← Chapters

မြို့တော်။

Vol. 13 Ch. 176

မြို့တော်။

Vol. 13 Ch. 176

'' ခ ရစ်......... ''

ဝိညာဉ်ကျောက်တုံးကြီးမှာ အပိုင်းပိုင်း ကွဲအက်သွားပြီး၊ မြေပေါ်သို့ လဲကျသွားသည်။ လွတ်နေသော စင်မြင့်ကြီးကို ကြည့်ပြီး လင်းယွန်က ထိတ်လန့်သွားသည်။

သူ၏ ဓားသုတ္တန်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ကာ ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်းကို ပိတ်ချလိုက်ရ၏။

" ဝိညာဉ်ကျောက်တုံး ခရုပတ်လမ်းကြောင်းက ကွဲသွားပြီလား...."

“ ပတ်လမ်းကြောင်းကို ဖြိုခွဲဖို့ သူ့ရဲ့ ဝိညာဉ်စွမ်းအင်က ဘယ်လောက်တောင် သန့်စင်လိုက်သလဲ... ''

“ အဲလောက် မရိုးရှင်းဘူးလို့ ငါထင်တယ်၊ သူ့ရဲ့ ကျင့်ကြံမှု နည်းစနစ်က ဓားသုတ္တန် ဖြစ်ရမယ် ”

မရေမတွက်နိုင်သော စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ်များ ရှိခဲ့သည်။ သို့သော် ဓားသမားများအတွက် အံဝင်ခွင်ကျ လေ့ကျင့်နိုင်သော နည်းစနစ်များမှာ ဓားသုတ္တန်များ ဖြစ်သည်။ ဓားသုတ္တန်များသည် အလွန်ရှားပါးလှပြီး ရှန်ရှင်းအဆင့် နည်းစနစ် ပင်လျှင် လူတိုင်းကို ရူးသွပ်စေမည် ဖြစ်သည်။

ဓားသုတ္တန်မှ ထွက်ရှိသော ဝိညာဉ်စွမ်းအင်များမှာ ထက်မြပြီး ဓားသိုင်းများနှင့် အလွန် လိုက်ဖက်ပေသည်။ အခြားသော စွမ်းအင်ကျင့်ကြံခြင်း နည်းစနစ်များမှာ ဝိညာဉ်စွမ်းအင်များကို သန့်စင်ပေးနိုင်သော်လည်း ဓားနည်းစနစ်များနှင့် ကောင်းစွာ မလိုက်ဖက်ပေ။ ထို့ကြောင့် သာမာန် ဝိညာဉ်စွမ်းအင်များမှာ စိတ်ဝိညာဉ်ခရုပတ်လမ်းကို ဖျက်ဆီးရန် လက်တွေ့တွင် မဖြစ်နိုင်သည်မှာ သေချာလှသည်။

စာရင်းသွင်းရန် လာရောက်ကြသော လူငယ်များမှာ တုန်လှုပ်ချောက်ချားခြင်းမှ ပြန်လည်သက်သာလာကြသည်။ အားလုံးက လင်းယွန်ကို အံ့သြတကြီး မျက်လုံးများဖြင့် ကြည့်နေကြ၏။

စင်မြင့်တစ်နေရာရှိ ဝမ်ညီအစ်ကိုက လင်းယွန်မှ ခရုပတ်လမ်းကို မည်သို့ ဖြိုခွဲ လိုက်သည်ကိုစိတ်မဝင်စား မိချေ။ မပျက်စီးမီ ဝိညာဉ်ခရုပတ်လမ်းမှ ထုတ်လွှတ်သော အလင်းစက်ဝန်း ခုနစ်ခုနှင့် ပတ်သက်၍ ၎င်းတို့က ပိုစိုးရိမ် ခဲ့ကြသည်။

'' သတ္တမအဆင့် စိတ်ဝိညာဉ်ခန္ဓာကိုယ်... ''

" ဝမ်ယန်၊ ...ထပ်စမ်းသပ်ဖို့ လိုသေးလား "

ရှင်းယန်က လင်းယွန်အား ခေါ်ဆောင်လျက် ဝမ်ယန်ကို ရယ်မောကာ ကြည့်လိုက်သည်။

ရှင်းယန်၏ လှောင်ပြောင်မှုကို ဝမ်ယန်ကအံကြိတ်ခံယူ လိုက်ရသည်။ ရှေ့တွင် ဖေါ်ပြထားသော အချက်အလက် များအရ ချေပရန် နည်းလမ်း မရှိပေ။

" သူ့ရဲ့ ခန္ဓာကိုယ်က စမ်းသပ်ချက်ကိုအောင်မြင်ပေမယ့်၊ သူ့ရဲ့ သိုင်းဝိညာဉ် ကျန် သေးတယ် မဟုတ်လား .... ''

ဝမ်နင်က ဝမ်ယန်အစား အလျင်အမြန် ဝင်ရောက် ပြောဆိုလိုက်သည်။

" အပြာရောင်နေမင်း လျှို့ဝှက်နယ်မြေထဲမှာ တိုက်ပွဲတွေ တစ်လျှောက်လုံး.... သူ့ရဲ့ သိုင်းဝိညာဉ်ကို တစ်ခါမှ အသုံးမပြုခဲ့ဖူးဘူး။ ဒါက အမှိုက် သိုင်းဝိညာဉ် ဖြစ်နိုင်မလားဆိုတာ၊ ဘယ်သူ သိမှာလဲ…”

သူထံမှ စကားသံများ ထွက်ပေါ်လာသော အခိုက်တွင် အကြီးအကဲများ အားလုံးသည် ၎င်းတို့၏ မျက်နှာပေါ်တွင် ရွံရှာဖွယ် အကြည့်များဖြင့် ဝမ်နင်ကို စိုက်ကြည့် လာကြသည်။ မကြာသေးမီကပင် လင်းယွန်၏ ခန္ဓာကိုယ်မှာ အမှိုက်ဖြစ်နေကြောင်း စိတ်ချ ယုံကြည်စွာ ပြောခဲ့သည်။ သို့သော် လင်းယွန်တွင် သတ္တမအဆင့် စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား သည်ကို ငြင်းမရခဲ့ချေ။ ထို့ကြောင့် ဝမ်နင်၏ စကားကို ထပ်မံ ယုံကြည်ရန် ခက်ခဲ့လာ ကြသည်။

" လုံ လောက် ပြီ......."

တာဝန်ခံ အကြီးအကဲလျိုဖန်းက တိတ်ဆိတ်နေရာမှ ရုတ်တရက် အသံထွက်လာသည်။ သူ့ခန္ဓာကိုယ်မှ ထွက်လာပေါ်လာသော ရောင်ဝါကြောင့် လူတိုင်း၏ မျက်နှာမှာ ပြောင်းလဲသွားကြပြီး၊ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။

နက်မှောင်သော မျက်နှာဖြင့် လျိုဖန်းက ဝမ်ယန်ကို ကြည့်ကာ၊ ဝမ်နင်ဘက် လက်ညိုး ထိုးလိုက်ပြီး၊

"သူက မင်းရဲ့ ညီလား..."

လျိုဖန်း၏ အမေးသံကြောင့် ဝမ်ယန်မှာတုန်လှုပ်သွား၏၊ ဤလေသံအရ သူတို့ ဒုက္ခ ရောက်တော့မည်ဟု ခံစားလိုက်ရကာ၊ ကူကယ်ရာမဲ့ ဟန်ဖြင့် ခေါင်းညိတ်ပြပြီး၊

“ဟုတ်ပါတယ်.... သူက ငါ့ညီလေးပါ၊ သူက မိသားစုထံ ပြန်ရောက်တာ မကြာသေးပါဘူး၊ အရွယ် မရောက်သေးတဲ့ အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ "

" မင်း ....သူ့ကို မင်းရဲ့ အရွေးချယ်ခံ ခွဲတမ်းကို ပေးမှာလား။"

လျိုဖန်းက ဝမ်ယန်၏ တောင်းပန်မှုကိုလျစ်လျူရှုကာ၊ မေးခွန်းထုတ်လာသည်ကြောင့် ဝမ်ယန်မှာ ထစ်အ သွား၏။

“ ငါ…...... ”

“သူ့ကို တန်းစီခိုင်းလိုက်၊ စမ်းသပ်မှု မအောင်မြင်ရင် ဓားနန်းတော်ထဲ ဝင်စရာ မလိုဘူး... ''

လျိုဖန်းက ပြတ်သားသော လေသံဖြင့်၊ အမိန့်ပေး လိုက်သည်။

လျိုဖန်း၏ စကားများမှာ ဝမ်နင်အား ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးလို ရုန်းကြွဆူဝေ လာစေသည်။ သည်အဘိုးကြီးက မျိုးနွယ်စုကြီး လေးစုမှ တိုက်ရိုက် ဆင်းသက်လာသော သူ့လို ဝမ်သခင်လေးကို တန်းစီခိုင်းရဲသည်လော။

"အကိုကြီး....."

ဝမ်နင်က အောင့်မြက် နာကျည်းမှု အပြည့်ဖြင့် တောင်းပန်လိုက်သည်။

" မင်း......ဘာလို့ ဒီမှာ ရှိသေးတာလဲ "

ဝမ်ယန်က မှုန်ကုပ်ကုပ်ဖြင့် ဝမ်နင်ကို မောင်းထုတ်လိုက်၏၊ အခုချိန်၌ ဝမ်နင်ကို စိတ်မပူနိုင်တော့ချေ၊ လျိုဖန်း၏ ဒေါသကို သူပင် ခံနိုင်ရည် မရှိနိုင်။

လူငယ်တစ်ယောက်အတွက် ခက်ခဲသော အရာများကို ခိုင်းစေရန်အတွက် လက်တွေ့မှာ မဖြစ်နိုင်ပေ။ သို့သော် ဝမ်နင်ကို တန်းစီဖို့ အမိန့်ပေးလာသည့် အတွက်မူ တကယ်ကို ဒေါသ ဖြစ်မိသော်လည်း၊ ဝမ်နင် ကိုယ်စား သူက အသနားခံပေးရန် သတ္တိမရှိနိုင်။

“ ငါ သွားလိုက်ပါမယ်…”

ဝမ်နင်က လင်းယွန်အနားမှ အဖြတ်တွင် အံကြိတ်ကာ စိုက်ကြည့် သွားသည်။

ဝမ်နင် ထွက်သွားပြီးနောက် လျိုဖန်းက လင်းယွန်ကို ပြုံးကြည့်ကာ၊

" သတ္ထမအဆင့် စိတ်ဝိညာဉ်ခန္ဓာကိုယ်လား၊ ရှင်ယန်နဲ့ ဝမ်ယန်တို့ကို မယှဉ်နိုင်ပေမယ့်၊ မင်းရဲ့အရည်အချင်းအရ ဓားနန်းတော်မှာ အထက်တန်းလွှာ အဆင့် သတ်မှတ် နိုင်တယ်၊ အဲ့ဒီလို အရည်အချင်းရှိတဲ့ သူတွေကို ဖယ်ထုတ်ခံရရင် ရယ်စရာ ဖြစ်လိမ့်မယ်။ ”

'' မင်းက ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ၊ ရှင်းယန်၊ သူက ခွဲတမ်းနဲ့ ထိုက်တန်ပါတယ်။

'' ကျေးဇူးတင်ပါတယ် စီနီယာ၊ ''

ရှင်းယန်က ပြုံးကာ ဦးညွှတ်လိုက်သည်။

'' အကြီးအကဲ လျို၊ ဒါတွေက မင်းမျိုးမင်းနွယ်မိသားစု အသီးသီးက အထက်တန်း လွှာတွေပါ။ အကြိမ်ပေါင်းများစွာ စိစစ်ပြီး၊ သူတို့ကို ရွေးချယ်ခဲ့တာပါ ''

ဝမ်ယန်က စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်၏။ သူ ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများမှာ ခွဲတမ်းကို မရယူနိုင်ပါက ရှက်စရာ ဖြစ်လာပေမည်။

'' ခွင့်ပြုပါတယ်။ မင်းတို့နှစ်ယောက် ကောင်းကောင်း လုပ်နိုင်ကြပြီ။ ဒါတွေအားလုံး ပြီးသွားရင် မင်းတို့နှစ်ယောက်ကို ငါသေချာပေါက် ဆုချမယ်။ စာရင်းသွင်းဖို့ သူတို့ကို ခေါ်သွားပါ။ နောက်သုံးရက် လောက်နေမှ ပြန်လာပြီး သတင်းပို့ကြ။ အရွေးချယ်ခံတွေအနေနဲ့ နောက်ဆုံးအဆင့်ကိုသာ စစ်ဆေးခံရမယ် ''

'' ကျေးဇူးတင်ပါတယ် စီနီယာ ''

ဝမ်ယန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့မျက်ဝန်းများက လင်းယွန်ဆီသို့ အရောက်တွင် မည်းမှောင်သွား၏။ ဤလင်းယွန်သည် မြို့တော်ထဲသို့ ဝင်ဝင်ချင်း သူနှင့် လာရှုပ်ချင် ခဲ့သည်။ ယခုအချိန်၌ သတ္တမအဆင့် စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီးနောက် အနည်းငယ် သက်သာခွင့် ပေးထားခြင်း ဖြစ်သည်။

" သွားကြမယ်....။ "

ဝမ်ယန်က သူ့နောက်မှ လူငယ်များကို လေးနက်သော မျက်နှာထားဖြင့် စာရင်းသွင်းရန် ခေါ်ဆောင်သွား တော့သည်။

ရှင်းယန်၏ မျက်ဝန်းများတွင် အပြုံးများ ဝေ့သီလာပြီး၊

" တွေ့လား.... မစစ်ဆေးမိရင် မင်းရဲ့အရည်အချင်းကို ဘယ်လိုလုပ် သိနိုင်မလဲ။"

'' အဟီး။ မင်းကို ငါကြောက်မိတယ် လင်းယွန်၊ မင်းက ကောင်းကောင်း ဝှက်ထားတာပဲ။"

လီဝူယုက ပြုံးပြီး လင်းယွန်၏ ရင်ဘတ်ကို ခပ်ဖွဖွ ဖိထိုးလိုက်သည်။

" ငါတို့က အနာဂတ်မှာ ဓားနန်းတော်ရဲ့ တပည့်တွေပဲ မဟုတ်လား"

လီရွှမ်ရှင်းက ပြုံးပြကာ ဝင်ရောက်ပြောဆို လာသည်။ သို့သော် သူ့အပြုံးထဲတွင် ရိုးသားသော အရိပ်အယောက်များ မပါရှိချေ။ မကြာသေးမီကပင် ဝမ်နင်၏ စကားအရ လင်းယွန်ကို အမှိုက်တစ်စလို ဝေးကွာစွာ ဆက်ဆံထားဖူး ပေသည်။

" သွားကြစို့ စာရင်း သွင်းကြရအောင် "

ရှင်းယန်၏ မျက်နှာတွင် အပြုံးများဖြင့် ဖုံးလွှမ်းနေကာ၊ ကောင်းမွန်သောစိတ်အခြေအနေဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး စာရင်းသွင်းဖို့ရန် လူတိုင်းကို ခေါ်ယူသွားသည်။

စာရင်းသွင်းပြီးနောက် တန်းစီ စောင့်ဆိုင်းနေကြသော လူအုပ်ကြီး အတွင်းရှိ၊ ဝမ်နင်ထံသို့ အကြည့်အရောက်တွင် လီဝူယုက နှာခေါင်းရှုံ့ လိုက်၏။

“ ဒီလူက စာရင်းသွင်းဖို့ကို ညအထိ စောင့်ရမယ့်ပုံပဲ၊ ဟီးဟီး.... စစ်ဆေးပွဲ မဖြေနိုင်ရင် ပိုတောင် စိတ်ဝင်စား စရာပဲ ”

“ အဲလို မထင်နဲ့၊ ဝမ်မျိုးနွယ်က အဓိက မျိုးနွယ်စု လေးစုထဲ ပါဝင်တာကြောင့်၊ မရိုးရှင်းဘူး၊ ဝမ်မျိုးနွယ်ရဲ့ တိုက်ရိုက် မျိုးဆက် အနေနဲ့ စစ်ဆေးပွဲ ကျရှုံးမယ့် နည်းလမ်းမရှိဘူး။”

ရှင်းယန်က ဝမ်နင်ကို အထင်အမြင် သေးစွာဖြင့် ကြည့်ကာ၊ လီဝူယုအား ရှင်းပြလာ၏။

"အိုး ဟုတ်သားပဲ.... ခုမှ သတိရတယ်၊ လီရွှမ်ရှင်းနဲ့ တခြား သူတွေက စောစော ရောက်လာတာဆိုတော့ နေထိုင်ဖို့ စီစဉ်ထားပြီးပြီ၊ မင်းတို့နှစ်ယောက်အတွက် နေစရာ နေရာ မရှိသေးဘူးလို့ ငါယုံကြည်တယ် ”

" ဟုတ်တယ် ငါတို့က မြို့တော်ကို အခုမှရောက်တာ။ နေစရာ နေရာ ရှာပြီးရင်သာ ထူးဆန်း နေလိမ့်မယ်။

“ နောက်ဆုံးစစ်ဆေးပွဲက သုံးရက်ပဲ လိုတော့တယ်။ မင်းတို့နှစ်ယောက် ငါ့အိမ်မှာ ဘာလို့ မနေကြတာလဲ။"

" ငါ အဆင်ပြေပါတယ်၊ မြို့တော်ကို ပထမဦးဆုံး အကြိမ် ရောက်ဖူးတာမို့ ငါလျှောက်ကြည့်ပါရစေ... ”

လီဝူယုက သဘောတူခါနီးတွင်၊ လင်းယွန်မှ ရှင်ယန်၏ ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။

“ .... အဲဒါဆို… ငါလည်း အဆင်ပြေပါတယ်၊ စီနီယာအစ်မ ရှင်းယန် ငါတို့ သွားလိုက်ပါ ဦးမယ် ”

ရှင်းယန်က သက်ပြင်းချလိုက်၏။

" သေချာလား.... ငါ့အိမ်ကို ဘယ်သူ့ကိုမှ ဖိတ် မခေါ်ခဲ့ဖူးဘူး ”

လင်းယွန်နှင့် လီဝူယုကို ကြည့်နေသော ရှင်းယန်၏ မျက်လုံးများထဲတွင် ကျက်သရေ ရှိစွာ တောက်ပ နေခဲ့သည်။

လီဝူယုက တံတွေး မြိုချလိုက်ပြီး၊ လင်းယွန်ကို လှည့်ကြည့်လိုက်ရာ၊ လင်းယွန်၏ အမူအရာအရ သဘောတူရန် အနေအထား မရှိသည်ကို သိလိုက်ရ၏။

“ ကောင်းပြီ...ဒါဆို ငါ အတင်းအကြပ် မလုပ်တော့ဘူး၊ ဒါပေမယ့် သုံးရက်အတွင်း ဒီနေရာမှာ ပြန်ဆုံဖို့ လိုအပ်ကြောင်း မှတ်သွားကြပါ၊ နောက်ဆုံး စစ်ဆေးပွဲကို အခုကနေ စပြီး၊ သုံးရက် အကြာမှာ ကျင်းပလိမ့်မယ် ”

“ စီနီယာအစ်မရှင်းယန်၊ စစ်ဆေးပွဲအတွက် အချက်အလက် အချို့များ ရနိုင်မလား၊ အနည်းဆုံးတော့ ငါတို့ ကောင်းကောင်း ပြင်ဆင် ထားနိုင်တာပေါ့ ... ”

လီဝူယုက ရှင်းယန်ကို မျှော်လင့်ချက် များစွာဖြင့် စိုက်ကြည့် မေးမြန်း လိုက်သည်။

" မင်းတို့ဆီကို တစ်ခုခု ပေါက်ကြားသွားရင် ဘယ်လိုလုပ် စမ်းသပ်ပွဲမည်မလဲ.... ဒါပေမယ့် မင်းကို ငါပြောနိုင်တာက အရွေးချယ်ခံတွေက အားသာချက် ရှိတယ် ဆိုတာပဲ ”

ရှင်းယန်က ပြုံးပြီး လှည့်ထွက် ပျောက်ကွယ် သွားတော့သည်။

ရှင်းယန်၏ ပျောက်ကွယ်နေသော ပုံရိပ်ကို တွန့်ဆုတ်စွာ ကြည့်နေပြီးနောက်၊

" လင်းယွန်၊ စီနီယာအစ်မ ရှင်းယန်ရဲ့ ကမ်းလှမ်းချက်ကို ဘာလို့ ငြင်းရတာလဲ၊ မိန်းမတစ်ယောက်ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်တာက ရိုင်းစိုင်းတဲ့ အပြုအမူပဲ ... အထူးသဖြင့် အစ်မကြီး ရှင်းယန်လို ချစ်စရာကောင်းတဲ့ သူတစ်ယောက်ကိုပေါ့ .... ''

လင်းယွန်က သူ့ဝတ်ရုံစကို ဝှေ့ယမ်းပြီး နဂါးသွေးမြင်းကို ဆွဲခေါ် လိုက်ကာ ၊

"ဝမ်မျိုးနွယ်က မြို့တော်မှာ အားကောင်းတယ်။ သူတို့က လာမယ့် ရက် အနည်းငယ်အတွင်း ငါ့ကို တစ်ခုခုလုပ်ဖို့ ကြိုးစားမှာလား ဆိုတာ ဘယ်သူသိမလဲ။ စီနီယာအစ်မ ရှင်းယန်ကို ဒုက္ခမပေးချင်ဘူး"

“ အင်း.... ဒါက အဓိပ္ပာယ် ရှိတယ် ”

လင်းယွန်၏ အဖြေကို ကြေနပ်သွားဟန်ဖြင့်၊ လီဝူယုက ခေါင်းညိတ် ပြလိုက်သည်။

“ ဒါပေမယ့် ဒါက ငါ့အတွက်ပဲလေ၊ မင်းက ဘာလို့ သဘောမတူရတာလဲ"

“ ငါက အလှတရားကြောင့် မျက်စိကွယ်နေတဲ့လူ မဟုတ်ဘူး။”

" မင်းစကားကို ဘာလို့၊ ဒီလောက် ယုံကြည်ရခက် နေရတာလဲ "

လင်းယွန်က ခေါင်းယမ်းကာ ပြုံးလိုက်၏။ လင်းယွန်၏ အကြည့်ကြောင့် လီဝူယုက အဆင်မပြေသလို ခံစားလိုက်ရပြီး ရှက်ရွံ့စွာဖြင့်၊

" ကောင်းပြီ ငါဝင်ခံရရင်... စီနီယာအစ်မ ရှင်းယန်က မင်းကို ဖိတ်ခေါ်တာ ထင်ရှားနေတာပဲ၊ သူက မင်းကို ကာကွယ် ပေးချင် ပုံရတယ်၊ ငါ့အတွက်ကတော့ ငါက အပိုဆုတစ်ခုပါပဲ၊ ဒါကြောင့် ငါတစ်ယောက်တည်း ဆိုရင် အဆင်မပြေ ဖြစ်လိမ့်မယ်။”

လီဝူယုနှင့် လင်းယွန်တို့သည် မြို့တွင်းသို့ လမ်းလျှောက် လာခဲ့ကြပြီး အသစ်အဆန်းများကို စူးစမ်းလာကြ၏။ ၎င်းမှာ သူတို့နှစ်ယောက်အတွက် မျက်စိပွင့်စရာ အခွင့်အရေးပင် ဖြစ်သည်။

“ အတွင်းမြို့တော်က အပြင်မြို့တော်နဲ့ လုံးဝကွဲပြားတယ်လို့ ငါကြားမိတယ်။ ဒါပေမယ့်မင်းက နက်နဲနယ်ပယ်ကို ခြေမချ နိုင်သေးရင် မြို့ဝင်ခွင့်အတွက် ဝိညာဉ်ကျောက်တုံး အချို့ကို ပေးချေဖို့ လိုအပ်တယ် "

" ဒါဆို သွားကြည့်ကြမလား..."

လင်းယွန်၏ အမြင်၌ အတွင်းမြို့တော်မှာ ပို၍ လုံခြုံသည်ဟု ခံစားမိသည်။ အတွင်းမြို့တော် ထဲသို့ ဝင်ရန် ဝိညာဉ်ကျောက်တုံး (၁၀၀)စီကို ပေးခဲ့ရပြီးနောက်၊ လမ်းမအတိုင်း လျှောက်ဝင်လိုက် မိသည်နှင့် ကျောက်ကြမ်းခင်းများ ဆီမှ ရင်းနှီးသော အပြောင်း အလဲ များကို ခံစား လိုက်ရ သည်ကြောင့် လင်းယွန်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲ သွားလေသည်။

***

All Chapters