ရှေးဦးကျမ်း။
Vol. 13 Ch. 172
မြောက်ပိုင်းကန္တာရတွင် နှင်းမုန်တိုင်းများ ပြင်းထန်စွာ ဆက်လက် တိုက်ခတ်နေခဲ့သည်။ ရှင်းယန်က နှင်းမုန်တိုင်း အတွင်း လျင်မြန်စွာ ပြေးလွှားနေသည်။
သူ့နောက်တွင် လူနှစ်ယောက်နှင့် မြင်းတစ်ကောင်မှာ အနီးကပ်လိုက်ပါလာ ကြ၏။
အချိန်တွေကြာလာသည် နှင့်အမျှ လီဝူယုနှင့်လင်းယွန်တို့မှာ ရှင်းယန်ကို အမှီလိုက်ဖို့ရန် ခက်ခဲလာခဲ့သည်။
ရှင်းယန်မှာ ပုံမှန် အရှိန်အဟုန်ဖြင့် သွားလာ နေပုံရသော်လည်း ခြေတစ်လှမ်းချင်းသည် မီတာ သုံးဆယ်ကျော်အထိ ရွေ့လျားနိုင်ခဲ့သည်။
နာရီဝက်အကြာတွင် သူမက ရပ်တန့်ကာ လင်းယွန်နှင့် လီဝူယုတို့ကို အပြုံးများဖြင့် ကြည့်နေလေသည်။
သူတို့ နှစ်ယောက်က လေကို အမောတကော ရှူရှိုက်နေရပြီး၊ နီရဲနေသော မျက်နှာများဖြင့် သူမကို ကြည့်လိုက်ကြသည်။
“ မင်းတို့နှစ်ယောက်က ငါ့ကို လိုက်မမှီနိုင်လို့ အဆင်တော့ သိပ်မပြေဘူး၊ အခု ငါ့ကို ဘာကြောင့် မိတ်ဆက်ကြတာလဲ။
ရှင်းယန်က လက်နှစ်ဖက်ကို တင်းကြပ်စွာ ပိုက်လိုက်သည်နှင့် ရင်ဘတ်ကို ညှစ်ထုတ်လိုက် သကဲ့သို့ မောက်ကြွလာခဲ့သည်။
လီဝူယု၏ အကြည့်များမှာ သူမ၏ ရင်ဘတ်ဆီသို့ လုံးလုံးလျားလျား ကျရောက် သွားပြီး၊ တံတွေး မြိုချ လိုက်လေသည်။
“ ငါက လီဝူယု ပါ။ ဒီနှစ် ဆယ့်ငါးနှစ်ပြည့်ပြီ၊ ငါက ရှန်ရှင်းနယ်ပယ်ရဲ့ ဆဌမအဆင့်မှာရောက်ပြီ၊ အိုး လှလိုက်တာ...…”
" ငါ့က ဘယ်နေရာမှာ လှနေတာလဲ "
ရှင်းယန်က ပြုံးကာ လီဝူယုကို မေးခွန်းထုတ်လိုက်၏၊ သူမ၏ အပြုံးမှာ ဆောင်းညဆီသို့ နွေးထွေးသော လေညှင်းများ တိုက်ခိုက်လာ သကဲ့သို့ ဆွဲဆောင်မှု ရှိလှပေသည်။
" အဟီး.... နေရာတိုင်းပါပဲ ။"
လီဝူယုက ရှက်ရွံ့သော အပြုံးဖြင့် ပြန်ပြောလိုက်သည် ။
" ဒါပေမယ့် ဘယ်နေရာက အလှဆုံးလဲ"
သို့သော် ရှင်းယန်က ပြုံးလျက် မျက်လုံးများ မှေးစင်းကာ ထပ်မေးလိုက် ပြန်၏။
“ ဟဲဟဲဟဲ... မင်းရဲ့ ရင်ဘတ်…”
" မင်း.... ကောင်ဆိုးလေး "
ရုတ်တရက် ရှင်းယန်ထံမှ ဓားရောင်ဝါများထုတ်လွှတ်လိုက်ပြီး လီဝူယု၏ အဝတ်များကို ခွဲထုတ် ပြစ်လိုက်သည်။
ကောင်းကင်မှ ပြုတ်ကျသကဲ့သို့ အေးရှသောလေထုမှာ သူ့အရေပြားဆီ ချက်ချင်း စိမ့်ဝင်လာသည်ကြောင့် လီဝူယုက တုန်ယင်သွား ခဲ့သည်။
'' အစ်....အစ်မကြီး၊ ငါ ငါ တောင်းပန်ပါတယ်"
“ဟီးဟီးဟီး …”
လင်းယွန်က ရယ်မောချင်စိတ်ကို အောင့်သည်း လိုက်သော်လည်း နဂါးသွေးမြင်းမှာ မတတ်နိုင်ခဲ့ပေ။ ၎င်း၏ အမှတ်အသား ဖြစ်သော သွားခေါခေါများကို ထုတ်ဖော်လိုက်ကာ၊ တဟစ်ဟစ် ရယ်မော နေတော့သည်။
ထိုရယ်မောသံကို ကြားလိုက်သည်နှင့် ရှင်းယန်၏ အကြည့်မှာ နဂါးသွေးမြင်းထံ ကျရောက်သွားပြီး၊
“ ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းလိုက်တဲ့ မြင်းတစ်ကောင်လဲ”
ဟု ရေရွတ် လိုက်လေသည်။
နဂါးသွေးမြင်းက သူမ၏ အကြည့်ကို မြင်သောအခါ ချက်ချင်းဆို သလိုပင် ရယ်မောခြင်းအား ရပ်တန့်သွားကာ လင်းယွန်၏ နောက်သို့ ဝင်ရောက် ပုန်းအောင်း လိုက်၏။
“ လင်းယွန်၊ ဆယ့်ခြောက်နှစ်။ ငါက ပဉ္စမအဆင့်မှာ ရှိတယ်။ နှာခေါင်းနဲ့ နှလုံးပေါက်တွေကို သန့်စင်ဖို့ ကျန်နေသေးတယ်… ငါ့မှာ မပြည့်စုံတဲ့ ဓားရည်ရွယ်ချက်လည်း ရှိတယ်။”
ဘိုင်လိရွှမ်နှင့် ရန်ငြိုးရှိကြောင်းကို ထုတ်ဖော်ပြောပြချင် ခဲ့သော်လည်း၊ နောက်ဆုံးတွင် ပါးစပ်ပိတ်ထားဖို့ရန် ရွေးချယ်လိုက်သည်။ သူက ဓားနန်းတော်တွင် ပါဝင်နိုင်မည်မှာ မသေချာသောကြောင့် ဆိတ်ဆိတ်နေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
လင်းယွန်က ခဏမျှ တုံ့ဆိုင်းပြီးနောက်၊
“ ငါ့ ပါရမီက ညံ့ဖျင်းပါတယ်”
ဟု ဝင်ခံလိုက်လေသည်။
သို့သော် ရှင်းယန်က ထိုစကားကို စိတ်မ၀င်စားခဲ့ပေ။ သူမက ပြုံးပြီး၊
“ အဲဒါကို စိတ်မပူပါနဲ့။ အသက်ဆယ့်ခြောက်နှစ်နဲ့ ပဉ္စမအဆင့်ကို ရောက်ရှိနေတာက၊ ငါတို့ လိုအပ်ချက်နဲ့ ကိုက်ညီနေပြီ။ မပြည့်စုံတဲ့ ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင် နိုင်ကတည်းက မင်းက လူများစွာကို ကျော်လွန် သွားနိုင်ခဲ့ပြီ။ ပြီးတော့ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကို အောင်မြင်နိုင်ခဲ့တဲ့ အတွက် မင်းအပေါ် ငါ အများကြီး မျှော်လင့်ထားတယ်။"
“ ဒီမှာ ကျောက်စိမ်းအမှတ်အသား နှစ်ခုကိုယူထား၊ ဒါက မင်းတို့ကို စမ်းသပ်မှု အချို့ကနေ ကင်းလွတ်အောင် ကူညီနိုင်တယ်၊ မြောက်ပိုင်းကန္တာရ အတွင်းက လမ်းလွဲသိုင်းသမားတိုင်းက မင်းနှစ်ယောက်ကို ထိဖို့ သတ္တိရှိမှာ မဟုတ်ဘူး။”
ရှင်းယန်က သေသပ်လှပသော ကျောက်စိမ်းပြား နှစ်ချပ်ကို ထုတ်ပေးလာသည်။
“ စီနီယာအစ်မ၊ မင်း ငါတို့နဲ့အတူ မြို့တော်ကို မသွားဖူးလား”
သူတို့နှစ်ယောက်နှင့် အတူတူ ခရီးမဆက်တော့ကြောင်း သိလိုက်ရသည်ကြောင့် လီဝူယုက စိတ်ပျက်သွား ပုံရသည်။
'' ငါ့ကို စီနီယာအစ်မလို့ သတ်မှတ်လိုက်တာလား၊ မင်းက ဓားနန်းတော်ရဲ့ တပည့်မဟုတ်သေးဖူးဆိုတာ မမေ့ပါနဲ့၊ ဒါပေမယ့် အဆင်ပြေပါတယ်။ အမိန့်အရ မြောက်ပိုင်းကန္တာရမှာ ငါနေရဦးမယ်၊ မင်းတို့ နှစ်ယောက်နဲ့ မြို့တော်မှာ ပြန်တွေ့ကြတာပေါ့ "
ရှင်းယန်က သူမပါးစပ်မှ ရေခဲငွေ့များကို မှုတ်ထုတ်ပြီး ပြန်ပြောလာသည်။
“ ငါတို့အတွက် တံခါးဖွင့် မထားဘူးလား။ ဘာလို့ ကျောက်စိမ်းတံဆိပ်ကြီး ဖြစ်နေရတာလဲ…”
“ ဟဲဟဲ။ မင်းက ငါနဲ့ သိကျွမ်းခွင့်ရတာ မကောင်းဘူးလား။"
ရှင်းယန်က လီဝူယု ထံသို့ ချဉ်းကပ်လာစဉ် ရယ်မောလိုက်သည်။ လီဝူယုမှာ ချက်ချင်း ပြုံးရွှင်သွားပြီး၊
“ ဒါတော့ သေချာပါတယ်။ မင်းနဲ့ သိခွင့်ရတာ ငါ့ရဲ့ ကံကောင်းမှုပဲ။ "
“ အို့ ၊ ဒီလိုဆိုတော့လည်း မင်းက ချစ်စရာကောင်း သားပဲ။ "
ရှင်းယန်က လီဝူယု၏ ပါးကို လိမ်ဆွဲလိုက်ကာ၊ စူးရှသော လက်ခေါက်မှုတ်သံနှင့်အတူ မိုးကုတ်စက်ဝိုင်းဆီသို့ မျှော်ကြည့်လိုက်၏။ နောက်တစက္ကန့်တွင်၊ ပြိုင်ဘက်ကင်း ဓားရောင်ဝါဖြင့် ဓားငှက်တစ်ကောင် ထိုးဆင်းလာလေသည်။
ဝှစ် ။
မြေပြင်ပေါ်ရောက်သည်နှင့် မြဲမြံစွာ ရပ်လိုက်ပြီးနောက် အတောင်ပံများ ခတ်လိုက်သောအခါတွင် နှင်းမုန်တိုင်းအတွင်း လေပွေများ ဖြစ်ပေါ် လာသည်။
“ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ။ မင်းတို့နှစ်ယောက်ကို မြို့တော်မှာ တွေ့မယ် ”
ရှင်းယန်က ဓားငှက်ပေါ်သို့ ခုန်တက်ကာ မိုးကုတ်စက်ဝိုင်းထဲသို့ ပျံသန်း ပျောက်ကွယ်သွားတော့သည်။
“ စီနီယာအစ်မက ဒီလိုပဲ ထွက်သွားတာလား …”
လီဝူယုက နှုတ်ခမ်းတွန့်လိုက်ကာ၊ လင်းယွန်ကို ရှက်ကိုးရှက်ကန်း အပြုံးဖြင့် လှည့်ကြည့်လိုက်ပြီး။
" လင်းယွန်၊ ငါ့ကို အဝတ်တစ်ထည် ငှားပါ "
အဝတ်မပါသော လီဝူယုကို ကြည့်လိုက်ကာ၊ လင်းယွန်က မရယ်ပဲ မနေနိုင်ခဲ့ပေ။ သူ့သိုလှောင်အိတ်ထဲမှ အဝတ်တစ်ထည်ကို ထုတ်ယူ ပစ်ပေးလိုက်၏။
"ကျေးဇူးတင်ပါတယ် "
လီဝူယူက အဝတ်အစားများကို ကောက်ယူပြီး အလျင်အမြန် ဝတ်ဆင် နေခဲ့သည်။
ထိုအချိန်တွင် လင်းယွန်၏ အတွေးမှာ ရှင်းယန်နောက်သို့ လိုက်ပါသွားခဲ့သည်။ ရှင်းယန်မှာ နောက်ထပ် ပါရမီရှင်များကို ရှာဖွေရန် ထွက်ခွာသွားရမည် ဖြစ်သည်။ ၎င်းမှာ ဤနှစ်၌ ထူးခြားသော တစ်စုံတစ်ရာ ရှိနေသည်လော၊ သို့မဟုတ် ပုံမှန် စုဆောင်းနေမှု ပင်လော။
ဂိုဏ်းသုံးခုသည် မြောက်ပိုင်းကန္တာရကို ဖြတ်ကျော်လာမည့် ကျင့်ကြံမှုများကို ဆွဲဆောင်ရန်အတွက် နက်နဲသိုင်းသမားများကို စေလွှတ်ထားခဲ့သည်။ ထာဝရမြင့်မြတ်ခြင်းဂိုဏ်းသည် မဟာချင်အင်ပါယာ တစ်ခုလုံးတွင် အသန်မာဆုံး ပါရမီရှင် 'လွင့်မျောနေသောရေခွက်' ကိုပင် အသုံးချ ခဲ့သည်။
အဝတ်အစားဝတ်ဆင်ပြီးနောက် လီဝူယုက ကောင်းကင်ကို မော့ကြည့်နေသည့် လင်းယွန်အား ကြည့်လိုက်ကာ၊
" ငါ့ရဲ့ စီနီယာအစ်မ ရှင်းယန်ကို စိတ်ကူးယဉ်နေတာလား"
“ ကိုယ့်ကိုကိုယ် ထိန်းထားဖို့ အကြံပြုချင်တယ်။ 'လွင့်မျောနေသောရေခွက်'နဲ့ အတူတူ ပေါ်လာတဲ့ တစ်စုံတစ်ယောက်ဟာ မင်းထင်သလောက် မရိုးရှင်းနိုင်ဘူး။”
လင်းယွန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
“ ဟဲဟဲ။ ငါ့ရဲ စီနီယာအစ်မရှင်းယန်က အဲ့လောက်လည်း ကြောက်စရာ မကောင်းပါဘူး။ ”
လီဝူယုက လင်းယွန်၏ စကားကို သိပ်စိတ်မ၀င်စား ဟန်ဖြင့် ရယ်မောလိုက်သည်။
" ငါတို့ အခု ဘယ်သွားမလို့လဲ "
လီဝူယုက နှင်းမုန်တိုင်ကို ငေးကြည့်ကာ မေးလိုက်သည်။
“ ဒီနေရာက နှင်းမုန်တိုင်းရဲ့ အစွန်အဖျားကိုရောက်နေပြီ၊ ဒီမှာပဲ ခဏတာ အနားယူ ကြရအောင်။”
လင်းယွန်က နှင်းလွှာများကို အနည်းငယ် ရှင်းထုတ်ပြီး၊ နှင်းဖြူ နတ်ဆိုးသားရဲ၏ အရေခွံကို မြေပေါ်တွင် ဖြန့်ခင်းလိုက်၏။ ထို့နောက် သစ်ရွက်ခြောက်များကို စုစည်းကာ၊ မီးစတင် မွှေးယူလိုက်၏။
ခဏချင်းမှာပင် အလွန်လျင်မြန်စွာ စခန်းချရာ နေရာတစ်ခု ပြီးစီး သွားလေသည်။ နတ်ဆိုးသားရဲ၏ အရေခွံပေါ်တွင် လဲလျောင်းနေသော လီဝူယုက အနည်းငယ် သက်တောင့်သက်သာ ခံစားလိုက် ရသည်ကြောင့် ရှက်ရွံ့သွားပြီး၊
“ အကိုကြီးလင်း၊ ငါ မင်းကို မကူညီနိုင်ဘူး…”
“ အဆင်ပြေပါတယ်။ မင်း..... အနားယူပါ”
ဟု လင်းယွန်က ပြန်ပြောလိုက်သည်။
“ ဟဲဟဲ။ ဒါဆို ငါအိပ်တော့မယ် .... ငါ ကောင်းကောင်း အနားမယူရတာ တစ်လခွဲ ရှိနေပြီ"
မီးဖိုအတွင်း သစ်ရွက်ခြောက်များ ထိုးထည့်နေသော လင်းယွန်ကို ကြည့်ကာ လီဝူယုက အိပ်ပျော်သွား ခဲ့လေသည်။
ကောင်းကင်ယံရှိ ရှင်းယန်က ဓားငှက်ပေါ်တွင် ရပ်နေပြီး ထိုမြင်ကွင်း တစ်ခုလုံးကို မြင်နေရသည်။ သူမက ပြုံးလိုက်ပြီး၊
“ ဒီလင်းယွန်က အနားယူနေပေမယ့် သတိပြတ်ပုံမရဖူး၊ သူ့မှာ ကောင်းမွန်ရဲ့ အတွေ့အကြုံ နေရှိတယ်။ ဓားကလေး ငါတို့သွားရအောင်..... ”
ဝှစ် ။
စကားဆုံးသည်နှင့် ဓားငှက်မှာ ချက်ချင်း လှည့်၍ ထွက်ခွာသွားတော့၏။
အချိန်အတော်ကြာသည်အထိ လီဝူယုမှာ အိပ်ပျော်နေခဲ့သည်။ သို့သော် လင်းယွန်က အိပ်မပျော်ပေ။ ဓားနန်းတော်နှင့် နီးကပ်လာသည် နှင့်အမျှ သူခံစားရသော ဖိအားများမှာ တိုးပွားလာလေသည်။ ဘိုင်လိရွှမ်၏ ဖိအားကို သတ္တိတစ်ခုတည်းဖြင့် ခံနိုင်ရည် မရှိနိုင်။ ဓားနန်းတော်တွင် အသက်ရှင်ရန် လွယ်ကူမည် မဟုတ်ကြောင်းကို ခန့်မှန်းနိုင်ခဲ့သည်။ သန်မာသော ခွန်အား မရှိပါက၊ ဘိုင်လိရွှမ်၏ နင်းချေခြင်း ခံရပေမည်။
လင်းယွန်က ဝါးမြှောင်ကို ထုတ်ကာ လေ့လာလိုက်မိသည်။ သာမန် ဝါးမြှောင် တစ်ချောင်း၏ အလေးချိန်မှာ မယုံနိုင်စရာပါပင်။
လွန်ခဲ့သည့် နှစ်လခန့်က ဤဝါးမြှောင်ကို လေ့လာခဲ့ကာ၊ နောက်ဆုံးတော့ သူ့၌ အကြံတစ်ခု ရလာခဲ့သည်။
“ ငါ့ရဲ့အိုင်းရစ်ဓားသုတ္တန်ဟာ ပဉ္စမအဆင့်ကို ရောက်နေပြီ။ ဒါကြောင့် ဒီအတွက် လုံလောက်သင့်တယ် ”
လင်းယွန်က ဝါးမြှောင်ကို ကြည့်ပြီး၊ တစ်ချိန်တည်းမှာပင်၊ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားဟန်များ တဖျပ်ဖျပ် တောက်ပလာသည်။
အိပ်မောကျနေသော လီဝူယုကို ကြည့်ကာ၊ နှင်းမုန်တိုင်းထဲသို့ တိုးဝင်လာခဲ့သည်။ ဘေးပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း သေချာပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်၏။
မသက်ဆိုင်သော အတွေးများ အားလုံးကို စွန့်ပစ်လိုက်ပြီး၊ ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်းကို စတင်လှည့်ပတ် လိုက်ကာ၊ မီးတောက်များကို ဝါးမြှောင်ထဲသို့ လောင်းထည့်လိုက်၏။
ဝါးမြှောင်ထဲသို့ မီးစွမ်းအင်များ သွန်းလောင်းလိုက်သည် နှင့်အမျှ အလေးချိန်မှာ လျော့နည်းလာသည်။
ယွဲ့ဝေဝေ ပြောသည့်အတိုင်း ခရမ်းရောင် ပန်းပေါ်ရှိ မီးတောက်များမှာ အသက်ဝင်လာခြင်း မရှိပေ။ ထို့ပြင် အလွန်အကျွံ ထုတ်ယူသုံးစွဲမိပါက ကုန်ဆုံးသွားနိုင်ချေ မြင့်မားလှသည်။ သို့သော် ၎င်းမီးစွမ်းအင်များ ကုန်ဆုံးလာနီးတိုင်း ရပ်တန့်ခိုင်း ပေလိမ့်မည်။
ယခုအခါတွင် ဓားသုတ္တန်မှာ ပဉ္စမအဆင့်သို့ ရောက်ရှိသည်နှင့် မီးတောက်များမှာ ပိုမို သန့်စင်လာခဲ့သည်။
ဝါးမြှောင်ထဲသို့ မီးစွမ်းအင်များ သွန်လောင်းနေမှုကြောင့်၊ ခရမ်းရောင်ပန်းဆီမှ မီးတောက်များ ကုန်ဆုံးရန် အချိန်သိပ်မကြာ လိုက်ချေ။
"မလုံလောက်ဘူးလား "
လင်းယွန်က စိတ်ပျက်သွားသည်။ ဤမျှနှင့် မလုံလောက်ပါက၊ ဓားသုတ္တန်ကို ဆဋ္ဌမအဆင့်သို့ ရောက်သောအခါမှာသာ ၎င်းကို ထပ်မံကြိုးစားနိုင်မည် ဖြစ်သည်။
သို့သော် ဝါးမြှောင်မှာ ရုတ်တရက် မီးထလောင်ကျွမ်းပြီး ကောင်းကင်သို့ ပျံဝဲလာတော့၏။
ဝှစ်။
ထို့နောက် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ သူ့နဖူးထဲသို့ ဝင်ရောက်သွားသည်။ ခဏကြာတွင် သူ့စိတ်ထဲ၌ ဆူညံသံတစ်သံ ထွက်ပေါ်လာလေသည်။ တစ်ဆက်တည်းမှာပင် မှန်းရခက်သော မြင်ကွင်းများ ထွက်ပေါ်လာတော့သည်။
မီးဖိုရှေ့တွင် ထိုင်နေသော တစ်စုံတစ်ယောက်သည် လေထဲ၌ 'ရူရ်'များကို ရေးထွင်းနေသည်။ ( ရူရ် = ရှေးဟောင်းအက္ခရာများ(သို့) မှော်စာလုံးများ)
သူမျှော်လင့်ထားသည့်အတိုင်း ဤဝါးမြှောင်သည် 'ရူရ်'များနှင့် ပတ်သက်မှုရှိသည်။ ယွဲ့ဝေဝေ၏ အယူအဆမှာ မှန်သော်လည်း အကြောင်းအရာ အနည်းငယ်လွဲချော်နေခဲ့သည်။ လေထဲတွင် ရေးထွင်းထားသော 'ရူရ်'များမှာ တဖျပ်ဖျပ်ခတ်ကာ ဝိညာဉ်စွမ်းအင်များ ရှင်သန် လာသည်။ ထို'ရူရ်'များမှာ တစ်ခုနှင့်တစ်ခု ကွဲပြားပုံပေါက်သော်လည်း ၎င်းတို့အားလုံးမှာ အလွန်အတွဲညီ လှပေသည်။
'' ဝုန်း......... ''
မီးဖိုက ရုတ်တရက် ပေါက်ကွဲသွားကာ၊ သတ္တုပြားတစ်ပြား ပြေးထွက်လာသည်ကြောင့် အဂ္ဂိရတ်ပညာရှင်က ဖမ်းယူလိုက်သည်။ တစ်ဆက်တည်းမှာပင် လေထဲ၌ ရေးထွင်းထားသော 'ရူရ်'များကို သတ္တုပြားပေါ်သို့ ပေါင်းစပ်စေလိုက်သည်။
'' ဝှစ်......... ''
အဂ္ဂိရတ်ဆရာ၏ လှုပ်ရှားမှုများမှာ ချောမွေ့သေသပ်နေခဲ့ပြီး၊ သတ္တုပြားပေါ်သို့ 'ရူရ်'များ ထည့်သွင်းလိုသော အချိန်တိုင်းတွင် ၎င်း'ရူရ်'များကို ညင်သာစွာ ပုတ်ထုတ်လိုက်သည်။
သတ္တုပြား ပေါ်တွင် ရုန်းများ တစ်ဖျပ်ဖျပ်တောက်ပလာပြီး၊ မီးဖိုအတွင်းမှ ထွက်ပေါ်လာချိန်နှင့် လုံးဝ ကွဲပြားသွားတော့သည်။
'' အား........."
ပုံရိပ်ကို ကြည့်နေဆဲမှာပင် ဦးခေါင်း တစ်ခုလုံး ပေါက်ကွဲလုလု နာကျင်သွား၏။
တစ်ဆက်တည်းမှာပင် အဂ္ဂရတ်ဆရာ၏ ပုံရိပ်မှာ မရေမတွက် နိုင်သော မှတ်ဉာဏ် အပိုင်း အစများ အဖြစ်သို့ ပြိုကွဲသွား တော့သည်။
ထို့နောက်တွင် ယင်းအပိုင်း အစများ စုစည်း လာကာ၊ စကားလုံးများ ဖြစ်ပေါ် လာလေသည်။
ရှေးဦးကျမ်း။
အတိတ်က ဝါးမြှောင်ကြောင့် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကို ပြန်အမှတ်ရသော အခါတွင် မြေပြင်သို့ ကျလာသော ဝါးမြှောင်ကို အလျင်အမြန် ဖမ်းယူလိုက် ရလေသည်။
***