← Chapters

ပြန်လမ်းမဲ့။

Vol. 14 Ch. 189

ပြန်လမ်းမဲ့။

Vol. 14 Ch. 189

"သူတို့ ငါတို့နောက်ကို လိုက်မလာဘူးလား"

လီဝူယုက အံသြစွာ ရေရွတ်လိုက်သည်။

“ ဒီနေရာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား တစ်ခုခုတော့ ရှိရမယ်…”

မြူခိုးများ ဖုံးလွှမ်းနေသော ဝါးတော အတွင်းသို့ ကြည့်လိုက်ကာ၊ လင်းယွန်က သံသယဝင် လာခဲ့သည်။

တောအုပ်သည် မရိုးရှင်းလှသည်ကို သတိထား လိုက်မိသည်။ သို့သော် သူ့နှလုံးသားကို တုန်လှုပ်သွား စေသော တစ်စုံတစ်ရာကို ဤနေရာ၌ ရင်းရင်းနှီးနှီး ခံစားရ နေ၏။

သူတို့နှစ်ယောက် တောအုပ် ထဲသို့ ဝင်လိုက်သည်နှင့် ဝမ်နင်၏ အဖွဲ့မှာ သေမင်းကို တွေ့မြင် လိုက်ရသကဲ့သို့ ထိတ်လန့် သွားကြ သည်ကို သတိရ လိုက်သည်။

သို့သော် အန္တရာယ် မပြီးသေးကြောင်း ထင်ရှားလှ၏။ နဂါးသွေးမြင်းက လင်းယွန်တို့ နှစ်ယောက် ခုန်ဆင်းသွားသည်နှင့် တောအုပ်အတွင်းသို့ လှည့်ပတ် စူးစမ်းတော့သည်။ နှစ်ယောက်သား မျက်စိလျင်လျင်ဖြင့် ဝါးတော အတွင်းသို့ ပြေးဝင် လာမိကြသည်။

လီဝူယုက ချောင်းဆိုးလိုက်ပြီး နှုတ်ခမ်းမှ သွေးများ ယိုစီးကျလာ၏။

" မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓားသွားတွေကို ဖယ်ရှားဖို့ မင်းကို ငါကူညီမယ်"

လင်းယွန်က သွေးအန်နေသော လီဝူယုကိုဖေးမကာ ပြောလိုက်၏။

“ဒါပေမယ့် ဒီနေရာက …”

လီဝူယုက ပတ်ဝန်းကျင်ကို စိတ်မချဟန်ဖြင့် ဝေ့ကြည့် တုံ့ပြန်လိုက်သည်။

“ စိတ်မပူနဲ့..... ''

လင်းယွန်က နဂါးသွေးမြင်းကို ပြန်ခေါ်ယူလိုက်ပြီး၊ ဤနယ်မြေ အတွင်း၌ စောင့်ကြည့်ထားရန် ခိုင်းစေလိုက်သည်။

အခြားသူ တစ်ဦးသာ ဆိုပါလျှင် လီဝူယုအတွက် မျှော်လင့်ချက် ရှိမည် မဟုတ်ပေ။

သို့သော် လင်းယွန်ထံရှိ အပြည့် စုံသော ဓားရည်ရွယ်ချက်သည် ဟွမ်ဖူဂျင်းရှန်၏ ဓားရည်ရွယ်ချက်ထက် ပို၍ ပြင်းထန်ပေသည်။

ထို့ကြောင့် လီဝူယု၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဓားသွားကို ဖျက်ဆီးပစ်ရန် ပြင်ဆင် လိုက်သည်။

“ ခဏတော့ သည်းခံလိုက်ပါ၊ မင်းရဲ့ခန္ဓာကိုယ်မှာ ထိခိုက်မှု တစ်စုံတစ်ရာကို တားဆီးဖို့ ဓားသွားတွေ ငါဖယ်ပေးမယ်"

“ အရမ်းကြီး စိတ်မပူပါနဲ့ အစ်ကိုလင်း၊ ငါ့ရဲ့ ခန္ဓာကိုယ်က မင်းရဲ့ မိုးကြိုးလျှပ်စီး ခန္ဓာကိုယ်နဲ့ မယှဉ်နိုင်ပေမယ့် ငါက အဲဒါကို နှစ်နဲ့ချီပြီး ပြုပြင်ထား ခဲ့တာပါ။ "

လင်းယွန်အား စိတ်လက် ပေါ့ပါးစေရန် လီဝူယုက ပြုံးပြီး နှစ်သိမ့်လိုက်သည်။

" ဒါဆို ငါ ... စလိုက်တော့မယ်။ "

လင်းယွန်က သူ့လက်ကို လီဝူယု၏ နောက်ကျောသို့ ဖိကပ်လိုက်ပြီး မပြည့်စုံသော ဓာရည်ရွယ်ချက်ကို လောင်းထည့် လိုက်သည်။

လင်းယွန်၏ ဓားရည်ရွယ်ချက်နှင့် ဟွမ်ဖူဂျင်းရှန် ထားရစ်ခဲ့သော ဓားရည်ရွယ်ချက် တို့သည် လီဝူယု၏ ခန္ဓာကိုယ်ထဲ၌ ထိပ်တိုက် တွေ့ဆုံ သွားတော့၏။

လီဝူယုက သူ့ခန္ဓာကိုယ် အတွင်း တိုက်ခိုက်နေသော ဓားနှစ်လက်ကို ခံစားနိုင်ပြီး၊ ပြင်းထန်စွာ နာကျင်သွားသည်။

နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီးနောက် လီဝူယု၏ ခန္ဓာကိုယ် အတွင်းရှိ နောက်ဆုံး ဓားသွားကိုထုတ်ဖယ်ပေးလိုက်ကာ၊ သူ၏ မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ခန္ဓာကိုယ်ထဲမှ ပြန်ဆွဲ ထုတ်လိုက်သည်။

“ခဏလောက် ငါ အနားယူဦးမယ်…”

လီဝူယုက နာကျင်လွန်းသော ဒဏ်ကို နာရီဝက်လုံးလုံး အံကြိတ် ခံယူပြီးနောက်တွင်၊ စိတ်လွှတ်လိုက်ဟန်ဖြင့် ပျော့ခွေ ကျသွားသည်။

'' လုပ်ပါ... မင်းအနားယူပါ ''

အိပ်ပျော်သွားသော လီဝူယုကို ကြည့်ကာ၊ နဂါးသွေးမြင်းအား စောင့်ရှောက်ရန်မှာ ကြားလိုက်ပြီး၊ ပတ်ဝန်းကျင်ကို စတင် စစ်ဆေးနေမိသည်။

သူတို့ ပတ်လည်ရှိ ဝါးပင်များသည် ဓားရှည်များကဲ့သို့ မြင့်မား ထူထပ်နေသည်။ ဝါးပင် တစ်ပင်ချင်းစီသည်စနစ်တကျ စိုက်ထားသကဲ့သို့ ပေါက်ရောက်နေခဲ့ပြီး၊ အဆုံးအစမဲ့ မြူခိုးများ အတွင်း ပျောက်ကွယ် နေခဲ့သည်။ အဘက်ဘက်တွင် ပိတ်ဆို့ ခံထားရပြီး ထွက်ပေါက်ကို ခန့်မှန်း မရပေ။

ဤသည်မှာ အခြားသူများ မဝင်ဝံ့သော တားမြစ်နယ်မြေ ဖြစ်ရမည်။ သို့သော် မည်သို့သော အရာသည် သူ့အား ရင်းနှီးသလို ခံစားစေမိ သနည်း။

လင်းယွန်က မျက်လုံးများ မှိတ် လိုက်ပြီး ပတ်ဝန်ကျင်ကို သတိထား စစ်ဆေးမိသည်။ ရုတ်တရက် သူ့နားထဲတွင် စူးရှသော အသံတစ်သံ ထွက်ပေါ်လာ၏။

'' ဒါပဲ......... ''

သူ့မျက်လုံးများ ပြန်ဖွင့်လာကာ၊ ရင်းနှီးနေသောအရာကို သိရှိလိုက်ပြီ ဖြစ်သည်။

ဝါးပင်များပေါ်တွင် ရူရ်များ ရှိနေပေသည်။ ထိုရူရ်များမှာ ရှေးဦးကျမ်းပေါ်ရှိ မှတ်တမ်း တင်ထားသော အက္ခရာများနှင့် အလွန်ဆင်တူ သည်ကို သတိပြုမိလိုက်သည့်အတွက်၊ သူ့မျက်လုံးထဲရှိ မြူများ လွင့်စင်သွားသည်။

ခဏအကြာတွင် 'ဓားသင်္ချိုင်း တောအုပ်' ဟူသော စကားလုံးများကကျောက်ပြားတစ်ချပ် အဖြစ် ထွက်ပေါ်လာသည်။

ကျောက်ပြားပေါ်ရှိ စကားလုံးများကို မြင်လိုက်ရသောအခါ လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲသွား၏။

စကားလုံးများတွင် ပြင်းထန်သော စွမ်းအားများ ပါရှိနေပြီး၊ နဂါးများ ကဲ့သို့ ရုန်းကြွနေသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ့နှလုံးသားကို ဓားဖြင့် အထိုးခံလိုက် ရသလို အေးစက်လာသည်။

ကျောက်ပြားနောက်ကွယ်တွင် ထူးခြားသော ဝါးတောကြီး တစ်ခုကို ထပ်မံတွေ့မြင် လိုက်ရသည်။

သတိကြီးကြီးဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး၊ လီဝူယုရှိရာ အရပ်သို့ ပြန်လာခဲ့သည်။ နဂါးသွေးမြင်း ဘေးတွင် လီဝူယုက ပြန်လည် နိုးထနေခဲ့သည်။

လင်းယွန်ကို မြင်လိုက်ရသည်နှင့် လီဝူယု၏ မျက်လုံးများ တောက်ပလာပြီး၊

"အစ်ကိုလင်း၊ လမ်းကို ရှာတွေ့ပြီလား"

လင်းယွန်က ခေါင်းညိတ်လိုက်ပြီး၊

" ပြန်လို့ရမယ့် အကြံလေး တစ်ခုတော့ ရှိတယ်"

ဟု ပြန်ဖြေ လိုက်သည်။

" ပြန်လမ်းလား....."

လီဝူယုက ခေါင်းယမ်းလိုက်၏။

“ ပြန်သွားတာက ငါတို့အတွက် သေလမ်းပဲ၊ဝမ်နင်ရဲ့ ပင်ကိုယ် စရိုက်အရ ထွက်ပေါက်ကို စောင့်ကြည့်ဖို့ တစ်စုံ တစ်ယောက်ကို စေလွှတ်ထားမှာ သေချာတယ်၊ ဒီတောထဲက နောက်ထပ် ထွက်ပေါက် တစ်ခုကို ရှာဖို့ လိုမယ် ”

လီဝူယု၏ စကားကို နားထောင်ကာ၊ လင်းယွန်က စဉ်းစားပြီး ငြိမ်သက်သွား၏။ လီဝူယုစကားမှာ မှန်ပေသည်။

ပြန်သွား နိုင်ခဲ့ပါက တူညီသော အခြေအနေကို ထပ်ခါထပ်ခါ ကြုံတွေ့ ရနိုင်သည်။ ဤသို့သော နာကျင်မှုများကို ထပ်ပြီး မခံစား ချင်တော့ပေ။

“ငါနဲ့လိုက်ခဲ့”

လင်းယွန်က လီဝူယုနှင့် နဂါးသွေးမြင်းကို ဓား သင်္ချိုင်းတောအုပ် ဆီသို့ ခေါ်ဆောင်သွား ခဲ့သည်။

"ဓားသင်္ချိုင်းတောအုပ်"

ကျောက်ပြားပေါ်ရှိ စကားလုံးများကို မြင်သောအခါ လီဝူယု၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ ထူထပ်သော ဝါးတောကြီးကို ကြည့်နေသော သူ့မျက်နှာတွင် ပျက်ယွင်းသွားသည့် အမူအရာများ ဖြစ်ပေါ် လာသည်။

ဤနေရာသည် တားမြစ်နယ်မြေ ဖြစ်ကြောင်း သူပြောနိုင်သည်။ သူတို့ နောက်ကျောရှိ မြူခိုးများသည် ထွက်ပေါက်များကို ပိတ်ဆို့ ထားခဲ့ပြီး၊ ရှေ့တွင် နာမည်ဆိုးဖြင့် ကျော်ကြားလှသော ဝါးတောကြီးက စောင့်ကြို နေပေသည်။

“ ဘယ်လိုပဲဖြစ်ဖြစ် အန္တရာယ်တွေ နဲ့ပါလား …”

လီဝူယုက ခါးသီးသော အပြုံးဖြင့် ပခုံးတွန့်လိုက်၏။ တူညီသော လမ်းအတိုင်း ပြန်သွားခြင်း သို့မဟုတ် တားမြစ်ထားသော မြေသို့ ခြေချသည် ဖြစ်စေ ရွေးချယ်မှု နှစ်ခုလုံးသည် ကောင်းသော ရွေးချယ်မှု မဟုတ်ပေ။

“ မှန်တယ်၊ ဒါပေမယ့် ဒါက အခွင့်အရေး တစ်ခုလည်း ဖြစ်နိုင်ပါတယ် ”

ဟု လင်းယွန်က အကောင်းမြင်သော အယူအဆဖြင့် ပြောလိုက်သည်။

" မင်း ဘာကို ဆိုလိုတာလဲ "

လီဝူယုက မေးသည်။

“ မင်း ပတ်ဝန်းကျင်ကို ခုကြည့်... ”

လင်းယွန်က ပြန်ဖြေလိုက်ပြီး၊ သူ့လက်ချောင်းဖြင့် ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။ တခဏချင်းမှာပင် ထောင်ပေါင်း များစွာသော ဓားမီးတောက်များ ဝါးတောအတွင်း ပေါက်ကွဲသွား၏။ ဝါးပင်တစ်ပင် ချင်းစီတွင် ကြည်လင်သော အကန့်အသတ်မဲ့ ဓားအလင်းများဖြင့်တောက်ပလာလေသည်။

ဝါးပင်များမှာ ရိုးရှင်း ပုံမရချေ။ ယင်းအစား၊ ၎င်းတို့သည် မြေပြင်၌ ပိတ်မိနေသော ဓားထောင်ပေါင်း များစွာ ကဲ့သို့ ထင်ရပေ၏။ သူတို့ တစ်ပင်ချင်းစီတွင် ပြင်းထန်သော ဓားရည်ရွယ်ချက်များ ပါရှိ ပေသည်။ ဓားရည်ရွယ်ချက်များမှာ အတူတကွ ချိတ်ဆက် မိသွားသော အခါ၊ ဓားသမုဒ္ဒရာ တစ်စင်း ရုတ်တရက် ဖြစ်ပေါ်လာတော့သည်။

လီဝူယု၏ အသက်ရှူသံများ မြန်ဆန်လာလေပြီ။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ ဓားရည်ရွယ်ချက်လဲ၊ ခရမ်းရောင်နန်းတော်နယ်ပယ် ကျင့်ကြံသူ တောင်မှ ဒီဓားရည်ရွယ်ချက် အောက်မှာ ပျားသလပ်လို ဇကာပေါက် ဖြစ်သွားမှာကို ငါကြောက်မိတယ်။”

သို့သော် သူလှည့်ကြည့် လိုက်ချိန်တွင် လင်းယွန်က ဓားသင်္ချိုင်း တောအုပ်ဆီသို့ လျှောက်လှမ်း သွားနေသည်ကို တွေ့လိုက်ရသည်။

" လင်းယွန် စောင့်ဦး.... "

လီဝူယုက ရုတ်တရက် စိတ်လှုပ်ရှား သွားသည်။ သို့သော် လင်းယွန်က သူ့လက်ကို ဝှေ့ယမ်းကာ လီဝူယုကို နေခဲ့ရန် အချက်ပြ ခဲ့သည်။

ဝါးတောအုပ်ထဲသို့ ခြေချလိုက်သည်နှင့် မရေမတွက်နိုင်သော ရူရ်များ၏ ရှုပ်ထွေးပွေလီ နေမှုကို ခံစားနိုင်ခဲ့သည်။ ဤရူရ်များမှာ သူဆုပ်ကိုင်ထားသော ရူရ်များထက် အဆတစ်ရာ ပိုရှုပ်ထွေး ပေ၏။

" ဓားရည်ရွယ်ချက် အပြည့်အစုံလား "

လင်းယွန်က ဤ'ရူရ်'များ အတွင်းမှ ဓားရည်ရွယ်ချက်မှာ အပြည့်အစုံဖြစ်ကြောင်း ခံစားနိုင်သည်။ မပြည့်စုံသော ဓားရည်ရွယ်ချက် နှင့်မတူပဲ၊ ပြီးပြည့်စုံသော ဓားကို စစ်မှန်သော ဓားရည်ရွယ်ချက်ဟု ယူဆ နိုင် လေသည်။

သို့မဟုတ်ပါက မပြည့်စုံသော ဓားရည်ရွယ်ချက်တွင် ချို့ယွင်းချက် အမြဲ ရှိနေပေလိမ့်မည်။ လင်းယွန်က မပြည့်စုံသောဓားကို ဆုပ်ကိုင်ထားနိုင်ပြီး၊ ပြီးမြောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ဓားသင်္ချိုင်း တောအုပ်သည် သူ့အတွက် ပြီးပြည့်စုံသော ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်ရန် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်မည်။

“ အစ်ကို လင်း …”

လီဝူယုက လင်းယွန်အပေါ် အန္တရာယ်ကျရောက်လာမည် စိတ်ပူသွား၏။

ဝါးတောထဲသို့ ဆယ်လှမ်းခန့် လှမ်းယူ လိုက်ရုံဖြင့်၊ ဓားရည်ရွယ်ချက်များမှာ မယုံနိုင်လောက်အောင် ထူထပ်လာခဲ့သည်။ သူတို့သည် လင်းယွန်ကို ဝန်းရံ ချောင်းမြောင်းနေသော ကြမ်းကြုတ်သည့် သားရဲများ ကဲ့သို့ပင်။

သို့သော် ရုတ်တရက်၊ လင်းယွန်၏ ဓားမှ ဓားရောင်များကို လွှတ်ထုတ်လာပြီး မပြည့်စုံသော ဓားရည်ရွယ်ချက်အဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ သူ၏ ဓားရည်ရွယ်ချက်မှာ ဓားသမုဒ္ဒရာနှင့် ပေါင်းစပ် သွားသည်။

လေပေါ်သို့ လှမ်းတက်လိုက်ပြီး သူ့ထံမှ တောက်ပသော အလင်းတန်းများ ထွက်လာသည်။ ဆံပင်နှင့် အဝတ်အစားများက လေထဲတွင် တဖျပ်ဖျပ် လွင့်လာ၏။

အန္တရာယ်ကြား တိုးဝင်သွားသော လင်းယွန်ကိုကြည့်ကာ၊ နဂါးသွေးမြင်၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားလျက် တိုးဝင်သွား လိုဟန်ဖြင့် အားယူ လိုက်သည်။ သို့သော် နဂါးသွေးမြင်း မရွေ့နိုင်မီ လီဝူယုက ဇက်ကြိုးကိုဆွဲကာ၊

“ မသွားနဲ့ ....သူ တစ်ခုခုကို နားလည်ဖို့ ကြိုးစားနေတယ်။ ”

ဟု ဟန့်တားလိုက်၏။

လင်းယွန်သည် ဓားသင်္ချိုင်း တောအုပ်ထဲသို့ မည်သို့ ဝင်ရောက်နိုင် ခဲ့သည်ကို သူ သိချင်နေမိသည်။ သူသာ လင်းယွန်၏ နေရာ၌ ရှိနေပါက၊ ယခုအချိန်တွင် ခန္ဓာကိုယ်သည် ဇကာပေါက် အဖြစ်သို့ ပြောင်းလဲသွားကာ၊ ဓားရာများ ပြည့်နှက် နေပေလိမ့်မည်။ သို့သော် ဓားသင်္ချိုင်း တောအုပ်ထဲသို့ မဝင်နိုင်ခင် မြူခိုးများ ဖုံးလွှမ်းနေသော တောအုပ်ကို မည်သို့ ဖြေရှင်း နိုင်ခဲ့သည်ကို ပြန်တွေး ကြည့်မိသောအခါ လင်းယွန်တွင် ဝှက်ဖဲတစ်ချပ် ရှိရမည်ဟု ယူဆ လိုက်မိသည်။

ဓားသမုဒ္ဒရာကို လှမ်းကြည့်လိုက်ပြီး လင်းယွန်က ရှေ့ကို ဆက်လျှောက် လာခဲ့သည်။ သူလှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် အန္တရာယ်များနှင့် ပြည့်နှက်နေသည်။ ရူရ် အလွှာများ အပြောင်းအလဲ ဖြစ်ပေါ်လာပြီး၊ အဆုံးမရှိသော ဓားရည်ရွယ်ချက်မှာ ဒီရေလှိုင်း များကဲ့သို့ သူ့ထံ ရိုက်ခတ်လာသည်။

လီဝူယုက သူ့မျက်လုံးများကို အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြည်ရှုနေခဲ့ပြီး၊ နောက်ဆုံးတွင် အဖြစ်ပျက်များကို ဝိုးတဝါးသာ မြင်လိုက်ရသည်။ လင်းယွန်က သူ့ဓားကို ခုတ်ပိုင်းနေလျက် ဓားသင်္ချိုင်း တောအုပ်ထံမှ တဆင့် သူ၏ မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ပုံဖော် လိုပုံရသည်။

“သူ့မှာ ဘယ်လောက်တောင် ကြီးမြတ်တဲ့ နှလုံးသား ရှိနေရတာလဲ…”

လီဝူယုက အံ့သြသွားသည်။ ပြီးပြည့်စုံသော ဓားရည်ရွယ်ချက်ကို နားလည်ရန် မည်မျှခက်ခဲသည်ကို သူသိသည်၊ ရှန်ရှင်း နယ်ပယ်တွင် မပြည့်စုံသော ဓားရည်ရွယ်ချက်ကိုပင် နားမလည် နိုင်သူများ အမြောက်အများ ရှိပေသည်။ ပြီးပြည့်စုံသော ဓားရည်ရွယ်ချက်နှင့် ပတ်သက်၍ မရိုးရှင်းသော အိပ်မက်တစ်ခု မျှသာ ဖြစ်လေသည်။

ကောင်းကင်ဘုံဓားနန်းတော်တွင်ပင် ဓားရည်ရွယ်ချက်ကို အပြည့်အ၀ နားလည်နိုင်သည့် တပည့်များစွာ မရှိပေ။ လင်းယွန်သည်သာ ၎င်းကို အပြည့်အဝ ဆုပ်ကိုင်နိုင်ပါလျှင် ဘိုင်လိရွှမ်နှင့် နှိုင်းယှဉ် နိုင်ပေမည်။

ဘိုင်လိရွှမ်သည် ရှန်ရှင်း သတ္တမအဆင့်တွင်သာ ရှိသော်လည်း ဓားရည်ရွယ်ချက်ကို နားလည် နိုင်ခဲ့ကာ၊ နက်နဲသိုင်းသမား အများအပြားကိုပင် အနိုင်ယူ နိုင်ခဲ့သည်။ ထို့ပြင် သူ၏ နဝမအဆင့် စိတ်ဝိညာဉ် ကိုယ်ခန္ဓာကို သူတော်စင် ခန္ဓာသို့ မြှင့်တင်ရန် ကြိုးစား နေသူ ဖြစ်သည်။ ၎င်းသည် ရှန်ရှင်း နယ်ပယ်၌ အတင်းဖိနှိပ် ထားရသည့် တစ်ခုတည်းသော အကြောင်းပြချက်ပင်။

ဓားသင်္ချိုင်းသစ်တောထဲတွင် နက်ရှိုင်းသော ဓားရည်ရွယ်ချက် များကြား၌ လင်းယွန်က မျက်လုံးများကို မှိတ်ကာ ရှေ့သို့ ဆက်လျှောက် သွားခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ ရူရ်များမှ ထုတ်လွှတ်သော ပြင်းထန်သည့် ဓားရည်ရွယ်ချက်ကို ခံစားနိုင်သည်။ ထိုသို့သော အစီအရင် တစ်ခုကို ဖန်တီးရန်၊ ဓားရည်ရွယ်ချက် သာမက ရူရ်များ ပေါ်တွင်လည်း နက်နက်ရှိုင်းရှိုင်း နားလည်မှု ရရှိထားရန် လိုအပ်ပေမည်။

ပြန်လှည့်မရသော လမ်းပေါ်သို့ တက်လှမ်းလာမိသည်ဟု ခံစားလိုက်ရသည်။ ဤနေရာတွင် ဓားရည်ရွယ်ချက် အပြည့်အစုံကို နားမလည်နိုင်ပါက အသက်ဆုံးရှုံးမည်မှာ သေချာပေသည်။

***

All Chapters