← Chapters

တာအိုကို လေ့လာကြခြင်း

Vol. 60 Ch. 801

တာအိုကို လေ့လာကြခြင်း

Vol. 60 Ch. 801

သစ်ခုတ်သမားနှင့် ကျန်ကောင်းကင်ဆရာသခင်များသည် အရိုအသေပေးပြီးနောက် ကောင်းကင်နတ်အရှင်ယွီကို ဝိုင်းရံကာ ရှေးဟောင်းနတ်ဘုရားအားလုံးဆီမှ ကောင်းချီးများအား လေ့လာကြ၏။

ခိုင်ဧကရာဇ်ခေတ်အတောအတွင်းတွင် သူတို့အားလုံး အပြင်းအထန် လေ့လာခဲ့ကြသူများ ဖြစ်ကြသည့်အလျောက် တစ်စုံတစ်ခုအပေါ် အာရုံစိုက်လိုက်ပြီဆိုလျှင် ပစ်မှတ်က မည်သူပင် ဖြစ်စေကာမူ ဂရုမစိုက်တော့ပေ။

ကောင်းကင်နတ်အရှင်ယွီမှာ မလှုပ်ရဲဘဲ ငြိမ်သက်စွာ ရပ်နေရသည်။

စာပေသမားက အပ်တစ်ချောင်းဖြင့် ထုတ်၍ သူ့လက်ချောင်းထိပ်မှ သွေးတချို့ ဖောက်ယူကာ လေ့လာနေသည်။

ဤကောင်းကင်ဆရာသခင်လေးဦး ဆွေးနွေးနေကြသော အကြောင်းအရာများနှင့် ပတ်သက်၍ ကောင်းကင်နတ်အရှင်ယွီ နားကန်းတစ်လုံးမျှ နားမလည်ပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စာပေပညာရှင်တစ်ယောက်အနေဖြင့် ချင်မူကလည်း ပါဝင်ဆွေးနွေးနေသည်။

ကောင်းကင်နတ်အရှင်ယွီမှာ ကြောင်တောင်တောင် ရပ်နေသည်။ ရုတ်တရက် ကောင်းကင်ဆရာသခင်တစ်ယောက်က ပြော၏။ “ကျန်းပိုင်ကွေ့ကို ခေါ်လိုက်... သူလည်း တွေးတတ်တယ်”

များစွာမကြာလိုက်ဘဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း အလျင်အမြန် ရောက်လာပြီး ရတနာတွေ့သွားသကဲ့သို့ ကောင်းကင်နတ်အရှင်ယွီကို ဝန်းရံလိုက်သည်။

“ဝန်မင်းချင်ရဲ့ နေရာက အတော်လေး စည်ကားနေတာပါလား...”

ဧကရာဇ်ယန်ဖုန်းလည်း ရောက်လာကာ ကောင်းကင်နတ်အရှင်ယွီကို ဝန်းရံနေသည့် လူများထဲက တစ်ယောက် ဖြစ်လာ၏။

“မူအာ... မင်း ငါ့ကို ဘာအတွက် လှမ်းခေါ်လိုက်တာလဲ”

ပထမလူသားဧကရာဇ်က လူငယ်၊ မိန်းမငယ် အယောက်နှစ်ဆယ်၊ သုံးဆယ်ကို ခေါ်၍ ရောက်ချလာသည်။ ရွာလူကြီးလည်း ပါ၏။ ယခုတွင် သူ၏ခြေလက်များက အကောင်းအတိုင်း ဖြစ်နေချေပြီ။ ပထမလူသားဧကရာဇ်နှင့် ရွာလူကြီး ဝင်လာသည့်အချိန် လူငယ်လေးများက ချင်မူ့ကို ဆွဲထုတ်ပြီး အပြုံးများဖြင့် ကြည့်နေကြသည်။

ချင်မူ အူတူတူဖြင့် မေးလိုက်၏။ “နောင်ကြီးတို့၊ မမကြီးတို့က...”

“မင်းက လက်ရှိလူသားဧကရာဇ် ချင်မူ ဆိုတာလား” အရပ်ပုပု၊ ဗလတောင့်တောင့် လူငယ်တစ်ယောက်က အာပေါင်အာရင်းသန်သန်ဖြင့် မေးသည်။ “မင်းက သိပ်သန်မာအားကောင်းတယ် ကြားတယ်”

ချင်မူက နှိမ့်ချစွာ ဖြေလိုက်သည်။ “ကျွန်တော်က လက်ရှိလူသားဧကရာဇ် မှန်ပါတယ်... ဒါပေမဲ့ အရမ်းကြီးတော့ သန်မာအားမကောင်းပါဘူးဗျ... ဒီကမ္ဘာပေါ်မှာ ကျွန်တော့်ထက် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး ပါရမီရှိတဲ့ လူတွေ အများကြီးပါ... သိုင်းအဆင့်နဲ့ စွမ်းရည်တွေမှာ သာတဲ့လူတွေလည်း တစ်ပုံကြီးရှိပါတယ်... ဒီကလူတွေက ဘယ်သူလဲ သိခွင့်ရှိမလားခင်ဗျာ”

“လျှောက်ပြောမနေဘဲ တိုက်ခိုက်ကြစို့”

အားလုံး သူ့ဆီသို့ ပြေးဝင်လာကြသည်။ သူတို့၏သိုင်းကွက်များက အဆင့်မြင့်သည့်အပြင် တစ်ယောက်ချင်းစီသည် ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်ကြ၏။

ချင်မူ ကပျာကယာ ရှောင်လိုက်သည့်အခါ ဤလူများ၏ ခြေလှမ်းခြေကွက်များက ဆန်းပြားပြီး ခန့်မှန်းမရကြောင်း မြင်လိုက်ရသည်။ သူတို့သည် သူ့ခြေလှမ်းများနောက် လိုက်လာနိုင်ပြီး ဘယ်နှင့်ညာမှ တိုက်ခိုက်နိုင်ကြ၏။ ကြားညှပ်ထားသဖြင့် ချင်မူ ပြေးမရတော့ပေ။ သူ အံ့အားသင့်နေမိသည်။

‘ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဘယ်အချိန်တုန်းက ဒီလောက် သန်မာအား‌ကောင်းတဲ့ လူငယ်တွေ ပေါ်လာတာလဲ... တစ်ယောက်ချင်းစီတိုင်း အင်အားကြီးမားကြတယ်... ငယ်တာက ထားဦး... သိုင်းအဆင့်တွေက ငါ့အောက် မနိမ့်ကျကြဘူး’ သူ သူ့ဘာသာ တွေးနေမိသည်။

အကုန်လုံး သူ့ကို ဝိုင်းထားကြကာ အတွေ့အကြုံအပြည့် ရှိကြပုံလည်း ပေါ်သည်။ ယခုလို တိုက်ပွဲမျိုးကို မကြာခဏ တိုက်ခိုက်ဖူးသဖြင့် အထာနပ်နေသည့်အလား ထင်ရ၏။

‘ဒါပေမဲ့ အင်အားများလည်း ငါ ဘယ်တော့မှ မမှုဘူး’

သင်္ကေတအမှတ်အသားများ ချင်မူ့ခန္ဓာကိုယ်ကို ဝန်းရံလှည့်ပတ်သွားပြီး သူ့အနားရှိ လူဆယ်ယောက်ကျော်ကို ဆယ်မိုင်အကွာသို့ နေရာရွှေ့ပြောင်းပေးလိုက်သည်။ ထို့နောက် သူက ခေါင်းသုံးလုံး လက်ခြောက်ဖက်အသွင် ပြောင်း၍ သိုင်းတာအိုကောင်းကင်နတ်သိုင်းနှင့်အတူ တိုက်ခိုက်လိုက်၏။ ဆယ်ယောက်ကျော် မှောက်သွားပြီး မထနိုင်တော့ပေ။

ချင်မူ၏ခြေထောက်က လျင်မြန်စွာ‌ ရွေ့လျားနေပြီး ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့်အတူ ကောင်းကင်နတ်သိုင်းမျိုးစုံ ထုတ်လွှတ်နေ၏။ သူ့အနား ကပ်လာသူမှန်သမျှ တွန်းထုတ်ခံလိုက်ရကာ အတုံးအရုံး လဲကုန်ကြသည်။

သူက လက်ခြောက်ဖက်ကို ဖွင့်၍ သင်္ကေတအမှတ်အသားများအား ပြောင်းပြန်လှည့်လိုက်သည်။ ဆယ်မိုင်အကွာရှိ လူများမှာ မြေပြင်ပေါ်ပင် မဆင်းသက်နိုင်ခင် ဆွဲငင်ခံလိုက်ရ၏။

“သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်း”

ချင်မူ၏လက်ဝါးနှစ်ဖက်သည် ရှေ့သို့ တွန်းထုတ်လိုက်သည်နှင့် လူဆယ်ယောက်ကျော်မှာ ရုပ်ခန္ဓာများနှင့် မူလဝိညာဉ်များ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် လေးလံလာသလို ခံစားလာရသည်။ သူတို့အားလုံး မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျကုန်သဖြင့် လူပုံသဏ္ဍာန်အပေါက်ကြီးများ ဖြစ်ကုန်တော့သည်။

ကိုက်သုံးဆယ်ကျော် အကွာတွင် ဗလဂျပုက တိတ်တိတ်ကလေး ထ၍ ကောင်းကင်နတ်သိုင်းတစ်ခုနှင့်အတူ အလစ်တိုက်ရန် ပြင်နေသော်လည်း ချင်မူက သူ့ဆီသို့ လက်ဖမိုးဖြင့် ရိုက်ထုတ်လိုက်သည်။ ကောင်းကင်မီးလျှံများ ဟဲခနဲ ဖြာထွက်သွားကာ ဗလဂျပုမှာ လေပေါ် လွင့်ထွက်သွားတော့သည်။ သူက ခြေကားရားလက်ကားရားဖြင့် တစ်နေရာသို့ ပြုတ်ကျသွား၏။

‘ငါ့အောက် အားမနည်းတဲ့ လူငယ်သိုင်းပညာရှင်အယောက်သုံးဆယ်ကျော် ပေါ်လာတာက... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဘယ်တုန်းက ပါရမီရှင်တွေ ဒီလောက် များလာတာလဲ’

ချင်မူ နားမလည်နိုင်ဖြစ်နေဆဲပင်။ သူ ခေါင်းတယမ်းယမ်းဖြင့် ကောင်းကင်နတ်အရှင်ယွီဆီသို့ လျှောက်သွားသည်။

ရွာလူကြီးက သူ့ကို လူယုတ်မာအပြုံးဖြင့် ကြည့်ပြီး မျက်စိတစ်မှိတ် မှိတ်ပြ၏။

ချင်မူ မှင်သက်သွားပြီး ရုတ်ခြည်း သဘောပေါက်သွားတော့သည်။ “လူသားဧကရာဇ် ချီကန်း၊ လူသားဧကရာဇ် ရီရှန်း၊ ဒုတိယဘိုးဘေးကြီး၊ တတိယဘိုးဘေးကြီးတို့ပဲ.... ဆရာကြီးတို့တွေ ပထမဘိုးဘေးကြီးနဲ့အတူ လိုက်လာတာလား”

သူက ထိုလူငယ်၊ မိန်းမငယ်များကို သွားထူပေးလိုက်သည်။ “ကျွန်‌တော့အောက် မနိမ့်ကျတဲ့ လူငယ်တွေအများကြီး ဘယ်ကပေါ်လာပါလိမ့် တွေးနေတာ... လက်စသတ်တော့ ဆရာ့ဆရာကြီးတွေနဲ့ ဘိုးဘေးကြီးတွေ ဖြစ်နေတာကိုး... စောစော ပြောတာမဟုတ်ဘူးဗျာ... ပြောခဲ့ရင် ဒီလောက် အားမထည့်ခဲ့ပါဘူး... ဆရာကြီးက ဒုတိယဘိုးဘေးကြီး ဟုတ်တယ်မလား”

သူ ဆွဲထူပေးနေသော လူငယ်က အလျင်အမြန် ခေါင်းယမ်း၏။ “မဟုတ်ဘူး”

“ပဉ္စမဘိုးဘေးကြီး” ချင်မူက လူငယ်‌နောက်တစ်ယောက်ကို ကူထူကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“မဟုတ်ဘူး ရမ်းသမ်းမပြောနဲ့”

ထိုလူငယ်က ရှက်သွားပြီး အသည်းအသန် ငြင်းနေသည်။ “ပဉ္စမဘိုးဘေးကြီးက ဘယ်လောက် သန်မာအားကောင်းပြီး ခံ့ညားတာမှတ်လို့... ငါက သူနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... ငါက ပိုးဖလံလေးသက်သက်ပါကွာ”

ချင်မူ မျက်ခုံးနှစ်ဖက်ကြားမှ မိုးမခသစ်ရွက်ကို ခွာကာ တတိယမျက်လုံးဖြင့် ကြည့်လိုက်သည်။ အားလုံး၏ မူလဝိညာဉ်များကို ရှင်းလင်းပြတ်သွားစွာ မြင်လိုက်ရသည်နှင့် သူ ပြုံးလိုက်မိ၏။ “ပဉ္စမဘိုးဘေးကြီး မှန်ပါတယ်.... ရုပ်ပြောင်းသွားပေမယ့် မူလဝိညာဉ်က ပြောင်းသွားတာမှ မဟုတ်တာ.... ဒီခန္ဓာကိုယ်ကို ပူးကပ်လိုက်တာလား၊ ပြန်ဝင်စားလိုက်တာလား”

ထိုလူငယ်မှာ ရှက်သွားကာ စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။

“ဘိုးဘေးကြီးလန်ပို၊ ဘိုးဘေးကြီး ထို့ယွီ၊ ဆရာကြီး ချီကန်း... တကယ် ဆရာကြီးတွေ ဟုတ်နေတာပဲ... စောစောက ကောင်းကင်မီးလျှံနဲ့ ကျွန်တော် ရိုက်ထုတ်လိုက်တဲ့ ဗလဂျပုက ဆရာကြီးရီရှန်းလား”

ချင်မူ ကပျာကယာ ပြောလိုက်သည်။ “သူ ဘယ်လွင့်ထွက်သွားမှန်းမသိဘူး... ဘယ်လိုလုပ်ရပါ့”

လူသားဧကရာဇ်ချီကန်းက လျှောက်လာပြီး နှာခေါင်းရှုံ့၏။ “စောစောက ငါက မင်းတို့အောက် မနိမ့်ကျဘူးလို့ ပြောခဲ့တယ်နော်... ဒါက နိမ့်ကျတာ မဟုတ်လို့ ဘာလဲ”

ချင်မူ ရှင်းပြလိုက်သည်။ “ကျွန်တော် ပြောတဲ့ မနိမ့်ကျဘူးဆိုတာ မျဉ်းတစ်ကြောင်းစာ နိမ့်ကျတယ်ဆိုတဲ့ သ‌ဘောပါ”

လူသားဧကရာဇ်ထို့ယွီက ဒေါသတကြီး ပြောတော့သည်။ “မျဉ်းတစ်ကြောင်းစာ နိမ့်ကျတာက ဒီလောက်ကွာခြားတယ်လား”

ချင်မူ ခေါင်းတဗြင်းဗြင်း ကုတ်လိုက်မိ၏။ “နည်းနည်းလေး ကွာခြားသွားတာနဲ့ အမှားအကြီးကြီးဖြစ်နိုင်တယ်လို့ ပြောချင်တာပါ... ကဲဗျာ ထားပါတော့... ဘိုးဘိုးတို့၊ ဆရာကြီးတို့... ပထမလူသားဧကရာဇ်က မကြာခဏ အပြင်ထွက်ပြီး လုပ်စရာကိစ္စရှိတယ် ပြောတာ ဘိုးဘိုးတို့၊ ဆရာကြီးတို့ကို ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ သင်ပေးနေတာလား”

လူသားဧကရာဇ်များ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြစဉ် ဒုတိယဘိုးဘေးကြီးက ခေါင်းငိုက်စိုက်လျက် သက်ပြင်းချသည်။ “ပထမဘိုးဘေးကြီးက ငါတို့ကို လူသားဧကရာဇ်ခန်းမအနောက်က ကျောက်စိမ်းလင်းရောင်နန်းဆောင်မှာ လေ့ကျင့်ပေးပြီး သူ့ရဲ့ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ သင်ပေးခဲ့တယ်... ခိုင်ဧကရာဇ်ခေတ်ရဲ့ ကျင့်စဉ်တွေကိုလည်း သင်ပေးခဲ့သေးတယ်... ဒီတစ်ခေါက် ထွက်လာတာက မင်းကို အံ့အားသင့်အောင် လုပ်ချင်လို့...”

ချင်မူ ပြုံးလျက် ပြောလိုက်သည်။ “ဘိုးဘေးကြီးတို့၊ ဆရာကြီးတို့... စိတ်မပျက်ပါနဲ့... ပထမဘိုးဘေးကြီးရဲ့ အစွမ်းအစတွေကလည်း ကျွန်တော့်အောက် မျဉ်းတစ်ကြောင်း နိမ့်ကျတာမလို့ ဘိုးဘေးကြီးတို့က မဆိုးပါဘူးဗျ... အဓိကအချက်က လူသားဧကရာဇ်ခန်းမထဲမှာပဲ အောင်းနေရလို့ ဖြစ်တာပါ.... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက နတ်ဘုရားလို အမြန်နှုန်းနဲ့ တိုးတက်နေတာဆိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကမဟုတ်ဘဲ ခိုင်ဧကရာဇ်ခေတ်က ကျင့်စဉ်တွေကို လေ့ကျင့်တဲ့အခါ ဘိုးဘေးကြီးတို့ရဲ့ သိုင်းကွက်တွေက ကျွန်တော့်မျက်လုံးထဲမှာ အားနည်းချက်တွေ ပြည့်နေတော့တာပေါ့... ဒါပေမဲ့ ကျင့်စဉ်စွမ်းအင်က ကျွန်တော့်အောက် မနိမ့်ကျပါဘူး...”

အဘွားစစ်၏အသံက အံ့အားသင့်မှုအပြည့်ဖြင့် ထွက်လာ၏။ “မူအာ.... မင်းနေရာက ဘာလို့ ဒီလောက် စည်ကားနေတာတုန်း”

ချင်မူ အားလုံးကို ထားခဲ့ပြီး သူမကို ဝမ်းသာအားရ သွားကြိုသည်။ “ဘိုးဘေးကြီးတို့၊ ဆရာကြီးတို့ ဘွားဘွားက သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းကို တီထွင်ခဲ့တဲ့ လူလေ... ကျွန်တော့် သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းက သူ့ဆီက သင်ထားတာ... အရင်ဆုံး ထိုင်ဖို့နေရာ ရှာလိုက်ကြပါဦး ကျွန်တော် ဘွားဘွားကို သွားကြိုဦးမယ်... ဟုတ်သား ဘယ်သူ လူသားဧကရာဇ်ရီရှန်းကို သွားရှာမှာလဲ”

“မူအာ ပြန်ရောက်ပြီပေါ့” မျက်ကန်းက ဝါးတုတ်ဖြင့် မြေပြင်ကို တတောက်တောက် ပုတ်လျက် ပြေးလာသည်။

“မျက်ကန်း ဘာလို့ ဒီလောက် မြန်မြန်ပြေးနေတာတုန်း” နားကန်းနှင့် သားသတ်သမားက အနောက်မှ လိုက်လာကြ၏။

...

ချင်မူ၏စံအိမ်တွင် လူများစွာ ပြည့်နေသောကြောင့် နေစရာနေရာပင် မရှိတော့ပေ။ ချင်မူ ဧကရာဇ်အတိုင်ပင်ခံကို ကပ်တိုးလေး မေးလိုက်သည်။ “ညီလေး၊ လူဘယ်နှယောက်တောင် ဖိတ်ခဲ့တာတုန်း”

“တာအိုသခင်၊ တထာဂတမာနဲ့ ကျောက်စိမ်းမြို့တော်ငယ်က နတ်ဝိဇ္ဇာတွေ ကျန်သေးတယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဧကရာဇ်အတိုင်ပင်ခံက ပြောသည်။ “ငါ ယမမင်းဘက်ကိုလည်း အကြောင်းကြားထားတယ်... တောင်ပင်လယ်က ချိမင်ပြည်သူတွေကတော့ ငါတို့ဘက်က လူတွေမဟုတ်တော့ မခေါ်ထားဘူး.... ပါမောက္ခရှုရှန်းဟွာကလည်း အနောက်ကမ္ဘာမြေမှာမလို့ ဝေးတယ်... ဒီကို လာဖို့ နှစ်နှစ်၊ သုံးနှစ်ကြာမှာ... သူ့ကိုလည်း ဖိတ်မထားဘူး”

ချင်မူမှာ အတန်ကြာသည်အထိ ကြက်သေသေသွားပြီး အစေခံမိန်းကလေးများအား လှမ်းခေါ်လိုက်သည်။ “ဧည့်သည်တွေ အများကြီး ရောက်နေလို့ နေစရာနေရာ မရှိတော့ဘူး... ငွေ့တချို့ ယူပြီး ဒီနားပတ်ဝန်းကျင်တွေက အိမ်တွေ သွားဝယ်ကြ”

တာဝန်ကျသည့် အစေခံမိန်းကလေးက ပြောသည်။ “ဒီနားပတ်ဝန်းကျင်က လူအများစုက ကုန်သည်တွေနဲ့ မင်းမျိုးမင်းနွယ်တွေမလို့ အိမ်စျေး ကြီးလောက်ပါတယ်”

“ငါ့မှာ ငွေမနည်းပါဘူး” ချင်မူက လက်ခါကာ သူတို့ကို မြန်မြန်ထွက်သွားစေသည်။

ဧကရာဇ်အတိုင်ပင်ခံက တခဏ တိတ်ဆိတ်သွားပြီးနောက် မေး၏။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက အင်ပါယာအတွက် ငွေအင်အားအများစု လှူဒါန်းပေးခဲ့တာကို ဘယ်လိုလုပ်ပြီး ဒီလောက်ငွေအများကြီး ကျန်သေးတာလဲ”

“လင်းအာ နယ်စပ်နဂါးမြို့ကနေ ရထားတာတွေ ဖြစ်လောက်တယ်”

ချင်မူလည်း မသိသဖြင့် အားတုံ့အားနာ ဖြေလိုက်သည်။ “ကျွန်တော်က ငွေအကြောင်း စိတ်မဝင်စားတာနဲ့ မမေးမိဘူး”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း တိတ်ဆိတ်စွာ ပြန်ထွက်သွားပြီး အားလုံးနှင့်အတူ ရှေးဟောင်းနတ်ဘုရားများ၏ ကောင်းချီးတို့အား ဆက်လက်လေ့လာနေသည်။

ပတ်ဝန်းကျင်ရှိ စံအိမ်များကို ဝယ်ပြီးနောက် ချင်မူက တံတိုင်းများ ဖြိုချကာ တစ်အိမ်နှင့်တစ်အိမ် သွားလာရ လွယ်ကူအောင် ဆက်သွယ်လိုက်သည်။

ရက်အနည်းငယ်ကြာသည့်အခါ မုချင်းသိုင်နှင့် ကျောက်စိမ်းမြို့တော်ငယ်မှ လူများ အလျင်အမြန် ရောက်လာကြသည်။ အချိန်အနည်းငယ်ကြာသော် တာအိုသခင်လင်းရွှမ်နှင့် တာအိုဂိုဏ်း၏ ရသေ့အိုများ၊ ရသေ့ပျိုများလည်း ရောက်လာကြ၏။

တထာဂတမာက မိစ္ဆာမျောက်ဝံကျန်းခုံးနှင့် မင်ရှင်းကိုယ်တော်ကို ခေါ်၍ ကြွလာသည်။ သိကြား‌ဗုဒ္ဓလည်း ရောက်နေကြောင်း ကြားသော်လည်း ချင်မူ သူ့ကို မမြင်မိပေ။ လယ်သမားအိုကြီးကို ကြောက်၍ ပုန်းနေခြင်း ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် လက်သီးစာမိ၍ မြောင်းထဲ၌ အိပ်နေရခြင်း ဖြစ်လိမ့်မည်။

စုဝေးရောက်ရှိလာကြသည့် သိုင်းပညာရှင်များသည် တာအိုသခင်လင်းရွှမ်၏ ဦးဆောင်မှုနှင့်အတူ ရှေးဟောင်းနတ်ဘုရားများ၏ ကောင်းချီးများဆီမှ သင်္ကေတအမှတ်အသားများကို ရေးဆွဲကြ၏။ တချို့က ဤသင်္ကေတအမှတ်အသားများ၏ ဆန်းကြယ်သော သဘောတရားများကို တွက်ထုတ်၍ ကောင်းချီးများကို ဖြေရှင်းရန် ကြိုးစားနေကြသည်။

“ကောင်းကင်နတ်အရှင်ယွီရဲ့ ကောင်းချီးတွေက တကယ့် ရတနာသိုက်ကြီးပဲ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရုတ်တရက် ပြော၏။ “ငါတို့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းချီးတွေမှာ ကိန်းဝပ်နေတဲ့ သင်္ကေတအမှတ်အသားတွေကို အစီအစဉ်ချနိုင်ရင် ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုတွေရဲ့ သင်္ကေတအမှတ်အသားစနစ်ကို ဖော်ဆောင်နိုင်လိမ့်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သင်္ကေတအမှတ်အသား မဟာတာအိုလည်း သေချာပေါက် အရှိန်အဟုန်နဲ့ တိုးတက်သွားမှာပဲ”

သစ်ခုတ်သမားက ပြောသည်။ “ဒီကောင်းချီးတွေကို အလျင်စလို မဖယ်ရှားကြဘဲ နားလည်အောင် လုပ်ကြစို့... ငါတို့နားလည်ပြီး အစီအစဉ်ချနိုင်ရင် ရှေးဟောင်းကောင်းကင်နတ်ဘုံရဲ့ သင်္ကေတအမှတ်အသားစနစ် ဖြစ်လာလိမ့်မယ်”

ချင်မူလည်း သုတေသန လုပ်ရာတွင် ပါချင်သော်လည်း ကောင်းကင်ဆရာသခင်လေးယောက်၏ မောင်းထုတ်ခြင်း ခံလိုက်ရသည်။ လယ်သမားအိုကြီးက ပြောသည်။ “မင်းမှာ လုပ်စရာတွေ ရှိတယ်... သတ္တမကောင်းကင်ရတနာတွေ သွားဖွင့်ချည်၊ ဖွင့်ပြီးရင် ငါ့ကို လှမ်းခေါ်လိုက်”

ချင်မူမှာ မည်သို့မှ မတတ်နိုင်တော့ဘဲ ကောင်းကင်ရတနာများသာ ကြိုးကြိုးစားစား ဖွင့်နေရတော့သည်။

သတ္တမကောင်းကင်ရတနာများ ဖွင့်လှစ်နေသည့် သူ၏အမြန်နှုန်းက မြန်သထက် မြန်လာသည်။ တစ်ခု ဖွင့်လိုက်တိုင်း လယ်သမားအိုကြီးက လက်သီးတစ်ချက်ဖြင့် လာရောက်ဖျက်စီးပေးပြီး သုတသန ဆက်လုပ်ရန် ပြန်သွားသည်။

လေး၊ ငါးလကြာသည့်အခါ သင်္ကေတအမှတ်အသားများအတွက် မှတ်တမ်းစာအုပ်များ ထည့်စရာ အခန်းမကျန်တော့ပေ။ စံအိမ်ထဲရှိ နတ်ဘုရားများမှာလည်း ပေတီးပေစုတ် ဖြစ်နေကြ၏။ စာပေသမား၊ အဘွားစစ်နှင့် အမျိုးသမီးများသာ သပ်သပ်ရပ်ရပ် ရှိနေကြသည်။

အခြားတစ်ဖက်တွင် ချင်မူက နောက်ဆုံးသော သတ္တမကောင်းကင်ရတနာ၊ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်နေချေပြီ။

ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာသည် ရှေးဟောင်းကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်မြစ်ကို မှီငြမ်း၍ ပုံဖော်တီထွင်ထားခြင်း ဖြစ်၏။

ဤနတ်မြစ်သည် ကောင်းကင်နန်းဆောင်ဆီမှ စီးထွက်လာပြီး သတ္တမကောင်းကင်ရတနာထဲသို့ ဝင်မည်။ ထို့နောက် ကောင်းကင်နတ်အသွင်၊ ခုနစ်စဉ်ကြယ်၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာနှင့် ဝိညာဉ်စင်မြင့်တို့ကို ဖြတ်သန်းကာ ယိုတုထဲသို့ ရောက်ရှိမည်။

ချင်မူ ရုတ်တရက် မှင်သက်သွားသည်။ ‘ဒီအတိုင်းဆို၊ သတ္တမကောင်းကင်ရတနာ ပွင့်လာရင် ကောင်းကင်ရတနာအားလုံး တစ်သားတည်း ဖြစ်သွားဘူးလား’

သူ မျက်တောင်ပုတ်ခတ်လိုက်မိ၏။ ရှုရှန်းဟွာက ကောင်းကင်ရတနာများအား တစ်ခုတည်းပေါင်းစည်းနိုင်သော နည်းလမ်းအဖြစ် သစ်ပင်သန္ဓေကောင်းကင်တံတားကို တီထွင်ခဲ့ပြီးဖြစ်သည်။ သို့သော် သစ်ပင်သန္ဓေကောင်းကင်တံတားအတွက် သင်္ချာစွမ်းရည်လိုအပ်ချက်မှာ မြင့်မားလွန်းသည့်အတွက် တံတားတည်ဆောက်နိုင်သူ များစွာမရှိခဲ့ပေ။ သင်္ချာပညာရှင်များသည် တာအိုနှလုံးသားထဲ၌ မှော်မျိုးစေ့တစ်စေ့ စိုက်ပြီး အပင်ပေါက်အဖြစ် ပျိုးထောင်ရန် လိုအပ်၏။

ထို့ကြောင့် သစ်ပင်သန္ဓေကောင်းကင်တံတားမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုမှု မရှိသေးခြင်း ဖြစ်သည်။

ဤကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကိုသာ ဖွဲ့တည်နိုင်လျှင် များစွာရိုးရှင်းသွားလိမ့်မည်။ ကောင်းကင်နတ်မြစ်တစ်စင်းတည်းက ကောင်းကင်ရတနာအားလုံးကိုသာမက ကောင်းကင်နန်းဆောင်များကိုပင် တစ်သားတည်း ဆက်သွယ်ပေးနိုင်လေသည်။

၎

င

၎

၎

၎

င

၎

၎

All Chapters