← Chapters

ကြယ်ကိုးပွင့်ပြိုင်ပွဲ။

Vol. 14 Ch. 194

ကြယ်ကိုးပွင့်ပြိုင်ပွဲ။

Vol. 14 Ch. 194

ဘိုင်တင်း၏ မျက်နှာတွင် ဒေါသ အခိုးအငွေ့များ ထွက်ပေါ်လာသည်။ သူက ယနေ့ စစ်ဆေးပွဲ၏ တာဝန်ခံဖြစ်သည်။ ထို့အပြင်၊ ခွန်အားအရ ဖြစ်စေ ရာထူးအရ ဖြစ်စေ လျိုဖန်းနှင့် တူညီသော အဆင့်တွင် ရှိသည်။

ထို့ကြောင့်ပင် ရှင်းယန်က သူ့ရှေ့၌ လူသတ်လိုသော ဆန္ဒကို ထုတ်ဖော်ခဲ့သော အပြုအမူကို မည်သို့မျှ သည်းမခံနိုင်ပေ။ သူက အေးစက်စွာ စိုက်ကြည့်လိုက်ပြီး၊

မင်း ဒီမှာ ဘာလုပ်နေတာလဲ၊ ငါ့ရှေ့မှာ လူတစ်ယောက်ကို သတ်ဖို့ ကြိုးစားနေတာလား။ ''

" ရှင်းယန် စိတ်အေးအေးထားပါ"

ရှင်းဂျူနှင့် အကြီးအကဲလျိုဖန်းက ရှင်းယန်ကို သတိပေးရန် လျှောက်လာခဲ့သည်။

ဖြစ်နိုင်ရင် ရှင်းယန်က ဝမ်နင်ကို အခုချက်ချင်း ခေါင်းဖြတ်ချင် နေသည်။ သို့သော် ဤသို့ သတ်ဖြတ်ရန် နည်းလမ်း မရှိချေ။ သူမက ဝမ်နင်ကို လက်ညိုးထိုးပြီး၊

" ပြောပါ၊ ကောင်းကင်လွင်ပြင် ထဲမှာ ဘာလုပ်ခဲ့တာလဲ"

ဝမ်နင်က သူ့အပြစ်ကို သူသိသောကြောင့် ထိတ်လန့် တုန်ယင်လာသည်။ သူ့ဘေး၌ ရှိနေသော လန်းမိုကမူ အမူအရာ ပြောင်းလဲခြင်း မရှိပဲ၊ ဝမ်ယန် အနားသို့ ကပ်လိုက်ပြီး ကောင်းကင်လွင်ပြင်တွင် ဖြစ်ပျက် ခဲ့သမျှတွေကို ရှင်းပြလိုက်၏။

ဝမ်ယန်က ရယ်ချင်နေသော အမူအယာကိုချုပ်တည်း ထားပြီးနောက်၊

" အဲ့ဒီမှာ ဘာဖြစ်သွားတာလဲလို့ တွေးနေမိတာ၊ လူသစ်တွေ ကြားက ရန်ပွဲလေး တစ်ပွဲပဲ....''

" ရန်ပွဲလေး တစ်ပွဲ...."

ရှင်းယန်က အေးစက်စွာ မေးလိုက်သည်။

"မဟုတ်ဖူးလား "

ဝမ်ယန်က ပြုံးလိုက်သည်။ လူသစ်တွေကြား စမ်းသပ်မှု အနည်းငယ်ကို အကြီးအကဲဘိုင်မှ ထည့်သွင်းထားခြင်း ဖြစ်သည်။ ဤသို့ အစပြုသော စမ်းသပ်မှုသည် ယှဉ်ပြိုင်လို စိတ်ကို ပေါက်ဖွား လာစေမည်။ ရက်စက်သော ရလာဒ်များ အတွက်မူ ရှောင်လွှဲ၍ မရနိုင်ချေ။ လူတစ်ယောက်ကို ကိုယ်တိုင် မသတ်သရွေ့ အပြစ်ပေးခံရမည် မဟုတ်နိုင်။

'' ဝမ်နင် မင်းက ကောင်းကင်လွင်ပြင်ထဲမှာ တစ်ယောက်ယောက်ကို သတ်လိုက်တာလား။"

အခြေအနေမှာ သူ့အား မျက်နှာသာ ပေးနေသည်ကို မြင်လိုက်ရာ၊ ဝမ်နင်က ရဲရင့်စွာ ရယ်မောလိုက်ပြီး၊

"အစ်ကိုကြီး၊ လူတစ်ယောက်ကို ငါဘယ်လိုလုပ် သတ်ရဲမလဲ၊ လင်းယွန်ကတော့ ငါနဲ့ မတူဖူး၊ အရွေးချယ်ခံ တွေကို သတ်ပစ်ခဲ့ပြီး အကြီးအကဲ တစ်ယောက် ရှေ့မှာတင် ငါ့ကို သတ်ပစ်ဖို့ ကြိုးစားလာဖူးတယ်....''

"ဒီလိုမျိုး ဖြစ်ခဲ့တာလား..."

ဘိုင်တင်းက မျက်ခုံးပင့်လိုက်၏။

" ဝမ်နင် မင်းသေချာ ရဲ့လား"

" ငါပြောခဲ့တာတွေက လုံးဝမှန်ပါတယ် အကြီး အကဲဘိုင် "

ဝမ်နင်က ပြုံးပြီး၊ သူ့စကားကို ဆက်ပြောလိုက်သည်။

'' အဲ့ဒီအကြီးအကဲက တောထဲမှာ ရှိနေတုန်းပဲလို့ ငါယုံကြည်တယ်၊ သူထွက်လာတဲ့အခါ သူ့ကို မေးလို့ ရပါတယ်၊ ''

ရှင်းယန်က လင်းယန်အတွက် တရားမျှတမှုကို ရှာဖွေ လိုသော်လည်း စကားဝိုင်းမှာ သူမဆန္ဒကို သွေဖယ် နေလေသည်။

အနီးနားရှိ အကြီးအကဲနှင့် တပည့်များသည် ဓားသင်္ချိုင်းတောအုပ် နာမည်ကို ကြားသောအခါ အေးစက်သော သက်ပြင်းကို ချလိုက် ကြ၏။ ဓားသင်္ချိုင်းတောအုပ်သို့ ဝင်ရောက်ခြင်းသည် သေခြင်းနှင့် ညီမျှပေမည်။ ထိုနေရာကို တားမြစ်ထားသော မြေအဖြစ် သတ်မှတ်ထားပြီး မည်သူမျှ ရူးရူးမိုက်မိုက် ဝင်ရောက်ရဲမည် မဟုတ်ပေ။

သူ့လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ဝမ်ယန်က ပြုံးလိုက်ကာ၊

" ဒါက ရန်ပွဲလေး တစ်ပွဲပါလို့ ငါပြောပြီး ပြီလေ၊ ငါ့ညီက လင်းယွန်ရဲ့ အသက်ကို သူ့လက်နဲ့ မသတ်ခဲ့ဘူး၊ သူ့ဘာသာ ခွေးတစ်ကောင်လို ဓားသင်္ချိုင်းတောအုပ်ထဲကို ပြေးဝင်သွားခဲ့တာလေ ....ဟားဟားဟား "

ဝမ်နင်က စတင် ရယ်မောလာပြီး၊

'' အစ်ကိုကြီး မင်းပြောတာမှန်တယ်၊ လင်းယွန်က အမြဲတမ်း ရဲရင့်သူ ဖြစ်တာကြောင့် ဓားသင်္ချိုင်း တောအုပ်ထဲမှာ အခွင့်အရေး ရှာဖွေချင် နေမလား ဆိုတာ ဘယ်သူ သိမှာလဲ၊ သေချာတာကတော့ ငါ့လက်နဲ့ သူ့ကို မသတ်ခဲ့ပါဘူး၊ "

"မင်း ...... "

ရှင်းယန်က ဒေါသအရမ်း ထွက်လာပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကာ သူမ၏ ရက်စက်တက်သော အရှိန်အဝါကို ထုတ်လွှတ် လိုက်သည်။ ဝမ်နင်က ထိတ်လန့်သွားပြီး သူ့ကိုသူ ပုန်းကွယ် ထားရန် ကြိုးစား လိုက်သည်။

"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ "

ဝမ်ယန်က ဒေါသထွက်လာ၏။ လင်းယွန်သည် အရွေးချယ်ခံများကို သတ်ပစ်ခဲ့ပြီး၊ ယင်းကိစ္စများကိုပင် မဖြေရှင်း နိုင်သေးပေ။

'' ငါ မင်းကို လုံလောက်တဲ့ မျက်နှာသာ ပေးထားပြီးပြီ ရှင်းယန် ''

" သူက အမှိုက်သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ အမှိုက်တစ်စပဲ၊ "

လန်းမိုက 'အမှိုက်'ဟူသော စကားလုံးကို အလေးပေးကာ ဝင်ရောက် ပြောဆိုခဲ့သည်။ ဓားနန်းတော်သည် တန်ဖိုးမရှိသူ တစ်ယောက်အတွက် စိတ်ဝင်စားဖွယ် အဖြစ်အပျက်များ ရှိလာမည် မဟုတ်ပေ။

" ဝမ်ယန် .... မင်းရဲ့ စကားတွေကို ဆင်ချင်ပါ "

ရှင်းဂျူက မျက်မှောင်ကြုတ် လိုက်ကာ၊ ရှင်းယန်ကို အော်ငေါက်နေသော ဝမ်ယန်ကို သတိပေးဟန်ဖြင့်၊ ရှေ့သို့ ခြေတစ်လှမ်း တိုးလာသည်ကို မြင်လိုက်ရသည်နှင့် ဝမ်ယန်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြစ်ပေါ် လာလေသည်။ သူက လျင်မြန်စွာ နောက်ဆုတ် လိုက်ပြီး၊

'' ငါ ဘာလုပ် နေတယ်ဆိုတာ ငါသိပါတယ်၊ အပြင်လူ တစ်ယောက်အတွက် သိပ်အဝေးကြီး မယူပါနဲ့ ''

ဟု ပြန်ဖြေ လိုက်သည်။

နောက်ဆုံးတွင် ရှင်းယန်က အကြီးအကဲ လျိုဖန်းထံသို့ ကူကယ်ရာမဲ့ ဟန်ဖြင့်သာ ကြည့်နိုင်ခဲ့သည်။

ထိုအခိုက်အတန့်တွင် ဘိုင်တင်းက စကားဝိုင်းထဲ ဝင်ရောက် လာခဲ့သည်။

'' ငါ ဒီကိစ္စကို စိတ်မ၀င်စားဘူး၊ သူက အမှိုက်သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ လူသစ်တစ်ဦးမျှသာပဲ၊ အကြီးအကဲ လျိုဖန်း၊ မင်း ဒီကိစ္စကို ကိုင်တွယ် နိုင်ပါတယ်၊ ငါ ဝင်မစွက်ဖက်ဘူး...''

ဘိုင်တင်းက ဝင်စွက်ဖက်မည် မဟုတ်ဟု ဆိုသော်လည်း၊ 'အမှိုက်'ဆိုသော စကားလုံးကို အလေးပေး ခဲ့သည်။ အမှိုက်သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားသော လူပျက်တစ်ယောက်အတွက် ဘိုင်တင်းနှင့် အတိုက်အခံ ပြုကာ၊ အထက်ပိုင်း အကြီးအကဲများကို တိုင်ကြားခဲ့လျှင်ပင် အပြစ်ပေးခံရမည် မဟုတ်ပေ။

" ငါနားလည်ပါတယ်၊ ဒါပေမယ့် အကြီးအကဲဘိုင်၊ မင်းက သူ့မှာ အမှိုက်သိုင်းဝိညာဉ်ရှိတယ်လို့ ဘာလို့ ဒီလောက် သေချာ နေရတာလဲ။ "

လျိုဖန်းက ပြုံးကာ မေးလိုက်သည်။

" မဟုတ်ဘူးလား.... သူ့ရဲ့ သိုင်းဝိညာဉ်က အမှိုက်သာ မဟုတ်ရင်၊ အရွေးချယ်ခံ ခွဲတမ်းကို ဘာလို့ စွန့်လွှတ် လိုက်ရတာလဲ၊ စမ်းသပ်ကွင်းပြင် မှာတောင် သူ့သိုင်းဝိဥာဉ်ကို ဆင့်ခေါ်တာ တစ်ယောက်မှ မတွေ့ခဲ့ဖူး မဟုတ်လား။ "

ဘိုင်တင်းအစား ဝမ်နင်က ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေ လိုက်သည်။

" အကြီးအကဲလျို မင်းမှာ ဘာပြောစရာ ရှိသေးလဲ။"

ဘိုင်တင်းက မျက်လုံးများ မှေးစင်းလျက် ပြုံးလိုက်သည်။

'' မလိုတော့ဘူး၊ ... သွားကြရအောင်။"

လျိုဖန်းက ဆက်မပြောတော့ပေ၊ ရှင်းယန်နှင့် ရှင်းဂျူးကို ခေါ်ဆောင်ကာ၊ ထွက်ခွာ သွားခဲ့သည်။

( ဒီမိန်းမက ငါ့ကို အတိုက်အခံ ပြုချင် နေတာလား။ )

ဝမ်ယန်က အတွင်းကျကျ ရယ်မောလိုက်သည်။

အကြီးအကဲ လျိုဖန်း ထွက်ခွာ သွားပြီးနောက် ဝမ်ယန်က ဝမ်နင်ကို လှည့်ကြည့်ကာ၊

'' ကောင်းတယ် ... ငါ့ရဲ့ ဝမ်မိသားစု ဝင်တွေကို သတ်ပြီးတဲ့နောက်၊ ဓားသင်္ချိုင်း တောအုပ်ထဲကို ပြေးဝင်ပြီး၊ လွတ်မြောက် လိုတယ်လား၊ ...အိမ်မက် မက်မနေနဲ့ ဓားကျွန်ကောင်၊ ဟားဟားဟား "

'' အစ်ကိုကြီး၊ မင်းရဲ့ ဂုဏ်သတင်းကြောင့် အားလုံးက အဆင်ပြေ သွားတာပါ၊ ဒီလိုမှမဟုတ်ရင် နက်နဲသိုင်းသမား အများကြီးကို စုဆောင်းနိုင်မှာ မဟုတ်ပါဘူး ''

ဝမ်နင်က ကျေးဇူးတင် စကားကို ပေါ့ပေါ့ပါးပါး ပြောဆိုပြီး၊ ရယ်မော လိုက်သည်။

" မင်းက အကောင်းဆုံး ကြိုးစားပြီးပြီ၊ လူသစ် ဆယ်ယောက်ကို ခေါ်ယူနိုင်ဖို့ ဆက်ကြိုးစားပါ။"

ဝမ်နင်က ခေတ္တရပ်လိုက်ပြီး၊

'' သွား အနားယူပါ၊ ငါအနားမှာ ဘယ်သူမှ မင်းကို မထိနိုင်တော့ဘူး၊ ဒီစမ်းသပ်မှု အပြီးမှာ ကြယ်ကိုးပွင့် ပြိုင်ပွဲကို ကျင်းပလိမ့်မယ်၊ အဲဒါက ဒီနှစ်ရဲ့ ဂုဏ်သတင်းကို ပေါ်လွင်စေမယ့် အချက်ပဲ၊ ဒါကြောင့် ငါ့ကို အရှက်မကွဲစေနဲ့။ "

" စိတ်ချပါ အစ်ကိုကြီး "

ဝမ်နင်နှင့် လန်းမိုတို့က ကြယ်ကိုးပွင့် ပြိုင်ပွဲကို စောင့်မျှော်လျှက် စိတ်လှုပ်ရှား နေကြသည်။သူတို့အတွက် ထင်ရှား ပေါ်လွင်စေသော စင်မြင့်တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ကောင်းကောင်း စွမ်းဆောင် နိုင်ပါက၊ ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်း တစ်လျှောက် သူတို့ နာမည်များ ပျံ့နှံ့ နိုင်ပေမည်။

အခြားတစ်ဖက်တွင် တွန့်ဆုတ်နေဆဲ ဖြစ်သော ရှင်းယန်က လင်းယွန်အတွက် သူမတွင် တာဝန် ရှိနေသည်ဟု ခံစားခဲ့ရသည်။ လင်းယွန်သည် စမ်းသပ် ကာလအတွင်း ဆိုးရွားစွာ ဖိနှိမ့် ခံစားခဲ့ရပြီး ဓားသင်္ချိုင်းတောအုပ်သို့ အတင်းအကြပ် တွန်းပို့ခြင်း ခံလိုက်ရသည်။ ထိုအကြောင်းကို ပို၍ တွေးမိလာပြီး၊ လီရွှမ်ရှင်းကို လှည့်ကြည့်လိုက်၏။

'' .... သူ့ကို အတင်းအကျပ် တွန်းပို့ ခံနေရတုန်းက မင်းက ဘာလို့ မကူညီရတာလဲ၊ ဝမ်မျိုးနွယ်က ဒီလောက်တောင် ကြောက်စရာကောင်းနေလား ဟမ်.... မင်းတို့က ဦးဆောင် နေသရွေ့တော့ တရားမှုကို လိုလားတဲ့ လူမှန်တွေက ကူညီပေးမှာ သေချာတယ်။ ''

လီရွှမ်ရှင်းနှင့် အခြားသူများမှာ အပြစ်ရှိသည်ဟု ခံစားမိသောကြောင့် ရှင်းယန်ကို မကြည့်ဝံ့တော့ပေ။

သူ့ညီမ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး၊ ရှင်းဂျူက ပြုံးပြကာ၊

" သွားအနားယူကြပါ၊ ဒီကိစ္စက မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး။ ''

" ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ရှင်းဂျူ "

သူတို့အားလုံးက စိတ်သက်သာရာ ရကြပြီး ချက်ချင်း ထွက်ပြေး သွားကြ၏။

"အကြီးအကဲလျို၊ မင်းမှာ လင်းယွန်ကို ကယ်တင်နိုင်မယ့် နည်းလမ်းရှိ မလား"

ရှင်းယန်က အကြီးအကဲလျိုဖန်းဘက် လှည့်ပြီး တောင်းဆို လိုက်သည်။

'' ဒါက တခြားတစ်နေရာမှာ ဆိုရင် ငါစမ်းကြည့်နိုင်ပေမယ့်၊ ဓားသင်္ချိုင်းတောအုပ်ကိုတော့ ငါမဝံ့ဘူး.... ''

ဟု အကြီးအကဲလျိုဖန်းက ကူကယ်ရာမဲ့ ပြန်ဖြေကာ၊ သက်ပြင်းချ လိုက်ပြီး၊ နန်းတော်သခင်တောင် ဘယ်သူ့ကိုမှ ပြန်မခေါ် လာနိုင်ခဲ့ဘူး၊ အဲဒီတုန်းက သူ့မျက်နှာက မည်းမှောင်နေတာကို ငါမှတ်မိ နေသေးတယ်.... ''

ရှင်းမောင်နှစ်မမှာ တိတ်ဆိတ်သွား၏။

စမ်းသပ်ကာလ ပြီးဆုံးရန် နောက်ထပ် သုံးရက်ခန့် ကျန်ရှိ နေသေး၏။ ဓားနန်းတော်၏ တောင်ခြေရင်းတွင် လူသစ်များဖြင့် ပြည့်နှက်နေပေသည်။ ဓားနန်းတော်သည် တစ်နှစ်လျှင် တစ်ကြိမ်သာ လူသစ် စုဆောင်းမည် ဖြစ်သဖြင့် ဤပွဲကို အဓိက ပွဲတစ်ပွဲဟု ယူဆနိုင်သည်။

ထို့ကြောင့် အခြားသော အရေးတကြီး ဆောင်ရွက်စရာများ မရှိပါက ဓားနန်းတော်ဂိုဏ်း၏ တပည့်များမှာ တောင်ခြေသို့ လာရောက် ဝိုင်းဖွဲ့ကြ ပေလိမ့်မည်၊

ထိုအချိန်တွင် နဂါးသွေးမြင်း တစ်ကောင်သည် မြူခိုးများ ဖုံးလွှမ်းနေသည့် အရပ်တွင် ဆယ်ကျော်သက် လူငယ်နှစ်ယောက် နှင့်အတူ ဘေးချင်းကပ် လျှောက်လှမ်း နေ၏။

အထူးသဖြင့် အပြာရောင်ဝတ်ရုံဖြင့် လူငယ်လေး၏ မျက်ဝန်းများမှာ အနက်ရောင် ကျောက်မျက်များကဲ့သို့ တောက်ပနေပြီး နှုတ်ခမ်းပေါ်တွင် ဖော်ရွေသော အပြုံးအချို့ ချိတ်ဆွဲထား လေသည်။

နက်နဲနယ်မြေထဲသို့ ထိုးဖောက် ဝင်ရောက် ခဲ့ပြီးနောက်၊ လောကကြီးကို အမြင်သစ်ဖြင့် ရှုမြင်လာခဲ့သည်။ နက်နဲနယ်ပယ်သည် သူ၏ မူလစွမ်းအင်ကို ပြန်လည် သန့်စင်ရန်သာ မဟုတ်ပေ။

၎င်းသည် သေမျိုးခန္ဓာကိုယ်ကို ပြန်လည် သန့်စင်ရသော ဆင့်ကဲဖြစ်စဉ် ဖြစ်သည်။ သွေးကြောများကို မာကျော လာစေရန် သော့ဖွင့်ပြီးနောက် ဒွါရခွန်နှစ်ပါးဖြင့် ချိတ်ဆက် နိုင်မည် ဖြစ်သည်။

ထို့နောက်တွင် အာရုံခံစားမှုများ ပိုမို ပြတ်သားလာမည် ဖြစ်ပြီး သူ၏ ခြေလက်များမှာလည်း ပို၍ ပျော့ပျောင်း လာမည် ဖြစ်သည်။ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကို လေ့ကျင့်ပြီးနောက် သာ၍ ကောင်းမွန်သော အသွင် ကူးပြောင်းမှုကို ရရှိခဲ့သည်။

လင်းယွန်မှာ သူ၏ အောင်မြင်မှုကို မည်ကဲ့သို့ ရယူခဲ့သည်ကို တွေးတော မိသွားသော လီဝူယုက တုန်လှုပ်သွားခဲ့သည်။ ထို့ထက် ပို၍ ဆိုးသည်မှာ သခင်ဆယ့်သုံးပင် ဖြစ်သည်။

ဓားသင်္ချိုင်းတောအုပ် အတွင်းရှိ ယင်စွမ်းအင် သုံးပုံ-တစ်ပုံကို ဝါးမြိုခံရပြီးနောက်၊ ဆုံးရှုံးသွားသော ပမာဏသည် သခင်ဆယ့်သုံး၏ မုတ်ဆိတ်မွေးများအား အကြောဆွဲ သွားစေသည်ကို တွေ့ မြင်လိုက်ရသည်။

ကောင်းကင်လွင်ပြင်မှ ထွက်ခွာ နိုင်ခဲ့သော်လည်း၊ ဓားနန်းတော် အဝင်ဝသို့ မရောက်ရှိခဲ့ပေ။ သခင်ဆယ့်သုံး၏ အဆိုအရ၊ ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်း၏ ပင်မဌာနသို့ ဝင်ရောက်နိုင်ရန် ဝင်ပေါက် တစ်ခုသာ ရှိသည်။ ထို့ကြောင့် သခင်ဆယ့်သုံးက သူတို့ကို မြို့တော်သို့သာ ပြန်ပို့ ပေးနိုင်ခဲ့၏။

" ဝိုး၊ နှင်းတွေ ကျနေတာပဲ "

လင်းယွန်က သူ့လက်များကို ဆန့်ထုတ်ကာ နှင်းပွင့်များကို ဖမ်းယူလိုက်သည်။ မြို့တော်တစ်ခုလုံး ဖြူလွှသော ဆီးနှင်းများဖြင့် နူးညံ့လှပနေပေ၏။

မြို့တော်သို့ ကနဦး ရောက်ရှိစဉ်က ဆီနှင်းများ ရွာကျ လာခြင်းဖြင့် တွေ့ကြုံခဲ့ရ သော်လည်း၊ ယခု ရာသီဥတု ကဲ့သို့ အေးစက်မနေခဲ့ပေ။ တစ်လအတွင်း ဆောင်းဦးမှာ ပို၍ ရင်သန် လာပုံရလေပြီ။

လင်းယွန်က လီဝူယုကို ဦးဆောင်ကာ လက်နက် အရောင်းဆိုင် တစ်ဆိုင် အတွင်းသို့ ဝင်ရောက် လိုက်သည်။ အနည်းငယ် လှည့်ပတ်ကြည့် ပြီးနောက် လှံရှည်တစ်စင်း လိုချင်ကြောင်း ပြောလာခဲ့သည်။

လက်နက်ဆိုင်အတွင်းမှ ပြန်ထွက် လာသော လင်းယွန်၏ အမူအရာမှာ လှံကို ဆုပ်ကိုင်လျက် ရုတ်ချည်း အေးစက်လာ၏။

လီဝူယုက လမ်းမကြီး အတိုင်း လှမ်းမျှော် ကြည့်လိုက်ပြီး၊

" အစ်ကိုလင်း၊ ကြည့်စမ်း ....ဒါ ဦးပြည်းကတုံး မဟုတ်လား ''

လင်းယွန်က မော့ကြည့် လိုက်သည်နှင့် လွင့်မျောနေသောရေခွက်က ထိုင်လျက်ဖြင့်၊ သူ့ထံသို့ ဦးတည်လျက် အရက်ခွက်အား၊ မြှောက်ပြနေသည်ကို တွေ့လိုက် ရသောကြောင့်၊ မှင်တက် သွားမိ၏။

ကောင်းကင်ဘုံချင်နိုင်ငံရှိ အထက်တန်းစား သူရဲကောင်း ရှစ်ပါးထဲမှ တစ်ပါး ဖြစ်သော ရေခွက်ကလေးသည် လီဝူယု၏ အသံကို ကြားသွား လိမ့်မည်ဟု မမျှော်လင့် ထားမိပေ။ သူက အဆင်မပြေသော အမူအရာဖြင့် ပြုံးလိုက်ကာ၊

'' သူ့ဆီသွားရအောင် ''

ဟုဆိုလျက် လေထဲသို့ ခုန်တက်သွားပြီး၊ လွင့်မျောနေသောရေခွက် ဘေးတွင် ထိုင်ချ လိုက်၏။

'' ဒီမှာ တွေ့လိမ့်မယ်လို့ မမျှော်လင့် ထားမိဘူး၊ တိုက်ဆိုင်တာပဲ "

လင်းယွန်က အံသြစွာဖြင့် စကားစတင် လိုက်သည်။

လွင့်မျောနေသောရေခွက်သည် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သောကြောင့် ဤနေရာတွင် သူသောက်နေပုံမှာ ထူးဆန်း လှပေသည်။

'' ငါက တစ်ယောက်ယောက်ကို စောင့်နေတာ...''

-ဟု လွင့်မျောနေသောရေခွက်က ပြန်လည် ရှင်းပြလာ၏။ သူက လင်းယွန်ကို စစ်ဆေးကြည့်ပြီးနောက် ထိတ်လန့်သွားသော အရိပ်အယောင်များဖြင့် ပြုံးလိုက်သည်။ သူတို့နှစ်ယောက်မှာ လွန်ခဲ့သော နှစ်လခန့်က တွေ့ဆုံခဲ့ပြီး၊ ထိုအချိန်တွင် လင်းယွန်၏ ကျင့်ကြံမှုမှာ ရှန်ရှင်းပဉ္စမ အဆင့်၌သာ ရှိနေခဲ့ ပေသည်။ သို့သော် ယနေ့တွင် လင်းယွန်မှာ နက်နဲနယ်ပယ်သို့ ရောက်ရှိ နေလေပြီ။

" ဆိုင်ရှင် ဒီငါးကြင်းကို 'ပေါင်း' ပေးပါ "

လီဝူယုက ငါးတစ်ကောင်ကို ထုတ်ယူပြီး ဆိုင်ပိုင်ရှင်ထံ အပ်လိုက်၏။

လွင့်မျောနေသောရေခွက်က ငါးကြင်းကိုကြည့်လိုက်ပြီး၊ သူ့မျက်လုံးများ ပြူးကျယ်သွားကာ၊

'' နှင်းနဂါး ငါးကြင်း "

" အမှန်ပဲ၊ ဒါပေမယ့် မင်းက ဘုန်းကြီးဆိုတော့၊ နှင်းနဂါးငါးကြင်း တစ်ကောင် အတွက်နဲ့ ငါတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ငါယုံတယ်၊ ဟုတ်တယ် မဟုတ်လား"

လီဝူယုက ရယ်မောလိုက်သည်။ နှင်းနဂါးငါး တစ်ကောင်အတွက် ခရမ်းရောင်နန်းတော်နယ်ပယ်ရှိ သိုင်းသမားကိုပင် တိုက်ပွဲများ ဖြစ်ပေါ် လာစေသည်ဟု ဆိုရိုးစကားများ ရှိထားသည် ဖြစ်ရာ၊ လီဝူယုက ထိုအရာကို ဟာသ လုပ်ယူလိုက်ခြင်း ဖြစ်သည်။

လွင့်မျောနေသောရေခွက်လေးက ပြုံးပြီး သူ့ဝိုင်ခွက်ကို ကြည့်ဖို့ရန် လင်းယွန်ကို အချက်ပြလိုက်သည်။

လီဝူယုက ထိုမြင်ကွင်းကို မြင်လိုက်ရသော အခါတွင် သူ့မျက်နှာမှာ မည်းမှောင်သွား လေသည်။ နှင်းနဂါးငါးသည် သူ့အသက်ကို စွန့်စားပြီးနောက် ရရှိခဲ့သောအရာ ဖြစ်သည်။ သို့သော် ဦးပြည်းကတုံးသည် ၎င်းဖြင့် ကြေနပ်ပုံ မရပေ။

'' လွင့်မျောနေသောရေခွက်လေး၊ ဒါက မျောက်ဝိုင်ပဲ၊ မင်းဘာလို့ မစမ်းကြည့်တာလဲ။ "

လင်းယွန်က ဝိုင်အိုးကို ထုတ်ယူလိုက်သည်။

'' ကောင်းလိုက်တာ ''

လွင့်မျောနေသောရေခွက်က ၎င်းကို လှမ်းယူကာ တစ်ကျိုက် မော့သောက် လိုက်ပြီးနောက်၊ ပြုံးလိုက်၏။ သိပ်မကြာခင်မှာပင် 'ပေါင်းခံ' ထားသော နှင်းနဂါးငါးကြင်းမှာ ရောက်ရှိ လာခဲ့သည်။ နှင်းများ တဖွဲ့ဖွဲ့ကျနေသောရာသီဥတု အောက်တွင် သူတို့သုံးယောက်သား မျောက်ဝိုင်သောက်ကာ၊ နှင်းနဂါး ငါးကြင်း 'ပေါင်း'ကို မြည်းလျက် အရသာခံ နေကြ၏။

သူတို့သုံးယောက်သား စကားစမြည် ပြောနေကြစဉ် ခြေသံအချို့ လမ်းမများပေါ်တွင် ထွက်ပေါ်လာပြီး၊ လူဆယ့်ရှစ်ဦးက ကျောက်စိမ်း သန်လျင်းကို သယ်ဆောင် လာကြလေသည်။ လူတစ်ထောင်ခန့်သည် လမ်းကြောင်းကြီး တစ်ခုကို ဖန်တီးခဲ့ပြီး သုံးထောင်ခန့်မှာ သန်လျင်းနောက်ပါး ဆီမှ လိုက်ပါလာသည်။ အနည်းငယ် ကြီးကျယ်ခမ်းနားသော ဖွဲ့စည်းမှု အခင်းအကျင်း ဖြစ်ခဲ့လေပြီ။

( သန်လျင်း = ဝေါယာဉ် )

လီဝူယုက သူ့နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး၊

'' ဘယ်လောက်တောင် ဟိတ်ဟန်များ လိုက်တဲ့ မြင်ကွင်းလဲ .... ''

လွင့်မျောနေသောရေခွက်က သူ၏ အမူအရာတွင် အထီးကျန်မှု အရိပ်အယောင် အချို့ပင် ထွက်ပေါ်လာကာ၊

" အဲဒါက မဟာချင်အင်ပါယာရဲ့ မင်းသမီး၊ ဖီးနစ်ပန်းကလေးပဲ "

ဟု ပြန်ဖြေလိုက်၏။ သူ့အမူအရာကို မြင်သည်နှင့် လီဝူယုက၊

" သူမကြောင့် မင်းဆံပင်ကို ရိတ်ခဲ့ရတာလို့တော့ ငါ့ကို ဆက်မပြောနဲ့ ''

လွင့်မျောနေသောရေခွက်က ပြုံးပြသော်လည်း ပြန်မဖြေ ခဲ့ပေ။ မင်းသမီး ဖီးနစ်ပန်းကလေးသည် လွင့်မျောနေသောရေခွက်မှ စောင့်မျှော်နေသော သူဖြစ်သည်ကို လင်းယွန်က သိသည်။

'' သခင်လေး လွင့်မျောနေသောရေခွက်၊ မင်းသမီးက မင်းကို သန်လျင်းဆီကို ဖိတ်ခိုင်း လိုက်ပါတယ် ''

ဟု ရံရွှေတော်တစ်ဦးမှ လာရောက် ခေါ်ယူ လေသည်။

ရေခွက်ကလေး၏ မျက်နှာပေါ်တွင် ချက်ချင်းရွှင်မြူးသွားကာ ခေါင်းငြိမ့်ပြ လိုက်၏။

'' အခု လာခဲ့မယ် လို့ပြောပေးပါ ''

'' မင်းသမီးလေးက စောင့် မနေ ရပါစေနဲ့ ''

မထွက်ခွာခင် ရံရွှေတော်က သတိပေး လိုက်သည်။

ဝိုင်လက်ကျန်ကို မော့သောက်လိုက်ပြီး၊ လွင်မျောနေသောရေခွက်က ထထွက်သွားသည်။ ဤအခိုက်အတန့်တွင် လီဝူယုက ပြုံးလိုက်ကာ၊

" ရေခွက်ကလေး၊ မင်းက မြို့တော်ရဲ့ ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး၊ ကောင်းကင်ဘုံချင်နိုင်ငံရဲ့ ပါရမီရှင် ရှစ်ပါး ထဲက တစ်ပါး မဟုတ်လား၊ မင်းက ဒဏ္ဍာရီလာ မျောက်ဝိုင်နဲ့ နှင်းနဂါးငါးကို စားသောက်ခဲ့ပြီး၊ ဒီအတိုင်း ထားခဲ့ ချင်တာလား။ ''

စကားပြောနေစဉ် လီဝူယု၏ ရိုးသားသောအမူအရာကြောင့် သူ့အနားတွင် ထိုင်နေသော လင်းယွန်မှာ ပါးစပ်ထဲရှိ ဝိုင်များကို အန်ထွက်လုနီးပါး ထွေးထုတ် လိုက်မိလေသည်။

လွင့်မျောနေသောရေခွက် ပင်လျှင် ခေတ္တမျှ အံ့အားသင့် သွား၏။ ဤသို့သော အခြေအနေမျိုးကို တစ်ကြိမ် တစ်ခါမျှပင် သူ မကြုံဖူး ပေရာ၊

'' မင်းက တစ်ခုခုနဲ့ လဲလှယ်ဖို့ တောင်းဆိုနေတာလား၊ ပြောပါ မင်းက ဘာလိုချင်လို့လဲ "

'' ငါ့အစ်ကိုကြီးက ကျားနဂါးလက်သီးကို အနည်းငယ်ဖမ်းဆုပ်မိထားတယ်၊ ငါ့အစ်ကိုကြီးအတွက် ကျားနဂါးလက်သီး အပြည့်အစုံကို မင်းဘာလို့ ခွင့်မပြုရတာလဲ ''

ထိုစကားကိုကြားသောအခါတွင် လင်းယွန်က ချက်ချင်း ထရပ်လိုက်မိ၏။

'' မင်း ဟာသတွေ ပြောနေတာပဲ လီဝူယု ''

လွင့်မျောနေသောရေခွင် ပင်လျှင် ယင်းစကားကြောင့် လှည့်စားခံလိုက်ရပြီး ကျောက်စိမ်းတုံး တစ်တုံးကို စားပွဲပေါ်တင်ကာ၊

'' ကျား-နဂါးလက်သီးအပြည့်အစုံကို ငါမပေးနိုင်ဘူး၊ ဒါပေမယ့် မင်းရဲ့အစ်ကိုကြီးအတွက် ကောင်းကင်ချိုးဖြတ်ခြင်းတံဆိပ်ကို ငါကြည့်ခွင့် ပေးလို့ရတယ်။ "

ဟု ဆိုလိုက်၏။ ထွက်ခွာသွားသော ရေခွက်လေး၏ နောက်ကျောကို ကြည့်ကာ၊ လင်းယွန်က ကျောက်စိမ်းတုံးကို ကောက်ကိုင် လိုက်သည်။ ၎င်းအဖြစ် အပျက်များမှာ အိပ်မက် မက်နေ သကဲ့လို့ ခံစားနေရပြီး၊ ဤကျောက်စိမ်းတုံးသည် မည်မျှ အဖိုးတန်သည်ကို သိရှိထားခဲ့ရာ၊ လွင့်မျောနေသောရေခွက်က ပေးလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ကျောက်စိမ်းတုံးကို သိမ်းဆည်းလိုက်ပြီး၊ ''သွားကြရအောင် '' ဟု လင်းယွန်က လောဆော် လိုက်သည် ။

" ဘယ်သွား ကြမလဲ.... "

လီယူယုမှ ပြန်မေး လာသည်ကြောင့် လင်းယွန်က ပြုံးလျက် ဖြေဆိုလိုက်သည်။

'' ဓားနန်းတော်... ''

လီဝူယု၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာ၏။ သူက၊

'' ဝမ်နင်နဲ့ လူယုတ်မာတစ်စုက ဓားသင်္ချိုင်းတောအုပ် ထဲမှာ ငါတို့ကို သတ်လုနီးပါး ပါပဲ၊ အခု သူတို့ကို အံ့အားသင့် စေမယ့် အချိန်ရောက်ပြီ ''

***

All Chapters