← Chapters

ငြင်းမရပါ။

Vol. 13 Ch. 181

ငြင်းမရပါ။

Vol. 13 Ch. 181

ခရမ်းရောင်ဓားအလင်းသည် ဝမ်နင်၏ ရင်ဘတ်ကို ထိုးဖောက် ဝင်ရောက်သွားသောကြောင့်၊ ဒဏ်ရာမှာ နက်ရှိုင်းလှပြီး၊အလျင်အမြန် ပိတ်ဖို့ရန် မဖြစ်နိုင်ချေ။

လင်းယွန်နှင့် လီဝူယုတို့က ကျန်ရစ်ခဲ့သော သွေးလမ်းကြောင်း နောက်သို့ လိုက်ပါလာကြပြီး၊ ဆယ့်ငါးမိနစ်ခန့် အကြာတွင် ဝမ်နင်ကို လိုက်မှီသွားခဲ့သည်။

"ပြေးချင်သေးလား"

လင်းယွန်က လှောင်ရယ်လိုက်ပြီး သူ့လက်ချောင်းထိပ်မှ ခရမ်းရောင် အလင်းနှစ်စကို ထုတ်လွှတ်လိုက်သည်။

'' ဝှစ်..... ''

ခရမ်းရောင်ဓားအလင်းသည် လေထဲသို့ ထိုးဖောက်ဝင်ရောက်လာသောအခါတွင် တဖျပ်ဖျပ်တောက်နေခဲ့ပြီး၊ လမ်းတစ်လျှောက်ရှိသစ်ပင်များ အားလုံးကို ထိုးဖောက်သွားလေသည်။ ဝမ်နင်က ထိုတိုက်ခိုက်မှုကို တားဆီးရန် ကြိုးပမ်းခဲ့သော်လည်း ပေါက်ကွဲသံများဖြင့် လွင့်စင်သွား ခဲ့သည်။

ဝုန်း.... ။

လင်းယွန်က လီဝူယုနှင့်အတူ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။ သွေးမြူများ ဖုံးလွှမ်းထားသော ဓားတစ်လက်မှာ မြေပြင်ပေါ်သို့ ကျရောက်လာပြီး၊ ဝမ်နင်၏ သွေးစွန်းနေသည့် လက်ကို ထိုးဖောက်သွားကာ၊ အရိုးထဲထိတိုင်တိုးဝင်သွားလေသည်။

" ဓားကျွန်၊ မင်းရဲ့ သိုင်းဝိဥာဉ်ကို မင်းတကယ် မထုတ် နိုင်တော့မယ့်ပုံပဲ။ မင်းက အမှိုက်တစ်စက လွဲလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး "

နတ်ဘုရားပုံရိပ်ယောင်ဓား၏ နတ်ဘုရားလက်ညိုးကြောင့် ဒဏ်ရာရသွားသောဝမ်နင်က လင်းယွန်ကို ကဲ့ရဲ့ရှုံ့ချလိုက်သည်။

လင်းယွန်က မြေပြင်ပေါ် လဲကျနေသော ဝမ်နင်ကို အေးစက်စွာ စိုက်ကြည့်နေမိသည်။ ဝမ်နင်သည် သူ့နှလုံးသားထဲရှိ သွေးဖြင့်ရေးထွင်းထားသော ရန်သူတစ်ယောက် ဖြစ်ပေသည်။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းတွင် ရေကန်ထဲ၌ သူရဲဘောကြောင်စွာ ပုန်းနေခဲ့မိသည် ။ ထိုအချိန်တွင် ဝမ်နင်က အကြီးအကဲဟောင် ၏ အသက်ကို နှုတ်ယူနေပုံအား နားထောင်ရုံမှတပါး ဘာမျှ မတတ်နိုင်ပေ။ သို့သော် ယနေ့တွင် လက်စားချေ ရတော့မည် ဖြစ်သည်။

" မင်းကို သတ်ဖို့ ငါ့ရဲ့ သိုင်းဝိဉာဉ်ကို ငါမလိုအပ်ပါဘူး"

လင်းယွန်ထံမှ စကားသံနှင့်အတူ စူးရှသော အကြည့်ကြောင့် ဝမ်နင်မှာ ကြောက်ရွံ့မှုများ စတင် ခံစားလာမိသည်။ လင်းယွန်၏ မျက်လုံးများတွင် ရက်စက်စွာ သတ်ဖြတ်လိုသော ဆန္ဒများကို အာရုံခံမိသော်လည်း၊ ခွင့်လွှတ်ရန် မတောင်းဆိုမိချေ။

"လူယုတ်မာ၊ မင်းရဲရင် ငါ့ကို သတ်စမ်းပါ၊ မင်းက သိုင်းဝိညာဉ်ကိုတောင် မထုတ်နိုင်တဲ့ ဓားကျွန် တစ်ယောက်ပဲ၊ ဓားနန်းတော်ကို ဝင်ရောက် နိုင်ခဲ့ရင်တောင် အမှိုက်တစ်စ ဖြစ်နေလိမ့်မယ်၊ ငါ့ အစ်ကိုက ငါ့အတွက် လက်စားချေ လိမ့်မယ် ”

" ကောင်းပြီ.... မင်း ဆန္ဒအတိုင်း...... "

ခရမ်းရောင်ဓားမီးတောက်သည် လင်းယွန်၏ လက်ချောင်းထိပ် များတွင် ထွက်ပေါ်လာပြီး ဝမ်နင်၏ နဖူးအလယ်ဗဟိုသို့ ချိန်ရွယ် ပစ်လိုက်သည်။ သို့သော် ဓားမီးတောက်သည် ဝမ်နင်ထံသို့ မရောက်မီတွင် ကျီးနက်သားရဲတစ်ကောင်မှ ရုတ်တရက် ကြားဖြတ် ခံယူ သွားသည်။

အဆိုပါ ကျီနက်သားရဲမှာ သွေးအခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲသွားသော်လည်း လင်းယွန်၏ တိုက်ခိုက်မှုကိုမူ ဟန့်တား သွားနိုင်ခဲ့သည်။

ထိုမြင်ကွင်းကြောင့် ဝမ်နင်၏ မျက်လုံးများ တောက်ပလာပြီး လွတ်မြောက်ဖို့ရန် အတွက် မူလနေရာမှ ချက်ချင်း လှိမ့်ထွက်လိုက်၏။

'' အ..... အ အ ''

ခဏချင်းမှာပင် လင်းယွန်နှင့် လီဝူယုအား ကျီးနက်သားရဲများ ဝိုင်းရံလာကြသည်။ သူတို့၏ ကျင့်ကြံမှုမှာ တတိယအဆင့်တွင်သာ ရှိသော်လည်း၊ ၎င်းတို့သည် အုပ်စုဖွဲ့ သွားလာလှုပ်ရှား တက်ကြပေသည်။

ထောင်ပေါင်းများစွာသော ကျီးနက်သားရဲများ စုစည်းလာခြင်းဖြင့်၊ နက်နဲသိုင်းသမားပင် ၎င်းတို့လက်မှ မလွတ်မြောက်နိုင်ချေ။ သားရဲအုပ်အတွင်း ပိတ်မိသွားပါက အခြေအနေမှာ ဆိုးရွားသွားမည် ဖြစ်သည်။

'' ဗုန်း......... ဗုန်း ဗုန်း ''

သို့သော်လင်းယွန်မှာ ကောင်းကင်မီးလျှံတောင်ထိပ်တွင် ထိုသားရဲများဖြင့် တိုက်ခိုက်ခဲ့ဖူးသော အတွေ့အကြုံ ရှိထားသည် ဖြစ်ရာ ထူးထွေ ထိတ်လန့်သွားခြင်း မရှိပေ။ နတ်ဘုရားလက်ညိုးကို အသုံးပြုခြင်းဖြင့် သားရဲ တစ်ဒါဇင်ကျော်ကို အသက်တစ်ရှိုက်စာအတွင်း သတ်ပစ်နိုင် ခဲ့သည်။

သူ့လက် လှုပ်ရှားသွားရာ လမ်းတစ်လျှောက် သွေးအခိုးအငွေ့များ ထွက်ပေါ်လာကာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျီးနက်သားရဲ တစ်ရာနီးပါးကို အငွေ့ပျံ လောင်ကျွမ်း သွားစေခဲ့သည်။

တစ်ဖက်တွင်၊ လီဝူယုက ဓားတစ်လက်ဖြင့်ပြင်းထန်စွာ တိုက်ခိုက် နေခဲ့သော်လည်း၊ ကျီးနက်သားရဲ များထံမှ အနက်ရောင်မီးတောက်များ၏ ကန့်သတ် ချုပ်နှောင် လာမှုကြောင့် ချွေးဒီးဒီး ကျလာခဲ့သည်။

“ အစ်ကိုလင်း၊ တစ်ယောက်ယောက်က ဒီအယုတ်တမာ သားရဲကောင်တွေကို ထိန်းချုပ်နေတယ်။”

ဟု အော်ဟစ်လိုက်၏။ လီဝူယု၏ သတိပေးသံကို လင်းယွန်က ခေါင်းညိတ်ပြလိုက်ပြီး၊

" ငါသိတယ် ဒီငှက်တွေကို ဘယ်လို ထိန်းချုပ်ထားလဲဆိုတာ ကြည့်လိုက်ရအောင် ”

ဟု ပြန်အော်ဟစ် လိုက်သည်။

ကျီးနက်သားရဲများမှာ ပုပ်ပွနေသော အသားများကိုသာ စားကြသည်။ ထို့ကြောင့် ၎င်းတို့အား ထိန်းချုပ်ထားခြင်း မပြုပါက တိုက်ခိုက်လာရန်မှာ အဓိပ္ပါယ်မရှိပေ။

သားရဲအုပ်စု၏ နောက်နား တစ်နေရာတွင် ကြီးမားသော ဝက်ဝံဖြူတစ်ကောင်ပေါ်ရှိ လူတစ်ယောက်သည် ထိုင်လျက်၊ အရိုးပုလွေကို မှုတ်နေခဲ့သည်။ ထိုလူ၏ ပုလွေသံ ထွက်ပေါ်နေစဉ်၊ ကျီးနက်သားရဲများမှာ ပတ်ဝန်းကျင် တောအုပ် အတွင်းမှ အဆုံးမရှိ ပျံထွက်လာကြသည်။

မိုချင်းယွင်။

သားရဲအုပ်ကို ထိန်းချုပ်နေသော တရားခံကို မြင်လိုက်ရသောအခါ လီဝူယုက အနည်းငယ် အံ့အားသင့်သွားသည်။ မိုချင်းယွင်သည် နက်နဲ သိုင်းသမားတစ်ဦး ဖြစ်ကာ၊ အရွေးချယ်ခံ အဆင့်ထဲ ပါရှိပေသည်။ ကောင်းကင်လွင်ပြင်ထဲ မဝင်ရောက်ခင် စင်မြင့်ပေါ်၌ မိုချင်းယွင်နှင့် တစ်ကြိမ်သာ တွေ့ဆုံဖူးသောကြောင့် ဤလူနှင့် မရင်းနှီးပေ။

လက်ထဲရှိ အရိုးပုလွေကို ချလိုက်ပြီး မိုချင်းယွင်က ပြုံးလိုက်ကာ၊

" ဒုတိယသခင်လေးဝမ်၊ ဒီအတွက် ငါ့ကို ကျေးဇူးတင်ဖို့ ဘယ်လို စီစဉ်ထားလဲ"

ထိုအမေးစကားကြောင့် ဝမ်နင်က တစ်ချက် စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ် ပြလိုက်သည်။

" မင်းက ထက်မြက်တဲ့လူပဲ၊ နက်နဲသိုင်းသမား တစ်ယောက်အတွက် ဓားနန်းတော်မှာရှင်သန်ဖို့ဆိုတာ အထောက်အပံ့ မပါရင် ခက်ခဲပေလိမ့်မယ်၊ ဒါပေမယ် ကံကောင်းစေတာက ငါ့အစ်ကိုက ဉာဏ်ရည် ထက်မြက်တဲ့ သူတွေကို ဘယ်တော့မှ လျစ်လျူရှုခဲ့ခြင်း မရှိဘူး ”

မိုချင်းယွင် က လေးလေးနက်နက် ပြုံးပြ ရုံကလွဲလို့ ထပ်မမေးတော့ပေ။ ကျီးနက်သားရဲများ အဝိုင်းခံထားရသော လင်းယွန်နှင့် လီဝူယုကို လှမ်းကြည့်လိုက်ပြီး၊

"ဒီနှစ်ယောက်ကို ဘယ်လိုဖြေရှင်းချင်လဲ"

" သူတို့ကို မလွတ်စေနဲ့ ငါ ကိုယ်တိုင်ကိုယ်ကျ သတ်ချင်တယ် ”

ဝမ်နင်၏ မျက်လုံးများထဲတွင် တောက်ပသော အလင်းရောင်ဖြင့် ပြောလိုက်သည်။

“နားလည်ပါပြီ ”

ဟုဆိုကာ၊ မိုချင်းယွင်က ခေါင်းညိတ် ပြလိုက်၏။

ဝမ်နင်က ဆေးလုံးနှစ်လုံးကို ထုတ်ယူ သောက်သုံးပြီး ဒဏ်ရာများ သက်သာလာ စေရန် မျက်လုံးမှိတ် ကျင့်ကြံလိုက်သည်။ ထိုဆေးလုံးများကို မြင်လိုက်ရသော မိုချင်းယွင်မှာ ထိတ်လန့်သွား၏။

မဟာနက်နဲဆေးလုံးနှင့် နှလုံးသားအာဟာရဆေးလုံး။

၎င်းတို့သည် နက်နဲသိုင်းသမား များအတွက် များစွာ တန်ဖိုးရှိသော ဆေးလုံးများ ဖြစ်သည်။ ဤသို့ အဖိုးတန်သော အရင်းအမြစ်များကို ပေါ့တန်စွာ အသုံးပြုနိုင်ခြင်းသည် ဝမ်မျိုးနွယ်စု၏ အခြေခံအုတ်မြစ်ကို ပြသရာ ရောက်ပေသည်။

သူ့အကြည့်များကို ပြန်ရုတ် သိမ်းလိုက်ပြီးနောက် မိုချင်းယွင်က ဝက်ဝံဖြူကို အနည်းငယ် နေရာ ပြောင်းစေလျက် အရိုးပုလွေကို နောက်တစ်ကြိမ် တီးမှုတ်လိုက်သည်။

ကျီးနတ်သားရဲများ အတွင်းရှိ လင်းယွန်နှင့် လီဝူယုမှာ မိမိကိုယ်ကို ကာကွယ်ရန်အတွက် အစွမ်းကုန် ကြိုးစားနေခဲ့ ကြသည်။

" မင်းငါ့ကို ခဏလောက် ကြည့်ထားပေးပါ "

လင်းယွန်က သူ့နောက်ကျောရှိ ဓားသေတ္တာကိုဖွင့်ကာ ပန်းသင်္ချိုင်းဓားကို ဆွဲကိုင်လိုက်သည်။

" စိတ်မပူပါနဲ့၊ ဒီ ရွံစရာကောင်းတဲ့ ငှက်ကောင်တွေကို မင်းအနားမှာ ငါ ခွင့်မပြုဘူး "

လီဝူယု၏ မျက်လုံးများက ရက်စက်သော အလင်းရောင်များဖြင့် လင်းလက်သွား၏။

ကျီးနက်သားရဲများကြားတွင် လီဝူယု၏ ဓားမှာ ချက်ချင်း လင်းလက်လာပြီး အလယ်ဗဟိုတွင် လွတ်နေသော နေရာတစ်ခုကို ဖန်တီးပေးလိုက်သည်။ ထိုကွက်လပ်အတွင်းရှိ လင်းယွန်က ပန်းသင်္ချိုင်းဓားကို ကောင်ကင်သို့ ထိုးညွှန်လိုက်ပြီး၊ မျက်လုံးများကို မှိတ်လိုက်ကာ၊ မပြည့်စုံသော ဓားရည်ရွယ်ချက်ကို စတင် ထုတ်ဖော်လိုက်သည်။

တစ်ဆက်တည်းမှာပင် ဒါန်တမ်အတွင်းရှိ ခရမ်းရောင် ပန်းပွင်မှာ ပြင်းထန်စွာ လှည့်ပတ်လာခဲ့ပြီး သွေးကြောများမှ တစ်ဆင့် ခရမ်းရောင် ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ပေးခဲ့သည်။ လည်ပတ်မှုတိုင်းတွင် ဓားမီးတောက်များကို ပိုမို လောင်ကျွမ်း လာစေကာ ဝိညာဉ်စွမ်းအင်များကို သိပ်သည်း လာစေခဲ့သည်။

ရှစ်ကြိမ် လှည့်ပတ်ပြီးနောက် လင်းယွန်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ဓားရည်ရွယ်ချက်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ့အရေပြားများ အက်ကွဲလာပြီး သွေးပုတီးစေ့များ စီးထွက်လာလေသည်။

သို့သော် ကန့်သတ်ချက် မပြည့်မီသေးကြောင်း ခံစားလာရသည်ကြောင့် မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ကာ၊ ကိုးကြိမ်မြောက် လှည့်ပတ်လိုက်ပြီး၊ ရုတ်တရက် မျက်လုံးများ ဖွင့်လာခဲ့သည်။

မိုးကြိုးလျှပ်စီးခန္ဓာကိုယ်၏ ဖိနှိပ်မှုအောက်တွင် မပြည့်စုံသော ဓားရည်ရွယ်ချက်မှာ မကြုံစဖူး အမြင့်သို့ ရောက်ရှိသွားတော့၏။

'' ရွှပ်......... ''

ပန်းသင်္ချိုင်းဓားသည် ရေကဲ့သို့ ချောမွေ့စွာ စီးဆင်းသွားပြီးနောက် သူ့တွင် ပါရှိသော ဆန္ဒတစ်စုံ၏ အော်သံကြောင့်၊ ကြမ်းတမ်းစွာ ရုန်းထွက်လာသည်နှင့် လင်းယွန်က သူ့ဓားကို လွှတ်ချလိုက် ရလေသည်။

စက္ကန့်ပိုင်းအတွင်းတွင်၊ ပတ်ဝန်းကျင်ရှိ ကျီးနက်သားရဲများ အားလုံး အပိုင်းပိုင်း ကွဲသွားခဲ့သည်။

မိုးကုပ်စက်ဝိုင်းရှိ တောအုပ်အထက်တွင် ဓားငှက်တစ်ကောင်မှာ ကောင်းကင်ယံ၌ ကင်းလှည့်နေသည်။ ၎င်းပေါ်တွင် ရပ်နေသော အကြီးအကဲက သူ၏ နားရွက်များကို ခတ်လိုက်ကာ၊

“ဘယ်လောက်တောင် အစွမ်းထက်လှတဲ့ ဓားဆန္ဒလဲ…”

ဟူ၍ မှတ်ချက်ပေး လိုက်မိသည်။

တစ်ချိန်တည်းမှာပင် အရိုးပုလွေကို မှုတ်နေသော မိုချင်းယွင်သည် ပါးစပ်မှ သွေးများ စီးကျလာသည်နှင့် တပြိုင်နက်၊ သူ့လက်ထဲရှိ အရိုးပုလွေမှာလည်း အက်ကွဲသွားလေပြီ။ ဤအရိုးပုလွေသည် သူ၏ သိုင်းဝိဉာဉ်ဖြစ်ပြီး နောက်ထပ် အနည်းငယ်သာ ပြင်းထန်ခဲ့ပါက၊ အသက်ရှင်ခွင့်ကို တိုက်ရိုက် ထိခိုက်သွားမည် ဖြစ်သည်။

ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာစေရန် စွမ်းအင်ကျင့်ကြံခြင်း နည်းစနစ်ကို လှည့်ပတ်နေသော ဝမ်နင်မှာ ပိုမို ပြင်းထန်သော ထိုးနှက်ချက်ကြောင့် သွေးသုံးလုတ် အန်ထုတ် လိုက်ရတော့သည်။

" တက်ခဲ့...... ''

မိုချင်းယွင်က အံကြိတ်ပြီး ဝမ်နင်လက်ကို လလှမ်းဆွဲကာ ဝက်ဝံဖြူ နောက်ကျောသို့ ပင့်တင်လျက် လျင်မြန်စွာ ပြေးထွက်သွားတော့သည်။

" နဂါးလေး..."

လင်းယွန်၏ အော်ဟစ်သံကြောင့် နဂါးသွေး မြင်းမှာ တောအုပ်အတွင်းမှ ပြေးထွက်လာ ခဲ့သည်။ လင်းယွန်က နဂါးသွေး မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး လီဝူယုကို ဆွဲတင်လိုက်သည်။ ထို့နောက် နဂါးသွေးမြင်းမှာ ကြက်သွေးရောင် အလင်းအဖြစ်သို့ ပြောင်းလဲသွားကာ တဟုန်ထိုး ပျောက်ကွယ်သွား လေသည်။

မြေပြင်မှာ ရုတ်တရက် တုန်ခါလာသည်ကြောင့် မိုချင်းယွင်၏ မျက်နှာမှာ ပြောင်းလဲသွားပြီး၊ လှည့်ကြည့်လိုက်ရာ ကြက်သွေးရောင် မီးလျှံတစ်စက ပြေးလိုက်လာသည်ကို တွေ့လိုက်ရ၏။ သူက မတုံ့ပြန်နိုင်မီတွင် ကြက်သွေးရောင် မီးလျှံသည် ဝက်ဝံဖြူကို ထိမှန်သွားကာ၊ ဝမ်နင်နှင့် မိုချင်းယွင်တို့ နှစ်ယောက်စလုံးကို ဝက်ဝံပေါ်မှ လွင့်စင် သွားစေခဲ့သည်။

ဝက်ဝံဖြူမှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် တွန်းလှဲခံလိုက်ရ သည်ကြောင့်၊ လဲကျနေရာမှ ချွန်ထက်သော သွားများကို ထုတ်ဖော်ကာ၊ ဟိန်းဟောက် လာ၏။ သူ့မျက်လုံးများတွင် သွေးနီရောင်များ ဖြစ်ပေါ်လာလျက် သတ်ဖြတ်လိုသော အသိကို ထုတ်ဖော်လာခဲ့သည်။

ထိုမြင်ကွင်းကြောင့် နဂါးသွေးမြင်းက ၎င်း၏ အထင်ကရ ခေါနေသော သွားကို ပေါ်လွင်စေသည့် အပြုံးဖြင့် လှောင်ပြောင် တုံ့ပြန်လိုက်သည်။ ရှေ့သို့ တိုးလာပြီး ဝက်ဝံဖြူပေါ်သို့ လေးလံသော ခြေသုံးချောင်းကို နင်းချလိုက်၏။ ပထမကန်ချက်က ဝက်ဝံဖြူကို နာကျင်စွာ အော်ဟစ်လာစေပြီး၊ ဒုတိယကန်ချက်မှာ အသံပျောက်ကွယ် သွားသည်အထိ ပြင်းထန်လှ၏။ တတိယမြောက် ကန်ချက်ကမူ တိုက်ရိုက် သတ်ပစ်လိုက်လေသည်။

လင်းယွန်နှင့် လီဝူယုက နဂါးသွေးမြင်းပေါ်မှ ဆင်းပြီး ဝမ်နင်နှင့်နှင့် မိုချင်းယွင် ဆီသို့ လျှောက်သွားလိုက်သည်။ အရွေးချယ်ခံတစ်ဦးဖြစ်သော မိုချင်းယွင်ကို ကြည့်ပြီး လင်းယွန်က ပြုံးကာ၊

" ဝမ်မျိုးနွယ်ရဲ့ လက်ပါးစေ ဖြစ်လိုတဲ့ ခွေးတွေက ရှားပါးပုံ မပေါ်ဘူးပဲ "

ဟု ဆိုလိုက်ရာ၊ မိုချင်းယွင်၏ ရင်ဘတ်ထဲတွင် ဒေါသဖြင့် ပူလောင်သွားခဲ့သည်။

“ငါက သတိလက်လွတ်ဖြစ်နေလို့ မင်းကံကောင်း သွားတယ် မှတ်ပါ၊ မင်းလို ပဉ္စမအဆင့် တစ်ယောက်ကို သတ်ရတာ ကြက်သတ်ရတာထက် ပိုလွယ်တယ် ”

" မင်း အမေကို သတ်...... "

လီဝူယုက ရှေ့သို့ တိုးလာပြီး မိုချင်းယွင်ကိုလှမ်းကန်လိုက်သည်။

သိုင်းဝိညာဉ်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော မိုချင်းယွန်မှာ လုံးဝ မလှုပ်ရှားနိုင်သောကြောင့် အံကြိတ်လျက် ကန်ချက်ကို ထိမှန် ခံလိုက်ရသည်။

လင်းယွန်က မိုချင်းယွင်အား လျစ်လျူရှုလိုက်ကာ၊ ဝမ်နင်ကို လှည့်ကြည့်လိုက်၏။

ဝမ်နင်၏ ဒဏ်ရာမှာ ပို၍ ပြင်းထန်လာသည်ကြောင့် အံကြိတ်ကာ တိတ်ဆိတ် နေခဲ့သည်။

" မိုးနတ်မင်းကြီးက မင်းကို သေစေချင်နေတာကြောင့် ငါ့ကို အပြစ်မတင်ပါနဲ့ "

လင်းယွန်က ဝမ်နင်၏ ခေါင်းကို ဓားဖြင့် ပိုင်းချလိုက်သည် ။ သို့သော် ရုတ်တရက် ကောင်းကင်မှ ပြင်းထန်သော လေပွေတစ်ခုသည် လင်းယွန်၏ ရှေ့သို့ ဆင်းသက် လာခဲ့လေသည်။ လေထဲတွင် အကန့်အသတ် မရှိသော ဓားရောင်ဝါများက လင်းယွန်နှင့် လီဝူယုတို့ အား ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ် သွားစေခဲ့သည်။

လေပြင်းများ ငြိမ်သက်သွားပြီးနောက် ဓားငှက်တစ်ကောင်မှာ ကောင်ကင်မှ ထိုးဆင်း လာတော့သည်။ အကြီးအကဲတစ်ဦးက ဓားငှက်ပေါ်တွင် မတ်တပ်ရပ် လျက်ဖြင့် လင်းယွန်ကို စိုက်ကြည့် နေခဲ့လေသည်။

"ငါ့ကိုကယ်ပါ အကြီးအကဲ"

ဝမ်နင်က ထိုအကြီးအကဲထံသို့ ပြေးသွားကာ အသနားခံ လိုက်သည်။

လင်းယွန်၏ ဒေါသမှာ တောက်လောင်လာပြီး၊ ပန်းသင်္ချိုင်းဓားကို မြှောက်ကာ ဝမ်နင်ထံသို့ ပစ်ထုတ်လိုက်သည်။

" ရိုင်းပျလိုက်တာ..... "

အကြီးအကဲက သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ၊ လှိုင်းများ ဖြစ်ပေါ်လာစေပြီးနောက်၊ ပန်းသင်္ချိုင်းဓားကို ဟန့်တားလိုက်လေသည်။

" လင်းယွန်က ငါ့ကို သတ်ဖို့ ကြိုးစားနေတယ်၊ စီနီယာအစ်ကိုမိုက ဒီမှာ ငါ့သက်သေပဲ "

ဝမ်နင်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး၊ လင်းယွန်ကို ပမာမခန့် လှမ်းကြည့်လိုက်သည်။

"လင်ယွန်က ရူးသွပ်နေပြီ၊ သူက ငါတို့ကို ခိုးဝင် တိုက်ခိုက်ခဲ့ပြီး ငါ့ရဲ့ သိုင်းဝိညာဉ်ကိုတောင် ပျက်စီးစေခဲ့တယ် "

မိုချင်းယွင် က အေးစက်စွာဖြင့် ဝမ်နင်၏ စကားကို ထောက်ခံလိုက်သည်။

အကြီးအကဲက ဓားငှက်ပေါ်တွင် ငြိမ်သက်စွာရပ်နေလျက်မှ ငုံ့ကြည့်လိုက်ကာ၊

"လင်းယွန်၊ မင်းက နတ်ဆိုးသားရဲတွေကို အမဲလိုက်ရမယ့်အစား မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ "

ဟုမေးမြန်းလိုက်သည်။ လင်းယွန်က ပြန်မဖြေ နိုင်ခင်မှာပင်၊ လန်းမို၏ အဖွဲ့မှာ အပြေးအလွှား ရောက်ရှိ လာခဲ့သည်။ အကြီးအကဲကို တွေ့မြင်ပြီးနောက် ခဏမျှ မှင်တက်သွားပြီး၊

“ လင်းယွန်က အရွေးချယ်ခံ လေးယောက်ကို သတ်ပစ်ခဲ့ပြီး သူတို့ရဲ့ ဆွဲသီးအားလုံးကို လုယူသွားခဲ့တယ်၊ အစကတည်းက ဒီလိုလုပ်ဖို့ သူရည်ရွယ် ထားတယ်လို့ ထင်ပါတယ်။”

" မင်းတို့တွေ အရှက်ရှိကြသေးရဲ့လား... ဟမ် ဘယ်သူက ဘယ်သူ့ကို သတ်ဖို့ ကြိုးစားနေတာလဲ၊ အစ်ကိုကြီးလင်းနဲ့ ငါကသာ သန်မာတဲ့ အင်အားမရှိရင် ငါတို့ အခု သေသွားလိမ့်မယ် ”

" လင်းယွန်က ဒီအကြီးအကဲ ရှေ့တင် ငါ့ကိုသတ်ဖို့တောင် သတ္တိရှိသေးတယ်၊ သူ့စကားတွေကို ယုံလို့ မရပါဘူး အကြီးအကဲ၊ ဒီလို အရှက်မရှိတဲ့ လူက ဂိုဏ်းအတွက် ရှက်စရာပါ၊ သူ့ကို ဒီနေရာမှာတင် သတ်ဖို့ ငါအကြံပေးပါရစေ အကြီးအကဲ ... "

ဝမ်နင်က အနိုင်ရသူ တစ်ယောက်လို ညစ်ကျယ်ကျယ် ပြုံးလိုက်လေသည်။

***

All Chapters