← Chapters

အမဲလိုက် မုဆိုး။

Vol. 13 Ch. 180

အမဲလိုက် မုဆိုး။

Vol. 13 Ch. 180

ဝမ်နင်တို့ လူတစ်စု ပျောက်ကွယ် သွားပြီးနောက်၊ လင်းယွန်နှင့် လီဝူယုတို့မှာ သစ်ပင်ကြီး တစ်ပင်ပေါ်မှ ခုန်ဆင်းလာ ခဲ့ကြသည်။

လီဝူယု၏ လှုပ်ရှားမှုမှာ မြွေကဲ့သို့ ပေါ့ပါးပြီး၊ ကျားသစ်ကဲ့သို့ လျင်မြန်ပေသည်။ ဤရွေ့လျားမှု နည်းစနစ်၏ နက်နဲသောလှုပ်ရှားမှုများကြောင့် လင်းယွန်၏ မျက်လုံးများကို တောက်ပစေ ခဲ့သည်။

" မင်းမှာ ဒီလို ထက်မြက်တဲ့ ရွေ့လျားမှု နည်းစနစ် ရှိလိမ့်မယ်လို့ မျှော်လင့် မထားခဲ့ မိဘူး"

" ငါ့မှာသာ ဒီလိုဝှက်ဖဲတွေ မရှိရင် မဟာချင်အင်ပါယာမှာ အကြီးကျယ်ဆုံး ဓားသမားဖြစ်ဖို့ ငါဘယ်လိုလုပ် သတ္တိရှိနိုင်မှာလဲ"

လီဝူယုက ရယ်ကာမောကာဖြင့် ပြန်ဖြေလိုက်သည်။

“ ကြွားလုံးထုတ်တာကို ရပ်လိုက်ပါ။ ငါတို့ကို လိုက်နေတဲ့ လူတွေက ငါတို့ရဲ့ အမြီးနားမှာ ရှိနေတယ်။”

“ သူတို့အဖွဲမှာ ငါးယောက်ရှိတယ်၊ ဝမ်နင်ကလွဲလို့ ကျန်တဲ့ သူတွေ အကုန်လုံးက ရှန်ရှင်းသတ္တမအဆင့်မှာသာ ရှိသေးတယ်၊ ”

လီဝူယုက ဝမ်နင် ထွက်သွားရာကို ကြည့်လျက် မျက်ဝန်းများထဲတွင် ကြယ်ရောင်ဖျော့ဖျော့များ လင်းလက်လာသည်။

လီဝူယုမှာ ထင်သလောက် မရိုးရှင်းလှကြောင်း ချက်ချင်း သိလိုက်သည်။ လင်းယွန်က ဝမ်နင်၏ လူအုပ်ကို အကြမ်းဖျင်းသာ ခန့်မှန်းနိုင်ခဲ့သော်လည်း၊ လီဝူယုကမူ အရေအတွက်ကို မြင်ရုံသာမက ၎င်းတို့ အားလုံးကို ခွဲခြား နိုင်ခဲ့သည်။

“ ဒီလူတွေက တော်တော် ကောက်ကျစ်ပုံပဲ၊ သူတို့က ငါတို့ကို ပိတ်ဖမ်းဖို့ ကြိုးစားနေတာ။ ”

" ဒါက လန်းမိုရဲ့အဖွဲ့ပဲ၊ သူ့ရဲ့ ကျင့်ကြံမှုက နက်နဲနယ်ပယ်မှာ ရှိနေပြီး၊ ဝမ်နင်ထက် အများကြီး ပိုသန်မာတာ သေချာပါတယ်။”

မြေပြင်ပေါ်ရှိ သဲလွန်စ အချို့ကို ကြည့်ကာ လီဝူယုက ကောက်ချ ဆွဲယူလိုက်သည်။

" အခု ငါတို့ ဘာလုပ်မှာလဲ"

လီဝူယု၏ မျက်နှာတွင် ကြောက်ရွံ့မှု မရှိပဲ လင်းယွန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

'' အံ့သြစရာလေးတွေ ပေးကြရအောင်.... ''

" ဟီး ..... အဲဒီအကြံကို ကြိုက်တယ် "

လီဝူယု၏ နှုတ်ခမ်းများမှာ တွန့်ရုံပြုံးလိုက်ကာ၊ မျက်လုံးများ တောက်ပလာတော့၏။

" မင်း ဝမ်နင်နဲ့ တိုက်ခိုက်ပေးပါ၊ သူ့လက်ပါးစေတွေကို ငါဖြေရှင်း လိုက်မယ်”

လင်းယွန်က အဆိုပြုလိုက်၏။

“ အဆင်ပြေတယ် ... ”

နက်နဲသိုင်းသမား တစ်ဦးဖြစ်သော ဝမ်နင်ကိုတိုက်ခိုက်ရန် လီဝူယုက ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခုပင် ရှိနေခဲ့သည်။

" ဒါဆို သွားကြရအောင် "

လင်းယွန်၏ သတ်ဖြတ်လိုသော ဆန္ဒမှာ ရုတ်တရက် အရှိန်မြင့် လာပြီးနောက်၊ ကျိုးသွားသော သစ်ကိုင်းပေါ်သို့ ခြေဖြင့် နင်းကာ၊ ကောင်းကင်သို့ တဟုန်ထိုး ခုန်တက်သွားသည်။ အရှိန်အဟုန် အကန့်အသတ်သို့ ရောက်ရှိသွားသည့် အချိန်တိုင်းတွင်၊ အမာနှင့် အပျော့ စွမ်းအင်နှစ်ခု စလုံးကို အသုံးပြု၍ ခရီးဆက်လိုက်သည်။ တောအုပ်အတွင်း ဖြတ်သန်းသွားသော လျှပ်စီးတစ်စကဲ့သို့ ရိပ်ခနဲ ရိပ်ခနဲ ပြေးထွက် သွားတော့၏။

ထိုမြင်ကွင်းကြောင့် လီဝူယုက အနည်းငယ် တုန်ယင်သွားပြီး၊

“ .... ဆိုတော့ မင်းမှာ ဝှက်ထားတဲ့ အရာတွေ ရှိနေသေးတယ်ပေါ့၊ ကောင်းပြီ ငါ မင်းကို အရှုံး မပေးနိုင်ဘူး "

ဝှစ် ဝှစ်။

လေထဲတွင် ပျံဝဲလျက် မြေပြင်ပေါ်ရှိ ဝမ်နင်၏ ငါးယောက်အဖွဲ့ ရှေ့သို့ တည့်မတ်စွာ ခုန်ဆင်း လိုက်လေသည်။ သူ့နောက်ကို တဟုန်ထိုး ပြေးလိုက်နေသော ဝမ်နင်မှာ လင်းယွန်က ကောင်းကင်မှ ထွက်ပေါ်လာသည်ကြောင့်၊ ခဏမျှပင် အံ့သြသွားသည်။ သို့သော် လင်းယွန်မှာ လန်းမို၏ အဖွဲ့ထံမှ ပုန်းရှောင်ရန် တွန်းအားပေး ခံရကြောင်း ချက်ချင်း သိလိုက်ရသည်။

“ ဟေ့ ဓားကျွန်၊ ငါ့ဘက်က မင်းရဲ့ ထွက်ပေါက်လို့ စဉ်းစား နေတာလား "

ဝမ်နင်က ရယ်မောလိုက်သည်။ သူ၏ မုန်းတီးမှု အသစ်နှင့် အဟောင်းများကို ပေါင်းထည့်လိုက်ရာ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုသော ဆန္ဒများဖြင့် တဖျပ်ဖျပ် တောက်ပလာလေသည်။

'' ချွမ်........ ''

ဝမ်နင်၏ ကျေးကျွန်လေးယောက်က ဓားရှည်များကို တစ်ပြိုင်နက် ဆွဲထုတ်လိုက်ကြ၏။ သူတို့၏ ဓားများတွင် အေးစက်သော အလင်းတန်းများဖြင့် ပြိုးပြက်သွားပြီး၊ ပတ်ဝန်းကျင်၌ သွေးမြူများ ဖြစ်ပေါ်လာသည်။ ၎င်းဓားများမှာ အလယ်အလတ် ရှေးဟောင်း တော်ဝင်လက်နက်များ ဖြစ်ကြောင်း ထင်ရှားလှကာ၊ အလွန် ထိတ်လန့်ဖွယ် ကောင်းသော သွေးရနံ့များ ထွက်ပေါ်နေလေသည်။

" ဝမ်မျိုးနွယ်စုက ငါ့ကို သတ်ဖို့ အရင်းအနှီး ကြီးကြီး ပေးဆပ်ထား ခဲ့ပုံပဲ"

" ဟားဟားဟား လင်းယွန်၊ မင်းက မင်းကိုယ်မင်း အထင်ကြီး မနေနဲ့၊ အပြာရောင်နေမင်းနိုင်ငံမှာ မင်းက အထက်တန်းစား တစ်ယောက် ဖြစ်နိုင်ပေမယ့်၊ ငါ့ရဲ့ မြို့တော်မှာဆို မင်းက ဘာကောင်မှ မဟုတ်ပါဘူး၊ ငါမင်းကို သတ်ရတဲ့ အကြောင်းရင်းက မင်း ငါ့လမ်းပေါ် ရောက်နေလို့ပဲ "

ဝမ်နင်က ရယ်မောလိုက်ပြီး။

" နက်နဲနယ်ပယ်က ဘယ်လောက်ကြောက်စရာ ကောင်းလဲ ဆိုတာ မင်းကို ငါပြမယ် ... "

'' ........... ''

လင်းယွန်၏ ဦးတည်ရာသို့ ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်ခု ထုတ်လွှတ် လိုက်သောအခါတွင် ဝမ်နင်၏ အရှိန်အဝါမှာ ပြင်းထန်စွာ တောက်ပလာလေသည်။

ဝှူး..... ဝှူး။

သူ၏အရှိန်အဝါသည် ဟာရီကိန်း မုန်တိုင်းတစ်စင်းအသွင် မြည်ဟိန်းလာပြီး ဓားပုံသဏ္ဍာန် အဖြစ်သို့ ဖွဲတည်လာကာ၊ သဲနှင့် ကျောက်တုံးများကို လေထဲ ပျံဝဲလာစေသည်။ သို့သော်လည်း လင်းယွန်က ဝမ်နင်၏ အငွေ့အသက်များ ရောက်ရှိလာသည် အထိကို မစောင့်ပဲ ရှေ့သို့ ပြေးဝင်သွားခဲ့သည်။

ဓားအလင်းတစ်လက်သည် ကောင်းကင်မှ ရုတ်တရက် ထိုးဆင်းလာကာ ဝမ်နင်၏ အရှိန်အဝါများကို ဖြိုခွဲလိုက်၏။ သူ့ဓားကို ကိုင်ထားပြီး လီဝူယုက လှောင်ပြုံး ပြုံးကာ၊ ဝမ်နင်ရှေ့၌ ထွက်ပေါ် လာလေသည်။

" ဒါက နက်နဲသိုင်းသမားတဲ့လား.... အဟက် သိပ်လည်း အသုံးဝင်ပုံ မပေါ်ဘူး။”

လီဝူယု၏ ရုတ်တရက် ဟန့်တား တိုက်ခိုက်လာသည်ကြောင့် ဝမ်နင်က အနည်းငယ် အံ့သြသွား ခဲ့သည်။ သို့သော်၊

" ငရဲကို သွားစမ်း ... "

အော်ဟစ်ကြုံးဝါးသံ နှင့်အတူ ဓားကို လွှဲယမ်းလိုက်ရာ၊ မိုးရေစက်များ ရွာကျလာ သကဲ့သို့ ဓားရိပ်များဖြင့် လီဝူယုပေါ် ဖုံးလွှမ်း သွားလေသည်။

ဝှစ် ။

မျက်လုံးများကို မှေးစင်းလျက် ဝမ်နင်၏ ဓားရိပ်များကို စောင့်ကြည့်နေသော လီဝူယု၏ မျက်ဝန်းများတွင် ကြယ်စုံ ကောင်းကင်ကြီးတစ်ခု ရောင်ပြန် ဟပ်လာသကဲ့သို့၊ မီးလျှံပင်လယ်ကြီး တစ်စင်း လောင်ကျွမ်းလာ လေသည်။

မီးလျှံမျက်လုံး —ကြယ်ရောင်နဂါးငွေ့တန်း။

ဝှူး ။

လီဝူယုက သူ၏ သိုင်းဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်နှင့်၊ လေထုထဲတွင် မီးလျှံများ အထပ်ထပ် ရစ်သိုင်းလာပြီး၊ မျက်ဝန်းထဲရှိမီးလျှံများမှာ၊ ကောင်းကင်တွင် ကြယ်များကဲ့သို့ အပြစ်ကင်းစင်စွာ လင်းလက်လာသည်။

ဝမ်နင်က သူ့မျက်လုံးများ၏ နာကျင်ကိုက်ခဲမှုကို ရုတ်တရက် ခံစားလိုက်ရပြီး၊ သူ၏ တိုက်ခိုက်ရေး နည်းစနစ်များရှိ ချို့ယွင်းချက်များကို ထုတ်ဖော် ပြသလိုက်မိသည်။ မီးလျှံမျက်လုံးများမှာ သူ၏ ကျင့်ကြံခြင်း အဆင့်ကို ပြင်းထန်စွာ ကန့်သတ်လိုက်တော့သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... ''

ဝမ်နင်က အလျင်စလို နောက်ဆုတ် လိုက်ရသဖြင့် တုန်လှုပ်သွား၏။ ရှန်ရှင်း သတ္တမအဆင့် သိုင်းသမား လေးယောက်သည်လည်း လန့်ဖျန့်သွားကြသည်။ ဖြစ်ပျက်ခဲ့သည်များကို မှင်တက်စွာ ငေးကြည့် နေမိ၏။

အခြားတစ်ဖက်တွင် သူနှင့် အနီးဆုံးလူကို သတ်ဖို့ရန် အာရုံရောက် နေချိန်မှာပင် လင်းယွန်၏ မျက်လုံးများ၌ သတ်ဖြတ်လိုသော ဆန္ဒများ ပြည့်သိပ်လာလေသည်။ တစ်စက္ကန့်မျှ တုန့်နှေးခြင်း မရှိပဲ၊ ကျား-နဂါးစွမ်းအားကို ထုတ်လွှတ်ကာ အရှိန်အဝါကို တဟုန်ထိုး တက်လာစေခဲ့သည်။ ဓားသုတ္တန်ကို လှည့်ပတ်လိုက်ပြီး ဓားအလင်းများကို လက်သီးထဲသို့ ပေါင်းစပ်လိုက်သည်။

လင်းယွန်၏ ပစ်မှတ်ထားခံရသူမှာ သူ့လက်မောင်းကို မြှောက်လိုက်ခြင်းဖြင့် မသိစိတ်က တုံ့ပြန်မိသော်လည်း၊ ချက်ချင်း နောင်တရ သွား၏။ ဤလက်သီးသည် သူကိုင်တွယ်နိုင်သော အရာတစ်ခု မဟုတ်ချေ၊ လင်းယွန်၏ လက်သီးကို အလျင်အမြန်ရှောင်တိမ်းသင့်သော်လည်း၊ သူ့အတွက် လှုပ်ရှားရန် နောက်ကျ သွားခဲ့လေပြီ။

'' ဗုန်း.......... ''

ကျား-နဂါးလက်သီးကြောင့် လက်မောင်းရိုးများ ကျိုးသွားခဲ့ကာ၊ သူ့၏ သိုင်းဝိညာဉ်ကို ခေါ်ဖို့ရန် အခွင့်အရေး မရှိခဲ့ပဲ၊ သေဆုံး သွားလေသည်။ ပထမရန်သူကို အပြီးသတ်ပြီးနောက် ကျား-နဂါးလက်သီး၏ တတိယပုံစံဖြစ်သော ပျံသန်းနေသော နဂါး၊ ပုန်းကွယ်နေသော ကျားကို ထုတ်ဖော်လိုက်။

ဘုံကျောင်းပျက်အတွင်း၌ လွင့်မျောနေသောရေခွက်၊အသုံးပြုခဲ့သော လှုပ်ရှားမှုကဲ့သို့ သူ၏ ကျား-နဂါးလက်သီးကို ခွန်အားပေးရန် မိုးကောင်းကင်ပြိုကျခြင်းတံဆိပ်၊ မရှိသော်လည်း၊ ထာဝရမြင့်မြတ်ခြင်းဂိုဏ်းပင် မစွမ်းဆောင်နိုင်သော အရာဖြစ်သည့် သူ၏ ဓားအလင်းကို လက်သီးထဲသို့ ပေါင်းထည့် နိုင်ခဲ့သည်။

သူ၏ လက်သီးမှာ ပင်လယ်မျက်နှာပြင်ကို ခွဲထွက်လာသော နဂါးတစ်ကောင်ကဲ့သို့ အရှိန်အဟုန် ပြင်းပြင်းဖြင့်လေထုကို ထိုးခွဲသွား၏။ မိုးကုတ်စက်ဝိုင်းသို့တိုင် ပဲ့တင်ထပ်စေသော မြည်ဟိန်းသံ အဖြစ် ပြောင်းလဲ လာတော့သည်။

'' ဗုန်း...... ''

တစ်ချိန်တည်းမှာပင် သူ၏ ဒုတိယ ပစ်မှတ်သည်လည်း၊ အလျင်အမြန် တုံ့ပြန်ရန် ဓားကို မြှင့်တင်လိုက်သည်။ သို့သော် သူ့ဓားကို မမြှောက်နိုင်ခင်မှာပင် လင်းယွန်၏ လက်သီးကို ခံယူလိုက်ရပြီး သူ့ရင်ဘတ်၌ အပေါက်တစ်ခုအဖြစ် ပွင့်ထွက်သွားကာ၊ မျက်လုံးများ ပြူးကျယ်သွားလေသည်။

"မင်းက မင်းရဲ့ သေမင်းကို ကိုယ်တိုင် ဖိတ်ခေါ်နေတာပဲ "

ကျန်ရှိနေသော သိုင်းသမား နှစ်ယောက်မှာ ဒေါသတကြီးဖြင့် ဓားရှည်များကို ကိုင်လျက်ပြေးဝင် တိုက်ခိုက်လာလေသည်။

" အချိန်မီ လေး ပဲ "

လင်းယွန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး၊ ပျံသန်းနေသော နဂါး၊ပုန်းကွယ်နေသော ကျားကို နောက်တစ်ကြိမ် ထုတ်ဖော်ကာ တိုက်ခိုက်မှုများကို မကြောက်မရွံ့ ရင်ဆိုင်လိုက်၏။ သူ၏ ညာဘက်လက်သီးတွင် ကျားတစ်နှင့် ဘယ်ဘက်တွင် နဂါးတစ်ကောင်ကို ထွက်ပေါ်လာစေလျက်၊ ယင်းသိုင်းကွက်၏ အနှစ် သာရများကို ညာဘက်လက်သီး၌ အလုံးစုံ စုစည်းလိုက်လေသည်။

ဒါန်တမ်အတွင်းရှိ ခရမ်းရောင် ပန်းပွင့်မှာ အနည်းငယ် ပွင့်အာလာပြီးနောက်၊ ဆယ်နှစ်ကြာ ပိတ်ဆို့ခံထားရသော ကျားတစ်ကောင်ထံမှ ဒေါသကဲ့သို့ သူ၏ ညာလက်သီးအား ပြင်းထန်စွာ တုန်ယင်လာစေ၏။ ခဏချင်းမှာပင် အကန့်အသတ်မရှိ အောင့်သည်း ထိန်းချုပ် ခံထားရသော ဆန္ဒများ ပေါက်ကွဲသွားလေပြီ။

ဝှစ် ။

မြေပြင်ပေါ် စောင့်နင်းပြီး ကောင်းကင်သို့ ခုန်တက်သွားစဉ် လေခွင်းသံများကြောင့် လေထုမှာ တုန်ခါသွားကာ၊ ညာလက်သီးရှိ စုဆောင်းထားသော စွမ်းအင်အားလုံးက ပေါက်ကွဲလာလေသည်။ နှစ်ဖက်စလုံးထံမှ ဖြစ်ပေါ်လာသော စွမ်းအင်များသည် တူညီသော အဆင့်၌ မရှိခဲ့ပေ။

'' ဝေါ့....... ''

လင်းယွန်၏ လက်ချက်ဖြင့် မထိုမိခင်မှာပင် ယင်းတို့နှစ်ဦး၏ ခန္ဓာကိုယ်များတွင် ပြတ်ရှရာများ ဖုံးလွှမ်းသွားကာ၊ လက်သီးနှင့် ထိုးမိပြီးနောက် အပိုင်းပိုင်းကွဲ ထွက်သွားလေသည်။

လင်းယွန်က သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ လွင့်မျောနေသောရေခွက်၏ အဆင့်ကဲ့သို့၊ ရက်စက် ကြမ်းကြုတ်စွာ မထုတ်ဖော်နိုင်သော်လည်း၊ မီတာအနည်းအကွာအဝေးရှိ ရန်သူကို သတ်ပစ်နိုင်ဆဲ ဖြစ်သည်။ သို့မဟုတ်ပါက ကျားနဂါးလက်သီး၏ ဂုဏ်သိက္ခာကို ကျဆင်းပေလိမ့်မည်။

မြေပြင်ပေါ်ရှိ ကျောက်စိမ်းဆွဲသီး လေးလုံးကို ကောက်ယူလိုက်၏။

လီဝူယုသည် ဝမ်နင်ကို ခက်ခက်ခဲခဲ ရင်ဆိုင်နေပုံရသည်ကို သူ သတိပြုမိသည်။ အစပိုင်းတွင်၊ သူ၏ သိုင်းဝိညာဉ်ကို အသုံးပြုကာ ဝမ်နင်ကို အငိုက်ဖမ်း ဖိအားပေးနိုင်ခဲ့သော်လည်း၊ ဝမ်နင်က သူ့၏ သိုင်းဝိဉာဉ်ကို ဆင့်ခေါ်လိုက်သည်နှင့် အခြေအနေမှာ ရှေ့မတိုးသာ၊ မဆုတ်သာ ကျရောက်သွားခဲ့သည်။

နတ်ဘုရားပုံရိပ်ယောင်ဓား။

ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ထားသောကြောင့် လင်းယွန်၏ မျက်နှာမှာ လေးနက်သွား၏။ ခရမ်းရောင်ပန်းပွင့်၏ အလယ်ဗဟိုရှိ ပန်းနှလုံးသားထံမှ အကန့်အသတ် မရှိသော ဓားရောင်ဝါများ မွေးဖွား ပေးလာကာ၊ သူ့လက်ချောင်းများ ဆီသို့ စီဝင်လာပြီးနောက်၊ တောက်ထုတ်လိုက်သည်နှင့် ခရမ်းရောင် ဓားတစ်လက် အဖြစ် ပြေးထွက်သွားလေသည်။

" ဟားဟားဟား......မင်းအရင်က မာနကြီးတယ် မဟုတ်ဘူးလား ”

လီဝူယု ကို အနိုင်ယူပြီး ကန်ထုတ်လိုက်ပြီးနောက်၊ ဝမ်နင်က ရယ်မော လှောင်ပြောင် လိုက်သော်လည်း၊ ရုတ်တရက် ခရမ်းရောင် ဓားတစ်လက် လွင့်ပျံတိုးဝင်လာသည်ကြောင့် ထိတ်လန့်စွာ မျက်နှာပျက်ယွင်း သွားသည်။

'' ဘန်း......... ''

ပေါက်ကွဲသံနှင့်အတူ ဝမ်နင်၏ ပါးစပ်မှ သွေးများ စီးကျလာကာ၊ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်လျက်၊ မြေပြင်ဖြင့် သုံးကြိမ်တိတိ ပုတ်ရိုက် လွင့်စင်သွားလေသည်။ လင်းယွန်က သတ္တမအဆင့် သိုင်းသမား လေးဦးစလုံးကို သတ်ပစ်ပြီးနောက် ဝမ်နင်ကို ဒဏ်ရာရရှိ သွားစေခဲ့သည်။

ဝှစ် ဝှစ်။

မတ်တပ်ရပ်ရန် ရုန်းကန်နေရသော လီဝူယုကို သွားရောက် ပွေ့ယူရန် လျင်မြန်စွာ ခြေလှမ်းပြင်လိုက်ပြီး၊ ဝမ်နင်ကို လျစ်လျူရှု ထားလိုက်တော့သည်။

" မင်း အဆင်ပြေရဲ့လား"

နက်နဲနယ်ပယ်တွင်ရှိသော ဝမ်နင်အတွက် လီဝူယုကို ကိုင်တွယ်ခိုင်းခြင်းမှာ အနည်းငယ် လွန် လွန်းပေသည်။ သို့သော် ထိုသို့ မဟုတ်ပါက၊ ဝမ်နင်၏ လက်ပါးစေ လေးယောက်ကို သတ်ဖို့ရန် အခွင့်အရေးရှိမည် မဟုတ်ပေ။

" ငါမသေပါဘူး၊ ဒီကောင်က နက်နဲနယ်ပယ်ကို ရောက်ရှိနေပေမယ့် သူ့ ရဲ့ နက်နဲသော သွေးပြန်ကြောတွေကို မဖွဲ့စည်းနိုင်သေးဖူး၊ ဒီနေရာမှာ လန်းမိုဆိုရင်တော့ မတူတဲ့ကိစ္စ ဖြစ်လိမ့်မယ်၊ သူက ထင်သလောက်မလွယ်ဘူး”

လီဝူယုက ဝမ်နင်၏ ခွန်အားကို သုံးသပ်ပြလိုက်ပြီး၊ နှုတ်ခမ်းထောင့်စွန်းရှိ သွေးစများကို လက်ဖမိုးဖြင့် သုတ်ယူလိုက်သည်။

သွေးသုတ်နေလျက်မှာ ရုတ်တရက် လီဝူယု၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊

“ ဒီကောင်ပြေးဖို့ ကြိုးစားနေတယ်”

ဟု အော်ဟစ် သတိပေး လိုက်သည်။

လွင့်စင်လာသော အရှိန်ကုန် သွားသည်နှင့် ဝမ်နင်က ဒဏ်ရာကို လျစ်လျူရှုကာ ထွက်ပြေးဖို့ရန် ကြိုးစားမိ၏။

“ အဲဒါကို စိတ်မပူပါနဲ့၊ သူ့ကို လွတ်မြောက်ခွင့် ပေးမှာ မဟုတ်ဘူး၊ မင်းက တိုက်ပွဲ ဝင်နိုင်သေးရဲ့လား "

လင်းယွန်က သူ့အကြည့်ကို ဝမ်နင်ဆီသို့ တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး၊ လီဝူယုကိုစိုးရိမ်တကြီး ပြန်မေး လိုက်သည်။

“ ငါ ... တိုက်ပွဲဝင် နိုင်သေးတယ်၊ ဒါပေမယ့် အရမ်းကြီးတော့ မမျှော်လင့်ထားနဲ့ ”

လီဝူယုက လင်းယွန်ကို ပြုံးလျက် ဖြေလိုက်သည်။

" ဒါဆို သူ့နောက်ကို လိုက်ကြရအောင်၊ လန်းမိုကို မသတ်ခင် သူ့ကို အရင် သတ်ကြမယ်၊ ”

၎င်းသည် ရှားပါးသော အခွင့်အရေး တစ်ခုဖြစ်ပြီး၊ လင်းယွန်က ဝမ်နင်ကို လက်မလွှတ် ချင်ခဲ့ပေ။

***

All Chapters