နက်နဲ နယ်ပယ်။
Vol. 14 Ch. 193
ယင်စွမ်းအင်များသည် ရေကန် အထက်တွင် စုစည်းလာသည်။ အလယ်ဗဟိုတွင် လင်းယွန်က တင်ပျဉ်ခွေထိုင်ကာ လေထဲ၌ ပျံဝဲနေသည်။ သူ့နောက်၌ ခရမ်းရောင်ပန်း တစ်ပွင့် ပွင့်လာနေပြီး ပတ်ဝန်းကျင်ရှိ ယင်စွမ်းအင်များကို ဝါးမြိုနေတော့သည်။
ခန္ဓာကိုယ်ထဲသို့ ယင်စွမ်းအင်များ စိမ့်ဝင်နေပြီး သွေးကြောများ မှတဆင့် ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်း ဆီသို့ တိုးဝင်သွားသည်။
ယင်စွမ်းအင်များကို သန့်စင်စရာ မလိုခဲ့ပဲ၊ မျက်စိစုံမှိတ် ဝါးမျိုပစ်လိုက် ရုံပေပင်၊ သူစုပ်ယူလိုက်သော ယင်စွမ်းအင်များမှာ သာမန်လူတွေအတွက် လဝက်နီးနီး စုပ်ယူရသော ပမာဏနှင့် ညီမျှလေသည်။
ကမ်းစပ်နားတွင် ရပ်ကြည့်နေသော သခင်(၁၃)က ထိုမြင်ကွင်းကြောင့် အံ့သြသွား၏။
လင်းယွန်အား ကျင့်ကြံခွင့် ပေးမည်ဟု ကတိပေးခဲ့သော်လည်း ဤသို့သော နည်းလမ်းဖြင့် မဟုတ်ပေ၊ ... ဤနေရာရှိ ယင်စွမ်းအင်များ သန့်စင်လာ စေရန် ရှေ့ဟောင်း မှော်အစီအရင်ကို ခင်းကျင်းထားသည့် နေရာတစ်ခု ရှိသည်။ ထို့ကြောင့် မည်သူမဆို ဤနေရာတွင် ယင်စွမ်းအင်ကို အလွယ်တကူ စုပ်ယူနိုင်သည်။
ဤနေရာတွင် ကျင့်ကြံခြင်းသည် အနည်းငယ် အားစိုက်ထုတ်မှုဖြင့် အကျိုးသက်ရောက်မှုကို နှစ်ဆ ရရှိစေ နိုင်သည်။ သို့သော် လင်းယွန်၏ ကျင့်ကြံမှု အရှိန်သည် နှစ်ဆမျှသာ မြန်သည် မဟုတ်ပေ။
ယင်စွမ်းအင်မှာ အလွန်အေးစက်လှပြီး ရေခဲစွမ်းအင်ကို ကျင့်ကြံကြသော နည်းစနစ်များ ဖြင့်ပင် မဆင်မခြင် ပြုမူ ဝံ့ကြမည် မဟုတ်ပေ။
အနည်းငယ် သတိ မထားမိ ရုံဖြင့် ဒဏ်ရာများ ပြင်းထန်စွာ ရနိုင်လေသည်။ ထို့အပြင်၊ ယင်စွမ်းအင်သည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များနှင့် ပေါင်းစပ်သွားပါက ပို၍ပင် ဒုက္ခ ဖြစ်ပေလိမ့်မည်။
"ကောင်းကင်ကို ဝါးမြိုခြင်း နည်းစနစ်လား "
သခင်(၁၃)က တားမြစ် နည်းစနစ်ကို ပြန်အမှတ်ရ သွားသည်။ သို့သော် မကြာခင်မှာပင် သူ့အတွေးကို ပယ်ချလိုက်၏။
အကယ်၍ ၎င်းသည် တိမ်မြုပ်နေသော နည်းစနစ်သာ ဖြစ်ပါက လင်းယွန်သည် ၎င်းကို လေ့ကျင့်ခြင်းဖြင့် သေမင်းကို ဆွဲဆောင်နေမည် ဖြစ်သည်။
ယင်းနည်းစနစ်သည် ကောင်းကင်ကိုဝါးမြိုခြင်း နည်းစနစ် မဟုတ်သော်မှ တူညီသော အရာတစ်ခု ဖြစ်ရပေမည်။
ထို့အပြင် လင်းယွန်၏ စုပ်ယူမှုနှုန်းမှာ ရပ်သွားမည့် အရိပ်အယောင် မပြသောကြောင့် ဤနည်းစနစ်သည် မရိုးရှင်းသင့်ပေ။
“ ဒီကောင်လေးမှာ လျှို့ဝှက်ချက်တွေ ရှိနေပုံပါပဲ”
သခင်ဆယ့်သုံးက ပြုံးလိုက်သည်။
“ နက်နဲ နယ်ပယ် ထဲကို ခြေချဖို့ ကြိုးစား နေတာလား ”
နှင်းနဂါး ငါးကြင်းကို ချေဖျက် ပြီးသော လီဝူယုက သခင်(၁၃) ဘေးသို့ ယှဉ်ရပ် လာကာ လင်းယွန်ကို ငေးကြည့် လိုက်သည်။
နက်နဲနယ်ပယ်သို့ ထိုးဖောက် ဝင်ရောက်ရန် မကြိုးစားခဲ့ပါက၊ သူသည် ဤမျှ ကြီးမားသော ရုန်းရင်း ဆန်ခတ်မှုမျိုး ဖြစ်လာမည် မဟုတ်ပေ။
လင်းယွန်၏ ရင်ဘတ်ရှိ ခြောက်မြှောင့် ကြယ်မှာ ပြန်လည် တောက်ပနေပြီး ယင်စွမ်းအင်ကို စုပ်ယူ ထားပေးသည်။
ရှန်ရှင်း နယ်မြေတွင် မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်၊ လက်၊ ခြေနှင့် နှလုံးတို့ကို သန့်စင်ရ ပေမည်။ သန့်စင်မှုတိုင်းသည် သေမျိုးခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ သုတ်သင်ပစ်ခြင်း ဖြစ်သည်။ သို့သော် နက်နဲနယ်ပယ်သည် သေမျိုး ကန့်သတ်ချက်များကို လုံးလုံးလျားလျား ချိုးဖောက်ပြီး လိပ်ပြာအဖြစ်သို့ ပြောင်းလဲ သွားခြင်းနှင့် တူသည်။
ယေဘူယျအားဖြင့် ကျင့်ကြံမှု နည်းစနစ် အားကောင်းလေ၊ ရုပ်ခွန်အား သန်မာ အားကောင်း လာလေ ဖြစ်သည်။ ဆိုလိုသည်မှာ နက်နဲနယ်ပယ်ကို ချိုးဖျက်ခြင်းသည် ပို၍ ခက်ခဲမည်ဟု ဆိုလိုပါသည်။
အကယ်၍ ၎င်းသည် သာမာန် ရှန်ရှင်း ကျင့်ကြံမှု နည်းစနစ် များသာ ဖြစ်ပါက၊ နက်နဲနယ်ပယ်ကို တိုးဝင်ခြင်းသည် စာရွက်တစ်ရွက်ကို ကိုက်ဖြတ်ခြင်းကဲ့သို့ပင် လွယ်ကူလိမ့်မည်။
အိုင်းရစ်ဓားသုတ္တန်သည် ပုံမှန် ကျင့်ကြံမှုနည်းစနစ် မဟုတ်ပေ။ ထို့ကြောင့်၊ နက်နဲနယ်ပယ်ကို ချိုးဖြတ်ရန်မှာ သူ့အတွက် ပိုခက်ခဲသောကြောင့်၊ အောင်မြင်မှု ရယူပြီးနောက်တွင် ပိုမို အားကောင်း လာမည်မှာ သေချာပြီ ဖြစ်သည်။
" အကြိမ် တစ်ရာမြောက် သန့်စင်ခြင်းလား "
သခင်ဆယ့်သုံးက သက်ပြင်းချ လိုက်သည်။
“ ဒါက တစ်ရာပုံ တစ်ပုံပဲ သန့်စင်လို့ ပြီးသေးပုံပဲ၊ ဒါပေမယ့် သူ့ရဲ့ အခြေအနေကို ကြည့်လိုက်ရင် ထောင်သောင်းချီတဲ့ သန့်စင်မှု အပြီးမှာတောင် သူ့ရဲ့ အောင်မြင်မှုကို မရနိုင်တော့မှာကို ကြောက်မိတယ်။”
" ဘာဖြစ်လို့လဲ... ငါ့အစ်ကိုကြီးက နက်နဲနယ်ပယ် ထဲကို ထိုးဖောက် ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလား။ ''
လီဝူယုက သူ့စိုးရိမ်မှုကို ထုတ်ဖော်ခဲ့သည်။
လီဝူယုကို တစ်ချက် လှည့်ကြည့်လိုက်ပြီး၊ သခင်ဆယ့်သုံးက၊
“ ဒီကောင်က လောဘကြီးလွန်းတယ်၊ ယင်စွမ်းအင်ကို ရသမျှ အကုန်ဝါးမျိုဖို့ ကြိုးစားချင်ပုံပဲ၊ ဒါကြောင့် လုပ်ငန်းစဉ် တစ်လျှောက်လုံး သူ့ကိုယ်သူ ဖိနှိပ်ထားတယ်၊ ဒါက သူ့ရဲ့ အောင်မြင်မှုကို ပိုခက်စေလိမ့်မယ်၊ သူက မီးနဲ့ ကစားနေတာပဲ။"
“ အဟီး၊ ဒီအတွက် စိတ်ပူစရာ လိုမယ် မထင်ဘူး၊ သူ့မှာ မိုးကြိုးလျှပ်စီးခန္ဓာကိုယ် ရှိတယ်၊ သူရဲ့ အကန့်အသတ်ကို သူသိပါတယ်၊ ဒီ ယင် စွမ်းအင်တွေ အတွက် စိတ်မကောင်း ဖြစ်နေတာတော့ မဟုတ်ဖူး မဟုတ်လား "
လီဝူယုက အဘိုးကြီရင်ထဲ ထိုးဖောက် မြင်တွေ့ သွားဟန်ဖြင့် ညစ်ကျယ်ကျယ် ပြုံးလိုက်လေသည်။
သခင်ဆယ့်သုံးက သူ၏ နှမျော တွန့်တိုမှုများကို ဖော်ထုတ် ခံလိုက်ရသည့် အတွက် ရှက်ရွံ့သွားသည်။ လင်းယွန်၏ တိမ်မြုပ်နေသော နည်းစနစ်သည် ဤနေရာရှိ ယင်စွမ်းအင် ဆယ်ပုံ-တစ်ပုံကို စားသုံး ခဲ့ပြီးနောက်၊ ရပ်တန့်သွားမည့် အရိပ်အယောင် မျှပင် မပြသခဲ့ပေ။
၎င်းရေကန်သည် သခင်(၁၃)အတွက် ကျင့်ကြံရာတွင် အသုံးပြုခဲ့သော အရင်းအမြစ် ဖြစ်သည်။ ယင်စွမ်းအင်ကို လင်းယွန်သည်သာ အလွန်အမင်း စုပ်ယူသွားပါက၊ သူအတွက် ကျန်ရှိတော့မည် မဟုတ်ပေ။
" မင်း .... ဘယ်သူနဲ့ စကားပြော နေရတယ်လို့ ထင်လဲ"
သခင်ဆယ့်သုံးက လီဝူယုကို အေးစက်စွာ စိုက်ကြည့် လိုက်သည်။
လီဝူယုက ချက်ချင်း ပြန်ပြုံး ပြပြီး၊
" ရိုင်းပြမိတဲ့အတွက် တောင်းပန်ပါတယ် စီနီယာ၊ မင်းက သဘောထား ကြီးမယ့် ပုံပါ၊ ဒါကြောင့် ငါ့ကို မင်းအပြစ် ယူမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။"
သို့သော် လင်းယွန်၏ လေးနက်သော အမူအရာကို မြင်သောအခါတွင် လီဝူယု၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ် သွားခဲ့သည်။ သခင်ဆယ့်သုံး ပြောသော စကားသည် မှန်၏။ လင်းယွန်သည် ယင်စွမ်းအင်ကို အလွန်အကျွံ စုပ်ယူ လိုပါက၊ အောင်မြင်မှုကို ဆုပ်ကိုင်နိုင်ရန် ပို၍ ခက်ခဲမည် ဖြစ်သည်။
ထိုသို့ မအောင်မြင်ပါက မည်သို့သော တုံ့ပြန်မှုမျိုး ကြုံရမည်ကို စိတ်ကူး မယဉ်နိုင်ပေ။ သို့သော် လင်းယွန်တွင် တခြားနည်းလမ်း မရှိသည်ကို သူသိသည်။ ကောင်းကင်လွင်ပြင်သို့ ဝင်ရောက်လာသည့် ကာလ တစ်လျှောက်လုံး အမဲလိုက် ခံခဲ့ရသည်။ ကစားပွဲများကို ပြန်လှည့်၍ ပြိုင်ဘက်ကို သတ်ရန် အခွင့်အရေး ရသော အခါတွင် အကြောင်းပြချက် မရှိပဲ၊ အကြီးအကဲ တစ်ဦးမှ တားဆီး ခံခဲ့ရသည်။
အဆုံးတွင် ဝမ်နင်သည် နက်နဲသိုင်းသမားဆယ်ယောက်ကို စုဆောင်းပြီးနောက် မရဏလမ်းသို့ အတင်းအကြပ် ပို့ဆောင်ခဲ့၏။ သူ့နှလုံးသားထဲတွင် နာကျင်မှုပေါင်း များစွာ ရှိနေခဲ့သော်လည်း ဒေါသကြောင့် ရူသွပ် သွားသည်ကို မမြင်ခဲ့ဖူးပေ။ ဤနာကျည်းမှုမှာ မည်မျှ ပြင်းထန်မည်ကို တွေးဆ နိုင်သည်။
နောက်ဆုံး စမ်းသပ်မှုမှာ တစ်လကြာမြင့်ပြီး တောထဲမှ အသက်ရှင်လျက် ထွက်လာနိုင်သူ မည်သူ မဆို စမ်းသပ်မှု အောင်မြင်ပြီးဟု ယူဆကြသည်။ ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်းသည် ကောင်းကင်လွင်ပြင်၏ အဆုံးတွင် တည်ရှိ၏။
စာမေးပွဲမပြီးခင် ကိုးရက်အလိုတွင် ကောင်းကင်လွင်ပြင် အတွင်းမှ လူရိပ်များ စတင် ထွက်ပေါ် လာတော့သည်။ မြင့်မားသော တောင်များ အောက်တွင် တပည့်များနှင့် အကြီးအကဲ များစွာ စုဝေးနေ ခဲ့ကြသည်။ သို့သော် အနီးကပ်ကြည့်လျှင် ၎င်းလူအုပ်စုမှာ အုပ်စုနှစ်စု ကွဲနေကြောင်း တွေ့မြင်ရပေမည်။
ဝန်ယန်နှင့် သူ့အပေါင်းအသင်း အချို့သည်၊ စမ်းသပ်ပွဲကို ဦးစီးဦးဆောင် အဖြစ် ဆောင်ရွက်နေသော၊ အကြီးအကဲ ဘိုင်တင်း နှင့်အတူ ရပ်နေခဲ့ ကြသည်။ ကျန်တစ်ဖက်တွင် ရှင်းယန်၏ အဖွဲ့ဖြစ်ပြီး အကြီးအကဲ လျိုဖန်းကို အားကိုးပြု ထား၏။ ရှင်းယန် အနားတွင် သူမနှင့် ရုပ်ချင်းဆင်တူသော အရပ်မြင့်မြင့်ဖြင့် လူငယ်တစ်ယောက် ရှိသည်။
" ညီမလေး၊ သူက ပထမ အသုတ်မှာ ပါဝင်မယ်လို့ မင်းထင်လား"
လူငယ်က ပြုံးပြီး မေးလိုက်သည်။ သူက ရှင်းယန်၏ အစ်ကိုဖြစ်ပြီး၊ ဓားနန်းတော်၏ အသန်မာဆုံး တပည့်တစ်ဦး ဖြစ်သည်။
ရှင်းယန်က ကြည်ပြာရောင် အ၀တ်အစားများကို ၀တ်ဆင်ထားပြီး သူမ၏ စွဲဆောင်မှုရှိသော ရုပ်သွင်ကို အပြည့်အဝ ဖော်ပြထားသည်။
“ဟုတ်တယ်၊ ဖြစ်နိုင်ချေ များပါတယ်၊ သူခွန်အားကို တစ်ခါမှ မမြင်ဖူးဘူး၊ ဒါပေမယ့် နက်နဲ သိုင်းသမားတိုင်းက သူ့ကို တစ်ဦးချင်း အနိုင်ယူဖို့ ခက်လိမ့်မယ်။”
" ဟိုမှာ ဝမ်နင်နဲ့ လန်းမို အရင်ထွက်လာပြီ ... "
'' စီနီယာအစ်ယန်ရဲ့ အရွေးချယ်ခံတွေ ဆိုတော့ အံ့သြစရာ မရှိပါဘူး၊ သူတို့က တကယ့်ကို ထူးခြားရမှာပေါ့ .... ”
ဝမ်နင်တို့ ထွက်လာချိန်တွင် လူတိုင်းက ဝမ်ယန်ကို ချီးကျူး လိုက်ကြ၏။ ဝမ်ယန်က ဝမ်းသာအားရဖြင့် ချက်ချင်း လျှောက်သွား လိုက်သည်။
" ဘယ်လိုလဲ ..... ကြယ်ကိုးလုံး ရခဲ့လား"
“ သေချာတာပေါ့ ငါတို့ရဲ့ ခွန်အားနဲ့ ကြယ်ကိုးပွင့် ရဖို့ က လွယ်ပါတယ်။”
ဝမ်နင်က သူ့မျက်နှာပေါ်တွင် ညစ်ထေးသောအကြည့်ကို ဆင်မြန်းထားသည်။ သူတို့၏ ကျောက်စိမ်းဆွဲသီးများကို ထုတ်ယူ လိုက်သည်နှင့် ကြယ်ကိုးပွင့်မှာ တဖျပ်ဖျပ် လင်းလက် နေကြ၏။
" ကောင်းပြီ .... စစ်ဆေးပွဲပြီးရင် ပွဲတစ်ခု ရှိတယ်၊ ငါ့ကို အရှက်မရစေနဲ့ ၊ ကံကောင်းရင် အကြီးအကဲတွေရဲ့ ရွေးချယ်တာကို မင်း ခံရနိုင်တယ်။ ”
အနည်းငယ် တုံ့ဆိုင်း သွားပြီးနောက်၊ ဝမ်ယန်က လေသံ တိုးတိုးဖြင့် မေးခြင်း မပြုမီ ခေတ္တရပ်လိုက်ပြီး၊
" အဲဒီကောင်က ဘာဖြစ်သွားလဲ "
ဝမ်နင်က လန်းမိုနှင့် အကြည့်ချင်း ဖလှယ်လိုက်ကာ၊ ပြုံးလိုက်၏၊
" သူ... မင်းရှေ့ကို ထပ်ပေါ်လာမှာ မဟုတ်တော့ဘူး "
“ ကောင်းတယ်... ပင်ပန်းသွားပြီ၊ ကောင်းကောင်း အနားယူပါ”
ဟု ဝမ်ယန်က ပြန်ပြော လိုက်သည်။
သူတို့ စကားပြော နေချိန်မှာပင်၊ ကောင်းကင်လွင်ပြင်ထဲမှ လူရိပ်များ တစ်ဖွဲဖွဲ ထွက်ပေါ် လာတော့သည်။ လူရိပ်များ ထွက်ပေါ်လာသောအခါ အကြီးအကဲများက ကြယ်များကို စစ်ဆေးရန် ချက်ခြင်း ရှေ့သို့ လှမ်းတက် လိုက်ကြပြီး၊ ကြယ်ကိုးပွင့် ပါသူများကို အလေးပေး ရွေးချယ်ခဲ့သည်။
" ထွက်မလာ သေးဖူးလား "
ရှင်းယန်က မျက်မှောင်ကြုတ် လိုက်၏။ လီဝူယုနှင့် လင်းယွန်ကို မည်သည့် နေရာတွင်မှ မမြင် နိုင်သေးပေ။ ဝမ်ညီအစ်ကို ဘက်သို့ လှည့်ကြည့် လိုက်ရာ၊ ၎င်းတို့ မျက်နှာပေါ်ရှိ ရက်စက်သော အပြုံးကို သံသယ ဖြစ်ဖွယ် တွေ့မြင် လိုက်ရလေသည်။
" စီနီယာအစ်မ၊ လီရွှမ်ရှင်းနဲ့ တခြားသူတွေ ထွက်လာပြီ "
"သွားကြည့်ရအောင်"
ဆိုးရွားသော ခံစားချက် နှင့်အတူ လီရွှမ်ရှင်းအဖွဲ့ဆီသို့ လျှောက်လာဆဲ၊ သူမ၏ မျက်နှာမှာ မည်းမှောင် နေလေသည်။
ရှင်းဂျူက သူ့ညီမ နှင့်အတူ ကြီးပြင်း လာခဲ့သည် ဖြစ်ရာ ရှင်းယန်၏ ဒေါသကို ကောင်းစွာသိသည်။ သူမ ဒေါသထွက်နေမှန်း သိသော်လည်း မည်သည့် အရာက ဒေါသထွက်စေ ခဲ့သည်ကို မခန့်မှန်း နိုင်ပေ။
" လင်းယွန် ဘယ်မှာလဲ"
ရှင်းယန်က ချက်ချင်း မေးလိုက်သည်။
လီရွှမ်ရှင်းနှင့် အခြားသူများ၏ မျက်နှာများမှာ ပျက်ယွင်း သွားခဲ့သည်။ သူတို့၏ ဖြစ်တည်မှုသည် လင်းယွန်ထက် ယုတ်ညံ့သည်ဟု ရှင်းရှင်းလင်းလင်း ပြောလိုက်ခြင်း မည်၏။ သို့သော် ယင်းတို့ကို ငြင်းဆို နိုင်ခြင်း မရှိချေ။
ရှင်းယန်ကို မည်သို့ တုံ့ပြန် ရမည်ကို ရွေးချယ်နေခဲ့ကြပြီး၊ ခဏကြာမျှ မျက်လုံးချင်း မဆုံမိအောင် ရှောင်ရှား လာကြသည်။ သူတို့ကို ကယ်တင်ဖို့ရန် လင်းယွန်က စွန့်စားပေးခဲ့သော်လည်း၊ လင်းယွန်အား မရဏ လမ်းသို့ တွန်းပို့ ခံရချိန်တွင် ထိတ်လန့် နေကြပြီး၊ မကူညီ ဝံ့ကြချေ။ ရှင်းယန်ကို အမှန်အတိုင်း ပြောရန်မှာ ရှက်ရွံ့ နေမိသည်။
“ပြော.......”
ရှင်းယန်က အော်ငေါက် လိုက်သည်ကြောင့် လီရွှမ်ရှင်းမှာ ထိတ်လန့်စ ပြုလာသည်။ ဤအဖြစ်အပျက်များကို လူထောင်ပေါင်းများစွာ မြင်ပြီးကတည်းက ဖုံးကွယ်ထားရန် နည်းလမ်း မရှိသည်ကို သူသိသည်။ ခေါင်းငုံ့လျှက်ဖြင့်၊
" ဝမ်နင်က နက်နဲသိုင်းသမား (၁၀)ဦးကို စုစည်းပြီး၊... လင်းယွန်ကို ဓားသင်္ချိုင်းတောအုပ်ထဲ အတင်းအကြပ် တွန်းပို့ ...
.. "
လီဝူယုနှင့် လင်းယွန်တို့၏ ကယ်တင်ခြင်း အပါအဝင် ဖြစ်ပျက်ခဲ့ သမျှကို အကြမ်းဖျင်း ပြန်ပြော ပြလိုက်သည်။ ယခုအချိန်တွင် လီရွှမ်ရှင်းနှင့် သူ့အဖွဲ့သည် ၎င်းတို့နှစ်ဦးကို ဓားသင်္ချိုင်းတောအုပ်တွင် သေဆုံးသွားကာ၊ နောက်ထပ် ပြန်မပေါ် လာစေရန်သာ ဆန္ဒရှိ နေခဲ့သည်။ သို့မဟုတ်ပါက၊ ဓားနန်းတော်သို့ ဝင်ရောက် ပြီးသည့်တိုင် ရှင်းယန်ကို မကြေမနပ် ဖြစ်စေ မိမည်မှာ သေချာလေသည်။
"ဓားသင်္ချိုင်းတောအုပ် "
ရှင်ယန်၏ အနောက်ရှိ စီနီယာအစ်ကို၏ မျက်နှာမှာ ပြောင်းလဲသွား၏။ ၎င်းသည် ကောင်းကင်လွင်ပြင်၏ နာမည်ကြီး တားမြစ်နယ်မြေပင်။ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ် အတွင်း၊ ထိုနေရာမှ အသက်ရှင်လျက် မည်သူမျှ မထွက်နိုင်ခဲ့ပေ။ ရှင်းဂျူက အတွင်းရေး အချက်အလက်အချို့ကို သိရှိထားပြီး ဓားသင်္ချိုင်းတောအုပ်တွင် ဆက်ခံစရာ အမွေအနှစ်များ မရှိကြောင်းလည်း သိရှိထားသည်။
မှော်အစီအရင် အခင်းအကျင်းကို ကျော်ဖြတ်နိုင်လောက်အောင် ကံကောင်းခဲ့သော်ငြား လူထူးလူဆန်း၏ သတ်ဖြတ်ခြင်းကို ခံရနိုင် ပေမည်။ တစ်ချိန်က ထိုနေရာတွင် ကြီးမားသော နောက်ခံကို ပိုင်ဆိုင် ထားရှိသော နဝမအဆင့်စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်ပင် ကွယ်လွန်သွားခဲ့သည်။ အချိန်ကြာလာသည် နှင့်အမျှ၊ ဓားသင်္ချိုင်းတောအုပ်သည် နောက်ဆုံးတွင် အချို့သော သူများအတွက် သေခြင်း၏ နယ်မြေ ဖြစ်လာတော့၏။
"ညီမလေး..... "
ရှင်းဂျူက ရှင်းယန်၏ စိတ်မထိန်း နိုင်မည်ကို စိုးရိမ်သွားပြီး သတိပေး လိုက်သည်။
သို့သော် ရှင်းယန်က သူ့စကားကို နားမထောင်ခဲ့ပေ။ သူ့ခန္ဓာကိုယ်မှ လူသတ်လိုသော ရောင်ဝါများ တဟုန်းဟုန်း တောက်လောင်လာပြီးနောက်၊ ဝမ်ယန်၏ အဖွဲ့ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
ရှင်းယန်က အေးစက်စွာ ကြည့်လာပြီး၊ သူမဆီမှ ထွက်လာသော လူသတ်လိုသော အငွေ့အသက်များကြောင့် ဝမ်နင်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
" ဝမ် နင် .....မင်း လုပ်ဝံ့တယ်လား "
ပတ်ဝန်းကျင် အပူချိန် ရုတ်တရက် ကျဆင်းသွားသည်။ ရှင်ယန်ထံမှ ထွက်လာသော လူသတ် အငွေ့အသက်သည် လူအုပ်ကြီးအား တုန်လှုပ်သွား စေ၏။
သွေးနှင်းဆီ ရှင်းယန်။
လွန်ခဲ့သော အချိန်က ရှင်းယန်ကို ရန်စဖို့ရန် သတ္တိ ရှိနေခဲ့သော်လည်း၊ ရှင်းယန်၏ မျက်လုံးများကို ကြည့်လိုက်မိသော အခါတွင် ချက်ချင်းပင် ထိတ်လန့်သွား၏။ ဤအမျိုးသမီးသည် သူ့အစ်ကို ဝမ်ယန် ထက်ပင် လူတွေကို သတ်ခဲ့ဖူး ပေသည်။ သွေးစွန်းသော နှင်းဆီတစ်ပွင့်၏ ဒဏ္ဍာရီများကို သတိရ သွားပြီးနောက်၊ ခေါင်းမထောင် ဝံ့တော့ပေ။
သူ့ဘေးတွင် ရပ်ကြည့်နေသော ဝမ်ယန်က လှောင်ရယ်လိုက်ပြီး၊
" ဂျူနီယာညီမလေး ရှင်ယန်၊ မင်း ဒီမှာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ အကြီးအကဲဘိုင်ရှေ့မှာ မင်းအပြုအမူကို ထိန်းသိမ်းပါ "
-ဟု သတိပေး လိုက်လေသည်။
***