← Chapters

ရှန်ရှင်း ဆေးလုံးများ ပြန်လည် သန့်စင်ခြင်း။

Vol. 13 Ch. 177

ရှန်ရှင်း ဆေးလုံးများ ပြန်လည် သန့်စင်ခြင်း။

Vol. 13 Ch. 177

ဤနေရာတွင် မဟာချင်အင်ပါယာ မတည်ထောင်မီ မြို့တော်အဖြစ် တည်ရှိ ခဲ့ဖူးသည်။ သို့သော် ထိုအချိန်က တော်ဝင် မြို့တော် မဟုတ်သေးပေ။

၎င်းသည် ယခုအချိန်၌ ပြင်ပ မြို့ဟောင်းအဖြစ် လူသိများလာပြီး၊ နှစ်တစ်ထောင် သမိုင်းကြောင်း ရှိသော ရှေးဟောင်း မြို့တော်တစ်ခု ဖြစ်လာခဲ့သည်။ အတွင်းမြို့တော်မှာမူ တော်ဝင်မိသားစု လက်ထက်မှသာ တည်ထောင် ထားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူ့ခြေဖဝါးအောက်ရှိ ထွက်ပေါ်လာသော အပြောင်းအလဲများကိုသတိထားခဲ့မိပြီး၊ ၎င်းမှာ သူဆုပ်ကိုင်ထားသော ရူရ်များနှင့် အနည်းငယ် ဆင်တူပေသည်။ ထိုရူရ်များက ထူထပ်သော တောတောင်များကဲ့သို့ ပို၍ ရှုပ်ထွေး လှသည်ဟု ခံစားရသည်။

"ဘာဖြစ်လိုလဲ ... "

လီဝူယုက လင်းယွန်၏ မျက်နှာပေါ်ရှိ အပြောင်းအလဲများကြောင့် မေးလာခဲ့သည်။

“ မြေပြင်က ထွက်လာတဲ့ အပြောင်းအလဲကို မင်းနားလည်လား၊ အားနည်းနေပေမယ့် ရှေ့တစ်လှမ်း တိုးလိုက်တိုင်း အဲဒါကို မင်းခံစား ရလိမ့်မယ်”

ဟု လင်းယွန်က စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

" ဒါလား.... ဒါက အတွင်းမြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားတဲ့ ရှေးဟောင်းခံစစ် မှော်အစီအရင် တစ်ခုပဲ၊ တော်ဝင်မိသားစုက မြို့တော်တစ်ခုလုံးကို အခိုင်အမာ ဖွဲ့တည် ထားခဲ့ ပုံရတယ်၊ နက်နဲနယ်ပယ်ထက် မြင့်မားတဲ့ သိုင်းသမားတွေတောင် သူတို့ကို နှိုးဆော်ဝံ့မယ်လို့ မထင်ဘူး.....”

လီဝူယုက ပြုံးကာ ရှင်းပြလိုက်သည်။

“ ငါ သိပြီ …”

လင်းယွန်က အတွင်းမြို့တော်ကို လှည့်ပတ်အကဲခတ်ကြည့်ကာ ခေါင်းညိတ်ပြ လိုက်၏။

အတွင်းမြို့တော်သည် အပြင်မြို့တော်ထက် တင်းကြပ်စွာ ထိန်းချုပ် ခံထားရကြောင်းကို ထင်ရှားစွာ သိမြင်ရနိုင်မည်။ လမ်းတလျှောက်တွင် ဟောင်ရှင်းကျင့်ကြံ သူများကို မတွေ့ရှိရပေ။ ရှန်ရှင်းနယ်ပယ် နှင့်အထက် နက်နဲသိုင်းသမား များကိုသာ တွေ့မြင်နိုင်သည်။ နက်နဲ သိုင်းသမားများ သည်ပင် အတွင်းမြို့တော်၌ သန်မာသူများဟု မယူဆနိုင်ချေ။

သူတို့နှစ်ဦးက တည်းခိုခန်း တစ်ခုသို့ ဝင်ရောက်ကာ၊ အနားယူရန် ဆုံးဖြတ်လိုက် ကြသည်။ လီဝူယု အတွက်မူ ပါးစပ်ကို သန့်စင်ပြီး ကတည်းက အစာစားရန် မလိုအပ်တော့သော်လည်း စားချင်စိတ် ရှိနေဆဲ ဖြစ်သည်။ နှစ်ယောက်သား အတူတူစားသောက် လိုက်ကြပြီး စကားစမြည် ပြောဆို နေမိကြ၏။

စားသောက်ပြီးသည်နှင့် လင်းယွန်က တံခါးကိုပိတ်ကာ ဝါးမြှောင်ကို ဆက်လက် လေ့လာခဲ့သည်။ မြေပြင်ပေါ်တွင် ရှုပ်ထွေးပွေလီသော ရူရ်များကို ရေးဆွဲနေစဉ် သူ့လက်ချောင်းထိပ်တွင် မီးရောင်များ တဖျပ်ဖျပ်ခတ် နေခဲ့သည်။

မြောက်ပိုင်းကန္တာရတစ်လျှောက်လုံး ရူရ်များနှင့် ရင်းနှီးပြီးသား ဖြစ်သောကြောင့်၊ ၎င်းတို့ကို ရေးထွင်းရန်၊ သူ့အတွက် မခက်ခဲလှချေ။ ရာနှင့်ချီသော ရူရ်များမှာ သူ့ရှေ့၌ တမဟုတ်ချင်း ဖြစ်ပေါ်လာပြီး၊ အသက်ဓာတ်များ ပြည့်လျှံလာသည်။ တစ်ခုခုကို တွေးတောပြီးနောက် လင်းယွန်က ရှန်ရှင်းဆေးလုံး တစ်လုံးကို ထုတ်ယူကာ အနည်းငယ် တွေဝေသွား၏။

ရူရ်များ အားလုံးကို အမှားအယွင်းမရှိ ရေးထွင်း နိုင်ချိန်မှစကာ ၎င်းတို့ကို ဆေးလုံးများပေါ်တွင် ရိုက်နှိပ်ရန် စိတ်ကူးနေခဲ့သည်။ လမ်းခရီး၌ ယင်းကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင် ခဲ့ချေ။

" ဒီတစ်ခါတော့ အောင်မြင်မယ်လို့ မျှော်လင့်ကြရအောင်"

လင်းယွန်က သူ့ကိုယ်သူ အားပေးလိုက်သည်။

မည်မျှပင် ရှုံးနိမ့်ပါစေ ထိုကြိုးစားမှုအပေါ်တွင် ယုံကြည်မှုရှိပေသည်။ သူ့လက်ကို ဆန့်လိုက်ကာ၊ ရှုပ်ထွေးပွေလီသော ရူရ်များအား လက်ချောင်းများဖြင့် ပုတ်ခတ် ပေါင်းစပ်ဖွဲ့စည်းလိုက်သည်။

'' ဝုန်း.......... ''

ရူရ်များမှာ ဖွဲ့တည်သွားပြီးနောက် ရှန်ရှင်းဆေးလုံးထံသို့ ပေါင်းစပ် လိုက်သောအခါ၊ ဆေးလုံးများက ကောင်းကင်သို့ ပျံတက်သွားပြီး ပေါက်ကွဲသံများ ထွက်လာသည်။ တစ်ချိန်တည်းမှာပင် လင်းယွန်၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအင်များမှာ ဒီရေလှိုင်းများကဲ့သို့ ထွက်ခွာသွားတော့သည်။

ရုတ်ချည်းပင် မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားကာ၊ ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်းပွင့်ထံမှ ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်လိုက်ရသည်။ သန့်စင်သော ဝိညာဉ်စွမ်းအင်များမှာ ရှန်ရှင်းဆေးလုံးထဲသို့ ရူရ်များမှ တဆင့် စီးဆင်းသွားလေသည်။

ခဏလေး အတွင်းမှာပင် ချွေးသီးကြီးများ စိမ့်ထွက်လာပြီး ရေချိုးထား သကဲ့သို့ ရွဲရွဲစိုကုန်၏။ ဝိညာဉ်စွမ်းအင် အများစုကို သုံးစွဲရုံသာမက စိတ်ဝိညာဉ်ကိုပင် ပင်ပန်းနွမ်းနယ်သွားစေသည်။

'' ဝှစ်........ ''

ရှန်ရှင်းဆေးလုံးသည် ဖြူစင်သော အခိုးအငွေ့များကို စတင် ထုတ်လွှတ်လာပြီး ပိုမို သန့်စင် လာခဲ့သည်။

" ငါ.... လုပ်နိုင် ခဲ့တာလား..... ''

လင်းယွန်၏ အမူအရာမှာ တုန်ယင်သွားပြီး နဖူးပေါ်ရှ ချွေးများကို သုတ်ယူလိုက်သည်။ မီးခိုးငွေ့များ ရှင်းလင်းသွားချိန်ထိ စောင့်ကာ၊ အဖြူရောင် ဆေးလုံး တစ်လုံးကို ဂရုတစိုက် ကောက်ယူလိုက်၏။

“ ငါသာ အမှတ်မမှားရင် ရှန်ရှင်း ဆေးလုံးရဲ့ အရောင်က ကြက်သွေးရောင်ပဲ၊ ”

အံကြိတ်လိုက်ကာ ဆေးလုံးကို သူ့လက်ဖဝါး ပေါ်တင်လျက်၊ အသက်ပြင်းပြင်းရှူပြီး ကြည့်လိုက်၏။

ဆေးလုံး၏ အလေးချိန်မှာ ပြောင်းလဲ သွားပြီး၊ ယခင်ကထက် ဆယ်ဆ ပိုမို လေးလံ လာသည်ကို ခံစားသိရှိ နိုင်သည်။ ပို၍ အံ့အားသင့် စေမည့် အရာမှာ ဆေးလုံး၏ တစ်နေရာတွင် အခရမ်းရောင် ပန်းတစ်ပွင့် ရှိနေခြင်းပင် ဖြစ်သည်။

၎င်းပန်းပွင်တွင် ပွင့်ချပ်ပေါင်း သုံးဆယ်တိတိရှိကာ အိုင်းရစ်ပန်း တစ်ပွင့် ဖြစ်ကြောင်း သေချာနေလေသည်။

“ ဘာလို့ ခရမ်းရောင် ပန်းပွင့်ပုံစံ ပါရှိ နေရတာလဲ.... စိတ်ဝင်စားစရာ…”

နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာကာ၊ ထိုဆေးလုံးကို စတင် သောက်သုံးကြည့်ရန် တွေးတောခဲ့သည်။

အဂ္ဂိရတ်ပညာနှင့် ပတ်သက်၍ အသိပညာ မရှိသော်လည်း ဝါးမြှောင်ကြောင့် မှော်ဆေးလုံးတစ်လုံးကို ပြန်လည် ဖန်တီးနိုင်ခဲ့သည်။ ဤဆေးလုံး၏ အကျိုးသက်ရောက်မှုသည် သင့်လျော်ပါက၊ အဂ္ဂိရတ်ပညာ၏ စစ်မှန်သော အနှစ်သာရမှာ ရူရ်များပေါ်တွင် ရှိကြောင်း သက်သေပြလာမည် ဖြစ်သည်။

သူက မစားသုံး ဝံ့ဖို့ရာ အကြောင်းမရှိချေ၊ အကယ်၍ အခြားသူတစ်ဦးသာ ဆိုလျှင် စမ်းသပ်စားသုံးရန် တွန့်ဆုတ်နေပေမည်။ သို့သော် လင်းယွန်ကမူ ပြတ်သားစွာဖြင့်၊ အဖြူရောင် ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်ကာ၊ မျိုချလိုက်၏။

အခြားဆေးလုံးများနှင့် နှိုင်းယှဉ်ရပါကကျောက်တုံးတစ်တုံးကို စားနေသကဲ့သို့ မာကြောမှုကို ခံစားလိုက်ရ၏။ ထိုဆေးလုံးသည် အစာအိမ်ထဲတွင် အရည်ပျော်သွားမည့် လက္ခဏာ မပြသည့်အပြင်၊ ဆေးလုံ၏ မူလ ထုတ်လွှတ်သော ဆေးအာနိသင်ပင် ပျောက်ကွယ်သွား ခဲ့လေပြီ။

" ဒါက ဘာဖြစ်နေတာလဲ...."

တုန်လှုပ်ခြောက်ခြားနေစဉ် အဖြူရောင် ဆေးလုံးလေးမှာ ဒါန်တမ်အတွင်းရှိခရမ်းရောင်ပန်း ဆီသို့ ဦးတည်သွားတော့၏။ အတွေးတစ်စဖြင့် ခရမ်းရောင်ပန်းကို ဖွင့်လိုက်ကာ၊ ဓားသုတ္တန်ကို ထုတ်ဖော်လိုက်သည်။

'' ............. ''

ဓါးသုတ္တန်ကို ဖြန့်ကျက်လိုက်သည်နှင့် တပြိုင်နက် အဖြူရောင် ဆေးလုံးထံမှ အံ့ဩဖွယ်ရာ ဆေးအာနိသင် ပမာဏကို စတင် ထွက်ပေါ်လာသည်။ မှော်ဆေးလုံး၏ ဆေးအာနိသင်ကို ထုတ်လွှတ်သော နှုန်းကြောင့်၊ ခရမ်းရောင် ပန်းပွင့်အတွင်း၌ ပေါက်ကွဲမှုများ ဆက်တိုက့ ထွက်ပေါ်လာသည်။ ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင် အများစုကို တခဏချင်း ပြန်လည် ရရှိလာ၏။

ပဉ္စမအဆင့်တွင် တန့်နေခဲ့သော ကျင့်ကြံမှုမှာ၊ မှော်ဆေးလုံး၏ အာနိသင်အောက်တွင် ကြီးထွားလာသည်။ ယင်းမှော်ဆေးလုံးမှာ ရှန်ရှင်းဆေးလုံး တစ်လုံးသာ ဖြစ်ကြောင်း၊ သတိပြုမိလိုက်သည်နှင့် လင်းယွန်၏ နှလုံးသားမှာ တုန်လှုပ်သွား၏။ ယခင်အချိန်တွင် ရှန်ရှင်းဆေးလုံး ရာနှင့်ချီ၍ မစားသုံးပါက၊ တိုးတက်အောင် မည်သို့မျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။

ရှန်ရှင်းဆေးလုံးများမှာ ကျင့်ကြံသူများ အတွက် ရေသောက်သုံးရ သကဲ့သို့ အရေးတကြီး အသုံးဝင် လှပေသည်။ ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူ များအတွက် ကျင့်ကြံရာတွင် ၎င်းဆေးလုံးများကို မှီခိုအားထား နေရသည်။ ယင်းဆေးလုံးများသည် အခြေခံဆေးလုံး များသာ ဖြစ်ပြီး၊ တစ်စုံတစ်ရာသော ထူးခြားသည့် အာနိသင် မရှိချေ။

သို့သော် အဖြူရောင်ဆေးလုံး အဖြစ် ပြောင်းလဲပြီးနောက် ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်များမှာ အလွန် သန့်ရှင်းလှကာ ဓားသုတ္တန်ကို ထုတ်ဖော်ခြင်းဖြင့် လုံး၀ စုပ်ယူနိုင်ခဲ့သည်။

တစ်ဆက်တည်းမှာပင် ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်းပွင့်တွင် ပွင့်ချပ်ပေါင်း သုံးဆယ်မှ သုံးဆယ့်တစ်ချပ်အထိ ကြီးထွားလာသည်ကို တွေ့ရှိ လိုက်ရသည့်အတွက် တုန်လှုပ်သွားသည်။

၎င်းသည် အဆုံးသတ်မဟုတ်ခဲ့ပေ။ ရှန်ရှင်း ဆဌမအဆင့်ကို တက်ရောက်ချင်ပါက ပွင့်ချပ်ပေါင်း သုံးဆယ့်ခြောက်ချပ် ရှိရန် လိုအပ်လေသည်။

မျက်လုံးများ ပြန်ဖွင့်လိုက်သော အခါတွင် ဖုံးကွယ်၍ မရသော ရွှင်လန်းမှု များဖြင့် တောက်ပလာခဲ့သည်။ ရှေးဦးကျမ်းသည် သူ့ကို အံ့အားသင့်စရာ ရလာဒ်များ ဖြစ်ပေါ်လာစေသည်။

တစ်ချိန်တည်းမှာပင်၊ အတွင်းမြို့တော် အတွင်းရှိ အထက်တန်းစားများ နေထိုင်ရာ၊ ခြံဝင်းအတွင်း၌ ဝမ်ယန်က လူငယ်တစ်စုနှင့်အတူ စကားစမြည် ပြောဆိုနေခဲ့သည်။

ဤခြံဝန်းမှာ ဝမ်မျိုးနွယ်၏ သီးသန့်နေထိုင်ရာ အရပ်ဖြစ်ပြီး၊ ဝမ်ဘိုးဘေးမှ အသုံးပြုခွင့် ပေးထားခြင်း ဖြစ်သည်။ အတွင်းမြို့တော် အတွင်း၌ အထက်တန်းစားများ နေထိုင်ရာ၊ အိမ်တော်တစ်လုံးကို ပိုင်ဆိုင်ထားခြင်းဖြင့် ဝမ်မျိုးနွယ်၏ အုတ်မြစ်ကို ပြသရာ ရောက်ပေသည်။

တစ်ဖက်တွင်၊ ဝမ်မျိုးနွယ်စုအတွင်း ဝမ်ယန်၏ အရေးပါမှုကိုလည်း ထင်ရှားစွာ သိမြင်နိုင်၏။

ဓားနန်းတော်အတွက် အရွေးချယ်ခံ လူငယ်များမှာ ဆယ်ကျော်သက် အရွယ်မျှသာ ဖြစ်သော်လည်း၊ သူတို့၏ အမူအရာများတွင် မောက်မာသော အယူအဆများ ပါဝင်နေသည်။

၎င်းတို့အတွင်းမှ တစ်ဦးသည် နက်နဲနယ်ပယ်ကိုပင် ခြေချ ထားနိုင်ခဲ့သည်။ ထိုလူငယ်မှာ ဝမ်ယန်၏ မျှော်လင့်ချက်များကို သယ်ဆောင်ထားခဲ့သည့် လန်းမိသားစု၏ ပါရမီရှင် လူငယ်တစ်ဦး ဖြစ်သည်။

လန်းမိသားစုသည် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော မင်းမျိုးမင်းနွယ်များ ဖြစ်သည်။ ၎င်းသည် မျိုးနွယ်စုကြီး လေးစုနှင့် မယှဉ်နိုင်သော်လည်း မရိုးရှင်းလှပေ။

" အစ်ကိုယန်၊ ဒုတိယသခင်လေးကို ဘာလို့ မတွေ့တာလဲ"

အရွေးချယ်ခံ တစ်ယောက်က ဝမ်နင်အား မတွေ့သည်နှင့် စူးစမ်းလာခဲ့သည်။

“ မျိုးနွယ်စုက သူ့ကို သုံးရက်အတွင်း နက်နဲနယ်ပယ်ကို ရောက်ဖို့ သူ့အတွက် နက်နဲချိုးဖြတ်ဆေး တစ်လုံး လက်ဆောင်ပေးခဲ့ တယ်။ အဲဒါကြောင့် ဒီရက်ပိုင်း သီးသန့် ကျင့်ကြံနေတယ်...''

ဝမ်ယန်က ပြန်ဖြေလိုက်သည်နှင့် အခြားသော လူငယ်များ၏ မျက်လုံးများတွင် မနာလို ရိပ်များဖြင့် တောက်ပလာသည်။ ဝမ်မျိုးနွယ် သည် အဓိက မျိုးနွယ်စု လေးစုအနက်မှ တစ်ခုဖြစ်ရန် အမှန်တကယ် ထိုက်တန်ပေသည်။

သူတို့၏ အခြေခံအုတ်မြစ်မှာ အလွန်နက်ရှိုင်းပြီး 'နက်နဲအဆင့်ချိုးဖြတ်ဆေး'ကို ပေါ့ပေါ့ဆဆပင် ထုတ်ပေးနိုင်ခဲ့သည်။ သူတို့အသီးသီးသော မိသားစုများတွင်လည်း 'နက်နဲအဆင့်ချိုးဖြတ်ဆေး' လုံးများ ရှိသော်လည်း၊ လွယ်လွယ်ကူကူ ထုတ်ပေးနိုင်မည့် အရာမဟုတ်ချေ။

" အစ်ကိုယန်၊ .. အဲဒီဓားကျွန်ကောင်က အတွင်းမြို့တော် အတွင်းမှာရှိတဲ့ တည်းခိုခန်း တစ်ခန်းထဲ ဝင်ရောက်သွားတာ ငါတွေ့လိုက်တယ် "

နောက်ထပ် လူငယ် တစ်ယောက်က သတိရသွားဟန်ဖြင့် သတင်းပေး လာသည်။

" သူ့ကို နှိပ်စက်ဖို့ တစ်စုံတစ်ယောက်များ လိုအပ်လား အစ်ကိုယန် "

ဝမ်ယန် က ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ပြီး၊

" အတွင်းမြို့တော်ထဲမှာ အထက်တန်းစားတွေ မရေတွက်နိုင်အောင် စုရုံးနေတာကြောင့် မျက်လုံးတွေနဲ့ နားတွေက အရမ်းများ လွန်းတယ်၊ ဒီဓားကျွန်က အတွင်းမြို့တော်အတွင်းမှာ ပုန်းအောင်းနေတဲ့အတွက်၊ သူ့အသက်ကို ရက်အနည်းငယ် ကြာအောင် မွေးမြူထား ပါစေ၊ အခုကစပြီး သုံးရက်လောက်နေရင် သူ့ကို ဖယ်ထုတ်ဖို့ အခွင့်အရေး ရှိလာလိမ့်မယ်။”

" စမ်းသပ်စစ်ဆေးပွဲကို ပြောတာလား..... ''

လန်းမိုက မျက်ခုံးပင့်လိုက်သည်။

“ ဒီအတွက် မင်း စိတ်ပူနေစရာ မလိုပါဘူး။ စစ်ဆေးပွဲအတွင်းမှာ တခြားလုပ်စရာတွေ ရှိသေးတယ်။ သူက ရှန်ရှင်းပဉ္စမအဆင့် မှာရှိတဲ့ အမှိုက်တစ်စပဲ၊ ပြီးပြည့်စုံတဲ့ ဓားရည်ရွယ်ချက်ကို မဆုပ်ကိုင် ထားနိုင်သရွေ့ ဒါကို စိတ်ပူနေစရာ မလိုပါဘူး။”

ဝမ်ယန်က သူ့စကားသူ သဘောကျ သွားဟန်ဖြင့် ပြုံးလိုက်၏။

“ ဒါပေမယ့် အကြီးအကဲလျို က သူ့ကို ဂရုစိုက်ပုံပဲ....…"

“ အဲဒါကို ငါတွေးထားပြီးသားပါ၊ အဲ့ဒီလူအိုကြီးရှိတဲ့ ပတ်၀န်းကျင်မှာ သူ့ကို သတ်ပစ်ဖို့က မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ငါ့မှာ ဖြေရှင်းစရာနည်းလမ်း ရှိပြီးသားပါ၊ အဲဒါကို စိတ်မပူပါနဲ့။ ”

“ မင်းတို့ကို ဒီမှာ ငါခေါ်လာရတဲ့ အကြောင်းရင်းက အဲဒီကောင်အတွက် မဟုတ်ဘူး၊ ဒီကောင်က ငါတို့ရဲ့ အာရုံစိုက်မှုနဲ့ မထိုက်တန် သေးတာ သေချာတယ်၊ ခုတော့မင်းတို့ အနားယူပါ သုံးရက်နေရင် ငါ... လာခေါ်မယ် "

" ဒါနဲ့ စစ်ဆေးပွဲမှာ ဘယ်လို နည်းလမ်းတွေ ပါနိုင်လဲ "

“ အသေးစိတ်တော့ မပြောနိုင်ဘူး၊ ဒါပေမယ့် မင်းတို့အတွက် လက်ဆောင်တွေတော့ ငါ ကြိုပေးလို့ရတယ်”

ဝမ်ယန်က လျှို့ဝှက်စွာ ပြုံးပြီး၊ လက်ခုပ်တီးကာ အချက်ပြလိုက်၏။

လက်ခုပ်သံဆုံးသည်နှင့် ဓားနန်းတော်၏ ယူနီဖောင်းကို ၀တ်ဆင်ထားသော တပည့်အချို့သည် ဓားအနည်းငယ်ကို သယ်ဆောင် ဝင်ရောက် လာကြ၏။

" စစ်ဆေးပွဲမှာ မင်းတို့ကို ကောင်းကင်ရတနာတွေ သုံးခွင့်မပေးဘူး၊ ဒါကြောင့် ထိပ်တန်းရှေးဟောင်း တော်ဝင်လက်နက်တွေကို ပြင်ဆင်ထားခဲ့တယ်၊ ဒီလက်နက်တွေ အားလုံးက၊ ဓားနန်းတော်ရဲ့ သွေးကန်ထဲမှာ ဆေးထားပြီးသား ဓားတွေပဲ၊ သွားပြီးတော့ တစ်ခု ရွေးယူပါ"

" ကျေးဇူးတင်ပါတယ် အစ်ကိုကြီးယန် "

အရွေးချယ်ခံများမှာ စိတ်လှုပ်ရှား သွားကြ၏၊ အရည်အသွေးမြင့်သော လက်နက်များကို တပ်ဆင်လိုက်ခြင်းဖြင့်၊ သူတို့၏ ခွန်အားများမှာ များစွာ တိုးပွား လာပေတော့မည်။

***

All Chapters