ဓားသင်္ချိုင်း တောအုပ်။
Vol. 14 Ch. 188
လီဝူယု၏ ဒဏ်ရာမှာ ပြင်းထန်လွန်းခဲ့ပြီး၊ နဂါးသွေးမြင်းသည် လည်း မြေပြင်ပေါ်မှ ပြန်မထ နိုင်တော့ပေ။ နက်နဲသိုင်းသမား ဆယ်ယောက်၏ အဆုံးစွန်ထိ တွန်းပို့ ခံခဲ့ရသည်။
'' ဒုသခင်လေးရဲ့ ဂရုဏာကို မင်းတောင်းခံစမ်း ဓားကျွန်ကောင်...''
ထောင်ပေါင်းများစွာသော လူရိပ်များစွာက အဝေးမှ ငေးကြည့်ကာ မသိချင် ယောင်ဆောင် နေကြသည်။
လင်းယွန်က ခေါင်းမာပြီး အရှုံးကို ဝန်ခံရန် ငြင်းဆို လိုသော်လည်း ဤအခြေအနေက သူ့ကို စိတ်ပျက် သွားစေသည်။
လန်းမို၏ အော်ငေါက်သံကို လျစ်လျူရှုကာ နဂါးသွေးမြင်း ဆီသို့ လျှောက်သွားခဲ့သည်။ နဂါးသွေး မြင်းက လှံတစ်ချောင်း ထိုးစိုက် ခံရသော ဝေဒနာကြောင့် တုန်ယင် ညည်းညူ နေ၏။
“ သည်းခံ ထားပါ။”
နဂါးသွေးမြင်းကို လက်ဖြင့်ပုတ်ပြီး လှံကိုဆွဲထုတ် လိုက်သောအခါ မြင်းထံမှ ကျယ်လောင်သော အော်ဟစ် ငိုကြွေးသံ နှင့်အတူ သွေးများ စီးကျလာသည်။
ဝမ်နင်က သူ့ဘေးနားရှိ လန်းမိုကို လှည့်ကြည့်လိုက်၏။ ဝမ်နင်၏ အကြည့်ကို နားလည်သွားသော၊ လန်းမိုက ရက်စက်သော အပြုံးဖြင့် ခေါင်းညိတ်ပြပြီး၊ သိုလှောင်လက်စွပ် အတွင်းကနေ နောက်ထပ် လှံတစ်ချောင်းကို ထုတ်ယူလိုက်ကာ၊ လင်းယွန်ဆီသို့ ပစ်လွှတ်လိုက်သည်။
လင်းယွန်က ဤတိုက်ခိုက်မှုကို ရှောင်လွှဲလိုပါက လှံသည် နဂါးသွေးမြင်း ဆီသို့ နောက်တစ်ကြိမ် ဦးတည်သွားမည်ဖြစ်သည်။
နဂါးသွေးမြင်း၏ ဒဏ်ရာကို ကုသနေသော လင်းယွန်က လေခွင်းလျက် လှံတစ်စင်း ပျံသန်းလာ သံကို ကြားရသော်လည်း လှည့်ကြည့် ခုခံကာကွယ်ဟန် မရှိခဲ့ပဲ၊ မတ်တပ် ထရပ်လိုက်ပြီး နဂါးသွေးမြင်း၏ ဒဏ်ရာကို ကုသရန် အချိန်ယူ မိသည်။
သူ့ခန္ဓာကိုယ်ကို အနည်းငယ် ယိမ်းနွဲ့လိုက်ပြီး အရေးကြီးသော အစိတ်အပိုင်းများကို ထိုးဖောက်ခံရခြင်းမှ ရှောင်ရှားလိုက်၏။
သေလောက်သော အစိတ်အပိုင်းများ ဆီသို့ ထိုးဖောက်နိုင်ခြင်း မရှိပါက မိုးကြိုးလျှပ်စီး ခန္ဓာကိုယ်ကြောင့်၊ ဤလှံသည် သူ့ကို ပြင်းထန်သော ဒဏ်ရာများ မဖြစ်စေနိုင်ပေ။
သို့သော် လှံနောက်ကွယ်ရှိ ကြီးမားသော အင်အားက သူ့ကို ဒူးထောက်ကျ သွားစေသည်။ ဝမ်နင်က မြင်းပေါ်ကနေ ကြေနပ်စွာ ရပ်ငုံ့ကြည့် လိုက်ပြီး၊
" လင်းယွန် .... သိုင်းဝိဥာဉ်ကိုတောင် ခေါ်လို့မရတဲ့ မင်းလို အမှိုက်တွေကို ဘယ်သူမှ ကယ်မှာ မဟုတ်ဘူး၊ ငါ မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်၊ အသေခံပါ၊ ဒါမှမဟုတ် ငါ့ရဲ့ ဓားကျွန်ဖြစ်လိုရင် မင်းကို အသက်ရှင်ခွင့် ပေးမယ် "
"ဟားဟားဟား .... "
လင်းယွန်က သွေးများဖြင့် ဖုံးလွှမ်းနေသော မျက်နှာဖြင့် ရူးသွပ်စွာ ရယ်လိုက်တော့သည်။ လက်ညှိုးတွင် ချည်ထားသော ဖဲကြိုးကို (ဆုစီယာ၏ ခေါင်းစည်းကြိုး) တစ်ချက်ကြည့် လိုက်ပြီး သက်ပြင်းချ လိုက်သည်။ သူ့နှုတ်ခမ်းမှ အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့လာကာ၊
“နက်နဲသိုင်းသမား ဆယ်ယောက်ကို ငါ မအနိုင် မယူနိုင်ဘူး၊ ငါရှုံးရင် ငါရှုံးတယ်ပေါ့၊ ဒါပေမယ့် ငါက သေရမှာ ကြောက်တဲ့ လူတော့ မဟုတ်ဘူး၊ မင်းငါ့ကို သတ်ချင်ရင် လာသတ်လှည့်..... ”
နက်နဲသိုင်းသမား ဆယ်ယောက်ကို မတိုက်ခိုက်နိုင်မှန်း သူသိသော်လည်း ကရုဏာကို တောင်းရမ်းရန် မဖြစ်နိုင်ပေ။ သူ့၌ မည်သို့ပင် ဖိအားများ ရင်ဆိုင် နေရသော်လည်း နှလုံးသားမှာ ဓားဖြင့် ထိုက်တန်သော သူ ဖြစ်ရပေမည်။
" ငါ့ကို ထည့်တွက်ထားပါ၊ အနည်းဆုံးတော့ ငါတို့ သေရင် အဖော်ရှိတာပေါ့ "
လီဝူယုက သွေးချောင်းဆိုးပြီး ထရပ်ရန် ကြိုးစားလိုက်သည်။ ရှုပ်ပွနေသော သူ့ဆံပင်များကို သပ်တင်လိုက်ကာ၊ လင်းယွန်၏ ပခုံးပေါ်၌ သူ့လက်ကို တင်လျက် ရယ်မောလိုက်၏။ သူတို့နှစ်ဦးက ဝမ်နင်၏ ခြိမ်းခြောက်မှုကို လုံးလုံးလျားလျား လျစ်လျူရှု ခဲ့သည်။
ဝမ်နင်မျက်နှာသည် သူတို့၏ သဘောထားများကြောင့် မည်းမှောင်သွား၏။ သူက
“ သေခြင်းတရားနဲ့ ရင်ဆိုင် နေရတာတောင် အရမ်းခေါင်းမာ နေတုန်းပါပဲ၊ မင်းတို့ ဆန္ဒအတိုင်း ဖြစ်စေရမယ်... "
"သူတို့ကို သတ်......"
လန်းမိုက မြင်းပေါ်မှ ခုန်ဆင်းကာ ရှန်ရှင်း သိုင်းသမား များကို ဦးဆောင် ပြေးဝင် လာခိုက်တွင်၊ နဂါးသွေးမြင်း ထံမှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ်လာသည်။
သူ့ အရေပြား မှသည် ကြက်သွေးရောင် အင်္ကျီတစ်ထည်လို မီးလျှံများ တဟုန်းဟုန်း ထ၍ တောက်လောင် လာခဲ့၏။
" နက် နဲ နယ် ပယ် နတ်ဆိုး သားရဲ"
" သန့် စင် လိုက်တာ၊ ဒီလို ဆိုးရွားတဲ့ ဖိအားအောက်မှာတောင် အဆင့်ချိုးဖြတ် နိုင်ခဲ့တာပဲ ”
မြေပြင်ပေါ်တွင် လဲလျောင်းနေသော နဂါးသွေးမြင်းကို ဤကဲ့သို့ အသွင်ပြောင်း လာရန် မည်သူမျှ မမျှော်လင့်ထားပေ။
နက်နဲ နယ်ပယ်ကို ခြေချနိုင် သည်နှင့် အနီးနား တိုးကပ်လာသော လန်းမိုကို လျှပ်တပြက် ပြေးဝင် တိုက်ခိုက် လိုက်သည်။
လန်းမိုက သတိမထား မိခင်မှာပင် နဂါးသွေးမြင်း၏ ဦးချိုဖြင့် ထိုးခြင်း ခံခဲ့ရသည်။ လွင့်ထွက်သွားပြီး သူ့ကိုယ်တွင်း အင်္ဂါများ အပိုင်းပိုင်း ကွဲထွက် သွားခဲ့သည်။
အကယ်၍ နက်နဲ နယ်ပယ်တွင် မရှိခဲ့ ပါက၊ သူသည် ချက်ချင်းပင် သေဆုံးသွား ပေလိမ့် မည်။
လင်းယွန်၏ မျက်လုံးများမှာ ဤမြင်ကွင်းကြောင့် လင်းထိန်သွားပြီး ရှေးဟောင်း ဓားသေတ္တာကို ဆုပ်ကိုင်ကာ ဝမ်နင် ထံသို့ ဦးတည် လျက် ကောင်းကင်ပေါ်သို့ ခုန်တက် သွားသည်။
ခရမ်းရောင် ပန်းပွင့်ချပ် လေးဆယ့် လေးချပ်သည် ပွင့်အာလာပြီး ဓားသေတ္တာထဲသို့ စတင် သွန်းလောင်းလိုက်သည်။
ဓားသေတ္တာသည် လင်းယွန်၏ လက်ထဲ၌ ဓားရည်ရွယ်ချက်ဖြင့် ပေါင်းစပ်ထားသော တောင်တစ်လုံး ကဲ့သို့ လေးလံသွား၏။
ဓားသေတ္တာထံမှ ထွက်ပေါ်လာသော အရှိန်အဟုန်ကြောင့် ဝမ်နင်က ထိတ်လန့်သွားပြီး မြင်းပေါ်မှ ချက်ချင်း ခုန်ထွက်လိုက်သည်။
မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက်၊ သူ့ဂုဏ်သတင်းကို ဂရုမစိုက်နိုင်တော့ပဲ လှည့်၍ ထွက်ပြေးတော့၏။
ရလဒ်အနေဖြင့် ဓားသေတ္တာမှာ ဝမ်နင်၏ မြင်းကို ထိမှန်သွားကာ အသားမှုန့် အဖြစ်သို့ ပြောင်းလဲပြစ် လိုက်လေသည်။
ဤမြင်ကွင်းကို နက်နဲသိုင်းသမား ဆယ်ယောက်က အံ့အားသင့်သွားကြ၏။ ဟန်မိုနှင့် ဟန်ဖန်းတို့က သတိဝင်လာကြပြီး ဝမ်နင်ကို ကာကွယ်ရန် ချက်ချင်း ဝင်ရောက် လာခဲ့ကြသည်။
ကျန်သိုင်းသမားများက သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး၊ လင်းယွန်ကို ဝိုင်းရံ လိုက်၏။ လင်းယွန်သာ လွတ်မြောက် သွားပါက မည်သို့သော ကပ်ဘေးမျိုး ကြုံတွေ့ရမည်ကို သူတို့အားလုံး သိလိုက် ကြသည်။
“ အမှိုက်တွေ၊ မင်းတို့က ဘာလို့ ဒီမှာ ရပ်နေတာလဲ သူ့ကို တားစမ်း .....''
နောက်ပြန်ဆုတ်ခွာသွားသော ရှန်ရှင်း သိုင်းသမားများကို ကြည့်ကာ ဝမ်နင်က ကျိန်ဆဲ လိုက်သည်။ ရလဒ် အနေဖြင့် ရှန်ရှင်း သိုင်းသမား များက အံကြိတ်လျက် လင်းယွန်ထံ ဦးတည် လာကြတော့၏။
ရှေးဟောင်းဓားသေတ္တာကို ညင်သာစွာ ပုတ်ထုတ်လိုက်သည်နှင့် ပန်းသင်္ချိုင်းဓားမှာ သေတ္တာထဲမှ ပျံထွက်လာသည်။
သူ့ထံ ပြေးဝင် လာနေသော ရှန်ရှင်း သိုင်းသမား များကို ကြည့်လိုက်ကာ၊ ပန်းသင်္ချိုင်း ဓားအား ဆွဲကိုင် လိုက်ပြီး မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ဖြည့်သွင်း လိုက်သည်။
ဒါဇင်ပေါင်း များစွာသော ရှန်ရှင်း သိုင်းသမားမှာ လင်းယွန်အနား မကပ်နိုင်မီတွင် လွင့်ထွက်သွားပြီး ဒဏ်ရာများဖြင့် ဖုံးလွှမ်း သွားခဲ့သည်။ မြေပြင်၌ လဲလျောင်းနေကာ အော်ဟစ် ညည်းညူ နေကြတော့၏။
" အစ်ကိုလင်း ပြေး .... ''
လီဝူယုက ပရမ်းပတာ အခြေအနေကို အခွင့်ကောင်းယူကာ နဂါးသွေးမြင်း ပေါ်သို့ ခုန်တက် လိုက်သည်။ လူအုပ်ကို ဖြတ်ကျော် ပြီးနောက် လင်းယွန်ဆီသို့ ချက်ချင်း ဦးတည် သွားခဲ့သည်။
ဓားသေတ္တာကို ဆုပ်ကိုင်လိုက်ပြီး၊ လင်းယွန်က သူ့ဓားကို ပြန်သိမ်းလိုက်ကာ မြင်းပေါ်သို့ ခုန်တက် လိုက်၏။
" အိုး ..... မဟုတ်ဘူး မင်း မသွားရဘူး "
နက်နဲသိုင်းသမား များထဲတွင် အသန်မာဆုံးဖြစ်သော ဟွမ်ဖူဂျင်းရှင်က အော်ဟစ် ဟန်တား လိုက်သည်။ အခြားသူများ ဝိုင်းမိစေရန်အတွက်၊ လင်းယွန်ကို ခဏတာ ဟန့်တားရန် လိုအပ်ပေသည်။
" ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်လဲ "
လင်းယွန်က ဤလူကို အမှန်တကယ် မုန်းတီးသွားသည်။ ဟွမ်ဖူဂျင်းရှန်၏ ဓားရည်ရွယ်ချက်ကြောင့်သာ မဟုတ်ပါက၊ သည်အခြေအနေမျိုးဖြင့် အတင်းအကြပ် ဖိအားပေးခံရမည် မဟုတ်ပေ။
ယခုအချိန်တွင် လွတ်မြောက်ရန် မျှော်လင့်ချက် အနည်းငယ် တောက်ပ လာခဲ့ သော်လည်း၊ ဟွမ်ဖူဂျင်းရှန်မှာ သူ့နောက်သို့ လိုက်လံ ဟန့်တားချင် နေ ပြန်သည်။
လင်းယွန်က သိုင်းဝိညာဉ်မှ ငွေဖြူရောင် ဓားအလင်းကို သူ၏ လက်ချောင်းထိပ် များသို့ ပေါင်းစပ် ပစ်လိုက်သည်။ လင်းလက် တောက်ပ နေသော ရောင်ဝါများ ၊ လက်ချောင်းများတွင် ချက်ချင်း ဖြစ်ပေါ်လာသည်။
ငွေဖြူရောင် ဓားအလင်းသည် ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပဲ၊ ဒါန်တမ် အတွင်းရှိ ကျိုးနေသော ဓားမှ ဖြစ်သည်။
ထို့ကြောင့် ၎င်းသည် နတ်ဘုရား ပုံရိပ်ယောင် ဓား၏ စွမ်းအားကို အဆင့်သစ် တစ်ခုသို့ ယူဆောင်လာ ခဲ့သည်။
ဟွမ်ဖူဂျင်းရှန်က ဓားမီးတောက်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာတွင် သိသိသာသာ ပြောင်းလဲသွားပြီး ချက်ချင်း ရှောင်ထွက်သွား၏။
သို့သော် အတတ်နိုင်ဆုံး အလျင်အမြန် ကြိုးစားခဲ့သော်လည်း သူ၏ ညာဘက်ပခုံးကို ဓားမီးတောက်ဖြင့် ထိုးဖောက် ခံလိုက်ရသည်။
" ဟွမ် ဖူ ဂျင်း ရှန်၊ ငါ ဒါကို အနှေးနဲ့ အမြန် လာဖြေရှင်းမယ် "
နောက်ဆုံး ဝှက်ဖဲကို သုံးပြီးနောက် လင်းယွန်၏ မျက်နှာမှာ ကြောက်စရာ ကောင်းလောက်အောင် ဖြူဖျော့ သွားခဲ့သည်။
'' ငါမင်းကို လွတ်မြောက်ခွင့် မပေးနိုင်ဘူး ''
ဟွမ်ဖူဂျင်းရှန်က မျက်လုံးများ မှေးစင်းလျက် ပခုံးပေါ်ရှိ ဒဏ်ရာကို လျစ်လျူရှုကာ လေးနက်သော အသံဖြင့်၊
“ သူ့နောက်ကို လိုက်... နဂါးသွေးမြင်းက ဒဏ်ရာ ရထားတဲ့ အတွက် အဝေးကို ပြေးနိုင်မှာ မဟုတ်ဘူး။ ”
နက်နဲသိုင်းသမားတိုင်းသည် အနီးနားရှိ မြင်းများကို ဖမ်းယူလိုက်ကာ၊ ရက်စက်သော အမူအရာဖြင့် လင်းယွန်နောက်သို့ လိုက်သွား ကြသည်။
သူတို့က နဂါးသွေး မြင်း ထံမှ ကျန်ရစ်ခဲ့သော သွေးစက်များကို ခြေရာခံ လိုက်လာခြင်း ဖြစ်သည်။
" ဒီကောင်တွေ ..... "
လီဝူယုက သူတို့၏ အနောက်ကို မော့ကြည့်လိုက်ပြီး သူ့သွားများကို ကိုက်လိုက် သည်။
လင်းယွန်သည်လည်း လှည့်ကြည့်မိသည်။ လီဝူယု၏ မျက်နှာမှာ ဖြူဖျော့နေပြီး သက်ရှိ လူသား တစ်ယောက်လို မဟုတ်တော့ပေ။
ဒဏ်ရာများကို အချိန်မီ မကုသရပါက၊ သေဆုံးပေလိမ့်မည်၊ သို့သော်လည်း လိုက်လံ ဖမ်းဆီးသူများက အနောက်နားဆီမှ အနီးကပ် လိုက်ပါနေသည့် အတွက် အနားယူရန် အခွင့်အလမ်း မရှိပေ။
နဂါးသွေးမြင်း၏ ကနဦး ပေါက်ကွဲသော အရှိန်မှာ တဖြည်းဖြည်း ပြီးဆုံးသွားပြီးနောက် မောပန်းနွမ်းနယ် လာတော့သည်။ သူ့တွင် လန်းမို၏ လှံကြောင့် ဒဏ်ရာ ရရှိနေဆဲ ဖြစ်လေသည်။
" ဟိုမှာ ကြည့်စမ်း ..... "
လင်းယွန်၏ မြင်ကွင်းထဲသို့ ဝါးစိမ်းတောကြီး ရုတ်တရက် ဝင်ရောက်လာသည်။ ဝါးပင်များသည် အမြင့်မီတာ တစ်ရာနီးပါး ရှိကြပြီး၊ တောအုပ်အတွင်း မြူခိုးများဖြင့် ဖုံးလွှမ်းနေကာ အလွန်ထူးခြား ပုံပေါ်ပေသည်။
“ ဒါက ဓားတွေ မြုပ်နှံထားတဲ့ တောအုပ်ပဲ ”
ဟွမ်ဖူဂျင်းရှန်နှင့် အခြား သူများ၏ မျက်နှာ အမူ အရာများ သိသိ သာသာ ပြောင်းလဲ သွားကာ၊ ချက်ချင်းပင် ရပ်တန့်သွားသည်။
" ဓားမြှုပ်နှံထားတဲ့ ဝါးတောအကြောင်း သူတို့ မသိဘူးလား "
မိုချင်းယွင်က ကြောက်လန့်တကြားဖြင့် ဝါးတောဆီကို လှမ်းကြည့်လိုက်သည်။ ကောင်းကင်လွင်ပြင်တွင် အကြောင်း တစ်ခု ခုကြောင့် တားမြစ်ထားသော နယ်မြေများ အဖြစ် သတ်မှတ်ထားသည့် နေရာများ ရှိသည်။ ထိုနယ်မြေသို့ ခြေချသူ မည်သူမဆို သေဆုံးရန်မှာ သေချာပေမည်။
ဓားမြှပ်နှံထားသော ဝါးတောသည် ထိုကဲ့သို့ တားမြစ်ထားသော နေရာတစ်ခု ဖြစ်သည်။ လူပေါင်း များစွာ လမ်းမှားပြီး အထဲကို ဝင်သွား သော်လည်း၊ အသက်ရှင်လျက် ထွက်လာနိုင်ခြင်း မရှိခဲ့ချေ။
ဤသည်မှာ ဓားမြှပ်နှံထားသော ဝါးတောကို နာမည်ဆိုးဖြင့် ကျော်ကြားစေသော တားမြစ် နယ်မြေတစ်ခု ဖြစ်လာစေသည်။
စစ်ဆေးပွဲကို ကြီးကြပ်ရန် တာဝန်ရှိသော အကြီးအကဲ များသည်ပင် ဤနယ်မြေအတွင်း မဝင်ရန် အကြိမ်ကြိမ် သတိပေးခဲ့သည်။
"သူတို့ဘယ်မှာလဲ.... "
ဝမ်နင်နှင့် လန်းမိုတို့က အလွန်အမင်း မောပန်းနေဟန်ဖြင့် ရောက်ရှိလာကာ မေးမြန်းလိုက် ကြသည်။
၎င်းတို့နှစ်ဦး၏ ဒဏ်ရာမှာ ပြင်းထန် သော်လည်း ဆေးလုံးများ သောက်ကာ အမြန်ပြေး လိုက်လာခဲ့ခြင်း ဖြစ်သည်။
လင်းယွန်ကို မသတ်နိုင်ပါက သူတို့နှစ်ဦး အိပ်ပျော်နိုင်မည် မဟုတ်ပေ။ ရုတ်တရက် တိတ်တဆိတ် သွားပြီး၊ ဝမ်နင်၏ မေးခွန်းကို မည်သူမျှ မဖြေကြားခဲ့ပေ။
" ဓားသင်္ချိုင်း တောအုပ် "
ဝမ်နင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။ မြင်းကို နောက်ပြန် ဆုတ်ဖို့ ချက်ချင်း အမိန့်ပေးလိုက်သည်။
ကောင်းကင်လွင်ပြင်ထဲသို့ မ၀င်ခင် သူ့အစ်ကိုက ဓားသင်္ချိုင်းတောအုပ်၏ ကြောက်စရာ ကောင်းလှပုံကို သတိပေးခဲ့ ဖူးသည်။
နက်နဲနယ်ပယ် အကြီးအကဲများနှင့် တပည့်များစွာတို့သည် ထိုနေရာတွင် အသက်ဆုံးရှုံးခဲ့ ကြသည်။
“ ဓားသင်္ချိုင်း တောအုပ်ထဲကို ဝင်ပြီးရင် သူတို့ သေမှာ သေချာပါတယ်၊ သူတို့အတွက် စိတ်ပူနေစရာ မလိုတော့ဘူး”
ဟု လန်းမိုက ပြောသည်။
သို့သော်လည်း ဝမ်နင်၏ နှလုံးသားတွင် မသေချာ မရေရာမှုကို ခံစားခဲ့ရသည်။ သည်ရလဒ်ကို သူလိုချင်ခဲ့သည် မဟုတ်ပေ။
လင်းယွန်က သူ့ မျက်မှောက်၌ နာကျင်အော်ဟစ်ကာ၊ သေခွင့်ပြုရန် တောင်းဆို လာသည်အထိ နှိပ်စက်လိုခြင်း ဖြစ်သည်။
“ သူက ယင် လေစီးကြောင်း ထဲကနေတောင် လွတ်မြောက် လာတဲ့ သူ တစ်ယောက်ပါ…”
ဝမ်နင်၏ မျက်ခုံးများတွင် အုံ့မှိုင်း သွားခဲ့ သည်။
ဤအခိုက်အတန့်တွင် ဟွမ်ဖူဂျင်းရှန် က ပြုံးလိုက်ပြီး၊
" ဒုတိယသခင်လေး၊ စိတ်ပူစရာ ဘာမှမရှိပါဘူး၊ ဓားသင်္ချိုင်း တောအုပ်က ခရမ်းရောင် နန်းတော်နယ်ပယ်က ကျင့်ကြံသူ တွေတောင် ချွင်းချက်မရှိ သေဆုံး ကြရတယ် ''
“ ပြီးတော့ သူ မသေဖူး ဆိုရင်တောင် စာမေးပွဲကို ပြီးမြောက်နိုင်မှာ မဟုတ်ဘူး၊ တကယ်လို့ သူသာ ဓားနန်းတော်ရဲ့ တပည့် မဖြစ်နိုင်တော့ရင် ဝမ်မျိုးနွယ်စုက သူ့ကို သတ်ပစ်ဖို့ ဘယ်ခက်ခဲ လိမ့်မလဲ။ ''
ဟွမ်ဖူဂျင်းရှန်၏ သုံးသပ်ချက်ကို နားထောင်ပြီး၊ ဝမ်နင်၏ မျက်နှာက တဖြည်းဖြည်း ဝင်းပလာသည်။
“ သူက ဓားနန်းတော်ရဲ့ တပည့် မဟုတ်မှတော့၊ အသက်ရှင် နေရင်တောင် ငါ ကြောက်နေစရာ မရှိပါဘူး၊ ''
***