← Chapters

မလုံလောက်ဘူး။

Vol. 14 Ch. 191

မလုံလောက်ဘူး။

Vol. 14 Ch. 191

လင်းယွန်က ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင် နိုင်ပြီးနောက် ဓားသင်္ချိုင်းတောအုပ်မှ အသိ အမှတ် ပြုခံရခြင်း ဖြစ်သည်။

အစီအရင်ရှိ ဓားရည်ရွယ်ချက်မှာ ရှိနေဆဲ ဖြစ်သော်လည်း ယခုအခါ သာမန် ဝါးတောများ ကဲ့သို့ ဖြစ်နေသည်။

“သတိထား ..... ”

လင်းယွန်က သတိပေးလိုက်၏။

"ဟဲဟဲ ငါမင်းကို သတိပေးမလို့ မေ့သွားတာ...''

လီဝူယုက ဝါးရုံပင်ပေါ် မှ မျောက်တစ်ကောင်လို မြေပြင်သို့ ခုန်ချ လိုက်သည်။

တစ်ဖက်တွင် လင်းယွန်က နဂါးသွေး မြင်းကို ဆွဲကာ၊ ခြံဝန်း ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း လာခဲ့သည်။

ဝါးရုံတောအလယ်တွင် ခြံဝန်းတစ်ခုရှိကာ၊ ထိုခြံဝန်း တစ်ဘက်တွင် အဆုံးအစ မဲ့သော ရေကန်ကြီး တစ်ခု ဖြစ်တည် နေသည်။

ရေကန်ထဲတွင် ကျောက်စင်္ကြံ တစ်ခုကို အဝင်ဝ မုဒ်ဦး သဏ္ဍာန် ကျောက်တုံးကြီး နှစ်တုံးမှ ဝန်းရံထားပြီး၊ စင်္ကြံအဆုံး၌ ရေပေါ်တွင် တည်ဆောက်ထားသော ဝါးအိမ်ငယ် တစ်လုံး ရှိလေသည်။

ပတ်ဝန်းကျင်တွင် သက်ရှိ အရိပ်အယောင် တစ်ခုမျှပင် ခံစားလို့ ရခဲ့ပေ။

“ ဒီနေရာက အေးခဲနေတာပဲ ”

အအေးဒဏ်ကြောင့် တုန်ရီလာပြီး လီဝူယုက သက်ပြင်းချ လိုက်မိ၏။ သူ့မျက်လုံးများကို ဟိုဟိုဒီဒီ ကြည့်လိုက်ကာ၊

"အစ်ကိုကြီး ဒီအိမ်ထဲ သွားကြည့်ရအောင် ''

ကျောက်စင်္ကြံကို ငေးကြည့်နေသော လင်းယွန်က လီဝူယုဘက် လှည့်ကြည့် လိုက်ကာ၊

" ပိုင်ရှင်က အနီးအနားမှာ ရှိနေနိုင်တယ်”

“ မရှိနိုင်ပါဘူး၊ ဒီလို အေးခဲတဲ့ နေရာမှာ ဘယ်သူက နေမှာလဲ၊ တစ်ခုတစ်လေသာ လာတတ်ကြမယ် ထင်တယ်၊ ငါအရင် ဝင်နှင့်တော့မယ်၊ မင်းကို ငါရှာတွေ့တာ ဘာမှ မပေးလို့ ငါ့ကို အပြစ်မတင်နဲ့။"

လီဝူယုက ကျောက်စင်္ကြံ အဆုံးထိ လျှောက်သွားကာ အဆောက်အဦး ထဲသို့ တည့်တည့်လျှောက်သွား လိုက်သည်။ ဤနေရာတွင် နေထိုင်သော စီနီယာသည် တစ်စုံတစ်ခုကို ချန်ထားခဲ့ လိမ်မည်ဟု သူမျှော်လင့် ထားခဲ့သည်။

လင်းယွန်က ကျောက်တုံးမုဒ်ဦးကို လှည့်ကြည့်လိုက် ပြန်သည်။ ကျောက်တုံး၏ မျက်နှာပြင်ကို ရှုတ်ထွေးသော ပုံစံများဖြင့် ခြယ်သ ထားသည်။ ထိုပုံစံများသည် သဘာဝ သို့မဟုတ် လူလုပ်ထားခြင်း ရှိ၊ မရှိ မပြောနိုင်ပေ။ ခြံဝင်းအတွင်း လှည့်ပတ် ကြည့်ရှုပြီးနောက် ရေကန်၏ အလယ်ရှိ ဝါးအိမ်ကို ကျော်ကြည့်လိုက်ရာ၊ မြူခိုးများ ပိန်းပိတ်နေသော အကန့်အသတ်မဲ့ မြူထုကြီးကိုသာ မြင်လိုက်ရသည်။

“ ဒါက ဓားသင်္ချိုင်းတောအုပ် အပြင်က မြူခိုးတွေနဲ့ ခပ်ဆင်ဆင် တူတယ်၊ ဒီရေကန်ကို ဖြတ်ကျော် နိုင်လိမ့်မယ်လို့ ငါ မထင်ဘူး၊ မြူတွေထဲမှာ ယင်စွမ်းအင်တွေ ရောနှော နေပုံရတယ် ..... ''

လင်းယွင်က မြူခိုးများ အတွင်းရှိ ယင်စွမ်းအင်များကို အာရုံခံ မိသည်။ ဤနေရာရှိ ယင်စွမ်းအင်များသည် အပြာရောင်နေမင်း လျှိုဝှက်နယ်မြေ ထဲရှိ ယင်လေစီးကြောင်းနှင့် မတူပေ။ ရေကန်အတွင်းရှိ ယင်စွမ်းအင်များမှာ အပြည့်အ၀ သန့်စင်ပေသည်။ လျှို့ဝှက်နယ်မြေထဲရှိ ယင်လေစီးကြောင်းမှာ ရုန့်ရင်းကြမ်းတမ်းသော စွမ်းအင်များ ပါရှိလေရာ၊ နက်နဲသိုင်းသမား များကိုပင် အသက်ဆုံးရှုံး စေသည့် တားမြစ် နယ်မြေ တစ်ခု ဖြစ်လာလေသည်။

၎င်းကို တွေးတောမိသည်နှင့် ကျောက်တုံးကြီး ဆီသို့ ပြန်သွားကာ၊ သူတို့ကို စစ်ဆေးကြည့်မိသည်။ ခဏအကြာတွင် ကျောက်တုံးကြီး နှစ်ခုကြားရှိ အနည်းငယ် ကွဲလွဲမှုကို သူသတိ ပြုမိလိုက်၏။

“ ဒီနေရာကို မကြာခဏ အသုံးပြုထား ပုံပဲ၊ မျက်နှာပြင်က ပိုချောနေတယ်…”

တစ်စုံတစ်ယောက်သည် ဤနေရာတွင် ယင်စွမ်းအင်ကို ကျင့်ကြံရန် အတွက် လာရောက်နေထိုင်ကာ ကျောက်စင်္ကြံကို အသုံးပြု ခဲ့ပုံရသည်။ ရေခဲစွမ်းအင်ကို စုပ်ယူ ကျင့်ကြံရသော နည်းစနစ် အားလုံးသည် အနည်းငယ်အား ထုတ်ရုံဖြင့် ရလဒ် နှစ်ဆကို ရရှိစေရန် 'ယင်'စွမ်းအင်ကို စုပ်ယူဖို့ လိုပေမည်။

သို့သော် ထိရောက်မှုကတော့ ကောင်းကင်ဘုံဖျက်ဆီးခြင်း နည်းစနစ်ထက် အများကြီး နိမ့်ကျပေ၏။ တိမ်မြုပ်နေသော နည်းစနစ်အနေဖြင့်၊ သူအလိုရှိ သလောက် 'ယင်' စွမ်းအင်ကို တိုက်ရိုက် စုပ်ယူနိုင်လေသည်။

“ ဘာမှ မရှိဘူး၊ ဒီမှာ နေထိုင်တဲ့ အီးပေါလောကြီးက တကယ်ပဲ အားလုံးကို ဖျက်ဆီးသွား ပုံပဲ …”

ယခင်က မျှော်လင့်ချက် အပြည့်ရှိ နေခဲ့သော လီဝူယုမှာ စိတ်ပျက် လက်ပျက်ဖြင့် ပြန်ထွက်လာ ခဲ့သည်။

လင်းယွန်က ပြုံးပြလိုက်ပြီး၊

“ဒီဝါးတောက ရတနာ နယ်မြေတစ်ခု ဖြစ်နေတုန်းပဲ၊ အစီအရင်တွေ အသက်မဲ့ သွားပေမယ့် ဝါးပင်တွေမှာ ဓားရည်ရွယ်ချက်က ရှိနေဆဲ ဖြစ်တယ်၊ ဒီနေရာမှာ ဓားနည်းစနစ်ကို လေ့ကျင့်ရင် ပိုထိရောက် နိုင်မယ် ”

“ အင်း ....ဒါတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီကနေ ဘယ်လို ထွက်ကြမလဲ.. "

လီဝူယုက ရေကန်ကို ဖုံးလွှမ်းနေသော မြူခိုးများကို ကြည့်ကာ၊ မျက်မှောင်ကြုတ် ရေရွတ်လိုက်သည်။

“ ငါတို့ ထွက်သွားဖို့ အလျင်လို စရာ မရှိပါဘူး။”

လင်းယွန်က အလျင်လိုခြင်း မရှိပေ။ ပြီးပြည့်စုံသော ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားပြီးနောက် တည်ငြိမ်ရန် လိုအပ်နေသေးသည်။

" ဒီမှာ တစ်ယောက်ယောက်က လာနေ နေတာလား"

လီဝူယုက အပြစ်ပြုမိသော အသိစိတ်ဖြင့် မေးလိုက်သည်။

လင်းယွန်က ပြန်မဖြေပဲ ဝါးတောထဲကို တည့်တည့် လျှောက်သွားပြီး၊ စတင် ကျင့်ကြံ လိုက်တော့သည်။ ဤမျှ အဖိုးတန်သော ရတနာနယ်မြေကို စွန့်ပစ် လိုက်ရန်မှာ မဖြစ်နိုင်ပေ။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှ ထွက်ခွာ လာပြီးနောက်၊ ဤသို့သော အဆုံးအထိ တွန်းပို့ ခံရခြင်းမျိုး တစ်ကြိမ်မျှပင် မခံစား ခဲ့ရဖူးပေ။

လူအများ ရှေ့တွင်ပင် အရှက်ခွဲ ခဲ့ရသည်ကြောင့် သူ့နှလုံးသားကို အေးခဲသွား စေခဲ့သည်။ နဂါးသွေးမြင်း၊ လီဝူယုနှင့် သူကိုယ်တိုင်ပင် နှိမ့်ချ ဆက်ဆံ ခံခဲ့ရ၏။

ဝမ်နင်၊ ဟွမ်ဖူဂျင်းရှန်၊ ဖိန်းဟူယု၊ ဟန်မိုနှင့် ဟန်ဖန်းတို့သည် သူ့အား ငုံကြည့်နေခဲ့သည်။ထို့ကြောင့်ပင် သန်မာဖို့ရန် အလျင်အမြန် လိုအပ် လေသည်။

ပန်းသင်္ချိုင်းဓားကို ဆင့်ခေါ်ကာ မိုးကြိုးလက်ခုပ်သံငါးပါးကို လေ့ကျင်ရန် ပြင်ဆင်လိုက်၏။

လက်ကောက်ဝတ်များ တုန်ခါသွားကာ မရေမတွက်နိုင်သော ဓားရိပ်များကို ဖန်တီးလိုက်သည်။ ပန်းသင်္ချိုင်းဓား၏ နောက်ဆက်တွဲ ပုံရိပ်များ ထွက်ပေါ် လာသည်နှင့် ပတ်ဝန်းကျင်တွင် မိုးခြိမ်သံများ ပဲ့တင်ထပ် လာသည်။

ကြီးမားသော ဓားကွန်ချာကို ဖန်တီးခဲ့သော်လည်း ကျေနပ်ခြင်း မရှိပေ။ သူ့မျက်လုံးများကို မှေးစင်းလျက် အော်ငေါက် လိုက်ပြီး၊ ကိုးကြိမ်တိုင်တိုင် ထပ်မံ ထိုးခုတ် လိုက်သည် ။

အိုင်းရစ်ဓားသုတ္တန်ကို အကန့်အသတ်သို့ တွန်းပို့ခဲ့ပြီး ပန်းသင်္ချိုင်းဓားအား ရိုင်းစိုင်းလှသော နဂါးကဲ့သို့ အရှိန်မြှင့်တင် လိုက်သည်။ တမဟုတ်ချင်းမှာပင် သူ့လက်ထဲတွင် ရှိသော ပန်းသင်္ချိုင်းမှာ မှုန်ဝါး ပျောက်ကွယ် သွားပြီးနောက်၊ မိုးခြိမ်းသံ များကိုသာ ကြားလိုက် ရတော့သည်။ မြေပြင်တစ်ခုလုံ တဒုန်းဒုန်း တုန်ခါလာပြီး၊ ဝါးပင်များပင် ယိမ်းထိုးလာ၏။

“ အရမ်း မိုက်တယ် …”

လီဝူယုက အံ့ဩသွား၏။ ပြီးပြည့်စုံသော ဓားရည်ရွယ်ချက်သည် ဤမျှ အစွမ်းထက် လိမ့်မည်ဟု မမျှော်လင့် ထားမိပေ။ လင်းယွန်၏ ဓားနည်းစနစ်မှာ အဆင့်သစ် တစ်ခုသို့ ရောက်ရှိ သွားပြီ ဖြစ်သည်။ သူ အကြောက်ဆုံး အရာမှာ မိုးခြိမ်းသံများ ဖြစ်ပြီး၊ လီဝူယု၏ အတွင်း အင်္ဂါများကို တုန်လှုပ် သွားစေခဲ့သည်ပင်။

ထိုကဲ့သို့သော စွမ်းပကားသည် ရှန်ရှင်း နယ်ပယ်ရှိ ကျင့်ကြံသူများ အတွင်း၌ မရှိနိုင်ပေ။ လီဝူယုက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး၊

" ရှန်ရှင်းဘုံမှာ ရှိတဲ့၊ ဘိုင်လိရွှမ်က နက်နဲ သိုင်းသမားတွေကို အနိုင်ယူ နိုင်ခဲ့တယ်လို့ ပြောတုန်းက၊ လုပ်ကြံ ပြောနေတယ် ဆိုပြီး၊ ငါ မယုံခဲ့မိဘူး.. .."

သို့သော် လင်းယွန်၏ ဓားသိုင်းကို တွေ့မြင် ပြီးနောက်တွင် ၎င်းကို ယုံကြည်ရန်မှ တပါး ရွေးချယ်စရာ မရှိပေ။ ပြီးပြည့်စုံသော ဓားရည်ရွယ်ချက်မှာ တကယ်ပင် ကြောက်စရာ ကောင်းလှလေသည်။

ထို့နောက်တွင် လင်းယွန်က မိုးကြိုးလက်ခုပ်သံငါးပါးကို ထုတ်ဖော်လိုက် ပြန်၏။

ချယ်ရီပန်းစီးချင်း။

သူ့ခန္ဓာကိုယ်တစ်ဝိုက် ဓားရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ထားသော ဓားလှိုင်းများ နှင့်အတူ လေထုမှာ ရုတ်တရက် ရပ်တန့်သွား၏။

လင်းယွန်က အနားယူတော့မည်ဟု တွေးနေဆဲမှာပင် ပန်းသင်္ချိုင်းဓားက ထပ်မံ လှုပ်ရှား လာပြန်သည်။

" ဒီတစ်ကြိမ်က ပိုမြန်တယ်လား။ "

လီဝူယုက မျက်ခုံးပင့် လိုက်၏။ လင်းယွန်၏ ဓားမှာ ပိုမြန် လာသည်ကို ကောင်းကောင်းကြီး ခံစားနိုင်သည်။

မိုးနှင်းအိမ်မက်။

လင်းယွန်၏ ဓားရည်ရွယ်ချက်မှာ တိမ်ဖြူတစ်အုပ်လို ပျံ့နှံ့သွားသဖြင့် ဝါးရုံတောအတွင်း အပူချိန်မှာ သိသိသာသာ ကျဆင်းသွားသည်။

သူ့ဓားကို ခုတ်ပိုင်း လိုက်သည်နှင့် မီတာ ရာဂဏန်း အကွာအဝေး အတွင်းရှိ ဝါးပင်များမှာ ပြင်းထန်စွာ လေပြင်း တိုက်ခတ်သွား သကဲ့သို့ နောက်ကျောသို့ ယိမ်းထိုး သွားကြသည်။ သို့သော် လင်းယွန်က ဓားကို ပြန်ဆွဲယူ လိုက်သောအခါ ယိမ်းသွားသော ဝါးပင်များမှာ ပြန်တည့်မတ် လာပြီး၊ လင်းယွန်၏ ဦးတည်ရာသို့ ဓားရည်ရွယ်ချက်ကို ပစ်ထုတ် လိုက်သည်။

" လရောင် ဖမ်း ခြင်း ... ''

လရောင်နောက်ကို လိုက်ဖို့ရန် အတွက် အရှိန်အဟုန်ကို အထွတ်အထိပ်သို့ ပို့ဆောင် ရပေမည်။

ဓားရည်ရွယ်ချက်ဖြင့် ဤလှုပ်ရှားမှုကို မြှင့်တင်လိုက်ပြီး၊ ကြယ်နှင့် လတို့ကို သူ့ဘေးသို့ ဆွဲယူလိုက် သကဲ့သို့၊ မြင်ကွင်းမှ ပျောက်ကွယ် သွားတော့၏။ သူပြန်ပေါ်လာသော အခါတွင် မီတာ ရာနှင့်ချီ အကွာဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ အရမ်း မြန်တယ် …”

လီဝူယုက သူ့မေးစေ့ကို ပွတ်ကာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ လင်းယွန်က ဝါးရုံတောထံမှ ဓားရည်ရွယ်ချက်ကို မခုခံနိုင်သော်လည်း မယုံနိုင် လောက်သော အရှိန်အဟုန်ဖြင့် ကျော်ဖြတ် နိုင်ခဲ့သည်။ ဝါးပင်များမှာ လှံရှည် များသဖွယ် ကိုင်းညွှတ်လာပြီး၊ မြေပြင်သို့ ထက်ရှစွာ စိုက်ဝင် ကုန်၏။

မိုးကောင်းကင်နတ်ဘုရားသည် မိုးကြိုးလက်ခုပ်သံငါပါး၏ နောက်ဆုံး လှုပ်ရှားမှုပင် ဖြစ်သည်။

မိုးကြိုးလက်ခုပ်သံငါးပါး၏ သိုင်းကွက် အစုံအလင်ကို ထုတ်ဖော် ပြီးနောက် ပန်းသင်္ချိုင်းဓားသည် မကြုံစဖူး အဆင့်ဖြင့် တုန်ယင် နေခဲ့သည်။ လင်းယွန်က သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်း လိုက်သည်နှင့် မိုးခြိမ်းသံများ ပေါက်ကွဲ ထွက်ပေါ် လာသည်။

မိုးကြိုးပစ်သံများ အရပ်ရပ်သို့ ပြန့်ကျဲသွားပြီးနောက်၊ ဝါးပင်များမှာ ဓားရည်ရွယ်ချက်ဖြင့် ခုတ်ပိုင်း ခံလိုက်ရကာ၊ ပေါက်ကွဲကုန်၏။ လင်းယွန်က ပန်းသင်္ချိုင်းဓားကို ကိုင်လျက် ငြိမ်သက်သွားစဉ် မီတာတစ်ထောင် အတွင်းရှိ ဝါးပင်များ ပြိုကျ သွားလေသည်။

ဝါးပင်များထဲမှ ပွင့်ထွက်လာသော ဓားရည်ရွယ်ချက်များကို ရူရ်များက ငြင်သာစွာ စုပ်ယူ လိုက်သည်။ ဓားရည်ရွယ်ချက်ကို ပြန်လည် စုပ်ယူ ထားနိုင်ခြင်း မရှိပါက ဝါးရုံတောမှာ ပျက်စီးသွား ပေလိမ့်မည်။

“ မိုးခြိမ်းသံများ တဟုန်ထိုး မြည်လျက် ကောင်းကင်ကို ဖြိုခွင်း နိုင်ပေမည် ..... ဒါက မိုးကြိုးလက်ခုပ်သံငါးပါးရဲ့ ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိ သွားခြင်းပဲ ..."

လင်းယွန်က အသက်ပြင်းပြင်း ရှူလိုက်၏။ မိုးကြိုးလက်ခုပ်သံငါးပါး၏ နောက်ဆုံး လှုပ်ရှားမှုကို ထုတ်ဖော်ရန် ပြီးပြည့်စုံသော ဓားရည်ရွယ်ချက်ကို လိုအပ်ပေသည်။

အချိန်အတော်ကြာ မှင်တက်နေခဲ့ ပြီးနောက်၊ လီဝူယုက ကူကယ်ရာမဲ့ ဟန်ဖြင့် ပြုံးလိုက်ပြီး၊

“ ဓားရည်ရွယ်ချက်က တကယ်ကို ကြောက်စရာ ကောင်းတာပဲ၊ နက်နဲနယ်ပယ်ကို မရောက်မချင်း မင်းကို လိုက်မမီ နိုင်တော့မှာကို ငါကြောက်မိတယ်”

“ ဒါက မလုံလောက်သေးဘူး”

လင်းယွန်က ပန်းသင်္ချိုင်းဓားကို သိမ်းလိုက်ပြီး၊ တည်ငြိမ်စွာ ပြောလိုက်သည်။

မလုံလောက်သေးဖူးလား...။ လီဝူယုက ခေါင်းကုတ်လိုက်၏။ ဤမျှ ကြောက်စရာ ကောင်းသော အင်အားကို ပြသနိုင်ပြီး နောက်တွင်ပင် မလုံလောက်သေး ဟုပင် ဆိုနေသည်။

လင်းယွန်က ဝမ်နင်ကို သတ်လိုသော ဆန္ဒရှိမှန်း သူမသိခဲ့ပေ။ ထို့ကြောင့် လင်းယွန် စကားကို နားမလည်နိုင်ခြင်း ဖြစ်သည်။

" တစ်ယောက်ယောက် လာနေတယ် "

လင်းယွန်က ရေကန်ထဲရှိ မြူခိုး အတွင်းသို့ လှမ်းကြည့်ကာ ရေရွတ် လိုက်သည်။

"ဘယ်မှာလဲ .... "

လီဝူယုက အံ့သြဟန်ဖြင့် မျှော်ကြည့်လိုက်သော အခါတွင် အဘိုးအို တစ်ဦးမှာ တံငါလှေ တစ်စင်း နှင့်အတူ ကမ်းစပ်သို့ ရောက်ရှိ လာသည်ကို တွေ့လိုက်ရသည်။

" သွားကြရအောင်၊ နောက်ဆုံးတော့ ဒီနေရာလေးမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို ငါတို့ သိခွင့် ရတော့မယ်။”

လင်းယွန်က ခြံဝင်းထဲသို့ အမြန်ပြေးဝင် သွားလိုက်သည်။

တစ်ဖက်တွင်၊ လီဝူယုသည် အဆင်မပြေ နိုင်ဟု ခံစားရသော်လည်း အံကြိတ်လိုက်ကာ၊ လင်းယွန် နောက်သို့ လိုက်သွား တော့၏။

တံငါသည်လူအိုကြီးက ငါးပလိုင်းကို လွယ်လျှက်ဖြင့် ဖြည်းညှင်းစွာ လျှောက်လှမ်း လာ၏။ ဦးထုပ်ကို ချွတ်လိုက်ပြီး ရှုံ့တွနေသော သူ၏ မျက်နှာအား ထုတ်ဖော် ပြသလိုက်သည်။

ထို တံငါသည်လူအိုကြီးသည် အဖြူတစ်ဝက် အမည်းတစ်ဝက် ရောနှောနေသော ဆံပင်များနှင့်၊ မုတ်ဆိတ် ရှည်ရှည်များကို သေသပ်စွာ ဖီးသင်ထား၏။ နဖူးတွင် ပတ်ချည် ထားသော ပုဝါစ အဟောင်းက သူ့အသွင်အပြင်ကို ပို၍ နှိမ့်ချ သွားစေသည်။ သူ့မျက်ဝန်းများမှာ စူးရှ ကြည်လင် နေခဲ့ပြီး၊ အေးစက်သော အရှိန်အဝါ တစ်မျိုးကိုပင် ခပ်ပါးပါး ထုတ်ဖော် ထားလေသည်။

လင်းယွန်နှင့် လီဝူယုကို တွေ့လိုက်ရသော် လည်း သူ့မျက်နှာမှာ ပြောင်းလဲခြင်း မရှိခဲ့ပေ။ သို့သော် လင်းယွန်၏ နဖူးပေါ်ရှိ အမှတ် အသားကို မြင်လိုက်ရချိန်၌၊ သူ့မျက်ပေါ်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး၊

" ငါ့ရဲ့ ဓားသင်္ချိုင်း တောအုပ်ထဲမှာ ဓားကျွန်တစ်ယောက် တကယ်ပဲ ရောက်ရှိ နေတာလား "

ဟု ရေရွတ်လိုက်ကာ၊ ဝါးအိမ်ဆီသို့ တည့်တည့် လျှောက်သွားတော့၏။

***

All Chapters