ဓားသမား။
Vol. 14 Ch. 190
ဝါးတောထဲတွင် အန္တရာယ်များနှင့် ပြည့်နေသော်လည်း နောက်ပြန် မလှည့် နိုင်တော့ပေ။
ရှေ့ဆက်သွားရမည့် ဘဝ၏ တည်ရှိမှုမျိုး ဖြစ်ပြီး နောက်သို့ ပြန်သွားခြင်းသည် ဓား ရည်ရွယ်ချက်ကို အပြည့်အ၀ နားမလည်ခြင်း ဖြစ်ကာ၊ သေချာပေါက် သေခြင်း တရားဖြင့် ကြုံတွေ့ ရပေမည်။
၎င်းသည် ရူရ်များကို ဖြေရှင်းခြင်း သည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်၏။
ဤရူရ်များသည် ရှေးဦးကျမ်းရှိ ရူရ်များနှင့် မတူပေ။ အန္တရာယ်များပြီး အကန့်အသတ် မရှိသော ဓားရည်ရွယ်ချက်များ ပါရှိသည်။
၎င်းတို့ကို ဓားရူရ်များဟု ခေါ်ခြင်းသည် လွန်လွန်ကဲကဲ ဖြစ်မည် မဟုတ်ပေ။ အဆိုးဆုံးမှာ၊ ရူရ်များကို အစီအရင် တစ်ခုအဖြစ် ခင်းကျင်းထားပြီး၊ ဓားရည်ရွယ်ချက်များ ပေါင်းစပ်ထားလေသည်။
ဓားသင်္ချိုင်းတောအုပ်… ။ ထိုအခိုက် အတန့်တွင် သည်နေရာကို ဓားသင်္ချိုင်း တောအုပ်ဟု အမည်ပေး ထားရသော အကြောင်း အရင်းကို နောက်ဆုံးတွင် နားလည် သွားသည်။
ယင်းအစီအရင်သည် ဓားသမားများ အတွက် သင်္ချိုင်းမြေ ဖြစ်သောကြောင့် ဝမ်နင်နှင့် အခြားသူများ မဝင်ဝံ့ပေ။
ဟွမ်ဖူဂျင်းရှန်သည် မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားသော်လည်း ရူရ်များ အကြောင်းကို သူမသိပေ။ ထို့ကြောင့် သူလာလျှင် သေမည်မှာ သေချာ၏။
ဤနေရာရှိ အန္တရာယ်များကြောင့် အခြား မည်သည့် အရာကိုမျှ မတွေးဝံ့ပေ။ ခေါင်းကျောမာမာဖြင့် ရှေ့ဆက် တိုးနိုင်ရန်သာ ဆုံးဖြတ်ထားသည်။
ရူရ်များနှင့် ဓားရည်ရွယ်ချက်ကို နားလည်ရန် ကြိုးစားသော အခါတွင် သူ၏ ဓားရည်ရွယ်ချက်မှာ တဖြည်းဖြည်း သန့်စင်လာခဲ့သည်။
ကျိုးသွားသော ဓားနှင့် သံကြိုးကိုးချောင်းတို့သည် သူ့ခန္ဓာကိုယ် အတွင်း အခါအား လျော်စွာ ပြင်းပြင်းထန်ထန် တုန်လှုပ်လျက် ထွက်ပေါ်လာ တက်သည်။
မပြည့်စုံသော ဓားရည်ရွယ်ချက် သန့်စင်လာသည် နှင့်အမျှ သံကြိုး ကိုးချောင်းသည်လည်း တဖြည်းဖြည်း ပြေလျော့ လာသည်။
သို့သော် မပြည့်စုံသော ဓားရည်ရွယ်ချက်မှာ မည်မျှပင် ကြီးထွားလာပါစေ၊ ပြီးမြောက်ရန် ခြေတစ်လှမ်း လိုအပ်နေဆဲပင်။
သူ့လက်ဖြင့် တို့ထိနိုင် သည်အထိ နီးကပ်နေသည်ဟု ခံစားနေ ရသော်လည်း၊ အကွာအဝေး တစ်ခု ထိတိုင် ဝေးကွာ နေပြန်သည်။
အဆုံးတွင် လင်းယွန်က နှုတ်ခမ်းများကို ကိုက်ရုံမျှသာ လုပ်နိုင်ခဲ့ပြီး၊ မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ပြုပြင်ရန် သူ၏ ဓားရည်ရွယ်ချက်ကို အားကိုးကာ ရှေ့သို့ ဆက်လျှောက် သွားခဲ့သည်။
ဓားသင်္ချိုင်း တောအုပ်အပြင် ဘက်တွင် လီဝူယုက လင်းယွန်ကို ကြည့်ပြီး၊ စိတ်လှုပ်ရှား လာသည်။ သူ့အမြင်သည် လင်းယွန် နှင့်မတူ လှပဲ၊ ကြုံတွေ့ နေရသော အန္တရာယ်ကို ရှင်းရှင်း လင်းလင်း သိမြင်နိုင်သည်။
သွေးအိုင်ထဲသို့ ချက်ချင်း ကျရောက် နိုင်သည့် အန္တရာယ်များကို ပုံစံ အမျိုးမျိုးဖြင့် မြင်တွေ့နေရသည်။ မည်သည့် အချိန်တွင် မဆို ပိုင်းဖြတ် ခံရနိုင်မည် ဖြစ်သည်။
သွေးပင်လယ်ထဲရှိ ဓားရှည်များ အားလုံးသည် ဓားရည်ရွယ်ချက်မှ ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ကို တိုက်ခိုက်ခြင်းသည် သေချာပေါက် သေခြင်းသို့ ရောက်ရှိမည် ဖြစ်သည်။ တောအုပ် အတွင်းမှ တစ်စုံတစ်ယောက်၏ သီချင်းဆိုသံ များကဲ့သို့ ဆူညံသံများ ထွက်ပေါ်လာသည်။
ဤဖိအား အောက်တွင် လင်းယွန်မှာ မည်မျှ ကြာကြာ ခံနိုင်မည်ကို မခန့်နိုင်ခဲ့ပေ။
" နည်းနည်းလိုတယ်... ဘာလို့ နည်းနည်း လိုနေ ရတာလဲ"
ပါးလွှာသော ရေခဲလွှာပေါ်တွင် လျှောက်လှမ်း နေရ သကဲ့သို့၊ အချိန်မရွေး ပြုတ်ကျ သွားနိုင်သည်ဟု ခံစား လိုက်ရသည်။
မျက်မှောင်ကြုတ်ကာ အလောင်းကောင် တစ်ယောက် လျှောက်လှမ်း နေဟန် ဖြည်းညှင်းစွာ သွားလာ နေမိသည်။
သူနှင့် ခြေတစ်လှမ်းမျှသာ ဝေးကွာ တော့သည်ဟု ခံစားနိုင်၏။ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်တိုင်း သူ့ကိုယ်ပိုင် တိုးတက်မှုကို ခံစား သိရှိ နိုင်သည်။
လေးပုံ-တစ်ပုံ အကွာအဝေး .... ရှစ်ပုံ-တစ်ပုံအကွာအဝေး ..... တစ်ဆယ့်ခြောက်ပုံ -တစ်ပုံအကွာအဝေး ......
တရွေ့ရွေ့ လျှောက်လှမ်း လာခဲ့သော်လည်း သူနှင့် ပြီးပြည့်စုံသော ဓားရည်ရွယ်ချက် တို့ကြား အကွာအဝေးမှာ ကျဉ်းမြောင်း လာနေဆဲ ဖြစ်ပြီး၊ တစ်ဖန် အကန့်အသတ် မရှိ ဝေးကွာ သွားပြန်၏။
နောက်ဆုံးတွင်၊ ဤနေရာရှိ ဓားရည်ရွယ်ချက် များနှင့် ရူရ်များ၏ အန္တရာယ်များက သူ့ယုံကြည်မှုကို ယိမ်းယိုင် သွားစေသည်။
သူ့ယုံကြည်မှု ပျက်ပြားသွား သည်ကြောင့် ချို့ယွင်းချက် တစ်ခုက သူ့နှလုံးသားကို ကြီးစိုး လာတော့သည်။
ရှေ့သို့ နောက်တစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့ခြေထောက် အောက်တွင် ဓားသွားများ ပေါက်ကွဲလာ၏။
ဝါးပင်များက လှံများသဖွယ် ဖြစ်တည်လာပြီး ပြိုင်ဘက် ကင်းသော ဓားအရှိန်အဝါဖြင့် သူ့ဆီသို့ ခုန်ဆင်း လာတော့သည်။
အစီအရင်၏ တုံ့ပြန်မှု။ သူ့စိတ်များ တင်းကြပ်လာ ပြီးနောက် ပတ်ဝန်းကျင်ရှိ အကန့်အသတ် မဲ့သော ဓားသွားများကို လှည့်ကြည့်လိုက်ပြီး၊ သူ့အတွက် လွတ်မြောက် နိုင်ရန် လမ်းစမရှိဟု ခံစားမိသည်။
အထီးကျန်မှုသည် သူ့နှလုံးသားထဲ၌ ကြောက်ရွံ့မှု နှင့်အတူ မွေးဖွားလာပြီး၊ ကမ္ဘာမြေကြီးမှ ငြင်းပယ် ခံရမည်ကို ကြောက်ရွံ့ သွားခဲ့သည်။
ဓားသင်္ချိုင်းတောအုပ်မှာ သူ့ကို ဖိနှိပ်ကာ၊ တောအုပ် အတွင်း၌ မြေမြှပ်သင်္ဂြိုဟ်ချင် နေလေသည်။
'' ဒီပြဿနာက ဘယ်က လာတာလဲ ''
ရုတ်တရက် ပြောင်းလဲ လာသော အခြေ အနေ များကြောင့်၊ ထိတ်လန့်စွာ မေးခွန်း ထုတ်လိုက် သည်။
အသက်နှင့် သေခြင်း၏ အကူးအပြောင်း ကြားတွင် မျက်လုံးမှိတ်လျက် အဖြေ ရှာလိုက်သည်။ ကျောက်စိမ်း ပန်းချီကား ထဲရှိ ဓားသမားမှာ သူ့စိတ်ထဲ၌ ထွက်ပေါ်လာသည်။
ပန်းတွေဘယ်မှာပွင့်နေလဲ။ ဓားကို လွှဲယမ်းလိုက်သော အသေးစိတ် အမူအရာ တိုင်းကို ပြန်လည် တွေးတော နေမိပြီး၊ သူ့ပြဿနာကို ရှာဖွေရန် ထိုဓားသမားနှင့် နှိုင်းယှဉ် နေခဲ့သည်။
နောက်တစ်ဖန် မြင်ကွင်းများသည် ဓားသူတော်စင် ထံသို့ ပြောင်းလဲ သွားသည်။ ဓားသူတော်စင်သည် နတ်ဆိုး သမုဒ္ဒရာလှိုင်းကို မည်သို့ နှိမ်နင်း နိုင်ခဲ့သည်ကို သတိရ သွားပြန်သည်။
ထိုသူတို့ နှစ်ယောက်လုံးမှာ ဓားသမားများ ဖြစ်ကြပြီး၊ သူမော့ကြည့် နေခဲ့ရသော ဖြစ်တည်မှုမျိုးကို ပိုင်ဆိုင် ထားလေသည်။ သို့သော် ......
ရုတ်တရက် မျက်လုံးဖွင့် လိုက်၏။ နောက်ဆုံးတွင် ဓားသမား နှစ်ယောက်ကြား တူညီသော အချက်အလက်များကို ရှာတွေ့လိုက်ပြီး သူ့၌ ပျောက်ဆုံး နေခဲ့သော အရာများကို သိရှိ သွားခဲ့သည်။
ရုတ်တရက် သူ့ထံ ဦးတည်နေသော အန္တရာယ်များနှင့် အကန့်အသတ်မဲ့ ဓားသွား များကို လျစ်လျူရှုလိုက်ကာ၊ တောအုပ် အတွင်းသို့ လှမ်းဝင် လိုက်လေသည်။
တောင်တန်းများနှင့် ကြယ်တာရာများကို ခူးဆွတ် ချေမှုန်း နိုင်ခဲ့လျှင်ပင် သူ့၌ နှလုံးသားမရှိပါက၊ ဓားသမား တစ်ယောက် အဖြစ် ယူဆ နိုင်မည် မဟုတ်ပေ။
ဓားသမား တစ်ယောက်တွင် ထက်မြက်သော နှလုံးသား ရှိရန် လိုအပ်လှ၏။ ၎င်းမှာ ပြဿနာ၏ အဖြေပင်ဖြစ်ကာ၊ သူ့နှလုံးသားသည် ဓားတာအို နှင့်အတူ မွေးဖွားလာပြီးနောက် ဓားဖြင့် သေရန် မည်သည့် အတွက် ကြောက်လန့် နေရ မည်နည်း။
ဓားသမား တစ်ယောက်သည် ဓားကို ကြောက်ရွံ့ နေပါက ဓားသမားဟု မခေါ်ဆို နိုင်ချေ။
ဓားတာအိုကို နားလည်မှု ရရှိသွား ပြီးနောက် မပြည့်စုံသော ဓားရည်ရွယ် ချက်၏ ရောင်ဝါမှာ သိပ်သည်း သွား၏၊ မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ ပျောက်ကွယ် သွားလျက်၊ ရဲရင့် ပြတ်သား ဟန်များ အစားထိုး လာလေသည်။
( ပြန်လမ်း မရှိဖူးလား၊ ဒါဆို ငါဆက် သွားမယ်.... ။ )
ဓားသမား တစ်ယောက်၏ ခံယူချက်ကို တွေ့ရှိလာပြီး၊ နှလုံးသားက တဆတ်ဆတ် တုန်လာတော့၏၊ လေထဲသို့ ခုန်တက်ကာ အဆုံးမရှိသော ဓားရည်ရွယ်ချက်ဖြင့် အစီအရင် များကို ခုတ်ပိုင်း လိုက်သည်နှင့် တပြိုင်နက် ရူရ်များ ဝါးမြိုခြင်း ခံလိုက်ရလေသည်။
“မဟုတ်ဘူး..... ”
ဤမြင်ကွင်းကို မြင်လိုက်ရသော အခါတွင် လီဝူယုက အသံကုန် ခြစ်အော် လိုက်သည်။
" သေစမ်း...ငါ---မ ဓားသင်္ချိုင်းတောအုပ်၊ ငါ မင်းကို ဖျက်ဆီးပြစ်မယ် "
ဒေါသအမျက်များ ပြည့်နှက်နေသည့် အတွက် လီဝူယုထံမှ ကြယ်အလင်းများ စတင် ထွက်ရှိလာသည်။ အရူးတစ်ယောက်လို ဝါးရုံ တောအုပ်ထဲ ပြေးဝင်သွားပြီး၊ ဝါးပင်များကို ခုတ်ပိုင်း လိုက်တော့၏။
သို့သော် ဝါးပင်များက မည်မျှပင် ခုတ်ပိုင်း စေကာမူ ပြတ်တောက်သွားခြင်း မရှိပဲ၊ ရူရ်များ၏ ပြန်လည် ဖြည့်တင်းခြင်း အောက်၌ လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာခဲ့သည်။
အကန့်အသတ်မဲ့ ဓားရည်ရွယ်ချက်များက လင်းယွန်ကို ဝါးမျို မချခင်တွင် တောက်ပသော အလင်းတန်းတစ်စသည် လင်းယွန် ခန္ဓာကိုယ်မှ ပွင့်ထွက်စ ပြုလာသည်။
သိပ်မကြာခင်မှာပင် ခန္ဓာကိုယ် ထဲရှိ သန့်စင်သော ဓား ရည်ရွယ်ချက်က ပေါက်ကွဲ သွားတော့၏။
ဝါးပင်များကို သူ့ဓားသွားဖြင့် ခုတ်မိချိန်တိုင်းတွင် စူးစူးရှရှ အသံများ ထွက်လာတက်သည်။ တစ်ချိန်တည်းမှာပင် ဓားကျိုးကို ချည်နှောင်ထားသည့် သံကြိုးများမှာ ရုတ်တရက် ပြတ်ထွက် သွားတော့၏။
လေထုထဲ၌ ရှေးဟောင်း အငွေ့အသက်များ ထွက်ပေါ်လာပြီး၊ ဟောက်သံတစ်သံ နှင့်အတူ၊ မြင့်မြတ်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံက အဝေးသို့ စိုက်ကြည့်လျက် ပုံရိပ်တစ်ရိပ် ဖြစ်တည် လာလေသည်။
" ဒါက ငါ့ရဲ့ သိုင်းဝိညာဉ်လား "
လင်းယွန်က မျက်လုံးများ ဖွင့်ပြီး လေထုထဲရှိပုံရိပ်ကို ငေးကြည့် လိုက်မိသည်။ တစ်ဆက်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ဝါးရုံတောသည် အန္တရာယ်များဖြင့် ပြည့်နှက် နေဟန် မရှိတော့ပဲ၊ ကျက်သရေရှိစွာ ယိမ်းနွဲ့ နေတော့သည်။ မြူခိုးများ ကင်းစင်ပြီးနောက် အဆုံးအစ မဲ့သော ဝါးပင်များကို ပြတ်ထင်စွာ တွေ့မြင် လိုက်ရသည်။
ဓားသင်္ချိုင်းတောအုပ်သည် စီနီယာ တစ်ဦးမှ ထားရှိခဲ့သော စမ်းသပ်ကွင်း တစ်ကွင်း ဖြစ်ပုံရသည်။ လွန်ခဲ့သည့် အခိုက်အတန့်တွင် သူ၏ ယုံကြည်ချက်များ ယိမ်းယိုင်သွားကာ ဓားရည်ရွယ်ချက် အမှန်ကို နားမလည်ခဲ့ သေးပေ။
သို့သော် ယခုအချိန်တွင် ပြီးပြည့်စုံသော ဓားရည်ရွယ်ချက်ကို နားလည် လာပြီးနောက်၊ ရူရ်များဖြင့် စီမံထားသော အစီအရင်များမှာ ပျောက်ကွယ် သွားလေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ၊ မင်း ဘယ်သူပဲ ဖြစ်ဖြစ်ပါ..... "
လင်းယွန်က တင်ပျဉ်ခွေထိုင်ကာ လက်နှစ်ဖက်ကို တွဲယှက်လိုက်၏။ ဓားရည်ရွယ်ချက်ကို တည်ငြိမ်အောင် အချိန် အနည်းငယ် ယူလိုက်ပြီးနောက်၊ မတ်တပ် ထရပ်လိုက်သော အခါတွင် ရူရ်များ ပျောက်ကွယ် သွားပြီ ဖြစ်ကြောင်း ခံစားလိုက် ရသည်။
ဤနေရာတွင် အနည်းငယ် ကြောက်စရာ ကောင်းခဲ့သော်လည်း၊ ယခုအချိန်၌ သာမန် ဝါးတော မျှသာ ဖြစ်နေပေသည်။
" ငါ မင်းကို ----- မယ် ...မင်းကို ...”
ရုတ်တရက် တစ်စုံတစ်ယောက်၏ အော်ဟစ် ဆဲဆိုနေသော အသံကို ကြားလိုက် ရသည်ကြောင့် လင်းယွန်က မျက်လုံးပြူး သွားသည်။
သူလှည့်ကြည့် လိုက်ရာ မောပန်း နွမ်းနယ်နေသော လီဝူယုကို တွေ့လိုက်ရ၏။ သူ့ဓားကို ကိုင်ထားပြီး လေထဲသို့ ဒေါသတကြီး လှည့်ပတ် ခုတ်ယမ်း နေလေသည်။
"မင်း .... ဘာလုပ်ဖို့ ကြိုးစား နေတာလဲ"
လင်းယွန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
" ငါ မင်းအတွက် လက်စားချေ ရမယ်၊ ဒီဝါးတော တွေကို ဖျက်ဆီး ပြီးရင် ငါတို့ ထပ် ပြောမယ်၊ ဘယ်အကောင်က ဒီမှာ လာစိုက်ထား တာလဲ၊ သူ့ကိုငါ သတ်ရမှ ကျေနပ်မယ် ”
လီဝူယုက သူ့ဓားကို လှည့်ပတ် ဝှေ့ယမ်းပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေ လိုက်သည်။
ထို အမူအယာကြောင့် လင်းယွန်က သူ့လက်ညိုးကို တောက်ထုတ်လျက်၊ ဓားမီးတောက်ဖြင့် ပစ်ခတ် လိုက်သောအခါတွင် ဓားရည်ရွယ်ချက်မှာ ကျယ်လောင်စွာ အသံထွက် လာလေသည်။ ထိုဆူညံသံကို ကြားလိုက် ရမှသာ လီဝူယုက ရုတ်တရက် လန့်နိုးသွား၏။
" ငါ ဘာလုပ် နေမိတာလဲ၊ ငါ့လက်ကောက်ဝတ်က နာကျဉ်နေတယ်…”
လီဝူယုက သတိပြန်ဝင် လာပြီးနောက် သက်ပြင်းချ လိုက်သည်။ ဓားကို အကြိမ် ထောင်ပေါင်း များစွာ ခုတ်ပိုင်း နေမှုကြောင့် လက်မောင်း တစ်ခုလုံး အောင့်မြက် နေခဲ့လေပြီ။
" မင်း ဘာလုပ် နေတာလဲဆိုတာ၊ ငါလည်း သိချင်နေတယ်"
လင်းယွန်က ပြုံးပြီး ပြန်မေးလိုက်သည်။
" အစ်ကိုလင်း မင်း ... မင် မသေဘူးလား"
လီဝူယုက လင်းယွန်ကို အံ့သြစွာ ငေးကြည့်လိုက်ပြီး၊
"ဟားဟားဟား...အစ်ကိုလင်း၊ ငါ မင်းကို ကယ်ခဲ့တာကွ... ဝါးပင်တွေ အားလုံးကို ခုတ်ပိုင်းပြီး၊ မင်းကို ကယ်ခဲ့တဲ့ သူက ငါပဲ၊ စောစောက မင်းကို ဝါးတောက မြိုချလိုက်တာ ငါမြင်လိုက်တယ် ”
သူ့မျက်လုံးများကို မှေးစင်းလိုက်ပြီး၊ လင်းယွန်က လက်ညိုးထိုး ပြလိုက်ကာ၊
'' ကြည့်ပါဦး... ငါ့အတွက် မင်းလုပ်ပေး ထားတာက ဒါလား "
“မင်း ဘာကို ဆိုလိုတာလဲ…”
လီဝူယုက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် ကျိုးနေသော ဝါးတစ်ပင်မျှပင် မရှိသည်ကို သိလိုက်ရသည်။ တစ်ချိန်လုံးသူ ခုတ်ပိုင်း နေခဲ့သော ဝါးပင်များသည်
မြေပြင်၌ တစ်ပင်မျှ ရှိမနေ တော့ပေ။
နဂါးသွေးမြင်းက ရှေ့သို့ တိုးလာကာ လီဝူယုအား အထင်အမြင် သေးစွာဖြင့် ငုံ့ကြည့် လိုက်သည်။ ထိုအကြည့်ကြောင့် လီဝူယုက ရှက်ရွံ့စွာဖြင့် မျက်နှာလွှဲ လိုက်သည်။
ထို့နောက်တွင် နှစ်ယောက်သား နဂါးသွေးမြင်းကို စီးနင်းကာ ဝါးရုံတော ထဲသို့ တိုးဝင်လာခဲ့သည်။ ဤနေရာ၌ လျှို့ဝှက်ချက် များစွာ ရှိပေမည်။ သူတို့သွားရာ လမ်းမှာ ရှည်လျား လှပြီး မိနစ်သုံးဆယ်ခန့် အကြာတွင် ဝါးရုံတော အလယ်၌ ရှေးဟောင်း ဝါးအိမ်တစ်လုံးကို တွေ့လိုက်ရသည်။
အဆောက်အဦးကို ရေကန်ကြီး ပေါ်တွင် တည်ဆောက် ထားပြီး၊ အေးစက်သော ရေမျက်နှာပြင် ပေါ်၌ မြူခိုးများ ရစ်သိုင်း နေလေသည်။
ပတ်ဝန်းကျင်ရှိ လေထုထဲတွင် ယင်လေစီးကြောင်း ကဲ့သို့ အေးစက်သော အငွေ့အသက်များ ပါရှိ နေသော်လည်း၊ တုန်လှုပ် ချောက်ချား စရာတော့ မဟုတ်ခဲ့ပေ။
" ဒီနေရာက ဘာလို့ အေးနေရတာလဲ "
လီဝူယု၏ အသံက လင်းယွန် နောက်ကျောမှ ထွက်ပေါ် လာလေသည်။
***