ဒါဆို ရယ်စရာကောင်က ဘယ်သူလဲ။
Vol. 13 Ch. 175
ဝရုန်း သုန်းကား အခြေအနေ များကြောင့် ဝမ်နင်က ပြုံးလိုက်သည်။ နောက်ဆုံးတွင် ဤလင်းယွန်၏ ဓားနန်းတော်သို့ သွားရာ လမ်းမှာ သူ၏ ငရဲလမ်းသာ ဖြစ်လာနိုင် ပေမည်။
ရုတ်ရုတ်သဲသဲ အသံများမှာ ပိုမို ကျယ်လောင်လာသောကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားက လူအုပ်ကို ထိန်းချုပ်ရန် ဟိန်းဟောက်လိုက်သည်။
'' တိတ် စမ်း ....''
အကြီးအကဲများမှာ ရှင်းယန်ကို မျက်မှောင်ကြုတ်လျက် လှည့်ကြည့်လိုက် ကြ၏။ ဝမ်နင်၏ စကားသည်သာ အမှန်ဆိုပါက၊ ဓားကျွန်ကို အရွေးချယ်ခံ အဖြစ် ခွဲတမ်း ပေးအပ်ခဲ့ခြင်းမှာ ရယ်စရာ ကောင်းလှပေသည်။
ခရိုင်ပေါင်းတစ်ရာရှိ ပါရမီရှင် ပေါင်းများစွာမှာ မြို့တော်အတွင်း စုဝေးလာကြပြီး၊ ဂိုဏ်းအသီးသီးထံသို့ ဝင်ရောက်ရန် ကြိုးစားလာ ကြသည်။ ဓားနန်းတော်သည် ဓားသမားများအတွက် သန့်ရှင်းသောမြေ ဖြစ်ရာ၊ ဓားကျွန်တစ်ယောက်ကို အရွေးချယ်ခံ ခွဲတမ်း ပေးအပ် လိုက်သည်ဆိုသော သတင်းသာ ပျံ့နှံ့ခဲ့ပါက လူရယ်စရာ ဖြစ်လာပေ လိမ့်မည်။
လီဝူယုမှ လွဲ၍ ရှင်းယန်၏ နောက်တွင် ရပ်နေသော လူငယ်များမှာ အမူအရာမျိုးစုံဖြင့် လင်းယွန်နှင့် ဝေးရာသို့ ရွေ့ပြောင်းသွား ကြ၏။
" သူပြောတာ အမှန်ပဲလား..."
အကြီးအကဲတစ်ယောက်က လင်းယွန်ကို မေးခွန်း ထုတ်လိုက်၏။
" အချိန်အတိုင်းအတာ တစ်ခုအထိ ငါက ဓားကျွန်တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ”
တစ်ချိန်က ဓားကျွန် ဖြစ်ခဲ့ဖူးသည် ဟူသောအချက်ကို ဖုန်းကွယ်ထားခြင်း မရှိပေ။
"ဒါဆို မင်းဘာလို့၊ ဒီမှာ ရပ်နေသေးတာလဲ။ မင်းကိုယ်မင်း မရှက်ဖူးလား "
ဝမ်နင်က အေးစက်စွာဖြင့် ဝင်ရောက် မောင်းထုတ်လိုက်သည်။
" ဂျူနီယာညီမရှင်းယန်၊ မင်းရဲ့အမြင်က ပြဿနာ နည်းနည်းရှိ နေသလိုပဲ၊ မင်းရဲ့ အဖွဲ့က ဘာလို့ အဝေးကို ရောက်ကုန် ကြတာလဲ....''
ဝမ်ယန်နှင့် ရှင်းယန်တို့၏ ဆက်ဆံရေးမှာ ကောင်းမွန်ခြင်း မရှိကြကာ၊ သူမကို အရှက်ရစေမည့် ဤသို့သော အခွင့်အရေးမျိုးကို လက်လွှတ်ခံမည် မဟုတ်ပေ။
လီရွှမ်ရှင်းနှင့် သူ့ပတ်ဝန်းကျင်ရှိ လူငယ်များ၏ မျက်လုံးထဲတွင် မကျေမနပ်သော အရိပ်အမြွက်များ ထွက်ပေါ်လာခဲ့သည်။
" ပါး စပ် ပိတ် ထား....."
ရှင်းယန်၏ မျက်နှာမှာ အေးစက်သွားပြီး၊ ဝမ်ယန်ကို စိုက်ကြည့်လျက်၊
" သူက ဓားကျွန် ဖြစ်နေတော့ရော ဘာဖြစ်လဲ၊ ဓားနန်းတော်က လူသစ်စုဆောင်းတဲ့ အခါမှာ နောက်ခံကို ဘယ်အချိန်ကများ စိတ်ဝင်စားခဲ့ဖူးလို့လဲ..... အကြီးအကဲလျိုယန်ရဲ့ နောက်ခံတောင် တစ်ချိန်က နိမ့်ကျခဲ့တာပဲ မဟုတ်လား၊ မင်းပြောသလိုဆိုရင် အကြီးအကဲလျိုဖန်းက ဓားနန်းတော်ထဲကနေ ထွက်သွားရမယ်လို့ ပြောနေတာလား... ဟမ် ''
ရှင်းယန်က ဝမ်ယန်ဆီမှ အကြည့်ကို ဝမ်နင်ထံသို့ ရွေ့ပြောင်းလိုက်ကာ၊ စိုက်ကြည့်မေးမြန်း လိုက်သံကြောင့်၊ ဝမ်နင်က ထိတ်လန့်သွားသည်။ သူက ချက်ချင်း ပါးစပ်ကို ပိတ်ထားလိုက်၏။ လျိုဖန်းသည်ပင် စကားမပြောပဲ၊ အခြေအနေ မည်သို့ ပြောင်းလဲ လာမည်ကို စောင့်ကြည့် နေခဲ့သည်။
ဝမ်ယန်က ခဏတာ ငြိမ်သက်နေရာမှ ရယ်မောလိုက်ပြီး၊
" ငါတို့ကို အပြစ်တင်ဖို့ မကြိုးစားပါနဲ့။ အကြီးအကဲလျိုဖန်းကို မဆိုလိုဖူးဆိုတာ၊ ဒီနေရာက လူတိုင်းသိပါတယ်.... ဓားနန်းတော်က တပည့်တွေရဲ့ မူလအစကို ဂရုမစိုက်တာ မှန်ပါတယ်၊ ဒါပေမယ့် အရည်အချင်းကိုတော့ ဂရုစိုက်တယ် မဟုတ်လား.....''
ညံဖျင်းသော ခန္ဓာကိုယ်များကို အများအားဖြင့် အမှိုက်ဟု ယူဆကြသည်။ ထိုခန္ဓာကိုယ်များကိုပင်၊ အဆင့်အမျိုးမျိုး ခွဲခြားထားကြကာ၊ အချို့သော ဂိုဏ်းငယ်လေးများသည် အမှိုက်ခန္ဓာကိုယ်များကို ၎င်းတို့၏ တပည့်များ အဖြစ် လက်ခံကြရ၏။ သို့သော် မဟာဂိုဏ်းကြီး လေးဂိုဏ်းအတွက်မူ အမှိုက်ခန္ဓာကိုယ်များကို စိတ်ဝင်စားခြင်း မရှိနိုင်ကြပေ။
စင်မြင့်ပေါ်ရှိ အကြီးအကဲများ အားလုံးမှာ ကိုယ်ပိုင်အမြင်များ ရှိကြသော်လည်း လျိုဖန်းထံမှ စကားသံ ထွက်မလာသည်ကြောင့် နှုတ်ဆိတ်နေကြ၏။
" လင်းယွန် မင်းရဲ့ ခန္ဓာကိုယ်ကို စမ်းသပ်ပြီးပြီလား"
ရှင်းယန်က လင်းယွန်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
" ငါရဲ့ အရည်အချင်းကို တစ်ခါမှ မစမ်းသပ်ဖူးပါဘူး၊ ဒါပေမယ့် အရည်အချင်းက နိမ့်ကျတာတော့ အမှန်ပါပဲ။ "
လင်းယွန်က ရိုးသားစွာ ပြန်ဖြေလိုက်၏။
'' အဟား။ မင်းရဲ့အရည်အချင်းကို တစ်ခါမှ မစမ်းသပ်ဖူးရင် အဲဒါကို မင်းဘယ်လိုသိလဲ။"
ရှင်းယန်က ပေါ့ပါးစေလိုသော အမူအယာဖြင့် ရယ်မောလိုက်သည်။
"သူ့ရဲ့ စွမ်းရည်က မနိမ့်ကျဖူးဆိုရင် သူဘာလို့ဓားကျွန် ဖြစ်လာရတာလဲ။ ဘယ်လောက်တောင် အရှက်မရှိ လိုက်လဲ "
ဝမ်နင်က ထပ်မံ ပြောဆိုကာ ရယ်မောလိုက်သည်။
" နောက်တစ်ခွန်း ထပ်ပြောမယ်၊ မင်းပါးစပ်ကို ဆုပ်ဖြဲ မခံချင်ရင် ပိတ်ထားပါ "
ရှင်းယန်၏ မျက်နှာမှာ မည်းမှောင်သွားပြီး၊ ဝမ်နင်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ ကျောရိုးတစ်လျှောက် စိမ့်တက်လာသောအအေးဓာတ်ကြောင့် ဝမ်နင်က တုန်လှုပ်သွားပြီး၊ ဝမ်ယန်၏ နောက်သို့ ပြောင်းရွေ့ ပုန်းအောင်း လိုက်သည်။
ရှင်းယန်၏ ခွန်အားကို ကြောက်ရွံ့သောကြောင့် သူမကို လှမ်းကြည့်ရုံသာ ရှိတော့သည်။
တစ်ဖက်တွင် ဝမ်ယန်က လှောင်ရယ်ရိပ် စွန်းသော အပြုံးဖြင့်၊ ရှင်းယန်တို့ကို ကြည့်ကာ၊
" ဒါဆို စမ်းသပ်ကြည့်ရအောင်။ ငါရဲ့ဂျူနီယာညီမလေး မကြောက်သရွေ့ ...."
" ငါနဲ့အတူ လိုက်ခဲ့ပါ။ "
ရှင်းယန်က ဝမ်ယန်၏ စကားအတိုင်း၊ လင်းယွန်ကို ဦးဆောင် ခေါ်ယူလိုက်သည်၊ သူမက အရည်အချင်း စမ်းသပ် စစ်ဆေးနေသော လူလတ်ပိုင်းအရွယ် အမျိုးသားကို ခေါင်းညိတ်ပြပြီး လင်းယွန်ကို ကျောက်စင်မြင့်ပေါ်သို့ လျှောက်သွား စေလိုက်သည်။ ကျောက်တုံး စင်မြင့်ပေါ်တွင် ကြည်လင်သော စွမ်းအင် ပတ်လမ်းကြောင်း တစ်ခုရှိသည်။
“လင်ယွန်၊ ဒါက ဝိညာဉ်ရေးလမ်းကြောင်းပါ။ မင်းလုပ်ရမှာက မင်းရဲ့ ဝိညာဉ်စွမ်းအင်တွေကို ပတ်လမ်းကြောင်းထဲကို ထိုးသွင်း လိုက်ဖို့ပဲ ။ မင်းရဲ့ အရည်အချင်းကို အဲဒါနဲ့ စမ်းသပ်လို့ရတယ်။ မင်းက အမှိုက်ခန္ဓာကိုယ် သာဆိုရင် ဒီခရုပါတ်လမ်းကို လင်းစေနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပတ်လမ်းကြောင်းက လင်းနေတယ် ဆိုရင်တော့ မင်းက စိတ်ဝိညာဉ် ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားလို့ပဲ၊ အလင်း ပိုစူးရှလေ၊ အဆင့်မြင့် လေလေ...."
ရှင်းယန်က လင်းယွန်ကို ပတ်လမ်းဆီသို့ ပို့ဆောင်ပြီး ပြုံးပြလိုက်၏။ သူမ၏ အပြုအမူကြောင့် လင်းယွန်က ရင်ထဲနာကျင် သွားပြီး ပြုံးလိုက်ကာ၊
" စီနီယာအစ်မရှင်းယန်၊ ငါ့က အမှိုက်ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားလိမ့်မယ်လို့ မင်းစဉ်းစားဖူးလား။ ဒီလိုဆိုရင် မင်းကို လူတိုင်းက ရယ်မောစရာ အဖြစ်နဲ့ အဆုံးသတ် သွားလိမ့်မယ်။”
တန်းစီနေသော လူအုပ်ကြီးက လင်းယွန်ကို စောင့်ကြည့်နေ ကြသည်။
“ မင်းဒီလို မပြောနဲ့။ ငါက မင်းကို ဒီခေါ်လာပေးတဲ့ သူဆိုတော့ မင်းအတွက် တာဝန်ယူ ပေးရတာ သဘာဝပါပဲ "
သူမက လင်းယွန်ကို အခြားသူများထက် ပို၍ နှစ်သက်သောကြောင့် ခေါင်းရမ်းလိုက်ကာ၊ နှစ်သိမ့်လိုက်သည်။
သူမနှင့် စတွေ့ချိန်တွင် လင်းယွန်၏ ဖြူစင်သော အကြည့်ကို သတိပြုမိသည်။ ဘဝတစ်လျှောက် နှစ်များစွာအတွင်း လူများစွာနှင့် တွေ့ဆုံခဲ့သော်လည်း လင်းယွန်ကဲ့သို့ ရိုးရိုးရှင်းရှင်း ကြည့်ရှုလာသူမှာ ရှားပါးခဲ့သည်။
လူတိုင်းတွင် မေ့ပစ်ချင်ခဲ့သော အတိတ်များစွာ ရှိကြ၏။ ဝမ်နင်၏ လုပ်ရပ်သည် လင်းယွန် ဒဏ်ရာများကို ဖော်ထုတ်ပြီး ဆားဖြင့် ပွတ်တိုက်ခြင်း မည်၏။ လင်းယွန်၏ အနေအထားတွင် အခြားသော တစ်ယောက်သာ ဆိုပါက၊ ပြိုလဲ သွားပေလိမ့်မည်။
သို့သော် လင်းယွန်မှာ ယခင်က ကဲ့သို့ တည်ငြိမ် နေခဲ့သည်ကြောင့် ရှင်းယန်က အနည်းငယ်သော နာကျင်မှုကို ခံစားနေရသည်။ ဤနေရာသို့ လင်းယွန်ကို ခေါ်ဆောင်လာသူမှာ သူမပင် ဖြစ်လေသည်။
"ဝမ်နင် ပြောခဲ့တာတွေက အမှန်ပဲ။ ငါ့ရဲ့အရည်အချင်းက တကယ့်ကို နိမ့်ကျပါတယ်၊ မြို့တော်ကို မရောက်ခင် ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်ဖို့ စိတ်ကူးထားတယ်။ ဒီနည်းလမ်းက ဓားနန်းတော်ရဲ့ လိုအပ်ချက် တွေကနေ ကင်းလွတ်ခွင့် ရမယ် မဟုတ်လား၊ ဒါကြောင့် စီနီယာအစ်မက ဒီကိစ္စကို အတင်းအကြပ် လုပ်စရာ မလိုပါဘူး။”
ရှင်းယန်က သူ့ခန္ဓာကိုယ်ကို စမ်းသပ်ကာ၊ ရှင်းယန်ကို လူအများရှေ့တွင် အရှက်ခွဲရန် ကြိုးစားနေခြင်း ဖြစ်သည်ကို သူနားလည်မိ၏။
"ဒါပေမယ့် မင်းအရင်က မင်းရဲ့ ခန္ဓာကိုယ်ကို မစစ်ဆေးဖူးဘူး မဟုတ်လား... "
“ အင်း.......”
“ ဒါဆို ခုစစ်ဆေးကြည့်ပါ၊ မရှက်နဲ့၊ မင်းကို နောင်တ ရစရာတွေ မရှိစေချင်ပါဘူး။”
ရှင်းယန်က လင်းယွန်ကို ငြင်းဆိုဖို့ရန် အခွင့်အရေး မပေးခဲ့ချေ။ သူက လင်းယွန်၏ လက်ကို ခရုပတ်လမ်းပေါ်သို့ တင်ပေးလိုက်ကာ ပြုံးရယ်ပြီး၊
“ သွားလိုက်ပါ ငါ့ရဲ့ ကျားဆိုးလေး...... ”
သူမ၏ စေတနာကြောင့် လင်းယွန်က ငြင်းဆိုခြင်း မပြုနိုင်ခဲ့ပေ။
အိုင်းရစ်ဓားသုတ္တန်ကို စတင်ဖြန့်ချီ လိုက်ပြီးနောက်၊ ခရမ်းရောင် ၀ိညာဥ်စွမ်းအင်များအား သူ့လက်ဖဝါးမှ တဆင့် ခရုပတ်လမ်းကြောင်းထဲသို့ စိမ့်ဝင် စေလိုက်သည်။
'' ဝှူးရ်.......... ''
ခရုပတ်လမ်းထဲ ဝင်ရောက်သွားသော ဝိညာဉ်စွမ်းအင်များမှာ သမုဒ္ဒရာထဲ စီးဝင်သွားသည့်ရေစက်ငယ်များကဲ့သို့ ပျောက်ကွယ်သွားပြီး၊ တုံ့ပြန်မှု မရှိခဲ့ချေ။
( ဟမ်.... တုံ့ပြန်မှု မရှိဖူးလား၊ အဓိပ္ပါယ်မရှိဘူး၊အမှိုက်ခန္ဓာဆိုရင်တောင် အနည်းလေးတော့ တုန်လှုပ်နေသင့်တယ် မဟုတ်လား။ )
လင်းယွန်က တုန်လှုပ်သွားကာ၊ ခေတ္တမျှ စဉ်းစားပြီးနောက် ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်း၏ ပွင့်ချပ်အချို့ကို ဖြည်ချလိုက်သည်။
ခရုပတ်လမ်း အတွင်းသို့ ဝိညာဉ်စွမ်းအင်များ ရုတ်တရက် တိုး၍ စီးဝင် သွားသော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။
" ဘာလဲ သူ့ခန္ဓာကိုယ်က အဲ့ဒီလောက်တောင်ဆိုးနေတာလား....."
'' ပထမအဆင့် စိတ်ဝိညာဉ် ခန္ဓာကိုယ်တွေကိုတောင် ငြင်းပယ်ခံလိုက်ရတာ၊ ဒါကို အမှိုက်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ အမှိုက်တစ်စက ဓားနန်းတော်ကို ဝင်ရောက် ချင်နေတာလား .. ''
ခရုပတ်လမ်းထံမှ တုံ့ပြန်မှုကို မတွေ့သောအခါတွင် လူအုပ်ကြီးမှာ ဆူညံပွက်လော ရိုက်လာသည်။
စင်မြင့်တစ်နေရာရှိ ဝမ်ယန်က ပြုံးပြီး၊
" ဒီကောင်က တကယ်အမှိုက်နဲ့ တူတယ် ..."
"သူ့ရဲ့ နိမ့်ကျတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့်သာ မဟုတ်ရင် သူဘာလို့ ဓားကျွန် ဖြစ်နေရမှာတုန်း"
သူ့အစ်ကို၏ စကားကို ခေါင်းညိတ်ပြကာ၊ ဝမ်နင်က လှောင်ပြောင် သရော်ဟန်ဖြင့် ရှိနေခဲ့သည်။
“ ဒါက အရမ်းကောင်းတဲ့ အခွင့်အရေးပဲ၊ ဒီမိန်းကလေးက ဂိုဏ်းထဲမှာ ငါ့ကို အမြဲ ဆန့်ကျင်နေခဲ့တာ၊ အခုတော့ ..... "
ဝမ်ယန် က ရယ်မောလိုက်ကာ၊
“ ဒီကောင်က နိမ့်ကျတဲ့ ခန္ဓာကိုယ် ရှိနေသရွေ့ ငါ သူ့ကို ဖိနှိပ်ထားနိုင်မယ်၊ အရွေးချယ်ခံ တစ်ယောက်ကို လွဲမှားစွာ ရွေးချယ်ခဲ့တယ် ဆိုတဲ့ သတင်းတွေသာ ထွက်လာရင် ရယ်မောစရာ ဖြစ်လာလိမ့်မယ်။”
“ အစ်ကိုကြီး၊ ငါတို့ အဲဒီကောင်ကို လွှတ်ပေးလို့မရဘူး…”
ဝမ်နင်က သတိပေးလိုက်သည်။
" အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေထဲမှာ ငါရဲ့ ဝမ်မိသားစုဝင်တွေကို သူသတ်ခဲ့တယ်၊ ငါတို့ သူ့ကို ညှဉ်းပန်း နှိပ်စက်ရမှာသာ ပျော်နိုင်လိမ့်မယ်”
သူက လင်းယွန်ကို အလွတ်ပေးချင်ပုံ မရချေ။
'' ဝုန်း......... ''
သို့သော် ခရုပါတ်လမ်း အတွင်းမှ ခရမ်းရောင် တောက်ပမှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုတောက်ပမှုမှာ လင်းယွန်အား ပို၍ အံ့အားသင့်စေခဲ့သည်။ သူ့ရင်ဘတ်ရှိ အပ်စိုက်မှတ်များမှ အရှိန်အဝါ ကြိုးမျှင်များ ဖြတ်သန်းလာကာ၊ ခရုပတ်လမ်းဆီသို့ စီးဝင်သွား၏။ ရုတ်ချည်းပင် ခရုပတ်လမ်းတွင် ခရမ်းရောင်အလင်းစက်ဝန်းကြီးကို ထုတ်လွှတ်လာသည်။ ယင်းသည် ပထမအဆင့် စိတ်ဝိညာဉ် ကိုယ်ခန္ဓာ၏ လက္ခဏာ ဖြစ်ပေသည်။
" ဒါက အမှိုက်ခန္ဓာ မဟုတ်ဖူးလား ..."
" ဒါပေမယ့် သူ့ရဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်က ခရုပတ်လမ်းကြောင်းမှာ ရှိတဲ့ အနီရောင်ကို သန့်စင် သွားပုံရတယ်။ "
“ ဘာပဲဖြစ်ဖြစ် အဲဒါက ပထမအဆင့် စိတ်ဝိညာဉ် ခန္ဓာကိုယ် ဆိုပေမယ့်၊ ဓားနန်းတော်ရဲ့ စံနှုန်းအောက်မှာ ရှိနေဆဲပါ။ ”
'' ဝှူးရ်......... ''
ဝေဖန်သံများ ထွက်ပေါ်နေဆဲမှာပင်၊ လင်းယွန်၏ နှလုံးဆီမှ စွမ်းအင်ကြိုးမျှဉ် တစ်မျှဉ် နောက်ထပ် တိုးထွက်လာပြီးနောက် ခရုပတ်လမ်းကြောင်း အတွင်းသို့ ဝင်ရောက်သွားကာ၊ ဒုတိယမြောက် ခရမ်းရောင် အလင်း စက်ဝန်းကြီး တစ်ခု တောက်ပ လာစေသည်။
ထိုအဖြစ်အပျက်များကို ကြည့်နေမိသော လင်းယွန်က ချက်ချင်း သဘောပေါက် လိုက်သည်။
ဆုစီယာ ပေးခဲ့သော ဒွါရခွန်နှစ်ပါး သန့်စင်ခြင်း ဆေးလုံးများကြောင့် သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ ပြောင်းလဲ သွားခဲ့ပြီး၊ ကြီးမားသော အရွေ့ကို ကြုံတွေ့လာရခြင်း ဖြစ်ပေမည်။
ခရမ်းရောင် အလင်းစက်ဝန်းကြီးမှာ ဆက်လက် တောက်ပ လင်းလက်လာကာ နောက်ဆုံးတွင် ခုနစ်လွှာ အပြည့်ဖြင့် ရပ်တန့် သွားလေသည်။
တစ်ချိန်တည်းမှာပင်၊ ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်းမှာ စတင် ပွင့်လန်းလာပြီး ပြိုးပြက် တောက်ပနေသော ခရမ်းရောင် အလင်းကို ပေးစွမ်းလာခဲ့သည်။
ခရုပတ်လမ်းသည်လည်း ပတ်ဝန်းကျင်သို့ အိပ်မက်ဆန်သော အလင်းလှိုင်းများကို ထုတ်လွှတ်ကာ မှိန်ဖျော့စ ပြုလာ၏။
“ဒါ.... ဒါ သတ္တမအဆင့် စိတ်ဝိညာဉ် ခန္ဓာကိုယ် မဟုတ်လား ... ''
" .... သောက်ပဲဟေ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ဝမ်ညီအစ်ကို နှစ်ယောက်လုံးက မှင်တက်သွားပြီး၊ လင်းယွန်ကို အမှိုက်ခန္ဓာ အဖြစ် ယုံကြည်ထားခဲ့သော ဝမ်နင် သည်ပင် လုံးဝ အံသြသွား၏။
'' ဗုန်း....... ''
ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်း၏ ပွင့်ချပ်ပေါင်း (၃၀)တိတိ ပွင်းအာ ပြီးချိန်တွင်၊ စမ်းသပ်ကျောက်တုံးမှာ ရုတ်တရက် ပေါက်ကွဲ သွားတော့သည်။
မပြည့်မစုံသော ဓားရည်ရွယ်ချက် ကဲ့သို့သော စူးရှသည့် လှိုင်းလုံးကြီးမှာ လင်းယွန်ထံမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဓားများကို တုန်လှုပ်သွား စေခဲ့သည်။
လင်းယွန်၏ ဆံပင်များမှာ လေ အဝှေ့တွင် တဖျပ်ဖျပ် လွင့်ခါနေကာ ချောမော ပြေပြစ်သော အသွင် သဏ္ဍာန်ကို ဖော်ညွှန်း လာလေသည်။
စင်ပေါ် ရှိ ဝမ်နင်၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွား၏။လီရွှမ်ရှင်းနှင့် အခြားသူများ ပင်လျှင် မျက်နှာများပေါ်တွင် တောက်ပသော အရိပ် အယောင်များ ပြသလာသည်။
သူတို့ အားလုံး၏ မျက်နှာများတွင် ပျော်ရွှင်ခြင်း များနှင့်အတူ မယုံကြည် နိုင်ဖွယ်များ ဖြစ်ပေါ် နေပေသည်။
***