← Chapters

ဒုက္ခ။

Vol. 14 Ch. 187

ဒုက္ခ။

Vol. 14 Ch. 187

ဝမ်နင်၏ မောက်မာသော အသံသည် သူ့မူလ စွမ်းအင်ကြောင့် ပတ်ဝန်းကျင် အနှံ့ ပျံ့လွင့်သွားသည်။

အခြားသော မည်သူမဆို ဤသို့ အော်ငေါက်ခဲ့ပါလျှင် လူအုပ်ကြီးက အထင် အမြင်သေး ကဲ့ရဲ့ ရှုတ်ချ ကြပေလိမ့်မည်။ ဟွမ်ဖူဂျင်းရှန် ပင်လျှင် ဤသို့ ကြုံတွေ့ ရနိုင်သည်။

သို့သော် ဝမ်နင်သည် ဝမ်မျိုးနွယ်စုကို ကိုယ်စားပြု၏။ သူ၏ အဆင့်အတန်းအရ ဓားနန်းတော်တွင် ဤသို့ မောက်မာ နိုင်ပေမည်။ ထို့ပြင် ဝမ်နင်ကို စော်ကားခြင်းသည် ဝမ်ယန်ကို အပြစ်ပြုရာ ရောက်လေသည်။

သူ့အနားတွင် လန်းမိုက၊

“ ရှင်းလင်းရေး လုပ်ပါ ဒီနယ်မြေထဲက ထွက်သွား ကြပါစေ၊ လွန်ဆန်ဝံ့တဲ့ သူကို သင်ခန်းစာပေး..... ''

"နားလည်ပါပြီ "

လန်းမို၏ အမိန့်ကြောင့် နောက်ပါးမှ လိုက်ပါလာကြသော ရှန်ရှင်း သတ္ထမအဆင့် သိုင်းသမားများမှာ တော်အုပ်အတွင်း ဧရိယာကို အမြန် ရှင်းလင်းခဲ့သည်။

လူတိုင်းက မိမိတို့ဘာသာ သို့မဟုတ် အင်အားသုံး ခံခဲ့ရပြီးနောက်၊ ယင်းနယ်မြေမှ ထွက်ခွာ သွားခဲ့ ကြသည်။

ဝမ်နင်အဖွဲ့၏ နိုင်လိုမင်းထက် ဆန်မှုက လူတိုင်းကို မကျေမနပ် ဖြစ်စေသော်လည်း ယခုအချိန်တွင် ဝမ်နင်ကို ဆန့်ကျင်ရန် မည်သူမျှ မမိုက်မဲခဲ့ပေ။

" လင်းယွန်က အခု ထွက်ပြေးဖို့ ခက်လိမ့်မယ်..."

“ ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ၊ သူ့နဲ့ သူ့အဖော်ကို ကြွက်စုတ်တွေလို အနေ အထားနဲ့ ပြေးလွှား နေတာ တွေ့လိုက်တယ်”

" ငါလည်း မြင်တယ် ... နက်နဲ သိုင်းသမား ဆယ်ဦးက ဒီပတ်၀န်းကျင်ကို ပိတ်ဆို့ ထားတယ်။ ''

" ဝမ်နင်က အရူးပဲ၊ သူဒီလို လုပ်ဖို့ လိုလို့လား ”

" ရှူး .... တိုးတိုး မင့်အသံကို လျှော့ထားပါ၊ သူတို့ကို မနှောင့်ယှက်တာ အကောင်းဆုံးပဲ ”

လူအုပ်ကြီးမှာ အဝေးသို့ ဆုတ်ခွာ သွားချင်း မရှိပဲ၊ ခပ်လှမ်းလှမ်းမှ လိုက်ပါလာ ကြကာ အုပ်စုများ ဖွဲ့၍ အချင်းချင်း ဆွေးနွေး နေကြ သည်။

လန်းမိုနှင့် ဝမ်နင်တို့သည် ၎င်းတို့၏ မြင်းများကို စီးနင်းလာ ကြပြီး ရှန်ရှင်း သိုင်းသမား အယောက် နှစ်ဆယ်ကျော် နှင့်အတူ ကြီးမြတ် ဟန်ဖြင့် ပြုမူ လာသည်။

သိပ်မကြာခင်မှာပင် တစ်စုံတစ်ယောက်က ဝမ်နင်မှ မည်သည်ကို ရည်ရွယ် နေသည်ကို သဘောပေါက်သွားပြီး၊

" သူက လင်းယွန်ကို ကစားချင်နေတာပဲ "

" မင်းက ဘာကို ဆိုလိုတာလဲ "

'' စဉ်းစားကြည့်စမ်း၊ ရှန်ရှင်းသိုင်းသမား တစ်ဦးကို သတ်ဖို့ နက်နဲ သိုင်းသမား ဆယ်ဦးဆိုတာက လိုအပ်တာထက် ပိုနေခဲ့ပြီ၊ ဒါပေမယ့် ဘာလို့ လင်းယွန်ကို တိုက်ရိုက် မသတ်ခဲ့တာလဲ"

" .... ဒါက ဝမ်နင်က ကိုယ်တိုင် မသတ်ပဲ၊ ထောင့်တစ်နေရာကို တွန်းပို့ဖို့ ကြိုးစားနေ တယ်လို့ ပြောချင်နေတာလား.... ”

" မှန်တယ်...ဒါက သူ ဒီနေရာကို လာစောင့်နေရတဲ့ အကြောင်းရင်းပဲ "

ဝမ်နင်သည် လင်းယွန်ကို သတ်ရန် မရည်ရွယ်ကြောင်း လူတိုင်း နားလည်လိုက် ကြသည်။ သူက လင်းယွန်ကို သတ်ပြစ်ရန်ထက် ဒူးထောက် တောင်းပန်လာမည့် အချိန်ကို စောင့်ကာ အရှက်ခွဲချင် နေပုံရသည်။

တောအုပ်ထဲတွင် လင်းယွန်နှင့် လီဝူယုတို့ နှစ်ယောက်လုံးမှာ မောပန်းနေခဲ့ ပုံရသည်။ ဆံပင်များ ရှုပ်ပွနေပြီး မျက်နှာများ ဖြူဖျော့ လာကြကာ၊ နှုတ်ခမ်း ထောင့်စွန်းတွင် သွေးစ များပင် စိုစွတ် နေသေးသည်။

သူတို့နှစ်ဦးက တောလမ်း တစ်လျှောက် ပြေးလွှားလာ ခဲ့ကြပြီး နက်နဲ သိုင်းသမားများက ဟန့်တား လာမှုကို ရံဖန်ရံခါ ကြုံတွေ့ ရတတ် သည်။

တစ်ယောက်ယောက်က သူတို့အပေါ်မှ ပိုက်ကွန်ဖြင့် အုပ်ချထား သကဲ့သို့ လိုချင်သော နေရာသို့ ဖောက်ထွက်နိုင်ခြင်း မရှိခဲ့ချေ။

ကျီးနက်သားရဲများ ပျောက်ကွယ်သွား ပြီးနောက် မိုချင်းယွင်က စောင့်ဆိုင်းနေခဲ့ သည်ကို တွေ့လိုက်ရသည်။ သူ့အရိုး ပုလွေကို ကိုင်ကာ လီဝူယုထံ အေးစက်စွာ စိုက်ကြည့် လိုက်ပြီး၊

'' ခွေးကောင်လေး မင်းငါ့ကိုမှတ်မိလား"

သူတို့၏ အစောပိုင်းတွေ့ဆုံမှုတွင် လီဝူယုက သူ့မျက်နှာကို လှမ်းကန်ပြီး အရှက်ခွဲခဲ့သည်။ ယခု အချိန်၌ မိုချင်းယွင်သည် လီဝူယု၏ အသက်ကို လိုချင်သည်။

“ ဟဲ ဟဲ.... တောင်းပန်ပါတယ် ငါ့ကို ဒူးထောက်လာတဲ့ သူတွေရဲ့ နာမည်ကို ဘယ်တော့မှ မမှတ်မိဘူး။”

လီဝူယုက ရှုပ်ပွနေသော သူ့ဆံပင်များကို ပေါ့ပေါ့ပါးပါး လက်ဖြင့် သပ်တင် လိုက်သည်။ တောက်ပစွာ ပြုံးပြလိုက်ပြီး သူ့အခြေအနေကို အနည်းငယ်မျှပင် စိတ်ဓာတ်ကျ ပုံမရချေ။

" မင်း သေခြင်းတရားကို ဖိတ်ခေါ်နေတာဘဲ "

မိုချင်းယွင်က ကျီးနက်သားရဲ များကို ထိန်းကျောင်းရန် အတွက် ရယ်မောပြီး ပုလွေကို စတင် မှုတ်လိုက်သည်။

ခဏချင်းမှာပင် ကျီးနက်သားရဲ ပေါင်းများစွာ ထွက်ပေါ်လာကြပြီး၊ လီဝူယုနှင့် လင်းယွန်ထံသို့ မြှားများသဖွယ် ခုန်ဆင်းသွား ကြသည်။ လင်းယွန်က နတ်ဘုရားလက်ညိုးကိုထုတ်ဖော်လိုက်သည်နှင့် ခရမ်းရောင်ဓားမီးတောက်မှာ ထွက်ပေါ်လာပြီး၊ ကျီးနက်သားရဲများအား ထိုးဖောက် ဝင်ရောက်သွားကာ မိုချင်းယွင် ဆီသို့ ဦးတည်သွားသည်။

"ဘယ်လောက်တောင် မြန်လိုက်သလဲ "

ဓားအလင်းကို မြင်သောအခါ မိုချင်းယွင်၏ မျက်နှာမှာ ပြောင်းလဲသွား၏။ သူလုပ်နေသည့် အရာများကို ချက်ချင်း ရပ်လိုက်ပြီး ဘေးဘက်ကို လှည့်ရှောင် လိုက်ရ၏။

ကြယ်ရောင်လွှမ်းနေသော ဓားရှည်တစ်လက်ကို ကိုင်ကာ ကျီးနက်သားရဲများ အတွင်းမှ လီဝူယုက ဖြတ်ကျော် လာခဲ့သည်။ သူ့ဓားကို မိုချင်းယွင်၏ ဦးတည်ရာသို့ ချိန်ရွယ်ထားပြီး “သေစမ်း ”ဟု အော်ဟစ်လိုက်၏။

သို့သော် နက်နဲသိုင်းသမား တစ်ဦးသည် ထင် သလောက် မရိုးရှင်းလှချေ။ လီဝူယုကို မျက်နှာချင်း ဆိုင်လိုက်ကာ မျက်စိတစ်မှိတ်အတွင်း သူ့အရှိန်အဝါများကို တိုးမြှင့်လိုက်သည်။ သူ၏ ကျင့်ကြံမှုကို အားကိုး၍ လက်ဖြင့် အုပ်ကိုင်လိုက်ကာ လီဝူယု၏ ဓားကို ဖမ်းယူလိုက်၏။

လီဝူယု၏ ဓားမှာ တောင်တစ်လုံး ပေါ်သို့ ထိုးကျ သွားသလို ခံစားလိုက်ရသည်။ မည်မျှပင် ကြိုးစားစေကာမူ သူ့ဓားကို ပြန်ဆွဲ မထုတ်နိုင်ခဲ့ပေ။

“ မင်းရဲ့ နည်းစနစ်က မင်းကို အခွင့်အရေး ပေးရင်တောင် မင်းငါ့ကို ဒဏ်ရာရအောင် မလုပ်နိုင် ပါဘူး။”

မိုချင်းယွင်က ရယ်မောလိုက်၏။ သူ၏ မူလစွမ်းအင်ကို လီဝူယု၏ ဓားပေါ်သို့ ပေးလွှတ်လိုက်ရာ၊ ဓားသွားတစ်ခွင် တုန်ခါသွား၏။ သို့သော် လီဝူယုကို မထိခိုက်ခင်မှာပင် ခရမ်းရောင် ဓားတစ်လက်က သူ့ပခုံးကို ဖောက်ဝင် လာသည်ကြောင့် အံ့သြသွားသည်။

မိုချင်းယွင်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ဓားကိုလွှတ်ကာ၊ လွင့်စင်သွား၏။ လင်းယွန်က ရှေ့သို့ အမြန် ပြေးတက်လာကာ ကျီးနက်သားရဲများကို ဖောက်ထွက်ပြီး၊ လီဝူယု၏ ဘေးသို့ ရောက်ရှိလာခဲ့သည်။

နှစ်ယောက်သား ရှေ့သို့ ဖောက်ထွက်ရန် ကြိုးစား လိုက်သော်လည်း၊ မီတာ အနည်းငယ် အကွာ၌ ဟန်မိုနဲ့ ဟန်ဖန်းတို့ကို တွေ့လိုက်ရသည်။ နှစ်ယောက်စလုံးက ဓားရှည်များကို ကိုင်ဆွဲထားလျက် စူးရှစွာ လှမ်းကြည့်နေကြ၏။

ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ အစောပိုင်းတိုက်ပွဲ အဟုန်ကြောင့် လှုပ်ယမ်းနေလေသည်။ သူတို့ကို မြင်လိုက်ရသော လင်းယွန်နှင့် လီဝူယုတို့မှာ မျက်နှာများ ပြောင်းလဲသွားကြသည်။ သူတို့ ဘယ်လောက် သန်မာလှသည်ကို ကိုယ်တွေ့ ကြုံဖူးထား၏။

" ဒီဘက် လမ်း...... "

နှစ်ယောက်သား ချက်ချင်း လမ်းကြောင်းပြောင်းကာ ပြေးလွှား လိုက်ကြသည်။ ဤတောအုပ် အတွင်းမှ မထွက်နိုင်ဟု ဆိုသောအယူအဆကို လက်မခံနိုင်ပေ။

သို့သော် ရုတ်တရက် အေးစက်သော မြူမှုန်များ ကောင်းကင်မှ ဆင်းသက်လာကာ သစ်ရွက်များကို ထိုးဖောက်လျက် လျှပ်ပြက်ကဲ့သို့ အလင်းရောင်များ လက်သွားသည်။

လင်းယွန်နှင့် လီဝူယုမှာ ပြေးလွှားနေသော ခြေလှမ်းများကို ချက်ချင်း နောက်ပြန်ဆုတ်ကာ ရှောင်တိမ်းလိုက်ရသည်။ ခေါင်းကို မော့ကြည့် လိုက်သည်နှင့် မူလပြေးလွှားနေသောမြေပြင်ထဲသို့ ဓားရှည်တစ်ချောင်း ထိုးကျသွားသည်ကို တွေ့လိုက်ရသည်။

( မပြည့်စုံတဲ့ ဓားရည်ရွယ်ချက်လား။ )

လင်းယွင်၏ မျက်ခုံးများ လှုပ်ယမ်းသွားသည်။ မြေပေါ် စိုက်ဝင်နေသော ဓားတွင် စီးမျောနေသော ဓားရည်ရွယ်ချက်ကို ကောင်းစွာ ခံစားနိုင်သည်။ ရုတ်တရက် သစ်ပင်တစ်ပင်ကို မှီ၍ ပြုံးနေသော လူတစ်ဦးကို တွေ့မြင်လိုက်ရသည်။

“ မင်းက ကျားနဂါးလက်သီးကို ဆုပ်ကိုင်ထားတယ်လို့ ငါကြားတယ်၊ တိုက်ဆိုင်လိုက်တာ၊ လက်နက်မဲ့ တိုက်ခိုက်ရေး နည်းစနစ် အချို့ကို ငါလည်း လေ့လာထားတယ်၊ ငါ့နာမည်က ဟွမ်ဖူဂျင်းရှန်ပါ၊ ငါ့ကို အလင်းပေးပါဦး "

ဟွမ်ဖူဂျင်းရှန်က ရှေ့သို့ တိုးသွားကာ လင်းယွန်ကို လက်သီးဖြင့် ထိုးပစ်လိုက်သည်။ သူ့လက်သီးမှာ လျင်မြန်လွန်းပြီး လင်းယွန်အတွက် တုံ့ပြန်ချိန်ပင် မရခဲ့ပေ။

လင်းယွန်၏ မျက်လုံးများတွင် မီးတောက်များဖြင့် တောက်လောင်လာပြီး၊ မိုးကြိုးခန္ဓာကိုယ်ကို အသက်သွင်းကာ ထာဝရနတ်ဘုရားတံဆိပ်တော်ကို ထုတ်ဖော် ရင်ဆိုင်ခဲ့သည်။ ဟွမ်ဖူဂျင်းရှန်ထံမှ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာပြီး ကျယ်လောင်စွာ တိုက်မိသွား ကြသည်။

“ ဒါက လက်သီးချက်ပဲ ”

" နောက်ဆုံးတော့ ဟွမ်ဖူဂျင်းရှန်က သူ့ရဲ့ လှုပ်ရှားမှုကို စတင် လိုက်ပြီ။ "

ကြီးမားသော စွမ်းအင် လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့သွားခဲ့သည်။ ကမ္ဘာမြေကြီး တုန်ခါသွားသည်ကို ခံစားလိုက်ရသောအခါ ရပ်ကြည့်နေခဲ့ကြ သူများမှာ တုန်လှုပ်သွား ကြ၏။

လင်းယွန်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ ပြင်းပြင်းထန်ထန် တဟွတ်ဟွတ် ချောင်းဆိုးလာပြီး ထိတ်လန့်စွာ မော့ကြည့်လိုက်မိသည်။ မျိုးဆက်တူချင်း ရင်ဆိုင်ရချိန်တွင် ပထမဆုံးအကြိမ် ဖိနှိပ် ခံလိုက်ရမှုပင်။ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကို ထုတ်ဖော်ပြီးနောက် လက်သီးနှင့် ဓား ပေါင်းစပ်မှုဖြင့်ပင် သူ၏ ပြိုင်ဘက်ကို အနိုင် မယူနိုင်ခဲ့ပေ။

ဟွမ်ဖူဂျင်းရှန်က သူ့နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစများကို သုတ်ယူလိုက်ပြီး ငုံ့ကြည့်လိုက်၏။ သူက လင်းယွန်ကို တစ်ချက်ကြည့်လိုက်ပြီး၊

'' ရှန်ရှင်း သိုင်းသမားလေး တစ်ယောက်က၊ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာပဲ၊ ဝမ်နင်က မင်းကို ဘာလို့ ဒီလောက် ဆိုးဆိုးရွားရွား သတ်ချင် နေရတာလဲဆိုတာ အခုတော့ ငါနားလည်သွားပြီ၊ မင်းမှာ အမှိုက် သိုင်းဝိညာဉ်ရှိနေရင်တောင် နက်နဲနယ်ပယ်ကို ခြေချနိုင်တာနဲ့ သူ ငြိမ်းချမ်းမှာ မဟုတ်တော့ပါဘူး…”

သို့သော် သူစကားမဆုံးမီတွင် ကြယ်ရောင်များ သိုင်းခြုံလျက် စူးရှသော ဓားတစ်လက်တိုးဝင် လာလေသည်။ လီဝူယုက တိုက်ခိုက်ရန် အခွင့်အရေးကို လက်လွှတ် မခံချင်ခဲ့ပေ။

“မဟုတ်ဘူး ”

သို့သော် လင်းယွန်က ချက်ချင်း အော်ဟစ် ဟန့်တား လိုက်သည်။ သူ့စိတ်ထဲတွင် မသက်မသာ တိုးဝင်လာသလို ခံစားလိုက်ရ၏။ ဟွမ်ဖူဂျင်းရှန်သည် မပြည့်စုံသောဓားကို ဆုပ်ကိုင်ထားသည် ဖြစ်ရာ၊ သူ့ခွန်အားမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိ နေပေသည်။

လင်းယွန်က မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်ထားသောကြောင့် ထိုစွမ်းအားမှာ မည်မျှ ကြောက်စရာ ကောင်းသည်ကို သိထားသည်။ သို့သော် နောက်ကျ သွားခဲ့လေပြီ။

ဟွမ်ဖူဂျင်းရှန်က ဓားရှည်ကို ဖမ်းယူပြီး လီဝူယုအား သူ့ဓားဖြင့် ထိုးလိုက်သည်။

လီဝူယု၏ မျက်လုံးများတွင် သွေးများ လွှမ်းလာပြီး တွန့်ဆုတ်နေသော အရိပ်အယောင်များ ဖျတ်ခနဲ ပေါ်လာသည်။ ဓားဖျားက ဟွမ်ဖူဂျင်းရှန်၏ နှလုံးနှင့် လက်မဝက်သာ ကွာဝေးတော့ သော်လည်း ထိုအကွာအဝေးကို ထပ်မံ မတိုးဖောက် နိုင်တော့ပေ။

ဟွမ်ဖူဂျင်းရှန်က သူ့လက်ကို အနည်းငယ် ယမ်းလိုက်ပြီး သူ့ဓားပေါ်ရှိ စွမ်းအင်များကို ဖောက်ခွဲပြစ်လိုက်ရာ၊ လီဝူယုတစ်ယောက် လွင့်စင် သွားကာ သွေးအန်လျက် မြေပြင်ပေါ်သို့ လဲကျသွားသည်။

" မဆိုးပါဘူး၊ ငါ့လက်ထဲက ဓားကို မင်းသိနေပုံရတယ်၊ တကယ်လို့သာ မင်းက နက်နဲနယ်ပယ်မှာ ရှိနေရင်၊ ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်လာနိုင်တယ်၊ အခုတော့ သနားစရာ ကောင်းလိုက်တာ…”

ဟွမ်ဖူဂျင်းရှန်က သူ့လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီး ဓားပေါ်ရှိ သွေးစက်များကို သုတ်ယူလိုက်သည်။

လင်းယွန်က ဟွမ်ဖူဂျင်းရှန်အား လျစ်လျူရှုလိုက်ပြီး၊ လီဝူယုကို ပွေ့ယူကာ ထပ်မံ ပြေးထွက်သွား ပြန်သည်။ ဟွမ်ဖူဂျင်းရှန်က သူ့ဓားကို ရုတ်သိမ်းကာ ထွက်ပြေးသွားသော လင်းယွန်၏ နောက်သို့ လိုက်ပါသွားခြင်း မပြုခဲ့ပဲ၊ ကောက်ကျစ်စွာ ပြုံးရယ် လိုက်လေသည်။

" နဂါးလေး.... ''

လင်းယွန်က အော်ခေါ်လိုက်သည်နှင့် နဂါးသွေးမြင်းမှာ လျှပ်စီးလက်သလို ပြေးဝင်လာခဲ့သည်။ မြင်းပေါ် ခုန်တက်လိုက်ပြီး ဇက်ကြိုးကို ဖွင့်လိုက်၏။ ယခုအချိန်တွင် သိပ်ပြီး မတွေးတော ရဲတော့ပေ။ ဤပတ်၀န်းကျင် အတွင်းမှ တတ်နိုင်သမျှ ဖြတ်ကျော်ရန်သာ ဆန္ဒရှိနေခဲ့သည်။

သို့မဟုတ်ပါလျှင် လီဝူယုမှာ သေဆုံးနိုင်ခြေ ရှိ၏။ သူ့ခန္ဓာကိုယ်အတွင်း ကျန်ရှိနေခဲ့သော ဓားရည်ရွယ်ချက်မှာ သေစေနိုင်ပေသည်။

အတားအဆီးမရှိ ပြန့်ကားနေသော မြေပြင်တွင် နဂါးသွေးမြင်းကို မည်သူမျှ မတားဆီးနိုင်ပေ။

သို့သော် ထူထပ်သော တောအုပ်အတွင်းမှ ဖြတ်ကျော်နေဆဲ လင်းယွန်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဝမ်နင်နှင့်လန်းမိုတို့သည် မြင်းများကို ဒုန်းဆိုင်းစီးနင်းကာ တစ်ကီလိုမီတာ အကွာတွင် လိုက်ပါ ရှိနေကြသည်။

ထို့အပြင်၊ သူတို့ ပြေးလမ်း ပတ်ဝန်းကျင်တွင် အကာအရံ တစ်ခုသဖွယ် အတန်းလိုက် ဖွဲ့စည်းထားသော လူနှစ်ဆယ်ခန့် လိုက်ပါနေခဲ့သည်။

ဤအခြေအနေအရ တစ်စုံတစ်ရာကို အတင်းအကြပ် ခိုင်းစေခံရကြောင်း သဘောပေါက် လိုက်သည်။ သို့သော် နဂါးသွေးမြင်းဆီသို့ နက်မှောင်သော အလင်းရောင်တစ်ခု ကျရောက်နေသောကြောင့် တွေးရန် သူ၌ အချိန် မရှိတော့ပေ။ လန်းမိုက လှံဖြင့် နဂါးသွေးမြင်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နဂါးသွေးမြင်းက ရှောင်တိမ်းဖို့ရန် အချိန်နှောင်းသွားပြီ ဖြစ်သည်။ ရလဒ်အနေဖြင့် နဂါးသွေးမြင်းကို လှံဖြင့် ထိုးခြင်း ခံခဲ့ရသည်။ လှံခေါင်းထက်ဝက်ခန့် အသားထဲ နှစ်မြုပ် သွားပြီးနောက်၊ နဂါးသွေးမြင်းမှာ မြေပြင်ပေါ်သို့ ခြေခေါက်ကျ သွားသည်။ နဂါးသွေးမြင်း၏ လဲကျသော အရှိန်ကြောင့် လင်းယွန်နှင့် လီဝူယုမှာ မြေပြင်ပေါ်သို့ လှိမ့်ကျသွားတော့၏။

" နဂါးလေး..... ''

လင်းယွန်က ထိတ်လန့်စွာ အော်ဟစ် လိုက်သည်။ သူ၏ ဒဏ်ရာများထက် နဂါးသွေးမြင်းကို ပိုမို စိုးရိမ်သွား၏။

ထို့နောက်တွင် ဝမ်နင်နှင့် အဖွဲ့မှာ မြေပြင်ပေါ်သို့ ဆင်းသက် လာခဲ့သည်။

ဟွမ်ဖူဂျင်းရှန် မှလွဲ၍ အခြားသူများတွင် ဒဏ်ရာ အနည်းငယ် ရရှိထားသည်။ အပြင်းထန်ဆုံး သူများမှာ၊ ဖိန်းဟူယုနှင့် မိုချင်းယွင်တို့ ဖြစ်သည်။

ထိုမြင်ကွင်းက မြင်ရသူတိုင်းကို ထိတ်လန့်သွားစေ၏။ တောအုပ်အတွင်း၌ မည်မျှ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ခဲ့မည်ကို တွေးမကြည့်နိုင်ခဲ့ပေ။ တစ်ချိန်တည်းမှာပင်၊ ရှန်ရှင်း သိုင်းသမားနှစ်ဦးသည် နက်နဲနယ်ပယ် သိုင်းသမားများကို ဒဏ်ရာရ စေခဲ့သည်မှာ မယုံနိုင် စရာပင်။

ဝမ်နင်က နှုတ်ခမ်းထောင့်စွန်းကို တွန့်ကာလှောင်ပြောင်သရော်မှုများ အပြည့်ဖြင့် လှမ်းကြည့်နေခဲ့သည်။

အဝေးတစ်နေရာတွင် စမ်းသပ်မှု အတွင်း ပါဝင်လာကြသည့် ထောင်ပေါင်း များစွာသော လူအုပ်ကြီးမှာ သစ်ကိုင်းများပေါ်၌ ထိုမြင်ကွင်းကို ရပ်ကြည့် နေကြသည်။

" အခု ခွေးက ဘယ်သူလဲဆိုတာ မင်းသိပြီ မဟုတ်လား ဓားကျွန်ကောင် "

ဝမ်နင်က အပေါ်စီးမှ နေ၍ ရှုပ်ပွနေသော လင်းယွန်ကို ငုံ့ကြည့် မေးမြန်းလိုက်၏။

***

All Chapters