအချိန်က တံဆိပ်ကို ထုတ်ဖော်တိုက်ခိုက်စဉ် ကျားနဂါးလက်သီးမှာ အဆင့်မြင့် ရှန်ရှင်း သိုင်းနည်းစနစ်များနှင့် ယှဉ်နိုင်ပုံကို အမှတ်ရနေသေးသည်။

သို့သော်ငြားလည်း လက်ရှိမြင်ကွင်းမှာ ပို၍ တုန်လှုပ် ချောက်ချားဖွယ် ကောင်းလှပေသည်။ ကျား-နဂါးလက်သီးတွင် ဤမျှ ကြောက်စရာ ကောင်းသော စွမ်းအားများ ဖြစ်လိမ့်မည်ဟု တွေးကြည့် မထားမိချေ။

" မင်းတို့ထဲက တစ်ယောက်ယောက်ကို လန့်သွားစေတာလား"

ဘုန်းကြီးက ဓားပြ သုံးယောက်ကို သတ်ပြီး အခန်းထဲရှိ လူငယ်များကို လှည့်ကြည့် လာသည်။

" စီ....စီနီယာ မင်းက ထာဝရ မြင့်မြတ်ခြင်းဂိုဏ်း ထဲက လားလို့ ငါသိချင် မိတယ် "

“ စီနီယာ... ဒါ ... ဒါက ကျားနဂါး လက်သီးလား ...... သန့်ရှင်းလိုက်တာ "

" ငါ ...ငါတို့... မင်းရဲ့ ကြီးကျယ်ခမ်းနားမှုကို စောစောက အသိအမှတ် မပြုမိလို့ တောင်းပန် ပါတယ်..."

လူငယ်များမှာ မာန်မာနများ ဆုံးရှုံးသွားသည်။ သို့သော် ၎င်းတို့ကို အပြစ်တင်လို့ မရချေ။ မရေမတွက်နိုင်သော ဘဝနှင့် သေခြင်းဆိုင်ရာ အတွေ့အကြုံများကို ဖြတ်သန်းခဲ့ဖူးသည့် လင်းယွန် ကဲ့သို့သော တစ်စုံတစ်ယောက် ပင်လျှင် ဤမြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့သည်။

" ငါ့ကို စီနီယာလို့ ခေါ်စရာ မလိုပါဘူး။ ဒီမှာရှိနေကြတဲ့ မင်းတို့တွေနဲ့ ငါက ရွယ်တူပါပဲ ''

" .... ဒါဆို ငါတို့ မင်းကို ဘယ်လို ခေါ်ရမလဲ မင်းမှာ ဘွဲ့နာမည်ရှိလား။ ''

“ ရဟန်းနာမည်ကို ငါမေ့နေပြီ။ ကောင်းကင်ဘုံချင်နိုင်ငံက ကျင့်ကြံသူတွေကတော့ 'လွင့်မျောနေသောရေခွက်' ကလေးလို့ ခေါ်ကြတယ်.....''

ဘုန်းကြီးက ပြုံးရယ်ကာ မိတ်ဆက်လာ ခဲ့သည်။

လွင်မျောနေသော ရေခွက်။

ထိုနာမည်ကို ကြားလိုက်ရသောအခါ လင်းယွန်၏ မျက်ခုံးများ တွန့်သွားသည်။ မဟာချင်အင်ပါယာကြီးတွင် လူငယ် မျိုးဆက်များထဲ အသန်မာဆုံး ပုဂ္ဂိုလ် ရှစ်ယောက် ရှိသည်။ ၎င်းတို့မှာ မဟာဂိုဏ်းကြီး လေးဂိုဏ်းနှင့် ကောင်းကင်ဘုံချင်အင်စတီကျုတို့၏ အသက်အငယ်ဆုံး ပါရမီရှင်များဖြစ်ကာ၊ သူတို့ ရှစ်ဦးစလုံးသည် သက်ဆိုင်ရာ ဂိုဏ်းအသီးသီးကို ကိုယ်စားပြုသော အကြွင်းမဲ့ ပါရမီရှင်များ ဖြစ်ခဲ့ကြသည်။

ဘိုင်လိရွှမ်နှင့် စီရွှယ်ယီတို့ပင် ထိုရှစ်ဦးစာရင်းထဲ မပါရှိချေ။ သို့သော် ၎င်းတို့နှစ်ဦးမှာ အဆိုပါ ရှစ်ဦးနှင့် မျိုးဆက်တူများ မဟုတ်ကြကာ၊ အနာဂတ်တွင် ရှစ်ဦးစာရင်းထဲသို့ ဝင်ရောက်နိုင်ရန် အလားအလာ မြင့်မားလေသည်။

ဘုန်းကြီး၏ ဂုဏ်သတင်းကြောင့် လူငယ်များမှာ တုန်လှုပ်သွားကြ၏။ ဤနေရာ၌ အင်ပါယာ၏ ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့လိမ့်မည်ဟု မမျှော်လင့် ထားခဲ့ကြပေ။

“ အစ်ကိုကြီး လွင်မျောနေသောရေခွက်၊ မင်းကို ပိုသန်မာစေဖို့ ဦးခေါင်း ရိတ်ထားရတာလား ”

လီဝူယုက မျက်နှာချိုချိုဖြင့် မေးလိုက်သော်လည်း စကားဝိုင်းဖွဲ့ လာကြသော လူငယ်များမှာ စိတ်လှုပ်ရှားသွား ကြသည်။

ထိုမေးခွန်းကြောင့် လွင့်မျောနေသောရေခွက်မှာ သူ့နှုတ်ခမ်းထောင့်ကို တွန့်ရုံ ပြုံးလိုက်ပြီး၊

“ မင်းကိုယ်မင်း ခေါင်းရိတ်ဖို့ မလိုပါဘူး၊ ငါကိုယ်တိုင်က ရဟန်းအစစ် မဟုတ်တော့၊ တရားဓမ္မကို နက်နက်နဲနဲ နားလည်ဖို့ ကြိုးစား နေရတုန်းပါပဲ....”

ထိုစကားကြောင့် လင်းယွန်က ရယ်လုနီးပါးပင်။ လီဝူယုမှာ အလွန် စိတ်ဝင်စားစရာကောင်းလှ ပေသည်။ ဘုန်းကြီးနှင့်ပင် ရယ်မော နောက်ပြောင် ဝံ့ချေသည်။ ထိုစကားကြောင့် လွင့်မျောနေသောရေခွက်သာ ဒေါသထွက်သွားပါလျှင် မည်သို့ ဖြစ်လာမည်ကို စိတ်ကူး မယဉ်နိုင်ပေ။

သို့သော်လည်း လွင့်မျောနေသောရေခွက်၏ နှလုံးသားမှာ ထိုမျှ သေးငယ်မည် မဟုတ်ကြောင်း ထင်ရှားလှလေသည်။ သူက ၊

" မင်းတို့ ငါ့ရဲ့ ကျားနဂါးလက်သီးကို ဘယ်လိုထင်လဲ"

ဟု မေးလိုက်သည်။

" အရမ်းသန်မာတယ် "

“ကြောက်စရာကောင်းတယ်...”

“မယုံကြည်စရာပဲ.....”

လူငယ်အားလုံးက စတင် ချီးမွမ်းလိုက် ကြသည်။

" ထာဝရမြင့်မြတ်ခြင်း ဂိုဏ်းကို ဝင်ဖို့ မင်းစိတ်ကူးရှိလား "

လွင့်မျောနေသောရေခွက်က ကျေနပ်သော အပြုံးကို ထုတ်ဖော်လျက်၊ ထိုစကားများကိုပြောနေစဉ်တွင် သူ့မျက်လုံးများက လင်းယွန်နှင့် လီဝူယုကို စိုက်ကြည့်နေခဲ့သည်။

" ငါတို့ ထာဝရမြင့်မြတ်ခြင်း ဂိုဏ်းထဲ ဝင်လို့ရမလား... "

အထူးသဖြင့် လွင့်မျောနေသောရေခွက်၏ အစွမ်းသတ္တိကို သက်သေခံပြီးနောက် အခြားသော လူငယ်များမှာ စိတ်လှုပ်ရှားလာကြသည်။

" ထာဝရမြင့်မြတ်ခြင်းဂိုဏ်းက တပည့်တွေကို စုဆောင်းဖို့ ပထမတန်းစား ပါရမီရှင် ရှစ်ဦးထဲက တစ်ဦးကို စေလွှတ်လိုက်တာက နည်းနည်းတော့ လွန်နေပြီ မဟုတ်လား"

စူးရှသော အသံတစ်သံသည် ဘုံကျောင်းအထက်မှ ရုတ်တရက် ထွက်ပေါ်လာလေသည်။

မိုးပြာရောင်ဝတ်စုံကို ဆင်မြန်းထားသော အမျိုးသမီးတစ်ဦးမှာ တိမ်ယံအတွင်းရှိ အလင်းတန်း တစ်ခုပေါ်မှ ခုန်ဆင်းလာ ခဲ့သည်။ မြေပြင်ပေါ်သို့ ရပ်တန့် လိုက်သည်နှင့် သူမ၏ ရင်ဘတ်မှာ တဆတ်ဆတ် တုန်ယင်သွားသည်။ ထိုမြင်ကွင်းသည် လူတိုင်း၏ အကြည့်ကို ချက်ချင်း ဆွဲဆောင် သွားခဲ့တော့သည်။ လီဝူယုက တံတွေးများကို ဂလုခနဲ မြိုချလိုက်၏။

အပြုံးဖြင့် လူတိုင်းကို စွဲမက်စေသော အမျိုးသမီးက သူ့ကိုယ်သူ မိတ်ဆက်လာသည်၊

“ ငါက ရှင်းယန်ပါ၊ ကောင်းကင်ဘုံဓားနန်းတော်ကပဲ မင်းတို့ထဲက တစ်ယောက်ယောက်က ဓားနန်းတော်ထဲ ဝင်ဖို့ စိတ်ဝင်စားရင် ငါမင်းတို့အတွက် တံခါးဖွင့်ပေးလို့ရတယ်။"

ထိုမိန်းမ ထံမှ စွဲမက်ဖွယ်ကောင်းသော အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။

"ဓားနန်းတော်က သူတို့ရဲ့ အဆိပ်ပန်းတစ်ပွင့်ကို လွှတ်လိုက်တာက ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ပဲ မဟုတ်လား... ၊ ငါ့ရဲ့ ရှေးဟောင်းတာအို ဂိုဏ်းကတော့ ပုတ်ပွနေတဲ့ ဒီလူအိုကြီးကို စေလွှတ်ရတယ်လို့ ...... ''

စိတ်ပျက်လက်ပျက် ရေရွတ်သံနှင့်အတူ အရက်နံ့များ လွှမ်းခြုံထားသော အဘိုးအိုတစ်ယောက်မှာ နှင်းမုန်တိုင်းအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာ ပြန်၏။

ထာဝရမြင့်မြတ်ခြင်းဂိုဏ်းမှ လွင့်မျောနေသော ရေခွက်၊ ဓားနန်းတော်ဂိုဏ်၏ အဆိပ်ပန်း ရှင်းယန်၊ ရှေးဟောင်းတာအိုဂိုဏ်း၏ အမူးသမားလူအိုကြီး.....စသည့် ထင်ရှားသော ဂိုဏ်းများမှ ကိုယ်စားလှယ် သုံးဦးသည် ဤကျောင်းဆောင်ငယ် အတွင်း စုဝေးလာခဲ့ ကြပြီး လူတိုင်းကို အံ့အားသင့်သွား စေခဲ့သည်။

" အစ်မကြီး ငါ မင်းနဲ့ လိုက်ခဲ့မယ် "

လီဝူယုက မတ်တပ်ထရပ်ပြီး ပြတ်သားစွာရေရွတ် လိုက်သည်ကြောင့် လူတိုင်း အံ့အားသင့် သွားကြ၏။

“ အိုး သိပ်ကောင်းတဲ့ ရွေးချယ်မှုပဲ ကောင်လေး”

ရှင်းယန်က သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။ လီဝူယုက သူမ၏ လက်ကို ချက်ချင်းဆုပ်ကိုင်လိုက်ပြီး၊

“ တွေ့ရတာဝမ်းသာပါတယ်။ ငါက လီဝူယု ပါ။ အနာဂတ်မှာ မဟာချင်အင်ပါယာရဲ့ ပထမဓားသမား ဖြစ်လာမယ့်သူပဲ ..."

" မင်းလက်ကို ဖြတ်စေချင်တာလား"

သူမလက်ကို မလွှတ်ချင်သော လီဝူယုကို ကြည့်ကာ ရှင်းယန်က ပြုံးလိုက်သည်ကြောင့် ချက်ချင်းပင် သူ့လက်ကို လွှတ်လိုက်ရသည်။

“ ဟဲဟဲဟဲ၊ ဘယ်လောက်တောင် နာခံလိုစိတ်ရှိလိုက်လဲ။ ဒါပေမယ့် မင်းရဲ့ အသက်အရွယ်အရ တဏှာရူး တစ်ယောက်လို အပြုအမူလေးတွေက ချစ်စရာ ကောင်းသားပဲ.... ''

ရှင်းယန်က လီဝူယု၏ ပါးကို လက်ဖြင့် လိမ်ဆွဲလိုက်သည်ကြောင့် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ် လာလေသည်။

ဒီမြင်ကွင်းကို ကြည့်လိုက်ပြီး၊ အမူးသမားလူအိုကြီးနှင့် လွင့်မျောနေသောရေခွက်မှာ သက်ပြင်း ချလိုက်ကာ၊ လင်းယွန်ကို လှည့်ကြည့်လိုက်သည်၊ လင်းယွန်က ရှင်းယန်ထံသို့ ဦးတည် သွားသည်ကို မြင်လိုက်ရသည်ကြောင့်၊

“ မင်းက ကျားနဂါးလက်သီးကို သင်ယူထားတယ် မဟုတ်လား၊ ထာဝရမြင့်မြတ်ခြင်းဂိုဏ်းနဲ့ ဘာလို့ မပူးပေါင်းရတာလဲ၊ အဲ့ဒီမှာ အပြည့်အစုံ လေ့လာနိုင်မှာပါ ...."

“ သူ့စကားကို နားမထောင်နဲ့။ ကျား-နဂါးလက်သီးက သန်မာပေမယ့် သင်ယူဖို့ ခက်ခဲတယ်၊ ကိုယ့်ဘဝကို ဘယ်လို မြတ်နိုးရမယ် ဆိုတာ သိရမယ်၊ ဒါကို နားလည်ဖို့ဆိုရင် မင်းက ဘာသာရေး ကိုင်းရှိုင်းရလိမ့်မယ်၊....ဆိုလိုတာက မင်း... ထာဝရမြင့်မြတ်ခြင်းဂိုဏ်းကို ဝင်ရင် ခေါင်းရိတ်ရလိမ့်မယ်။”

အမူးသမားလူအိုကြီးက အလျင်အမြန် ဟန့်တားလိုက်ပြီး၊ လက်ထဲရှိ အရက်အိုးကို တဂွတ်ဂွတ်ဖြင့် မော့ချလိုက်သည်။ ပြီးမှ နှုတ်ခမ်းပေါ် လျှံကျသွားသည့် အရက်များကို လျှာဖြင့် သပ်ယူလိုက်ကာ၊

" မင်းရဲ့ ခန္ဓာကိုယ်အရ ရှေးတောင်းတာအိုဂိုဏ်းကို မဝင်ဖြစ်ရင် နှမျောစရာ ကောင်းလိမ့်မယ်။ ငါ့ရဲ့ဂိုဏ်းက ခန္ဓာကိုယ် ကျင့်ကြံမှု နည်းစနစ် ပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ အတွက် မဟာချင်အင်ပါယာရဲ့ အသန်မာဆုံးဂိုဏ်းပဲ "

ထိုဖိတ်ခေါ်သံများကို ကြားသည်နှင့် တခြားသော လူငယ်များမှာ တုန်လှုပ်သွား ကြသည်။ ထိုအချိန်တွင် ၎င်းတို့သုံးဦးမှာ လင်းယွန်နှင့် လီဝူယုတို့ အတွက်သာ ရောက်ရှိလာသည်ကို သိရှိ လိုက်ရသည်ကြောင့်၊ စိတ်ပျက်လက်ပျက်ဖြင့် ငြိမ်သက်စွာ စောင့်ကြည့် နေလိုက်ကြသည်။

တစ်ဖက်တွင် လင်းယွန်က အံ့သြသွား၏။ ယင်းတို့ သုံးဦးသည် နက်နဲ သိုင်းသမားများ အဖြစ် ထိုက်တန်သော အမြင်များဖြင့်၊ သူ့အား ကောင်းစွာ မြင်နိုင်ခဲ့သည်။

ငြိမ်သက်သွားသော အခြေနေကြောင့် ဘုန်းကြီးနှင့် ယစ်ထုတ်ကြီးမှာ အနည်းငယ် စိတ်လှုပ်ရှား သွားသော်လည်း၊ ရှင်းယန်ကမူ လင်းယွန်ကို စူးရှစွာ စိုက်ကြည့် နေခဲ့သည်။ သူမက စကားတစ်ခွန်းမှ ဝင်ရောက် မပြောခဲ့ပေ။

" တောင်းပန်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းထဲက ဓားနန်းတော်ထဲဝင်ဖို့ ဆုံးဖြတ်ထားပြီး သားပါ။"

လင်းယွန်က ၎င်းတို့၏ ကမ်းလှမ်းမှုကို ငြင်းဆို လိုက်သည်ကြောင့် နှစ်ယောက်သား ခေါင်းယမ်းကာ၊ သက်ပြင်းချ လိုက်ရသည်။ သူတို့၏ အဆင့်အတန်းအရ လင်းယွန်ကို ပူးပေါင်းဖို့ရန် တွန်းအား ပေးလောက်သည်အထိ နှိမ့်ချလာမည် မဟုတ်ပေ။ ထို့အပြင် လင်းယွန်တွင် မပြည့်စုံသော ဓားရည်ရွယ်ချက် ရှိသည်ကို သိမြင်နိုင်သည်။

“ မင်းရဲ့ရွေးချယ်မှုကို နောင်တရမှာ မဟုတ်ဘူး။ ဒါဆို ငါအရင်ဆုံး ထွက်သွားတော့မယ်။"

ရှင်းယန်က လင်းယွန်နှင့် လီဝူယုတို့ကို ဦးဆောင်ကာ ထွက်ခွာ သွားတော့သည်။

" ရှင်းယန်ကို တစ်ယောက်ယောက်က ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ၊ ကောင်းမွန်တဲ့ မျိုးစေ့လေးတွေကို လုယူ ခံလိုက်ရတဲ့အတွက်ကတော့ နှမျောစရာ.... ”

ဟုဆိုကာ ယစ်ထုတ်ကြီးက သက်ပြင်းချလိုက်သည်။

“ လွန်ခဲ့တဲ့ ရက်အနည်းငယ်ထဲက ဓားနန်းတော်ရဲ့ ကံကြမ္မာက နည်းနည်းတော့ ကောင်းလာပုံပဲ… အိုး သတိရပြီ၊ စောစောက ငါ့ကို ကတုံးရိတ်မဲ့ အကြောင်း ပြောသံ ကြားလိုက် မိသလိုပဲ .... ''

ရေခွက်ကလေးက ပြုံးပြီး သူ့ဘေး ပါတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။

ယစ်ထုတ်ကြီးက ထိုစကားကြောင့် တံတွေးနင်ကာ ချောင်ဆိုး သွား၏။ သူ့ ပါးစပ်ထဲရှိအရက်များကို ပြန်ထွေးလုနီးပါး ပျို့တက်လာပြီးနောက်၊ ခေါင်းစဉ်ပြောင်းကာ၊

“အဲဒါကို နှလုံးမသွင်းနဲ့။ နောက်ပြောင်ခဲ့တာပါ။ မင်းက ဒီလူငယ်တွေကို ထာဝရမြင့်မြတ်ခြင်း ဂိုဏ်းဆီ ဖိတ်ခေါ်မှာ မဟုတ်လား။ ဒါဆို ငါ အရင်ဆုံး အနားယူတော့မယ်။"

“ အိုး ... အပြေးတော်တော်မြန်တဲ့ ယုတ်ထစ်ကြီးပါလား....''

လှစ်ခနဲ ပျောက်ကွယ်သွားသော အမူးသမားကို ကြည့်ကာ မျောလွင့်နေသော ရေခွက်က ပြုံးရယ် လိုက်လေသည်။

***

All Chapters