← Chapters

ကယ်တင်ခြင်း။

Vol. 14 Ch. 184

ကယ်တင်ခြင်း။

Vol. 14 Ch. 184

နောက်ရက် အနည်းငယ် အကြာ ကျင့်ကြံနေ ကြပြီး၊ ညဘက်တွင် နဂါးသွေး မြင်းကို နတ်ဆိုး သားရဲ များအား အမဲလိုက် စေခဲ့သည်။ သတိ မထား မိခင်မှာပင် အချိန် လဝက်နီးနီး ကုန်လွန် သွား၏။

တောအုပ်အတွင်း တိုက်ပွဲများမှာ အထွတ် အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ပို၍ သတိထား လာကြ၏။

လူတိုင်းက နတ်ဆိုး သားရဲ များကို အမဲလိုက်ခြင်းမှ ရရှိလာသော စွမ်းအင်မှာ ၎င်းတို့၏ ကြယ်များကို တိုးတက်လာစေရန် များစွာ နှေးကွေးလွန်း သည်ကို သတိပြု မိသွား ကြသည်။ ထို့ကြောင့် ကျောက်စိမ်းဆွဲသီးများကို လုယူရန် တိုက်ပွဲများ ဆင်နွှဲလာခဲ့ ကြ၏။

ထိုသို့ ဖြစ်နေစဉ် လဝက်အတွင်း လင်းယွန်က အဖြူရောင် ဆေးလုံးနှစ်လုံး အကူအညီဖြင့် သူ၏ ကျင့်ကြံမှုကို အမြင့်ဆုံးသို့ ယူဆောင်လာနိုင်သည်။ ထို့အပြင်၊ လီဝူယုမှာလည်း ဆေးလုံးအကူအညီဖြင့် ရှန်ရှင်းသတ္တမ အဆင့်သို့ ရောက်ရှိခဲ့သည်။

ဤအခိုက်အတန့်တွင်၊ နက်နဲနယ်ပယ်ရောက် နတ်ဆိုးသားရဲ တစ်ကောင်ဖြစ်သော တစ္ဆေမိစ္ဆာနွားရိုင်းသည် တောအုပ်တစ်နေရာ၌ လူငယ်တစ်ဦး နောက်သို့ လိုက်ပါနေသည်။

တစ္ဆေမိစ္ဆာ နွားရိုင်းတွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး ကျယ်လောင်သော အသံနှင့်အတူ ပြေးလွှားကာ ရူးသွပ်သွားခဲ့သည်။

ဖြစ်ပေါ် လာသော ငလျင် အသေးစားမှာ ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ယိမ်းထိုး သွားစေ၏။

( တစ္ဆေမိစ္ဆာနွားရိုင်း = ဂရိတ်သွန်းနွားသိုး)

နောက်ကျောတွင် ဓားသေတ္တာကို ထမ်းပိုးထားသော လူရိပ်မှာ တစ္ဆေမိစ္ဆာ နွားရိုင်း၏ အမဲလိုက် ခံရမှုအပေါ် ထိတ်လန့်သော လက္ခဏာ မပြခဲ့ပေ။

သို့သော် ရှေ့မှ ပြေးလွှားနေသော လူရိပ်က ရုတ်တရက် ရပ်တန့်သွားကာ၊ ရက်စက် ကြမ်းကြုတ်သော အစွမ်းသတ္တိကြောင့် လူသိများလှသည့် တစ္ဆေမိစ္ဆာနွားရိုင်း ကြီးအား လက်သီးဖြင့် ထိုးပစ်လိုက်သည်။

ပျံသန်းနေသော နဂါး, ပုန်းကွယ်နေသော ကျား။

နဂါးနှင့် ကျားတစ်ကောင်ကို လက်သီးဖြင့် ပေါင်းစပ်ပြီးနောက် တစ္ဆေမိစ္ဆာ နွားရိုင်းကြီးကို ထိုချလိုက်ချိန်တွင်၊ လူငယ်၏ ခံ့ညားသော ရောင်ဝါမှာ ထွက်ပေါ် လာတော့သည်။

ကျယ်လောင်သော ပေါက်ကွဲမှုနှစ်ခုက တစ္ဆေမိစ္ဆာ နွားရိုင်းကို ပျံသန်း သွားစေခဲ့သည်။

" သေ စမ်း ..... "

ချောင်းမြောင်း စောင့်ဆိုင်းနေသော အခြားလူငယ်တစ်ဦးက သူ၏ ဓားကို ထုတ်ကာ လေထဲ၌ လွင့်စင်လာသော နတ်ဆိုးသားရဲ၏ ခေါင်းကို ပိုင်းဖြတ်ပစ် လိုက်လေသည်။

ထိုလူရိပ် နှစ်ရိပ်မှာ သဘာဝအတိုင်း လင်းယွန်နှင့် လီဝူယု ဖြစ်ပြီး၊ ပြီးခဲ့သော နှစ်ပတ်အတွင်း၊ နဂါးသွေးမြင်း၏ ပံ့ပိုးမှုဖြင့် နက်နဲနယ်ပယ်မှ နတ်ဆိုးသားရဲများကို သတ်ဖြတ်ရန် သင်ယူခဲ့ကြသည်။

'' ခ လောက်ခွပ်...ခ လောက်ခွပ်၊ ခလောက်ခွပ် ''

နဂါးသွေးမြင်းသည် ၎င်း၏ ခေါထွက်နေသော သွားတစ်ချောင်းကို ပေါ်လွင်အောင် ပြုံးပြကာ၊ တစ္ဆေမိစ္ဆာ နွားရိုင်း၏ သားရဲအမြုတေအား မျိုချ ပစ်လိုက်သည်။

လီဝူယုက မနာလိုဟန်ဖြင့် လင်းယွန်ကို ကြည့်လိုက်ကာ၊

" မင်းရဲ့ ခန္ဓာကိုယ်က တကယ်ကို အစွမ်းထက်တယ်... နက်နဲနယ်ပယ်ကို ရောက်တဲ့အခါ မင်းရဲ့ အထွတ်အထိပ် ခွန်အားကို ငါ တွေးလို့ မရနိုင်ဘူး"

“ မင်းငါ့ကို အားကျမနေနဲ့၊ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်က မပြည့်စုံတဲ့ နည်းစနစ် ဖြစ်တာကြောင့် မင်းက ကျွမ်းကျင်နိုင်မှာ မဟုတ်ဘူးလို့ ငါပြောနိုင်ပါတယ်။"

လီဝူယုက ရယ်မောလိုက်၏။ ၎င်းကို ကျင့်ကြံရန် မည်မျှ ပေးဆပ်ရမည်ကို သဘာဝကျကျ သိထားသည်။ ထို့ကြောင့် လင်းယွန်၏ စကားကို ပြန်လည် ချေပခြင်း မပြုပဲ၊

“ ဒါက သတ္တမမြောက် နက်နဲသားရဲကောင်ပဲ…”

ဆိုသည့် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

“တဖြည်းဖြည်း ပိုခက်လာမယ်ဆိုတာ သေချာပါတယ်”

- ဟု လင်းယွန်က ပြောလာသည်။

စမ်းသပ်ချက် အောင်နိုင်ဖို့အတွက် လိုအပ်သော အချက် နှစ်ချက် ရှိသည်။ ပထမတစ်ချက်မှာ ကျောက်စိမ်းဆွဲသီး၌ ကြယ်လေးပွင့်ရှိ နေရန် ဖြစ်ပြီး၊ ဒုတိယအချက်မှာ တောအုပ်အတွင်းမှ အသက်ရှင်လျက် ထွက်ခွာ နိုင်ဖို့ရန် ဖြစ်သည်။

သို့သော် ကောင်းကင်လွင်ပြင်ရှိ တောအုပ်မှာ နက်ရှိုင်းလှသည် ဖြစ်ရာ၊ လမ်းတစ်ဝက်ခန့်တွင်ပင် ရင်ဆိုင်နေရသော နတ်ဆိုးသားရဲများ မှာ၊ နက်နဲနယ်မြေထဲသို့ ရောက်ရှိ နေခဲ့သည်။

အကယ်၍ ကံမကောင်းသော သူများအတွက် နက်နဲနယ်ပယ်ရောက် နတ်ဆိုး သားရဲများနှင့် တစ်ပြိုင်နက်တည်း၊ တွေ့ကြုံရပါက ၎င်းတို့အတွက် ဒုက္ခ ဖြစ်ပေလိမ့်မည်။ နတ်ဆိုးသားရဲများ အပြင်၊ အခြားသော ကျင့်ကြံသူများ၏ ရန်လိုခြင်း အတွက်လည်း နိုးကြားနေ ခဲ့ရသည်။

ဤစမ်းသပ်မှု ခရီးစဉ်တွင် အားနည်းသော ကျင့်ကြံသူ အများစုကို စစ်ထုတ် ဖယ်ရှားနိုင်ခဲ့၏။

တစ္ဆေမိစ္ဆာ၏ အလောင်းကို ကိုင်တွယ် ဖြေရှင်းပြီးနောက်၊ လင်းယွန်က၊

“ ငါ တစ်ခုခုတော့ ကြားပြီ ထင်တယ်…”

" အေး ငါလည်း ကြားတယ်၊ သွားကြည့်ရအောင်။"

-ဟု လီဝူယုက တုန့်ပြန်လိုက်ပြီး၊ နှစ်ယောက်သား ကောင်းကင်သို့ ခုန်တက် သွားခဲ့သည်။ အချိန်အတော်ကြာ ရှာဖွေခဲ့ရ ပြီးနောက်၊ အသံများ ထွက်ပေါ် လာရာကို တွေ့မြင် လိုက်ရသည်နှင့်၊ လီဝူယုမှာ ခဏတာ အံ့အားသင့်သွားပြီး၊

" အစ်ကိုလင်း၊ ဒါက ငါတို့ရဲ့ သူငယ်ချင်းဟောင်းပဲ ..."

တောင်ကြားအတွင်း၌ လီရွှမ်ရှင်း၏ အဖွဲ့သည် သံမိစ္ဆာဝံပုလွေ အုပ်စုအတွင်း၌ ပိတ်မိ နေခဲ့သည်။ သံမိစ္ဆာ ဝံပုလွေ အကောင်နှစ်ဆယ်ကျော်က သူတို့ကို ဝိုင်းပတ် ဟိန်းဟောက် နေခဲ့ကြပြီး၊ တစ်ခါတစ်ရံတွင် ၎င်းသားရဲများ အတွင်းမှ စိတ်မရှည်သောတစ်ကောင်တစ်လေမှာ လီရွှမ်ရှင်း၏ အဖွဲ့ထံသို့ ပြေးဝင် တိုက်ခိုက် လာတက်သည်။

သံမိစ္ဆာဝံပုလွေများမှာ နက်နဲနယ်မြေရှိ နတ်ဆိုးသားရဲ များထဲတွင် အားအနည်းဆုံး သားရဲများ ဖြစ်သည်။ သို့သော် အုပ်စုဖွဲ့တိုက်ခိုက်ရာတွင် များစွာ ကြောက်စရာ ကောင်းလှပေသည်။

မြေပြင်ပေါ်တွင် လတ်ဆတ်သော အလောင်းအချို့ ရှိသော်လည်း၊ သံမိစ္ဆာ ဝံပုလွေများမှာ ကောင်းစွာ ထိန်းချုပ် ခံထားရ သောကြောင့် နောက်တဆုတ်ဆုတ်ဖြင့် ရွေ့လျားနေကြသော လီရွှမ်ရှင်း အဖွဲ့ထံသို့ လိုက်ပါ မတိုက်ခိုက်ရဲချေ။ မဝေးလှသော တောင်စောင်းတစ်ခုပေါ်တွင် အရပ် နှစ်မီတာ နီးပါးရှိသော သံမိစ္ဆာ ဝံပုလွေ ခေါင်းဆောင်က ရပ်လျက်၊ လီရွှမ်ရှင်းတို့၏ အဖွဲ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

"ဒီကောင်တွေက တကယ်ကို ကံမကောင်းတာပဲ"

လင်းယွန်က နှာခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။

သံမိစ္ဆာဝံပုလွေများသည် ၎င်းတို့၏ သားကောင်များကို အချိန် အတော်ကြာ လေ့လာထားမည် ဖြစ်သောကြောင့် တိုက်ခိုက်မှုများ အတွင်းမှ ရှင်သန် လွတ်မြောက်ရန်အခွင့်အရေး မရှိနိုင်သည်မှာ သေချာလှ ပေသည်။

" ငါတို့က သူတို့ကို ကယ်မှာလား။"

လီဝူယုက လီရွှမ်ရှင်းတို့၏ အဖွဲ့ကို ကြည့်ကာ၊ မေးလိုက်သည်။ လင်းယွန်က၊

" စီနီယာအစ်မရှင်းယန် ကိုယ်စား သူတို့ကို ကယ်တင် ကြရအောင်၊ ငါတို့က သားရဲခေါင်းဆောင်ကို သိုင်းသုံးကွက် တိုက်ခိုက်ပြီးတာတောင် မောင်းမထုတ်နိုင်ရင် ချက်ချင်း ပြေးကြမယ်။”

ရှင်းယန်မှာ သူမ၏ အရွေးချယ်ခံများ သေဆုံးသွားပါက ဝမ်းနည်း နေမည်ကို သိသည်။ သို့သော် သားရဲခေါင်းဆောင်ကို သုံးကြိမ်အတွင်း ဖယ်မထုတ်နိုင်ပါက၊ သံမိစ္ဆာဝံပုလွေ အုပ်စုမှ အပြည့်အဝ လက်တုံ့ပြန်မှုကို ရင်ဆိုင်ရ ပေလိမ့်မည်။ နက်နဲသားရဲ အကောင် နှစ်ဆယ်ကျော် အဝိုင်းခံရပါက လွတ်မြောက်ရန် နည်းလမ်းမရှိချေ။ လီရွှမ်ရှင်းတို့ကို ကယ်တင်ခြင်းမှာ အရေးကြီး လှသော်လည်း၊ သူတို့၏ ရှင်သန်မှုမှာ ပို၍ အရေးကြီး လေသည်။

" ကောင်းပြီ ငါတို့ စကြမယ်"

သူတို့နှစ်ယောက်က လှုပ်ရှားမှု မစခင် အချိန်အနည်းငယ်ကြာ ဆွေးနွေးလိုက်ကြသည်။

" ငါအရင် သွားလိုက်မယ်။ "

လီဝူယုက ဝံပုလွေခေါင်းဆောင် ဆီသို့ အရှိန်အဝါကို ဖုံးကွယ်လျက် တိတ်တဆိတ် တိုးကပ် သွားခဲ့သည်။ လီဝူယု ထွက်ခွာသွားပြီးနောက် လင်းယွန်၏ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှာ ပွင့်လန်းလာသည်။ ပွင့်ချပ် သုံးဆယ့်တိတိ ပွင့်လန်းလာပြီးနောက် ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအင်များ ဆူပွက် လာလေသည်။

ဝံပုလွေခေါင်းဆောင်ကို လျှော့မတွက်ဝံ့ချေ။ သူ၏ ခွန်အားမှာ ကြောက်မက်ဖွယ် နက်နဲနယ်ပယ်၏ ပထမအဆင့် ပါရမီရှင် တစ်ဦးနှင့် နှိုင်းယှဉ် နိုင်သည်။

မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကို ပြောင်းလဲလိုက်စဉ် မွှေးညှင်းပေါက်များ မှတဆင့် ကြက်သွေးရောင် မီးတောက်များ တောက်လောင်လာသည်။ ကုန်းစောင်းပေါ်ရှိ ဝံပုလွေခေါင်းဆောင်က လင်းယွန်၏ အကြည့်ကို သတိပြုမိသွာကာ ခေါင်းကို လှည့်ကြည့်လိုက်သည်။

ကျား-နဂါးစွမ်းအားကို ထုတ်ဖော်လိုက်သောအခါ သူ၏ အရှိန်အဝါမှာ သတ္တမအဆင့်ထိ မြင့်တက်သွားပြီး နက်နဲနယ်ပယ်သို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။ အမာနှင့် ပျော့ပျောင်းသော စွမ်းအင်ကို အသုံးပြု၍ လေထဲ ဖြတ်သန်းလာရာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ ရာဂဏန်း အကွာအဝေးကို ဖြတ်ကျော် နိုင်ခဲ့သည်။

အချိန်နည်းငယ် အတွင်းမှာပင် လင်းယွန်၏ အရှိန်အဝါမှာ ဝံပုလွေ ခေါင်းဆောင်ကို ဖုံးလွှမ်းသွားခဲ့သည်။ ဝံပုလွေ ခေါင်းဆောင်က လေထု အပြောင်းအလဲ အတွင်းမှ အန္တရာယ် အငွေ့အသက်ကို အာရုံခံ မိသွားကာ ၊ အော်ဟစ်လိုက်သည်။

သို့သော် လင်းယွန်က မြေပြင်ပေါ်သို့ ဆင်းသက် လိုက်သော အခါတွင် ထာဝရနတ်ဘုရားတံဆိပ်တော်ကို ဖန်တီးပြီး ဖြစ်ပြီး၊ အကန့်အသတ်မရှိသော ဝိညာဉ်စွမ်းအင်များကို သူ့လက်ပေါ်သို့ စုဆောင်းလိုက်သည်။ တမဟုတ်ချင်းမှာပင် သူ့လက်များတွင် ပေါက်ကွဲနေသော မီးတောင်ကဲ့သို့ စွမ်းအားများဖြင့် ပြည့်လျှံလာ၏။

ဝံပုလွေခေါင်းဆောင်က ၎င်း၏ ခြေသည်းများကို မြောက်ကာ ကြီးမားသော နဂါးငွေ့တန်းကြီးကို ခေါ်ယူခဲ့သည်။ စွမ်းအင်လှုပ်ခတ်မှု လှိုင်းများ ထွက်ပေါ် လာပြီးနောက်၊ ဒေါသတကြီး အော်ဟစ်ကာ ၎င်း၏ နောက်ခြေဖြင့် မြေကို စောင့်နင်းလျက် လေထုထဲရှိ လင်းယွန်ထံသို့ တိုးဝင် သွားလေသည်။

အနက်ရောင်လျှပ်စီး လက်သွားသလိုမျိုး၊ ခြေသည်းများ၏ သန်မာလှသော အဟုန်ကြောင့် ထိမှန်ပါက၊ ကြောက်မက်ဖွယ် သေခြင်း တရားဖြင့် အဆုံးသတ် ရပေလိမ့်မည်။

သို့သော် လင်းယွန်က သူ့ဆီသို့ တိုးဝင် လာနေသော ဝံပုလွေ ခေါင်းဆောင်ကို မကြောက်မရွံ့ စိုက်ကြည့်လိုက်ကာ၊ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ခြေလှမ်း ကိုးလှမ်းကိုလှမ်းယူလိုက် ပြီးနောက်တွင်၊ ထာဝရနတ်ဘုရားတံဆိပ်မှာ ကျားနဂါးလက်သီးကို ကြားခံပြုလျက် ပေါက်ကွဲ ထွက်ပေါ် လာလေသည်။

'' ဘန်း......... ''

ရလာဒ်အနေဖြင့် ဝံပုလွေ လက်သည်းများ၏ ရိုက်ခတ်မှုကြောင့် မီတာ အနည်းငယ်ခန့် လွင့်စင်သွားပြီးနောက်၊ လင်းယွန်က မြေပြင်ပေါ်မှ လူးလဲ ထလာခဲ့သည်။ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်၏ အော်သံများမှာ ကျယ်လောင်လာပြီး အတွင်းအင်္ဂါများ အနှံ့ ဖြန့်ကျက် လာလေသည်။ ထုံကျင်သွားသော ညာဘက်လက်ကို ရမ်းခါလိုက်ပြီး၊

" မင်းက တော်တော် သန်မာတဲ့ ကောင်ပဲ "

ဟု ရေရွတ် လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသော်လည်း ပြင်းထန်သော ဒဏ်ရာများ မရရှိခဲ့ပေ။ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ဖြင့် အားသာချက်ကို ပြသခဲ့သည်။

ဝံပုခေါင်းဆောင်က နောက်ပြန် လွင့်စင်သွားသော လင်းယွန်ဆီသို့ လိုက်ပါ တိုက်ခိုက်ရန်ပြင်နေစဉ်မှာပင်၊ အန္တရာယ် အငွေ့အသက်ကိုလေထုထဲမှ ထပ်မံ ရရှိလိုက်ပြန်သည်။ မျက်လုံးသုံလုံး နှင့်တူသော ကြယ်တာရာ သုံးစင်းသည် အရံကြယ်များ ခြံရံလျက် နဂါးငွေ့တန်း သုံးသွယ်သဖွယ် ကောင်းကင်၌ ထွက်ပေါ် လာတော့သည်။

"ဟီး... သိပ်နောက်ကျသွားပြီ "

လီဝူယုက လှောင်ပြောင်ဟန်ဖြင့်၊ အော်ဟစ်လိုက်သည်။

လနှင့် ကြယ်တာရာ ဆင်းသက်လာခြင်း — နဝမမြောက်ဓား။

လီဝူယုက အော်ဟစ်လိုက်ပြီး၊ ကြယ်ရောင်တောက်ပနေသော ဓားဖြင့် ဝံပုလွေခေါင်းဆောင်၏ လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။ သို့သော် ဓားမှာ ၎င်း၏ အရေပြားအတွင်းသို့ လက်မဝက်ခန့်သာ ထိုးဖောက်နိုင်ခဲ့သည်။ နာကျင်စွာ အသံပြုလိုက်ပြီး၊ ဝံပုလွေ ခေါင်းဆောင်၏ လည်ပင်းမှ သွေးများ စီးကျလာကာ၊ လီဝူယု ရင်ဘတ်ကိုခြေသည်းဖြင့် ကုတ်ခြစ် ပစ်လိုက်လေသည်။

လီဝူယု နှုတ်ခမ်းမှ သွေးစများ ယိုစီးကျလာပြီး၊ နောက်အခိုက်အတန့်တွင် ဝံပုလွေသားရဲ၏ ထပ်မံ တိုက်ခိုက်လာမှု များကို လွတ်မြောက်အောင် ရှောင်တိမ်းနိုင်ခြင်း မရှိတော့ချေ။ သို့သော် နဂါးသွေးမြင်းက ပြေးဝင် တွန်းထုတ် လိုက်ကာ၊ ဝံပုလွေ သားရဲကို ကန်ကျောက်လျက် ဦးခေါင်းအား နင်းချေလိုက်လေသည်။

"ဟီး.... ငါ့ကိုယ်ငါ သတ်လုနီးပါး ပဲ ”

လီဝူယုက နှုတ်ခမ်းထောင့်စွန်းရှိ သွေးများကို သုတ်လိုက်ပြီး ချိုင့်ဝှမ်းအတွင်းသို့ လှည့်ကြည့်ကာ ကြောက်လန့်သွားပြီး၊

“ အစ်ကိုလင်း ဝံပုလွေတွေ ရောက်လာပြီ”

ဟု အော်ဟစ် သတိပေး လိုက်သည်။

လင်းယွန်က သူတို့၏ ဦးတည်ရာသို့ အားဖြည့်ကူရန် ပြေးဝင်လာသော ဝံပုလွေအုပ်စုထံ လှည့်ကြည့် လိုက်သည်။

"မင်းတို့က သေလမ်းကို ရွေးလိုက်တာပဲ ''

သူ့လက်ချောင်းများဆီမှ ခရမ်းရောင် ဓားအလင်း နှစ်စသည် ရှေ့ဆုံးက ပြေးဝင်လာသော သံမိစ္ဆာ ဝံပုလွေ နှစ်ကောင်ကို ထိမှန်သွားကာ၊ နောက်ပြန် လွင့်စင်နေလျက်ဖြင့် တခြားသော ဝံပုလွေများကို ဝင်တိုက်မိသွား၏။

လင်းယွန်က လက်ကို ယမ်းလိုက်ပြီး သူ့နောက်ကျောရှိ ဓားသေတ္တာကို ဖွင့်လိုက်၏။ ပြင်းထန်သော လေခွင်းသံ နှင့်အတူ ပန်းသင်္ချိုင်းဓားကို ဆွဲကိုင်လိုက်ပြီး ဓားရိပ် (၈၁)ရိပ်ကို ထုတ်ဖော်လာသည်။

သုံးကြိမ်တိုင်တိုင် ဓားဖြင့် ထိုးခုတ်လိုက်စဉ် ရာနှင့်ချီသော ဓားရိပ်များ ဖြစ်ပေါ်လာပြီး၊ လျှပ်စီးလက်သလို မြည်ဟိန်းသွားသည်။

အားယူပြေးဝင်နေသော ဝံပုလွေအုပ်စုမှာ ဓားဖြင့် အတင်းအကြပ် ခွဲခံလိုက်ရပြီး ၎င်းတို့၏ ဖွဲ့စည်းပုံကို ပရမ်းပတာ ဖြစ်လာစေခဲ့၏။ သို့သော် ဝံပုလွေများသည် ၎င်းတို့၏ ဒဏ်ရာများကို ဂရုမစိုက်ပဲ၊ ချက်ချင်း ပြန်စုဖွဲ့ကာ ပြေးတက် လာပြန်သည်။

" မင်းတို့ရဲ့ ခေါင်းဆောင်ဝံပုလွေက သေနေပြီ၊ ထွက်သွား ကြစမ်း "

ဝံပုလွေတိုင်က သူ့စကားကို နားမလည်် နိုင်သော်လည်း လီဝူယုက အော်ဟစ်လိုက်သည်။ ဝံပုလွေသားရဲ၏ ခေါင်းကို ဆွဲကိုင်ကာ ဓားဖြင့် ခုတ်ဖြတ်လိုက်ပြီး၊ နဂါးသွေးမြင်းပေါ် ခုန်တက် လိုက်၏။ ဦးခေါင်းပြတ်သွားသော ဝံပုလွေ ခေါင်းဆောင်မှာ မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး သွေးများ ပန်းထွက် လာခဲ့သည်။

လီရွှမ်ရှင်းနှင့် သူ့အဖွဲ့မှာ ထိုမြင်ကွင်းကြောင့် အံသြသွား၏။ လွန်ခဲ့သော ရက်များအတွင်း နှိမ့်ချ ရှုမြင်ခဲ့သော လူနှစ်ဦးသည် သူ့တို့အား လာရောက် ကယ်တင် ခဲ့ပေသည်။

***

All Chapters