← Chapters

ရှင်သန်ရန် အခွင့်အရေး မရှိပါ။

Vol. 14 Ch. 185

ရှင်သန်ရန် အခွင့်အရေး မရှိပါ။

Vol. 14 Ch. 185

လီဝူယု၏ လုပ်ရက်သည် ဝံပုလွေ အုပ်စုအတွင်းရှိ လီရွှမ်ရှင်း အဖွဲ့၏ ပြဿနာကို ဖြေရှင်းပေးခဲ့သည်။ လင်းယွန်က နဂါးသွေးမြင်းပေါ်တွင် ထိုင်နေသော လီဝူယု၏ ရင်ဘက်ရှိ ဒဏ်ရာကို လှမ်းကြည့်လိုက်သည်။

ဝံပုလွေ ခေါင်းဆောင်နှင့် တိုက်ခိုက် ခဲ့ပြီးနောက် သူ့လက်မောင်းတစ်လျှောက် ထုံကျင် နေသေးသည် ဖြစ်ရာ၊ လီဝူယု ရင်ဘက်ပေါ်မှ ထိုခြေသည်းမှာ မည်မျှ အန္တရာယ်ရှိနိုင်မည်ကို သူနားလည်ပေသည်။

" ဘာလို့ ဒီဒဏ်ရာတွေနဲ့ မော်ကြွားဖို့ ကြိုးစားနေရတာလဲ၊ ဆင်း ..... ''

"ဟီးဟီး ......"

လီဝူယုက ရယ်မောလိုက်ပြီး၊ဝံပုလွေ၏ ဦးခေါင်းပြတ်ကို ဆုပ်ကိုင်လိုက်သော အခါတွင်ကြွားဝါ လိုဟန်များ အလိုလို ထွက်ပေါ်လာသည်။

" အဟီး ဒါက နဂါးလေး ရဲ့ ကျေးဇူးပဲ၊မဟုတ်ရင် ငါ အခု သေသွားလိမ့်မယ်။ ''

သူတို့နှစ်ယောက်သား အချိန်အတော်ကြာအောင် စီစဉ်ထားပြီး ဖြစ်နိုင်သမျှ မတော်တဆမှု များကိုပင် ထည့်သွင်း စဉ်းစားခဲ့ကြသည်။သို့သော် မည်မျှ စေ့စပ်သော အစီအစဉ် ဖြစ်သော်လည်း၊ ပြီးပြည့်စုံခြင်းဟူသည် မရှိနိုင်ချေ။ ဝံပုလွေ၏ လည်ပင်းအရေပြားမှာ ဤမျှ မာကျောလိမ့်မည်ဟု သူတို့က မမျှော်လင့် ထားမိကြပေ။

နဂါးသွေးမြင်းသည် လင်းယွန်အား ၎င်း၏ ပါးစပ်တွင် ကိုက်ဖြတ်ထားသော သားရဲအမြုတေကို ပေးလာသည်။ သားရဲအမြုတေတွင် ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြည့်နှက်နေပြီး၊ မရိုးရှင်းလှကြောင်း နဂါးသွေးမြင်းမှ ခံစားမိသည်။

" ငါတို့က ဝံပုလွေခေါင်းဆောင်ကို လျှော့တွက်မိတာပဲ ..... "

လင်းယွန်က သားရဲအမြုတေကို ကိုင်ကာ သူ့လက်ထဲတွင် ကစားလိုက်သည်။သူ တို့နှစ်ယောက်စလုံးက ဝံပုလွေတစ်အုပ် လုံးကို လျှော့တွက်ခဲ့ မိသည်။လီဝူယုသည်သာ ဝံပုလွေ၏ ခေါင်းကို အချိန်မီ မဖြတ်နိုင်ပါက ဝံပုလွေများမှာ ဝိုင်းရံလာနိုင် ပေလိမ့်မည်။

'' ... ဒါက မင်း ရသင့်တယ်၊ "

လင်းယွန်က အဖိုးတန် သားရဲ အမြုတေကို လီဝူယုထံ ပစ်လွှတ်လိုက်ပြီး ပြုံးလိုက်၏။

" မလုပ်နဲ့....မင်းအတွက် လိုအပ်နေတယ် ''

လီဝူယုက တုံ့ဆိုင်းမနေပဲ ငြင်းလိုက်သည်။

ဝှစ် ဝှစ်။

လီရွှမ်ရှင်းနှင့် အဖွဲ့က ရှက်ရွံ့ဟန်ဖြင့် လင်းယွန်တို့ထံ ပြေးဝင်လာသည်။ ဤနယ်မြေမှအလျင်အမြန် ထွက်ခွာ သွားလို ခဲ့သော်လည်း၊ လင်းယွန်နှင့် လီဝူယုတို့မှ ကယ်တင်ခဲ့ သည့်အတွက် ကျေးဇူးတင် ရပေဦးမည်။သူတို့က ဝိုင်းရံခံရပြီးနောက် ဝံပုလွေများမှာ မည်မျှ ကြောက်စရာ ကောင်းလှသည်ကို သိမြင်လိုက်ရ၏။

လင်းယွန်နှင့် လီဝူယုတိုက ဝံပုလွေခေါင်းဆောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ကြသော်လည်း တိုက်ပွဲမှာ မည်မျှ အန္တရာယ်ရှိသည်ကို သိရှိထား ကြသည်။

'' မင်းတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ''

'' ဟားဟားဟား၊ မင်း ငါတို့ကို သူစိမ်းတွေလို ဆက်ဆံနေတာလား၊ ငါတို့ နှစ်ယောက်လုံးက စီနီယာအစ်မ ရှင်းယန်ရဲ့ ဂျုနီယာတွေပါ၊ စီနီယာအစ်ကိုနဲ့ ဂျူနီယာညီလေး ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ချဲ့ကားပြောနေစရာ မလိုပါဘူး ''

ဟု လီဝူယုက လှောင်ပြောင်လိုက်သည်။ ကျေဇူးတင် စကားပြောဆိုရန် ရောက်ရှိလာသော လီရွှမ်ရှင်းကို ကောင်းစွာ အထင်ကြီးခြင်း မရှိပေ။

လီရွှမ်ရှင်းက သူ့အမှားကို သိမြင်လိုက်ပြီး၊ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး၊

" အစ်ကိုလင်း၊ အစ်ကိုလီ ငါ....."

မင်းဘယ်သူ့ကို စီနီယာအစ်ကို ခေါ်ဖို့ ကြိုးစားနေတာလဲ

လီဝူယုက မကျေမနပ်ဖြစ်ကာ အော်ဟစ်လိုက်တာကြောင့် စကားပြောရန် ကြိုးစားနေသော လီရွှမ်ရှင်းက ချက်ချင်းပင် ရပ်တန့်လိုက်ရ၏။ လီဝူယုက အခွင့်အရေး ရသည်နှင့် သဘာဝအတိုင်း ကလဲ့စားချေ လိုခဲ့သည်။

လီရွှမ်ရှင်းနှင့် သူ့နောက်ရှိ လူအုပ်မှာ ထိတ်လန့်သွားကြသည်။ သူတို့ကိုယ်တိုင် လင်းယွန်နှင့် လီဝူယုအပေါ် ပထမဆုံး နှိမ့်ချခဲ့သည် ဖြစ်ရာ၊လီဝူယုမှာ ယဉ်ကျေးနေလိမ့်မည် မဟုတ်ပေ။

'' အစ်ကိုလီ၊ အဲဒါကို စိတ်မပူပါနဲ့၊သူ့က စိတ်ခံစားချက် မကောင်းလို့ပါ၊ ဒါနဲ့ မင်းတို့ကို ဝံပုလွေတွေ ဘယ်လို ဝိုင်းမိကုန် ကြတာလဲ။ "

လင်းယွန်က လေထုကို သက်တောင့်သက်သာဖြစ်စေရန် ဝင်ရောက် ပြောဆို လိုက်သည်။

လီရွှမ်ရှင်းက သက်ပြင်းချကာ၊

" လောဘကြီးပြီး သူတို့ ထောင်ချောက်ထဲ ရောက်ကုန်ကြတာ ..... ငါလုပ်ခဲ့တာတွေအတွက် တကယ်ကို စိတ်မကောင်းပါဘူး... စီနီယာအစ်မ ရှင်းယန်က ကောင်းကင်လွင်ပြင်ထဲကို မဝင်ရောက်ခင် မင်းနှစ်ယောက်ကို ဂရုစိုက်ဖို့ ပြောထားပေမယ့် ......"

ပြောချင်သည့် စကားကို သိနိုင်ခဲ့သော်လည်း ရှင်းယန်၏ အကျိုးအတွက် တစ်ကြိမ်သာ သူတို့ကို ကယ်တင်ပေး နိုင်ပေမည်။

ဝမ်ညီအစ်ကို၏ ဖိအားကို ရင်ဆိုင်ဖို့ရန်ရပ်တည် ရဲသောသူမှာ လီဝူယုသာ ဖြစ်သည်။ အနာဂတ်တွင်၊ လီဝူယု လိုအပ်သရွေ့ တုံ့ဆိုင်းခြင်းမရှိ ကူညီရပေမည်။

'' အဆင်ပြေပါတယ်၊ ငါနားလည်တယ်။ "

လင်းယွန် ပြုံးကာ လီရွှမ်ရှင်း၏ စကားများ ရှေ့ဆက်မလာရန် တားမြစ် လိုက်သည်။ ဤသို့သော အမြင်သည်လီရွှမ်ရှင်းကို သက်တောင့်သက်သာ ဖြစ်စေရုံသာမက ၎င်းတို့ကြားရှိ အကွာအဝေးကိုလည်း ခံစား လိုက်ရစေသည်။

" မင်းတို့နှစ်ယောက် သတိထားရမယ်၊ ဝမ်နင်ရဲ့ အဖွဲ့တွေက ကောင်းကင်လွင်ပြင် ထဲမှာရှိတဲ့ နက်နဲနယ်ပယ်က ပါရမီရှင်တွေကို ဆက်သွယ်နေတယ်၊သူတို့ ဘာလုပ်ဖို့ ကြိုးစားနေတယ် ဆိုတာတော့ ငါလည်း မသိပါဘူး။ ''

လီရွှမ်ရှင်းက သတင်းစကား ပါးလိုက်ပြီးနောက်၊ နှုတ်ဆက်ကာ ထွက်ခွာ သွားလေသည်။ သူတို့ ပျောက်ကွယ် သွားသည်နှင့် လီဝူယုက နှာခေါင်းရှုံ့ လိုက်ပြီး၊

" သူတို့က မိုက်မဲတဲ့ ကောင်တွေပဲလေ၊ မင်းသူတို့ကို ဘာလို့ ဒီလောက် ယဉ်ကျေး နေရတာလဲ"

လင်းယွန်က လီဝူယုကို မတုံ့ပြန်ခဲ့ပေ။သူ့လက်ထဲရှိ သားရဲအမြုတေကို ကြည့်ပြီး၊

'' ဒီသားရဲ အမြုတေနဲ့ ငါ့နှလုံးသားကို သန့်စင်နိုင်တယ် ''

ဟု ဆိုလိုက်သည်။

လွန်ခဲ့သော နှစ်ပတ်ခန့်က အဖြူရောင်ဆေးလုံး ရှစ်လုံးကို အသုံးပြုကာ၊ ကျင့်ကြံမှုကို အရှိန်မြှင့်တင်ခဲ့သည်။ ရှန်ရှင်း ဆဋ္ဌမအဆင့်သို့ ရောက်ပြီး နောက်တွင် ထိုသို့ ပိတ်မိခဲ့ခြင်း ဖြစ်သည်။ သို့သော်ယင်းအဟုန်ကြောင့် သူ့တွင် သတ္တမအဆင့် စိတ်ဝိညာဉ်ခန္ဓာကိုယ် ရှိကြောင်း သေချာစေခဲ့သည်။လူသစ်များထဲတွင် ထိုခန္ဓာကိုယ်ကြောင့် ထိပ်တန်းစာရင်းတွင် ပါဝင်နိုင်၏။သူ့ကို ကျော်လွန်နိုင်သူ တစ်ယောက်မှ မရှိချေ။

လီဝူယုက ပြုံးလိုက်ပြီး၊

'' သစ်တောက အန္တရာယ်ရှိနိုင်ပေမယ့် ကျင့်ကြံဖို့က သင့်တော်တယ်၊ ဒါက ဓားနန်းတော်ရဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်မယ်ဆိုတာ သေချာတယ်။ ''

လင်းယွန်က အနည်းငယ် စဉ်းစားပြီး အဓိါပ္ပါယ် ရှိကို တွေ့လိုက်ရ၏။ ဤမျှ ကောင်းမွန်သော သားရဲအမြုတေကို အခြားနေရာတွင် ရှာတွေ့နိုင်မည် မဟုတ်ပေ။ သေချာသည်မှာ၊ ၎င်းသားရဲတို့ကို လိုက်လံဖမ်းဆီးရန် ခွန်အားရှိဖို့ လိုသည်။ သို့မဟုတ်ပါက သေခြင်းတရားကိုသာ ရင်ဆိုင်ရပေလိမ့်မည်။

" စားဖို့ အနားယူရအောင်"

လင်းယွန်က ပြုံးပြီး ရေရွတ်လိုက်ကာ၊ ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်၏။ သံမိစ္ဆာဝံပုလွေများ၏ အလောင်းများကိုသာ တွေ့ မြင်လိုက်ရသည်။

လီဝူယု၏ အကြည့်မှာ ခေါင်းပြတ်နေသော ဝံပုလွေ အလောင်းပေါ်သို့ ကျရောက်သွားသည်။ ရုတ်တရက် သူ့နှုတ်ခမ်းများကို လျှာဖြင့် သပ်ယူလိုက်ပြီး၊

" ဒီသားရဲက အစွမ်းထက်တာမို့ အရသာရှိမှာ သေချာပါတယ်။

လီဝူယု၏ စကားကို ကြားလိုက်ရသောအခါ နဂါးသွေးမြင်း၏ နားရွက်များ လှုပ်ယမ်းသွားပြီးနောက်ဝံပုလွေ ခေါင်းဆောင်၏ အလောင်းကို ကောက်ယူလိုက်၏။

"ဟားဟားဟား နဂါးလေးကငါ့ကို ကောင်းကောင်း သိတာပဲ

လီဝူယုက ရယ်မောပြီး လင်းယွန်ကို စိတ်အားထက်သန်စွာ မကြည့်မီ နဂါးသွေးမြင်းကို လက်ဖြင့် ပုတ်လိုက်သည်။ လင်းယွန်၏ အသားကင် ကျွမ်းကျင်မှုကို လွန်ခဲ့သည့် ရက်အနည်းငယ် ကတည်းက တွေ့ကြုံခဲ့ရသည်။ ထိုကျေးဇူးကြောင့် ယခုအခါတွင် အစားအသောက်ကို ဇီဇာကြောင် တက်လာနေပြီ ဖြစ်သည်။

" ကောင်းပြီ၊ ဒီဝံပုလွေသားရဲက ရင်ဆိုင်ရတာ ပိုခက်တော့ အဆင်ပြေမှာပါ "

လင်းယွန်က သဘောတူ လိုက်သည်နှင့် လီဝူယုနှင့် နဂါးသွေးမြင်းတို့မှာ ဝမ်းမြောက် သွားကြ၏။

သစ်ပင်များထူထပ်သော တောအုပ်အတွင်း တစ်နေရာတွင်။

ပတ်ဝန်းကျင်တွင် ကျီးနက်သားရဲများဖြင့် ပြည့်နှက်နေသော အနီရောင် မျက်လုံးများမှာ မှောင်မိုက်သော သစ်တောကို ကြောက်မက်ဖွယ်ဖြစ်အောင် ဖန်တီးနေပေသည်။ ဤအရာများကြားတွင် လှည့်ပတ်နေသော ပုလွေသံမှာ အနီး ပတ်ဝန်းကျင်သို့တိုင် ပဲ့တင်ထပ်သွား၏။

" ဂုဏ်ယူပါတယ် အစ်ကို မို၊ နောက်ဆုံးတော့ မင်းရဲ့ဒဏ်ရာကနေ ပြန်ကောင်းလာပြီ။"

ဝမ်နင်နှင့် လန်းမိုတို့က ပြုံးလျက် ပုလွေမှုတ်နေသော မိုချင်းယွင်ကို ကြည့်ကာ သစ်ပင်ပေါ်မှ ခုန်ဆင်းလာ ကြသည်။

အရိုးပုလွေကိုချပြီး မိုချင်းယွင်က ၊

" ဘာပျော်စရာရှိလို့လဲ၊ ငါ့ရဲ့ သိုင်းဝိဉာဉ်က ပျက်စီးလုနီးပါး ဖြစ်ခဲ့တာပဲ "

အဲဒါကို စိတ်မပူပါနဲ့၊ မင်းရဲ့ လက်စားချေမှုကို မြန်မြန်ဆန်ဆန် လုပ်နိုင်မယ်ဆိုတာ သေချာပါတယ်။"

ဝမ်နင်က ပြုံးကာ နှစ်သိမ့်လိုက်သည်။

" ဒီလင်းယွန်ကို သတ်ရ ခက်နေတာလား .... သူက မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်ထားနိုင်တဲ့ ပဉ္စမအဆင့် သိုင်းသမားလေး တစ်ယောက်ပဲ မဟုတ်လား၊ နက်နဲသိုင်းသမား တစ်ယောက်ကို ယှဉ်ပြိုင်ဖို့ နည်းလမ်းမရှိပါဘူး "

စကားသံနှင့်အတူ နောက်ထပ် လူရိပ် သုံးရိပ် ထွက်ပေါ်လာသည်။စကားပြောဆိုသူမှာ ဖိန်းဟူယုဖြစ်ပြီး၊ သူ၏ ကျင့်ကြံမှုမှာ နက်နဲနယ်ပယ်တွင် ပထမဆုံး သွေးကြောကို ပြုပြင်ထားနိုင်သော လန်းမိုနှင့် ညီမျှသည်။ကျန်နှစ်ယောက်မှာ ဟန်မိသားစု၏ ဝမ်းကွဲညီအစ်ကို နှစ်ယောက်ဖြစ်သော ဟန်မိုနှင့် ဟန်ဖန်းတို့ဖြစ်သည်။

ဟန်မျိုးနွယ်စုသည် အဓိကမျိုးနွယ်စု လေးစုနှင့် မယှဉ်နိုင်သော်လည်း၊ မင်းမျိုးမင်းနွယ် အဖြစ် ရှည်လျားသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

၎င်းတို့ သုံးဦးမှာ ဝမ်နင်၏ ဖိတ်ခေါ်မှုကြောင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ဝမ်နင်က ဖိန်းဟူယုကို ကြည့်လိုက်ပြီး၊

"နှစ်ပတ်ကြာပြီးတဲ့အခါ အဲဒီဓားကျွန်က ရှန်ရှင်း ဆဋ္ဌမအဆင့်မှာ ရှိကောင်း ရှိနေနိုင်မယ်၊ဒါပေမယ့် ဒါက အရေးမကြီးဖူး၊ တကယ် ပြဿနာက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ပြင်းထန်တဲ့ လက်သီးနည်းစနစ်ပဲ၊ ငါသာ မမှားရင် ဒါက ကျား-နဂါးလက်သီး ဖြစ်မယ် "

ကျား-နဂါးလက်သီး။ဖန်းဟူယုနှင့် ဟန်ညီအစ်ကိုမှာ မျက်နှာများ ပြောင်းလဲသွား၏။ ကျား-နဂါးလက်သီးသည် မဟာချင်အင်ပါယာတွင် အောင်မြင်နိုင်ချေ မရှိသော နည်းစနစ် ဖြစ်သည်ကြောင့် လူသိများလှသည်။ မိတ္တူအချို့မှာ အင်ပါယာ တစ်ဝိုက်တွင် ပြန့်ကျဲနေသော်လည်း ၎င်းတို့၏ မပြည့်စုံသော မိတ္တူများဖြင့် အမှန်တကယ် သင်ယူနိုင်သူ အများအပြား မရှိပေ။

'' အဲဒီ ဓားကျွန်မှာ အဖော်ရှိတယ်၊ ဒါပေမယ့် သူ့အဖော်က ဘာမှ ကြီးကျယ်ခမ်းနားတာ မရှိပါဘူး၊ သူ့ရဲ့ သိုင်းဝိညာဉ်ကတော့ ထူးဆန်းတယ်၊ သူနဲ့ ရင်ဆိုင်ရတာ ခက်တယ် ''

-ဟု လန်းမိုက ဆက်ပြောလိုက်သည်။

" အို ... ဒါပေမယ့် မင်းကို စော်ကားပြီးနောက် သူသေရလိမ့်မယ်

တောအုပ်အတွင်းမှ ကျယ်လောင်သော ရယ်မောသံက ကျီးနက်သားရဲများကိုပင် ကြောက်လန့် သွားစေသည်။ ဓားတစ်လက်ကို သိုင်းလွယ်ထားသော ပုံရိပ်တစ်ရိပ်မှာ အမှောင်ထုအတွင်းမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။.

" ဟွမ်ဖူ ဂျင်းရှန် "

ထိုလူရိပ်၏ မျက်နှာ ထွက်ပေါ် လာသောအခါ၊ သူ့တို့အားလုံး၏ မျက်နှာများ ပြောင်းလဲသွား၏။ ဟွမ်ဖူဂျင်းရှန်သည် ကောင်းကင်ဘုံချင်နိုင်ငံတွင် ကြာမြင့်စွာ ကျော်ကြား လာခဲ့ပြီး၊ နာမည်တစ်ခုကို ထူထောင် ထားနိုင်ခဲ့သူ ဖြစ်သည်။ ဤနေရာရှိ လူတိုင်းက သူ့အကြောင်းကို သိကြသည်။ ဤစမ်းသပ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ အားလုံး၏ ထိပ်ဆုံး (၃)ဦး စာရင်း၌ ရှိသည်။

ငါ သူ့ကို သေစေချင်တယ်၊အစ်ကိုဟွမ်ဖူကသာ ကူညီရင် သူသေမှာ သေချာပြီလို့ ယုံကြည်တယ်။

ဝမ်နင်က ပြုံးလိုက်သည်။

" ရှန်ရှင်းနယ်မြေရဲ့ ပဉ္စမအဆင့်မှာရှိတဲ့ ကြွက်စုတ်တစ်ကောင်ကို သတ်ဖို့ မင်းဆီက မဟာနက်နဲဆေးလုံး (၁၀)လုံးကို ယူရတာ ဆုံးရှုံးမှု မရှိပါဘူး၊ဒါပေမယ့် သူ့မှာ စီနီယာအစ်မရှင်းယန်နဲ့ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ငါကြားတယ်၊ ဒီကိစ္စမှာ မင်းအစ်ကိုက သူ့ဖိအားကို ခံနိုင်ရည် ရှိမှာ သေချာလား....''

ဟွမ်ဖူဂျင်းရှန်က မသိချင်ယောင်ဆောင်ကာ မေးလိုက်၏။

အားလုံးက ဝမ်နင်ကို လှည့်ကြည့်လိုက်ကြသည်။ ဝမ်ယန်က သူ့ညီကို သေချာပေါက် ကာကွယ်ထားမှာမို့ ဝမ်နင်အတွက် စိတ်ပူစရာ မရှိပေ။ သို့သော် ဤနေရာရှိ တစ်ဦးတစ်ယောက်နှင့်မျှ ခိုင်မာသော ဆက်ဆံရေး မရှိသည်ဖြစ်ရာ၊ ထိုမေးခွန်းကို စိတ်ဝင်စား လာကြသည်။

ရှင်းယန်မှာ ဓားနန်းတော်တွင် အလှပဆုံး တပည့်အဖြစ် လူသိများလှပြီး သူမ၏ အခြားသော နာမည်ပြောင်မှာ သွေးနှင်းဆီ ဖြစ်သည်။ သွေးလွှမ်းသော နှင်းဆီတစ်ပွင့်အဖြစ် ထင်ရှားလှပြီး သူမအနားကို ကပ်လာသူတိုင်း အရိုက်ခံရမည် ဖြစ်သည်။

မကြာခဏဆိုသလို သဘာဝအတိုင်း ဆွဲဆောင်မှုရှိသော အလှတရားဖြင့် ညို့ငင်နိုင်သော်လည်း သူမနှင့် ပတ်သက်လိုသော ဆန္ဒရှိသူတိုင်းသည် ကြောက်မက်ဖွယ် ကောင်းသော သေခြင်းတရားကို ရင်ဆိုင်ရ ပေလိမ့်မည်။

ဓားနန်းတော်အတွင်းရှိ အသက်ခံရသူ ဂိုဏ်းသားအများစုမှာ သူမ၏ ဓားအောက်၌ အရေအတွက် အများဆုံးရှိခဲ့သည်။သို့သော် သူမတွင် ခွန်အားမျှသာ မဟုတ်ပေ။ ထိတ်လန့်ဖွယ် ကောင်းသော အရည်အချင်းလည်း ရှိလေသည်။

အဲဒါကို စိတ်မပူပါနဲ့၊ လင်းယွန်ရဲ့ သိုင်းဝိညာဉ်က အမှိုက်တစ်စ ဖြစ်တာ သေချာပါတယ်၊ ဒါကြောင့် သူမခေါ်ဝံ့တာ ပေါ့၊ ရှင်းယန်ကသူ့လို လူအတွက် ငါတို့ တော်တော်များများကို ဆန့်ကျင် ရဲလိမ့်မယ်လို့ ငါမယုံဘူး။

ဝမ်နင်က သဘောကျဟန်ဖြင့် ရယ်လိုက်ပြီး၊ စကားဆက် လိုက်သည်။

" ပြီးတော့ ဒီအချိန်က သတ်ပစ်ဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်တယ်၊ ကောင်းကင်လွင်ပြင်ထဲမှာ သေဆုံးမှု မရှိရဘူးလို့ ဘယ်သူကမှ အာမမခံ နိုင်ပါဘူး။

"သူ့ရဲ့ သိုင်းဝိညာဉ်က အမှိုက်ဆိုတာ သေချာလား"

ဟွမ်ဖူဂျင်းရှန်က မျက်ခုံးနှစ်ဖက်ကို ကျုံ့ကာ မေးလိုက်သည်။

အပြာရောင်နေမင်း လျှို့ဝှက်နယ်မြေထဲမှာ ရာနဲ့ချီတဲ့ လူတွေ ဝန်းရံထားပေမယ့် သူ့ရဲ့ သိုင်းဝိညာဉ်ကို မခေါ်ခဲ့ဘူး၊ လွန်ခဲ့သော နှစ်ပတ်ကလည်း သူ့ရဲ့ သိုင်းဝိညာဉ်ကို ခေါ်ဖို့ငြင်းဆန်ပြီး၊ အရွေးချယ်ခံ ခွဲတမ်းကို စွန့်လွှတ်လိုက်တယ် ''

'' ဒါတော့ ငါလည်း သက်သေခံ နိုင်တယ်''

"ငါလည်း ဒီလိုပါပဲ။"

လန်းမိုနှင့် မိုချင်းယွင်က ခေါင်းညိတ် သက်သေခံ လိုက်သည်။

ဖန်းဟူယု၊ ဟွမ်ဖူဂျင်းရှန်နဲ့ ဟန်ညီအစ်ကိုက အကြည့်ချင်း ဖလှယ်ကာ တွေဝေနေမှုများ ပျောက်ကွယ် သွားခဲ့သည်။ လင်းယွန်၏ သိုင်းဝိညာဉ်မှာ အမှိုက်သာ ဖြစ်ရိုးမှန်ပါက၊ သူ့ကိုသတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ အရေးမကြီးနိုင်ပေ။

ရှင်းယန်က သူတို့ကို မည်မျှပင် သတ်ပြစ်ချင် သော်လည်း၊ ဂိုဏ်းက သူတို့ကို သေချာပေါက် ကာကွယ်ပေးမှာပင်။ အမှိုက်သိုင်းဝိညာဉ် ပိုင်ရှင်တစ်ဦး သေဆုံးခြင်းနှင့် နှိုင်းယှဉ်ပါက ၎င်းတို့မှာ ဂိုဏ်းအတွက် ပို၍ တန်ဖိုးရှိလေသည်။

ကောင်းပြီ ငါသဘောတူတယ်

ဟွမ်ဖူဂျင်းရှန်က ခေါင်းညိတ်လိုက်သည်။

'' ငါလည်း သဘောတူတယ် ''

ဖန်းဟူယုနှင့် ဟန်ညီအစ်ကိုသည်လည်း တည်ငြိမ်စွာ လက်ခံလာ၏။

" အဆင်ပြေပြီ သက်တောင့် သက်သာ နေကြပါ၊ အားလုံးစုပြီး စောင့်ကြ တာပေါ့၊ ညီအစ်ကိုမိုလည်း ပြန်ကောင်း လာပြီဆိုတော့ အဲဒီဓားကျွန် နောက်ကို အချိန်မရွေး လိုက်သွား နိုင်တယ်။

ဝမ်နင် စကားကြောင့် ဟန်ညီအစ်ကိုမှာ အံ့အားသင့်သွား ကြသည်။ ဤနေရာတွင် နက်နဲ သိုင်းသမား ခုနစ်ဦးရှိကာ ၎င်းတို့အနက်မှ မည်သူမဆို လင်းယွန်ကို သတ်နိုင်ပေမည်။

သို့သော် ဝမ်နင်က လုံလောက်ပြီဟု ယူဆပုံ မရခဲ့ကာ၊ ကောင်းကင်လွင်ပြင်ထဲရှိ နယ်နဲ နယ်ပယ် သိုင်းသမားများ အားလုံးကိုပင် စုဆောင်းရန် ကြိုးစား နေပုံရသည်။

***

All Chapters