ကမ္ဘာဦး ဖျက်ဆီးခြင်း သိုင်းဝိညာဉ်။
Vol. 15 Ch. 198
အဝါရောင်အလင်း ရှစ်ဖြာ ပွင့်လာသော အခါတွင် လင်းယွန်၏ နောက်ကွယ်၌ ပုံရုပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာ တော့သည်။ ၎င်းပုံရိပ်သည် ဆယ်ပေခန့် ရှည်လျားပြီး စူးရှသော မျက်ဝန်းများကို ပိုင်ဆိုင်ထား ရှိ၏။
" သိုင်း ဝိညာဉ် "
" လင်းယွန်ရဲ့ သိုင်းဝိဉာဉ်က အမှိုက်တစ်စမိုလို့ ဆင့်ခေါ်လို့ .... မရဖူးလို့ သူတို့ပြောခဲ့တာ မဟုတ်ဘူးလား၊ "
“ ရှင်းသန့်လိုက်တာ ..... ဒီလောက် ကြီးကျယ် ခမ်းနားတဲ့ သဘာဝဖြစ်စဉ်တွေ ထွက်ပေါ်လာရအောင်၊ သူ့မှာ ဘယ်လို သိုင်းဝိညာဉ်မျိုး ရှိနေရတာလဲ။ "
“ အဲဒါက အပြည့်အ၀ မဟုတ်သေးဘူး၊ မကြာသေးမီကမှ မွေးဖွားလာတဲ့ပုံပဲ၊ ရွှေဝါရောင်အလင်းတန်း ရှစ်သွယ် .... မွေးကင်းစ အဋ္ဌမအဆင့် ပယင်းရောင်သိုင်းဝိညာဉ်ပဲ "
ကောင်းကင်၌ ရင်သပ် ရှုမောဖွယ် ကောင်းသော အလှတရားကြီးကို တွေ့ မြင်လိုက်ရလေသည်။
ဝမ်ယန်၏ နတ်ဆိုးမှော်ကျားက ခုန်အုပ်လာစဉ် လင်းယွန်၏ သိုင်းဝိညာဉ် အသွင်အပြင်မှာ စုဖွဲ့ ဖြစ်တည် လာလေသည်။ ၎င်းတွင် နဂါးတစ်ကောင်၏ ခန္ဓာကိုယ်၊ လူမျက်နှာနှင့် နဖူးတွင် နဂါးဦးချို နှစ်ချောင်း ပါရှိလေသည်။ တစ်ဆက်တည်းမှာပင် ရက်စက်ကြမ်းကြုတ်သော ရှေးဟောင်း နတ်ဆိုးတစ်ပါး၏ အရှိန်အဝါများ ထုတ်လွှတ် လာတော့၏။
" ဒါက ဘယ်လို ငရဲ မျိုးလဲ "
ရှင်းယန်က အံ့သြသွား၏။ ဤမျှ အရှိန်အဝါကြီးမား ကြမ်းကြုတ်လှသော သိုင်းဝိညာဉ်၏ ဇစ်မြစ်ကို သူ မသိနိုင်ခဲ့ပေ။
သူမဘေးတွင် ရပ်နေသော လျိုဖန်းကထိတ်လန့်သွားပြီး၊
“ ဒါက အဇူရာနဂါး ပဲ၊ ဘာကြောင့် သူ့ရဲ့ သိုင်းဝိညာဉ်ကို မခေါ်ချင် ရတာလဲ ဆိုတာ ငါသိပြီ၊ ဒါက အရွယ်ရောက်တာနဲ့ အကန့်အသတ်မဲ့ အလားအလာကို ရရှိနိုင်တဲ့ ကမ္ဘာဦးဖျက်စီးခြင်းသိုင်းဝိညာဉ် ဖြစ်လာလိမ့်မယ် ဆိုတာ သေချာတယ်၊ လုံလောက်အောင် သန်မာမှု မရှိသေးခင်မှာ ထုတ်ဖော်ခြင်းက ကောင်းကျိုးထက် ဆိုးကျိုးသာ ရဖို့ ပိုများတယ်။”
အဇူရာနဂါးသည် လုံးဝ ထင်ရှား ဖွဲ့တည် လာသော အခါတွင် နတ်ဆိုးမှော်ကျားကို ငုံ့ကြည့်ရုံဖြင့် တုန်လှုပ် သွားစေခဲ့သည်။ အဇူရာနဂါးက ရှေ့သို့ တိုးဝင်လိုက်ပြီး လက်ဝှေ့ယမ်းရုံမျှဖြင့် နတ်ဆိုးမှော်ကျားကို လွင့်စင်သွားစေ၏။
နတ်ဆိုးမှော်ကျားက ထိတ်လန့်စွာ ဝမ်ယန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် စိမ့်ဝင်သွားပြီး နောက်တွင်၊ နှုတ်ခမ်းထောင့်မှ သွေးများ ထွက်ကျလာခဲ့သည်။ မျက်နှာတစ်ပြင်လုံး ဖြူဖျော့နေပြီး ဒဏ်ရာများက မသက်သာလှကြောင်း ထင်ရှားလေသည်။ သို့သော်လည်း ဝမ်ယန်က အသက်ပြင်းပြင်း ရှူလိုက်ကာ၊ လင်းယွန်ကို ဓားဖြင့် နောက်တစ်ကြိမ် ထပ်မံ ထိုးသွင်း လိုက်သည်။
" ရပ် စမ်း....... ''
ရှင်းဂျူက ပြေးဝင်လာပြီး လင်းယွန် ရှေ့တွင် ရပ်လိုက်၏။ သူ့လက်ကို မြှောက်ပြီး လက်ဖဝါးဖြင့် တွန်းထုတ် လိုက်သည်နှင့် ဝမ်ယန်မှာ ချက်ချင်းပင် သွေးတစ်လုတ် အန်လျက် လွင့်ထွက်သွားသည်။ သူ့မျက်နှာပေါ်တွင် သွေးဆုတ်သွားသော အကြည့်ဖြင့် ရှင်းဂျူကို ကြည့်ကာ၊ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။
"ဝမ်ယန်၊ မင်း နောက်ထပ် တစ်လှမ်း တိုးရင် ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့ "
ရှင်းဂျူက ဝမ်ယန်ကို အေးစက်စွာ စိုက်ကြည့်နေသည် ။ သူ့လေသံထဲတွင် ပြတ်သားသော ခြိမ်းခြောက်မှု တစ်ခု ရှိနေခဲ့၏။
ဝမ်ယန်၏ ခန္ဓာကိုယ်မှာ ဒေါသကြောင့်တုန်ယင်နေခဲ့ပြီး၊ ရင်ဘက်တွင် လောင်ကျွမ်းနေသော ဒဏ်ရာဖြင့် မတ်တပ်ရပ်ရန် အနိုင်နိုင် အားပြုနေရသော လင်းယွန်ကို လှမ်းကြည့်လိုက်သည်။ လင်းယွန်ကို သတ်ရန် အခွင့်အရေးအား ဆုံးရှုံးသွားသည်ကို သူ သိသည်။ လင်းယွန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသော အဇူရာနဂါးကို ကြည့်လိုက်မိသည်နှင့် သူ့မျက်နှာမှာ ထိတ်လန့်သွားရ၏။
( ဒါက ဘယ်လိုလုပ် .... အမှိုက် သိုင်းဝိညာဉ်ဖြစ်နိုင်မှာလဲ)
ဘိုင်တင်းသည်ပင် သူ့မျက်နှာပေါ်တွင် ထိတ်လန့် တုန်လှုပ်သွားသော အမူအရာများ ဖြစ်ပေါ်လာသည်။ ကာလ တစ်လျှောက်လုံးတွင်၊ သူ၏ အမြင့်မားဆုံး ကဒ်မှာ လင်းယွန်၏ သိုင်းဝိညာဉ်သည် အမှိုက် ဖြစ်သည်ဟူသော အချက်ပင် ဖြစ်သည်။ လင်းယွန်၌ အမှိုက် သိုင်းဝိညာဉ် ရှိနေသ၍ အသတ်ခံရလျှင်ပင် မည်သူမှ စိတ်ဝင်စားလာမည် မဟုတ်ပေ။ သို့သော် ယခုအချိန်၌ ကိုင်တွယ်ရခက်ခဲသော အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သည်။
" မင်း က......"
သူ့ရှေ့တွင် ရပ်နေသော လူငယ်ကို လင်းယွန်က တိုးညှင်းစွာဖြင့် မေးလိုက်သည်။ ဤလူငယ်သာ မကူညီခဲ့ပါက၊ အဇူရာနဂါး သိုင်းဝိညာဉ် ဖြင့်ပင် ဝမ်ယန်ကို တားနိုင်မည် မဟုတ်ပေ။
ယခုအချိန်၌ သူ့ခန္ဓာကိုယ်၏ အတွင်းအင်္ဂါများ ဒဏ်ရာရသွားပြီး မူလစွမ်းအင်များ ပျောက်ကွယ်နေခဲ့သည်။ ဝမ်ယန်နှင့် သူ့ကြားတွင် ကျင့်ကြံမှု ကွာဟချက်မှာ ကြီးလွန်းလှပေသည်။ သန်မာသော ရုပ်ခန္ဓာနှင့် ဓားရည်ရွယ်ချက်ကြောင့်သာ မဟုတ်ပါလျှင် ဝမ်ယန်၏ ပထမအကြိမ် တိုက်ခိုက်မှုမှာပင်အသက်ဆုံးရှုံး ရပေမည်။
လင်းယွန်က လန်းမိုကို အလွယ်တကူ သတ်နိုင်သကဲ့သို့ ဝမ်ယန်သည်လည်း သူ့ကို အလွယ်တကူ သတ်နိုင်၏။
ရှင်းဂျူက လှည့်ကြည့်လာပြီး ပြုံးလိုက်ကာ၊
" ငါက ရှင်းယန်ရဲ့ အစ်ကိုကြီး ရှင်းဂျူပါ။"
ရှင်းယန်နှင့် ရှင်းဂျူတို့ နှစ်ဦးကြားရှိ တူညီသော အသွင်အပြင်များကို ချက်ချင်း သတိထားမိ လိုက်သည်။ ရှင်းယန်နှင့် လျိုဖန်းတို့သည် စင်မြင့်ပေါ်သို့ လျင်မြန်စွာ တက်လှမ်း လာခဲ့ကြသည်။
“ အဲ့ဒီ နယ်မြေက ထွက်လာနိုင် ခဲ့တာတောင်၊ ငါ ဘယ်လောက်ထိ စိတ်ပူနေမိလဲ မသိနိုင်ခဲ့ဘူး၊ "
ရှင်းယန်က ရယ်မောလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုကို ဖုံးကွယ်ထား၍ မရပေ။
'' အဲဒီမှာ ဘာလုပ်နေတာလဲ... အခု ချက်ချင်းဆင်းစမ်း ”
ဘိုင်တင်းက သူ့နောက်တွင် ကပ်ပါလာသောသင်းထောက် အချို့နှင့်အတူ အော်ငေါက်လျက် လျှောက်လှမ်း လာခဲ့သည်။
“ ဓားကျွန်လင်းယွန်.... မင်းက ရက်စက်တဲ့နှလုံးသားကို လှစ်ပြခဲ့တာပဲ၊ တပည့်အသစ်ပေါင်း များစွာကို ဒဏ်ရာရစေခဲ့တဲ့ အပြင်၊ ဝမ်နင်ကို လူမြင်ကွင်းမှာတောင် သတ်ပစ်ရဲတယ်လား၊ မင်းက ဓားနန်းတော်ရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တဲ့ အတွက် အခု ဓားနန်းတော်ရဲ့ တပည့်အဖြစ်ကနေ နှုတ်ပယ်လိုက်တယ်၊ သူ့ကို ဆွဲထုတ်သွားစမ်း ''
" ဘယ်သူက လှုပ်ရှား ဝံ့လဲ။"
လျိုဖန်းက ငေါက်လိုက်သည်ကြောင့် သင်းထောက်များမှာ အကြည့်ချင်း ဖလှယ်လျက် တုံ့နှေး သွားကြ၏။
လျိုဖန်နှင့် ဘိုင်တင်းတို့သည် အတွင်းဆောင် အကြီးအကဲများ ဖြစ်ပြီး၊ သူတို့၏ ရာထူးများမှာ သူတို့လို သင်းထောက်များထက် အများကြီး မြင့်မားပေသည်။ လျူဖန်ကို စော်ကားဖို့ သတ္တိမရှိ ကြသော်လည်း ဘိုင်တင်းသည် ယနေ့ ပြိုင်ပွဲကို ဦးစီးနေသော သူတစ်ယောက် ဖြစ်သည်ကြောင့် ဤနေရာ၌ သူ့အမိန့်ကို လိုက်နာ ရလေမည်။
" လျိုဖန်း၊ မင်း ငါ့ကိစ္စတွေကို ဝင်စွက်ဖက်ရဲလား"
ဘိုင်တင်းက မှုန်ကုပ်ကုပ် မျက်နှာဖြင့် မေးလိုက်၏။ ထိုအချိန်တွင် သူသည် ပြန်လှည့်၍ မရသော လမ်းသို့ ရောက်နေပြီ ဖြစ်သောကြောင့် လင်းယွန်အား အပြစ်ပေးကာ ဖြတ်ကျော်သွားရန် စိတ်ပိုင်း ဖြတ်ထားသည်။ ဝမ်နင်ကို သတ်ခဲ့သော သားသတ်သမားကဲ့သို့ မြင်သာအောင် ဖန်တီးကာ၊ လင်းယွန်အား ပေါ်လွင်စေရန် အခွင့်အရေး မပေး လိုတော့ပေ။
" မင်က ကြယ်ကိုးပွင့် ပြိုင်ပွဲကို တာဝန်ခံရတာဆိုတော့ ငါက ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် လင်းယွန်က တောအုပ်ကို ဖြတ်သွား နိုင်ပြီး နောက်တော့ ဓားနန်းတော်ရဲ့ တပည့်ဖြစ်နေပြီ မဟုတ်လား၊ မင်းမှာ ဒီအခြေအနေကို ဖျက်သိမ်းဖို့ အခွင့်အာဏာ မရှိပါဘူး”
ယခင်အချိန်များ၌ လျိုဖန်းသည် ဘိုင်တင်းကို လင်းယွန် အတွက်ကြောင့် အတိုက်အခံ မပြုချင်ခဲ့ချေ။
ယခုမူ ဝမ်မျိုးနွယ်စု၏ တိုက်ရိုက် အမွေခံကို သတ်လိုက်သော်လည်း၊ လင်းယွန် ပြသခဲ့သော ကမ္ဘာဦးဖျက်ဆီးခြင်း သိုင်းဝိညာဉ်နှင့် ဓားရည်ရွယ်ချက်ကြောင့်၊ ကာကွယ် ရကျိုး နပ်ပေမည်။ ကိစ္စအတော်များများတွင် အမှားအမှန်သည် အရေးမကြီနိုင်။ ဓားနန်းတော်သည် ပါရမီရှင်များအတွက် အခွင့်အရေး ရှိသော နေရာ ဖြစ်သည်။
" မင်းဘာတွေ တွေးနေတာလဲ ငါသိပါတယ်၊ ဒါပေမယ့် ဒီဓားကျွန်က ကြယ်ကိုးပွင့် ပြိုင်ပွဲမှာ တစ်ယောက်ယောက်ကို သတ်ပစ်လိုက်တယ်၊ ပြီး ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဝံ့နေသေးတယ်၊ လွန်ခဲ့တဲ့ အနှစ်တစ်ထောင်အတွင်း၊ ဓားနန်းတော်က ဒီလို အမှောင် ကျင့်ကြံသူတွေကို ဘယ်သောအခါမှ လက်ခံဖူးခြင်း မရှိခဲ့ဘူး "
ဟု ဆိုကာ ဘိုင်တင်းက အေးစက်စွာ ရယ်မောလိုက်ပြီး၊
'' ဒီလိုလူမျိုးတွေကို တပည့်ဖြစ်မဲ့ အခွင့်အရေး ငါ ဖျက်သိမ်းပစ်ရမယ်၊ မဟုတ်ရင် နန်းတော်ရဲ့ စည်းကမ်းက ဘာဖြစ်သွားမလဲ၊ ဓားနန်းတော်ထဲမှာ ကြိုက်သလို လူသတ်ခွင့် ရှိတယ်လို့ ဆိုလိုတာလား။ ''
" ဝမ်နင်က လင်းယွန်ကို တောထဲမှာ သတ်ဖို့ ကြိုးစားတဲ့အခါ မင်းဘာလို့ ဝင်မစွက်ဖက်တာလဲ၊ ငါ့ရှေ့မှာ တပည့်အဖြစ် သူ့အဆင့်အတန်းကို ဖျက်သိမ်းပစ်ဖို့ မင်းအိပ်မက် မက်မနေနဲ့ "
ယင်းကိုကြားသည်နှင့် ဘိုင်တင်းက ရယ်ပြီး လျိုဖန်းကို လက်ညိုးထိုးပြကာ၊
“ ကောင်းတယ်....အရမ်း ကောင်းတယ် မင်းစောင့်နေပါ၊ ငါ ဓားထိမ်းသိန်းရေးခန်းမကို အကြောင်းကြားဖို့ တစ်ယောက်ယောက် လွှတ်ထားပြီးပြီ၊ ဝမ်မိသားစုဝင် တစ်ယောက်ကို သတ်လိုက်တဲ့အတွက် သူ့ကို အကာအကွယ် ပေးရဲတဲ့ သူကို ငါကြည့်မယ် ”
ဓားထိန်းသိမ်းရေးခန်းမ ဟူသော စကားကို ကြားသောအခါ ရှင်းယန်၏ မျက်နှာမှာ ပြောင်းလဲသွား၏။ သူမ၏ မျက်နှာပေါ်တွင် တင်းမာမှု အရိပ်အမြွက်ပင် ရှိနေပေသည်။
ဓားထိန်းသိမ်းရေးခန်းမသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် လူသိများပြီး စည်းကမ်းဖောက်ဖျက် သူတိုင်းကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ် တက်လေသည်။ နှစ်ပေါင်း များစွာအတွင်း စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သူတိုင်း ကောင်းမွန်သော အဆုံးသတ်ကို မရရှိခဲ့ချေ။
လင်းယွန်သည် စည်းမျဉ်းများကို လျစ်လျူရှူကာ တစ်စုံတစ်ဦးကို သတ်ခဲ့ကြောင်း သိသာထင်ရှားပါက၊ အပြစ်ပေးခြင်း ဖြင့်သာလျှင် အနာဂါတ်တွင် နမူနာအဖြစ် စည်းကမ်းလိုက်နာ ကြပေမည်။ တွေးလိုက်ရုံဖြင့်ပင် ရှင်းယန်၏ နှလုံးသားများ နာကျင်သွား ခဲ့သော်လည်း၊ သူမ၏ အစ်ကို ရှင်းဂျူမှာ အတော်လေး ငြိမ်သက်နေ၏။
လျိုဖန်းက အပြုံးဖြင့် နှစ်သိမ့်ကာ၊
“ ဒါကို စိတ်မပူပါနဲ့၊ စောင့်ကြည့် လိုက်ကြရအောင်။"
-ဟု ဆိုလိုက်၏။
သိပ်မကြာခင်မှာပင် သင်းထောက် လူငယ်တစ်ယောက် အလျင်အမြန် ရောက်ရှိလာသည်ကြောင့် လူအုပ်ကြီးမှာ အသက်ရှူ ကြပ်သွား ကြ၏။ သို့သော် ထိုသင်းထောက် နောက်တွင် ဓား-ထမ်း အကြီးအကဲများ မပါရှိပဲ၊ တစ်ဦးတည်း လာခဲ့ခြင်း ဖြစ်သည်ကို မြင်လိုက်ရသည်နှင့် ဝမ်ယန်က မျက်မှောင်ကြုတ် လိုက်ပြီး၊
“ ဓား-ထမ်းအကြီးအကဲတွေ ဘယ်မှာလဲ.... ငါ့ညီ အသက်ခံရတာတောင် ဓားထိန်းသိမ်းရေးခန်းမက အကြီးအကဲတွေ ဘာလို့မလာသေးတာလဲ။
သင်းထောက်၏ မျက်နှာမှာ ပျက်ယွင်း သွားခဲ့ပြီး ဘိုင်တင်းကို လှမ်းကြည့်ကာ၊
“ ကြယ်ကိုးပွင့် ပြိုင်ပွဲကို အကြီးအကဲဘိုင်တင်းက ဦးစီးတဲ့အတွက် သူတို့လာစရာ မလိုဖူးလို့ ဓားထိန်းသိမ်းရေးခန်းမက ပြောလိုက်ပါတယ်၊ ဒီကိစ္စက အကြီးအကဲဘိုင်တင်းရဲ့ လက်ထဲမှာ တာဝန်အပြည့် ရှိပါတယ် တဲ့ ”
ဓားထိန်းသိမ်းရေးခန်းမ၏ ဓား-ထမ်း အကြီးအကဲများ မလာနိုင်ဟု ကြားသော အခါတွင် ဘိုင်တင်း၏ နှုတ်ခမ်းပေါ်၌ အပြုံးတစ်ပွင် ဖြစ်ပေါ်လာသည်။ ဆိုလိုသည်မှာ ယနေ့အာဏာကို အပြည့်အဝ အပ်နှင်းသည်ဟု အဓိပ္ပါယ် သက်ရောက်မည် ဖြစ်ပြီး၊ သူနှစ်သက်သလို ဆုံးဖြတ်နိုင် ပေမည်။
သင်းထောက်လူငယ်က လျိုဖန်းကို တစ်ချက်လှမ်းကြည့်ကာ၊ စကား ထစ်အ လာပြီး၊
“ ဓား-ထမ်းအကြီးအကဲတွေ ကလည်း ပြောလိုက်ပါသေးတယ်…”
"သူတို့ ဘာပြောလဲ"
ဘိုင်တင်းက အလောတကြီး ဖြတ်မေးလိုက်သည်။
“ ပြိုင်ပွဲမှာ ဝမ်မျိုးနွယ်ရဲ့ အမွေခံမျိုးဆက် သေဆုံးမှုအတွက် အကြီးအကဲဘိုင်က တာဝန်ရှိတယ်လို့ သူတို့က ပြောလိုက်ပါတယ်၊ လင်းယွန်ရဲ့လုပ်ရက်က ခွင့်မလွှတ် နိုင်စရာ ဆိုပေမယ့် သူရဲ့ အသက်အရွယ်အရ အနည်းငယ်သော အမှားအယွင်းလေး ဖြစ်တာကြောင့်၊ သူတို့ နားလည် ပေးနိုင်ပါတယ်တဲ့၊ ဒီပြဿနာကို မင်းက ကိုင်တွယ် လိုက်ဖို့လည်း သူတို့က မှာလိုက်ပါသေးတယ်”
သင်းထောက်လူငယ်၏ စကားကို ကြားသောအခါ ဝမ်ယန်က ချက်ချင်းပင် သွေးတစ်လုတ် အန်ထွက်လာသည်။ ဖြစ်ပျက်ခဲ့သည်များကို သူ နားမလည်နိုင်ခဲ့ပေ။ ဓားထိန်းသိမ်းရေးခန်းမသည် မည်သည့် အတွက်ကြောင့် လင်းယွန် အနားသို့ ရောက်ရှိ သွားလေသနည်း။
ဘိုင်တင်း၏ မျက်နှာပေါ်ရှိ အပြုံးများသည်လည်း ပျောက်ကွယ် သွားခဲ့သည်။ ဝမ်နင်ကို သတ်သော သူမှာ လင်းယွန် ဖြစ်သော်လည်း၊သူ့၌ မည်သို့ တာဝန်အပြည့် ရှိသွားရ သနည်း။ ယခု ဓားထမ်းအကြီးအကဲ မည်သူမျှ လိုက်ပါ မလာကြသည်မှာ၊ ၎င်းအတွက် သူ၏ ကျဆုံးခြင်းကို လိုချင်ကြကြောင်း ထွက်ပေါ်လာ ခဲ့သည်။
တောင်ခြေရင်းတွင် ရပ်နေသော စီနီယာ တပည့်များက ယင်းအဖြစ်အပျက် များကြောင့် စိတ်ထဲ၌ ကြိတ်ရယ် လိုက်ကြ၏။
အဓိက မျိုးနွယ်စု လေးစုအနက် တစ်စု အနေဖြင့်၊ ဝမ်မျိုးနွယ်သည် အင်ပါယာ အတွင်း နက်ရှိုင်းစွာ လည်ပတ်နေသော အခြေခံ အုတ်မြစ်များ ရှိသည်။
သို့သော်၊ ဓားနန်းတော်သည် အင်ပါယာကို ကျော်လွန်သော ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်နေဆဲ ဖြစ်သောကြောင့် ဝမ်မျိုးနွယ်စုကို မကြောက်ရွံ့ခဲ့ပေ။ လင်းယွန်၌သာ အမှိုက်သိုင်းဝိဉာဉ် တကယ်ရှိပါက ဝမ်မျိုးနွယ်စုသို့ ပေးအပ်ရမည် ဆိုလျှင်ပင် လက်တွန့် နေမည် မဟုတ်ပေ။
လင်းယွန်၏ သိုင်းဝိဉာဉ်နှင့် ဓားရည်ရွယ်ချက်မှတစ်ဆင့် ပြသခဲ့သော အလားအလာအရ သူ့ကို ခမ်းနားသော ရှင်သန်မှုအဖြစ် ကြီးပြင်းလာနိုင်မည်ဟု ယုံကြည်ခဲ့သည်။ လင်းယွန်ကဲ့သို့ ပါရမီရှင် တစ်ယောက်ကို မကာကွယ်နိုင်ခဲ့ပါက၊ အနာဂတ်၌ ပါရမီရှင်များကို မည်သို့ စုဆောင်းနိုင် မည်နည်း။
ထို့ကြောင့် ဘိုင်တင်းမှာ မည်မျှပင် စိတ်ဓာတ်ကျဆင်း နေခဲ့သော်လည်း ဝမ်နင် သေဆုံးမှုအတွက် သူကို စတေးမည် ဖြစ်ကြောင်း သူသိသည်။
" အကြီးအကဲဘိုင်.... မင်း ဒီအခြေအနေကို ဘယ်လို ဖြေရှင်းမယ် ဆိုတာ မင်းဘာလို့ မပြောသေးတာလဲ၊ "
လျိုဖန်းက ပြုံးလိုက်သည်။
ဘိုင်တင်း၏ မျက်နှာ ဖြူဖျော့သွားပြီး၊ အံကိုကြိတ်လိုက်ကာ၊
“ ငါ့အပေါ် ဓားနန်းတော်ရဲ့ ယုံကြည်ချက်ကြောင့် အရှက်ရမိပါတယ်၊ ဒါကို အပြည့်အဝ တာဝန်ယူဖို့ ဆန္ဒရှိပါတယ်”
အသံက တုန်ရီနေသော်လည်း၊ သူ့စိတ်ထဲတွင် အရူး တစ်ယောက်လို ကျိန်ဆဲ နေမိသည်။ ဝမ်နင်၏ သေဆုံးမှုမှာ သူနှင့် ပတ်သတ်ကာ ဆိုးရွား ခဲ့သော်လည်း၊ ဓားထမ်းအကြီးအကဲများမှာ ၎င်းသေဆုံးမှုကို အနည်းငယ်ပင် စိတ်ဝင်စားခြင်း မရှိခဲ့ချေ။
သူ့မာနကို မျိုသိပ် ထားလိုက်ရ၏။ ဓားထိန်းသိမ်းရေး ခန်းမကို စော်ကားမိပါက၊ ဓားနန်းတော်ရှိ သူ၏ အနာဂတ်မှာ ပျက်စီးပေလိမ့်မည်။
" ..... ဒါပေမယ့် လင်းယွန်က ဒီလို ကြီးမားတဲ့ ရာဇ၀တ်မှုကို ကျူးလွန်ခဲ့ ပြီးတဲ့နောက် သူ့ကို အပြစ်မပေးရင် လူအများက ဓားနန်းတော်ကို လေးစားလာမှာ မဟုတ်တော့ဘူး ....."
ဘိုင်တင်းက အံကြိတ်လျက် ရေရွတ်လိုက်သည်။ လျိုဖန်းနှင့် ရှင်းယန်မှာ ယင်းအချက်ကြောင့် ထိတ်လန့် သွားခဲ့၏။ ဤအကြီးအကဲသည် လိမ္မာပါးနပ်မှု မရှိ၍ လင်းယွန်ကို ဂိုဏ်းထဲမှ နှင်ထုတ်ရန် တောင်းဆိုလာပါက ဒုက္ခဖြစ်ပေလိမ့်မည်။
လင်းယွန်အား ဒေါသတကြီး စိုက်ကြည့်နေသော မျက်လုံးများဖြင့် ဘိုင်တင်းက၊
" ကြမ်းတမ်းတဲ့ အလုပ်များ နဲ့အတူ သုံးလတိုင်တိုင် ဆေးတောင်တန်းမှာ အပြစ်ပေး ခံရမယ်၊ သူ့ရဲ့ ကြံရာပါ ဖြစ်တဲ့ လီဝူယုကိုလည်း အလားတူ ပြစ်ဒဏ်မျိုးကို ချမှတ်လိုက်တယ် ”
ဘိုင်တင်း၏ အပြစ်ဒဏ် ကြေညာ လိုက်သော အခါတွင် လျိုဖန်းနှင့် ရှင်းယန်တို့ နှစ်ဦးစလုံးက စိတ်သက်သာရာ ရသွား ကြလေသည်။
***