← Chapters

ဆေးတောင်တန်း။

Vol. 15 Ch. 199

ဆေးတောင်တန်း။

Vol. 15 Ch. 199

'' လင်းယွန်၊ မင်းကို ဆေးတောင်တန်းမှာ သုံးလတိတိ အလုပ်ကြမ်း လုပ်ခိုင်းဖို့ အပြစ်ပေးမယ်၊ အဲ့ဒီအတွက် ပြောစရာရှိလား"

ဘိုင်တင်းက လင်းယွန်ကို အေးစက်စွာ ကြည့်လိုက်သည်။

'' ကျေနပ်ပါတယ်။ ငါ့ရဲ့ ပြစ်ဒဏ်ကို ငါကျေကျေနပ်နပ် လက်ခံပါတယ်”

လင်းယွန်က ဘာသိဘာသာ ပြုံးနေလိုက်သည်။

သူ့၌ မကျေနပ် နိုင်စရာ မရှိချေ။ ဝမ်နင်ကို သတ်ခဲ့ပြီးနောက် နှင်ထုတ်ခြင်း မပြုခဲ့သည်ကိုပင် ကျေးဇူးတင် လိုက်မိသည်။

" လီဝူယု "

ဘိုင်တင်းက လီဝူယုကို တိုက်ရိုက်မကြည့်ပဲ မေးမြန်းလိုက်၏။

" ဟဲဟဲ ငါရှိပါတယ် ရှိပါတယ် ....ဒီမှာပါ "

ပြိုင်ပွဲစင်မြင့် ပေါ်ရှိ ဝိညာဉ်ကျောက်စိမ်း များကို လောဘတကြီး ကောက်ယူနေသော လီဝူယု၏ ပုံရိပ်သည် လူတိုင်းကို ရယ်မောသွားစေ၏။ လီဝူယုသည် မုန်တိုင်းအတွင်းတွင် တိုက်ရိုက်ပါဝင် ခဲ့သော်လည်း မည်သို့မျှ ခံစားခဲ့ရပုံ မပေါ်ချေ။ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ဝိညာဉ်ကျောက်စိမ်း များကို ကောက်ယူရန်သာ အာရုံစိုက်နေဆဲ ဖြစ်သည်။ ကျောက်စိမ်းတုံး အရေအတွက်မှာ ခြောက်ဆယ်မှ ခွန်နှစ်ဆယ်ခန့် အထိ ရှိပေသည်။

" မင်း ဒါကို ကန့်ကွက်သလား"

ဘိုင်တင်က အော်ငေါက်လိုက်၏။

" ငါ့ရဲ့ အစ်ကိုကြီး သွားလေရာ.... ငါလိုက်မှာပါ ..... "

ပြစ်ဒဏ်ကို စိတ်မ၀င်စား ပုံဖြင့် ပြန်ဖြေ လိုက်သည်။

ရှင်းယန်က ဘေးတွင်ရပ်ကာ ပါးစပ်ကို ပိတ်လျက် ပြုံးလိုက်၏။ သည်ကောင်လေးတွင် ရဲဘော်ရဲဘက်စိတ် အပြည့်ရှိ နေလေပြီ။ သူ့မျက်လုံးများတွင် ကြည်လင် တောက်ပနေခဲ့ကာ၊ ကြည့်မိလေ ပိုသဘောကျ လေပင်။

"မိုက်မဲလိုက်တာ....."

ဘိုင်တင်းက အေးစက်စွာ ဟစ်အော်လိုက်၏။

“ အပြစ်သား ဝတ်စုံတွေကို ပေးဝတ်ပြီး ဆေးတောင်တန်းကို ချက်ချင်း ခေါ်သွားပါ၊ မင်းတို့နှစ်ယောက် အဲဒီမှာ တာဝန်ခံရဲ့ အမိန့်ကို မနာခံရင် ရက်စက်တဲ့ သူလို့ ငါ့ကို အပြစ်မတင်နဲ့။ ”

သင်းထောက်နှစ်ယောက်က ရှေ့သို့ လှမ်းလာပြီး အဖြူရောင် ဝတ်ရုံစကို ၀တ်ဆင်ပေး လိုက်သည်။ ဝတ်ရုံစ၏ နောက်ကျောဘက်တွင် အပြစ်သား ဟူသော စာလုံးကို ရေးထွင်းထား၏။ ဤယူနီဖောင်းကို ၀တ်ထားသူတိုင်းသည် အပြစ်ရှိ သူများ အဖြစ် သတ်မှတ်ခံရမည် ဖြစ်ပြီး အပြစ်ပေး ခံရချိန်တွင်သာ ဝတ်ဆင်ရမည် ဖြစ်သည်။

သို့သော် သူတို့နှစ်ဦးသည် ရှက်ရွံ့ခြင်း မရှိခဲ့ပဲ ဝတ်ရုံစကို ၀တ်ဆင်လိုက်၏။ အထူးသဖြင့် မျက်နှာတွင် ပြုံးနေသော လီဝူယုပင်ဖြစ်သည်။ သူ့အမူအရာသည် ကျေနပ်နေပုံရကာ၊ ဧကရာဇ် ဝတ်လုံကို ဆင်မြန်း ထားသော သူထက် ပို၍ ကြီးကျယ်ခမ်းနား နေဟန် ပုံဖမ်းထား လေသည်။

“ လာ၊ ငါ့နောက်လိုက်ခဲ့ ... ''

သင်းထောက်လူငယ်က သူတို့ နှစ်ယောက်ကို အေးစက်စွာ ကြည့်လိုက်၏။

" ခဏ နေပါဦး၊ စီနီယာအစ်မ ရှင်းယန်ကို ပြောစရာရှိလို့ "

လီဝူယုက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှင်းယန် ဆီသို့ လျှောက်သွား လိုက်သည်။

“ စီနီယာအစ်မရှင်းယန်၊ မင်းအနားမှာ သူလိုလူကို မထားတာက အကောင်းဆုံးပါပဲ၊ တစ်နေ့မှာ မင်းကို နောက်ကျောဓားနဲ့ ထိုးနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ”

လီရွှမ်ရှင်းနှင့် အခြားလူများသည် ထိုစကားကို ကြားသောအခါတွင် ဖြူဖျော့သွားကြပြီး၊ ထိတ်လန့်စ ပြုလာ ကြသည်။

"ဘာဖြစ်လို့လဲ "

ရှင်းယန်က အံ့အားသင့်စွာ မေးလိုက်သည်။

“အစ်ကိုလင်းနဲ့ ငါက ဒီကောင်တွေကို ဝံပုလွေအုပ်ထဲကနေ ကယ်တင်ခဲ့ဖူးတယ်၊ ဒါပေမယ့် ငါတို့ အဆုံးစွန်ထိ တွန်းပို့ခံရတဲ့အချိန်မှာ သူတို့က ရပ်ကြည့် နေကြတယ် ..... ”

သည်လူများကို ကယ်တင်ရန် အတွက် လီဝူယုသည်ပင် ဝံပုလွေ၏ လက်သည်းကြောင့် အသက်ဆုံးရှုံး လုနီးနီးပင်။ ထုံးစံအတိုင်း၊ ဤသို့သော အရာများကို အလွယ်တကူ ခွင့်လွှတ်ရန် ရည်ရွယ်ချက် မရှိပေ။

ထိုစကားကိုကြားသောအခါ ရှင်းယန်၏ မျက်နှာမှာ အေးစက် သွား၏။ သူမက လင်းယွန်ကို လှမ်းကြည့်ကာ၊

" ဒါ အမှန်လား .... "

လင်းယွန်က ခေါင်းညိတ်လိုက်ပြီး လီရွှမ်ရှင်း ကိုကြည့်ကာ၊

" ဒီလူနဲ့ မပတ်သတ်တာ အကောင်းဆုံးပါပဲ၊ သူက အရည်အချင်းရှိသူ ဖြစ်ရင်တောင် သစ္စာတရားကို နားမလည်ဘူး၊ ”

လီရွှမ်ရှင်းနှင့် သူ့အဖွဲ့မှာ ချက်ချင်း ဒူးထောက်ချလိုက်ပြီး၊

" စီနီယာအစ်မရှင်းယန်၊ ကျေးဇူးပြုပြီး ငါတို့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါ"

" ထွက်သွားစမ်း ..... ဒီနေ့ကစလို့ မင်းတို့ရဲ့ အနာဂတ်က ငါနဲ့ မသက် ဆိုင်တော့ဘူး ”

ရှင်းယန်က သူမ၏ မှားယွင်းသော ရွေးမှုအတွက် ဒေါသတကြီး မောင်းထုတ်လိုက်သည်။ သူမ၏ အရွေးချယ်ခံများမှာ အမှန်တကယ်ပင် အမှိုက်များ ဖြစ်လာခဲ့သည်။

လီရွှမ်ရှင်းနှင့် သူ့အဖွဲ့မှာ မျက်နှာများ ဖြူဖျော့သွားကြသည်။ ရှင်ယန်၏ စကားကြောင့် မည်သည့် အဖွဲ့အောက်သို့ ခိုလှုံခဲ့ပါစေ တောက်ပသော အနာဂတ်ရှိလာမည် မဟုတ်ပေ။

" သွားကြရအောင်။ "

“ အချိန်မဖြုန်းနဲ့။ ”

သင်းထောက်နှစ်ယောက်က လင်းယွန်တို့ကို အေးစက်သော မျက်နှာဖြင့် တိုက်တွန်း လိုက်သည်။

" မင်းတို့ နှစ်ယောက်ကို အနှေးနဲ့ အမြန် ဖြေရှင်းမယ် "

ဝမ်ယန်က ဒေါသတကြီး ကြိမ်းဝါးလျက် လက်ထဲရှိ ဓားကို သိမ်းယူလိုက်သည်။ သူ့လက်သီးဆုပ် အတွင်းမှ ဓားအလင်းများ ထွက်လာပြီး သွေး တစက်စက် ကျဆင်းလာသည်။ ထို့နောက်တွင် ကျောခိုင်း ထွက်ခွာ သွားတော့၏။

" ကြောက်နေတာလား..... "

လင်းယွန်က သင်းထောက်နှစ်ယောက်နောက်သို့ လိုက်ပါလျှက်မှ ညင်သာစွာ မေးလိုက်၏။

လီဝူယုက ပြုံးလိုက်ပြီး၊

" ငါက မဟာချင်အင်ပါရဲ့ ပထမဓားသမားဖြစ်လာမယ့်သူပဲ၊ ငါသူ့ကို ဘာလို့ ကြောက်ရမှာလဲ.... တကယ်သာ ကြောက်ခဲ့ရင် ဝမ်နင်ကို ကန်ထုတ်ခဲ့မှာတောင် မဟုတ်ဘူး"

" အကြီးအကဲလျို .... ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆေးတောင်တန်းကို အကြောင်းကြား ကြမှာလား"

ရှင်းယန်က လျိုဖန်းကို လှည့်မေးလိုက်၏။

“ ထားလိုက်ပါ၊ သူတို့ကို နည်းနည်းတော့ ဒုက္ခပေးလိုက်တာ ကောင်းပါတယ်”

ဟု ပြုံးလျက် ပြန်ဖြေ လိုက်၏။

" လင်ယွန်းရဲ့ ဒဏ်ရာကရော အဆင်ပြေပါ့မလား "

ရှင်းယန်က သူမ၏ စိုးရိမ်မှုကို မကွယ်ဝှက်နိုင်ခဲ့ပေ။

“ အစောပိုင်းက သူ့ကို တိတ်တဆိတ် စစ်ဆေးပြီးပြီ၊ အတွင်းဒဏ်ရာတချို့ ရရှိရုံပါ၊ စိုးရိမ်စရာ မလိုဘူး၊ ပြီးတော့ ကုသဆေး တစ်လုံး ငါပေး လိုက်ပါတယ် ”

ဟုဆိုကာ လျိုဖန်းက ရယ်မောလိုက်၏။

"အကြီးအကဲဘိုင်၊ ကြယ်ကိုးပွင့် ပြိုင်ပွဲအတွက် ငါတို့ ရမှတ်တွေကရော ဘယ်လိုလဲ။"

တပည့်အသစ်များက ဘိုင်တင်းကို စိတ်လှုပ်ရှားစွာ လှမ်းကြည့် လိုက်ကြသည်။

" ငါတို့လည်း သွားရအောင်၊ အရှုပ်တွေကို အဲဒီ မြေခွေးအိုကြီးဆီမှာ ထားလိုက်ပါ။”

လျိုဖန်းက ရှင်းမောင်နှစ်မ နှစ်ယောက်ကို ဦးဆောင်ကာ၊ ထွက်ခွာ လာကြ၏။

လင်းယွန်နှင့် လီဝူယုတို့က လွယ်လွယ်ကူကူ ထွက်ခွာ နိုင်ခဲ့သော်လည်း၊ ဘိုင်တင်းမှာ ရှုပ်ပွပြီး ကျန်ရစ်ခဲ့သည်။ ဓားနန်းတော်၏ သမိုင်းတစ်လျှောက် ဤကဲ့သို့ တစ်ကြိမ် တစ်ခါမျှ မကြုံဖူးချေ။ ကြိုသိခဲ့ပါက လျိုဖန်းထံမှ တာဝန်ကို လွှဲယူမိမည် မဟုတ်။

ကောင်းကင်ဘုံဓားနန်းတော် ဂိုဏ်းကို တောင်တန်းများ ကြား၌ ဖွဲ့တည် ထားရှိ၏။ တောင်တန်း တစ်နေရာတွင် သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည်။

ဆေးတောင်တန်းသို့ သွားရာ လမ်းခရီးတွင် နာရီ အနည်းငယ် ကြာညောင်း လှလေသည်။ သင်းထောက်နှစ်ဦးသည် ဘိုင်တင်း၏ လက်အောက်ခံများ ဖြစ်ခြင်းကြောင့် ၎င်းတို့သည် မည်သည့် စကားစမြည်ကိုမျှ ပြောဆိုကြခြင်း မရှိချေ။

လင်းယွန်က ပါးစပ်ထဲရှိ ဆေးလုံး အကူအညီဖြင့် သူ၏ ဒဏ်ရာများကို ကုသရန် အလုပ်များ နေခဲ့၏။ စကားပြောခြင်းကို ကြိုက်တတ်သော လီဝူယုအတွက်မူ စိတ်ဓာတ်ကျဖွယ် အခြေအနေ ဖြစ်လာခဲ့သည်။

လင်းယွန်၏ မျက်နှာတွင် သွေးရောင်များလွှမ်းလာခဲ့၏။ အကြီးအကဲလျို ပေးခဲ့သော ဆေးလုံးမှာ ထိရောက်မှု ရှိလှလေသည်။ ဝမ်ယန်၏ ဓားကြောင့် အတွင်းအင်္ဂါများ ဒဏ်ရာ ရ ခဲ့သော်လည်း လျင်မြန်စွာ သက်သာ လာ စေသည်။

နောက်ဆုံးတွင် လင်းယွန်၏ မျက်လုံးများ ပြန်ဖွင့် လာသည်နှင့် လီဝူယုက ချက်ချင်းပင်၊

" အစ်ကိုကြီး၊ မင်းက ငါ့ကို ဒီအခြေအနေထဲ ထားခဲ့ရက်တာပဲ၊ မင်းရဲ့ သိုင်းဝိညာဉ်အကြောင်း ပြောရအောင်၊ ဒါက တကယ်တော့ အသူရာနဂါး ပဲ "

လင်းယွန်မှာ သိုင်းဝိညာဉ်ကို ရည်ရွယ်ချက် ရှိရှိ သိုဝှက်ထားခဲ့ခြင်း မဟုတ်ပေ။ လွန်ခဲ့သော အချိန်အထိ သူ့သိုင်းဝိညာဉ်၏ မူလကို မသိခဲ့ခြင်းသာ ဖြစ်သည်။ ဓားရည်ရွယ်ချက်ကို နားလည်ပြီးနောက်၊ ဓားကျိုးပေါ်ရှိ သံကြိုးများထဲမှ ကြိုးတစ်ချောင်း ပြုတ်ထွက် သွားခြင်းဖြင့် ၎င်းကို မွေးဖွား လာခဲ့ခြင်း ဖြစ်သည်။

" အသူရာသိုင်းဝိညာဉ် အကြောင်း မင်း သိလား"

လင်းယွန်က လီဝူယူကို ကြည့်လိုက်၏။ အသူရာနဂါး သိုင်းဝိညာဉ်နှင့် ပတ်သတ်၍ အစွမ်းထက်သည်ဟုသာ သူက ယူထား နိုင်ခဲ့သည်။

“ ငါနည်းနည်းတော့ သိထားတယ်၊ အသူရာနဂါးကို နတ်ဆိုးသားရဲ သိုင်းဝိညာဉ်အမျိုးအစားထဲ ထည့်သွင်းထားတယ်၊ သူတို့ကို အားကောင်းတဲ့ သားရဲနဲ့၊ အားနည်းတဲ့ သားရဲတွေဆိုပြီး သတ်မှတ်ထားတယ်၊ ဝမ်ယန်ရဲ့ နတ်ဆိုးမှော်ကျားက ပိုသန်မာတဲ့ အကောင်တွေထဲက တစ်ကောင်ပါ၊ ဒါပေမယ့် မင်းရဲ့ အသူရာနဂါးနဲ့ ယှဉ်ရင်တော့ ဘာမှကို မဟုတ်တဲ့ သားရဲ ပေါက်စ သာသာပါပဲ ”

အသူရာနဂါးများသည် ကမ္ဘာဦးခေတ်၌ အသန်မာဆုံး သားရဲမျာ မဟုတ်သော်လည်း၊ 'ဖျက်ဆီးခြင်းသားရဲ' တစ်ကောင် အဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားလှပေသည်။ ၎င်းသားရဲသည် မြင်သမျှ အရာအားလုံးကို လောင်ကျွမ်းပစ်ပြီး၊ ဖုန်ဆိုးမြေ အဖြစ်သို့ ပြောင်းလဲစေသည်ဟု ဒဏ္ဍာရီတွင် ဆိုထားသည်။

လီဝူယုက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လေးလေးနက်နက် ရှင်းပြလိုက်ပြန်သည်။

'' ဒါပေမယ့် မင်းရဲ့ သိုင်းဝိညာဉ်က သက်ရှိသားရဲတစ်ကောင် မဟုတ်ပေမယ့် 'ကမ္ဘာဦးဖျက်ဆီးခြင်း သားရဲ' ရဲ့ ဝိညာဉ်အဖြစ် ယူဆလို့ ရပါတယ်၊ ဒါကလည်း အလျား ဆယ်ပေပဲ ရှိနေတော့၊ 'ကမ္ဘာဦးဖျက်ဆီးခြင်းသားရဲ' ဖြစ်နိုင်ဖို့ အတွက် အရမ်းသေးငယ် လွန်းတယ်၊ ဒါပေမယ့် မင်းအဲဒါကို စိတ်ပူစရာ မလိုပါဘူး၊ ဒဏ္ဍာရီ အဆင့်ရောက်ဖို့ တဖြည်းဖြည်းချင်း နိုးထ လာလိမ့်မယ်။”

သင်းထောက်နှစ်ယောက်က လီဝူယု၏ ရှင်းပြချက်ကို နားထောင်ရန် အရှိန်နှေးလိုက်ပြီးနောက်၊ တုန်လှုပ်သွားကြ၏။ အသူရာနဂါး ဟုခေါ်သော ကမ္ဘာဦးဖျက်ဆီးခြင်း သားရဲ အကြောင်းကို ၎င်းတို့ ပထမဆုံးအကြိမ်အဖြစ် ကြားသိရသည်မှာ ထင်ရှားလှပေသည်။ နောက်ဆုံးတွင် အကြီးအကဲဘိုင် အဘယ်ကြောင့် ဤမျှ ကြီးစွာ ရှုံးနိမ့်ခဲ့ရသည်ကို တွေးမိသွားခဲ့သည်။

"မင်းက ....."

လင်းယွန်က လီဝူယု၏ အသိပညာကြောင့် အလွန်တုန်လှုပ် သွားခဲ့၏။

ခေါင်းကိုကုတ်လိုက်ပြီး၊ လီဝူယုက တခစ်ခစ်ရယ်မောလိုက်ကာ၊

“ ငါငယ်ငယ်က စာပေပညာကို လေ့လာဖူးတယ်၊ မင်း မသန်မာလာခင် ငါမင်းကို ချည်နှောင်ဖို့ ကြိုးစားနေတာပဲ အစ်ကိုကြီး၊ အနာဂတ်မှာ မင်းကောင်းကင်ကို ပျံတက်နိုင်တဲ့ အခါ ငါ့ကို မမေ့ပါနဲ့ "

"ကောင်းကင်ကို ပျံသန်းဖို့လား"

ပိန်ပိန်ပါးပါး သင်းထောက်လူရွယ်က၊

“ မင်းက ဝမ်ယန်ကို စော်ကားခဲ့တယ် မဟုတ်လား၊ ဒီနှစ် ဆောင်းတွင်းကိုတောင် ဖြတ်ကျော် ရှင်သန် နိုင်ပါ့မလား ဆိုတာ မသေချာပါဘူး"

" ဟေး ..... မင်းရဲ့လေသံကို ပြင်လိုက်စမ်း "

လီဝူယုက အလိုမကျ ဟန်ဖြင့် အော်ဟစ် လိုက်သည်။

“ ဆေးတောင်တန်းကို ရောက်ပြီ၊ အပြစ်သားလွှဲပြောင်းခြင်း ဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတုန်း မင်းတို့ နှစ်ဦးက ခဏစောင့်ပါ ”

တခြားသော သင်းထောက်က တင်းမာစွာ ဟန့်တားလိုက်ပြီး ခန်းမထဲသို့ ဝင်ရောက်သွား၏။ ပိန်ပိန်ပါးပါး သင်းထောက်က လင်းယွန်နှင့် လီဝူယုကို စောင့်ကြည့် ကျန်ရစ်ခဲ့သည်။

“ဟေ့ ပဲပင်ပေါက်၊ ဆေးတောင်တန်းမှာ ငါတို့က ဘာလုပ်ရမလဲ မင်းက မရှင်းပြ ရသေးဖူးနော် "

လီဝူယုက ပိန်ပိန်ပါးပါး သင်းထောက်ကို လှည့်မေးလိုက်သည်။

" ပဲပင်ပေါက်.... မင်းက ဘယ်သူ့ကို ပဲပင်ပေါက်လို့ ခေါ်ရဲတာလဲ ဟမ် "

ပိန်ပိန်ပါးပါး သင်းထောက်က ဒေါသတကြီးဖြင့် ပြန်မေးလာ၏။ လီဝူယုက ပြုံးလိုက်ပြီး၊

" မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကိုလည်း ကြည့်လိုက်ပါဦး၊ ဝါခြမ်းပြားလို ပိန်ကပ်နေတာ၊ ပဲပင်ပေါက် မဟုတ်ရင် မင်းက ဘာကောင်လဲ "

ပိန်ပိန်ပါးပါး သင်းထောက်၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းလန်းသွား၏။ သို့သော် အခြားသင်းထောက်မှာ အဖိုးအိုတစ်ယောက် နှင့်အတူ ပြန်လာခဲ့သည်ကြောင့် အံကြိတ်လျက် ငြိမ်သက် သွားသည်။ အပြာရောင်ဝတ် သင်းထောက်က လူငယ်နှစ်ဦးကို လက်ညှိုးထိုးပြပြီး၊

“သင်းထောက်တန်၊ ဒီနှစ်ယောက်ကို အကြီးအကဲဘိုင်က အပြစ်ဒဏ်ပေး လိုက်တာပါ၊ သုံးလတိတိ သူတို့ ဒီမှာ ပေးဆပ်ရလိမ့်မယ်၊ ရှေ့ဆက်ပြီး ခက်ခဲတဲ့ အလုပ်တွေကို ပေးအပ်လိုက်ပါ။”

ဆေးတောင်တန်းမှ သင်းထောက် အဖိုးအိုက သူ့မျက်လုံးများကို မှေးကျဉ်းလိုက်ကာ “နားလည်ပါတယ်” ဟု ခေါင်းညိတ် ပြလိုက်သည်။

" ဒါဆို ငါတို့နှစ်ယောက်ကို သွားခွင့်ပြုပါ ''

သင်းထောက်နှစ်ဦးက အကြာကြီး နေလိုပုံ မရချေ။ ထွက်ခွာ သွားသည့်တိုင်အောင် သူတို့၏ စကားပြောသံများ လွင့်ကျန်နေခဲ့သည်။

“ ငါက ပဲပင်ပေါက်နဲ့ တူလား ”

“ အဲဒါကို ဘယ်သူက ပြောတာလဲ… သူကတကယ် အမြင် စူးရှတာပဲ ”

-ဟု အခြားသော သင်းထောက်က ပြန်ဖြေလိုက်သည်။

" တိတ်စမ်း ...... "

ပဲပင်ပေါက်က ဒေါသတကြီး အော်ဟစ် လာသည်။

အသံအကျယ်ကြီး မဟုတ်သော်လည်း၊ လင်းယွန်နှင့် လီဝူယုတို့ကို ရယ်မောမိစေသည်အထိ ကြားနေရလေသည်။ လင်းယွန်က သင်းထောက်တန်ကို လှည့်ကြည့်လိုက်ပြီး၊

" စီနီယာ ဆေးတောင်တန်းမှာ ငါတို့ ဘာလုပ်ရမှာလဲ"

သင်းထောက်တန်က လင်းယွန်၏ မေးခွန်းအတွက် အနည်းငယ် အံ့သြသွားသည်။ သူက၊

“ ဒီအကြောင်းကို ဘယ်သူမှ မပြောဘူးလား၊ ဒါက အဆိုးကြီးတော့ မဟုတ်ပါဘူး၊ တကယ်တော့ ဆေးပင်တွေကို ပြုစုပေး ရုံတင်ပါပဲ၊ သွားကြစို့၊ နဝမမြောက် ဆေးစိုက်ခင်းကို လိုက်ပို့ပေးမယ်"

“ စီနီယာ၊ ဒါက ငါတို့အတွက် ခရီးရှည်လွန်းတယ်၊ မင်းက ငါတို့ကို ဟိုးက ခန်းမထဲကို ဖိတ်မှာ မဟုတ်ဘူးလား။ ''

လီဝူယုက အဝေးမှ ခန်းမကို လှမ်းကြည့်ပြီး ရယ်မောလိုက်၏။ ဆေးပင်သိုလှောင်ခန်းမသည် ရိုးရှင်းလှပြီး အလှအပဆိုင်ရာ၊ အဆင်တန်ဆာများ ဆင်ထားခြင်း မရှိပေ၊ ကြည့်ရသည်မှာ ပြင်းထန်သော ဆေးပင်များ၏ ရနံ့များသာ ရှိနိုင်လေမည်။

သင်းထောက်တန်က သဘောကျစွာ ပြုံးပြပြီး အပြစ်သား ၀တ်ရုံများ ဝတ်ဆင်ထားသော သူတို့နှစ်ယောက်ကို စိတ်ဝင်စားစွာ ကြည့်လိုက်လေသည်။ လီဝူယု၏ မေးခွန်းကို လျစ်လျူရှုကာ နဝမမြောက် ဆေးစိုက်ခင်း ရှိရာသို့ ဦးဆောင်သွားခဲ့သည်။

များပြားလှသော ဆေးစိုက်ခင်းများမှာ မိုးကုတ်စက်ဝိုင်း ထိတိုင် ထိစပ် နေခဲ့သည်။ ဆေးစိုက်ခင်းများ နှင့်ယှဉ်ပါက သူတို့၏ ဖြစ်တည်မှုသည် ပိုးမွှားများကဲ့သို့ သေးတိမ် လှပေသည်။

" ဒင်းဂျူး"

သင်းထောက်တန်သည် ကောက်ရိုးတဲ တစ်ခု ရှေ့သို့ ရောက်ရှိလာသော အခါတွင် 'ဒင်းဂျူး' ဟူသော စာတန်းရှေ့၌ ရပ်တန့်သွားသည်..။

ရိုင်းစိုင်း ကြမ်းတမ်းသော လူငယ်တစ်စုမှာ ကောက်ရိုးတဲအတွင်းမှ ထွက်လာကြ၏။ ခေါင်းဆောင်မှာ ကြံ့ခိုင်သော ရုပ်သွင်ရှိပြီး သူ၏ အဝတ်အစားများ အောက်တွင် ကျစ်လစ်သော ကြွက်သားများက ရုန်းကြွ ဖုထစ်နေလေသည်။

" နီယူဘင်းရွမ်၊ သူတို့ နှစ်ယောက်က ဒီမှာ နေကြလိမ့်မယ်၊ မင်းဆန္ဒအတိုင်း အမိန့်ပေး ခိုင်းစေပါ။"

ထို့နောက် သင်းထောက်တန်က လင်းယွန်နှင့် လီဝူယုတို့ကို မထားခဲ့မီ ဆေးပင်များအကြောင်း အချက်အလက် အချို့ကို ဆက်လက် မေးမြန်းခဲ့သည်။

သင်းထောက်တန် ထွက်ခွာသွား ပြီးနောက် နီယူဘင်းရွမ်က လီဝူယုနှင့် လင်းယွန်ကို ကောက်ကျစ်သော အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။ သိပ်မကြာခင်မှာပင် ပုတ်အဲ့ နံစော်နေသော ပုံးနှစ်ပုံးကို ပစ်ချလိုက်၏။

"ဒါဘာလဲ.... ''

လီဝူယုက မျက်မှောင်ကြုတ် လိုက်သည်။

" နားမလည်တာလား၊ ငါတို့မှာ အလုပ်သမား မလုံလောက်ဖူး၊ ဓာတ်မြေသြဇာ ဖြန့်ကြဲဖို့ ကူညီပါ၊ ”

***

All Chapters